← Chapters

ပျက်ပြယ်ခြင်းကြယ်စင် အပိုင်းပေါ်သို့ ခလုပ်တိုက်ရောက်လာခြင်း

Vol. 38 Ch. 523

ပျက်ပြယ်ခြင်းကြယ်စင် အပိုင်းပေါ်သို့ ခလုပ်တိုက်ရောက်လာခြင်း

Vol. 38 Ch. 523

မြင့်မြတ်သစ်သီး အခိုးခံလိုက်ရတယ်...။

ကြယ်တာရာသားရဲ များစွာက ချစ်ခြင်းမေတ္တာသစ်ပင်ပေါ်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြရာ ချစ်ခြင်းမေတ္တာသစ်သီးက အမှန်တကယ်ပင် ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရ၏။

ကြယ်တာရာ သားရဲများအားလုံးက လုံးဝ ကြောင်အနေကြလေ၏။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် မည်သူက မြင့်မြတ်သစ်သီးကို ခိုးယူနိုင်ပါသနည်း။

“မြန်မြန် သူခိုးတွေကို လိုက်ကြဟေ့...” မျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်၏။

ကြယ်တာရာသားရဲများ အားလုံးက မျိုးနွယ်စု ခေါင်းဆောင်ကို အမူအရာမဲ့ လှည့်ကြည့်လိုက်ကြ၏။ သူတို့က သခိုးတွေကို ဘယ်နာမှာလဲဆိုတာ မသိပဲနဲ့ ဘယ်လိုလုပ်ပြီး လိုက်လို့ရမှာလဲ။

“ဒီလောက်အချိန်တိုလေးအတွင်းမှ သူတို့က ဝေးဝေးတော့ မရောက်လောက်သေးဘူး။ ငါတို့က ပတ်ဝန်းကျင်ကို သေချာလေး ရှာလိုက်ရင် သူတို့ကို သေချာပေါက်ကို ဖမ်းနိုင်မှာ။” မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်လေ၏။

ထိုသည်ကို ကြားပြီးနောက် ကြယ်တာရာသားရဲများအားလုံး၏ မျက်လုံးများက အရောင်တောင်သွားလေ၏။ အကြံကောင်းပဲ...။

သို့ဖြစ်၍ အလင်းတန်းပေါင်းများစွာက ဧရာမ ကြယ်အစုအဝေးတောင်ထိပ်မှ နေရာပေါင်းစုံဆီသို့ ပျံသန်းသွားကြကာ ရွှေရောင် လမ်းကြောင်းများ ချန်ရစ်ထားခဲ့လေတော့သည်။

တောင်ထိပ်မှာ အကြာခင်ပင် ဗလာကျင်းသွားလေ၏။

သူတို့က မတွေးခဲ့မိသည်မှာ သူတို့ရှာဖွေနေသော တရားခံများက တောင်ထိပ်တွင်သာ ရှိနေသေးသည်ဖြစ်သည်ကိုပင်...။

အန်လင်းက သစ်ပင်ကိုလည်း ခိုယူသင့်သလားဆိုသည်ကို တွေးတော့နေဟန်ဖြင့် သူ့ရှေ့မှ ချစ်ခြင်းမေတ္တာ သစ်ပင်ကို အလေးအနက် တန်ဖိုးဖြတ်လိုက်လေ၏။

ဥတွေကို ခိုးတာက ဘာမှမဟုတ်သေးဘူး။ ကြက်မကို ခိုးယူတာကမှ ပိုပြီး အထင်ကြီးစရာကောင်းတာ...။

သို့သော် သူက အနည်းငယ် တွေးတောပြီးနောက် ထိုအကြံကို စွန့်လွတ်ရန် ဆုံးဖြတ်လိုက်ရလေ၏။ ချစ်ခြင်းမေတ္တာ သစ်ပင်မှာ ရှင်သန်ရန်အတွက် ကြယ်အများကြီး လိုအပ်ပုံရပေ၏။ သို့ဖြစ်၍ ထိုသည်ကို ထိုက်ချူး ကုန်းမြေကြီးပေါ်တွင် စိုက်ရန် ကြိုးစားပါက သေဆုံးနိုင်ရန် အခွင့်အရေးများပေ၏။ ထိုသို့ဖြင့် သူက ထိုသည်ကို ထိုသနားစရာ ကြယ်တာရာသားရဲများအတွက် ချန်ထားခဲ့သင့်ပေ၏...။

“သခင်၊ သခင်၊ ငါ့ကို အဲ့ အရမ်း တောက်ပတဲ့ ကြယ်ဝတုတ်ဆီကို ခေါ်သွားပေးပါ။” ရွှယ်ကျန်းထျန်က စိတ်လှုပ်ရှားစွာ အော်လိုက်လေ၏။

အန်လင်းက ရွှယ်ကျန်းထျန်က အဘယ်ကြောင့် ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို ပြုလုပ်သည်ကို အမှန်တကယ် မသိသော်လည်း လိုက်လျောလိုက်လေ၏။

ဖြန်း...

ကြယ်တာရာသားရဲ၏ မျက်နှာပေါ်သို့ ကျယ်လောင်သောရိုက်သံတစ်ခုက ထွက်ပေါ်လာလေ၏။

“ဟားဟား...။ ကျေနပ်ဖို့ ကောင်းလိုက်တာ။” ရွှယ်ကျန်းထျန်က ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။

အန်လင်း : “...”

မျိုးနွယ်စု ခေါင်းဆောင် : “...”

“တောင်အကာအကွယ် ဖွဲ့စည်းခြင်း အသက်ဝင်စေ...” မျိုးနွယ်စုခေါင်းဆောင်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်လေ၏။

ဘုန်း...

အပြာရောင် အလင်းပြားတစ်ခုမှ တောင်မှ မြင့်တက်လာပြီး တောင်ပတ်လည်မှ နေရာလပ်တစ်ခုလုံးကို လွတ်လမ်းမရှိချန်ရစ်ထားခဲ့လေ၏။

“ထွက်လာစမ်း။ ကိုယ်ပျောက် သူခိုး...” မျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်လေ၏။

ချစ်ခြင်းမေတ္တာသစ်ပင် ပတ်လည်တွင် နေရာယူထားကြသော ကြယ်တာရာ သားရဲတစ်ချို့က  ထိုသည်ကို ကြားပြီးနောက် အံ့ဩသွားကြလေ၏။ သူတို့ထဲမှ တစ်ချို့မှာ သူတို့ပတ်လည်အား မမြင်ရပဲ တိုက်ခိုက်မှုများ ပို့လွတ်နေကာ တခြားသူများကမူ ခြေရာခံ မန္တန်နည်းစနစ်များကို ထုတ်လွှတ်နေကြပေ၏။

ရွှယ်ကျန်းထျန် : “သခင်၊ ငါဘယ်လောက် စိတ်မကောင်းဖြစ်နေလဲဆိုတာကို စကားတွေနဲ့ ဖော်ပြလို့မရတော့ပါဘူး။”

ရွှယ်ကျန်းထျန်က အန်လင်း သူ့အား ဆူငေါက်ရန် အခွင့်အရေး မရခင်မှာပင် အနူးအညွတ်တောင်းပန်လိုက်ရာ သူက ဒေါသတကြီး ဆူပူရန် ခက်ခဲသွားလေ၏။

သူက အတားအဆီး မန္တန်ဖွဲ့စည်းခြင်းဆီသို့ ကြည့်လိုက်ပြီး သူ့မျက်လုံးများက အဖြူရောင် ပြောင်းသွားလေတော့သည်။

အံ့ဖွယ် စစ်မေးခြင်း နည်းစနစ်...။

လေထုထဲသို့ အနီရောင်အလင်းတစ်ခုက ထိုးဖောက်သွားကာ မန္တန်ဖွဲ့စည်းခြင်း၏ အားနည်းသော နေရာအား ဝင်တိုက်ကာ အပေါက်ကြီးတစ်ခု ဖန်တီးလိုက်လေ၏။

အန်လင်းက ဧရာမကြယ်အစုအဝေးတောင်မှ လွတ်မြောက်ရန် ထိုအပေါက်သို့ တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။

“သွားကြ။ အဲ့အတိုင်း လိုက်ကြစမ်း။” မျိုးနွယ်စုခေါင်းဆောင်က ချက်ချင်း အော်ဟစ်လိုက်လေ၏။

အစွမ်းထက် ရွှေရောင် အလင်းတန်းများက မန္တန်ဖွဲ့စည်းခြင်းထဲရှိ အပေါက်ဆီသို့ လင်းလက်သွားကြလေ၏။

သို့သော် ကိုယ်ပျောက်ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ တိုက်ခိုက်မှုများအားလုံးက အရာရာထက် မျှော်လင့်ချက်ဖြင့်သာ ပစ်လွှတ်ရလေ၏။ သူတို့က အန်လင်းကို ထိနိုင်သော အခွင့်အရေးမှာ ထီပေါက်နိုင်သည်ထက်ပင် နည်းပါးနိုင်ပေ၏။

အန်လင်းနှင့် ရွှယ်ကျန်းထျန်တို့က တဖြည်းဖြည်း ဧရာမကြယ်အစုအဝေးတောင်မှ အဝေးသို့ ပျံသန်းလာပြီး သူက ဒေါသတကြီး ဖြစ်နေကြသော်လည်း စိတ်ရှုပ်ထွေးနေကြသော ကြယ်များကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်လေတော့သည်။

သူက ဧကရာဇ် ဇစ်ဝေးပေးအပ်သော မစ်ရှင်ကို ပြီးမြောက်သွားပြီဖြစ်၍ သူလုပ်ရန် ကျန်သည်မှာ စနစ်၏ မစ်ရှင်ကို ပြီးမြောက်ရန်သာ ဖြစ်ပေ၏။ မစ်ရှင်ကျရှုံးပါက နှစ်တစ်ရာကြာအောင် မိန်းစစိုးဖြစ်လာစေမည်ဖြစ်ကာ ထိုသည်က သူရွေးချယ်ရန် လုံးဝပင် ငြင်းဆန်မည့်အရာ ဖြစ်ပေ၏။

သူက လှည့်ပတ်ကြည့်လိုက်ရာ သူ့ပတ်လည်တွင် မရေမတွက်နိုင်သော အနက်ရောင်တောင်တန်းများကိုသာ တွေ့ရပြီး ဦးတည်ချက်လုံးဝပင် ပျောက်ဆုံးနေလေ၏။ ဤသည်မှာ မြေပုံပြင်ပမှ ဒေသတစ်ခုဖြစ်ကာ အရာရာမှာ တစ်ထပ်တည်း တူနေ၍ သူက မည်သည့် ကိုးကားချက်မှလည်း မရှိတော့ပါချေ...။

ကြယ်တာရာသားရဲများမှလွှဲ၍ ဤနေရာတွင် မည်သည့်သတ္တဝါမျှပင် သူက မမြင်ရပါချေ။

သူက ဧရာမ ကြယ်အစုအဝေးတောင်ရဲ့ ဆန်းကြယ်နယ်မြေတစ်ခုခုကို နေရာကူးပြောင်း ပို့ဆောင်ခြင်းခံလိုက်ရသည်လား။

၁၅၀၀ ကီလိုမီတာခန့် ဦးတည်ချက်မဲ့ ပျံသန်းပြီးနောက် နောက်ဆုံးတွင် သူက တောင်တန်းများက ထွက်လာနိုင်ပြီး မြက်ခြင်းပြင်များနှင့် မြေပြန့်ဆီသို့ ရောက်လာခဲ့လေ၏။

မြင်ပင်များ အားလုံးမှာ ခရမ်းရင့်ရောင် ရှိပြီး မျက်စိတစ်ဆုံး မြက်ပင်များရှိနေပြီး ခရမ်းရောင် ကောင်းကင်နှင့် ရောစပ်သွားလေ၏။

“ဒီမှာ ကြယ်တွေက အရမ်းတောက်ပတာပဲ။ အဲ့ကြယ်တွေရဲ့ အလင်းတစ်ခုတည်းကနေ မြက်တွေကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။” အန်လင်းက ကျယ်ပြန့်လှသော မြက်ခင်းပြင်ကြီးကို ကြည့်ကာ ဆိုလိုက်လေ၏။

“မြက်တွေက အစိမ်းရောင် မဟုတ်လို့ ကြည့်လို့မကောင်းဘူး။” ရွှယ်ကျန်းထျနိက ငြီးတွားလိုက်လေ၏။

“သခင်၊ ငါတို့ ဒီကနေ ထွက်သွားသင့်တယ်။ ဒီ ခရမ်းရောင် မြက်တွေက စိတ်ဝင်စားစရာ မကောင်းပါဘူး။ သဘာပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ အစိမ်းရောင် မြက်တွေကပဲ ကြည့်ပျော်ရှုပျော် ရှိတာ။” ရွှယ်ကျန်းထျန်က အကြံပြုလိုက်၏။

အန်လင်းက သူ့မျက်လုံးများကို လှန်လိုက်၏။ “မင်းက မြက်အစိမ်းတွေကြိုက်တာနဲ့ပဲ ငါလဲ အဲ့လိုပဲလို့ မဆိုလိုဘူးလေ။ ပေါက်ကရတွေ ဆက်ပြောနေရင် ငါမင်းကို ရိုက်မိတော့မယ်။”

ရွှယ်ကျန်းထျန်သည် အန်လင်း၏ ရှင်းမပြနိုင်သည့် ဒေါသပေါက်ကွဲသံတွင် တွန့်ဆုတ်သွားလေ၏။

ဦးတည်ချက်တစ်ခုသို့ လှည့်မလာမီ သူ့နားရွက်များက အနည်းငယ် လှုပ်ယမ်းသွားလေ၏။ “သခင်၊ ဟိုနားမှာ သက်ရှိစွမ်းအင်အတက်အကျတွေ ရှိနေပုံပဲ။ အဲ့မှာ တစ်ယောက် ယောက်က ရန်ဖြစ်ပုံပဲ။”

ထိုသည်ကိုကြားလိုက်သည်နှင့် အန်လင်း၏ မျက်လုံးများက ချက်ချင်းတောက်ပလာပြီး ရွှယ်ကျန်းထျန် ညွှန်ပြသည့် ဦးတည်ရာဆီသို့ ချက်ချင်း ပြေးသွားလေသည်။

မည်သူက တိုက်ခိုက်နေသည် ဆိုခြင်းမှာ အရေးမကြီးပါပေ။ ထို ကြယ်တာရာ သားရဲများမှလွဲ၍ တခြားသော ဉာဏ်ရည်မြင့် သက်ရှိများ၏ လက္ခဏာ မည်သည်မဆိုသည် ကောင်းမွန်သောအရာဖြစ်ပေ၏။

သူတို့က ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ၊ အနည်းဆုံးတော့ အန်လင်းမှာ တစ်ယောက်တည်း မဟုတ်ပဲ စကားပြော်ဖော် ရှိလာပြီ ဖြစ်၏။

သူက တိုက်ပွဲဖြစ်ပွားရာသို့ ပိုပိုပြီး နီးကပ်သွားသောအခါ လေထဲရှိ စွမ်းအင်အတက်အကျများက ပိုပိုပြီး အစွမ်းထက်လာပေ၏။

တိုက်ပွဲ၏ စွမ်းအင်က သူ့ထက်ပင် ပိုပြီး အစွမ်းထက်နေသည်ကို ထောက်လှမ်းမိ​ေူာအခါ အန်လင်းက အံ့ဩသွားလေ၏။ ရှေးဟောင်း အံ့ဖွယ်အပိုင်းတွင် ဤကဲ့သို့ အစွမ်းထက် သတ္တဝါများက မည်သို့ ရှိနေကြသနည်း။

ဆယ်ကီလိုမီတာ ထက်နည်းသည့် အကွာအဝေးတွင် ကြောက်မက်ဖွယ် တိုက်ပွဲများ အတွဲလိုက် ဖြစ်ပွားနေပြီး ကမ္ဘာမြေအက်ကွဲစေနိုင်သည့် ပေါက်ကွဲသံများနှင့် ရောနှောနေကာ ခြေထောက်အောက်မှ မြေကြီးကို တုန်ခါ လှုပ်ယမ်း နေစေတော့ပေသည်။

ထိုးထွက်လာသည့် မီးတောက်ပင်လယ်ကို မြင်သောအခါ အန်လင်း၏ မျက်လုံးများက ပြူးကျယ်သွားလေ၏။ မီးတောက် ပင်လယ်မှာ အချင်းဝက် ငါးကီလိုမီတာအတွင်းရှိ ဒေသကို ချက်ချင်းပင် လွှမ်းခြုံပစ်လိုက်ပြီး ညကောင်းကင်ယံတစ်ခုလုံးကို အလင်းပေးနေပေ၏။

အတော်ကို ကြောက်စရာကောင်းတဲ့ အော်ရာပဲ...။

အန်လင်းက မီးတောက်ပင်လယ်၏ အဆုံးသို့ တိုးဝင်သွားလိုက်ရာ တစ်ကိုယ်လုံးပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေသော ကြက်သွေးရောင် ငှက်တစ်ကောင်ကို တွေ့လိုက်လေ၏။

ငှက်မှာ အရွယ်အစား ပေတစ်ထောင်ကျော် ရှိပြီး သူ့၏ ကြက်သွေးရောင် ငှက်မွေးများက ရွှေရောင်မီးတောက်များဖြင့် ဖုံးအုပ်ထားပြီး လိမ်ကွေးနေသော အနီရောင် ငှက်အရိုးစုတစ်ခု၏ ပုံရိပ်ကို ဖော်ပြရန်အတွက် တောင်ပံခတ်လိုက်လေ၏။

ထိုကြက်သွေးရောင်ငှက်နှင့် သိပ်မဝေးသော လေထုထဲတွင် အနက်ရောင် တောင်ပံတစ်စုံ၊ ကြေးညိုရောင်အသားအရေနှင့် အမျိုးသားတစ်ဦးက ရပ်နေလေ၏။

သူက လက်ထဲတွင် ဓားမော့ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကြက်သွေးရောင် ငှက်ကို ခုတ်ပိုင်းလိုက်ကာ သူ့ရှေ့မှ နေရာလပ်ကို ကွဲအက်သွားစေပြီး အလျား ကီလိုမီတာများစွာရှိသည့် အနက်ရောင် ဓားမော့အလင်းတန်းကြီးက မြေပြင်ကို ချက်ချင်းပင် စုတ်ဖြဲ ပစ်လိုက်လေ၏။

ကြက်သွေးရောင်ငှက်က ခွန်အားကြီး ဓားမော့အလင်းတန်းကို မော့ကြည့်ကာ စူးရှရှမြည်ကြွေးသံတစ်ခုကို ထုတ်လိုက်လေ၏။ ထူးဆန်းသော လှိုင်းငယ်လေးများက သူ့အမြှီးပေါ်မှ ပုံရိပ်ဆီမှ ထွက်လာပြီး အနက်ရောင်ဓားအလင်းတန်းကို ပုံပျက်သွားစေလေ၏။

ဘုန်း...

ဓားအလင်းတန်းက ကြက်သွေးရောင်ငှက်ကို ကျော်လွန်ကာ ​အောက်ဘက်မြေပြင်တွင် ဧရာမ တွင်းကြီးတစ်ခု ချစ်ရစ်ထားခဲ့လေ၏။

အန်လင်းက သူ့ရှေ့တွင် ဖြစ်ပွားနေသော ကမ္ဘာမြေ အက်ကွဲစေလောက်သည့် တိုက်ပွဲကို အမူအရာမဲ ငေးကြည့်နေကာ အသက်ပင် မရှုဝံ့ပါချေ။

ဤကဲ့သို့ ပြင်းထန်မှုနှင့် တိုက်ပွဲတစ်ခု...။ ထိုသည်က ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်နှစ်ဦးကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်သည်မှာ ရှင်းလင်းပေ၏။

စောက်ကျိုးနည်း...။ ရှေးဟောင်း အံ့ဖွယ်အပိုင်းမှာ ဘယ်လိုလုပ်ပြီး ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေ ရှိနေရတာလဲ။

မဟုတ်ဘူး...။

အတွေးတစ်ခု ပေါ်လာသောအခါ အန်လင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။

ပျက်ပြယ်ခြင်းအဆင့် တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူနှင့် ကြက်သွေးရောင် ငှက်တစ်ကောင်၊ ကြယ်စုံသော ညကောင်းကင်ယံ...

သူက ရှေးဟောင်း ထိုက်ချူနယ်မြေ၏ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းသို့ ခလုပ်တိုက်ပြီး ရောက်လာသည်လား။

ကြည့်ရသည်မှာ ထိုသည်ကပင် တစ်ခုတည်းသော ယုတ္တိရှိသည့် ရှင်းလင်းချက် ဖြစ်ပုံရပေ၏...။

ဤနေရာ၍ ကြယ်စွမ်းအင်က အလွန်အစွမ်းထက်နေသည်မှာ အံ့ဩဖွယ် မရှိတော့ပါပေ။ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများ ရှိနေသည်မှာ အံ့ဩဖွယ်မရှိတော့ပါချေ။ သူက တစ်နည်းအားဖြင့် ပျက်ပြယ်ခြင်းအဆင့် စစ်မြေပြင်ဟု သိကြသော ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းသို့ ရောက်လာခဲ့ခြင်းပင်။

---------------

All Chapters