ခေါင်းဆောင် ကျွန်တော်တို့ ဂရုစိုက်သင့်တဲ့ ကိစ္စရှိတယ်
Vol. 13 Ch. 174
"ဆေးဆရာမ အဲ့ဒီအကြံအစည်ကို အခုထိ လက်မလျှော့သေးဘူးလား? ဆေးဆရာမပဲ အဲ့တာက မပြည့်စုံသေးဘူးလို့ ပြောခဲ့တာမလား?"
လျိုလီ ရှုပ်ထွေးစွာဖြင့် ကြည့်လာ၏။
"ငါလည်းပဲ မတတ်နိိုင်ဘူး၊ ဒီရက်ပိုင်းအတွင်း အရှင်မင်းကြီးရဲ့ ဆေးပညာအပေါ် အာရုံစိုက်မှုက လျော့ကျလာခဲ့တယ် အခုလိုမျိုး ငါထန်ရွှမ်းဆေးလုံးကိုပဲ ဆက်တိုက်ဖန်တီးနေခဲ့မယ်ဆိုရင် ငါ့ရဲ့ တက်လမ်းအတွက် အကျိုးမထူးဘူး”
“ငါပဲ ခံစားနေရတာလားတော့ မသိဘူး ရှကျိုးယွီက ထန်ရွှမ်းဆေးလုံးကို အရမ်းစိတ်မဝင်စားသလိုပဲ ဖြစ်နိုင်တာ သူလိုချင်တာက...."
လီချင်းလွမ်နူးညံ့စွာ ပြောလိုက်သည်။
လျိုလီ မှင်သက်နေဆဲပဲ။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အရင်တစ်ခေါက်က ထန်ရွှမ်းဆေးလုံးနဲ့ပတ်သတ်ပြီး အရှင်မင်းရဲ့ ချီးကျူးစကားကို ကျွန်မကိုယ်တိုင် ကြားခဲ့ရတာ..."
"ချီးကျူးတာက ချီးကျူးတာပဲ၊ ဒါပေမယ့်ငါ အဲဒီခံစားချက်ကို ခံစားနေရဆဲပဲ ပြီးတော့ တွေးကြည့်တောမှပဲ ဒီရက်ပိုင်းအတွင်း အရှင်မင်းကြီးက ဘယ်သူနဲ့မှ မတွေ့ဆုံဖူးဆို...သူတစ်ခုခုကို စီစဥ်နေတာပဲ ဖြစ်ရမယ်"
လီချင်းလွမ် ရယ်လိုက်သည်။ သူမရဲ့ နှလုံးသားထဲမှာတော့ အနည်းငယ် စိုးရိမ်နေ၏။
ရှကျိုးယွီဘက်က သူမကို နန်းတော်အတွင်းမှာ အနှစ် ၅၀ တိတိဆေးလုံးဖန်တီးစေရမယ်ဟု ကတိပေးထားသော်ငြား သူမအနေနဲ့ အပြည့်အဝ မယုံကြည်ရဲသေးပေ။
ရှကျိုးယွီဘက်ကသာ အဆက်မပြတ် အာရုံစိုက်ပြခဲ့မယ်ဆိုရင် သူမအခုလိုမျိုး စိတ်ပျက်နေမိမှာ မဟုတ်ဘူး...။
ရှကျိုးယွီဘက်က ဂရုမစိုက်တော့မှာကို သူမ လွန်စွာစိုးရိမ်မိသည်။ ရှကျိုးယွီဘက်ကသာ သူ့ကတိကို ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် အခြေအနေတွေက ဘယ်လောက်တောင် ခဲယဥ်းသွားမလဲဆိုတာကို စိတ်ကူးယဥ်ကြည့်လို့ရပါသည်။
ဆိုရိုးစကား ရှိတဲ့အတိုင်းပဲ..
'ဆင်းရဲခြင်းကနေ ချမ်းသာလို့အဆင်ပြေသည်၊ ဒါပေမယ့် ချမ်းသာခြင်းကနေ ရုတ်တရက် ဆင်းရဲသွားရင်လား...?'
အတိတ်မှာတုန်းက သူမ ပင်ပင်ပန်းပန်း ကြိုးစားပြီး ဆေးလုံဖန်တီးရာမှာ အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေကို ခက်ခက်ခဲခဲ ရှာဖွေခဲ့သည်။ ဒါပေမယ့် အခုမှာတော့ သူစိတ်ပူစရာ မလိုအပ်တော့ပေ။
ဒီရက်ပိုင်း နန်းတော်ထဲမှာ ဆေးလုံးဖန်တီးရခြင်းသည် အလွန်သက်သောင့်သက်သာ ရှိလှသည်မို့ သူမနှစ်ခြိုက်မိသည်။
ဒါ့အပြင် ဆေးလုံးစမ်းသပ်ခန်းအတွင်းတွင် နာရီပေါင်းများစွာ လေ့ကျင့်မှုကလည်း သူမရဲ့အရည်အချင်းကိုများစွာ တိုးတက်စေ၏။ တစ်ခါတစ်ရံ မီးပေါင်းဖိုကနေ ရတတ်သော ဆန်းကြတယ်တဲ့အင်အားက သူမရဲ့ ပါရမီအထုံကိုပါ သန့်စင်ပေးဟန်ရှိသည်။
ဒီအရာတွေအားလုံးကို သူမလုံးဝ မစွန့်ပစ်နိုင်ဘူး။ ဒါကြောင့် အခုလိုမျိုး ရှကျိုးယွီဘက်က အရေးမစိုက်တာကို မြင်ရတဲ့အခါမှာ သူမပြန်လည်ကြိုးစားချင်လာသည်။
အလွန်အံ့သြဖွယ်ကောင်းလှသည့် ဆေးလုံတစ်ချို့ကို ဖန်တီးပြီး ရှကျိူးယွီရဲ့ အာရုံစိုက်မှုကို ပြန်လည်ရယူချင်မိသည်။
"ဒါပေမယ့် အဲ့ဒီဆေးလုံးက အန္တရာယ်များလွန်းတယ်လို့ ဆေးဆရာမပဲ ပြောခဲ့တာမဟုတ်ဘူးလား? ကျွန်မတို့သာ ဂရုမစိုက်ဘူးဆိုရင် ပြဿနာအကြီးကြီး တက်လာနိုင်ပါတယ်"
လျိုလီ ရှုပ်ထွေးနေဆဲပဲ။ သူမ နူးညံ့စွာ မေးလိုက်သည်။ သူမက မေးပြီးတာနဲ့ ချက်ချင်းပဲခေါင်းငုံ့လိုက်၏။ သူမ မေးခွန်းတွေအများကြီးပေးမိသွားသည်ဆိုတာကို သဘောပေါက်မိသွားတာပင်။
"အန္တရာယ်များတယ် ဆိုရင်တောင်ပဲ ငါကြိုးစားကြည့်မယ်! ငါမင်းကို လိုအပ်တာတွေ ချရေးပေးထားလိုက်မယ် နန်းတော်ထဲက အစေခံတစ်ယောက်ကို ခေါ်ပြီးတော့ ပြင်ဆင်ခိုင်းလိုက်!"
"ဒီကိစ္စက ရှကျိုးယွီရဲ့အာရုံကို ဖမ်းစားနိုင်ဖို့ပဲ မျှော်လင့်ရတယ်"
လီချင်းလွမ် နူးညံ့စွာ ပြောလိုက်၏။ ထို့နောက်မှာ သူမက ဆက်ပြောလာသည်။
"ဒီရက်ပိုင်းအတွင်း သူကအနောက်ဆောင်မှာပဲ နေနေတာ၊ ဒီဆေးလုံးက သူ့ကိုစိတ်ဝင်စား စေမလားဆိုတာ ငါမသိဘူး"
လင်အန်းစားသောက်ဆိုင်၏ အခန်း ၁၀၁ တွင် လီဖူနားနေခဲ့၏။ ထိုက်အန်းမြို့တော်ထဲကို ရောက်လာတာနဲ့ ပြောင်းလဲမှုအားလုံးကို မြင်တွေ့ခဲ့ရသည်။
အားလုံးက သူမျှော်လင့်ထားတာထက်ကို ကျော်လွန်နေခဲ့သည်။ ထို့ကြောင့် နန်းတော်အတွင်းကို သွားရောက်စစ်ဆေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ဒါပေမဲ့ အကြိမ်တိုင်း နန်းတော်အရှေ့က ဆက်မတိုးနိုင်ခဲ့ပေ။
"အဓိပ္ပါယ်မရှိတာ လုံးဝအဓိပ္ပါယ်မရှိဘူး! ရှကျိုးယွီ?! ငါဘာလို့ဆက်တိုက် စိတ်ရှုပ်ထွေးနေရတာလဲ? ရှကျိုးယွီက ဘာလို့ ထျန်းလင် ဂိုဏ်းကို စိန်ခေါ်ဖို့ ကြိုးစားနေရတာလဲ?”
လီဖူတော်တော်လေး မသက်မသာခံစားနေရသည်။ သူအတော်လေး ဒေါသထွက်နေ၏။ ဒါပေမယ့် သူ့ရဲ့ဒေါသတွေကို ပုံချစရာနေရာ မရှိခဲ့ပေ။
ထို့ကြောင့် လူတစ်ယောက်ကို ရှာပြီး စကားပြောချင်လာသည်။ ဒါပေမယ့် အခုလိုကျယ်ပြောလှသည့် ထိုက်အန်းမြို့တော်အတွင်းမှာ သူ့အနေနဲ့ ရှာဖွေဖို့ရန် တစ်ယောက်မှ မရှိခဲ့ပေ။ လွန်စွာ အထီးကျန်လှ၏။ နောက်ဆုံးတော့ လီဖူဆွေးနွေးရန် လူတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ပေ။
"ဘာတွေ ဖြစ်နေတာလဲ? ငါဆက်လက်ပြီး ပူးပေါင်းသင့်ရဲ့လား?”
လီဖူခပ်တိုးတိုးရေရွတ်လိုက်သည်။
ထျန်းချှတာဝါဘက်က သူ့ကိုပူးပေါင်းဖို့ရန် သံတမန်အနေနဲ့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ လီဖူတစ်ယောက် လွန်စွာကူကယ်ရာမဲ့နေတော့၏။
ထျန်းလင်ဂိုဏ်းကို ရန်စခြင်းက ရှကျိုးယွီရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး အခုလိုမျိုး တိုင်းပြည်ရဲ့ ကိစ္စမှာ သူ့အနေနဲ့ ဝင်ပါလို့မရပေ။ ထျန်းချီတာဝါရဲ့ စည်းမျဥ်းတွေကို မသိကျိုးကျွန်ပြုပြီး အခွင့်အရေးယူကာ ဝင်ပါလိုက်မယ်ဆိုရင် အခုပြဿနာမတက်ရင်တောင်မှ နောက်ပိုင်းကျရင် ပြဿနာတက်လာနိုင်သည်။
လူတစ်ယောက်ရှာတွေ့သွားတာနဲ့ သူ့အနေနဲ့ တာဝန်အပြည့်အဝ ယူရလိမ့်မည်။ ဒီကိစ္စကို မတားမြစ်ပြန်ရင်လည်း တရှားတိုင်းပြည်နဲ့ ပူးပေါင်းဖို့အတွက်က မသေချာတော့ပေ။
သူတို့သာချောမွေ့စွာ ပူးပေါင်းနိုင်ပြီး ကိစ္စတွေက အဆင်ပြေမည်ဆိုရင် အရာအားလုံးလွယ်ကူဦးမည်။ ဒါပေမယ့် အခုတော့…
လီဖူရဲ့ နှလုံးသားက ချက်ချင်းပဲ ဒေါသတို့နဲ့ ပြည့်နှက်နေခဲ့သည်။ ဒါပေမယ့် သူဘယ်နေရာမှာ ဒေါသပုံချရမလဲ မသိတော့ပေ။
တိတ်တဆိတ်ပဲ နှလုံးသားထဲက ဒေါသတွေကို ပြန်လည်ချုပ်ထိန်းလိုက်၏။
'မဟုတ်သေးဘူး... ငါတစ်နေရာရာမှာ အကြည့်လွှဲသွားတာပဲ ဖြစ်ရမယ်။ ရှကျိုးယွီက အခုလိုမျိုး လုပ်ရဲတယ်ဆိုမှတော့ သူ့မှာအကြောင်းအရင်း သေချာပေါက်ရှိရမယ်..’
'ဒါပေမယ့် အကြောင်းအရင်းက ဘာလဲ?’
ထျန်းချီဂိုဏ်းကို ပြန်ခဲ့စဥ်က သခင်ကြီးနဲ့ ပြောခဲ့တဲ့စကားတွေကို လီဖူပြန်လည်တွေးတောလိုက်သည်။
ချက်ချင်းပဲ လီဖူရဲ့စိတ်က မှန်တစ်ချပ်လိုမျိုး ကြည်လင်လာခဲ့သည်။ ဒေါသတွေလည်း ပျောက်ကွယ်သွားခဲ့၏။
"ငါတို့စတွေ့တုန်းကတည်းက ထျန်းချီတာဝါရဲ့ အင်အားကိုအသုံးပြုပြီး အကျိုးအမြတ်ထုတ်ဖို့ ရှကျိုးယွီက ကြိုးစားခဲ့တာ”
“သူ့ရဲ့အဲဒီလိုမျိုး ရဲတင်းတဲ့ အကျင့်စရိုက်နဲ့ဆိုရင် ထျန်းလင်ဂိုဏ်းကို ရန်စတာကလည်းပြဿနာတစ်ရပ် မဟုတ်လောက်ဘူး"
ပြောရမယ်ဆိုရင် ထျန်းချီတာဝါဂိုဏ်းသာမကဘဲ ထျန်းလင်ဂိုဏ်းကလည်း တိုင်းပြည်အားလုံးရဲ့ အထက်တွင်ရှိသည်။
အခုလက်ရှိတွင် ရှကျိုးယွီရဲ့ လုပ်ရပ်က ထျန်းလင်ဂိုဏ်းကို သေချာပေါက် မကျေမချမ်းဖြစ်စေလိမ့်မည်။
ဒါပေမဲ့ ထျန်းလင်ဂိုဏ်းရဲ့ အမြင်ကိုသာ အောင်မြင်စွာလှည့်စားနိုင်ခဲ့မယ်ဆိုရင် နောက်ပိုင်းကျရင် တရှားတိုင်းပြည်အတွက် အလွန်ခိုင်မာတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်!
"ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ တိုးတက်မှုကလည်း သေချာပေါက်မြင့်တက်သွားမှာပဲ!"
လီဖူရဲ့နှလုံးသားက အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့ရဲနှလုံးသားထဲမှာ မျှော်လင့်ချက်တို့ ပြန်လည်ဝင်ရောက်လာ၏။
တစ်ခါတုန်းက အရှင်မင်းကြီးပြောခဲ့တာကိုပင် လီဖူ သတိရသွားတော့သည်။
"ထိပ်သီးဂိုဏ်းတစ်ခုကို သေးငယ်တဲ့တိုင်းပြည်က ရန်သူဖြစ်ချင်စရာအကြောင်းမရှိဘူး မင်းတို့ရဲ့ထျန်းချီတာဝါဂိုဏ်းဘက်က အခုလိုမျိုး စိတ်အားထက်သန်လာခဲ့တာက ချွင်းချက်တစ်ခုပဲ"
နောက်ဆုံးတော့ လီဖူသဘောပေါက်သွားခဲ့သည်။ ထိုအချိန်မှသာ စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့၏။
ဒါပေမယ့် သူအနည်းငယ်စိတ်ပူနေဆဲပဲ။ ထို့ကြောင့် စာစောင်အများကြီးရေးလိုက်ကာ ထျန်းချီတာဝါရဲ့ ဂိုဏ်းခွဲကို ပို့လိုက်တော့သည်။
ထိုအချိန်မှသာ စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
………
နှင်းနဂါးတောင်၏တောင်ခြေတွင် ဟွမ်ပထျန်းက ပုံမှန်အတိုင်း မူးနေဆဲပဲ။ သူ့ရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်က အရိုင်းဆန်နေပြီး မျက်နှာမှာလည်း စိတ်ကျေနပ်မှုတို့ ပြည့်နေခဲ့သည်။
"နေအုံး အလှလေး...ငါသန့်စင်ခန်းကို ခနသွားလိုက်အုံးမယ်၊ ဒါပေမယ့် ငါချက်ချင်းပြန်လာမှာနော်၊ ပြန်ရောက်တာနဲ့ မင်းနဲ့စာရင်းရှင်းရမယ်"
"အေ့"
ဟွမ်ပထျန်း လေတက်လိုက်သည်။ သူ့ရဲ မျက်နှာတစ်ခုလုံးကလည်း အရက်ဒဏ်ကြောင့် နီရဲနေ၏။ ဒယိမ်းဒယိုင်နဲ့ အနီးအနားက ခြံဝန်းထဲကို သွားဖို့ပြင်လိုက်သည်။ ခြေသုံးလှမ်း လှမ်းပြီးသည်နှင့် သူ့ရဲ့ပုံစံက ပြုတ်ကျတော့မည့်ဟန်ရှိသည်။
"သခင်ကြီး ဖြည်းဖြည်း သွားပါ.. ကျွန်မကူညီပေးရင်ကော?"
မိန်းကလေးတစ်ယောက်ရဲ့ နူးညံ့တဲ့အသံလေးသည် အခန်းတွင်းက ထွက်ပေါ်လာခဲ့သည်။
"သွားပါ အထဲကသာ စောင့်နေ!"
ဟွမ်ပထျန်းက ထိုမိန်းကလေးကို လက်တစ်ဖက် ယမ်းပြလိုက်သည်။ တချိန်တည်းမှာပဲ ကျန်တဲ့လက်တစ်ဖက်က သူ့ရဲ့ခါးပတ်ကိုဖြည်ဖို့ ကြိုးစားလိုက်၏။
အချိန်တစ်ချို့ကြာသည်အထိ မအောင်မြင်သေးတာမို့ နောက်ဆုံးတွင် ခေါင်းကိုငုံ့လိုက်တော့သည်။
"ဘာကိစ္စဖြည်လို့ မရနေတာလဲ?”
ဟွမ်ပထျန်းပြောနေစဥ်မှာပဲ ပုံရိပ်တစ်ခုက သူ့ရဲ့လမ်းကြောင်းကို လာပိတ်နေတာကို မြင်လိုက်ရသည်။ ဟွမ်ပထျန်း ချက်ချင်းပဲ မော့ကြည့်လိုက်၏။
သူ မှင်သက်သွားတော့သည်။ ချက်ချင်းအမူးပြေသွား၏။ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ပြီးမှ…
"ခေါင်းဆောင် ဘယ်လိုလုပ် ရောက်နေတာလဲ?"
ထိုအချိန်မှာ ရှကျိုးယွီရဲ့ မျက်နှာကတော့ မည်းမှောင်နေခဲ့သည်။
"ဒီသိုင်းလောကသားတွေက မယုံရလိုက်တာ! အချိန်ပြည့် သောက်စားနေပြီး အပျော်မယ်အိမ်မှာပဲ တစ်နေကုန် ကုန်ဆုံးနေတယ်!"
အပျော်မယ်ဆီ သွားတာကအဆင်ပြေသေးသည်၊ ဒါပေမယ့် တကယ့်ပြဿနာက အပျော်မယ်တွေပဲ!
မလှမပ မိန်းမတွေကို မြင်နေရတာက တစ်နေ့တခြား ဖူယွဲ့ကို ပိုမိုလွမ်းဆွတ် လာစေသည်။
"ငါမင်းကို နဂါးနှင်းတော်ရဲ့ အခြေအနေတွေကို အဆက်မပြတ်စောင့်ကြည့်ဖို့ မပြောထားဘူးလား? မင်းက ဒီလိုအလုပ်လုပ်နေတာလား?"
ချက်ချင်းပဲ ဟွမ်ပထျန်း၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် စိမ်းသွားလေ၏။ အမူးလည်း တော်တော်ပြေနေပြီပင်။ ဟွမ်ပထျန်းချက်ချင်းပဲ ရှင်းပြလိုက်သည်။
"မဟုတ်ဘူး ခေါင်းဆောင်! ကျွန်တော်တို့ နေ့တိုင်းလုပ်စရာမှ မရှိတာ...ဒါကြောင့် ဒီကိုမလာရင် ဘယ်ကိုသွားရမှာလဲ?”
“ပြီးတော့ ခေါင်းဆောင်က ကျွန်တော်တို့ကိုထွက်သွားခွင့်လည်း မပေးဘူး.. ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော်တို့ မိန်းမစိုးကျောက်ကိုရော သခင်မလေးယူကိုရော သေချာ စောင့်ကြည့်နေပါတယ်”
“ဒီရက်ပိုင်းသူတို့က စားသောက်ဆိုင်ထဲကနေကို မထွက်ဘူး ထူးဆန်းတယ်၊ သိုင်းလောက အတွင်းမှာလည်း သတင်းတွေပျံ့နေတယ်”
“ပြောကြတာတော့ ရှကျိုးယွီက နှင်းနဂါးတောင်ကိုရောက်လာခဲတယ်တဲ့ ဒါပေမယ့် အဲဒီသတင်းက မှန်လားမှားလား ကျွန်တော်မသိဘူး”
“အကယ်လို့ရှကျိုးယွီက ဒီနေရာကိုရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပင်ပန်းတာသက်သာလိမ့်မယ်"
ဟွမ်ပထျန်းက ရယ်လိုက်သည်။ မျက်နှာပေါ်မှာလည်း စပ်ဖြီးဖြီးအပြုံးကြီး ဖြစ်ပေါ်လာ၏။
ရှကျိူးယွီ ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့သည်။ သတင်းတွေက ဒီလောက်မြန်လိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
"အကယ်လို့ရှကျိုးယွီသာ ဒီကိုလာခဲ့မယ်ဆိုရင် သူ့ကိုဖမ်းနိုင်ဖို့အတွက် မင်းတို့တွေ ဘယ်လောက်ယုံကြည်ချက်ရှိလဲ?"
"ဒါကတော့ မသေချာပါဘူး"
“ရှကျိုးယွီရဲ နောက်ခံကထူးခြားတယ်
အရင်ကတော့ ရှကျိုးယွီကိုအထင်သေးခဲ့ပေမယ့် အခုတော့ အလောတကြီးမပြုမူသင့်ဘူးလို့ ထင်ပါတယ်"
ဟွမ်ပထျန်းက ပြောနေရင်းနဲ့ အတွေးတစ်ချို့ရသွားသည့်နှယ် ရှကျိုးယွီကိုတည်ငြိမ်စွာ မော့ကြည့်ပြီး ဆက်ပြောလိုက်သည်။
"ဒါနဲ့ ခေါင်းဆောင်... ခေါင်းဆောင်ဂရုစိုက်ရမယ့် ကိစ္စတစ်ခုရှိပါတယ်"
ရှကျိုးယွီ အနည်းငယ်အံ့သြသွားခဲ့သည်။ ထို့နောက်မှာ ဟွမ်ပထျန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး…
"ဘာကိစ္စလဲ?”
……..