← Chapters

မိစ္ဆာနဂါးသခင်

Vol. 89 Ch. 1239

မိစ္ဆာနဂါးသခင်

Vol. 89 Ch. 1239

အန်လင်းနှင့် ရှဲ့လေး အနည်းငယ်ခရီးဆက်လာပြီးနောက် ထူးဆန်းသော ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုဂူက မကောင်းဆိုးဝါးချောက်နက်အတွင်းရှိ ရေအိုင်ကြီးနှင့် အနည်းငယ်ဝေးသောနေရာ၌ တည်ရှိသည်။ ဂူအတွင်း မှောင်မဲနေပြီး ငရဲတံခါးဝကဲ့သို့ ရက်စက်မှု အငွေ့အသက်ကို ခံစားရသည်။

“ငါ့ရဲ့ နတ်အာရုံသုံးပြီး ဒီဂူကို အာရုံခံကြည့်တာတောင် ဒီဂူရဲ့အဆုံးသတ်က ဘယ်လောက်ထိရှည်လျားတယ်ဆိုတာ အတိအကျ မသိနိုင်ခဲ့ဘူး”

အန်လင်းက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါက မကောင်းဆိုးဝါးချောက်နက်ရဲ့ အဆုံးထိ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နိုင်မလား“

တပိုင်က ခန့်မှန်းပြောဆိုလိုက်သည်။

ရှဲ့လေးက စိတ်လှုပ်ရှားသည့်မျက်နှာထားဖြင့် ဂူထဲသို့ ဝင်ရောက်သွားသည်။

“သွားစို့... အထဲမှာ မကောင်းဆိုးဝါးနတ်ဆိုးတွေ အများကြီးရှိချင်ရှိနေမှာ”

အန်လင်းက ရှဲ့လေးကို စိုးရိမ်ပူပန်မှုဖြင့် စိတ်တိုင်းမကျစွာကြည့်လိုက်သည်။

သူမသည် မကောင်းဆိုးဝါးနတ်ဆိုးများကို သတ်ဖြတ်ရန် ဆန္ဒပြင်းပြနေပြီး ဒီနေရာတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်လျှင် မည်သို့လုပ်ရမည်နည်း။ သူမကို အတူပြန်ခေါ်ရန် ဘယ်လိုနည်းဖြင့် ဆွဲဆောင်ရမည်နည်း။

“သွားမယ်လေ”

ရှဲ့လေးက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

အန်လင်းက...

“တပိုင်... သွားကြမယ်”

တပိုင်သည် ရှဲ့လေးကို အမှီလိုက်ရန် ဒုံးပျံတစ်စင်းကဲ့သို့ အရှိန်ဖြင့် ပျံသန်းလိုက်သည်။

သူတို့ တိတ်ဆိတ်နေသော ဂူအတွင်း လျှင်မြန်စွာ ခရီးဆက်လာကြသည်။

အလင်းရောင်မရှိ၊ အသံမရှိ၊ သက်ရှိလက္ခဏာမရှိ၊ ဂူ၏ အဆုံးသတ်လည်း မရှိပေ။

ဂူထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ဖော်ပြမရနိုင်သောခံစားချက်တစ်ခုကို အန်လင်းခံစားလိုက်ရသည်။ သူ ဤလောကမှ ပျောက်ကွယ်သွားတော့မည့်ပမာ ခံစားနေရသည်။

“ဟတ်ချိုး...”

တပိုင်၏ နှာချေသံက တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်သည်။ နှာချေသံက ဂူအတွင်းတွင် ရှည်လျားစွာ ပဲ့တင်ထပ်သွားသည်။

" ဘုရားရေ.. ဒီဂူက အရမ်းရှည်လွန်းတယ် ၊ ဘယ်ကိုဦးတည်နေတာလဲ ဝုတ်..."

တပိုင်သည် မျက်နှာမဲ့ကာ ညည်းညူလိုက်သည်။

အန်လင်းက ခေါင်းညိတ်ရင်း...

“ငါတို့ အခု အတော်နက်နက်ထဲ ရောက်နေပြီ ၊ ဒါပေမဲ့ အဆုံးသတ်ကို မမြင်ရသေးဘူး ၊ တကယ်ရှည်လျားတာပဲ”

ဤဂူက သူထင်ထားသည်ထက် များစွာပိုမိုရှည်လျားနေသည်။

ရှေ့ဆက်သွားပြီး အတော်ဝေးဝေးသို့ရောက်ရှိတော့မှ နောက်ဆုံး ထွက်ပေါက်တစ်ခုကို တွေ့လိုက်ရသည်။

ရှဲ့လေးက ထိုထွက်ပေါက်တွင် သူတို့ကို စောင့်ဆိုင်းနေပြီဖြစ်သည်။

“ဝါး... အတော်ကျယ်တာပဲ... ဝုတ်...”

တပိုင်က အံ့ဩစွာဖြင့် ပြောလိုက်သည်။

အန်လင်းက မဟာသူတော်စင်မီးတောက်ကို ဆင့်ခေါ်လိုက်ပြီး ပတ်တန်းကျင်တစ်ခွင်သို့ လင်းထိန်စေလိုက်သည်။

သူတို့ပတ်ဝန်းကျင်တွင် ကျောက်သားမျက်နှာပြင်များ မရှိတော့ဘဲ ခြေဖဝါးအောက်တွင် မညီညာသော မြေပြင်နှင့် အလွန်ကျယ်ပြန့်သော နေရာတစ်ခုသာ ရှိတော့သည်။

" ဒါက မြေအောက်ကမ္ဘာတစ်ခုလိုပဲ "

အန်လင်း ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့ဩစွာဖြင့် ပြောလိုက်သည်။

သူက ဤနေရာကို ကျဉ်းမြောင်းသော မြေအောက်လမ်းကြောင်းတစ်ခုဖြစ်မည်ဟု ထင်ထားခဲ့သည်။ မကောင်းဆိုးဝါးချောက်နက်၏ အောက်ခြေသည် ဤမျှ ကျယ်ပြန့်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ရှဲ့လေးက လေကိုရှူရှိုက်လိုက်ပြီး ပတ်ဝန်းကျင်အား အာရုံခံကြည့်လိုက်သည်။

ထို့နောက် နေရာတစ်ခုအား ညွှန်ပြလိုက်ပြီး...

“အဲဒီကို သွားစို့ "

အန်လင်းက ကန့်ကွက်မှုမရှိဘဲ အမှောင်ထုဝိညာဉ်ရေကန်နှင့် အလွန်စွမ်းထက်သော မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ကို ရှာဖွေနေခဲ့သည်။

မြေပုံပေါ်တွင် ၎င်းတို့ရှိရာ နေရာကို ညွှန်ပြထားခြင်းမရှိသည့်အတွက် ကံတရားပေါ်တွင်သာ မှီခိုရမည်ဖြစ်သည်။

“ငါ့ကိုစောင့်ဦး ဝုတ်...”

တပိုင် အော်ပြောလိုက်၏။

အန်လင်းလှည့်ကြည့်လိုက်တော့ တပိုင်က ခြေထောက်တစ်ဖက်မြှောက်လျှက် မြေပြင်ပေါ် သေးပန်းနေကြောင်း တွေ့လိုက်ရသည်။

“ဘုရားရေး တပိုင်... မင်း အရမ်းလွန်သွားပြီ ၊ လူတွေရှေ့မှာ ဘာလို့ သေးပန်းနေရတာလဲ”

အန်လင်းက တအံ့တသြဖြင့်ဆိုသည်။

တပိုင်က မျက်လုံးလှန်လိုက်ပြီး...

“ဒါဖြင့် ကျွန်တော့်အတွက် အိမ်သာတစ်လုံးလောက် ဆောက်ပေးပါလား”

တပိုင်က ဆက်ပြောလိုက်သည်။

“ပြီးတော့ ကျွန်တော်သေးပန်းတာ သာမန်မဟုတ်ဘူး ၊ ဒီလိုသေးပန်းတာက ကျွန်တော်တို့ ဒီနေရာကို ရောက်ခဲ့တယ်ဆိုတာ အမှတ်အသားလုပ်တာပဲ”

အန်လင်းက စိတ်ရှုပ်ထွေးသော အမူအရာဖြင့်...

“အမှတ်အသားလုပ်တယ် ဟုတ်လား”

“ဟုတ်တယ် ၊ ကျွန်တော့်နှာခေါင်းက ဒီသေးနံ့ကို ကီလိုမီတာ(၅၀၀)ဝန်းကျင်အတွင်း အာရုံခံကြည့်နိုင်တယ်”

တပိုင်က ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

အန်လင်း အံ့အားသင့်သွားပြီး...

“မင်းရဲ့သေးနံ့ကို အဲဒီလောက်အကွာအဝေးကနေတောင် အနံ့ခံနိုင်တယ်ပေါ့ ၊ အံ့သြစရာပဲ”

ရှဲ့လေးက ခပ်တည်တည်ဖြင့် ခေါင်းညိတ်ရင်း...

“ဒါက လမ်းမပျောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ။”

တပိုင်သည် အားရပါးရ ရယ်မောလိုက်သည်။

“ဟုတ်တယ်။ ဒီနေရာက အရမ်းကျယ်ပြီး အမှောင်ထုထဲမှာ ရှိနေတာ၊ အရေးကြီးတဲ့ နေရာတွေမှာ သေးပန်းထားလိုက်ရင် ပြန်လမ်းရှာမတွေ့မှာကို ကြောက်စရာမလိုတော့ဘူး”

အန်လင်းမျက်နှာရှုံ့မဲ့သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

လူရှေ့သူရှေ့ သေးပန်းပြီး ဂုဏ်ယူနေသူမျိုး သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

တပိုင်၏သေးများက မြေပြင်ထဲစိမ့်ဝင်သွားပြီး ထူးဆန်းသောအနံ့တစ်ခု ထွက်ပေါ်လာသည်။ တပိုင်က အနံ့ကိုမှတ်မိစေရန် ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

“ပြီးပြီ... သွားရအောင်”

အန်လင်း ရှဲ့လေးညွှန်ပြထားသော နေရာသို့ ဆက်လက်ခရီးဆက်သွားသည်။

မကြာခင်မှာပင်...

“ရွှပ်...”

သတ္တုနှင့် ကျောက်သားထိမိသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

အနက်ရောင် အရိပ်(၃)ခု အန်လင်းတို့ဆီသို့ တပြိုင်တည်း ခုန်ဝင်ရောက်ရှိလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ရာ ‌ရောင်ဝါများဖြင့် ဖုံးလွှမ်းသွားသည်။

ရှဲ့လေးက နတ်ဆိုးသုတ်သင်ဓားကို ကိုင်ဆောင်လျက် လျှင်မြန်သောဓားသိုင်းဖြင့် ချက်ချင်းတိုက်ခိုက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဆီသို့ ခုန်ဝင်လာသော အနက်ရောင်အရိပ်များအားလုံး တပြိုင်တည်းပေါက်ကွဲထွက်သွားသည်။

“စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မကောင်းဆိုးဝါးနတ်ဆိုး(၃)ကောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပဲ ၊ အံ့ဩစရာကောင်းလိုက်တာ"

အန်လင်း ရုတ်တရက် သတိဝင်လာပြီး လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

ရှဲ့လေးက မကောင်းဆိုးဝါးနတ်ဆိုးများ၏ စွမ်းအားကို စုပ်ယူပြီးနောက် ရှေ့သို့ ခရီးဆက်သွားသည်။

ကီလိုမီတာ(၅၀)ခန့် ခရီးနှင်ပြီးနောက် လေထဲတွင် ချွဲပျစ်ပျစ်ဖြစ်နေသော ဝိုင်းပတ်ထားသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ လေထုတစ်ခုလုံး မကောင်းဆိုးဝါး ပျစ်ချွဲချွဲအရည်များဖြင့် ပြည့်နက်နေသည်။

အနက်ရောင်အရိပ်ကြီးတစ်ခုက နီမြန်းသော မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ကျောပေါ်တွင် ထမ်းထားသော ဧရာမဓားကြီးတစ်လက်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

“ဘုန်း...”

သူ၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်က အားပြင်းသောမုန်တိုင်းတစ်ခုလို တဟုန်ထိုး ထွက်ပေါ်လာသည်။

မကောင်းဆိုးဝါးနတ်ဆိုးက အန်လင်းတို့ဆီသို့ ဦးတည်လာပြီး သူ၏ အနောက်မှ ရက်စက်သော နဂါးပုံရိပ်တစ်ခု ကပ်ပါလာသည်။ မကောင်းဆိုးဝါးနတ်ဆိုး၏ ကြမ်းတမ်းသောအငွေ့အသက်နှင့် ရက်စက်သောနဂါးအငွေ့အသက်တို့ ရောယှက်နေသည်ကို အန်လင်း ခံစားလိုက်ရသည်။

“ငါက ဒီနယ်မြေကို အုပ်ချုပ်တဲ့ မိစ္ဆာနဂါးသခင်ပဲ“

မကောင်းဆိုးဝါးနတ်ဆိုး၏ စကားမဆုံးခင် ရှဲ့လေးက အရှိန်အဟုန်ဖြင့်ဝင်ရောက်ပြီး နတ်ဆိုးသုတ်သင်ဓားဖြင့် တိုက်ခိုက်လိုက်သည်။

“နတ်ဆိုးဓားသိုင်း ၊ ဝိညာဉ်ကြေမွသိုင်းကွက်...”

ဓားသွားက နက်မှောင်သောလျှပ်စီးပမာ လေထုထဲ ဖြတ်သန်းသွားသည်။

မကောင်းဆိုးဝါးနတ်ဆိုး သိသိသာသာမျက်နှာပျက်သွားပြီး သူ၏ဓားကို လျှင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

တိုက်ပွဲကပြင်းထန်လာပြီး ပတ်ဝန်းကျင်မှ အရာဝတ္ထုများပင် အက်ကွဲကုန်သည်။

မကောင်းဆိုးဝါးနတ်ဆိုး၏လက်များ တုန်ယင်သွားပြီး နောက်သို့ အနည်းငယ်ဆုတ်သွားသည်။ သူ၏ ဧရာမဓားကြီးပေါ်တွင်လည်း အလွန်ကြီးမားသော အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏မျက်နှာက တည်ကြည်လေးနက်သွားပြီး...

“အတော်ကြောက်စရာကောင်းတဲ့ ဓားသိုင်းပဲ ၊ မင်းက ဘယ်သူလဲ”

အန်လင်းက မျက်စိတ်ရှေ့တွင် ဖြစ်ပျက်နေသောမြင်ကွင်းကို စိတ်ဝင်တစားကြည့်ရှုရင်း...

"ရှဲ့လေးရဲ့ တိုက်ခိုက်မှုတစ်ခုကို ခံနိုင်သားပဲ ဒီမကောင်းဆိုးဝါးနတ်ဆိုးက အမှောင်မိစ္ဆာထက် အများကြီး အားကောင်းတယ်။”

ရှဲ့လေးသည် မိစ္ဆာနဂါးသခင်ကို ပြန်မဖြေပဲ သူမ၏ တစ္ဆေဆန်သော နည်းပညာများကို ထပ်မံအသုံးပြုကာ ၎င်းဆီသို့ ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

"ရိုင်းစိုင်းလိုက်တာ"

မိစ္ဆာနဂါးသခင်သည် ဒေါသတကြီးဖြင့် နဂါးဟိန်းသံတစ်သံ ပြုလုပ်လျှက် ဓားကွက်တစ်ကွက်ထုတ်ဖော်တိုက်ခိုက်လိုက်ရာ လေထဲတွင် ပျစ်ချွဲညစ်ပတ်သော အရာများကျန်နေခဲ့သည်။

ရှဲ့လေးသည် ထိုဓားချက်ကို ရှောင်တိမ်းမသွားဘဲ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ဓားသွားပေါ်တွင် နတ်ဘုရားသင်္ကေတတစ်ခု ‌ရေးဆွဲလိုက်သည်။ ထိုအင်းသင်္ကေတက အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

အန်လင်းသည် ကြည့်ရှုနေသော်လည်း အမှောင်ထုကိုသာ မြင်နေရသည်။

“နတ်ဆိုးဓားသိုင်း တော်ဝင်နတ်ဧကရာဇ်သိုင်းကွက်”

အလွန်စွမ်းအားကြီးပြီး ဘုန်းတန်ခိုးပြည့်ဝသော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာပြီး ထိပ်တန်း နတ်ဧကရာဇ်တစ်ပါး ထွက်ပေါ်လာသည့်ပမာ ခံစားလိုက်ရသည်။

ရှဲ့လေး မြေပြင်ထက်သို့ခြေတစ်ချက်ဆောင့်လိုက်ပြီး အရှေ့သို့ ခုန်ဝင်လိုက်ရာ မြေပြင်ထက်တွင် ကြီးမားသော ကျင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း မိစ္ဆာနဂါးဘုရင်၏ဓားအရိပ် ထက်ပိုင်းပိုင်းခံလိုက်ရသည်။

သူ ပြန်လည်မတိုက်ခိုက်နိုင်ခင်မှာပင် ရှဲ့လေးက မိစ္ဆာနဂါးသခင်၏ အနောက်တွင် ပေါ်ထွက်လာပြီး ဓားချက်တစ်ချက် ခုတ်ပိုင်းချလိုက်သည်။

ကြေကွဲစရာအော်ဟစ်သံကြီးနှင့်အတူ မိစ္ဆာနဂါးသခင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားလေတော့၏။

All Chapters