ပိုအစွမ်းထက်လာသော ရှဲ့လေး
Vol. 89 Ch. 1240
မိစ္ဆာနဂါးသခင် နှစ်ပိုင်းဖြတ်ခံရပြီးနောက်မြေ တကိုယ်လုံး နာကျင်စွာဖြင့် မြေပြင်ထက်လူးလှိမ့်အော်ဟစ်နေသည်။
ရှဲ့လေး၏ ဓားချက်(၂)ချက် ထိမှန်ခံရသည့်တိုင် မသေဘဲခံနိုင်ရည်ရှိနေသဖြင့် ထိုမိစ္ဆာနဂါးသခင်က အတော်ပင် အင်အားကြီးပုံရသည်။
ရှဲ့လေး၏ ဓားပညာကို မြင်တွေ့ရပြီးနောက် အန်လင်း သူ့ကိုယ်သူ ယုံကြည်မှုလျော့နည်းသွားသည်။ သူ၏ ဓားဝိဉာဉ်ဖြစ်သော ရှဲ့လေး၏ တိုက်ခိုက်နိုင်စွမ်းသည် သူ့ထက်ပင် ပို၍ အစွမ်းထက်နေပုံရသည်။
သူ၏ဂုဏ်သိက္ခာ မြေပေါ်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
နောင်တစ်ချိန်တွင် ကောင်မလေးတစ်ယောက်က သူ့ရှေ့မှ ဦးဆောင်သွားပေတော့မည်။
သူ တစ်ခုခုလုပ်ရမည်။
"ရပ်လိုက် ရှဲ့လေး"
ရှဲ့လေးက သူမ၏ နတ်ဆိုးသုတ်သင်ဓားကို ထပ်မံမြှောက်လိုက်စဉ်မှာပင် အန်လင်းက အော်ဟစ်တားဆီးလိုက်သည်။
ရှဲ့လေး၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လာသည်။
အန်လင်းက...
“ငါ မိစ္ဆာနဂါးသခင်ကို မေးချင်တာလေးတွေရှိလို့...”
ရှဲ့လေးက ဓားကိုအောက်ချလိုက်ရင်း...
“ဒါဖြင့် မြန်မြန်မေး...”
သူမသည် မကောင်းဆိုးဝါးနတ်ဆိုး၏ စွမ်းအင်ကို စုပ်ယူရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ထိုစွမ်းအင်သည် အလွန်အရသာရှိမည်မှာ သေချာသည်။
အန်လင်းသည် တပိုင်ကို စီးလျက် မိစ္ဆာနဂါးသခင်၏ နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားပြီး စစ်ဆေးမေးမြန်းလိုက်သည်။
" ငါတို့က ဒီမှာရှိတဲ့ အင်အားအကြီးဆုံး သတ္တဝါကို ရှာဖို့ရောက်လာတာ၊ သူတို့ ဘယ်မှာလဲ။ ”
အလွန်အားကောင်းသော မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်သည် အမှောင်ထုပုတီးစေ့တစ်စေ့ကို ပိုင်ဆိုင်ထားမည်ဖြစ်သည်။
၎င်းသည် မကောင်းဆိုးဝါးချောက်နက်အတွင်း မကောင်းဆိုးဝါးနတ်ဆိုးများထဲတွင် အင်အားအကြီးဆုံး သတ္တဝါဖြစ်နိုင်သည်။ မိစ္ဆာနဂါးသခင်သည် အင်အားအကြီးဆုံး သတ္တဝါနှင့် ရင်းနှီးနေနိုင်သည်။
မြေပြင်ပေါ်တွင် တဖျတ်ဖျတ်လှုပ်နေသော အရိပ်မဲကြီးသည် ရုတ်တရက် ဟန်ချက်ပျက်သွားပြီး မဖြစ်နိုင်တဲ့ စကားကို ကြားလိုက်ရသလို အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟား… မင်းက ငါတို့ရဲ့ ဘုရင်ကို ရှာချင်တယ်ပေါ့ ငါ နားကြားမှားတာများလား မင်း သူနဲ့ တိုက်ခိုက်ချင်လို့လား ငါ့ကို အနိုင်ယူလိုက်ရလို့ ငါတို့ဘုရင်နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား။ "
“ပြောပြလိုက်လို့လည်း ဘာမှ မဖြစ်ပါဘူး။ မင်းအဲဒီကို သွားရင်လည်း သေမှာပဲ "
မိစ္ဆာနဂါးသခင်က နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
“အဲဒီ့ လမ်းအတိုင်း ဆက်သွားရင် အစိမ်းရောင်ရေကန်တစ်ခု တွေ့လိမ့်မယ်။ အစိမ်းရောင်ရေကန်ရဲ့ အဆုံးမှာ ငါတို့ ဘုရင်ရှိတယ်။ "
အန်လင်း မိစ္ဆာနဂါးသခင်၏ စကားကြောင့် အံ့အားသင့်သွားသည်။
အစပိုင်းတွင် သူက သတင်းအချက်အလက်ရရှိရန် ညှင်းပန်းနှိပ်စက်မည်ဟု စီစဉ်ထားခဲ့သည်။ မိစ္ဆာနဂါးသခင်က သူညှင်းပန်းနှိပ်စက်ရန်ပင် မလိုဘဲ အကုန်ပြောပြလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူတို့၏ ဘုရင်သည် သူ၏ လက်အောက်ငယ်သားက ရန်သူမေးသမျှကို ပြောပြလိုက်သည်အား သိရှိလျှင် မည်သို့ဖြစ်မည်ကို တွေးမိလိုက်သည်။
မိစ္ဆာနဂါးသခင်၏ ခန္ဓာကိုယ်က တဖျတ်ဖျတ်လှုပ်နေရင်း
"မင်းကို ငါတို့ဘုရင်က ညှဉ်းပန်းသတ်ဖြတ်တာကို တကယ်မြင်ချင်တယ်… မင်းရဲ့ နောင်တရပြီး ထိတ်လန့်တဲ့ မျက်နှာထားကို ကြည့်ရတာ ပျော်စရာဖြစ်မှာပဲ…”
" ဟုတ်လား။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ရဲ့ တွေ့ဆုံမှုရလဒ်ကို မင်း အသက်ရှင်ပြီး မြင်ခွင့်ရတော့မှာ မဟုတ်ဘူး”
အန်လင်းသည် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ရှဲ့လေး လုပ်လိုက်တော့ “
ချက်ချင်းပင် မှောင်မိုက်သည့်ဓားအလင်းတန်းတစ်ခုက မိစ္ဆာနဂါးသခင်၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
ရှဲ့လေးက မကောင်းဆိုးဝါးနတ်ဆိုး၏ စွမ်းအင်ကို အရသာခံစားလိုက်ပြီး သူမ မျက်လုံးများက ယခင်ထက် ပို၍ မှောင်မိုက်လာသည်။ သူမ၏ အမူအရာသည်လည်း အလွန်ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုသို့ ပြောင်းလဲလာသည်။
"ရှဲ့လေး… မင်း အရမ်းမြန်မြန် အစွမ်းတွေတိုးလာနေတာလား။“
အန်လင်းသည် အနည်းငယ် အံ့ဩသွားသည်။
"မင်းရဲ့ ခန္ဓာကိုယ်က ဒီအစွမ်းတွေကိုထိန်းထားနိုင်ပါ့မလား။ မင်း မီးပုံးပျံလို ပေါက်ကွဲသွားနိုင်တယ် မဟုတ်လား။ “
ရှဲ့လေးသည် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ခေါင်းမော့ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“ရိုးအလိုက်တဲ့ သခင် ကျွန်မ အစွမ်းတွေတိုးလာတယ်လို့ ဘယ်သူက ပြောလဲ။"
“ကျွန်မက ရေခန်းခြောက်နေတဲ့ မြစ်တစ်စင်းလိုပဲ။ ကျွန်မခန္ဓာကိုယ်က ကြီးမားတဲ့စွမ်းအားကို သိုလှောင်နိုင်တဲ့ အိုးအလွတ်တစ်လုံးလိုပဲ ၊ ဒီမကောင်းဆိုးဝါးနတ်ဆိုးတွေရဲ့ စွမ်းအင်က ကျွန်မကို အိုးအလွတ်ထဲ ဖြည့်ဆည်းပေးနေတဲ့ မိုးရေလိုပဲ "
"ပြောရရင်… ကျွန်မ အားကောင်းလာတာ မဟုတ်ဘူး ကျွန်မရဲ့ နဂိုစွမ်းအင်ကို ပြန်လည်ရယူနေတာပဲ “
ရှဲ့လေးသည် ဂုဏ်ယူသော မျက်နှာအမူအရာဖြင့် ရှင်းပြရင်း အန်လင်းကို ဂရုမစိုက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
သူမ၏ ဝိဉာဉ်ကို ပထမဆုံး အင်အားပြန်လည်စုစည်းစဉ်က အန်လင်းနှင့် တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်ခဲ့ရသည်။ ထိုအဖြစ်အပျက်ကို ရှက်ရွံ့စွာ သူမ စိတ်ထဲတွင်မှတ်သားထားသည်။
ယခုအခါ သူမ စွမ်းအားများ ပိုရလာခဲ့သည်။
သူမ သူ့ကို စစ်မှန်သောအစွမ်း ပြသရတော့မည်။
အန်လင်းက ရှဲ့လေး၏ အတွေးများကို သတိမထားမိဘဲ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“မင်းရဲ့ စွမ်းအားအပြည့်အဝပြန်ရဖို့ ခန့်မှန်းခြေ ဘယ်လောက်ကြာဦးမှာလဲ ၊ ပြီးရင် မင်းကို နတ်လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်မှာလား”
ရှဲ့လေးသည် စိတ်ကောင်းဝင်နေသဖြင့် အပြုံးဖြင့် ဖြေကြားလိုက်သည်။
“အခု ကျွန်မရဲ့ အစွမ်းတစ်ဝက်လောက် ပြန်ရလာပြီ ၊ စွမ်းအားအပြည့်အဝ ပြန်ရယူပြီးရင် နတ်လက်နက်တစ်ခုဖြစ်လာနိုင်ပါတယ်”
အန်လင်းသည် အလွန်ဝမ်းသာသွားသည်။
ရှဲ့လေးအား နတ်လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်လျှင် သူလည်း ဟင်းလင်းပြင်သို့အပြန်အဆင့်သို့ တစ်လှမ်းပိုမို နီးကပ်လာမည်ဖြစ်သည်။
ဘွဲ့မရခင်မှာပင် ဟင်းလင်းပြင်သို့အပြန်အဆင့်သို့ ရောက်ရှိနိုင်ဖွယ်ရှိသည်။
“ဒါနဲ့ ရှဲ့လေး... မင်းရဲ့ နတ်ဆိုးဓားသိုင်းက အရမ်းအစွမ်းထက်တယ်နော် ၊ ငါ့ကို သင်ပေးလို့ရမလား”
အန်လင်းက ရှဲ့လေး၏ဦးခေါင်းကိုအသာပွတ်သပ်ရင်း နွေးထွေးသည့်အပြုံးဖြင့် ပြောလိုက်သည်။
ရှဲ့လေးသည် အထင်သေးသော မျက်နှာထားဖြင့် အန်လင်း၏ လက်ကို ဖယ်ထုတ်လိုက်သည်။
"မသင်ပေးနိုင်ဘူး။ သိုင်းကွက်တွေကို သင်ပေးဖို့လွယ်ပေမယ့် စစ်မှန်တဲ့ ရည်ရွယ်ချက်ကို သင်ပေးဖို့က အရမ်းခက်တယ်။ ကျွန်မ နတ်လက်နက်ဖြစ်လာပြီးမှ အစွမ်းထက်နတ်စွမ်းအားအသုံးပြုပြီး ရှင့်ကိုလက်ဆင့်ကမ်းပေးနိုင်မှာ”
အန်လင်းက ရှဲ့လေး၏ စကားထဲမှ အထင်သေးမှုကို ဂရုမစိုက်ဘဲ သူပြောသည့် အကြောင်းအရာကို အာရုံစိုက်လိုက်ပြီး အလွန်ဝမ်းသာသွားသည်။
သူက ကျင့်စဉ်တစ်ခုကို ဇွဲရှိရှိကျင့်ကြံလိုစိတ်မရှိပေ။ ကျင့်ကြံစရာမလိုပဲ တတ်မြောက်ပြီးသား လက်ဆင့်ကမ်းပေးခံရခြင်းကို ပိုနှစ်သက်သည်။
ထို့ကြောင့် ရှဲ့လေးက ထိုသို့လုပ်နိုင်မည်ဟူသော အချက်ကြောင့် သူ အလွန်ဝမ်းသာသွားသည်။
ရှဲ့လေးသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရှေ့သို့ခရီးဆက်သွားသည်။
သူမက မိစ္ဆာနဂါးသခင်ညွှန်ပြထားသော နေရာသို့ ဦးတည်လျက် ရှေ့ဆက်နေသည်။ ထိုနေရာတွင် မိစ္ဆာဘုရင်နှင့် တွေ့ဆုံရန် သွားရောက်ရပေမည်။
အန်လင်းကလည်း ထိုအချက်ကို မကန့်ကွက်ပေ။ မိစ္ဆာဘုရင်က အမှောင်ထုပုတီးစေ့တစ်လုံး၏ ပိုင်ရှင်ဖြစ်နိုင်သည် မဟုတ်ပါလား။
သူတို့သုံးဦးသည် အနည်းငယ်ခရီးဆက်ပြီးနောက် မကြာမီ ရှေ့တွင် အစိမ်းရောင်ရေကန်တစ်ခုကို တွေ့ရှိခဲ့သည်။
ရေကန်ထဲမှ အစိမ်းရောင်ရေက အလွန်ထူးဆန်းသော စွမ်းအားတစ်ခုရှိနေသည်မှာ ထင်ရှားသည်။
အန်လင်းက ရေကို ကိုင်တွယ်ခြင်း မပြုမီပင် ပြင်းထန်သော စွမ်းအားနှင့် အမှောင်စွမ်းအင်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။
ရှဲ့လေးက ရှေ့သို့ညွှန်ပြရင်း...
“ရေကန်အဆုံးသတ်က အဲဒီနေရာမှာရှိတယ်”
ရေကန်က မျက်ရည်စက်သဏ္ဌန်ရှိပြီး ထိုမျက်ရည်စက်၏ အဆုံးသတ်နေရာသည် မိစ္ဆာဘုရင်နေထိုင်ရာ နေရာဖြစ်နိုင်၏။
သို့သော် ရှဲ့လေး မလှုပ်ရှားခင် အန်လင်းက သူမလက်ကိုလှမ်းဆုပ်ကိုင်လိုက်သည်။
ရှဲ့လေးက မျက်ခုံးတစ်ချက်ပင့်ရင်း...
"ဘာလဲ "
အန်လင်းက စိတ်လှုပ်ရှားသည့်အမူအရာဖြင့်...
“ဒီရေကန်ထဲမှာ ဝိဉာဉ်စွမ်းအားတစ်ခုကို ငါ ခံစားမိတယ်။”
ရှဲ့လေး စိတ်ရှုပ်ထွေးသွားဟန်ဖြင့်...
“အဲဒီတော့...”
“နောက်ထပ် ပုတီးစေ့တစ်စေ့က ဒီအမှောင်ထုဝိညာဉ်ရေကန်ထဲမှာ ရှိနေတယ် ၊ ဒီထဲမှာ ယင်စွမ်းအားတွေ အပြည့်နှက်နေပြီး ဝိဉာဉ်စွမ်းအင်လည်း ဒီအတိုင်းပဲ။ ဒါက အမှောင်ထုပုတီးတစ်လုံးက ရေကန်ရဲ့အောက်တစ်နေရာရာမှာ ရှိနေတယ်ဆိုတာကို ညွှန်ပြနေတယ်။ "
အန်လင်းသည် ဝမ်းသာစွာဖြင့် ရှင်းပြလိုက်သည်။
ဤနေရာတွင် အမှောင်ထုပုတီးစေ့နှစ်စေ့လုံး ပြန်လည်ရယူနိုင်မည်ထင်ရသည်။
မမျှော်လင့်ထားဘဲ ပျော်ရွှင်စရာ အံ့ဩစရာကောင်းလှသည်။
“ဒီမှာ ငါ့ကို စောင့်နေ၊ ငါ မြန်မြန်ပြန်လာမယ်”
အန်လင်းက ပြောရင်း ရေကန်ထဲ ခုန်ဆင်းသွားသည်။
တပိုင်က မြင်ကွင်းကိုကြည့်ရင်း အနည်းငယ် နောက်ဆုတ်သွားသည်။
“ဒီရေကန်က ကြောက်စရာကြီး ၊ အစ်ကိုကြီးအန်လင်း အဆင်ပြေပါ့မလား ၊ ငါသာ ဒီလိုခုန်ဆင်းလိုက်ရင် တခါတည်းတခါထဲ သေသွားနိုင်တယ်လို့ ခံစားနေရတယ်”
ရှဲ့လေးသည် တပိုင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီရေကန်မှာ ခြင်္သေ့တွေရေမနစ်ဘူး ၊ မသုံးမကျတဲ့ခွေးတွေပဲ ရေနစ်မှာ ၊ စိတ်မပူနဲ့...”
" ဒီရေအိုင်က ခြင်္သေ့တွေကို မနစ်မြုပ်စေဘူး အသုံးမကျတဲ့ ခွေးတွေကိုပဲ နစ်စေနိုင်တာ စိတ်ပူမနေနဲ့ "
တပိုင် : “......”
တပိုင် တိတ်ဆိတ်သွားသည်။
ရှဲ့လေးက တိုက်ခိုက်ရာတွင် စွမ်းအားကြီးရုံသာမက စကားလုံးဖြင့်ထိုနှက်ရာတွင်လည်း နှုတ်သီးကောင်းလျှာပါးပင်။
တပိုင်သည် ဝမ်းနည်းစွာ ညည်းညူနေစဉ်မှာပင် မိန်းမငယ်လေးက သူမ၏ဓားဖြင့် မြေပြင်ပေါ်တွင် သင်္ကေတပုံစံများကို စတင်ရေးဆွဲနေပြီဖြစ်သည်။
“မင်း ဘာလုပ်နေတာလဲ "
တပိုင်မေးလိုက်သည်။
“မကြာခင်မှာ အန်လင်း တိုက်ပွဲတစ်ခု တိုက်ရလိမ့်မယ် ၊ ဒါကြောင့် ဖြစ်လာမယ့်တိုက်ပွဲမှာ သူ့ကိုကူညီဖို့ ကြိုတင်ပြီး အစီအရင်ပုံစံတစ်ခု ရေးဆွဲပေးနေတာ”
ရှဲ့လေးက ပြန်ဖြေလိုက်၏။
ထိုစကားကြားတော့ တပိုင် ခေါင်းညိတ်လိုက်သည်။
ရှဲ့လေးက စကားအပြောအဆိုရိုင်းစိုင်းပြီး ဒေါသကြီးသော်လည်း အစ်ကိုကြီးအန်လင်းကိုတော့ အမှန်တကယ် ဂရုစိုက်ပုံပင်။
ထိုသို့တွေးမိတော့ ရုတ်တရက်ပင် သူမက အလွန်ချစ်စရာကောင်းသွားလေတော့၏။