← Chapters

သေအောင်အရိုက်ခံရခြင်း

Vol. 89 Ch. 1242

သေအောင်အရိုက်ခံရခြင်း

Vol. 89 Ch. 1242

အန်လင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း ရှဲ့လေးက တားဆီးလိုက်သည်။

သူက ဓားဝိညာဉ်၏အလိုအလျောက်ကာကွယ်ပေးမှုကို ဆက်လက်ခံယူလိုခြင်းမရှိတော့သော်လည်း သူ၏ဓားဝိညာဉ်က ထိုအခြေအနေတွင် ဆက်လက်နေထိုင်ရန် တိုက်တွန်းနေခဲ့သည်။

“သတိထား... ဒီမကောင်းဆိုးဝါးနတ်ဆိုးက အလွယ်တကူ ရင်ဆိုင်လို့ရမယ့်သူမဟုတ်ဘူး။”

အန်လင်း သတိပေးလိုက်သည်။

ရှဲ့လေးက တည်ကြည်သည့်မျက်နှာထားဖြင့်...

“စိတ်မပူနဲ့ ၊ ကျွန်မက ရှင့်ထက်ပိုအားကောင်းတယ် ၊ ကျွန်မ သူ့ကိုမနိုင်ရင် တစ်ဖွဲ့လုံးဒုက္ခရောက်မှာပဲ”

အန်လင်း “......”

သူက ကာကွယ်ခံနေရသူဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။

တုန်းယန်၏အင်္ကျီလက်များပေါက်ကွဲထွက်သွားပြီး အစိမ်းရင့်ရောင်စွမ်းအားက သူ့လက်များပတ်လည်တွင်ထွက်ပေါ်လာကာ ထူးဆန်းသည့်သင်္ကေတပုံစံများ ဖြစ်ပေါ်လာသည်။

ထိုသင်္ကေတပုံစံများက တက်တူးများပမာဖြစ်ပြီး သူ၏လက်မောင်းများထက် ရေးထိုးထားကာ အံ့ဖွယ်အလင်းများကို ထုတ်လွှတ်ပေးနေသည်။

“ဒါကို ယူလိုက်စမ်း...”

တုန်းယန်က ရှဲ့လေးဆီသို့ တဟုန်ထိုးခုန်ဝင်လာပြီး ကြောက်မက်ဖွယ်ရာ လက်သီးစွမ်းအားဖြင့် ထိုးနှက်လိုက်သည်။ အံ့ဖွယ်အလင်းများ တဟုန်ထိုးမြင့်တက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပျက်စီးသွားစေသည်။

ထိုသို့သောလက်သီးထိုးချက်ဖြင့် သာမန် ဟင်းလင်းပြင်သို့အပြန် အလယ်ဆင့်ကျင့်ကြံသူတစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရလျှင် မရှိမှုအဖြစ် သုတ်သင်ခံရနိုင်သည်။

ရှဲ့လေးက တည်ငြိမ်နေဆဲပင်။

သူမခန္ဓာကိုယ်က သေးသွယ်သော်လည်း သူမ၏ဓားချက်များကတော့ အလွန်စွမ်းအားကြီးမားစွာဖြင့် တုန်းယန်၏လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

လက်သီးနှင့် ဓား ထိတွေ့မှုကြောင့် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ရာ တုန်ခါသွားသည်။

ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ရှဲ့လေး နောက်သို့ အနည်းငယ်ဆုတ်သွားခဲ့သည်။ တုန်းယန်၏ မျက်နှာပေါ်တွင် သွေးဆာနေသော အပြုံးဖြင့် ထိုအခွင့်အရေးကို ဆက်လက်အသုံးချရန် တဟုန်ထိုးဝင်ရောက်လာသည်။

ထက်ရှသော မင်ရည်ပမာနက်မှောင်သည့် ဓားအလင်းတန်းများက ဆက်တိုက်ဆိုသလို လေထုထဲဖြတ်သန်းသွားသည်။ ရှဲ့လေး၏ ဓားချက်များက အလွန်အားကောင်းသော်လည်း တုန်းယန်၏ ဧရာမလက်သီးများဖြင့် ထုချေခံလိုက်ရသည်။

ရှဲ့လေး ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ရန် ဖိအားပေးခံနေရသည်။

သို့သော် အန်လင်း စိတ်မပူခဲ့ပေ။ ရှဲ့လေးတွင် အသုံးမပြုရသေးသော စွမ်းအားများရှိနေသေးသည်ဟု ခံစားနေရသည်။

မကြာမီ အံ့သြထိတ်လန့်စရာ မြင်ကွင်းတစ်ခုနှင့် သူ ရင်ဆိုင်လိုက်ရသည်။

ရှဲ့လေးက တုန်းယန်၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ခုခံကာကွယ်ရင်း သူမ၏ ကြီးမားကျယ်ဝန်းသောမျက်ဝန်းထောင့်မှ မျက်ရည်များစီးကျနေလေသည်။

သူမ၏ ချစ်စရာ နှာတံလေးမှာ နီရဲနေပြီး သူမနှုတ်ခမ်းအစုံက မကျေမနပ်ဖြင့် စူပုပ်လျှက်ရှိသည်။

အန်လင်းက အံ့အားသင့်သွားပြီး...

“ရှဲ့လေးတောင် မျက်ရည်ကျလောက်အောင် ထိုးနှက်ခံနေရပြီလား”

ထိုစကားကိုကြားတော့ ရှဲ့လေးက ဒေါသတကြီးဖြင့် အန်လင်းကိုလှမ်းကြည့်လိုက်သည်။ သူက အောက်နှုတ်ခမ်းကိုကိုက်လျှက် မျက်ရည်များကို ထိန်းချုပ်ရန်ကြိုးစားနေသည့်တိုင် မျက်ရည်များက သနားစဖွယ် သွင်သွင်စီးကျလို့နေသည်။

အန်လင်း ဒေါသထွက်သွားရသည်။

“ဘုရားရေ... ငါ့ရဲ့ ရှဲ့လေးကို အနိုင်ကျင့်ရဲတယ်လား မင်းကို ငါ သတ်ပစ်မယ် "

သူက ချက်ချင်းပင် မီးနတ်ဘုရားလက်သီးကို ထုတ်ဖော်ပြီး ပြင်းအား(၄)ဆဖြင့် တုန်းယန်အား တိုက်ခိုက်လိုက်သည်။

“ဖယ်စမ်း ငါ့ရဲ့ ရှဲ့လေးကို ထိခိုက်အောင်မလုပ်နဲ့”

သူ၏လက်သီးက နေမင်းကြီးကဲ့သို့ တောက်လောင်နေသည်။

တုန်းယန်သည် အန်လင်း၏လက်သီးကို သူ၏လက်သီးဖြင့် ရင်ဆိုင်လိုက်သော်လည်း မြေပြင်ထက်သို့ ရိုက်ချခံလိုက်ရပြီး သူ၏ မည်းနက်လိမ်ယှက်နေသောလက်များ ပျက်ဆီးလုနီးပါးဖြစ်သွားသည်။

အန်လင်း၏လက်သီး မည်မျှကြောက်စရာကောင်းကြောင်း သိရှိသွားပေပြီ။

ထိုအချိန်...

နှလုံးသားကို နာကျင်စေသော ဝမ်းနည်းမှုတစ်ခု အန်လင်း ရုတ်တရက် ခံစားလိုက်ရသည်။

ထိန်းမနိုင်သိမ်းမရ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာတော့သည်။

အန်လင်းက ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရခဲ့သော်လည်း ယခုတော့ သူ ငိုကြွေးနေရသည်။

"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ "

အန်လင်း ငိုရှိုက်ရင်း ပြောလိုက်သည်။

တုန်းယန်သည် လျှို့ဝှက်စွာပြုံးလျှက် မတ်တတ်ရပ်လိုက်ပြီး ရုတ်တရက်ပင် အန်လင်းကို ပြင်းထန်သော လက်သီးချက်များဖြင့် တိုက်ခိုက်လိုက်၏။

အန်လင်းစိတ်ထဲ ထိတ်လန့်တုန်လှုပ်သွားပြီး လက်သီးချက်ကို အလျှင်အမြန် တုံ့ပြန်လိုက်သော်လည်း ပြင်းထန်သောဝမ်းနည်းမှုကြောင့် သူ၏စွမ်းအားက အနည်းငယ်အားနည်းနေကြောင်း အာရုံခံလိုက်မိသည်။

"ကျွန်မ ကူညီမယ်"

ရှဲ့လေးက နတ်ဆိုးသုတ်သင်ဓားကို ကိုင်ဆောင်ရင်း တုန်းယန်ဆီသို့ တဟုန်ထိုး တိုက်ခိုက်လာသည်။

အန်လင်းနှင့် ရှဲ့လေးတို့မှာ မျက်ရည်တောက်တောက်ကျလျှက် တုန်းယန်နှင့် တိုက်ခိုက်နေကြရလေသည်။

တပိုင်က အဝေးမှကြည့်ရင်း အံ့အားသင့်သွားရသည်။

ဘယ်လိုတောင် ထူးဆန်းတာလဲ...။

အန်လင်းနှင့် ရှဲ့လေးတို့မှာ ပြင်းထန်စွာ ဝမ်းနည်းခံစားနေရသဖြင့် အားနည်းနေသော်လည်း သူတို့နှစ်ယောက်ပေါင်းစွမ်းအားက တုန်းယန်ကို ရင်ဆိုင်နိုင်နေဆဲ ဖြစ်၏။

မကြာမီ တုန်းယန်၏ အတောင်တစ်ဖက်က ရှဲ့လေး၏ ဓားချက်ဖြင့် ဖြတ်တောက်ခံလိုက်ရပြီး အန်လင်းကလည်း နောက်ထပ်အတောင်တစ်ဖက်ကို အဆုံးမဲ့စွမ်းအားမြင့်လက်သီးချက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။

"သေစမ်း"

အန်လင်း မျက်ရည်များကြားမှ အော်ဟစ်လိုက်ပြီး နတ်ဘုရားစစ်ဆေးမှုနည်းစနစ်က သူ၏မျက်လုံးများထဲတွင် လှစ်ခနဲ ဖြတ်သန်းသွားကာ တုန်းယန်၏ ခံစစ်အားနည်းချက်ကို ထုတ်ဖော်လိုက်ပြီး ၊ သူ၏ခါးဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

လက်သီးချက်ကြောင့် တုန်းယန်၏ခါး လိမ်ယှက်သွားကာ မြေပြင်တုန်ခါပေါက်ကွဲထွက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။

“ဖူး...”

တုန်းယန်သည် သွေးများ အန်ထွက်ကာ နောက်သို့ပြန်ဆုတ်သွားသည်။

ထိုအချိန် ရှဲ့လေး၏ နတ်ဆိုးသုတ်သင်ဓားမှ တောက်ပသော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တုန်းယန်အား တဟုန်ထိုး တိုက်ခိုက်လိုက်သည်။

“နတ်ဆိုးဓားသိုင်း ၊ တော်ဝင်နတ်ဧကရာဇ်သိုင်းကွက်”

အတိုင်းအဆမရှိသော ဓားဝိဉာဉ်က ကောင်းကင်ယံထက်မြင့်တက်သွားပြီး အထက်တွင်ရှိသော ကျောက်သားများကို အက်ကွဲသွားစေသည်။

ဓားချက်များက ပြင်းထန်လွန်းလေရာ အနှိုင်းမဲ့စွမ်းအားများဖြင့် ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်ဧကရာဇ်တစ်ပါးပမာ ဖြစ်သည်။

တုန်းယန်က စကြာဝဠာတာအိုစွမ်းအား အရံအတားကို လျှင်မြန်စွာထုတ်သုံးလိုက်သော်လည်း ဓားအလင်းတန်းက အရံအတားကို တို့ဖူးလှီးဖြတ်သည့်ပမာ လှီးဖြတ်ပစ်လိုက်ပြီး တုန်းယန်ကို အပိုင်းပိုင်းစုတ်ဖြဲပစ်လိုက်သည်။

" အား "

တုန်းယန် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ရင်ဘတ်မှ သွေးများစီးကျလာကာ နောက်သို့ထပ်မံလွင့်ထွက်သွားသည်။ အန်လင်းနှင့်ရှဲ့လေးက သူတို့၏အားသာချက်ကို ဆက်လက်အသုံးချကာ ချက်ချင်းပင် လိုက်လံတိုက်ခိုက်လိုက်သည်။

“မင်းတို့ အနိုင်ရပြီလို့ ထင်နေလား။ နောက်ဆုံးမှာ ရှုံးမယ့်သူတွေက မင်းတို့ပဲ"

တုန်းယန်၏လက်များမှ စကြာဝဠာတာအိုအလင်းတန်း ထပ်မံထွက်ပေါ်လာသည်။

ယခုအကြိမ်တွင် အလွန်မှောင်မိုက်သော အလင်းတန်းတစ်ခုဖြစ်ပြီး သူ၏လက်များကို အနက်ရောင်သံမဏိကဲ့သို့ ပြောင်းလဲသွားစေသည်။

“နောင်တရပြီး စိတ်ပျက်ကြစမ်း”

တုန်းယန်က လက်သီးတင်းတင်းဆုပ်လျှက် အော်ဟစ်လိုက်ပြီး စကြာဝဠာတာအိုအလင်းတန်းများဖြင့် အန်လင်းနှင့်ရှဲ့လေးကို အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

အန်လင်းနှင့် ရှဲ့လေးကလည်း ရက်စက်စွာ တန်ပြန်တိုက်ခိုက်လိုက်သည်။

ခဏအကြာတွင် တုန်းယန် မြေပြင်ပေါ်သို့ ထပ်မံရိုက်ချခံလိုက်ရပြီး သွေးများအန်ထွက်လာသည်။

“မင်းတို့ သေချာပေါက်ရှုံးပြီ ၊ မင်းတို့ အနိုင်ရဖို့ အခွင့်အရေးမရှိဘူး ၊ မင်းတို့ ရင်ဆိုင်နေရတာက အဆုံးမရှိစိတ်ပျက်ခြင်းပဲ”

တုန်းယန် မြေပြင်ထက်မှ ကုန်းရုးန်ထလာကာ ကောက်ကျစ်စွာပြုံးလိုက်ပြီး အန်လင်းနှင့် ရှဲ့လေးကို ထပ်မံတိုက်ခိုက်လိုက်သည်။

(၃)စက္ကန့်ကြာပြီးနောက်...

“ဘုန်း...”

တုန်းယန် မြေပြင်ထက် ထပ်မံလဲကျသွားပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နေသည်။

သူက သွေးများအန်ထွက်လျှက်ပင် အောင်နိုင်သူတစ်ယောက်လို ရယ်‌မောလိုက်ရင်း...

“ဟီးဟီးဟီး... မင်းတို့ ငါ့ကိုမနိုင်မယူနိုင်ပါဘူး ၊ ဘယ်လိုလဲ... စိတ်ပျက်နေကြပြီမလား”

တပိုင် လုံးဝ အံ့အားသင့်သွားသည်။

"ဒီမကောင်းဆိုးဝါးနတ်ဆိုးက အရိုက်ခံရပြီး ရူးသွပ်သွားပြီလား ၊ စိတ်ပျက်ရမှာက သူပဲလေ ၊ အခု ဘာတွေဖြစ်နေတာလဲ”

သို့သော် ထိုခဏတွင် အန်လင်းနှင့် ရှဲ့လေးမှာ အလွန်အမင်း မျက်စိပျက်မျက်နှာပျက်လျှက် ရှိသည်။

"ပြီးသွားပြီ ရှဲ့လေး ၊ ငါတို့ သူ့ကို မနိုင်ဘူး"

အန်လင်းသည် မျက်ရည်များ စီးကျလျက် ပြောလိုက်သည်။

ရှဲ့လေးက မျက်ရည်များကိုသုတ်လိုက်ပြီး အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့်...

"ရှင်ပြောတာ မမှားဘူး။ ရန်သူက အရမ်းအားကောင်းတယ်။ ဒီအတိုင်းဆက်သွားရင် ကျွန်မတို့ ရှုံးမှာပဲ။”

အန်လင်းက ကြောက်ရွံ့တုန်လှုပ်စွာဖြင့်...

“ငါတို့ကို အသက်ချမ်းသသာပေးဖို့ တောင်းပန်ရအောင်”

တပိုင် အမြင်မှားနေသလားဟု မယုံကြည်နိုင်စွာ ဖြစ်သွားသည်။

ဒါက ဘာတွေဖြစ်နေတာလဲ။

အန်လင်းနှင့် ရှဲ့လေးက ရန်သူကို အလဲထိုးနိုင်ပါလျှက် အဘယ့်ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် အရှုံးပေးရန် တိုင်ပင်နေကြပါသနည်း။

“ဟားဟားဟား... မင်းတို့က အရှုံးသမားတွေပဲ ၊ ဘာလို့ အသက်ချမ်းသာပေးရမှာလဲ”

“မင်းတို့ တစ်ယောက်မှမလွတ်စေရဘူး ၊ မင်းတို့အားလုံး နောင်တနဲ့အတူ စိတ်ပျက်သွားစေရမယ်”

တုန်းယန်၏ မင်ရည်ပမာ နက်မှောင်နေသော လက်များမှ နတ်ဘုရားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏အရေပြားထက် ထူးဆန်းသည့်သင်္ကေတတစ်ခု ထွက်ပေါ်လာကာ အန်လင်းနှင့်ရှဲ့လေးအား လက်သီးဖြင့်ထိုးချလိုက်သည်။

“ဘုန်း...”

အန်လင်းနှင့် ရှဲ့လေးကလည်း တစ်ပြိုင်တည်း ပြန်လည်တိုက်ခိုက်လိုက်သည်။

စွမ်းအားလှိုင်းလုံးတုန်ခါမှုများက အကွာအဝေး မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

“ဝေါ့...”

တုန်းယန် သွေးများအန်ထွက်လျက် မြေပြင်ထက်သို့ပစ်ချသွားပြီး သူ့အောက်တွင် ဧရာမတွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

အန်လင်းထိတ်လန့်သွားပြီး မြင်ကွင်းကို စိတ်ပျက်လက်ပျက် ကြည့်ရှုရင်း...

"ရှဲ့လေး… ငါတို့ မနိုင်ဘူး။ အမြန်ထွက်ပြေးကြစို့"

ရှဲ့လေး၏ခြေထောက်များ အားနည်းသွားပြီး မြေပြင်ထက်သို့လဲကျသွားကာ သူမက မျက်ရည်များကို သုတ်လိုက်သည်။

“ပွဲပြီးသွားပြီ ၊ တုန်းယန်က အရမ်းအားကော်းလွန်းတယ် ၊ ကျွန်မတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ၊ အခုတော့ အားလုံး ဒုက္ခရောက်ကုန်ပြီ”

တပိုင် သူ့ပါးသူ ဖြန်းကနဲ ရိုက်လိုက်သည်။

“သေစမ်း... ဒါက အိပ်မက်မဟုတ်ဘူးပဲ”

“သေအောင်အရိုက်ခံနေရတာ တုန်းယန်မဟုတ်ဘူး... အစ်ကိုကြီးအန်နဲ့ ရှဲ့လေးတို့ဖြစ်နေတာကိုး... ဝုတ်”

All Chapters