← Chapters

စစ်နတ်ဘုရား၏ ခန္ဓာကိုယ်

Vol. 38 Ch. 525

စစ်နတ်ဘုရား၏ ခန္ဓာကိုယ်

Vol. 38 Ch. 525

အန်လင်းက ရွှယ်ကျန်းထျန်နှင့်အတူ ဆက်လက်ပျံသန်းလိုက်လေ၏။ သူတို့ ကြုံတွေ့ခဲ့သော တိုက်ပွဲမျိုးက တခြားသော အစွမ်းထက်ဖြစ်တည်မှုများကို ဖြစ်ပွားရာနေရာသို့ ဆွဲဆောင်နိုင်၍ သူတို့က မြန်နိုင်သမျှ မြန်မြန် ထွက်လာရပေမည် ဖြစ်၏။

အန်လင်းက ကီလိုမီတာအနည်းငယ် ဦးတည်ရာမဲ့ ပျံသန်းလာပြီးနောက်ဆုံးတွင် တောင်ငယ်လေးတစ်ခုကို တွေ့လိုက်လေ၏။ မန္တန်နည်းစနစ်တစ်ခုဖြင့် သူက တောင်ငယ်လေးတွင် အပေါက်တစ်ပေါက်ဖောက်လိုက်ပြီး ခိုလှုံလိုက်လေ၏။

“ဟင်... အခုက ငါ့ရဲ့ စစ်ပွဲက အကျိုးအမြတ်တွေကို စစ်ဆေးဖို့အချိန်ပဲ။” အန်လင်းက ပြုံးရွှင်စွာ ရေရွတ်လိုက်လေ၏။

အန်လင်းမှာ တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူကို အလွန်ကျေးဇူးတင်နေပေ၏။ မည်သို့ဆိုဆို သူက ဒဏ်ရာအပြင်းအထန် ရသည်အထိ ကြက်သွေးရောင်ငှက်ကို သုတ်သင်လိုက်ပြီးနောက် အကျိုးကျေးဇူးများကို အန်လင်းဆီသို့ ချန်ထားခဲ့လေ၏...။ တကယ့်ကို လူကောင်းတစ်ယောက်ပဲ။

အဲ့တောင်ပံနက်မျိုးနွယ် ကျင့်ကြံသူက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။

အန်လင်းက သူ့၏ ပူပူနွေးနွေးရရှိထားသော အကျိုးအမြတ်များကို ထုတ်လိုက်ကာ မြူနှင်းနတ်မိမယ်တစ်ဦး၏ သိုလှောင်လက်စွပ်၊ နဂါးမျိုးနွယ်၏ သိုလှောင်လက်စွပ်နှစ်ခုနှင့် ကြက်သွေးရောင်ငှက်၏ အကွာအဝေးသိုလှောင်ပစ္စည်းတစ်ခုတို့ ပါဝင်လေ၏။

ထုံးစံအတိုင်းပင် သူက တန်ဖိုးအနည်းဆုံး ဖြစ်ပုံရသော မြူနှင်းနတ်မိမယ်၏ သိုလှောင်လက်စွပ်ဖြင့် စတင်လိုက်လေ၏။

ရလာဒ်မှာ... သူအော်ပင် ဆဲရေလိုက်ချင်၏။ ငလူး... စိတ်ဝိညာဉ် ကျောက်တုံး ၁၂၀၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ် လက်နက် ၂ခု၊ စိတ်ဝိညာဉ် သစ်သီး ၁လုံးနှင့် တခြားပေါက်ကရများစွာသာ ရှိလေ၏...။ နယ်မြေအဆီအနှစ်သလင်းကျောက် တစ်ခုပင် မရှိပါချေ။

မွဲလိုက်တာ...။

ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် မြူနှင်းနတ်မိမယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး အရမ်းကို ဆင်းရဲနေရတာလဲ။

စိ်တ်ဝိညာဉ် သစ်သီးမှာ အဆင့်၄ ရေခဲအမျိုးအစား စိတ်ဝိညာဉ် သစ်သီးဖြစ်ပေ၏။ အန်လင်းက ထိုသည်ကို အတန်ကြာတွေးတောလိုက်ပြီး ရွှယ်ကျန်းထျန်ကို ကျွေးလိုက်လေ၏။

ထို့နောက် သူက နဂါးမျိုးနွယ်လက်စွပ်နှစ်ခုကို သန့်စင်လိုက်ရာ အလွန်အံ့ဩသွားရလေ၏။

စုစုပေါင်း စိတ်ဝိညာဉ် ကျောက်တုံး ၁၂သိန်း၊ စိတ်ဝိညာဉ် လက်နက် ၁၅ခု၊ စိတ်ဝိညာဉ် သစ်သီး အလုံး၂၀၊ အဆင့်၇ အင်မော်တယ်သစ်သီး ၂လုံး၊ ရွှေရောင် နယ်မြေအဆီအနှစ် ၁ခု၊ အနီရောင်နယ်မြေအဆီအနှစ် ၁ခု၊ အစိမ်းရောင် နယ်မြေအဆီအနှစ် ၁၀ခုနှင့် အပြာရောင် နယ်မြေအဆီအနှစ် ၅၂ခု ရှိလေ၏။

အဆင့် ၇ အင်မော်တယ် သစ်သီး ၂လုံးမှာ နဂါးတေးသွားသစ်သီးဟု ခေါ်ပြီး  စားသုံးသူ၏ ကိုယ်ခန္ဓာကို တောင့်တင်းစေပြီး တိုက်ပွဲအတွင်း၌ စားသုံးသူ၏ ခံနိုင်ရည်စွမ်းကိုလည်း ခေတ္တတိုးပွားစေသည့် အကျိုးရှိပေ၏။

ထိုဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် နဂါးများက ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ်များကဲ့သို့ပင် ချမ်းသာပေ၏...။

အန်လင်းမှာ ဟုန်ဒူနှင့် လင်းယင်အတွက် အနည်းငယ် သနားသွားပေ၏။ သူတို့က သူတို့၏ သက်ဆိုင်ရာ မြူနှင်းနတ်မိမယ်များ၏ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်ရာ ထိုလက်စွပ်များကို သန့်စင်ပြီးသည်နှင့် အလွန်စိတ်ပျက်သွားနိုင်ပေ၏...။

ယခုက အဓိက ပွဲစဉ်အတွက် အချိန်ပင် ဖြစ်၏။ အန်လင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေကာ ပျက်ပြယ်ခြင်းအဆင့် ကြက်သွေရောင်ငှက်၏ အကွာအဝေးသိုလှောင်ပစ္စည်းကို သန့်စင်လိုက်လေ၏။

ကြက်သွေးရောင်ငှက်မှာ ကောင်ကင်ဘုံခုံရုံး၏ ဆန့်ကျင်ဘက်စွမ်းအားဖြစ်သော တောင်ပိုင်းကောင်းကင်ဘုံ တောင်ပံနိုင်ငံမှ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပုံရ၍ သူက ထိုသတ္တဝါကို အနည်းငယ်မျှပင် မသနားမိပါချေ။ ထိုအစား သူက အကွာအဝေးသိုလှောင်ပစ္စည်းကို သန့်စင်ရန်သာ စိတ်အားထက်သန်နေပေ၏။

စိတ်ဝိညာဉ် ကျောက်တုံး ၁သန်း ၅သောင်း၊ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက် ၆ခု၊ စိတ်ဝိညာဉ် ဆေးတောင့် ၂၁တောင့်၊ အင်မော်တယ်ဆေးတောင့် ၁တောင့်၊ အင်မော်တယ် သစ်သီး၂လုံး၊ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၂ခု၊ အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၉ခု၊ အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၂၅ခုနှင့် လက်နက်သန့်စင် ပစ္စည်းများ တစ်ပုံကြီးနှင့် တခြားအသေးအဖွဲ ပစ္စည်းများစွာ...

အင်မော်တယ် ဆေးတောင့်မှာ အဆင့် ၆ အင်မော်တယ် ဆေးတောင့်ဖြစ်သည့် စစ်မှန်နက္ခတ် ဝိညာဉ် ပြန်လည်ဖြည့်တင်းရေးဆေတောင့် တစ်ခုဖြစ်ကာ အလွန်အမင်း သိသာလှသော သတိစိတ်ပြန်လည်ဖြည့်တင်းပေးသည့် အကျိုးရှိလေ၏။

အင်မော်တယ် သစ်သီးများမှာ အဆင့် ၅ အင်မော်တယ်သစ်သီး၊ လှည်ခြင်းခြောက်ခု ဇာမဏီသစ်သီးဖြစ်ကာ မီးအမျိုးအစား သွေးမျိုးဆက်နှင့် စားသုံးသူကို မီးတာအို ရှာဖွေရန်နှင့် သူတို့၏ မီးအမျိုးအစား သွေးမျိုးဆက်ကို သန့်စင်ပေးရန် ကူညီပေးလေ၏။ သူတို့က ရှောင်လန်အတွက် သင့်တော်သော လက်ဆောင်များဖြစ်ပေ၏။

ရှေးဟောင်းထိုက်ချူနယ်မြေကို အတန်ကြာ လှည့်ပတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူက စုရှောင်လန်ကို ပေးနိုင်သော လက်ဆောင်တစ်ခုကို ရခဲ့လေပြီ...။

နောက်ဆုံး အနေဖြင့် အရေးအကြီးဆုံးမှာ သူလိုအပ်နေသော ရွှေရောင် နယ်မြေအဆီအနှစ် သလင်း​ကျောက်များအားလုံးကို စုစည်းပြီး​ဖြစ်လေ၏။

ကြက်သွေးရောင် ငှက်ဆီမှ ၂ခု၊ နဂါးမျိုးနွယ်ဆီမှ ၁ခုနှင့် သူ့အိတ်ထဲမှ ၃ခုဖြစ်လေ၏။ ဗဟိုမြို့တော်တွင် သူစုပ်ယူခဲ့သော ၄ခုနှင့်ပေါင်းလိုက်ပါက သူ့တွင် စုစုပေါင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၁၀ခုရှိပြီးဖြစ်ကာ နောက်ဆုံးတွင် သူ့၏ မစ်ရှင်ကို ပြီးမြောက်နိုင်ပြီဟု ဆိုလိုခြင်းပင်။

အန်လင်းက ကောင်းကင်သို့မော့ကြည့်ကာ ပျော်ရွှင်မှုမျက်ရည်များ စီးကျလာလေ၏။

မိန်းမစိုးဖြစ်လာမည့် ခြိမ်းခြောက်မှုက... နောက်ဆုံးတွင် ပပျောက်သွားပြီ ဖြစ်လေ၏။

နှစ်တစ်ရာတိုင်အောင် မိန်းမစိုးဖြစ်လာမည့် မျှော်လင့်ချက်မှာ ကြောက်စရာကောင်းသည်လား။ သေချာပေါက်ပေါ့...။ ထိုကဲ့သို့ အော်ဂလီဆန်စရာကောင်းသော အချက်အား မည်သူက မကြောက်ပဲ နေမည်နည်း။

“ထျန်လေး၊ ငါ့ကို ကာကွယ်ပေးထား။” အန်လင်းက ရွှေရောင်နယ်မြေအဆီအနှစ်များအားလုံးကို စိတ်အားထက်သန်စွာ စုစည်းလိုက်ပြီး စုပ်ယူခြင်းလုပ်ငန်းကို စတင်လိုက်လေ၏။

ရွှယ်ကျန်းထျန်က မကျေမနပ်ဖြင့် သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သော်လညိး နာနာခံခံဖြင့် အန်လင်းရှေ့တွင် နေရာယူလိုက်ကာ သူတို့ပတ်ဝန်းကျင်သို့ သတိတကြီး ကျေပွန်စွာ ​စောင့်ကြပ်နေလေ၏။

ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် စုစုပေါင်း ၆ခုရှိပြီး တစ်ခုစီမှာ အကြမ်းအားဖြင့် စုပ်ယူရန် တစ်နာရီကြာ၍ အန်လင်းက သလင်းကျောက် ၆ခုစလုံးကို အပြည့်အဝ စုပ်ယူပြီးစီးရန် ၆နာရီလိုအပ်ပေ၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး အန်လင်းက သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် အထူးစွမ်းအင်အမျိုးအစားတစ်ခုက လှည့်ပတ်နေသည်ကို ခံစားရပေ၏။ သို့သော် သူက ထိုစွမ်းအင်ကို သတိဖြင့် ထိန်းချုပ်၍မရပဲ သူ့ကိုယ်တစ်လျှောက် ဒီအတိုင်း ပြေးလွှားခွင့်ပြုထားရပေ၏။

စုပ်ယူခြင်းလုပ်ငန်းမှာ မည်သည့်လွဲမှားခြင်းမှ မရှိပဲ ချောချောမောမော ပြီးမြောက်သွားလေ၏။

နောက်ဆုံးရွှေရောင် နယ်မြေအဆီအနှစ်သလင်းကျောက်ကို စုပ်ယူပြီးနောက် “တင်းတောင်”ဟူသော အသံတစ်ခုက စနစ်မှ ထွက်ပေါ်လာလေ၏။

“ဂုဏ်ယူပါတယ်။ မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ...။”

“ယခုတွင် စစ်နတ်ဘုရားခန္ဓာကိုယ်၏ အစပျိုးမှုဖြစ်တည်ခြင်းကို စတင်လိုက်ပါပြီ။”

ဘုန်း...

စွမ်းအင်ပမာဏ အမြောက်အများက သူ့ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီး ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၁၀ခုလုံးဆီမှ စွမ်းအားက တစ်ပြိုင်နက်တည်း အသက်ဝင်လာလေ၏။ တစ်ချိန်တည်းမှာပင် သူ့၏ ကျင့်ကြံရေးနည်းလမ်းများ အားလုံးသည်လည်း အလိုလို အသက်ဝင်လာလေ၏။

မိုးကြိုးအဆီအနှစ် ကျင့်ကြံခြင်းနည်းလမ်း၊ အထွတ်အထိတ်မြေကြာပန်းအတတ်၊ လေစိတ်ဝိညာဉ် နည်းစနစ်၊ အံ့ဖွယ်အရည်ဖန်တီးခြင်း နည်းစနစ်၊ စစ်မှန်မီးတောင်ပံများ စသည်ဖြင့် ...။ ထိုကျင့်ကြံခြင်း နည်းစနစ်များဟတစ်ပြိုင်တည်း အသက်ဝင်လာသည်က မည်သို့ ခံစားရမည်နည်း။ ထိုသည်က အရမ်းကောင်းလှပေ၏။ အန်လင်းက သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများအားလုံးက တစ်ပြိုင်နက်တည်း အသက်ဝင်လာသည်ကို ခံစားရ၏။

ယခင်က သူသည် ထိုကျင့်ကြံခြင်း နည်းလမ်းများအားလုံးကို တစ်ချိန်တည်း အသက်သွင်းနိုင်စွမ်း မည်သည့်အချိန်တုန်းကမှ မရှိခဲ့ပါပေ။ သို့သော် သူက စစ်နတ်ဘုရားခန္ဓာကိုယ်၏ အစပျိုးမှု ဖြစ်တည်လာခြင်း၏ အကျိုးကိုအခွင့်ကောင်းယူကာ ထိုသို့ပြုလုပ်နိုင်ပေ၏။ ယခုအချိန်တွင် သူက အလွန်အစွမ်းထက်သည်ဟု ခံစားရပေ၏။

ဒြပ်စင်ငါးခုက အလိုလိုဖြစ်ပေါ်လာလေ၏။ သတ္တု၏ စစ်မှန်ဆန္ဒက သူ့၏ အရွတ်နှင့် အရိုးများဆီသို့ သန့်စင်ပေးပြီး၊ သစ်သား၏ စစ်မှန်ဆန္ဒက သူ့၏ အတွင်းအင်္ဂါများကို သန့်စင်ပေးကာ၊ ရေ၏ စစ်မှန်ဆန္ဒက သူ့သွေးများကိုဟသန့်စင်ပေးပြီး၊ မီးတောက်၏ စစ်မှန်ဆန္ဒက သူ့၏ အကြောများကို သန့်စင်ပေးကာ မြေကမ္ဘာ၏ စစ်မှန်ဆန္ဒက သူ့၏ အသားအရေကို သန့်စင်ပေးလေ၏။

ဒြပ်စင်ငါးခုစီသည် မတူညီသောရည်ရွယ်ချက်တစ်ခုစီရှိသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အန်လင်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အလွန်ကျယ်ပြောလှသော အော်ရာတစ်ခုကို စတင်ဖြာထွက်စေနိုင်ပြီး တစ်ခုနှင့်တစ်ခုလည်း ပေါင်းစပ်နိုင်ပေ၏။

ရွှယ်ကျန်းထျန်မှာ ထိုအော်ရာကြောင့် အလွန်ထိတ်လန့်နေပေ၏။ သူက အန်လင်းကို လှည့်ကြည့်လိုက်ရာ သူက စွမ်းအင်အမျိုးအစားငါးခုက သူ့ခန္ဓာကိုယ်အား လှည့်ပတ်နေစဉ္၌ တရားထိုင်နေပြီး သူမား ကောင်းကင်နှင့် မြေကြီး၏ တာအိုနှင့် ပေါင်းစပ်သွားသကဲ့သို့ ထင်ရသော ဆန်းကြယ်အော်ရာတစ်ခုကို ပေူနေသည်ကို တွေ့လိုက်ရလေ၏။

ထိုသည်က အကုန်မဟုတ်သေးပါပေ။ လေနှင့် လျှပ်စီး၏ စစ်မှန်ဆန္ဒက အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စီးဝင်သွားပြီး လေပြင်း၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့ မုန်တိုင်းတိုက်ပြီးနောက် သူ့၏ သက်ရှိစွမ်းအင်ပင်လယ်ကို ကျယ်ပြန့်လာစေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ သက်ရှိစွမ်းအင် ပမာဏမှာ သိီသာသာမြင့်တက်လာကာ အန်ကီရင်က ပျော်ရွှင်စွာ ကခုန်နေလေ၏။ ထိုသည်က တစ်စုံတစ်ဦးက သူတို့၏ မီတာ၈၀အိမ်ကို မီတာ၁၀၀သို့ ချဲ့လိုက်ပြီးနောက်ဖြစ်လာသော ပျော်ရွှင်မှုပင် ဖြစ်ပေ၏။

တစ်ချိန်တည်းမှာပင် အံ့ဖွယ်စွမ်းအင်တစ်ခုက သူ့သတိတရားဆီသို့ ဆီးဝင်လာကာ သူ့၏ အံ့ဖွယ်အာရုံများကို ပိုမို အစွမ်းထက်လာစေပေ၏။

ရှေးဟောင်းရွှေရောင်ချိတ်စည်းတစ်ခုက အန်လင်း၏ နဖူးပေါ်တွင် လင်းလက်လာပြီး ဩဇာကြီးမားသော ဧကရာဇ် တစ်ပါး၏ အလွန်အစွမ်းထက်သော အော်ရာက သူ့ကိုယ်မှ ထိုးထွက်လာကာ ရွှယ်ကျန်းထျန်ကို ရုတ်တရက် ဒူးထောက်ခစားလိုစိတ်များ ရိုက်ခတ်သွားလေ၏။

“ငါ့ရဲ့ သခင်က တကယ်ပဲ အစွမ်းအထက်ဆုံး ကျင့်ကြံသူပဲ...။ ဒီပြိုင်ဘက်ကင်းအော်ရာ၊ မကျော်လွှားနိုင်တဲ့ ဘုရင်တစ်ပါးရဲ့ အနေအထား၊ အဲဒါတွေအားလုံးက ငါ့ကို လေးစားလွန်းလို့ ငိုတောင် ငိုချင်လာစေတယ်...” ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်က တုန်ယင်လာကာ သူ့မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာလေတော့သည်။ သူက မျက်ရည်ကျသည်အထိ ကြောက်ရွံ့နေသည်လား မျက်ရည်ကျလောက်သည်အထိ စိတ်လှုပ်ရှားသွားသည်လားပင် မသိတော့ပါချေ။

ရှေးဟောင်း ချိတ်စည်းက ပျောက်ကွယ်သွားလေပြီ။

အန်လင်းက ကြယ်များကဲ့သို့ တောက်ပနေသောမျက်လုံးတစ်စုံကို ဖွင့်လိုက်ပြီး အသက်ရှုသွင်းကာ သူ့ခန္ဓာကိုယ်တစ်လျှောက် စွမ်းအင်အသစ်တစ်ခုက စီးဆင်းနေသည်ကို ခံစားကာ ခပ်ဖွဖွပြုံးလိုက်လေ၏။ “ငါက... မကျော်လွှားနိုင်ဘူးကွ...။”

ရွှယ်ကျန်းထျန်မှာ အလွန် တက်ကြွနေပေ၏။ “သခင်၊ ငါတို့က ဘယ်တော့ ကမ္ဘာကြီးကို သိမ်းပိုက်မှာလဲ။”

အန်လင်း : “...”

“ငါ့ကို ရိုက်ကြည့်စမ်း။” အန်လင်းက လည်ပင်းကို ဘေးနှစ်ဖက်ဆီသို့ ချိုးလိုက်ပြီး ရွှယ်ကျန်းထျန်ကို သူ့အား တိုက်ခိုက်ရန် လက်ဟန်ပြလိုက်လေ၏။

ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ “သခင်၊ ငါက စိတ်မပြင်ဆင်ရသေးဘူး။”

အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ “တစ်ယောက်ယောက်ကို ရိုက်ဖို့ ဘယ်လိုစိတ်ပြင်ဆင်ချက်တွေများ လိုသေးလို့လဲ။ ငါပြန်မတိုက်ပါဘူး။”

“အိုး... နင်က ပြန်မတိုက်ဘူးပေါ့။ အဲဒါကို အရင်ပြောသင့်တာလေ။” ရွှယ်ကျန်ထျန်က သက်ပြင်းချလိုက်ကာ သူ့၏ အော်ရာက သိသိသာသာတိုးတက်လာလေ၏။

မြူထူအော်ရာတစ်ခုက ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူက အန်လင်း၏ ရင်ဘတ်ဆီသို့ မရပ်တန့်နို်င်သော အပြာရောင်အလင်းဖြင့် ပျံသန်းသွားလိုက်လေ၏။

ဘုန်း...

အန်လင်း၏ ခန္ဓာကိုယ်မှာ တိုက်ခိုက်မှု၏ စွမ်းအားမှ တောင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး တစ်ခြားတစ်ဘက်မှ ပြန်ထွက်လာကာ မီတာရာပေါင်းအနည်းငယ် ထပ်မံပျံသန်းသွားလေ၏။

“အား... ငါ့ခေါင်းနာလိုက်တာ...။” ရွှယ်ကျန်းထျန်က သူ့၏ ကိုယ်လုံးလုံးကို ခါယမ်းကာ ရေရွတ်လိုက်လေ၏။

အန်လင်း၏ သွေးများမှာလည်း သူ့ခန္ဓာကိုယ်ထဲတွင် မွှေနှောက်သွားကာ ဒဏ်ရာအနည်းငယ်ရသွားလေ၏။

သို့သော် သူ့မျက်လုံးများမှာ အလွန်တောက်ပနေ၏။ ယခင်က ရွှယ်ကျန်းထျန်ဆီမှ စွမ်းအားအပြည့်ရှိသော တိုက်ခတ်မှုတစ်ခုသည် သူ့ကိုယ်တွင်းအင်္ဂါများ ပေါက်ပြဲသွားကာ သူ့ကို တိုက်ရိုက် သွေးအန်စေခဲ့သော်လည်း သူ၏ ပိုမိုကောင်းမွန်လာသော အခြေခံတည်ဆောက်မှုအရ ဒဏ်ရာအနည်းငယ်သာရရှိကာ တိုက်ခတ်မှုမှ လွတ်မြောက်လာစေ၏။

ဤကဲ့သို့ အခြေခံတည်ဆောက်မှုမျိုးမှာ ကျန်သော ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သေချာပေါက်ပင် မကျော်လွှားနိုင်ပါပေ။

အန်လင်းက သူ့လက်သီးကိုလေထဲမြှောက်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။

“အား... ငါက အရမ်း အစွမ်းထက်တယ်ကွ...။”

---------------

All Chapters