ရက်ရက်စက်စက် ဖွင့်ချခြင်း
Vol. 2 Ch. 21
"သူမကို နိုးအောင် လုပ်လိုက် "
ထန်ထျန်းက ဖန်းဖေးလို လူမျိုးနဲ့ မပတ်သတ် ချင်တာကြောင့် ကုရှောင်းရွှယ်ကို ပြောလိုက်သည်။
ကုရှောင်းရွှယ် ရှေ့တိုးသွားပြီး လက်ထဲမှာ ထူးဆန်းတဲ့ စွမ်းအင် တစ်ခုကို စုစည်းကာ ဖန်းဖေးရဲ့ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။
ခဏအကြာမှာ ဖန်းဖေးက "အင်း" လို့ ညည်းတွားလိုက်ပြီး သတိရလာသည်။
"ငါ... ဘာဖြစ်သွားတာလဲ"
"ခေါင်းက အရမ်းမူးလိုက်တာ..."
ဖန်းဖေးက မျက်လုံးတွေ ဝေဝါးနေပြီး အားနည်းနေပုံရသည်။
သူမက ကိုယ်ကို ထောက်ပြီး ထိုင်လိုက်ရာမှာ တမင်ဖြစ်စေ၊ မတော်တဆဖြစ်စေ ရင်ဘတ်က အဝတ်အစားက အနည်းငယ် ထပ်ကျသွားပြီး ဖွေးဥတဲ့ အသားအရည်ကို များစွာ ဖော်ပြနေသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ထန်ထျန်းက မေးသည်။
"ဒီမိန်းမလှလေးက ... ဒဏ်ရာရနေတာပါရှင့် "
"တချို့လူတွေ ပြောတာ ကြားဖူးတာက ဒီခရမ်းရောင်ဝါးတောက ဒဏ်ရာတွေကို ကုသနိုင်တယ်တဲ့။ ဒါကြောင့် လာစမ်းကြည့်တာ"
"ဒါပေမဲ့ လမ်းလျှောက်ရင်းနဲ့ ဘာကြောင့်မှန်းမသိ အစီအရင် တစ်ခုထဲ ရောက်သွားတယ်။ အဲဒီနောက်တော့... ကျွန်မ လည်း မသိတော့ဘူး"
ဖန်းဖေးက နဖူးကို ညင်သာစွာ ကိုင်ထားပြီး သနားစဖွယ် ပုံစံမျိုး လုပ်ပြနေ သည်။
ပြီးတော့ သူမရဲ့ အသံကလည်း လွန်ခဲ့တဲ့ရက်က ကျင်းယွီ ခန်းမမှာ ရှိခဲ့တဲ့ အသံနဲ့ လုံးဝ ကွဲပြားနေသည်။
အသံကို ညှစ်ထားရတာ မပင်ပန်းဘူးလား
သူမရဲ့ ပုံစံကို ကြည့်ပြီး ထန်ထျန်းက သူမရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားသည်။
ဒါက "ကိုယ့်ကိုယ်ကိုယ် လာပို့တဲ့" ကောင်းကင်ပြဇာတ်ကို ကိုယ်တိုင် ဖန်တီးနေတာလား
ဟုတ်တာပေါ့၊ ခရမ်းရောင်ဝါးခြံဝင်း အိမ်ကို ဝယ်နိုင်တဲ့သူက ငွေကြေးအင်အား အလွန်တရာ ချမ်းသာ နေမှာ သေချာတယ်လေ။ ငွေကြေးအင်အားကလည်း အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတတ်သည် ။ မိန်းကလေးတချို့ကတော့ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။
ဒါပေမဲ့ ဖန်းဖေး ရာ စသရုပ်မဆောင် ခင် ကြိုတင်ပြင်ဆင်မှုလေး နည်းနည်းတော့ လုပ်သင့်တယ် မဟုတ်ဘူးလား
ထန်ထျန်းက သူမနဲ့အတူ သရုပ်ဆောင်ဖို့ စိတ်မဝင်စားပေ။ အေးဆေးစွာ ပြောလိုက်သည်။ "ဖန်းဖေး၊ မင်း တကယ် ဘာကိုလိုချင်တာလဲ"
သူမရဲ့ နာမည်ကို ခေါ်လိုက်တာကြောင့် ဖန်းဖေး ချက်ချင်း ကြောင်သွားသည်။
ချက်ချင်းပင် သူမက ဒီအသံကို တစ်နေရာမှာ ကြားဖူးခဲ့သလို ခံစားလိုက်ရသည်။
သူမ စိတ်ထဲ တုန်လှုပ်သွားပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
ချက်ချင်းပင် နေရာမှာတင် ကြောင်အ သွားသည်။
"နင် လား"
"နင် ဘာလို့ ဒီမှာ ရှိနေတာလဲ"
ဖန်းဖေးက အလွန်အမင်း အံ့အားသင့်သွားပြီး အသံညှစ်ထားတာကိုတောင် မေ့သွားပြီး မူလအသံအတိုင်း ပြန်ဖြစ်သွားသည်။
ထန်ထျန်းက ရယ်မောရင်း "ဒီမေးခွန်းကို ငါ က မင်းကို ပြန်မေးသင့်တာ မဟုတ်ဘူးလား" ဟု ပြောသည်။
"မင်း ငါ့ ခြံဝင်းအပြင်မှာ ဘာလုပ်နေတာလဲ"
"ငါ မှတ်မိသလောက်တော့ သာမန်တပည့်တွေကို ခရမ်းရောင်ဝါးတောထဲ လွတ်လွတ်လပ်လပ် ဝင်ခွင့် မပြုထားဘူးနော်"
ဖန်းဖေးက အလွန်အံ့အားသင့်နေပြီး ခဏတာ သတိမကပ် နိုင်ဖြစ်နေပုံရသည်။
သူမ မျက်လုံးထဲမှာ မယုံကြည်နိုင်တဲ့ အကြည့်တွေ ပေါ်လာပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။ "ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"နင့်လို ပိုက်ဆံနည်းနည်းပဲ ချမ်းသာတဲ့ နံစော်နေတဲ့ အကောင် က ခရမ်းရောင်ဝါးခြံဝင်း အိမ်ကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ"
ထန်ထျန်းက ခပ်ထေ့ထေ့ အပြုံးနဲ့ ပြောသည်။ "ပထမဆုံးအနေနဲ့ ငါ ခရမ်းရောင်ဝါးခြံဝင်း အိမ်ကို ဝယ်ဝယ် မဝယ်ဝယ် မင်းနဲ့ ဘာမှမဆိုင်ဘူး"
"ဒုတိယအနေနဲ့ ငါက အပြင်စည်းတပည့် ဖြစ်နေပြီ၊ ပြီးတော့ ချင်းယွဲ့ဂိုဏ်းရဲ့ အဆင့်မြင့် ဂုဏ်ထူးဆောင် တပည့် "
"နောက်ဆုံးအနေနဲ့ အမြန်ထွက်သွားလိုက်။ မဟုတ်ရင် ငါ စည်းကမ်းထိန်းသိမ်းရေး ခန်းမကို အကြောင်းကြားလိုက်မယ်"
ဖန်းဖေးက တွေဝေနေသည်။ သူမက ထန်ထျန်းရဲ့ နောက်ခံအကြောင်း ကို ပြန်ပြော ချင်ခဲ့ပေမယ့် ထန်ထျန်း ဝတ်ထားတဲ့ ရွှေရောင်လိုင်းပါတဲ့ ခရမ်းရောင်ဝတ်ရုံကို သတိပြုမိသွားသည်။
မှန်တာပေါ့ အဲဒါ အဆင့်မြင့် ဂုဏ်ထူးဆောင် တပည့် ရဲ့ အမှတ်အသားပင်။ ချင်းယွဲ့ဂိုဏ်းမှာ ဘယ်သူမှ ဒီလို အဆင့်အတန်းကို ဟန်ဆောင်ရဲမှာ မဟုတ်ပေ။
ခဏတာအတွင်းမှာ သူမရဲ့ စိတ်ခံစားချက်က အလွန် ရှုပ်ထွေးသွားသည်။
သူမ အံအားသင့်သွားတာက သူမရဲ့ အမျိုးမျိုးသော အကြံအစည်တွေနဲ့ ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ပြီး စောင့်ဆိုင်းခဲ့ရသူက သူမ အမြဲတမ်း အထင်အသေးဆုံး ဖြစ်ခဲ့တဲ့ ထန်ထျန်း ဖြစ်နေခြင်းပင်။
"မင်း ကိုယ်တိုင် ထွက်သွားမလား၊ ဒါမှမဟုတ် ငါ လူခေါ်ပြီး မင်းကို အပြင် ပစ်ထုတ်ပေး ရမလား"
ထန်ထျန်းက သူမကို နောက်ဆုံး သတိပေးလိုက်သည်။
ဖန်းဖေး မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရုတ်တရက် အလွန် ဝမ်းနည်းတဲ့ ပုံစံမျိုးနဲ့ ရှိုက်ကြီးတငင်ငိုသံနဲ့ ပြောသည်။ "ထန်ထျန်း၊ သခင်လေးထန်၊ ရှင် တကယ် အထင်လွဲနေတာပါ။ တကယ်တော့ ကျွန်မ ရှင့်ကို အထင်သေးတာ မဟုတ် ပါဘူး"
"အားလုံးက လင်းယွဲ့ကြောင့်ပါ။ သူမကပဲ ကျွန်မရှေ့မှာ ရှင့်ကို အမြဲတမ်း အတင်းအဖျင်း ပြောနေခဲ့တာ။ ဒါကြောင့် ကျွန်မ ရှင့်ကို အထင်လွဲမိသွားတာပါ"
"ကျွန်မ တကယ် ဒဏ်ရာရနေတာပါ။ သွေးကြောတွေတောင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး။ ရှင် သနားစိတ်နဲ့ပဲ ဖြစ်ဖြစ်၊ ကျွန်မကို ဒီမှာ ခဏနားခွင့်ပေးပါနော် ။ ကျွန်မ ခြံထဲ မဝင်ပါဘူး"
"တကယ်လို့ ကျွန်မ ပြန်သွားရင် ကျွန်မရဲ့ အခြေအနေက အရမ်းဆိုးသွားမှာ သေချာတယ်"
ဖန်းဖေးရဲ့ အသံက ဝမ်းနည်းပူဆွေးနေပြီး မျက်ခုံးတွေမှာ ပူဆွေးမှုတွေ အပြည့်ပင်။
သူမရဲ့ ပစ်မှတ်က လောကဓံကို မသိသေးတဲ့ လူငယ်လေးတစ်ယောက်သာဆိုရင် အောင်မြင်သွားမှာ သေချာသည် ။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ထန်ထျန်းက အတွေ့အကြုံများတဲ့သူ ဖြစ်နေသည် ။
"ငါ အသက်သုံးရှိုက်စာ ပဲ အချိန်ပေးမယ်"
ထန်ထျန်းက အမြဲတမ်း အေးစက်နေသည်။
"သခင်လေးထန်၊ ကျွန်မ ပြောတာ နားထောင်ပါဦး"
ဖန်းဖေးက လက်မလျှော့ချင်သေးပေ ။ သူမက ရှေ့ကို တိုးဖို့ ကြိုးစားရာမှာ သူမရဲ့ လည်ပင်းက လှုပ်ရှားမှုနဲ့အတူ ပိုပြီး ဟ လာသည်။
ဒါပေမဲ့ တခြား ပုံရိပ်တစ်ခုက သူမရဲ့ ရှေ့မှာ ပိတ်ရပ်လိုက်သည်။
အဲဒါက ကုရှောင်းရွှယ်ပင်။
အခုချိန်မှာ သူမက တိတ်ဆိတ်ငြိမ်သက်နေပြီး အငွေ့အသက်က ပြင်းထန်ကာ ဖန်းဖေးကို အေးစက်စွာ စိုက်ကြည့်နေသည်။
သူမက အရည်အချင်းပြည့်မီတဲ့ သက်တော်စောင့်တစ်ဦးနဲ့ တူနေသည်။
"အသက်နှစ်ရှိုက် ပဲ ကျန်တယ် "
ထန်ထျန်းက တိုးတိုးလေး ပြောသည်။
ဖန်းဖေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ဆုံး ခုခံဖို့ ကြိုးစားနေပုံရသည်။
ဒါပေမဲ့ သူမက ကုရှောင်းရွှယ်ရဲ့ အတားအဆီးကို ဖောက်ထွက်လို့ မရနိုင်ခဲ့ပေ။
စိတ်ပျက်လက်ပျက်နဲ့ သူမက ခွင့်တောင်းလိုက်ပြီး ခရမ်းရောင်ဝါးတောကနေ ယိုင်တိုင်တိုင်နဲ့ ထွက်သွားလေ သည်။
သူမ ထွက်သွားပြီးနောက် ထန်ထျန်းက ခေါင်းခါလိုက်ပြီး အစီအရင် ကို ဖွင့်ကာ ခရမ်းရောင်ဝါးခြံဝင်း အိမ်ထဲသို့ ဝင်သွားသည်။
"ကျွန်မ ခုနက သက်တော်စောင့်စည်းမျဉ်းတွေ အတိုင်း တစ်ကြိမ် လုပ်လိုက်တယ်နော် "
"မဟုတ်ရင် ကျွန်မ ဘာမှမလုပ်ရဘဲ ဒီလောက်များတဲ့ လစာကို ရနေတာက နည်းနည်းတော့ မတရားသလို ခံစားနေရတယ် "
ပြန်ရောက် လာပြီးနောက် ကုရှောင်းရွှယ်က အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ရိုးသားစွာ ပြုံး ရင်း ပြောသည်။
ထန်ထျန်းက ရယ်မောရင်း "အဲဒါက အပေါ်ယံ တွေပါကွာ " ဟု ပြောသည်။
"မင်းသာ မရှိရင် မနေ့က ငါ နဲ့ ကျားမု့န်တို့ရဲ့ ပြဿနာက က ရှောင်လွှဲလို့ ရမှာ မရဘူး။"
"ချင်းယွဲ့ဂိုဏ်းထဲ လျှောက်သွားတာ၊ ကိစ္စ တွေ လုပ်ဆောင်တာတွေမှာ အနှောင့်အယှက်တွေက မရေမတွက်နိုင်အောင် များမှာ"
"မင်းရှိနေတဲ့အတွက် ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို ရှောင်ရှားနိုင်ခဲ့တာ"
ကုရှောင်းရွှယ်က နားမလည်စွာ မေးသည်။ "ဒါပေမဲ့ ကျွန်မ မြင်ဖူးတဲ့ ဂုဏ်ထူးဆောင် တပည့် တွေက တစ်ယောက်တည်းဆိုရင်တောင် သူတို့ကို စော်ကားရဲတဲ့သူ သိပ်မရှိဘူးလေ"
"သာမန်တပည့်တွေက သူတို့ကို အရမ်းကြောက်ရတယ်"
ထန်ထျန်းက ခေါင်းခါကာ "သူတို့က ဒီအဝတ်အစားကိုပဲ ကြောက်တာ"
"ဒီခရမ်းရောင်ဝတ်ရုံရဲ့ နောက်ကွယ်မှာ လုံလောက်တဲ့ ငွေကြေးအင်အားနဲ့ မသိနိုင်တဲ့ နောက်ခံကို ကိုယ်စားပြုတယ်"
"ဒါပေမဲ့ ကိုယ့်ခွန်အားက အရမ်း အားနည်းနေရင်တော့ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ တစ်စုံတစ်ယောက်က ရှေ့တိုးပြီး အမှန်တရားကို စုံစမ်းဖို့ ကြိုးစားလာမှာပဲ"
"ဒါက မရေမတွက်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်"
ကုရှောင်းရွှယ်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။
ထို့နောက် သူမက ထပ်ပြောသည်။ "ခုနက မိန်းကလေး က ဟန်ဆောင်နေတာပဲ"
"ဒီလို ပုံစံမျိုးက ကြည့်လိုက်တာနဲ့ ဟန်ဆောင်ထားမှန်း သိသာတယ်။"
"ဒီလို ထောင်ချောက်မျိုးကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ထင်တယ်နော်"
ထန်ထျန်းက နှာခေါင်းကို ပွတ်သပ်လိုက်သည်။
တကယ်တော့ သူက ဖန်းဖေးရဲ့ သရုပ်ဆောင်မှုက အတော်လေး ကျွမ်းကျင်တယ်လို့ ခံစားရသည်။ တကယ်လို့ သူမသာ သူစိမ်း မိန်းကလေး တစ်ဦးဖြစ်ပြီး သူမ သွေးကြောဖုံးကွယ်ဆေးလုံး သောက်ထားတာကို မသိဘူးဆိုရင် အကူအညီ မပေးရင်တောင် သူ့ရဲ့ သဘောထားက ခုနကလောက် ဆိုးမှာ မဟုတ်ပေ ...
တကယ်ပဲ မိန်းကလေး တွေက မိန်းကလေး တွေကို အကောင်းဆုံး နားလည်တာလား
"မင်း ပြောတာ မှန်တယ်၊ သရုပ်ဆောင်တာ အရမ်းညံ့တယ်"
ထန်ထျန်းက သဘောတူလိုက်သည်။
"သူမက ရှင်နဲ့ နီးစပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာက အကျိုးအမြတ် ရဖို့ပဲ ဖြစ်ရမယ်"
"ရိုးရိုစသားသား ကပ် လို့ မရဘူးလား၊ တကယ်ကိုပဲနော် "
ကုရှောင်းရွှယ်က ပြောသည်။
ဖန်းဖေးရဲ့ ခုနက လုပ်ရပ်ကို သူမက လုံးဝ မကြိုက်တာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထန်ထျန်းက "လူတိုင်းမှာ ကိုယ့်ဘဝရှင်သန်မှု ပုံစံကိုယ်စီ ရှိကြတာပဲ ငါ ကတော့ ဒီလိုကိစ္စတွေကို ဘာမှတ်ချက်မှ မပေး ဘူး" ဟု ပြောသည်။
"သူမအကြောင်း မပြောတော့ဘူး၊ ကောင်းကောင်း အနားယူပါ။ မနက်ဖြန် တာအိုဘုရားကျောင်း ကို ထပ်သွားပြီး ကျင့်ကြံကြမယ်"
ပြောပြီးနောက် နှစ်ဦးသား ကိုယ့်အခန်းကိုယ် ပြန်သွားကြသည်။
.......
လမင်းကြီးက ကောင်းကင်မှာ မြင့်မားစွာ တည်ရှိနေသည်။
မိန်းကလေး တစ်ဦးက တောအုပ်ထဲတွင် ဒူးထောက်ထိုင်နေပြီး သူမရဲ့ အော်ရာ က ဆက်တိုက် ပြောင်းလဲနေသည်။
သူမက ဖန်းဖေးပင်။
ခဏအကြာတွင် သူမ မျက်လုံးဖွင့်လိုက်ရာ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။
"သေချင်းဆိုး ထန်ထျန်း"
သူမ မျက်လုံးထဲမှာ ဒေါသတွေ ပေါ်လာသည်။
"ပိုက်ဆံရှိတော့ရော ဘာဖြစ်လဲ၊ နင်က ချီသန့်စင်ခြင်း အဆင့်က အဆင့်နိမ့်အစေခံ ပဲ"
"ငါ နင့်ကို မကိုင်တွယ်နိုင် ရင်တောင် တခြားသူတွေကရော နင့်ကို မကိုင်တွယ် နိုင်တော့ ဘူးလား"
"နှစ်ကြိမ်တောင် ငါ့ကို အရှက်ခွဲရဲတယ်ပေါ့ ၊ နင် ပြန်ပေးဆပ်စေရမယ် "
ဖန်းဖေးက အဝေးကို အေးစက်စွာ ကြည့်နေပြီး အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။
"နောက်ပြီးတော့ လင်းယွဲ့"
"နင့်ကြောင့် ငါ ထန်ထျန်းနဲ့ ရန်ငြိုးဖွဲ့ခဲ့ရတာ"
"သေချင်းဆိုးမ၊ နံစော်နေတဲ့ အစေခံ၊ နင်တို့ စောင့်နေကြ"