← Chapters

တရှားတိုင်းပြည်ကို မလာခဲ့သင့်တာ

Vol. 13 Ch. 176

တရှားတိုင်းပြည်ကို မလာခဲ့သင့်တာ

Vol. 13 Ch. 176

“သေချာနားထောင် တရှားတိုင်းပြည်ကို နှစ်ပတ်အတွင်း တိုက်ခိုက်မယ်။ မင်းတို့ဘက်က မတိုက်ခိုက်နိုင်ဘူးဆိုရင် ငါပေးထားသမျှ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို အခုချက်ချင်း ပြန်ပေးကြ။ မင်းတို့ မပေးနိုင်ရင် မင်းတို့ရဲ့ ဂိုဏ်းတွေကို ငါကိုယ်တိုင် လိုက်လာပြီးတောင်းမယ်!”

ရှကျိုးယွီရဲ့ မျက်လုံးတွေက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေပါ လွှမ်းမိုးနိုင်စွမ်း ကြီးမားပြီး အင်အားပြင်းလှသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ချက်ချင်းပဲ ထိုအရှိန်အဝါက ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းကို ရိုက်ခတ်လာခဲ့သည်။ နေရာတစ်ခုလုံး လေပြင်းတွေ တိုက်ခတ်လာတော့၏။

အိမ်အတွင်းမှာရှိနေတဲ့ သိုင်းသမားတွေလည်း ပြောင်းလဲလာသော ပတ်ဝန်းကျင် အနေအထားကို အာရုံခံလိုက်မိသည်မို့ အပြင်ဘက်ကို ထိတ်လန့်စွာ ကြည့်လာခဲ့ကြသည်။ ဒါပေမဲ့ ရှကျိုးယွီကို မြင်လိုက်တာနဲ့ သူတို့ရဲ့ အကြည့်ကို ရုတ်သိမ်းလိုက်ကြ၏။

ဟွမ်ပထျန်းကတော့ နေရာမှာတွင် အံ့ဩစွာရပ်နေခဲ့သည်။ သတိဝင်လာတာနဲ့ အမြန်ပြောလိုက်တော့သည်။

“ခေါင်းဆောင် ဒီလိုလုပ်လို့ မရပါဘူး! ကျွန်တော်တို့ ညီအစ်ကိုတွေက မတိုက်ခိုက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတရှားတိုင်းပြည်က....”

ဟွမ်ပထျန်းတစ်ယောက် သူ့ရဲ့ စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပေ။ ရှကျိုးယွီဘက်က ထုတ်လွှတ်လာတဲ့ ဖိအားက အလွန် ပြင်းထန်လာ၏။ အလွန် ပြင်းထန်လွန်းသဖြင့် ဟွမ်းပထျန်းတစ်ယောက် နေရာမှာတင် သေမတက် ကြောက်ရွံ့သွားခဲ့သည်။ အသက်တစ်ချက် အရင်ရှုသွင်းပြီးမှသာ ရှကျိုးယွီကို ပြန်လှည် စိုက်ကြည့်နိုင်ပြီး ပြောလိုက်၏။

“ခေါင်းဆောင်က အခုလိုမျိုး စိတ်ဆုံးဖြတ်ထားမှတော့ ကျွန်တော့ အနေနဲ့ နည်းလမ်းနှစ်ခုကိုပဲ စဉ်းစားနိုင်ပါတယ်”

“ဘာနည်းလမ်းလဲ?”

ရှကျိုးယွီရဲ့ မျက်နှာထားက အနည်းငယ် နူးညံ့သွားခဲ့သည်။ ပတ်ဝန်းကျင်၏ အရှိန်အဝါလည်း အနည်းငယ် လျော့နည်းသွား၏။

“ပထမဦးဆုံး နည်းလမ်းက တရှားတိုင်းပြည် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရှေးဟောင်း အစီအရင်တွေပဲ။ ကျန်တော် ကြားထားရသလောက် တရှားရဲ့ နယ်စပ်တစ်လျှောက်မှာ ရှေးအစီအရင်တွေ များစွာ ထွက်ပေါ်လာနေတယ်တဲ့။ ကျွန်တော်တို့အနေနဲ့ တရှားကို တိုက်ခိုက်ချင်တယ်ဆိုရင် အဲ့ဒါကို အခွင့်ကောင်း ယူသင့်တယ်လို့ထင်တယ်”

“တရှားတိုင်းပြည်က ရှေးအစီအရင်တွေနဲ့ ပတ်သက်ပြီး အခုထိ မစုံစမ်းနိုင်ခဲ့သေးဘူး။ ကျွန်တော်တို့က အရင် နားလည်အောင် လုပ်လိုက်မယ်။ ပြီးရင် အဲ့ဒါကို အသုံးချပြီး တရှားကို တိုက်ခိုက်မယ်။ ရှေးအစီအရင်ကနေ အကျိုးအမြတ်တွေ ရယူမယ်”

“ရှေးအစီအရင်ကို နားလည်အောင် လုပ်ဖို့က တရှားတိုင်းပြည်အနေနဲ့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတွက်တော့ မဖြစ်နိုင်တဲ့ အရာမဟုတ်ဘူး”

ရှကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။ ရှေးအစီအရင်နဲ့ ပတ်သက်တဲ့ သတင်းကို သူလည်းပဲ ကြားမိထား၏။ အခုတိုင်းပြည်ရဲ့ နေရာစုံတွင်ရှေးအစီအရင် များစွာ ပေါ်ပေါက်နေခဲ့သည်။ ထို့ကြောင့် ဒီရက်ပိုင်းအတွင်း တရှားတိုင်းပြည်ထဲမှာ ပြဿနာများစွာ ဖြစ်‌ပေါ်နေ၏။ ထို့ကြောင့် ဒီအစီအရင်တွေကို အသုံးပြုပြီး အမြတ်ထုတ်နိုင်မယ်ဆိုရင် မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။

ဒါပေမဲ့ ရှေးအစီအရင်ကို လေ့လာဖို့က....

ရှကျိုးယွီ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ဟွမ်ပထျန်းရဲ့ စကားလုံးတွေက လှည့်စားနေသလိုမျိုး ခံစားရ၏။ ဘယ်လိုပဲတွေးတွေး တစ်ခုခုက လွဲနေသလိုမျိုး ခံစားနေရသည်။ ထို့ကြောင့် ရှကျိူးယွီ မနေနိုင်စွာ မေးလိုက်သည်။

“ဒါဆိုရင် ဒုတိယနည်းလမ်းကကော?”

“ဒုတိယ နည်းလမ်းက ရိုးရှင်းပါတယ်။ ခေါင်းဆောင် တိုက်ရိုက်လှုပ်ရှားဖို့ လိုတယ်။

ဒီမှာရှိနေတဲ့ မိန်းမစိုးကျောက်နဲ့ ကျန်တဲ့သူတွေကို အနိုင်ယူပြီး နှင်းနဂါးတောင် တစ်ခုလုံးကို အုပ်စိုးပစ်မယ်။ ဒါဆိုရင် ဒီကိစ္စက တရှားတိုင်းပြည်တစ်ခုလုံးမှာ သတင်းကြီးတစ်ခုအဖြစ် ပျံ့နှံ့သွားမယ်။ ဒါဆိုရင် ဒီနှင်းနဂါးတောင်ကို ကျွန်တော်တို့ရဲ့ ပိုင်နက်အဖြစ် စတင်သတ်မှတ်ပြီး တရှားတိုင်းပြည်ကို နည်းနည်းချင်း တိုက်ခိုက်လို့ရပြီ”

ဟွမ်ပထျန်းရဲ့ စကားလုံးတွေက ရိုးရှင်းသည်။ ရှကျိုးယွီ ချက်ချင်းပဲ သဘောပေါက်လိုက်၏။ တစ်ချန်ထဲမှာပဲ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။

'ဒီစကားတွေက တောင်ကိုအပိုင်သိမ်းပြီး တောင်ဓားမြ ဖြစ်လာတာနဲ့ မတူနေဘူးလား? ငါ့ကို အသုံးမကျတဲ့ အကြံဉာဏ်တွေ ပေးနေတာလား? ငါ့အနေနဲ့ တောပုန်းဓားမြ ဖြစ်လာချင်တယ်ဆိုရင် မင်းဆီက အကြံဉာဏ်ကို လိုနေအုန်းမှာလား? တရှားတိုင်းပြည် တစ်ခုလုံးက နဂိုကတည်းက ငါ့အပိုင်ပဲလေ ငါလုပ်ချင်တာလုပ်လို့ရတယ်။ တကယ်ကို သိုင်းသမားတွေက ယုံကြည်လို့ကိုမရဘူး!’

အသုံးမကျလှသော အတွေးအခေါ်ကြီးကြောင့် ရှကျိုးယွီ စိတ်တိုသွားခဲ့သည်။ ဒါပေမဲ့ သူကဟွမ်ပထျန်းကို ချက်ချင်းမတိုက်ခိုက်ခဲ့ဘူး။ ထိုအစား တည်ငြိမ်စွာပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မင်းပြောတဲ့ အကြံနှစ်ခုလုံးကို ဆက်တိုက်လုပ်ဆောင်မယ်။ ရှေးအစီအရင်နဲ့ ပတ်သက်ပြီး လေ့လာနေချိန်မှာ ကျောက်ကောင်းနဲ့ ကျန်တဲ့သူတွေကို ဖမ်းဆီးမယ်။ နှင်းနဂါးတောင် တစ်ခုလုံးကို ချိတ်ပိတ်ပစ်မယ်”

ရှကျိုးယွီက မရပ်ခဲ့ဘူး။ ထိုအစား သူကပြောပြီးတာနဲ့ တည်းခိုဆောင်ရှိရာဆီ လျှောက်သွားခဲ့သည်။

ရှကျိုးယွီ ထွက်သွားမှသာ ဟွမ်ပထျန်းတစ်ယောက် အသက်ရှူနိုင်တော့သည်။သူ့ရဲ့ မျက်လုံးထဲမှာ ချက်ချင်းပဲ ဒေါသတို့ ဝင်ရောက်လာခဲ့သည်။ ရှကျိုးယွီရဲ့ အပြုအမူတွေက လုံးဝကိုကျေနပ်စရာ မကောင်းခဲ့ပေ။

ထိုအချိန်မှပဲ အနောက်ရှိ စံအိမ်ထဲက များစွာတဲ့ သိုင်းသမားတွေအားလုံး ပြေးထွက်လာကာ ဟွမ်ပထျန်းကို ကြည့်ရှု့ကြလေရဲ့။

“ဟွမ်ပထျန်း ဘာတွေဖြစ်နေတာလဲ? သူ့ကို သိမ်းသွင်းလို့ မရသေးဘူးလား? မအောင်မြင်ဘူးဆိုရင် ငါတို့တွေ ထွက်ပြေးကြတာပေါ့။ ငါတို့ရဲ့ အကြီးအကဲတွေ အားလုံးက ချက်ချင်း ပြန်လာခိုင်းနေကြပြီ။ ငါတို့ မသွားဘူးဆိုရင် ပြဿနာတက်လိမ့်မယ်”

“ဟုတ်တယ် အချိန်ဆွဲနေတာက ပြဿနာပဲ ဖြစ်လာလိမ့်မယ်”

"ခေါင်းဆောင်ကို ဖျောင်းဖျလို့ ရနိုင်သေးတယ် ဆိုပေမဲ့ အခုသူ မရှိတဲ့ အခြေအနေကို အခွင့်အရေးယူပြီး ထွက်ပြေးကြရအောင်လား?"

"ဟုတ်တယ် ပြေးကြမယ်!"

"မင်းတို့အားလုံး ပြေးဖို့ပဲသိတာလား! ပြေးကြလေ!"

ဟွမ်ပထျန်း စိတ်တိုစွာ အော်လိုက်တော့သည်။ ရှကျိုးယွီရဲ့ နောက်ကျောကို ကြည့်နေရင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အရင်ပြုလုပ်လိုက်၏။ ထို့နောက်မှသာ..

"အဓိကအချက်က ဖူမဲ့ရဲ့ သရုပ်မှန်ကို ငါတို့တွေ အခုထိ မသိသေးဘူး။ သူရဲ့ နောက်ခံက တကယ်ကို ကြီးမားနေရင် ဘယ်လိုလုပ်မလဲ? ငါတို့သူ့ကို ဒေါသထွက်အောင် လုပ်လို့မရဘူး။ ပြီးတော့ သူပြောသွားသလိုမျိုးပဲ၊ ငါတို့က သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို အသုံးပြုထားခဲ့ဝာာ။ သူပြန်တောင်းရင် သေချာပေါက် ပေးရမှာပဲ။ ဒီရက်ပိုင်းအတွင်းမှာ ငါတို့တွေ အများကြီး သုံးထားခဲ့မိပြီ။ မင်းတို့ရဲ့ လက်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေ ကျန်သေးလို့လား?"

"ဒါကြောင့် အခုအချိန်မှာ တစ်ခုတည်းသော ရွေးချယ်စရာက သူ့နောက်လိုက်ဖို့ပဲ။ ဒါ့အပြင် သူ့ရဲ့ လက်ထဲမှာ ငါတို့အားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေတယ်!"

ဟွမ်ပထျန်း တစ်ချိန်ထဲမှာပဲ နတ်ဘုရားစာရင်း စာချုပ်ကို တွေးမိသွားခဲ့သည်။ ထိုစာချုပ်ရဲ့ အစွမ်းကြောင့် သူ့ရဲ့ကျင့်ကြံမှုသည် အဆမတန် မြှင့်တက်ခဲ့၏။ ပင်ကိုယ် အရည်အချင်းပင် တိုးတက်လာခဲ့သည်။

ဒီလိုအရာက သာမန်လူတစ်ယောက် အနေနဲ့ ပြုလုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ ဒါ့အပြင် ဖူမဲ့တွင် အလွန်သန်မာသော ကျင့်ကြံမှုရှိ၏။ သေချာပေါက် သူ့ရဲ့ နောက်ခံက လုံးဝ မရိုးရှင်းနိုင်ဘူး!

ဒီလို ပုဂ္ဂိုလ်မျိုးကို အလွယ်တကူ ရှောင်ဖယ်လို့ မရနိုင်ဘူး။

"သူ့အနောက် လိုက်ရမယ်ဟုတ်လား? ဒါပေမဲ့ ငါ့ရဲ့အကြီးအကဲက ပြောထားတယ် ငါသာ ပြန်မလာဘူးဆိုရင်....."

ထိုသူရဲ့ စကားသံ မဆုံးခင်မှာပဲ ဟွမ်ပထျန်း ဖြတ်ပြောလိုက်သည်။

"ဟုတ်ပြီ ငါ့ဆီမှာ ညည်းညူနေတာတွေ တော်လိုက်ကြတော့။ အခုအကုန်လုံးရဲ့ အကြီးအကဲတွေက ပြန်လာခိုင်းနေတာ မဟုတ်ဘူးလား? မင်းတစ်ယောက်ထဲမှ မဟုတ်ဘူး။ ဒါနဲ့ မိန်းမစိုးကျောက်နဲ့ ပတ်သက်ပြီး မူမမှန်တာ တစ်ခုခုရှိနေသလား?"

လူအုပ်ထဲက တစ်စုံတစ်ယောက်က အမြန်ဖြေကြားလိုက်သည်။

"ဘာမှမရှိဘူး ကျောက်ကောင်းက ဒီရက်ပိုင်းထဲမှာ ရေခဲပုစဉ်းကိုပဲ ရှာဖွေနေခဲ့တာ။ ကျွန်တော်တို့နဲ့ ပတ်သက်ပြီးတော့လည်း သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ ဘာကြောင့်ရယ် မသိဘူး ယူအိမ်တော်က မိန်းကလေး နှစ်ယောက်ကတော့ အခုထက်ထိ ထွက်မသွားသေးကြဘူး”

"ထွက်မသွားသေးဘူး ဟုတ်လား? ဒါက နည်းနည်းတော့ ဒုက္ခများတယ်"

ဟွမ်ပထျန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက အနည်းငယ် စူးလက်လာ၏။

"အကုန်လုံးကို သတင်းပေးလိုက်။ နှင်းနဂါးတောင်ကို ချိတ်ပိတ်မဲ့ ရက်တစ်ခုကို သတ်မှတ်မယ်။ အကုန်လုံး မဖြစ်မနေပါဝင်ရမယ်။ ငါတို့ အားလုံးလည်း လုပ်သင့်တဲ့ ကိစ္စကိုလုပ်ရမှာပဲ။ ဖူမဲ့က အရူးတစ်ယောက် မဟုတ်ဘူး"

"မိန်းမစိုး ကျောက်တို့ သိသွားအောင် ငါတို့ဘက်က ပြဿနာအကြီးကြီး ရှာရမယ်။ ကြီးလေကောင်းလေပဲ! နှင်းနဂါးတောင် တစ်ခုလုံးက သူတွေ သိသွားခဲ့ရင် ပိုကောင်းတယ်!"

ဟွမ်ပထျန်းက ပြောပြီးတာနဲ့ အနောက်မှာ ရှိနေသော လူအုပ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာမှ ဆက်ပြောလိုက်၏။

"မိန်းမစိုးကျောက်နဲ့ ယူအိမ်တော်ရဲ့ ဆက်ခံသူကို‌တော့ မထိကြနဲ့အုန်း"

"ကောင်းပြီ!"

ကျန်တဲ့ သူ‌တွေလည်း အချင်းချင်း ကြည့်လိုက်ကြသည်။ ဒါပေမဲ့ အများကြီး မှတ်ချက်မပေးခဲ့ကြဘူး။ မကြာခင်မှာပဲ လူအုပ်က ပြိုကွဲသွားလေ၏။

ဟွမ်ပထျန်း နောက်ဆုံးတော့ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

"ငါတရှားတိုင်းပြည်ကို မလာခဲ့သင့်တာ! ထျန်းလင်ဂိုဏ်းက ဝတ်ရုံနက်နဲ့ အဲ့ဒီမိန်းကလေး ငါ့ကိုများ မှတ်မိနေမလား မသိဘူး။ သူမသာ မှတ်မိနေမယ်ဆိုရင် ငါတင်မကဘူး ထန်ဝမ်ဂိုဏ်း တစ်ခုလုံးပါ အန္တရာယ်ကျရောက်နိုင်တယ်"

ဟွမ်ပထျန်း ထပ်မံပြီး ဒေါသထွက်လာရသည်။ ထို့ကြောင့် အခန်းရှိရာဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။

အခန်းထဲတွင် အဝတ်အစား မလုံ့တလုံဖြင့် မိန်းမလှတစ်ယောက် လှဲလျောင်းနေ၏။ ချက်ချင်းပဲ ခေါင်းထဲက အတွေးတွေ အားလုံးကို မောင်းထုတ်ပစ်လိုက်ခါ အခန်းထဲကို အလောတကြီး ဝင်သွားလိုက်သည်။ နောက်ဆုံးတော့ သူ့ရဲ့ဒေါသတွေကို ဖြေဖျောက်စရာ နေရာ ရှာတွေ့ခဲ့ပြီ။

တစ်ချိန်ထဲမှာပဲ ဟွမ်ပထျန်းက တွေးတောနေသေး၏။

'ဖူမဲ့ ခိုင်းထားတဲ့ ကိစ္စတွေကို တကယ်ပဲ ဘယ်လိုလုပ်ရတော့မှာလဲ?’

……….

All Chapters