← Chapters

မကောင်းဆိုးဝါးနတ်ဆိုးဘုရင်

Vol. 89 Ch. 1241

မကောင်းဆိုးဝါးနတ်ဆိုးဘုရင်

Vol. 89 Ch. 1241

အန်လင်း အစိမ်းရောင်ရေကန်ထဲခုန်ဆင်းပြီး ပိုမိုနက်ရှိုင်းရာသို့ ထိုးဆင်းသွားသည်။

သူ့ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသော စွမ်းအားအတားအဆီးကြောင့် မှောင်မိုက်ပြီး အဆိပ်ပြင်းသည့်စွမ်းအားက သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်ခဲ့ပေ။

ရေကန်အောက်ခြေမှ အနည်းငယ်မှိန်ဖျော့သည့်အလင်းရောင်တစ်ခုက ထွက်ပေါ်နေသည်။

ထို့ကြောင့် အန်လင်းသည် ထိုအလင်းရောင်ဆီသို့ ဆက်လက်ဦးတည်သွားလိုက်သည်။

အနည်းငယ် နက်ရှိုင်းသော အနေအထားသို့ ရောက်ရှိသွားသည်။

သူ့ပတ်ဝန်းကျင်မှ တစ္ဆေများနှင့် မိစ္ဆာများ၏ နာကျင်မှု၊ စိတ်ပျက်အားငယ်မှု၊ ယုတ်ညံ့မှုနှင့် အပျက်သဘောဆောင်သော စိတ်ခံစားမှုအမျိုးမျိုးဖြင့် ပြည့်နှက်နေသည့် ငိုကြွေးသံများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အန်လင်း၏ ဝိညာဉ်ကို အေးခဲသွားစေမည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ကျူးကျော်ဝင်ရောက်လာသည်။

အန်လင်း၏ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားပြီး သူ၏သိမ်မွေ့သောသိစိတ်စွမ်းအား ချက်ချင်းထွက်ပေါ်လာကာ သူ့ထံခြိမ်းခြောက်ဝင်ရောက်လာသော အဖျက်စွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည်။

သူက အတားအဆီးမရှိ အောက်သို့ ဆက်လက်ထိုးဆင်းသွားပြီး နောက်ဆုံး ရေကန်အောက်ခြေသို့ ရောက်ရှိသွားသည်။

ရေကန်အောက်ခြေ အလယ်ဗဟိုတွင် ပလက်ဖောင်းတစ်ခုရှိနေပြီး ၎င်းပေါ်တွင် အစိမ်းရောင်ပုတီးစေ့တစ်လုံး ရှိနေသည်။

ထိုပုတီးစေ့မှ အလွန်ထူးခြားသော စွမ်းအားတစ်ခု ထွက်ပေါ်နေပြီး ရေကန်၏ ဖွဲ့စည်းမှုကို ဖြည်းညင်းစွာ ပြောင်းလဲနေသည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်။

[ကောင်းကင်ချိပ်စည်းအမှောင်ထုဘုရင်ပုတီးစေ့ : ပုတီးစေ့ကိုးစေ့အားစုဆောင်းနိုင်ပါက အမှောင်ထုဘုရင်နန်းတော်မှ ကောင်းကင်ချိပ်စည်းအမှောင်ထုဘုရင်၏ အစစ်အမှန်အမွေအနှစ်အား ရရှိနိုင်ခြေရှိသည်]

အန်လင်း ချက်ချင်းပြုံးလိုက်သည်။

သူ (၇)လုံးမြောက် အမှောင်ထုပုတီးစေ့ကို ရရှိခဲ့ပြီ မဟုတ်ပါလား။

အမှောင်ထုပုတီးစေ့ပတ်လည်တွင် အလွန်ရှုပ်ထွေးသော မန္တန်အစီအရင်ရှိနေပြီး သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့်နှင့် ချိုးဖျက်ဖွင့်ရန် မဖြစ်နိုင်သော်လည်း အန်လင်း၏ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အတွက်ကတော့ အလွယ်လေးပင်ဖြစ်သည်။

အန်လင်းက လက်ချောင်းတစ်ချောင်းတည်းဖြင့် မန္တန်အစီအရင်ကိုဖျက်ဆီးလိုက်ရာ ရေကန်ထဲမှရေအားလုံး လှုပ်ခတ်သွားသည်။

ရေကန်စပ်တွင်ရှိနေသော ရှဲ့လေးနှင့်တပိုင်က အန်လင်း ပြဿနာတစ်ခုပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ကြသည်။

ထိုအချိန် အလွန်ဝေးကွာသောနေရာမှာ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“ငါ့ရဲ့ ရေချိုးကန်ကို ဘယ်သူကျူးကျော်ရဲတာလဲ”

ကြောက်မက်ဖွယ်ရာ ရေလှိုင်းများသည် တဟုန်ထိုး ဝင်ရောက်လာသည်။

အစိမ်းရောင် ဧကရာဇ်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာနေပုံ ထင်ရသော်လည်း အမှန်တကယ်တွင် အလွန်လျင်မြန်စွာ သူတို့ဆီသို့ လှမ်းလာနေသည်။

သူက အရပ်မြင့်မြင့် ချောမောသော အမျိုးသားတစ်ယောက်ဖြစ်သည်။

သူ၏ နက်မှောင်သောမျက်ဝန်းများမှ ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လျှက်ရှိသည်။

သူ၏ အထူးခြားဆုံးအချက်မှာ လက်နှစ်ဖက်စလုံးသည် အနက်ရောင်ဖြစ်ပြီး လိမ်ယှက်နေကာ လှုပ်ရှားမှုတိုင်းသည် သူ့ပတ်ဝန်းကျင်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

"မင်းက ဘယ်သူလဲ"

တပိုင်က အစိမ်းရောင်ဝတ်လူကို အာရုံစိုက်ကာ မေးလိုက်သည်။

ထိုသူက အေးစက်သောအပြုံးဖြင့်...

"ငါ ဘယ်သူလဲ မသိဘူးလား"

ထို့နောက် သူက ခေါင်းမော့လိုက်ပြီး...

“ငါက မကောင်းဆိုးဝါးနတ်ဆိုးဘုရင်တုန်းယန်ပဲ...”

တပိုင်က အံ့အားသင့်ဟန်ဖြင့် ထိုသူကို စူးစိုက်ကြည့်လိုက်ပြီး...

“မင်းက မကောင်းဆိုးဝါးနတ်ဆိုးဘုရင် ဟုတ်လား ၊ မဖြစ်နိုင်ဘူး ၊ မင်းက သာမန်လူတစ်ယောက်ပဲ”

မကောင်းဆိုးဝါးနတ်ဆိုးများသည် မည်းနက်တွန့်လိမ်နေသော ခန္ဓာကိုယ်များနှင့် ရူးမိုက်သော သတ္တဝါများဟု ထင်ခဲ့သော်လည်း လူသားတစ်ဦး၏ ပုံသဏ္ဍာန်ရှိသော ထိုသူသည် မကောင်းဆိုးဝါးနတ်ဆိုး ဖြစ်နိုင်ပါမည်လား။

တုန်းယန်က တပိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ရှင်းပြရန် စိတ်မဝင်စားခဲ့ပေ။

သူက ဒေါသတကြီးဖြင့် အစိမ်းရောင်ရေကန်ဘက်သို့လှည့်လိုက်ပြီး...

“ငါ့ ရေချိုးကန်ကို ကျူးကျော်ရဲတဲ့သူ ဘယ်သူမဆို သေရမယ်...”

တပိုင်က တုန်းယန်ကို ဆက်ပြီးစူးစိုက်ကြည့်နေသည်။

ဤမျှကြောက်မက်စက်ဆုပ်ဖွယ်ရာရေကန်က ထိုသူ၏ ရေချိုးကန်တဲ့လား...။

ဤသူက လူသားမဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။

တုန်းယန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ရေကန်အတွင်းသို့ အရှိန်အဟုန်ဖြင့် ခုန်ဆင်းလိုက်သည်။

ထိုအချိန် အနက်ရောင်ဓားတစ်လက်က အဖျက်စွမ်းအားအပြည့်ဖြင့် တုန်းယန်ကို တိုက်ခိုက်လိုက်လေသည်။

ရှဲ့လေး ကြိုတင်ပြင်ဆင်ထားခဲ့သော ဓားအစီအရင်သည် နောက်ဆုံးတွင် အသက်ဝင်လာခဲ့သည်။

“ငါ့ကို တားဖို့ ကြိုးစားချင်တာလား။ ဒါဆို မင်းလည်း သေရမယ်”

တုန်းယန်၏ မည်းနက်လိမ်ယှက်နေသော လက်များက ခိုင်ခန့်သော လက်တစ်စုံအဖြစ်ပြောင်းလဲသွားကာ ဓားအစီအရင်မှ ထွက်ပေါ်လာသော ဓားချက်ကို ရင်ဆိုင်လိုက်သည်။

စွမ်းအားပေါက်ကွဲထွက်လာပြီး ရှဲ့လေး၏ ဟင်းလင်းပြင်သို့အပြန်အဆင့် မကောင်းဆိုးဝါးနတ်ဆိုးများကို နှိမ်နင်းနိုင်သော ဓားချက်သည် တုန်းယန်၏ လက်ချက်ဖြင့် ကြေမွသွားတော့သည်။

တုန်းယန်က လူသားတင့်ကားတစ်စီးကဲ့သို့ ရှဲ့လေး၏ ဓားအစီအရင်အတွင်းသို့ ချိုးဖျက်ဝင်ရောက်လာသည်။

ရှဲ့လေး၏မျက်ဝန်းများ တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပနေသည်။ ဤရန်သူသည် အလွန်အားကောင်းပြီး သူမ လိုချင်သော ပြိုင်ဘက်ဖြစ်သည်။

သူမက တွန့်ဆုတ်မနေဘဲ နတ်ဆိုးသုတ်သင်ဓားဖြင့် တုန်းယန်ဆီသို့ တိုက်ခိုက်လိုက်သည်။

"ဖယ်စမ်း..."

တုန်းယန်က ဂရုမစိုက်သော အမူအရာဖြင့် မည်းနက်လိမ်ယှက်နေသောလက်များကိုသုံးကာ ရှဲ့လေးအား တိုက်ခိုက်လိုက်သည်။

သူ၏ လက်ဖဝါးများက အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဟင်းလင်းပြင်သို့အပြန်အဆင့် ပြိုင်ဘက်တစ်ဦးကို ဖျက်ဆီးလိုက်နိုင်သည့် အင်အားရှိသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သည်။

သို့သော် သူ့ကိုအံ့သြသွားစေသည်မှာ မင်ရည်ပမာနက်မှောင်နေသောဓားအရိပ်က သူ၏လက်ဖဝါးများကို လွှမ်းခြုံသွားပြီး သူ၏တွန့်လိမ်နေသော အနက်ရောင်လက်များ၏ဖိအားကို တွန်းကန်လိုက်ခြင်း ဖြစ်သည်။

တုန်းယန် နာကျင်မှုကို ခံစားလိုက်ရသည်။

“ငါ့ကိုလျှော့မတွက်နဲ့ ၊ ငါက ဒီမကောင်းဆိုးဝါးချောက်နက်တစ်ခုလုံးရဲ့ ဘုရင်ပဲ”

တုန်းယန်သည် ဒေါသတကြီး ဟစ်အော်လိုက်ပြီး မျက်လုံးများမှ တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ရက်စက်မှုနှင့် ဖျက်ဆီးခြင်းသည် သူ့လက်ထဲတွင် ဆုံစည်းကာ အနက်ရောင်ဓားကို သွေးရူးသွေးတမ်း တိုက်ခိုက်လိုက်သည်။

စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ရှဲ့လေး၏ခန္ဓာကိုယ် အနောက်သို့ အနည်းငယ် လွင့်ထွက်သွားသည်။

တုန်းယန်က မူလကထက် ပို၍ စိတ်လှုပ်ရှားနေပုံရသော အဝေးမှ မိန်းကလေးကို အကဲဖြတ်ရင်း နေရာတွင် ရပ်နေခဲ့သည်။ တုန်လှုပ်ချောက်ချားမှုများသည် သူ့စိတ်ထဲသို့ ဝင်လာသဖြင့် လက်များ အနည်းငယ် တုန်ယင်နေသည်။

သူက တိုက်ပွဲတွင် စွမ်းအားကုန်အသုံးပြုခဲ့သော်လည်း မိန်းကလေးက ဒဏ်ရာတစ်ခုပင် မရရှိဘဲ အနောက်သို့သာ လွင့်ထွက်သွားခဲ့သည်။

“မင်းက ဘယ်သူလဲ "

ရှဲ့လေးက တုန်းယန်အတွက် အထင်မသေးနိုင်လောက်အောင် အားကောင်းလွန်းသည်။

ထိုစဉ် စိမ်းလန်းသောရေကန်၏ မျက်နှာပြင်ပေါ်တွင် ကြီးမားသော ရေပွက်ကြီးတစ်ခု ပေါ်လာသဖြင့် သူ့အသံတိတ်သွားသည်။

အန်လင်းက ပျော်ရွှင်စွာဖြင့် ရေကန်ထဲမှထွက်လာပြီး...

“သတ္တမမြောက် အမှောင်ထုပုတီးစေ့ကို ရပြီကွ... ၊ ဟမ်... မင်းက ဘယ်သူလဲ”

တုန်းယန်က အန်လင်းကိုဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ငါက မကောင်းဆိုးဝါးနတ်ဆိုးဘုရင် တုန်းယန်ပဲ ၊ မင်းလို ငမိုက်သားက ငါ့ရဲ့အမှောင်ထုပုတီးစေ့ကို ခိုးယူရဲတာလား "

ထိုစကားကြားတော့ အန်လင်းက ဒေါသမထွက်သည့်အပြင် မျက်လုံးများပင် အရောင်တောက်လာသည်။

“ဒါဖြင့် မင်းက မကောင်းဆိုးဝါးနတ်ဆိုးဘုရင်ပေါ့ ၊ ဒါဆို မင်းမှာ နောက်ထပ် အမှောင်ပုတီးစေ့တစ်လုံး ရှိနေသေးတာပေါ့”

တုန်းယန်၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်နေသည်။

“ဘာလဲ... ငါ့မှာရှိတဲ့ အမှောင်ထုပုတီးစေ့ကိုပါ မင်းက ခိုးချင်နေတာလား ၊ ငတုံးကောင်... အခု ငါစိတ်ပြောင်းသွားပြီ ၊ မင်းရဲ့ဝိညာဉ်ကိုထုတ်ယူပြီး နှစ်သန်းပေါင်းများစွာ ညှင်းပန်းနှိပ်စက်ပစ်မယ်”

အန်လင်းက တည်ငြိမ်စွာပြုံးလိုက်ရင်း...

“ငါက မခိုးပါဘူး ၊ အမှောင်ထုပုတီးစေ့တွေက ကောင်းကင်ချိပ်စည်းအမှောင်ထုဘုရင်ရဲ့ပစ္စည်းတွေပဲ ၊ ငါက သူတို့ကို မူလပိုင်ရှင်ဆီ ပြန်ပေးချင်ရုံပဲရှိတာပါ”

သူ၏ပြိုင်ဘက်က အတိုင်းအဆမရှိသည့် မကောင်းသောစိတ်ဆန္ဒများမှဖြစ်ပေါ်လာသော သာမန်မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ဆိုလျှင် အန်လင်းအနေဖြင့် ယခုလောက် စကားပြောနေမည် မဟုတ်ပေ။

သို့သော် မကောင်းဆိုးဝါးနတ်ဆိုးဘုရင် တုန်းယန်က လူနှင့်အလွန်တူသောကြောင့် စကားအနည်းငယ်ပြောဆိုရန် တာဝန်ရှိသည်ဟု အန်လင်းက ယူဆခဲ့သည်။

“သောက်ပေါက်ကရတွေ... အဲဒီ ပုတီးစေ့တွေရဲ့မူလပိုင်ရှင်က ငါပဲ”

တုန်းယန်က ကိုယ်ကိုတွန့်လိမ်ရင်း ကျုံးဝါးလိုက်ပြီး သူ့နောက်ကျောမှ ပေထောင်ပေါင်းများစွာရှည်လျားသည့် အနက်ရောင်အတောင်ပံများ ပြန့်ကားထွက်ပေါ်လာသည်။

သူက အနက်ရောင်အတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ရာ လေပြင်းများတိုက်ခတ်လာသည်။

ဤမျှအန္တရာယ်ကြီးမားသော အခြေအနေတွင် တပိုင်က သူ၏အသက်ကယ်ရတနာကို အသက်သွင်းလိုက်သော်လည်း ကြောက်မက်ဖွယ်ရာ လေပြင်းများကြောင့် နောက်ပြန်လွင့်ထွက်သွားသည်။

အန်လင်းက တဖျောက်ဖျောက်အသံမြည်သွားအောင် လက်ဆစ်များချိုးလိုက်ပြီး ပြုံးလျှက် စကားဆိုလိုက်သည်။

“မင်းလို အကြမ်းစားကောင်ကို ငါ သဘောကျတယ် ၊ မင်းကိုရိုက်ရတာ ပိုပြီး ကျေနပ်စရာကောင်းမယ်ထင်တာပဲ”

တုန်းယန်၏ခန္ဓာကိုယ်တစ်ခုလုံးဖောင်းပွလာပြီး သူ၏အရေခွံထက်မှ အစိမ်းရင့်ရောင် နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန် ကောင်းကင်နှင့်မြေကြီး ရုတ်တရက် ပြောင်းလဲသွားသည်။

အောက်ဘက်ရှိမြေပြင်မှ သွေးများစိမ့်ထွက်လာပြီး ကောင်းကင်ထက်တွင်တော့ တွန့်လိမ်လျှက်ရှိသော ကြမ်းတမ်းရက်စက်သည့်မျက်နှာများ ထွက်ပေါ်လာသည်။

သူတို့အားလုံးက အန်လင်းကို မုန်းတီးနာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေကြပြီး မရေမတွက်နိုင်သော သတ္တဝါများ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဤသို့သောပတ်ဝန်းကျင်က သူ့အသိစိတ်ကို ညစ်နွမ်းသွားစေရန် တိုက်ခိုက်နေကြောင်း အန်လင်းခံစားလိုက်ရသည်။

ဤသည်က အလွန်ထူးခြားသော စွမ်းအားတစ်ခုဖြစ်ပြီး မကောင်းဆိုးဝါးနတ်ဆိုး၏ စက်ြာဝဠာတာအိုစွမ်းအားဖြစ်သည်။

အန်လင်းက တည်ငြိမ်သော အမူအရာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ရုတ်တရက်ပင် ရှဲ့လေးက သူ့ရှေ့တွင် ဝင်ရောက်ကာကွယ်လိုက်ပြီး မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းများဖြင့် တုန်းယန်ကို ကြည့်လိုက်သည်။

“ရှင် ဘေးဖယ်နေပါ ၊ တုန်းယန်က ကျွန်မရဲ့သားကောင်ပဲ”

All Chapters