လီယုဟန်ရဲ့ ကြောက်ရွံ့မှု
Vol. 13 Ch. 177
ဖူမဲ့သည် အမြဲတမ်းလိုချင်ရာကိုသာပြောတတ်ပြီး လုပ်ရမည့်နည်းလမ်းကိုမပြောဆိုခဲ့ပေ။ ဟွမ်ပထျန်းအနေနဲ့လည်း ဒေါသ ထွက်လို့မရပေ။
ဒါပေမယ့် အချိန်တိုအတွင်းမှာ ကိစ္စတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရခြင်းက လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ဘူး။
အပျော်အိမ်တော်ကနေ ထွက်လာပြီးသည်နှင့် ဟွမ်ပထျန်း လမ်းလျှောက်ရင်း ဆက်လက်တွေးတောနေခဲ့သည်။ ဆန်းကြယ်လှတဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို ဘယ်လိုကျေနပ်အောင် လုပ်ရမလဲ စဉ်းစားနေတာပင်။
“ဖူမဲ့ရဲ့သန်မာမှုက ကြောက်ဖို့ကောင်းတယ်။ ငါက သေချာပေါက် သူ့ကိုမခုခံနိုင်ဘူး။ ဒါပေမယ့် ငါ အပြင်မှာ လုပ်ချင်တာ လုပ်မယ်ဆိုရင်လည်း သူက သိမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုရင် တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့တာ။ တနေကုန်ဘာ တွေလုပ်နေမှန်းမသိဘူး။ ဒါပေမယ့် သူ သိသွားမယ်ဆိုရင်တော့ ငါ လွယ်မှာမဟုတ်ဘူး”
ဟွမ်ပထျန်း ချက်ချင်းပဲ ကြောက်ရွံ့သွားခဲ့သည်။
ရှကျိုးယွီက ယုံကြည်စွာဖြင့်သူ့ကို နတ်ဘုရားစာရင်း စာချုပ် ပေးအပ်ထား၏။
ဟွမ်ပထျန်းလည်း လုံခြုံစွာ ထိန်းသိမ်းထားခဲ့သည်။ ထိုစာလိပ်ကနေ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု စွဲညှိနေ၏။
နတ်ဘုရားစာရင်း စာချုပ်က လူတစ်ယောက်ရဲ့သန်မာမှုကို အချိန်တိုအတွင်းမှာ တိုးမြှင့်ပေးနိုင်ရုံတင်သာမကပဲ သံကြိုး တစ်ခုလိုမျိုး ထိုသူရဲ့ရင်ဘတ်ကို တင်းကြပ်စွာချုပ်နှောင်ထားနိုင်သည်။
ထို့ကြောင့် ဟွမ်ပထျန်းအနေနဲ့ ရှကျိုးယွီအား ခုခံဖို့မတွေးရဲချေ။
“ဒီကိစ္စကို ပေါ့ပေါ့လေးတွေးလို့မရဘူး။ သေချာပေါက် သတိကြီးကြီးထားပြီး ဆောင်ရွက်ရမယ်”
ဟွမ်ပထျန်း စိတ်ပိုင်းဖြတ်လိုက်သည်။ သူ့ရဲ့ခြေလှမ်းတွေကလည်း မြန်ဆန်လာတော့၏။ မကြာခင်မှာပဲ ညီအစ်ကိုတစ်ချို့နဲ့ ဆွေးနွေးခဲ့သည်။
နှင်းနဂါးတောင်တစ်လျှောက်မှာ အစီအစဉ်တွေ ဖန်တီးနိုင်ရန်အတွက် ရှကျိုးယွီပေးထားတဲ့ စိတ်ဝိဉာဏ်စွမ်းအင်ကျောက်တုံးတွေကို အသုံးပြုပြီး လူသစ်တချို့ကို စုဆောင်းခဲ့သည်။ နှင်းနဂါးတောင်မှာ ပြဿနာရှာပြီးတော့ လူအများရဲ့အာရုံကို ဆွဲဆောင်လာနိုင်စေဖို့ပင်။
ဟွမ်ပထျန်း အနေနဲ့ နေရာစုံတွင် လူများချထားခဲ့သည်။ လက်တွေ့မှာတော့ သူတို့ရဲ့အဖွဲ့အစည်းက စည်းလုံးမှုမရှိသေးချေ။ စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးကြောင့်သာ သိုင်းသမားတွေက ပူးပေါင်းလာကြခြင်းဖြစ်သည်။ ဒါပေမယ့် ဟွမ်ပထျန်း တော်တော်လေးကျေနပ်မိ၏။
“မိတ်ဆွေ ဟွမ် နှင်းနဂါးတောင်ရဲ့အုပ်ချုပ်သူက ဒီကိစ္စကို ရှာတွေ့သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ?”
အသစ်ဝင်လာတဲ့ ညီငယ်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလာခဲ့သည်။ စိတ်ဝိဉာဏ်စွမ်းအင် ကျောက်တုံးကြောင့်သာ ရောက်လာခဲ့သည်ဖြစ်၍ ဖူမဲ့နဲ့ပတ်သက်ပြီး ထိုလူငယ်က ဘာမှမသိထားပေ။ ထို့ကြောင့် အခုလိုမျိုး မေးခွန်းထုတ်လိုက်တာပင်။
ဒါ့အပြင်သူတို့ရဲ့အစီအစဉ်သည် ရုံးတော်အတွက် ဒေါသထွက်စရာကိစ္စတစ်ခုဖြစ်သည်။ လူသစ်တစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားဖို့ဆိုတာ ပုံမှန်ပဲ။
ဒါပေမယ့် ဟွမ်ပထျန်း ကတော့ ကျယ်လောင်စွာရယ်လိုက်၏။ ထိုကောင်လေးရဲ့ ခေါင်းအနောက်ကိုပါ ရိုက်လိုက်သေးသည်။
“သေးငယ်တဲ့အုပ်ချုပ်သူက ဘာလုပ်နိုင်မှာမိုလို့လဲ? ငါတို့ရဲ့ခေါင်းဆောင်က လက်တစ်ဖက်တည်းနဲ့ မိန်းမစိုးကျောက်ကို အနိုင်ယူလိုက်တာမတွေ့ဘူးလား? ဒါ့အပြင် အဲ့ဒီထျန်းလင်ဂိုဏ်းရဲ့ ဝတ်ရုံနက်နဲ့ကောင်မကိုလည်း အားသုံးစရာမလိုပဲ တိုက်ခိုက်နိုင်ခဲ့တာ! ငါတို့ခေါင်းဆောင်နဲ့သာ တွေ့သွားမယ်ဆိုရင် ကမ္ဘာအဆင့်တစ် သိုင်းသမားဖြစ်ရင်တောင်မှ အသီးအရွက် လှီးသလိုမျိုး အလှီးခံလိုက်ရမှာ!”
ဟွမ်ပထျန်းက ဘာကိုမှ အဖက်မလုပ်စွာပြောလိုက်သည်။ ဒါပေမယ့် လက်တွေ့မှာတော့ သူလည်းပဲကြောက်၏။
ဒါပေမယ့် ဖူမဲ့လိုမျိုး သန်မာတဲ့သိုင်းသမား တစ်ယောက်ဆီက အကာအကွယ်ရထားချိန်မှာ ဘယ်သူ့ကိုကြောက်ရဦးမှာလဲ? ဒီနှင်းနဂါးတောင်မှာရှိနေပြီး ဖူမဲ့ရဲ့အကာအကွယ်ရထားသရွေ့ ထျန်းလင်ဂိုဏ်းကိုလည်း အထင်သေးလို့ရသည်။ ဘယ်သူ့ကို မသတ်ရဲစရာရှိလို့လဲ?
ဟွမ်ပထျန်ရဲ့စကားလုံးတွေကြောင့် ထိုကောင်လေး ပင့်သက်ရှိုက်မိသွားကာ အံ့ဩတကြီးပြောလာခဲ့သည်။
“အကိုတို့အဖွဲ့က အရမ်းသန်မာတယ်လို့ ကျွန်တော်ကြားထားတာ တကယ်အမှန်ပဲကို! အကိုကြီးဟွမ် အခုကစပြီး ကျွန်တော်သေချာလုပ်မယ်!”
ထိုကောင်လေးရဲ့မျက်လုံးတွေက ရိုးသားလှသည်။ မသိရင်အသက်ကိုပါ စတေးတော့မလိုမျိုးတက်ကြွနေသည်။
ဟွမ်ပထျန်းပင် အနည်းငယ် ထူးဆန်းသွားတော့သည်။
“စိတ်မပူနဲ့။ ခေါင်းဆောင်ဖူမဲ့နဲ့ ငါရှိနေသရွှေ့ ငါတို့ညီအကိုတွေ လုံးဝမငတ်စေရဘူး! အနာဂတ်မှာ မင်းကိုအနိုင်ကျင့်တဲ့သူရှိရင် ငါ့နာမည်ကိုပြောလိုက်။ ငါချက်ချင်းပဲ အဲ့ဒီလူတွေကို သွားသတ်ပေးမယ်!”
ဟွမ်ပထျန်အတွက်တော့ ဖူမဲ့ရဲ့ထောက်ပံ့မှုရှိနေသ၍ သူသည် ဘယ်သူမှမထိနိုင်သော ဆရာဘိုးဘေးကြီး တစ်ယောက်ပဲ!
'အနိုင်ကျင့်တဲ့ ကျင့်ကြံသူတစ်ယောက်လား? လာစမ်းပါ။ သတ်ပစ်လိုက်မယ်!’
‘ အခုချိန်မှာ ထျန်းလင်ဂိုဏ်းနဲ့လည်း ရန်စ ရှိသွားခဲ့ပြီ။ ထို့ကြောင့် သူ့အနေနဲ့ နောက်ဆုတ်စရာ ခြေလှမ်းမကျန်တော့ဘူး။ ဒါကြောင့် ပထမအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် ဘာဂရုစိုက်စရာလိုသေးလဲ! ဖူမဲ့ကိုခေါ်ပြီးအကုန်လုံးကို ဖျက်စီးပစ်မယ်!’
ဒါပေမယ့် ဟွမ်ပထျန်းချက်ချင်းပဲ နာကျင်သွားခဲ့သည်။ ဖူမဲ့နဲ့ယှဉ်လိုက်မယ်ဆိုရင် သူ့ရဲ့ပုံစံက မိန်းမတစ်ယောက် နဲ့ဆင်တူသည်။ ဖူမဲ့ရဲ့အနောက်မှာလိုက်နေပြီး လေလုံးထွားနေရတဲ့ မိန်းမတစ်ယောက်လိုမျိုးပဲ။ ဖူမဲ့က တကယ်ကို အကြောက်အလန့်မရှိ တိုက်ခိုက်နိုင်သော စစ်မှန်သူတစ်ယောက်ဖြစ်သည်! ဒါပေမဲ့ သူကတော့ ကပ်ပါးတစ်ကောင်ပဲ!
ထိုအချိန်တွင် အမှောင်ထဲကနေ စူးရှတဲ့မျက်လုံးတစ်စုံက သူတို့ကိုစိုက်ကြည့်နေ၏။ ဒါကို ဟွမ်ပထျန်း သတိ မထားမိခဲ့ပေ။
“ဟွမ်ပထျန်းက သာမန်သူတစ်ယောက် မဟုတ်ဘူးနဲ့တူတယ်။ ဖူမဲ့နဲ့ ပူးပေါင်းနိုင်တယ်ဆိုမှတော့ သူ့မှာအရည်အချင်း တစ်ချို့ရှိရမယ်။ ငါ အဲ့ဒီနေ့က မှားယွင်းဆုံးဖြတ်မိခဲ့ပြီး ဟွမ်ပထျန်းရဲ့ မျက်နှာအစစ်ကိုမတွေ့ခဲ့ရဘူး”
“အဲ့ဒီဖူမဲ့က ငါက ထျန်းလင်ဂိုဏ်းကဆိုတာ သိရဲ့သားနဲ့တောင်မှ မကြောက်မရွံ့တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ရိုက်ချက်တစ်ခု တည်းနဲ့ ငါ့ရဲ့ရုပ်သေးရုပ်ကို တိုက်ခိုက်ခဲ့ယုံတင်သာမကဘူး.. မူရင်းခန္ဓာကိုယ်ကိုပါ ထိခိုက်စေခဲ့တာ! ဒီလို သန်မာမှုမျိုးက သာမန်သူခိုးတစ်ယောက်ပိုင်ဆိုင်သင့်တဲ့ ပိုင်ဆိုင်မှုမျိုးမဟုတ်ခဲ့ဘူး”
လွန်ခဲ့တဲ့ရက်ပိုင်းက ရှကျိုးယွီ သတ်လုနီးနီးဖြစ်ခဲ့သော ဝတ်ရုံနတ်နဲ့မိန်းခလေးသည် အမှောင်ထဲကနေ စိုက်ကြည့်နေခဲ့သည်။ သူမရဲ့တကယ့်နာမည်က လီယုဟန်ဖြစ်၏။
ဟွမ်ပထျန်း ပြောခဲ့သလိုမျိုး သူမသည် ထျန်းလင်ဂိုဏ်းရဲ့ တိုက်ရိုက်ဆက်ခံသူတစ်ယောက် ဖြစ်သည်။ လီယုဟန်ရဲ့အဖိုးသည် ထန်းလင်ဂိုဏ်းရဲ့ဂိုဏ်းခွဲခေါင်းဆောင် လီပဟန် ဖြစ်၏။ ပြောရရင်သူမသည် ထန်းလင်ဂိုဏ်း၏ အတွင်းတပည့်ဖြစ်သလိုမျိုး တိုက်ရိုက်ဆက်ခံသူ တစ်ယောက်လည်းဖြစ်သည်။ သူမလိုမျိူးသူတစ်ယောက်က ဒီနေရာမှာရှိမနေသင့်ဘူး။
ဒါပေမယ် တရှားတိုင်းပြည်ရဲ့ ရုတ်တရက်မြင့်တက်လာမှုကြောင့် ထျန်းလင်ဂိုဏ်းလိုမျိုး ဂိုဏ်းကြီးတစ်ခုကပင် သတိထားလာခဲ့သည်။ တရှားကိုသာဒီအတိုင်းထားထားရင် အင်အားစုတွေအားလုံးကို နှစ်တစ်ရာအတွင်းမှာ ဝါးမြိုသွားလိမ့်မည်ဟု လီပဟန် ကိုယ်တိုင်ပြောဆိုခဲ့တာပင်!
ထို့ကြောင့် သတင်းစုံစမ်းရန်အတွက် သူမကိုယ်တိုင် တရှားတိုင်းပြည်အတွင်းကို ဝင်ရောက်ခဲ့သည်။
အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ လီယုဟန်ရဲ့လှပသောမျက်နှာသည် ရေခဲတမျှအေးစက်နေသည်။ သူမရဲ့ မျက်လုံး တွေကလည်း အန္တရာယ်ရှိလှတဲ့ အငွေ့အသက်တွေကို ဖော်ထုတ်နေ၏။ ဒါပေမယ့် သူမက လှုပ်ရှားမှုတစ်ခုမှ မပြုလုပ်ခဲ့ပေ။
“ဟွမ်ပထျန်း ဆီကနေ ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့အင်အားကို မခံစားမိဘူး။ ဒါပေမယ့် သူ့ဆီကနေ တစ်ချက် တစ်ချက် ငါ့ကိုကြောက်လန့်စေတဲ့ဖိအားကို ခံစားနေရတယ်။ ဘာကြောင့်လဲ?”
အမှန်တော့ လီယုဟန်ခံစားနေရတဲ့ဖိအားသည် နတ်ဘုရားစာရင်း စာချုပ်ထံမှဖြစ်သည်။
ရှကျိုးယွီလည်း ဘယ်လိုမှထင်ခဲ့မှာမဟုတ်ဘူး။ သူ ပုံမှန်လိုမျိုး ပစ်ထားခဲ့တဲ့အရာတစ်ခုက ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ကို အခုလိုမျိုးကြောက်ရွံ့စေခဲ့လိမ့်မယ်လို့ပင်။
ထိုဖိအားကိုခံစားလာတာနဲ့အမျှ လီယုဟန်ရဲ့ ခန္ဓာကိုယ်အတွင်းက စိတ်ဝိဉာဏ်စွမ်းအင်သည် မတည်မငြိမ်ဖြစ်လာခဲ့သည်။
“မကောင်းတော့ဘူး! အဲ့ဒီမှော်လက်နက်က ပထမအဆင့်ထက်ကို မြင့်ရမယ်! မဟုတ်ဘူးဆိုရင် ငါ့ရဲ့ကိုယ်တွင်းမှာရှိတဲ့ စိတ်ဝိဉာဏ်စွမ်းအင်ကို တုံ့ပြန်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး!”
“ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုကို ထိခိုက်လာလိမ့်မယ်!”
ဟွမ်ပထျန်းက စကားပြောပြီးသွားပြီဖြစ်၍ သူ့ရဲ့တည်းခိုခန်းရှိရာကိုပြန်ဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ဖျော့တော့တဲ့ ခြေသံတစ်ချို့ကို ခြုံပုတ်အတွင်းမှကြားလိုက်ရ၏။ ထိုခြေသံသည် အလွန်သိမ်မွေ့သည်။
ဒါပေမယ့် ဟွမ်ပထျန်း ချက်ချင်းပဲနားလည်လိုက်သည်။
‘အမှောင်ထဲကနေ သူ့ကိုစောင့်ကြည့်နေတဲ့သူရှိတယ်!’
ထို့ကြောင့် ချက်ချင်းပဲ ဖမ်းဖို့ရန်ကြိုးစားလိုက်သည်။ ဒါပေမယ့် အမှောင်ထဲကပုံရိပ်က လျင်မြန်စွာပြေးသွားလေ၏!
“ရပ်စမ်း။ မင်းဘယ်သူလဲ? မင်းရဲ့ဘိုးဘေးကိုများ အခုလိုထောက်လှမ်းရဲတယ်လား!”
ဟွမ်ပထျန်းကကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါနဲ့အမှီလိုက်နေခဲ့သည်။ နတ်ဘုရားစာရင်း စာချုပ်ရဲ့ထောက်ပံ ပေးမှုကြောင့် သူ့ရဲ့အရှိန်ကလည်း ပိုမိုမြန်ဆန်လာ၏။ ထို့ကြောင့် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ အမှီလိုက် လုနီးနီးဖြစ်လာခဲ့သည်။ ခြုံပုတ်ထဲက လီယုဟန်ကတော့တော်တော်လေး စိတ်ပျက်နေပီပင်။ သူမရဲ့လှပတဲ့မျက်နှာ တစ်ခု လုံးနီရဲနေခဲ့သည်။ သူမတင်းကျပ်စွာ အံကြိတ်ထားလိုက်၏။
ထျန်းလင်ဂိုဏ်းရဲ့ဂုဏ်သိက္ခာရှိလှတဲ့ ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ကို အခုလိုမျိုးဒုတိယအဆင့် သူခိုးဂျပိုး တစ်ယောက်က အမှီလိုက်နိုင်မယ်လို့တစ်ခါမှ မတွေးထားမိဘူး! ဖူမဲ့ထံကနေ ထိခိုက်ထားလို့သာ မဟုတ်ခဲ့ဘူးဆိုရင် ဟွမ်ပထျန်းကို သူမလက်တစ်ချက်တည်းနဲ့ သတ်ပစ်လို့ရသည်။ ဒါပေမယ့် လီယုဟန် မလှုပ်ရှားရဲပါချေ။
ဖူမဲ့ရဲ့သူမကို တိုက်ခိုက်ခဲ့သော မြင်ကွင်းကို လီယုဟန် ပြန် စဉ်းစားမိသွားသည်။ ထို့ကြောင့်သူ့ရဲ့အပေါင်းအပါကို လက်လွတ်စပယ် မတိုက်ခိုက်ရဲဘူး။
ဟွမ်ပထျန်းကတော့ အလွန်မောက်မာစွာဖြင့် သူမရဲ့နောက်ကို အဆက်မပြတ်လိုက်နေခဲ့သည်။ ပါးစပ်ကနေလည်း ဆဲဆိုနေသေး၏။
လီယုဟန် အလွန်စိတ်ပျက်လာခဲ့သည်။ သူမရဲ့တည်ရှိမှုကိုအတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ကြိုးစားလိုက်၏။ ဆူညံသံ ထွက်မလာအောင်ဂရုစိုက်ခဲ့သည်။
အဆုံးမှာတော့ ဟွမ်ပထျန်းသူမကို မျက်ခြေပျက်သွားခဲ့သည်။ ခါးပေါ်မှာလက်ထောက်ကာ စိတ်တိုစွာရပ်နေရင်း ဟွမ်ပထျန်းရဲ့အသက်ရှုသံက ပြင်းထန်နေ၏။
“သေစမ်း။ ငါ အပျော်အိမ်တော်တွေဆီသွားတာရပ်သင့်ပြီ။ အဲ့ဒီကောင်မတွေကြောင့် ငါ့ရဲ့ကိုယ်ခံအားတောင် ကျဆင်းလာခဲ့ပြီ!”
ဟွမ်ပထျန်းရဲ့မျက်နှာက မဲနက်နေ၏။ ဒီနေ့သူ့ကို ထောက်လှမ်းခဲ့တဲ့သူခိုးက သေချာပေါက် သံသယဝင်စရာကောင်းသည်။ ဒီကိစ္စကိုပေါ့ပေါ့လေးထားလို့မရဘူး။ သေချာပေါက် ခေါင်းဆောင်ကိုပြောပြပြီး ဖျက်ဆီးမှဖြစ်မည်။
ထို့နောက်မှာ ဟွမ်ပထျန်းချက်ချင်းပဲ လမ်းကြားအတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေ၏။
……….