← Chapters

စောက်ကျိုးနည်း စနစ်

Vol. 38 Ch. 526

စောက်ကျိုးနည်း စနစ်

Vol. 38 Ch. 526

အန်လင်းမှာ ဤစွမ်းအားတိုးတက်ခြင်းကို လက်ခံရ၍ ပျော်မြူးနေသည်ဖြစ်၏။

စစ်နတ်ဘုရားခန္ဓာကိုယ်ရဲ့ အစပျိုးမှုက ဒီလောက်တောင် အစွမ်းထက်နေရင် စစ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်အပြည့်ကို ရရင် ဘယ်လောက်တောင် ကြမ်းလိုက်မလဲ။

အန်လင်းက သူ့ခေါင်းကို ခါလိုက်ကာ အတွေးစကို ဖြတ်လိုက်လေ၏။

သူက အရာများကို တစ်ကြိမ်လျှင်တစ်ဆင့်သာ တက်လိုသော နှိမ့်ချတတ်ပြီး မယိမ်းယိုင်သော အမျိုးသားတစ်ဦး ဖြစ်ပေ၏။

သူက ကြမ်းသလားဆိုသည်မှာ သူ့အတွက် အရေးမပါပေ။ အတွင်းထဲတွင် ရှိနေသော အရာသည်သာ ပို၍ အရေးပါပေ၏။

သူက သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် ပုတီးတစ်လုံးကို ထိုသည်ကို ထုတ်လိုက်ပြီး တွေးလိုက်လေ၏။

ထိုသည်မှာ နောက်ဆယ်ရက်အတွက် သူ့၏ ကံတရားကို ပြောပြနိုင်သော အင်မော်တယ် မင်ယွမ်သူ့အား ပေးခဲ့သော မင်ယွမ်ပုတီးဓားဖြစ်ပေ၏။

မိန်းမစိုးဖြစ်လာမည့် ခြိမ်းခြောက်မှုက အောင်မြင်စွာ ပယ်ဖျောက်နိုင်ခဲ့ပြီးဖြစ်ကာ သူက အစွမ်းထက်နည်းစနစ်တစ်ခုကို ရရှိခဲ့ပြီး ပြိုကျနေသော ကုန်းမြေကြီးဆိုသည့် ကပ်ဘေးကို ကြံ့ကြံ့ခံနိုင်ခဲ့၏။ ထိုသို့ဆိုလျှင် သူ့၏ ခရမ်းရောင် ကံတရားက ပြောင်းလဲသင့်ပြီ ဖြစ်ကာ ထိုသည်ကို အတည်ပြုရန် အချိန်ရောက်လာပေ၏။

အန်လင်းက မင်ယွမ်ပုတီးထဲသို့ သူ့၏ သက်ရှိစွမ်းအင်ကို ထိုးသွင်းလိုက်သောအခါ အစွမ်းထက် စုပ်ယူစွမ်းအားတစ်ခုက သူ့၏ စွမအင်များကို ဝါးမြိုပစ်ကာ ပုတီးမှ လှိုင်းတစ်ခုက ​ေိရာအနှံ့သို့ ပျံ့နှံ့လာပြီး ကောင်းကင်နှင့် ​မြေကြီးဆီသို့ တိုးဝင်သွားလေ၏။

မင်ယွမ်ပုတီးက စတင်လင်းလက်လာကာ ထိုသည်က အနီရောင်လင်းလက်လာပြီး တဖြည်းဖြည်းနှင့် ခရမ်းရောင်ဖြစ်သည်အထိ ရင့်လာပေ၏။

အန်လင်း : “...”

အန်လင်းက သွေးအန်လိုစိတ်ပါ ပြင်းပြလာပေ၏။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။

ဤကဲ့သို့သော ကပ်ဆိုးဘေးဆိုးကြီးကို သူ ကြံ့ကြံ့ခံပြီး သူ့ဘဝသည်လည်း ထိုသည်ကြောင့် ယခုတွင် ပိုကောင်းလာပြီဖြစ်ရာ သူ့ကံဇာတာက အဘယ်ကြောင့် ခရမ်းရောင် ဖြစ်နေသေးသနည်း။

အန်လင်းသည် ရွှေရောင်တံဆိပ်တစ်ခုကို တိတ်တဆိတ် မထုတ်ယူခင်တွင် မင်ယွမ်ပုတီးစေ့ကို သိမ်းဆည်းလိုက်လေ၏။ ဤရွှေရောင် အကွာအဝေး ကူးပြောင်းခြင်းတံဆိပ်ကို ယခုအသက်သွင်းလိုပါက ကောင်းကင်ဘုံခုံရုံးသို့ ချက်ချင်းပြန်သွားနိုင်ပေ၏။ ထိုသို့ဆိုလျှင် သူက မကြာမီကျရောက်တော့မည့် ဘေးဥပါဒ်ကို ရှောင်ရှားနိုင်လောက်ပေမည်။

မဟုတ်သေးဘူး...။

သူက ရုတ်တရက် သဘောပေါက်သွားလေ၏။ ထိုမျှအထိ ရိုးရှင်းနိုင်စရာ အကြောင်းမရှိပါပေ။

ထို့နောက် မစ်ရှင်အသစ်တစ်ခုခုများ ပေါ်နေမည်လားဟု သူ့၏ စနစ်ကိုစစ်ဆေးကြည့်ရန် အတွေးတစ်ခု ပေါ်လာလေ၏။

သူမြင်လိုက်ရသော အရာကြောင့် သူ့ခန္ဓာကိုယ်က ချက်ချင်းပင် တုန်ယင်သွားလေတော့သည်။

ငလူး...။

စောက်ကျိုးနည်း...။ အထူးမစ်ရှင်အကွက်မှာ ထပ်မံလင်းလက်နေပါ၏။

“အထူးမစ်ရှင် : စစ်နတ်ဘုရား ခန္ဓာကိုယ်၏ အစပျိုးမှုကို ရရှိသည့်အတွက် ဂုဏ်ယူပါတယ် လက်ခံသူ။ ယခုတွင် အောက်ပါ မစ်ရှင်ကို ပေးအပ်လိုက်၏ : စစ်နတ်ဘုရားခန္ဓာကိုယ်အား အဆင့်မြှင့်တင်ပေးရန် ကျေးဇူးပြုပြီး တစ်နှစ်အတွင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၁၀ခု၏ ၁၀ဆကို စုပ်ယူပါ။”

“မစ်ရှင်အောင်မြင်ပါက : စစ်နတ်ဘုရား ခန္ဓာကိုယ်၏ စဦးအောင်မြင်မှုကို ရယူပါ။”

“မစ်ရှင် ကျရှုံးပါက : နှစ်တစ်ရာ ဆယ်ကြိမ် မိန်းမစိုး ဖြစ်လာပါ။”

“မှတ်ချက် : ဤမစ်ရှင်မှာ ငြင်းဆန်၍ မရပါ။”

အန်လင်း : “...”

“မင်းမေလူးလိုက် စနစ်...။ မင်းက စောက်ချီးထုတ်ပဲ။”

အန်လင်းက ဒေါသတကြီး ဆဲရေးလိုက်လေ၏။

ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ “ရှီထုံ...။ သခင်၊ ငါ အဲ့နာမည်မကြိုက်ဘူး။ အဲ့အစား ထျန်လေးလို့ပဲ ဆက်ခေါ်ပါ။ ပြီးတော့ အဲ့တုန်းက ငါမှားလုပ်ခဲ့တာက အခု ထပ်ပြီး အဆူခံရဖို့ ထိုက်တန်ပါတယ်။”

(ရှီထုံက တရုတ်အသံထွက်နဲ့ စနစ်လို့ ခေါ်တာပါတဲ့။ အန်လင်းက စနစ်ကို ဆဲတာကို ထျန်လေးက သူ့ကိုဆဲတယ်ထင်သွားတာပါ။)

အန်လင်းက သူ့ကို ဒေါသတကြီး ပြောလိုက်လေ၏။ “မင်းကို ပြောနေတာမဟုတ်ဘူး။”

ရွှယ်ကျန်းထျန်က စိတ်ရှုပ်ထွေးသွားလေ၏။ သူက ပတ်ဝန်းကျင်သို့ ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်၏။

အန်လင်းနဲ့ သူနဲ့အပြင် တခြားသူ ရှိသေးလို့လား။

အန်လင်းက အထူးမစ်ရှင်ကို ထပ်မံကြည့်လိုက်ရာ မေ့လဲတော့မလိုပင် ဖြစ်သွားလေ၏။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာစုပ်ယူဖို့က... စောက်ကျိုးနည်းပဲ...။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အဲ့လောက်အများကြီးကို သူဘယ်က သွားရှာရမှာလဲ။

ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၁၀၀မှာ စိတ်ဝိညာဉ် ကျောက်တုံး သန်း၁၀၀နှင့် ညီမျှပေ၏။

ထို့ပြင် ကျရှုံးခြင်း၏ အကျိုးဆက်မှာ နှစ်တစ်ထောင် မိန်းမစိုးဖြစ်လာရန် ဖြစ်၏။

ဤ၁၀၏ ၁၀ကြိမ်နှင့် ၁၀၀၏ အကြိမ်၁၀၀ ရေတွက်နည်းမှာ အဘယ့်ကြောင့် အရမ်း ရင်းနှီးနေရပါသနည်း။

စနစ်က နောက်အကြိမ်များတွင် e^ များနှင့်ပါ  တွက်တော့မည်လား။

(e^ လေးက e power/exponentials ကိုပြောချင်တာပါ။)

အန်လင်း၏ ခန္ဓာကိုယ်က ဒေါသဖြင့် တုန်ယင်နေပေ၏။

သူက ရုတ်တရက် မစ်ရှင်ကျရှုံးခဲ့ပါက သူ့အခြေအနေမည်သို့ ဖြစ်မည်ကို တွေးမိသွားလေ၏။ သူက နှစ်တစ်ရာအတွင်း၌ စုရှောင်လန်နှင့် တာအို တွဲဖက်များဖြစ်လာသော်လည်း ထိုနောက် နှစ်ပေါင်း ၉၉၀၀တိုင်တိုင် သူမနှင့် လိင်မှုကိစ္စများ ပြုလုပ်နိုင်မည် မဟုတ်ပါပေ...။ မဖြစ်ဘူး...။ သူက အဲဒါမတိုင်ခင်ကို သူ့ကို ပစ်သွားလောက်မှာ...။

သူ၏ မှေးမှိန်နေသော အနာဂတ်ကို ပုံဖော်ကြည့်မိရာ မျက်ရည်များ ကျဆင်းလာပေတော့၏။

“ငလူးလိုက်... စနစ်။” အန်လင်းက မျက်ရည်များကျဆင်းနေရင်း ထပ်မံ ဆဲဆိုလိုက်ပေ၏။

ရွှယ်ကျန်းထျန်က အန်လင်းကို အံ့ဩထိတ်လန့်စွာ ကြည့်နေလေ၏။ သူ့သခင်က ရူးသွားပြီလား။

အတန်ကြာပြီးနောက် အန်လင်းက သူ့ခံစားချက်များကို ထိန်းချုပ်နိုင်သွားပြီး ကြက်သွေးရောင် ငှက်၏ အကွာအဝေးသိုလှောင်ပစ္စည်းထဲကို သူ့၏ အံ့ဖွယ် အာရုံဖြင့် ရှာဖွေလိုက်လေ၏။

ယခုတွင် ညည်းညူးနေ၍လည်းမထူးပါပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များကို စုဆောင်းရန် ဖြစ်ပေ၏။

သူက အကွာအဝေး သိုလှောင် ပစ္စည်းထဲရှိ အသေးအဖွဲ ပစ္စည်းလေးများကို ရှာဖွေကြည့်လိုက်ရာ မြေပုံကြီးတစ်ခုကို တွေ့လိုက်ရလေ၏။

သူက အကွာအဝေးသိုလှောင်ပစ္စည်းထဲမှ မြေပုံကို ထုတ်လိုက်ပြီး ဂရုတစိုက်ကြည့်ရှုလိုက်လေ၏။

ခေတ္တကြာပြီးနောက် ပျော်ရွှင်သည့် အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။

ဤ​သည်မှာ ပျက်ပြယ်ခြင်းကြယ်စင်အပိုင်း၏ မြေပုံဖြစ်၏။

အန်လင်းက ဤမတိုင်ခင်တွင် ပျက်ပြယ်ခြငိး ကြယ်စင်အပိုင်း၏ မြေပုံတစ်ခု မရှိခဲ့ပါပေ။ မည်သို့ဆိုဆို သူက ရှေးဟောင်အံ့ဖွယ်အပိုင်းကို သွားမည်ဖြစ်၍ မသက်ဆိုင်သည့် မြေပုံကို လေ့လာရန် အကြောင်းမရှိခဲ့ပါပေ။

ထိုသည်မှာ သူက ရုတ်တရက် သူက ဤပျက်ပြယ်ခြင်းနယ်မြေအပိုင်းသို့ ရောက်ပြီးနောက် လုံးဝ လမ်းပျောက်သွားရခြင်း၏ အကြောင်းပင်ဖြစ်၏...။

ဤမြေပုံက သူလိုနေသည်အရာ အတိအကျပင်ဖြစ်ကာ နောက်ဆုံးတွင် သူ့အား ပြုံးရန်အတွက် အကြောင်းပြချက်လေးတစ်ခုပေးလာလေ၏။

ဤမြေပုံမှာ ယခင်​တောင်ပိုင်း ကောင်းကင်ဘုံ တောင်ပံမျိုးနွယ်စု၏ စွန့်စားသူများထဲမှ အချက်အလက်များကို စုစည်းကာ ရေးဆွဲထခြင်း ဖြစ်လေ၏။

အန္တရာယ်ရှိနိုင်သော ဒေသများအားလုံးကို တံဆိပ်တပ်ထားပြီး အရမ်းကြီူ အသေးစိတ်မကျသော်လည်း အနည်းဆုံးတော့ သူ့အား ပျက်ပြယ်ခြင်းကြယ်စင်အပိုင်း၏ မြေပြင်အမေအထား၏ နည်းလမ်းကို ပေးလေ၏။

“ကောင်းကင်မှာရှိတဲ့ အတောက်ပဆုံးကြယ်က မြောက်ဘက်အပိုင်းကို ညွှန်ပြနေပြီး ငါတို့ အခုရှိနေတဲ့ နေရာက ခရမ်းမြက်ခင်းပြင်တဲ့...။ အဲဒါက ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်း၏ မြေလွှာပြားကိုးခု၏ အနောက်ပိုင်းဒေသတွင် တည်ရှိနေလေ၏။ ငါအနောက်ကို ထပ်သွားရင် အနက်ရောင်ပင်လယ်ကို ရောက်သွားပြီးတော့ ကျောက်စိမ်းဖြူတောင်က မြောက်ဘက်မှာ ရှိတယ်။ ကျောက်စိမ်းဖြူတောင်ပေါ်မှာ နယ်မြေအဆီအနှစ်သလင်းကျောက်ဖြူတွေ ပေါ်လာနိုင်ချေ ရှိပေမဲ့ အဲ့မှာ အဲဒါကို အန္တရာယ်များတဲ့ ဒေသတစ်ခုဖြစ်အောင်လုပ်နေတဲ့ ကျောက်စိမ်းသားရဲတွေ အများကြီးရှိတယ်...။”

အန်လင်းမှာ မြေပုံသို့ နောက်ဆုံးတစ်ခေါက် ကြည့်ရှု့လိုက်ကာ နယ်မြေအဆီအနှစ် သလင်းကျောက်များ ထပ်ပြီး ရကြလိမ့်မည်ဟု ရည်ရွယ်ချက်နှင့် ကျောက်စိမ်းဖြူတောင်ဆီသို့ ထွက်လာရန် ဆုံးဖြတ်လိုက်လေ၏။

သူက နှစ်တစ်ထောင်ကြာ မိန်းစစိုး ဖြစ်လာမည့်အရေးသို့ မရောက်လာရန်အတွက် တိုက်ခိုက်ရပေမည်။

သူက ပုံရိပ်ယောင် ကြယ်စင်ဝတ်ရုံကို ဝတ်ဆင်လိုက်ကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ချည်နှောင်လိုက်ကာ တောင်ပံနက်မျိုးနွယ်စု ကျင့်ကြံသူ သူ့အားတွေ့ရှိသွားသကဲ့သို့ နေရခက်ဖွယ် အခြေအနေမျိုးထပ်မဖြစ်အောင် ရှောင်ရှားလိုက်လေ၏။

“ဟမ်...။ ငါပဲ စိတ်ထင်နေတာလား။ ငါ့အိပ်ကပ်က ဖောင်းနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ...။” အန်လင်းက သိလိုစိတ်အပြည့်နှင့် မျက်တောင်ခတ်ကာ သူ့၏ ဖောင်းနေသော အိပ်ကပ်ကို ကြည့်လိုက်လေ၏။

“မင်း စိတ်ထင်နေတာ မဟုတ်ပါဘူး။ အဲဒါက ငါ့ကိုလဲ ဖိထားတယ်။” ရွှယ်ကျန်းထျန်က အန်လင်း၏ လက်မောင်းထဲတွင် ဆိုလိုက်လေ၏။

အန်လင်းက သူ့အိပ်ကပ်ထဲမှ ငွေရောင်ဘောလုံးကို အံ့ဩတကြီး ထုတ်လိုက်ပြီး ထစ်ထစ်အအဖြင့် ဆိုလာ၏။ “အဲ့...အဲဒါက ကြီးလာတယ်။”

ထိုငွေရောင် ဘောလုံးမှာ ယခင်က အချင်းဝက် ၃မီတာခန့်သာ ရှိသော်လည်း ယခုတွင် အချင်းဝက် ၁၀မီတာ အပြည့်ဖြစ်နေပြီ ဖြစ်၏။

“လူလိမ်...။ မင်းပဲ နတ်သမီးတွေက ဥကနေသားပေါက်နာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးတာလေ။ အဲ့ကြီးလာတဲ့ ဥကြီးကို ဘယ်လိုရှင်းပြမှာလဲ” ရွှယ်ကျန်းထျန်က ဆန္ဒပြလိုက်လေ၏။

အန်လင်း : “...”

အန်လင်းက ထိုသည်ကို မတုံ့ပြန်တော့ပါပေ။ သူက ငွေရောင်ဘောလုံးအား ပိုကြီးသည့် အိပ်ကပ်ထဲကိုသာ ထည့်လိုက်ပေ၏။

ခရမ်းရောင် မြက်ပင်များမှာ အလွန်ကျယ်ပြန့်လှပြီး အန်လင်းက လေထုကိုဖြတ်ကာ ပျံသန်းနေရင်းဖြင့် အဆုံးမရှိဟု ထင်ရသော ခရမ်းရောင် မြက်ပြင်ကြီးကို တွေ့လိုက်ရလေ၏။

နောက်ထပ် ၄နာရီ ကြာပြီးနောက်တွင်လည်း ခရမ်းရောင် မြက်ခင်းများက မျက်စိတစ်ဆုံး ရှိနေတဲဖြစ်၏...

“စောက်ကျိုးနည်း၊ ဒီနေရာက ကြီးတယ်ဟ...”

အန်လင်းက တစ်ကိုယ်တည်း အံ့ဩတကြီးရေရွတ်ကာ နေရာအနှံ့ ကျယ်ပြန့်နေသော အနီရောင်မြက်ခင်းကျယ်ကြီးကို ကြည့်လိုက်လေ၏။

မြေပုံပေါ်တွင် စကေးမပါရှိ၍ အန်လင်းက ထိုမြက်ခင်းပြင်က မည်မျှ ကျယ်သည်ကို မသိပါချေ။ ဤသည်မှာ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းတွင် အထူး ဒေသတစ်ခုဖြစ်သည် ဆိူသည်ကိုသာ သိ၏။

ကံကောင်းထောင့်မစွာဖြင့် သူက တည်နေရာ ညွှန်းချက်အနေဖြင့် အသုံးပြုနိုင်သော ကြယ်များ ကောင်းကင်တွင် ရှိနေပေ၏။ သို့မဟုတ်ပါက ဤမြက်ခင်ပြင်ကြီးထဲတွင် လမ်းပျောက်နိုင်ခြေအလွန်များပေ၏။

အန်လင်းက နောက်ထပ် နှစ်နာရီကြာအောင် ရှေ့သို့ ဆက်ပျံသွားပြီးနောက် သူ့အောက်မှ ခရမ်းရောက် မြက်များက ညိုးခြောက်နေသည် တွေ့လိုက်ရ၏။

ခရမ်းရောင် စိုစိုတောက်မှာ တဖြည်းဖြည်း သူ့၏ အရောင်အဝါကို ဆုံးရှုံူကာ အရောင်မဲ့လာလေ၏။

စစ်နတ်ဘုရားခန္ဓာကိုယ်၏ အစပျိုးမှုကို ရရှိပြီးနောက် အသက်စွမ်းအင်ကို အာရုံခံနိုင်သော သူ့၏ စွမ်းရည်မှာ တိုးပွားလာ၍ ခရမ်းရောင်မြက်ပင်များ၏ အသက်စွမ်းအားက တစ်စုံတစ်ခုကြောင့် ဖယ်ရှားခံလိုက်ရသည်ကို အာရုံခံနိုင်ပြီး စွမ်းအင်စီးဆင်းသည့် ဦးတည်ချက်မှတစ်ဆင့် ထိုအရာမှာ အရှေ့မြောက်ဘက်တွင် တည်ရှိနေသည်ကို ဆုံးဖြတ်နိုင်ပေ၏။

အန်လင်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ထိုဦးတည်ချက်ဆီသို့ သွားရန် ဆုံးဖြတ်လိုက်လေ၏။

သူက မြေပြင်သို့ မဆင်းသက်မီတွင် သူနှင့် ရွှယ်ကျန်းထျန်ပေါ်တွင် ကိုယ်ပျောက်မန္တန်နည်းစနစ်များ ထုတ်လွှတ်ကာ လုံခြုံရေးတိုးမြှင့်လိုက်ပြီး ခြေလျင်သာ ဆက်လျောက်လာလိုက်လေ၏။

သူက အသက်စွမ်းအင်များ စုစည်းနေရာ ရင်းမြစ်ဆီသို့ နီးကပ်လာလေလေ သူ့ပတ်ဝန်းကျင်မှ ခရမမးရောင်မြက်ခင်းများက ပိုမို ခြောက်နွမ်းလာလေလေဖြစ်ပေ၏။

နောက်ထပ် ၅၀ကီလိုမီတာ ထပ်သွားပြီးနောက်တွင် မြေပြင်က အလွန်ပင် ပြောင်းရှင်းလာပေ၏။

ဒီကမ္ဘာမှာ ပေါ်လာတဲ့ အရမ်းကိုရှားပါးတဲ့ ရတနာများလား။ အန်လင်းက စိတ်လှုပ်ရှားစပြုလာလေ၏။

အခြေခံအားဖြင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးအကြားရှိ ထိုကဲ့သို့ သိသာလှသော ပြောင်းလဲမှုအကြီးကြီးတစ်ခုကို ဖြစါစေနိုင်သည့် တစ်ခုခုမှာ သာမန်မဟုတ်သည့် အရာတစ်ခုဖြစ်ပေ၏။ ဤပဲ့သို့ ငြိမ်းချမအးလှသော ပတ်ဝန်းကျင်က ခွန်အားကြီး ပုဂ္ဂိုလ်နှစ်ဦးကြားမှ စစ်မြေပြင်တစ်ခုနှင့် မတူပါပေ။

ဆိုလိုသည်မှာ... ဤပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည့် ရတနာတစ်ခု ပေါ်ထွက်လာနိုင်ခြေမှာ ပို၍ပင် များလာသည်ဟု ဖြစ်ပေ၏...။

----------------

All Chapters