← Chapters

သူတို့တွေကလား

Vol. 13 Ch. 169

သူတို့တွေကလား

Vol. 13 Ch. 169

“သခင်လီ ကျုပ်တို့မတွေ့တာတောင် တော်တော်ကြာပြီ။ မင်းဘယ်လိုနေလဲ?”

ကျူးကော့လုံ ချက်ချင်းပဲနှုတ်ဆက်လိုက်သည်။ တစ်ချိန်ထဲမှာပင် လီလင်ပုရဲ့သယ်ဆောင်လာတဲ့ငွေတွေကို တိတ်တဆိတ် စစ်ဆေးလိုက်သည်။ မြောက်များစွာသော ငွေပမာဏကိုမြင်တာနဲ့ ကျူးကော့လုံရဲ့မျက်နှာမှာ အပြုံးတစ်ခုဝင်ရောက် လာ၏။

လီလင်ပုလည်းချက်ချင်းပဲ သဘောပေါက်လိုက်၏။ ထို့ကြောင့် မနေနိုင်စွာသက်ပြင်းချလိုက်သည်။

“အရှင်မင်းကြီးရဲ့ကျေးဇူးနဲ့ ကျုပ်တော်တော်လေး သက်တောင့်သက်သာနေရပါတယ်။ ဒါပေမယ့် ကျန်းပိုင်မင်းသား ကတော့ အခုရှေ့တန်းမှာ တော်တော်လေးခက်ခဲနေတော့မှာပဲ”

“နည်းနည်းပါးပါးပါ!”

ကျူးကော့လုံခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက်မှာ သူကနူးညံ့စွာပြောလိုက်၏။

“ဒါပေမယ့် တရှားပြည်သူတွေအတွက် ဒီလောက်ဒုက္ခကတော့ ကျုပ်ပေးဆပ်သင့်တာပေါ့။ ပြီးတော့ အရှင်မင်းကြီး ဘက်က အခုလိုမျိုးပြည်သူတွေအပေါ် ဂရုစိုက်မှုပြသတာ ကောင်းချီးတစ်ခုပဲလေ။ ဒီနေ့ အမတ်လီ ငွေဘယ်လောက် ယူလာခဲ့လည်း သိချင်မိတယ်”

ကျူးကော့လုံက ပြောနေရင်းနဲ့အနောက်မှာရှိနေသော များပြားတဲ့ကုန်ယဉ်တန်းကိုကြည့်လိုက်သည်။ သူ့အနေနဲ့ မကြည့် လိုက်ရင်တောင်မှ အဆင်ပြေဦးမည်။ ဒါပေမယ့် ကြည့်လိုက်မိတာနဲ့ ချက်ချင်းပဲ အံ့အားသင့်သွား၏။

ကုန်သည်ယဉ်တန်း အနားတွင်ရှိနေသော လူတိုင်းသည် အင်အားကြီးတဲ့အရှိန်အဝါတစ်ခုကို ထုတ်လွတ်နေ၏။ လိုက်ပါပို့ဆောင်သော တပ်ဖွဲ့ တွင် အလွန်မြင့်မားသော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားဟန်ရှိသည်။

ကျူးကော့လုံ မနေနိုင်စွာဖြင့် လီလင်ပုကို ထပ်မံကြည့်ရှုမိသွား၏။

'ဒီလူတွေအများကြီးကို ဘယ်ကနေရှာဖွေခဲ့တာလဲ? ငါအမြင်မှားတာများလား’

ကျူးကော့လုံမနေနိုင်စွာ ထပ်မံစစ်ဆေးလိုက်သည်။ ထိုအချိန်မှာတေ့ာ သူရဲ့မျက်နှာပေါ်က အံ့အားသင့်နေတဲ့ အမူအယာကို လုံးဝမထိန်းထားနိုင်တော့ပေ။

'သေစမ်း! တကယ်ကို အမှန်ပဲဟ!’

ကျူးကော့လုံတွေးနေချိန်မှာပဲ လီလင်ပုရဲ့စကားသံကို ကြားလိုက်ရ၏။

“အများကြီးမဟုတ်ပါဘူး။ ငွေတုံးသန်းသုံးဆယ်လောက်ပဲ။ ထပ်ပြီးလာဖို့ရှိပါသေးတယ်။ ဒါကြောင့် ကျန်းပိုင်မင်းသား အနေနဲ့ မဟာတံတိုင်းဆောက်မယ့်နေရာမှာပဲ အာရုံစိုက်ထားပေးပါ။ ငွေကြေးပြဿနာကို အရှင်မင်းကြီးက တာဝန်ယူပေး လိမ့်မယ်”

“အိုး ဟုတ်လား?”

“ဘာ! ဘယ်လောက်လို့ပြောလိုက်တာ!”

ကျူးကော့လုံအနေနဲ့ ငွေတွေရောက်လာဖို့ကို တကယ်ပဲမျှော်လင့်ခဲ့မိပါသည်။ ဒါပေမယ့် အခုလိုမျိုးများပြားလှတဲ့ သန်းသုံး ဆယ်လောက်ထိ ဘယ်သူကထင်ခဲ့မိမှာလဲ!

အံ့ဩမှုကြောင့် ကျူးကော့လုံတစ်ယောက် အိန္ဒြေရှိတဲ့ပုံရိပ်ကိုပင် ဆုံးရှုံးလုနီးနီးဖြစ်သွားလေရဲ့။

ဒါပေမယ့် လီလင်ပုက အများကြီးမတုံ့ပြန်ခဲ့ပေ။ တစ်ချက်သာ ရယ်ခဲ့သည်။

“သန်းသုံးဆယ်ထဲပါ! အရှင်မင်းကြီးက ဒီကိစ္စကို အမြှော်အမျှင်ရှိရှိ ဆောင်ရွက်ခဲ့တာ။ အရှင်မင်းကြီးရဲ့အစီအစဉ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျုပ်လုံးဝ စွမ်းဆောင်နိုင်ခဲ့မှာမဟုတ်ဘူး!”

လီလင်ပုက ပြောနေရင်းနဲ့ အနီးနားမှာရှိတဲ့ကုန်ယာဉ်တန်းကို လက်ညှိုးထိုးပြလိုက်သည်။

“ငွေတွေအားလုံးက အဲ့ဒီမှာပဲ။ အမြန်လူခေါ်ပြီး သယ်ခိုင်းလိုက်ပါ။ ဪ ပြီးတော့ ဒီယာဉ်ကိုလိုက်ပို့နေတဲ့ အဲဒီလူတွေကို တွေ့တယ်မလား။ သူတို့ကို လမ်းကနေခေါ်လာခဲ့တာ။ သူတို့ကိုလည်း အတူတူထားခဲ့လိုက်မယ်!”

“တံတိုင်းဆောက်တဲ့နေရာမှာ လူလိုနေတယ်လို့ပြောခဲ့တယ်မလား? ဒါကြောင့် ဒီလူတွေနဲ့ဖြည့်လိုက်လေ!”

“သူတို့ရဲ့ လုပ်အားခကတော့…”

လီလင်ပု ခဏရပ်သွားခဲ့သည်။ ထို့နောက်မှာ ဝေ့တပ်သားတွေကို လှမ်းကြည့်လိုက်၏။

“တကယ်တော့ ဒီလူတွေက ကျုပ်တို့ကို လမ်းမှာ ဓါးပြတိုက်ခဲ့တဲ့ တောပုန်းဓါးပြတွေပါ။ ဓါးပြတွေဆိုမှတော့ သူတို့အတွက် လခပေးဖို့မလိုအပ်တော့ဘူး။ သူတို့အနေနဲ့ နေ့စဉ်အစားကောင်းစားရဖို့ပဲ သေချာအောင် ကျန်းပိုင်မင်းသား ဆောင်ရွက်ပေးပါ။ ဒါဆိုရင် ပြဿနာမှမရှိတော့ဘူး”

လီလင်ပုက ပြောနေရင်းနဲ့ ကျန်းပိုင်မင်းသားကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

ကျူးကော့လုံအံ့အားသင့်သွား၏။ ထို့နောက်မှာ လူတွေအားလုံးကို လှည့်ကြည့်လိုက်သည်။

“သူတို့လား?”

ကျူးကော့လုံရဲ့မျက်နှာထားက အခြေအနေကို နားမလည်သေးဟန်ရှိသည်။ လီလင်ပု မြင်တဲ့အခါမှာ ပတ်ဝန်းကျင်ကို အရင်စစ်ဆေးလိုက်၏။ ထို့နောက်မှာ ကျူးကော့လုံရဲ့အနားကို တိုးကပ်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။

“သူတို့အားလုံးက တကယ်တော့ တောပုန်းဓါးပြတွေအဖြစ် ဖုံးကွယ်ထားတဲ့ဝေ့တပ်သားတွေပဲ။ ငွေတွေကိုလုယူဖို့ကြိုးစားခဲ့တာ။ ဝေ့တိုင်းပြည်ဘက် မရိုးသားဘူးဆိုမှတော့ ကျုပ်တို့ကလည်း အမြတ်ထုတ်ရမှာပေါ့။ ဘယ်လိုနေနေ ဒီကိစ္စကို ကျန်းပိုင်မင်းသားရဲ့လက်ကိုအပ်ခဲ့ပြီ။ ဘယ်လိုရင်ဆိုင်ဆုံးဖြတ်မလဲဆိုတာတော့ ကျန်းပိုင်မင်းသားရဲ့ ဆုံးဖြတ်ချက်ပဲ။ သေချာတာကတော့ ဒါတွေအားလုံးက ကျုပ်ဆောင်ရွက်တာမဟုတ်ဘူး။ အရှင်မင်းကြီးရဲ့ အမျှော်အမြင်ကြီးလှသော အစီအရင်တွေပါပဲ!”

လီလင်ပုကပြောပြီးတာနဲ့ ချောင်းနှစ်ချက်လောက်ဟန့်လိုက်သည်။

“အဟမ်း အဟမ်း”

“ဒါပါပဲ!”

လီလင်ပုကပြောပြီးတာနဲ့ ကျူးကော့လုံရဲ့ပုခုံးကိုပုတ်လိုက်၏။

လီလင်ပုရဲ့စကားလုံးတွေက တိုးပေမယ့် ကျင့်ကြံသူတွေအားလုံးသည် ကောင်းမွန်တဲ့လေ့ကျင့်မှု ရှိထားသူများဖြစ်သည်။ ထို့ကြောင့် စကားလုံးတိုင်းကိုရှင်းလင်းစွာကြားလိုက်ကြ၏။ လီလင်ပုရဲ့စကားလုံးတွေကြောင့် သူတို့ရဲ့မျက်နှာသည် မထိန်း နိုင်စွာ တွန့်လိမ်သွားခဲ့သည်။

“ဒီကောင်က အစကနေအဆုံးထိကြံစည်နေခဲ့တာပဲ!”

“ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ဘုရင်က အစကနေအဆုံးထိ ဒီအခြေ အနေတွေအားလုံးကို မျှော်မှန်းထားခဲ့တာပေါ့!”

ရှကျိုးယွီနဲ့ပတ်သက်ပြီး အကုန်လုံးသိချင်သွားခဲ့သည်။

ကျူးကော့လုံ ချက်ချင်းပဲ ဝေ့တပ်သားတွေရှိရာကို လှမ်းကြည့်လိုက်၏။ သူတို့ရဲ့မျက်လုံးတွေက ထိတ်လန့်နေဟန်ရှိသည်။

'ဒီလိုကိစ္စမျိုးဖြစ်လာမယ်လို့ ဘယ်သူကများ ထင်ခဲ့မိမှာလဲ?

အရှင်မင်းကြီးက တကယ်ကို အမျှော်အမြင်ကြီးမားလိုက်တာ!’

ရှကျိုးယွီကို ကျူးကော့လုံ အလွန်လေးစားသွားခဲ့သည်။ ရှကျိုးယွီရဲ့ကောင်းမွန်သော ရည်ရွယ်ချက်ကိုလည်း နားလည်စ ပြုလာပြီပင်။ ကျန်းနန်းမြို့ရဲ့အခွန်ငွေသည် တိုင်းပြည်ရဲ့ငွေဖြစ်သည်။ သူ့အနေနဲ့ထိပါးလို့မရဘူး။

အရှင်မင်းကြီးရဲ့တစ်ကယ့်အကြံအစည်က မဟာမိတ်တိုင်းပြည်တွေရဲ့ ပိုက်ဆံကိုအငှားယူမယ်။ ဒါ့အပြင် သူတို့တွေရဲ့ လူတွေကိုပါ ခေါ်သုံးပြီး တိုင်းပြည်အတွင်းမှာအသုံးချဖို့ပဲ!

ဒီလိုဆိုရင် တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းတည်ဆောက်တဲ့ စီမံကိန်းက အများကြီးမြန်ဆန်လာလိမ့်မည်!

အရှင်မင်းကြီးက တကယ်ကိုစစ်တုရင်မှာ ထူးချွန်တဲ့ဆရာတစ်ပါးလိုမျိုး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချယ်လှယ်ချင်တာပဲ!

ကျူးကော့လုံရဲ့ အလွန်အမင်းအံ့အားသင့်နေသော မျက်နှာထားကြောင့် လီလင်ပု တွေးမိသွားခဲ့သည်။ ငွေတွေအများကြီး ရလိုက်လို့ ပျော်နေတာပဲလို့ ထင်မိသည့်တဲ့အတွက် သူပါပြုံးမိသွား၏။ ထို့ကြောင့် ကျူးကော့လုံရဲ့နားထဲကို ကပ်ပြော လိုက်သည်။

“အရမ်းကြီး စိတ်မလှုပ်ပါသေးနဲ့ဦး။ ငါပြောတာနားထောင်။ အဲ့ဒီအနောက်မှာ ရပ်နေတဲ့အဖိုးကြီးတွေကို မြင်လား?”

လီလင်ပုက ပြောပြီးတာနဲ့မဝေးသောနေရာမှာ ရပ်နေတဲ့အကြီးအကဲတွေကို လက်ညှိုးထိုးပြလိုက်သည်။

လီလင်ပုရဲ့စကားလုံးတွေကြောင့် အကြီးအကဲတွေရဲ့မျက်နှာက ထပ်မံပြီးတွန့်လိမ်သွားခဲ့ပေမယ့် ဘယ်သူကမှ မတုံ့ပြန်ခဲ့ ကြပေ။

ကျူးကော့လုံလည်း ချက်ချင်းပဲလှည့်ကြည့်လိုက်သည်။

“ဘယ်သူတွေလဲ?”

“သူတို့ရဲ့လာရင်းကို ကျုပ်လည်းမသိဘူး။ ဒါပေမယ့် မှတ်ထားပါ။ သူတို့က ထျန်းချီတာဝါရဲ့လက်အောက်ကသူတွေပဲ.. မဟုတ်တော့ဘူး၊ သူတို့ကအခုအရှင်မင်းကြီး ခန့်အပ်ထားတဲ့ တရှားတိုင်းပြည်အတွက် ကူညီပေးမယ့်သူတွေဖြစ်သွားပြီ။ သူတို့နဲ့ လည်း ကျုပ်ဆွေးနွေးခဲ့ပြီးပြီ။ ကျန်းပိုင်မင်းသား တကယ်လို့ တံတိုင်းဆောက်တဲ့နေရာကို ပြန်ရောက်ခဲ့ရင် တံတိုင်းကို အပိုင်းလေးတွေခွဲပြီး သူတို့တွေကို နေရာအတိအကျ မျှဝေပေးလိုက်ပါ။ သူတို့ရဲ့လူတွေနဲ့ တံတိုင်းကိုဆောက်လုပ်ပါစေ!”

“သူတို့ကို နေရာအများကြီးပေးစရာမလိုဘူး။ တစ်ယောက်ကို မိုင်တစ်ရာလောက်ဆိုရင် လုံလောက်ပြီ!”

“စိတ်မပူပါနဲ့။ သူတို့တွေက ထျန်းချီတာဝါကနေတဆင့်ရောက်လာမို့လို့ အကုန်လုံးကို ယုံကြည်လို့ရတယ်! တစ်ခုခု မှားယွင်းခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထျန်းချီတာဝါကို တိုက်ရိုက်သွားရှာလိုက်လို့ရတယ်!”

လီလင်ပုရဲ့မျက်နှာပေါ်မှာ ကျယ်ပြန့်တဲ့ အပြုံးကြီးတစ်ခုဖြစ်ပေါ်နေခဲ့သည်။

အကုန်လုံးကြားနိုင်သော အကြီးအကဲတွေရဲ့မျက်နှာကတော့ အလွန်အမင်း ပျက်ယွင်းနေပီပင်။

'သေစမ်း။ စကားကို အဲ့လိုမျိုးပြောလို့ရလား!’

'တစ်ခုခုမှားတာနဲ့ ထျန်းချီတာဝါကို သွားရှာလိုက်ဆိုတာ ဘာကိုပြောချင်တာလဲ? တရှားတိုင်းပြည်နဲ့ ထျန်းချီတာဝါရဲ့ ဆက်ဆံမှုကတစ်ကယ်ပဲ ဘယ်လောက်တောင်ကြီးမားတာလဲ?’

'ဘယ်သူက လီလင်ပုကို ဒီလောက်များပြားတဲ့ယုံကြည်မှုတွေ ပေးထားတာလဲ!’

ထိုစကားလုံးတွေက ကျူးကော့လုံအတွက်တော့ အလင်းတန်းတွေ ဆောင်ကျဉ်းပေးသွားခဲ့သည်။ ကျူးကော့လုံသည် နေရာမှာတင် အံ့အားသင့်စွာရပ်နေခဲ့ပြီး အချိန်တစ်ခုကြာသည်အထိ အံ့ဩမှုကနေရုန်းမထွက်နိုင်ခဲ့ချေ။

“ဒါက……….ဒါက အမှန်ပဲလား?”

“အမှန်ပဲလေ။ ကျုပ်က ဘာလို့လိမ်ရမှာလဲ? ဒီအရာတွေအားလုံးကို အရှင်မင်းကြီးကိုယ်တိုင် စီစဉ်ထားခဲ့တာပဲ။ ဒီကုန်သွယ်မှုမှာ တာဝန်ရှိတဲ့သူကလည်း ကျုပ်မဟုတ်ဘူး။ အရှင်မင်းကြီးပဲ။ ဘယ်ကိစ္စကိုမှ ကျုပ်စီစဉ်ထားခဲ့တာမဟုတ်ဘူး”

လီလင်ပု အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

တရှားရဲ့ဘုရင်က အရမ်းကို စိတ်ချလို့ရတဲ့ အားကိုးဖွယ်ရာလူတစ်ယောက်ဟု လီလင်ပု ထင်မြင်မိ၏။ မဖြစ်နိုင်တဲ့အရာတွေ အားလုံးကို ဖြစ်နိုင်အောင်ပြုလုပ်ပေးသွားခဲ့သည်။ ဒီလိုဆိုရင် နှစ်လအတွင်းမှာပဲ တရှားရဲ့မဟာတံတိုင်းကိုလည်း အောင်မြင်စွာဆောက်လုပ်နိုင်တော့မည်!

အခုလိုမျိုး အကြီးအကဲများစွာရဲ့ အထောက်အပံ့ကိုပါ ရလာခဲ့တဲ့အတွက် တရှားတိုင်းပြည်ရဲ့တံတိုင်းကို တစ်တိုင်းပြည်လုံးပါ ကာရံထားလို့ ရနိုင်တော့မည်!

“ဒါက …….!”

ကျူးကော့လုံး တစ်ကယ်ပဲ တပ်သားတွေနဲ့ငွေတွေရောက်လာဖို့ မျှော်လင့်ခဲ့ပါသည်။ ဒါပေမယ့် အခုလောက်ထိ များပြား ကျယ်ပြန့်တဲ့ ပမာဏမျိုးရရှိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ မျက်စိရှေ့ကရာချီတဲ့အင်အားကြီး ကျင့်ကြံသူတွေ အားလုံးက ဘယ်လိုလုပ် သူ့ရဲ့စကားကိုနာခံမှာလဲ? ကျူးကော့လုံ အချိန်အကြာကြီး‌တွေးတောနေခဲ့သည်။ ထို့နောက်မှာ အကြီးအကဲ တွေရှိရာကို ခပ်ဖြေးဖြေးလျှောက်သွားလိုက်ပြီး…

“အကုန်လုံးကို နှုတ်ဆက်ပါတယ်!”

ကျူးကော့လုံရဲ့စကားကြောင့် အကုန်လုံးလည်း ချက်ချင်းပဲပြုံးကာ ပြန်လည် နှုတ်ဆက်လာခဲ့သည်။

“ကျန်းပိုင်မင်းသားကို နှုတ်ဆက်ပါတယ်”

အကြီးအကဲတွေဘက်က ဖော်ရွှေမှုကိုမြင်ရတဲ့အခါမှသာ ကျူးကော့လုံစိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်ခဲ့တော့သည်။ ထို့နောက်မှာ အားလုံးကိုကြည့်လိုက်ပြီး…

“အမတ်လီပြောခဲ့တာနဲ့ပတ်သက်ပြီး အကုန်လုံးမှာ ငြင်းဆိုချက်ရှိပါသလား?

……….

All Chapters