← Chapters

အားလုံးက ကောင်းချီးပဲ

Vol. 13 Ch. 182

အားလုံးက ကောင်းချီးပဲ

Vol. 13 Ch. 182

ရှကျိုးယွီ ဒါကိုတော့ မမျှာ်လင့်ထားမိခဲ့ပေ။

ပုန်ကန်ဖို့ ကြိုးစားနေတယ်ဆိုမှ စိတ်ပျက်ဖို့ကောင်းလောက်အောင် ဘာကိစ္စသူ့ရဲ့ ခရက်ရှ် နဲ့လာတွေ့နေရတာလဲ?

"တရှားတိုင်းပြည်ကို စောင့်ကြည့်ဖို့အတွက်

မင်းကို စေလွှတ်လိုက်တာမဟုတ်ဘူးလား? ဘာလို့ ဘုရင့်အတွက် အရမ်းအကောင်းတွေ ပြောပေးနေတာလဲ?"

ရှကျိုးယွီရဲ့မျက်နှာက အနည်းငယ် မဲမှောင်‌နေခဲ့သည်။ အေးစက်စွာဖြင့် မေးလိုက်၏။

လီယုဟန် အနည်းငယ် ရှက်ရွံ့သွားဟန်ပဲ။ သူမရဲ့ နှုတ်ခမ်းတွေလည်း တင်းတင်းစေ့သွားခဲ့သည်။ အချိန်တစ်ချို့ကြာသည်အထိ တွန့်ဆုတ်နေပြီးမှ…

"တကယ်တော့ တရှားကိုစေလွှတ်ဖို့ရန် ကျွန်မက တောင်းဆိုခဲ့တာ။ အစကတော့ ကျွန်မလည်းပဲ တရှားရဲ့ ဘုရင်ကို အသုံးမကျတဲ့ ဘုရင်တစ်ယောက်လိုမျိုးထင်ခဲ့မိတယ်။ ရှင့်လိုပေါ့။ ဒါပေမဲ့ စုံစမ်းပြီးနောက်မှာ သူရဲ့တစ်မူထူးခြားတဲ့ အရည်အချင်းတွေကြောင့် အရမ်းထိတ်လန့်သွားခဲ့ရတယ်။ ဒါကြောင့် ကျွန်မရဲ့စိတ်က ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် ကျွန်ရဲ့အတွေးက ဂိုဏ်းတစ်ခုလုံးကို မဆုံးဖြတ်ပေးနိုင်ဘူး။ ကျွန်မကသာ ဒီနေရာကိုစေလွှတ်လို့ လာခဲ့ရတာဆိုပေမယ့် ဂိုဏ်းရဲ့စေလွှတ်ရခြင်း အကြောင်းပြချက်က မရိုးရှင်းလောက်ဘူး”

လီယုဟန် နူးညံစွာ သက်ပြင်းချလိုက်သည်။ သူမရဲ့လေသံထဲမှာ နောင်တရမှုတို့ ပါဝင်နေ၏။

"ဒါဆိုရင် မင်းက တရှားရဲ့ဘုရင်ကို လူကိုယ်တိုင်တွေ့ချင်တာပေါ့။ ပြီးသွားရင် မင်းရဲ့လက်အောက်ခံအဖြစ် ခေါ်သွားမလို့လား?”

ရှကျိုးယွီသည် ဆွဲဆောင်မှုရှိတဲ့ လေသံနဲ့ပြောလိုက်သည်။ လီယုဟန်က သူ့ကို ဘယ်လောက်တောင် ရိုသေလေးစားနေလဲ သိချင်လာ၏။

ဒါပေမဲ့ မထင်ထားစွာပင် လီယုဟန်ရဲ့ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ သူမရဲ့ လှပတဲ့မျက်နှာကလည်း အနည်းငယ် ရှက်ရွံ့သွားဟန်ပဲ။

"အဲ့လိုကြီးက မကောင်းပါဘူး"

ရှကျိုးယွီ ရဲ့မျက်နှာတစ်ခုလုံး ချက်ချင်းပဲ မဲမှောင်သွားလေရဲ့။

'ငါကမင်းကို စနေတာလေ။ ဘာကိစ္စ အတည်မှတ်နေတာလဲ?’

ဒါပေမဲ့ ရှကျိုးယွီက အခုအနေအထားအတိုင်း ဆက်လက်ဆွဲဆောင်ဖို့ ပြင်ဆင်လိုက်သည်။ လီယုဟန်ကို သူ့ရဲ့ ပုန်ကန်မယ့် အဖွဲထဲထည့်ရမည်!

ထျန်းလင်ဂိုဏ်းလိုမျိုး ကြီးမားတဲ့ ဂိုဏ်းတစ်ခုက သေချာပါက် ရှုပ်‌ထွေးရမည်။

တရှားတိုင်းပြည်အတွင်းကို စေလွှတ်ခဲ့တဲ့ လူယုံတွေက သူမတစ်ယောက်တည်း မဖြစ်နိုင်ဘူး။

လီယုဟန်ကိုသာ သူ့ဘက်ပါအောင် သိမ်းသွင်းနိုင်ခဲ့ရင် ပုန်းကွယ်နေတဲ့ အ‌န္တရာယ်တွေအားလုံးကို နှိုးဆွနိုင်သွားပြီး သူ့ရဲ့ပုန်ကန်မယ့် အစီအစဉ်တွင် အထောက်အကူကြီး ဖြစ်လာနိုင်သည်။

“ကောင်းပြီ။ ငါကတိပေးတယ်။ မင်းငါ့ကို ကူညီရင် တရှားရဲ့ ဘုရင်ကို အသက်ရှင်လျှက် ဖမ်းပေးမယ်။ သေချာပေါက် သူကမင်းကို ချစ်လာစေရမယ်!”

ရှကျိုးယွီသည် အလွန်စစ်မှန်စွာ ပြောလိုက်သည်။

“အဲဒီဘုရင်က ဘယ်လိုနေနေ ကောင်းတဲ့သူမှ မဟုတ်တာ။ ငါအခု လုပ်နေတာကလည်း သူ့ရဲ့အသုံးမကျတဲ့ အုပ်ချုပ်မှုထဲကနေ တရှားတိုင်းပြည်ကို လွတ်မြောက်အောင် လုပ်ပေးဖို့ပဲ!”

ရှကျိုးယွီက ပြောပြီးတာနဲ့ ဟိတ်ဟန်ပါပါ လက်နောက်ပစ်လိုက်သည်။

လှိုဏ်ဂူရဲ့အပြင်ကို ကြည့်လိုက်ချိန်မှာ ဖြူဖွေးတဲ့ နှင်းတောင်၏ လှပတဲ့ ရှုခင်းကို မြင်တွေ့လိုက်ရသည်။ ဆန်းကြယ်ပြီး ခမ်းနားတဲ့ မြင်ကွင်းတစ်ခုပဲ။

“အဲဒီဘုရင်ကြောင့် ပြည်သူတွေ ခံစားခဲ့ရတာ တော်တော်ကြာပြီ”

“တရှားရဲ့ ပြည်သူတွေအတွက် ကြည်လင်တဲ့ ကောင်းကင်နဲ့ တောက်ပတဲ့ ကမ္ဘာကြီးကို ငါခေါ်ဆောင်လာပေးမယ်! အဲဒီဘုရင်သာ ရှိနေသ၍ ငါခံစားလို့ အဆင်ပြေမှာ မဟုတ်ဘူး!”

ရှကျိုးယွီ‌ ပြောနေစဉ်မှာပဲ ဘေးကနေ လာရပ်တဲ့ လီယုဟန်ကို ချက်ချင်း သတိထားမိလိုက်သည်။

“ရှင်တကယ်ပဲ အဲ့လိုတွေးတာလား?”

လီယုဟန်ကတော့ ထိုစကားလုံးတွေနှင့် မတူညီစွာ ခံစားရသည်။ သူမရဲ့နှလုံးသားထဲမှာ ရှကျိုးယွီက တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ မင်းရဲ့ ဂုဏ်သတင်းက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ လူတွေကို ဂရုစိုက်တတ်တဲ့ နှလုံးသားရှိမယ်ဆိုရင် မင်းက ကမ္ဘာကြီးကို အုပ်စိုးဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပဲ!

“တကယ်လို့ ရှင်ကသာ ပြည်သူတွေကို ဂရုစိုက်တယ်ဆိုရင် ကျွန်မလီယုဟန် သေချာပေါက် ကူညီပေးမယ်”

ရှကျိုးယွီ ချက်ချင်းပဲ လှည့်ကြည့်လာခဲ့သည်။ ထိုအချိန်မှသာ လီယုဟန်ကို ကောင်းကောင်း ကြည့်ရှုမိတော့၏။ သူမရဲ့မျက်ဝန်းထဲတွင် ခံစားချက်နှင့် ပြည့်နေပြီး စိတ်ပိုင်းဖြတ်ထားမှုတို့ ရှိနေသည်။ လေးစားမှုတို့လည်း ပါဝင်နေသလိုပဲ၊ တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ ဆွဲငင်နေ၏။

“ဒါဆိုရင် ကျွန်မကို ကတိတစ်ခု ပေးနိုင်မလား? ကိစ္စတွေအားလုံး ပြီးသွားရင် သူ့ကို ကျွန်မအပိုင်အဖြစ် ပေးပါ”

ရှကျိုးယွီ အံ့ဩသွားခဲ့သည်။ ထင်တဲ့အတိုင်းပဲ လူတွေရဲ့စိတ်က ကြောက်ဖို့ကောင်းလိုက်တာ! ဒါပေမဲ့ ရှကျိုးယွီရဲ့ မျက်နှာကတော့ တည်ငြိမ်နေသည်။ တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

“ကောင်းပြီ။ ငါကတိပေးတယ်။ တရှားတိုင်းပြည်က ကောင်းမွန်တဲ့ တိုင်းပြည်တစ်ခုဆိုပေမယ့် တရှားရဲ့ဘုရင်ကတော့ ပြစ်ချက်တွေ အများကြီး ရှိနေတဲ့သူပဲ။ ငါတို့ အောင်မြင်တာနဲ့ သူ့ကို မင်းဆီလွှဲပေးမယ်။ သေချာပေါက် ပြင်းထန်စွာ အပြစ်ပေးရမယ်!”

တကယ်တော့ တရှားရဲ့ဘုရင်က သူပဲလေ။ အမှန်တရားသာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် လီယုဟန် အနေနဲ့ ဘာမှ ပြုလုပ်လို့ ရမှာမဟုတ်ဘူး။ အခုတော့ သူမကို ဆွဲဆောင်ဖို့ရန် ကတိစကားအဖြစ် ပေးထားခဲ့သည်။

ဒါပေမဲ့ လီယုဟန်ရဲ့ ပုံစကတော့ သေချာတွေးတောနေဟန် ရှိသည်။ သူမရဲ့ မျက်နှာကလည်း အနည်းငယ် နီရဲနေပုံပဲ။ သူမ အံကြိတ်လိုက်သည်။

“စိတ်မပူပါနဲ့။ သေချာပေါက် သူ့ကို ပြင်းထန်စွာ အပြစ်ပေးမယ်!”

(T/N: အပြစ်ပေးမဲ့ဟာကို မျက်နာကြီးရဲနေတာ bdsm များ ဆော့မလို့လား? စတာပါ..နောက်တာပါ..ဟဲဟဲ)

ရှကျိုးယွီကတော့ လီယုဟန်ရဲ့ ညစ်ပတ်တဲ့ အတွေးကို သေချာပေါက် သတိမထားမိခဲ့ပေ။

'ရှကျိုးယွီဆိုတာ အများအမြင်မှာ အကျင့်မကောင်းတဲ့ ဘုရင်တစ်ယောက်ပဲ။ အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ? ငါက ရှကျိုးယွီမှန်း ဘယ်သူသိတာမလို့လဲ?’

ဒါပေမယ့် ထိုအချိန်မှာ လီယုဟန်ကတော့ မကောင်းတဲ့ နည်းလမ်းများစွာကို စဉ်းစားနေခဲ့သည်။

ထိုအချိန်တွင် နှင်းတောင်တန်းဂိုဏ်းရဲ့ အကြီးအကဲများစွာကတော့ ပြင်းထန်လာသော လေထုကို ကျော်လွှားရင်း နှင်းနဂါးတောင်ရှိရာကို ဦးတည်နေ၏။

“ခေါင်းဆောင် ဒီလေက အရမ်းပြင်းတယ်”

“အီး ငါ့ပါးစပ်ထဲ ဖုန်တွေဝင်သွားပြီ!”

လီရှီရဲ့မျက်နှာက ချက်ချင်းပဲ ဖြူဖွေးသွားခဲ့သည်။ သူ့ရဲ့မျက်နှာကို ချက်ချင်းပဲ ဝတ်ရုံစနှင့် ကာလိုက်တော့သည်။ သူ့ရဲ့ခြေလှမ်းတွေကလည်း ဒယိမ်းဒယိုင် ဖြစ်နေ၏။

ချန်ပန် ချက်ချင်းပဲ အနောက်လှည့်လာကာ ကျယ်လောင်စွာပြောလိုက်သည်။

“လေက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ငါတို့ရဲ့ စိတ်ပိုင်းဖြတ်မှုလောက် ပြင်းထန်နိုင်ပါ့မလား! ဘယ်လိုပဲ လမ်းကကြမ်းနေပါစေ ဒီလမ်းက ငါတို့ရဲ့ ယုံကြည်မှုကို ခေါ်ဆောင်ပေးမယ့် လမ်းပဲ! ဒါကြောင့် ဒီခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အရာအားလုံးက ကောင်းချီးပဲ! ငါတို့အတွက် လိုအပ်တဲ့ လေ့ကျင့်မှုတစ်ခုလည်း ဖြစ်တယ်။ ငါတို့သာဒါကို ကျော်လွှားနိုင်သ၍ အနာဂတ်မှာ ငါတို့အတွက် အလင်းရောင်တွေ ရှိလာလိမ့်မယ်!”

“အနာဂတ်ကြရင် ငါတို့ဂိုဏ်းက အရည်အချင်းရှိတဲ့ ကျင့်ကြံသူများစွာကို ဖော်ထုတ်ပေးလိမ့်မယ်! မင်းက အဲဒီအချိန်ကြရင် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကမ္ဘာကြီးရဲ့ထိပ်မှာ ရပ်တည်နေနိုင်မှာ!”

ချန်ပန်ရဲ့ စကားလုံးတွေက အကြီးအကဲတွေအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ အကုန်လုံး ချက်ချင်းပဲ သဘောတူလိုက်ကြသည်။ ထိုအချိန်မှာပဲ လူအုပ်ထဲကနေ သေးငယ်တဲ့ အသံတစ်ခု ထွက်ပေါ်လာ၏။

“ခေါင်းဆောင် ငါအရင်နေရာကို ပြန်သွားပြီး အလုပ်ပဲလုပ်လိုက်ချင်တော့တယ်”

ချန်ပန် ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

“အဲ့တာ ဘယ်သူလဲ?”

လီရှီ ချက်ချင်းပဲ ဖြေကြားလိုက်၏။

“ခေါင်းဆောင် အဲ့ဒါက ငါတို့နှင်းတောင်တန်းဂိုဏ်းက အတွင်းတပည့် ဝမ်လန်ပါ”

“ဆောက်လုပ်ရေးနေရာကနေ ဒီနေရာအထိတော့ ပါလာခဲ့တယ်”

ချန်ပန် အံ့ဩစွာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ? ငါတို့ရဲ့ အတွင်းတပည့်က နှစ်ယောက်ရှိတာ မဟုတ်ဘူးလား? ဘာလို့ တပည့်တစ်ယောက်ပဲ ကျန်တော့တာလဲ?”

လီရှိ တွန့်ဆုတ်စွာ ခေါင်းငြိမ့်လိုက်သည်။ အနည်းငယ် ရှက်ရွံ့နေဟန်ပဲ။

“ပထမတပည့်က သည်းမခံနိုင်တော့ဘဲ ဆောက်လုပ်ရေးနေရာကို ပြန်သွားခဲ့တယ်။ အဲဒီက ကြမ်းတမ်းတဲ့ အလုပ်တွေကိုပဲ လုပ်တော့မယ်လို့ ပြောသွားတယ်။ နှင်းနဂါးတောင်ကို သွားမယ့်အစား အဲဒီကြမ်းတမ်းတဲ့ အလုပ်တွေပဲ လုပ်လိုက်ချင်တယ်တဲ့။ ဘာကိစ္စ နှင်းနဂါးတောင်ကို သွားရမှာလဲလို့တောင် မေးခွန်းထုတ်သွားသေးတယ်”

ချန်ပန် ရှုပ်‌ထွေးသွားခဲ့သည်။

တကယ်လည်း နှင်းနဂါးတောင်က အန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်သည်။ နှင်းနဂါးတောင်ကို သွားမယ့်အစား ဆောက်လုပ်ရေးနေရာမှာ ပြန်လည်အလုပ်လုပ်တာက လုံခြုံနိုင်သည်။ ဒါ့အပြင် အရေးကြုံလာရင် အကြီးအကဲတွေအားလုံးက ကာကွယ်ပေးနိုင်မှာမလို့လား?

“ဒါပေမယ့် ဒီကျန်နေတဲ့တစ်ယောက်ရဲ့ အရင်ဂိုဏ်း တည်ရှိတဲ့‌ နေရာက နှင်းတောင်တွေထဲမှာပဲ။ ဒါကြောင့် နှင်းနဂါးတောင်က သူ့အတွက်တော့ ရင်းနှီးတဲ့နေရာတစ်ခု ဖြစ်နိုင်တယ်။ နဂါးနှင်းတောင်ဆီသွားတာက အိမ်ပြန်လမ်းကိုတောင် အမှတ်ရစေလိမ့်မယ်”

ချန်ပန် ခေါင်းငြိမ့်လိုက်သည်။

“ငါသိပြီ။ ဒီလိုဆိုမှတော့ ငါတို့ရဲ့ တစ်ဦးတည်းသော တပည့်လေးကို သေချာကာကွယ်ရမယ်။ သူ့ကို အိမ်ပြန်စေလို့ မဖြစ်ဘူး!”

“ဒီလိုဆိုရင်ရော။ အကြီးကဲနှစ်ယောက်က တစ်လှည့်ဆီ ဝမ်လန်ကို သယ်ခဲ့ကြ။ သူ့ကို ပင်ပန်းစေလို့ မဖြစ်ဘူး!”

လီရှီက ပြောပြီးတာနှင့် ချက်ချင်းပဲ အနောက်ကို လှည့်ကာ သင့်တော်တဲ့ လူနှစ်ယောက်ကို ရှာဖွေလိုက်သည်။ ဒါပေမယ့် မကြာခင်မှာပဲ ဝမ်လန်ရဲ့အသံ ထပ်မံထွက်ပေါ်လာ၏။

“ခေါင်းဆောင် ကျွန်တော် ဗိုက်ဆာတယ်။ ကျွန်တော် တစ်ခုခု စားချင်တယ်”

ဝမ်လန်သည် အသက်၁၅နှစ်သာ ရှိသေးသော ကလေးတစ်ယောက်ဖြစ်သည်။ နှင်းတောင်တန်းဂိုဏ်း၏ တစ်ဦးတည်းသော တပည့်ဖြစ်ရုံတင် မကဘူး။ အငယ်ဆုံးလည်းဖြစ်သည်။ ထို့ကြောင့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က ကျန်တဲ့ အကြီးကဲများကို ယှဉ်နိုင်စွမ်း မရှိပေ။ ဒါပေမယ့် လက်ရှိတွင် အစားအသောက်သည် အလွန်တန်ဖိုးကြီးသော အရာတစ်ခုဖြစ်နေ၏။

ချန်ပန်ထံတွင်ပင် အများကြီးမရှိချေ။ ချန်ပန် အံကြိတ်လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ အင်္ကျီအတွင်းထဲရှိ တစ်ဝက်သာကျန်တော့သော ပေါင်မုန့်ပိုင်းကို လူမမြင်အောင် ဖွက်လိုက်သည်။ ထို့နောက်မှာ ဝမ်လန် ရှိရာကို သတိပေးလိုက်၏။

"ကောင်လေး အစားအသောက်ဆိုတာ ထိန်းသိမ်းရတယ်။ နောက်ထပ်မြို့တစ်ခုကို ရောက်ချင်ရင် ငါတို့နေ့တစ်ဝက်လောက် ခရီးသွားရဦးမှာ”

ဒါပေမယ့် မထင်ထားစွာဘဲ ဝမ်လန်က ဆူပုတ်စွာပြောလိုက်၏။

“ဆောက်လုပ်ရေးနေရာမှာတုန်းက ဒီလို ပေါင်မုန့်ကြမ်းကြီးတွေတောင် စားရတာမဟုတ်ဘူး”

ချန်ပန် အလွန်ဒေါသထွက်သွားခဲ့သည်။ နေရာမှာတင် သွေးအန်လို့မတတ် ဖြစ်သွား၏။

“မင်း!”

လီရှီ ချက်ချင်းပဲ ချန်ပန်ကို ဝင်ထိန်းလိုက်ရသည်။

“ကလေးတွေရဲ့ စကားက ရိုးရှင်းပါတယ်။ ကလေးတွေက သူတို့ပြောချင်တာပဲ ပြောကြတာ။ ခေါင်းဆောင် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။ ကလေးတစ်ယောက်နဲ့ ရန်ဖြစ်လို့မရဘူးလေ!”

ဒါပေမဲ့ ချန်ပန်တစ်ယောက် ဒေါသထွက်မပြရခင်မှာပဲ ဝမ်လန်က ရုတ်တရက် ရုန်းလိုက်သည်။

“ချီးပဲ ဒါဘယ်လို ဂိုဏ်းခေါင်းဆောင်မျိုးလဲ? အရမ်းကို ဆင်းရဲမွဲတေနေတာ။ ငါ့ကို ကြက်ခြေထောက်တစ်ခုတောင် မကျွေးနိုင်ဘူး!”

တစ်ဦးတည်းသော တပည့်လေးခင်မျာ ချက်ချင်းပဲ အကြီးကဲတွေအားလုံးရဲ့ အမြင်ကပ်မှုကို လက်ခံရရှိလိုက်သည်။

'ဒီပေါင်မုန့်ကြမ်းတစ်ခု ရဖို့ဆိုတာ ခဲယဉ်းတဲ့ ကိစ္စတစ်ခုပဲ။ ခေါင်းဆောင်က ငါတို့ကို ချီးမြှင့်နိုင်ဖို့ အရမ်းကြိုးစားခဲ့ရတာ။ ဘာကိစ္စ သူ့ကိုပြဿနာ ရှာနေရတာလဲ?’

………….

All Chapters