← Chapters

လီချင်းလွမ်ရဲ့ ပူပင်မှု

Vol. 13 Ch. 173

လီချင်းလွမ်ရဲ့ ပူပင်မှု

Vol. 13 Ch. 173

တော်ဝင်နန်းတော်အတွင်းတွင် လီချင်းလွမ်သည် ဆေးလုံးများ ဖန်တီးနေခဲ့သည်။ သူမရဲ့ နဖူးပြင် တစ်ခုလုံးလည်း ချွေးများ စိုရွှဲနေ၏။ အင်္ကျီတစ်ခုလုံးလည်း စိုရွှဲနေပြီဖြစ်သည်။

ခန္ဓာကိုယ်တွင် ကပ်နေသော အင်္ကျီကြောင့် ပုန်းကွယ်နေသည့် အလှတရားများ ထွက်ပေါ်လာခဲ့ပြီး မြင်သူတိုင်းကို မိန်းမောတဲ့ ခံစားချက် ခံစားရစေသည်။

ဒါပေမဲ့ လီချင်းလွမ်ကတော့ ဒါတွေကို ဂရုမစိုက်ပါချေ။ သူမရဲ့ နှလုံးသားထဲမှာ ဆေးလုံးဖန်တီးဖို့ တစ်ခုသာရှိသည်။

အချိန်နဲ့အမျှ သူမရဲ့ ဆေးလုံးဖန်တီးမှု ပညာရပ်ကလည်း တိုးတက်လာ၏။ သဘာဝအတိုင်း တိုးတက်လာခဲ့သော ဆေးပညာကြောင့် သူမသည် အခုဆိုရင် သာမန်ဆေးလုံးတွေ သာမကဘဲ ရှားပါးဆေးလုံးတွေကိုပါ ဖန်တီးနိုင်ပြီ ဖြစ်သည်။ သေချာပေါက် သူမရဲ့ နှစ်များစွာ ကြိုးစားခဲ့သော ဆေးပညာ အခြေခံပေါ်လဲ မူတည်တာပေါ့။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ မဆုတ်မနစ် ကြိုးစားခဲ့သော အလုပ်ကြိုးစားမှုတွေလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

သူမက ဆေးပညာကလွဲရင် အရာအားလုံးကို လျစ်လျူရှုထား၏။ သူမရဲ့ နေ့ရက်တွေအားလုံးကို ဆေးလုံးစမ်းသပ်ခန်း အတွင်းမှာပဲ ကုန်ဆုံးခဲ့သည်။ လုံလောက်တဲ့ ဆေးလုံး အထောက်အပံ့ပစ္စည်းများ အဆက်မပြက် ရှိနေသည့်အတွက် သူမသည် ဆေးလုံးများစွာကို ဖန်တီးခဲ့သည်။ အမျိုးအစားတွေကလည်း တဖြည်းဖြည်း စုံလင်လာ၏။ ထူးဆန်းသော အကျိုးရလဒ်ကို ဖြစ်ပေါ်စေသည့် ဆေးလုံးများစွာကိုပါ ဖန်တီးနိုင်ခဲ့သည်။ သူမရဲ့ ဆေးလုံးဖန်တီးမှု နည်းစနစ်က အချိန်နဲ့အမျှ တိုးတက်လာသည်။

ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ လီချင်းလွမ် တစ်ခုခုကို ခံစားနေရသည်။ နောက်ဆုံးအသုတ် ဆေးလုံးကို စုဆောင်းပြီးနောက်မှာတော့ လီချင်းလွမ် မနေနိုင်စွာဖြင့် မီးပေါင်းဖိုကို လှည့်ကြည့်လိုက်သည်။

"ထူးဆန်းတယ်။ ဒီမီးပေါင်းဖိုက ဒီရက်ပိုင်း သိပ်အလုပ်မလုပ်သလိုပဲ။ ဒါပေမဲ့ ဘာမှားနေတာလဲဆိုတာ ငါ ပြောလို့မရဘူး"

လီချင်းလွမ် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ မျက်စိရှေ့က မီးပေါင်းဖိုကိုလည်း အကြိမ်ကြိမ် စစ်ဆေးလိုက်၏။ ဒါပေမဲ့ သူမ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာမတွေ့သေးချေ။

"ဆေးဆရာမ ဒီရက်ပိုင်း နေထိုင်မကောင်းလို့ပါလား?"

အခန်းထဲရှိ ဆေးအကူမလေးလည်း မနေနိုင်စွာဖြင့် မေးလာခဲ့သည်။

လီချင်းလွမ် ပထမတော့ အံ့သြသွားခဲ့သည်။ ထို့နောက်မှာ ထိုကောင်မလေးကို စိုက်ကြည့်လိုက်သည်။

လီချင်းလွမ်ရဲ့ အကြည့်ကြောင့် ထိုကောင်မလေး ချက်ချင်းပဲ စကားပြော မှားသွားခဲ့တာကို သဘောပေါက်သွား၏။ သူမရဲ့ခေါင်းကို ချက်ချင်း ငုံ့လိုက်တော့သည်။

"ဆရာမ၊ ကျွန်မ ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ ဆေးဆရာမကို စိတ်ပူလို့ပါ"

"ငါသိတယ်။ ဒီရက်ပိုင်း တစ်ခုခု မူမမှန်တာကို နင်လည်း သတိထားမိလို့လား?"

လီချင်းလွမ်က ထိုကောင်မလေးကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေခဲ့သည်။ သူမက အသက်၁၃နှစ်သာ ရှိသေးပေမဲ့ သိတတ်လိမ္မာကာ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက် ဖြစ်သည်။ အရွယ်ရောက်လာရင် သေချာပေါက် အလှလေးတစ်ယောက် ဖြစ်လာမှာပဲ။ ဒီကောင်မလေးကို သူမ ဘုရားကျောင်းမှာ ရှိနေစဥ်က ခေါ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူမနဲ့အတူရှိတာ ၅နှစ်တောင် ကြာခဲ့ပြီ။

"ဒါက..."

ထိုကောင်မလေးက အနည်းငယ် တွန့်ဆုတ်နေခဲ့ပြီး ခေါင်းမော့ မကြည့်ရဲသေးပေ။

"လျိုလီ၊ ခေါင်းမော့ပါ"

လီချင်းလွမ် ရယ်ကာ ပြောလိုက်သည်။ လျိုလီဟုခေါ်သော မိန်းကလေး ချက်ချင်းပဲ ခေါင်းမော့လာ၏။ သူမရဲ့မျက်နှာက ကလေးဆန်တဲ့ ပုံပေါက်ပေမဲ့ ချစ်စရာကောင်းလှသည်။ သူမရဲ့ ပါးနှစ်ဖက်မှာလည်း မီးခိုးများ ပေနေ၏။ ဒါပေမဲ့ သူမရဲ့အလှကိုတော့ လျော့မသွားစေခဲ့ပေ။

"ငါ မေးမယ်။ ဒီရက်ပိုင်း ငါ့ဆေးပညာရဲ့ တိုးတက်မှုက နှေးလာတယ်လို့ မထင်ဘူးလား?"

လျိုလီ အနည်းငယ် အံ့သြနေခဲ့သည်။ ပထမတော့ သူမက ခေါင်းညိတ်လိုက်၏။ ထို့နောက်မှာ ချက်ချင်းပဲ ခေါင်းယမ်းလိုက်သည်။

"တကယ်တော့ မင်း ဒီလောက်ထိ သတိထားနေစရာ မလိုပါဘူး။ ငါ့ဟာငါ သိတယ်။ ငါ့ရဲ့တိုးတက်မှုက ဘယ်လို အခြေအနေရှိလဲဆိုတာကို"

လီချင်းလွမ်က ရယ်ကာ ပြောလိုက်သည်။ ထို့နောက်မှာ လျိုလီကို ကြည့်လိုက်၏။

"လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်း ရှိတယ်။ လူတစ်ချို့က မင်းကို ယာယီတော့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သူတို့က ထာဝရ မကူညီပေးနိုင်ဘူး။ ငါ အရင်က ဆေးလုံးတွေကို အမြန်ဖန်တီးနိုင်ခဲ့တာက တစ်ယောက်ယောက်က အနောက်ကနေ တိတ်တဆိတ် ပံ့ပိုးပေးနေခဲ့လို့ပဲ။ အခု အဲဒီထောက်ပံ့မှု မရှိတော့ဘူးဆိုတော့ ငါ့ရဲ့ လျင်မြန်မှုက သေချာပေါက် လျော့နည်းသွားမှာပဲလေ။ ဒါပေမဲ့ ငါ့မှာ အရင်တုန်းကတည်းက ရရှိထားပြီးသား အတွေ့အကြုံတွေ ရှိပါတယ်။ အခု ငါ့ရဲ့ ဆေးလုံးဖန်တီးတဲ့ အရှိန်က နှေးသွားတယ်ဆိုပေမဲ့ တိုးတက်နေဆဲပဲ"

လီချင်းလွမ်က သူမကိုယ်သူမ ပြောလိုက်သည်။ ပြောပြီးတာနဲ့ သူမက နန်းတော် အတွင်းဘက်ကို လှမ်းကြည့်လိုက်၏။

သူမ လိမ်ညာပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ဒီရက်ပိုင်းအတွင်း မီးပေါင်းဖိုရဲ့ ပြောင်းလဲမှုက သိသာလာသည်။ အရင်တုန်းက သူမ ဆေးလုံးဖန်တီးတဲ့ အချိန်တိုင်းမှာ ဆန်းကြယ်တဲ့ အင်အားတစ်ခုကို ခံစားခဲ့ရပြီး ထိုအင်အားက သူမ ဆေးလုံးဖန်တီးရာမှာ အကူအညီပေးခဲ့သည်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ အဲဒီအင်အားကို ရှာမတွေ့ခဲ့ဘူး။

အဲဒီအင်အားက ရှကျိုးယွီ အနောက်ကနေ တိတ်တဆိတ် ပံ့ပိုးပေးခဲ့လို့ဆိုတာ သူမ သေချာသိသည်။ အခုလိုမျိုး ပျောက်ကွယ်သွားရခြင်းကလည်း သူမအနေနဲ့ အကူအညီ မလိုတော့ဘူးလို့ ရှကျိုးယွီ ယူဆလိုက်လို့ပဲ။ ဒါက ကိစ္စကောင်းတစ်ခုပဲလေ!

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မကောင်းတဲ့ ကိစ္စတစ်ခုလည်း ဖြစ်သည်။

ရှကျိုးယွီထံကနေ အခုလိုမျိုး အသိအမှတ်ပြုခံရတာကို ပျော်ရွှင်ရပေမဲ့ သူမသာ တိုးတက်မှုကို မလုပ်နိုင်ခဲ့ဘူးဆိုရင် အသုံးမဝင်တော့ဘဲ နေလိိမ့်မည်။ ဒီလိုဆိုရင် သူမရဲ့ နောက်လိုက်တွေ အားလုံးလည်း ပြဿနာ တက်ရလိမ့်မည်။

လီချင်းလွမ်ရဲ့ စကားကြောင့် လျိုလီ အနည်းငယ် အံ့သြသွားခဲ့သည်။ သူမ ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်၏။

"ဆေးဆရာမ၊ ကျွန်မ နားမလည်ဘူး"

လီချင်းလွမ် လျိုလီကို ပြန်ကြည့်လိုက်သည်။ ထို့နောက်မှာ ပြုံးလိုက်ပြီး..

"မင်း ငါ့နောက်လိုက်လာတာ ၅နှစ်တောင်ကြာပြီ မဟုတ်ဘူးလား?"

လျိုလီ နားထောင်နေခဲ့သည်။ သူမ ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်၏။

"၅နှစ်နဲ့၃လ ရှိပါပြီ"

"အိမ်ပြန်ဖို့နဲ့ ပတ်သက်ပြီး တွေးခဲ့လား?"

လီချင်းလွမ် အပြုံးတစ်ခုနဲ့ပဲ မေးလိုက်၏။

"အိမ်ပြန်ဖို့ ဟုတ်လား?"

ထိုစကားလုံးသည် သက်ရောက်မှု ပြင်း၏။ ချက်ချင်းပဲ လျိုလီသည် အံ့သြစွာ ကြည့်လာခဲ့သည်။ သူမရဲ့ပုံစံက အတွေးထဲမှာ နစ်မြောသွားဟန်ပဲ။ သူမရဲ့ မျက်လုံးတွေက အတိတ်ကို လွမ်းဆွတ်နေဟန် ရှိသည်။ ထို့နောက်မှာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာတော့သည်။

"ဒါက လျိုလီရဲ့အိမ်ပါ။ ဆေးဆရာမ ကျေးဇူးပြုပြီး လျိုလီကို မောင်းမထုတ်ပါနဲ့။ လျိုလီ ဘယ်မှ မသွားဘူး!"

လျိုလီရဲ့ တုံ့ပြန်မှုကြောင့် လီချင်းလွမ် ရယ်ကာ ခေါင်းယမ်းလိုက်သည်။

"ငါ အဲလိုဆိုလိုတာ မဟုတ်ပါဘူး။ ငါ ဆိုလိုချင်တာက မင်း အိမ်ကို မှတ်မိသေးလား?"

လျိုလီ အံ့သြသွားရပြန်သည်။

"အဲဒီတုန်းက လျိုလီကို ဆရာမက ခေါ်လာခဲ့တာ။ ကျွန်မရဲ့နာမည်က လျိုလီဆိုတာပဲ သိတယ်။ ဘာကြောင့် အဲဒီနေရာကို ရောက်လာခဲ့ပြီး မူးလဲသွားခဲ့ရလဲဆိုတာ လျိုလီ လုံးဝ မမှတ်မိပါဘူး"

လျိုလီသည် ပြောပြီးတာနဲ့ ခပ်ဖြည်းဖြည်းပဲ ခေါင်းကို ငုံ့လိုက်သည်။ သူမရဲ့ နှုတ်ခမ်းကိုလည်း ကိုက်ထားလိုက်၏။ ထို့နောက်မှာ မနေနိုင်စွာ ပြောလိုက်သည်။

"ဆေးဆရာမ၊ လျိုလီ လိမ်လိမ်မာမာ နေထိုင်ပါ့မယ်။ ဒါကြောင့် လျိုလီကို မောင်းမထုတ်ပါနဲ့"

လျိုလီရဲ့ပုံစံကြောင့် လီချင်းလွမ် ဘာမှ ထပ်မမေးတော့ပေ။ လျိုလီက တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာကို သူမ ကောင်းကောင်းသိသည်။ ဒါပေမဲ့ သူမ ဂရုမစိုက်ပါချေ။

"၅နှစ်လုံးလုံး ငါ မင်းကို ဘာမှ မမေးခဲ့ဘူး။ ငါ တောင်းဆိုခဲ့တာက ငါ့အတွက် ပစ္စည်းတွေ သယ်ပေးဖို့နဲ့ ဆေးလုံးဖန်တီးတဲ့အချိန်မှာ ပစ္စည်းတွေ ယူပေးဖို့ပဲ။ နင်က ငါ့အတွက် သန့်ရှင်းရေး လုပ်ပေးရတယ် ချက်ပြုတ်ပေးရတယ် ငါ့ဘေးမှာ နေနေတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းလည်း တဖြည်းဖြည်း အသက်ကြီးလာပြီ။ သင်ယူသင့်တာတော့ သင်ယူရမယ်"

"မင်း သိလား? တရှားတိုင်းပြည်ရဲ့ ငါ့အပေါ်မှာထားတဲ့ မျှော်လင့်ချက်က ငါ ထင်ထားတာထင်တောင် မြင့်နေနိုင်တယ်။ မင်းကို ငါ့ဘေးမှာ ခေါ်ထားတာက မကောင်းတဲ့အရာလို့ ဆိုလိုတာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ဘေးမှာ ရှိနေတာက အန္တရာယ်များတယ်"

လီချင်းလွမ် မတတ်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမ ချက်ချင်းပဲ လျိုချင်းချန်ကို စဥ်းစားမိသွားသည်။ မနေနိုင်စွာ ပြောလိုက်၏။

"ဒီလိုဆိုရင်ရော? ငါ မနက်ဖြန်ကျရင် စာတစ်စောင်ရေးပြီးတော့ မင်းကို ငါ့အစ်မရဲ့တပည့် လုပ်ခိုင်းမယ်။ မင်း ဘယ်လို သဘောရလဲ?"

"လျိုလီ မသွားဘူး။ လျိုလီ ဘယ်ကိုမှ မသွားဘူး။ လျိုလီ ဆေးဆရာမရဲ့ ဘေးမှာပဲ နေမယ်!"

လျိုလီရဲ့ မျက်လုံးတွေက စိတ်ပြတ်သားမှုတို့ ပြည့်နှက်နေခဲ့သည်။

လီချင်းလွမ် အချိန်တစ်ခဏ ကြာသည်အထိ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။ သူမ လျိုလီရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ ပါးနှစ်ဖက်ပေါ်က မီးသွေးမှုန်များကိုလည်း သုတ်ပေးလိုက်၏။ အချိန်တစ်ခု ကြာပြီးနောက်မှာ သူမ သက်ပြင်းရှည်ကြီးသာ ချလိုက်တော့သည်။

ရှကျိုးယွီကို လီချင်းလွမ် စဥ်းစားမိသွား၏။ ရှကျိုးယွီကို တွေးမိတာနဲ့ သူမ ခံစားချက်တစ်ခုကိုသာ ခံစားရသည်။ ဘယ်လိုမှ နားမလည်နိုင်တဲ့ ခံစားချက်ပဲ။ အစကနေ အဆုံးထိ ရှကျိုးယွီက နားလည်ဖို့ ခဲယဥ်းတဲ့သူတစ်ယောက်ဟု သူမ ထင်မှတ်သည်။ ပထမဦးဆုံးအကြိမ် တွေ့ကတည်းက ရှကျိုးယွီနဲ့ ပတ်သက်ပြီး သူမ အကဲဖြတ်လို့ မရခဲ့ပေ။ အခုဆိုရင် ပိုတောင်ဆိုးသေးသည်။

ဒါပေမဲ့ ရှကျိုးယွီက ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက် ဆိုတာကိုတော့ သူမ နားလည်၏။

"ကောင်းပြီ။ ဒီလိုဆိုမှတော့ မနက်ဖြန်ကစပြီး မင်း ငါ့နောက်ကို လိုက်ခဲ့။ ဒါပေမဲ့ ဒါကိုတော့ မှတ်ထားရမယ်။ မင်းက တန်ဖိုးရှိနေမှ ကျန်တဲ့လူတွေကလည်း မင်းကို အသိအမှတ်ပြုလိမ့်မယ်"

ထိုစကားလုံးတွေက လီချင်းလွမ်အတွက်တော့ လျိုလီကို ပြောသည်ဆိုတာထက် သူမကိုယ်သူမ ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့။ လျိုလီ မှတ်သားထားပါ့မယ်!"

မပျော်မရွှင် ဖြစ်နေခဲ့သော လျိုလီရဲ့မျက်နှာသည် ချက်ချင်းပဲ အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။

လီချင်းလွမ်လည်း အများကြီး မပြောခဲ့ပေ။ သူမ ပြုံးလိုက်လေကာ..

"ကောင်းပြီ။ ဒီလိုဆိုရင် ငါ့ရဲ့ အရင် အကြံအစည်ကို ကြိုးစားကြည့်ဖို့ အချိန်ကျပြီ"

……….

All Chapters