စိတ်ဓာတ်ကျနေသော တုန်းယန်
Vol. 89 Ch. 1244
တုန်းယန် ခဏမျှအံ့အားသင့်စွာ ငြိမ်သက်သွားပြီးမှ မြေပြင်ထက်မှ အားယူထကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သူ၏ အနက်ရောင်လက်များမှ ယခင်ကထက် ပိုမိုပြင်းထန်သော နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းက လူသားများ၏ဝိညာဉ်ကို စုပ်ယူနိုင်စွမ်း ရှိသည့်အလား ဖြစ်သည်။
“မင်းတို့က ငါ့ကို စိတ်ပျက်သွားစေချင်တယ်ပေါ့ ၊ မဖြစ်နိုင်ဘူး ၊ မင်းတို့ပဲ အဲဒီအရာကို ခံစားကြစမ်း...”
တုန်းယန်က ကြုံးဝါးအော်ဟစ်ရန်း အန်လင်းနှင့် ရှဲ့လေးဆီသို့ တဟုန်ထိုးပြေးဝင်လာသည်။
အန်လင်းက မျက်ရည်များစီးကျနေရင်း...
“ဒီကိစ္စကို အမြန်အဆုံးသတ်ရမယ်”
ဟု ပြောလိုက်သည်။
ရှဲ့လေးကလည်း နီရဲသောမျက်ဝန်းများဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အန်လင်း၏လက် အလွန်အမင်း သွေးနီရောင်တောက်ပလာပြီး ကြောက်မက်ဖွယ်ရာ မီးလျှံစွမ်းအားတစ်ခု စုဝေးလာသည်။
သူ၏ညာဘက်လက်မောင်းမှ သွေးကြောများထင်ရှားလာပြီး သူတော်စင်မီးတောက်အဖြစ် ပြောင်းလဲသွားကာ ၊ တွင်းနက်ကြီးတစ်ခုထဲတွင် နေရောင်ခြည် ရုတ်တရက်ထွက်ပေါ်လာပြီး အထဲမှ အရာအားလုံး လင်းထိန်သွားသကဲ့သို့ ဖြစ်သည်။
မီးနတ်ဘုရားလက်သီး ၊ ပြင်းအားငါးဆ...။
အန်လင်းက တုန်းယန်အား လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
အန်လင်း၏တိုက်ခိုက်မှုက နေမင်းပမာဖြစ်ပြီး တုန်းယန်၏တိုက်ခိုက်မှုက အမှောင်ထုပမာ ဖြစ်သည်။
ဤသည်က အလင်းနှင့်အမှောင်ကြား ထိပ်တိုက်တွေ့မှုပင်။
“ဘုန်း...”
စွမ်းအားထိပ်တိုက်တွေ့မှုက သူတို့ပတ်ဝန်းကျင်လေထုကို တွန့်လိမ်သွားစေသည်။
စူးရှသောနေဝန်းထွက်ပေါ်လာပြီး အနက်ရောင်အမှောင်ထုက ၎င်းကိုရင်ဆိုင်ရန် ရှေ့သို့တိုးလာနေသည်။
တိုက်ပွဲအရှိန်အဟုန်ကြောင့် ပတ်ဝန်းကျင်တွင် လေပြင်းများ တဟုန်းဟုန်းတိုက်ခတ်လာကာ မြေပြင်ထက်မှ ဖုံမှုန့်များ လွင့်ပျံလာသည်။
အဝေးတစ်နေရာတွင်ရပ်နေသည့် တပိုင်သည်ပင် ကတိပြုအောင်ပွဲဒိုင်းကို အသုံးပြုထားသည့်တိုင် သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး ကီလိုမီအနည်းငယ် လွင့်စင်ထွက်သွားသည်။
“ဘယ်လောက်ကြောက်စရာကောင်းတဲ့ တိုက်ပွဲလဲ ၊ သူတို့က ဒီနေရာတစ်ခုလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာများလား”
မြေကြီးတုန်ခါစေသည်အထိ ပြင်းထန်လွန်းသောတိုက်ပွဲကို တပိုင်က အံ့အားသင့်စွာ ကြည့်ရှုနေသည်။
ထိပ်တိုက်တွေ့ဆုံခြင်း၏ စွမ်းအားပေါက်ကွဲမှုအလယ်...။
အန်လင်း၏တိုက်ခိုက်မှုက စွမ်းအားနှင့် အပူ သရုပ်သကန်ဖြစ်လေရာ အမှောင်ထုက စတင်ကွဲထွက်လာသည်။
တုန်းယန်၏ မည်းနက်လိမ်ယှက်နေသောလက်သီး အက်ကွဲပြီး အရည်ပျော်ကျလာသည်။
ကြောက်မက်ဖွယ်ရာစွမ်းအားက သူ၏လက်သီးကို အရည်ပျော်စေရုံဖြင့် ရပ်တန့်မသွားဘဲ လက်မောင်းတစ်ခုလုံးသို့ ပျံ့နှံ့ဖျက်ဆီးပစ်လိုက်သည်။
တုန်းယန် နာကျင်စွာအော်ဟစ်ရင်း ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
ထိုအချိန်…
သေးသွယ်သောပုံရိပ်တစ်ခု သူ့ထံသို့ လျှင်မြန်စွာ ရောက်ရှိလာပြီး အနက်ရောင်ဓားဖြင့် ထိုးစိုက်ချလိုက်သည်။
"စိတ်ဓာတ်ကျမှုကို ခံစားလိုက်စမ်း"
ရှဲ့လေးက ခပ်ဖျော့ဖျော့ပြုံးလိုက်သော်လည်း သူ့မျက်ဝန်းများက အေးစက်နေပြီး ရက်စက်သော အလင်းရောင်ဖြင့် တောက်ပနေသည်။
သူက တောင်များကို ဖြတ်တောက်ပြီး သမုဒ္ဒရာများကို ပိုင်းခြားနိုင်လောက်သော စွမ်းအားရှိသည့် ဓားချက်များဖြင့် တုန်းယန်ကို တိုက်ခိုက်လိုက်သည်။
တုန်းယန်မှာ အန်လင်း၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကိုခံနေရသဖြင့် ရှဲ့လေး၏ ဓားချက်များကို ထိုရောက်စွာ ခုခံနိုင်ခြင်း မရှိပေ။
ထို့ကြောင့် သူ့ခန္ဓာကိုယ်အနှံ့ ကြောက်စရာဓားဒဏ်ရာများ ချက်ချင်းဖြစ်ပေါ်လာသည်။ သူ့ကိုယ်ပေါ်တွင် သွေးများထွက်လာပြီး ဒဏ်ရာမရှိသောနေရာဟူ၍ မကျန်တော့ပေ။
“ဘုန်း...”
တုန်းယန်၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့လဲကျသွားပြီး နေရာတစ်ခုလုံး တုန်ခါသွားသည်။
သူ့ပုံစံက သားစရာပင်ကောင်းနေတော့သည်။
သူ၏ ကိုယ်တွင်းအင်္ဂါများကြေမွသွားကာ အသွေးအသားများလည်း ကြောက်စရာကောင်းအောင် တစ်စစီ ဖြစ်သွားခဲ့သည်။
သူ၏ အလွန်အမင်း ပြင်းထန်သော အသက်ဓာတ်စွမ်းအားကြောင့်သာမဟုတ်လျှင် ဤဒဏ်ရာများက ဟင်းလင်းပြင်သို့အပြန်အဆင့် ရှိသူကို ပျှမ်းမျှအားဖြင့် အကြိမ်ပေါင်းများစွာ သတ်ဖြတ်ပစ်ရန် လုံလောက်သည်။
“မင်း… မင်းတို့… စိတ်ဓာတ်ကျမှု… ခံစားရလား…”
တုန်းယန်က နောက်ဆုံးအချိန်ထိ လက်မလျော့ဘဲ တိုက်ခိုက်နည်းအဟောင်းများကို ပြန်လည်အသုံးပြုရန် ကြိုးစားနေသည်။
အန်လင်းနှင့် ရှဲ့လေးက သူ့ရှေ့သို့ အေးစက်သောအပြုံးများဖြင့် ရောက်လာကြသည်။
အန်လင်းက တက်ကြွစွာပြုံးလိုက်ပြီး...
“မင်း စိတ်ဓာတ်ကျနေတာကိုတော့ ငါ ခံစားမိတယ်”
“ငါက မသေနိုင်ဘူး ၊ ငါက အင်အားကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံး နတ်ဆိုးတစ်ပါးပဲ ၊ မင်းတို့ကို အဆုံးမရှိတဲ့ ထိတ်လန့်စရာတွေနဲ့ ပြန်သတ်ပြမယ် ၊ အဆုံးမရှိတဲ့ စိတ်ပျက်စရာတွေ မင်းတို့ကို စောင့်ကြိုနေလိမ့်မယ်”
တုန်းယန်၏ ရက်စက်မှုအပြည့်နှင့် မိစ္ဆာဆန်သောအသံက အန်လင်းနှင့် ရှဲ့လေး၏ နားထဲသို့ဝင်ရောက်လာသည်။
ထိုအချိန် အန်လင်းစိတ်ထဲ ကြောက်ရွံ့ထိတ်လန့်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
“ကြည့်ရတာ သက်ရောက်မှု လျော့သွားသလိုပဲ ၊ နောက်တစ်ကြိမ် ထပ်လုပ်ရမယ်ထင်တယ်”
အန်လင်းက သူ့ဘေးရှိ မိန်းမငယ်လေးကို ရုတ်တရက် စူးစိုက်ကြည့်လိုက်သည်။
" ဝါး…. "
ရှဲ့လေးက ဝမ်းနည်းစရာတစ်ခု ထပ်မံခံစားလိုက်ရသည့်ပမာ အော်ငိုတော့သည်။
“သေလိုက်... ရှင် နောက်တစ်ကြိမ်အားဖြည့်ဖို့လိုတာနဲ့ ဘာလို့ ကျွန်မကို ငိုအောင်လုပ်ရတာလဲ”
ရှဲ့လေး ရှက်လည်းရှက် ဒေါသလည်းထွက်သွားပြီး သူမ၏နတ်ဆိုးသုတ်သင်ဓားဖြင့် အန်လင်းကို တိုက်ခိုက်လိုက်သည်။
အန်လင်းက သူမ၏ဓားချက်ကို ရှောင်တိမ်းရင်း သူ့ကိုယ်သူ ထပ်မံငိုကြွေးစေရန် မီးငှက်ကြေးမုံမှန်ကို ဆွဲထုတ်လိုက်သည်။
" ဝါး!”
အန်လင်း မျက်ရည်များကျလာပြီး အော်ငိုတော့သည်။
“ငါက သေချာအောင် လုပ်ချင်ရုံပါ”
သူတို့နှစ်ယောက် ရန်ဖြစ်ရင်း ငိုကြွေးရင်း အလွန်ထူးခြားသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။
တပိုင်က သူတို့အနားသို့ချဉ်းကပ်လာပြီး မျက်ရည်များဖြင့် ဝမ်းနည်းစွာငိုကြွေးနေသူနှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်က တုန်းယန်အတွက် ဝမ်းနည်းနေကြတာလား... ဝုတ်”
တုန်းယန် “.......”
အန်လင်းနှင့် ရှဲ့လေး “.......”
အန်လင်းက တုန်းယန်ကို ငုံ့ကြည့်လိုက်သည်။
“အရင်ဆုံး အလုပ်ကိစ္စရှင်းလိုက်ရအောင်”
သူက ဆက်မေးလိုက်သည်။
“အမှောင်ထုပုတီးစေ့ ဘယ်မှာလဲ”
တုန်းယန် မောဟိုက်စွာ အသက်ရှူရင်း အေးစက်စွာ ရယ်မောလိုက်သည်။
“သေတော့မယ့်ကောင်တွေကို ဘာလို့ပြောပြရမှာလဲ ၊ မင်းတို့ စိတ်ဓာတ်ကျတာကို ခံစားလိုက်ကြစမ်း”
အန်လင်းနဖူးထက်မှ သွေးကြောများ ထောင်တက်လာသည်။
“ဒီအယုတ်တမာကောင်က အိပ်မက်ထဲမှာ စကားပြောနေတာလား”
ရှဲ့လေးက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် သူမ၏ဓားကို ကိုင်မြှောက်လိုက်သည်။
“အပိုတွေပြောမနေနဲ့တော့ ၊ ငါ သူ့ကို အဆုံးသတ်ပေးလိုက်မယ်”
ရှဲ့လေးက စကားမဆိုတော့ဘဲ သူမ၏ဓားကို ကိုင်မြှောက်လိုက်သည်။
ပြောပြီးသည်နှင့် သူမက ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းတစ်ခု ထုတ်ဖော်လိုက်သည်။
လက်ရှိအခြေအနေဖြင့် တုန်းယန်က သူမ၏ဓားချက်ကို ခုခံရန် မဖြစ်နိုင်ပေ။ ဓားအလင်းတန်းကျရောက်လာသည်နှင့် သူ သေဆုံးရမည် ဖြစ်၏။
သို့သော် ထိုအခိုက်အတန့်တွင်...
မထင်မှတ်ထားသော အနက်ရောင်ပုံရိပ်တစ်ခုက တုန်းယန်ရှေ့တွင်ပေါ်လာပြီး လက်ကိုပင့်မြှောက်လိုက်သည်။
ရှဲ့လေး၏ အဖျက်စွမ်းအားကြီးမားသော ဓားချက်က ချက်ချင်းပင် အစအနမရှိ ပျောက်ကွယ်သွားသည်။
တကယ်ပင် ပျောက်ကွယ်သွားသည်။
ထိုအရာက ဓားဆန္ဒဖြစ်စေ ဓားစွမ်းအင်ဖြစ်စေ အရာအားလုံး ရှိခြင်း မရှိခြင်းကြားတွင် ခလုတ်တစ်ခုနှိပ်လိုက်သည့်ပမာ ကမ္ဘာပေါ်တွင် မရှိခဲ့သလို လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အန်လင်းနှင့် ရှဲ့လေး၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားသည်။
“မင်းဘယ်သူလဲ”
အန်လင်းက အလေးအနက်ထားပြီးမေးမြန်းရင် အချိန်မရွေး ခုခံကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။
အနက်ရောင်ပုံရိပ်က မျက်လုံးများဖွင့်ကြည့်လိုက်ရာ ကြယ်စင်များပမာ တောက်ပသည့် မျက်ဝန်းတစ်စုံ ထွက်ပေါ်လာသည်။
“ငါက ညဘုရင် ၊ မကောင်းဆိုးဝါးချောက်နက်ရဲ့ ဧကရာဇ်ပဲ”
အန်လင်း မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း...
“ဖွီး... နောက်ထပ် ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ပြောတဲ့သူတစ်ယောက် ပေါ်လာပြန်ပြီ ၊ မင်းက တတိယမြောက်လူပဲ ၊ ကြည့်ရတာ ဒီနေရာမှာ လူတိုင်းက ထင်ယောင်ထင်မှား ဖြစ်နေတဲ့ပုံပဲ”
ရှဲ့လေးက နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး လှောင်ပြောင်သည့်အမူအရာဖြင့်...
“တစ်ခုဝယ် တစ်ခုလက်ဆောင်ရတာပဲ ၊ ကျွန်မ သူတို့နှစ်ယောက်လုံးကို ရှင်းပစ်လိုက်မယ်”
ညဘုရင် “.........”
ခဏမျှတိတ်ဆိတ်သွားပြီးမှ ညဘုရင်က ဆက်ပြောလိုက်သည်။
“ငါက တကယ်ပဲ မကောင်းဆိုးဝါးချောက်နက်ရဲ့ဘုရင်ပဲ”
သူ စကားပြောနေစဉ်မှာပင် အလွန်ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုရောင်ဝါက ရှေးကျပြီး အဆုံးမရှိသော ထာဝရည ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့်ပမာ ဖြစ်သည်။
အန်လင်းနှင့် ရှဲ့လေး၏ မျက်နှာအမူအရာများ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားသည်။
ထိုသို့သော ထူးခြားသည့်ရောင်ဝါကို သူတို့အနေဖြင့် ကျီဝေးနှင့် ကောင်းကင်အရှင်သခင်ထံတွင်သာ တွေ့ကြုံခံစားဖူးသည်။
ဤသည်က တာအိုပေါင်းစည်းခြင်းအဆင့် အလွန်တရာ စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်သည်။
အန်လင်းမျက်နှာထက် အပြုံးရိပ်များဖုံးလွှမ်းသွားပြီး သူက ပင့်သက်တစ်ချက်ရှိုက်ကာ အလွန်လေးစားသည့်အသံဖြင့် စကားဆိုလိုက်သည်။
“မကောင်းဆိုးဝါးချောက်နက်ရဲ့ ဧကရာဇ် ၊ စီနီယာ ညဘုရင်... ဘာလို့များ ဒီကိုရောက်လာပါသလဲ”
အန်လင်း၏ ရုတ်တရက်ပြောင်းလဲသွားသော မျက်ခွက်ကြောင့် ညဘုရင် အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ...
“တုန်းယန် သေလို့မဖြစ်ဘူး ၊ သူက ငါ့ရဲ့ အရေးကြီးတဲ့ အစမ်းသပ်ခံပစ္စည်းတစ်ခုပဲ”
" အစမ်းသပ်ခံလား “
အန်လင်း အံ့အားသင့်စွာဖြင့် ညဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။
စကြာဝဠာတာအိုစွမ်းအား ရရှိထားသော မကောင်းဆိုးဝါးနတ်ဆိုးတစ်ယောက်က အစမ်းသပ်ခံပစ္စည်းတဲ့လား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အန်လင်း တုံ့ဆိုင်းသွားသည်။
“ဒါပေမဲ့...”
“မင်းတို့ အမှောင်ပုတီးစေ့ကို လိုချင်နေတာမဟုတ်လား ၊ ငါပေးလို့ရတယ်”
ညဘုရင်က အန်လင်းစိတ်ကိုဖတ်မိသွားပြီး တုန်းယန်၏ကျောပြင်ထက် လက်ဖဝါးကိုတင်လိုက်ရာ ထူးဆန်းသော အမှောင်အလင်းတစ်ခု ဖြတ်သန်းသွားသည်။
ထို့နောက် ကြည်လင်သည့် အနက်ရောင်ပုတီးစေ့တစ်လုံး သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။
ညဘုရင်က ထိုပုတီးစေ့ကို အန်လင်းထံသို့ တစ်ချက်မဆိုင်းဘဲ ပစ်ပေးလိုက်သည်။
“ရော့... ယူလိုက်”
အန်လင်းက အမှောင်ပုတီးကို ဖမ်းယူလိုက်ပြီး ခဏတာ အံ့အားသင့်သွားသည်။
ဧကရာဇ်တစ်ပါးက ဤမျှလွယ်ကူစွာ လိုက်လျောပေးသည်တဲ့လား။
ထိုအချိန် သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
“ကျွန်တော် အမှောင်ပုတီးစေ့တွေလိုချင်နေတာကို ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ”