← Chapters

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်း

Vol. 13 Ch. 179

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်း

Vol. 13 Ch. 179

ရှကျိုးယွီသာ နဂါးသွေးကြောရဲ့ ဦးတည်ရာကို ပြောင်းလဲလိုက်မယ်ဆိုရင်........

ကမ္ဘာကြီးရဲ့ ကံကြမ္မာကပါ ပြောင်းလဲသွားလိမ့်မည်!

တဖန်ဂိုဏ်းရဲ့ အကြီးအကဲသည် အလွန် ထိတ်လန့်သွားလေ၏။ ယခုလိုမျိုး မဟာတံတိုင်းရဲ့ နက်ရှိုင်းသောလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ လိမ့်မည်ဟု မထင်ထားခဲ့မိပေ။

ဒါက နဂါးသွေးကြောပဲ! နဂါးသွေးကြောဆိုတာ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို နှစ်ထောင်ပေါင်းများစွာအထိ ဆုံးဖြတ်ပေးနိုင်တဲ့ အရာတစ်ခုပင်!

“အကြီးအကဲ ကျန်းစန် အကယ်လို့ တရှားရဲ့ဘုရင်ကသာ နဂါးသွေးကြောကို ပြန်လည် ဖော်ဆောင်ဖို့ လုပ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ? ဒါဆိုရင် ငါတို့အားလုံးက!”

တဖန်ဂိုဏ်းရဲ့ အကြီးအကဲသည် တွန့်ဆုတ်သွားသည်။ ဆက်လက်ပြီးတောင် မပြောဝံ့တော့ပေ။

ထိုအချိန်တွင် ကျန်းစန်ရဲ့ မျက်နှာကတော့ ရွံရှာမှုတို့ ပြည့်နှက်နေ၏။

သူတို့နှစ်ယောက်လုံးသည် ကျင့်ကြံသူများ ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးရဲ့ သန်မာမှုကလည်း မကွာခြားဘူး။ ဒါပေမဲ့ အခုလိုမျိုး အပြောင်းအလဲ မြန်လှသော တဖန်ဂိုဏ်းရဲ့ အကြီးအကဲကို လွန်စွာ ရွံရှာမိသည်။ ထိုသူရဲ့ စိတ်ဓာတ်ကို အလွန်မုန်းတီး၏။

“တဖန်ဂိုဏ်းရဲ့ အကြီးအကဲ ခင်ဗျားဘာပြောဖို့ ကြိုးစားနေတာလဲ? ကျုပ်တို့ကို မကောင်းမှုကို ထောက်ပံ့နေသူလို့ ပြောချင်တာလား? ဒါမှမဟုတ်ရင် တရှားရဲ့ဘုရင်အပေါ် ခင်ဗျား အငြိုးထားနေတာလား?”

ကျန်းစန်ရဲ့ မျက်လုံးက ချက်ချင်းပဲ စူးလက်သွားခဲ့သည်။ တဖန်ဂိုဏ်းရဲ့ အကြီးအကဲ ထိတ်လန့်သွားလေ၏။

“မဟုတ်ဖူး ကျုပ်အဲ့လိုမျိုး သေချာပေါက် မတွေးရဲဘူး”

“ကျုပ်က စိတ်ပူလို့ပါ။ အခုလိုမျိုး ကောင်းကင်ဘုံရဲ့ အမိန့်ကို ဆန့်ကျင်မယ်ဆိုရင် သေချာပေါက် ဒုက္ခတွေ ကြုံလာရနိုင်တယ်!”

ထိုအကြီးအကဲရဲ့ စကားဆုံးတာနဲ့ အနားမှာရှိနေသော အကြီးအကဲတွေ အားလုံးရဲ့ စူးရှတဲ့အကြည့်ကို လက်ခံလိုက်ရသည်။

'ငါတို့အားလုံးက ဒီကိစ္စမှာ ပါဝင်ပတ်သက်ပြီးသွားပြီပဲ။ ဘာကိစ္စမင်းတစ်ယောက်ထဲရဲ့ အသက်ကိုပဲ စိတ်ပူနေရာတာလဲ? ငါတို့က လူမဟုတ်ဖူးလား?’

ဒါပေမဲ့ ဘယ်သူကမျှတိုက်ရိုက် မေးခွန်း မထုတ်ခဲ့ပေ။

မကြာခင်မှာ အကြီးအကဲတွေ အားလုံးက လျစ်လျူရှု့လိုက်ကာ ပြန်လှည့်သွားကြသည်။ တဖန်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်သာ နေရာမှာတွင် ရပ်ကျန်နေခဲ့၏။

ကျူးကောလုံသည် သူတို့အားလုံးကို ဦးဆောင်ပြီး ရှင်းပြနေခဲ့သည်။ သူရှင်းပြနေစဉ်မှာ အနောက်က အကြီးအကဲများရဲ့ စကားပြောသံကို ကြားခဲ့ရသည်။ အထူးသဖြင့် တဖန်ဂိုဏ်းရဲ့ အကြီးအကဲပင်။ အစကတော့ သူ့အနေနဲ့ ရှင်းပြချင်ခဲ့သည်။ ဒါပေမဲ့ သဘောပေါက်သွား၏။

လူအများစုသည် သူတို့ပြောလိုရာကိုသာ ပြောတတ်ကြသည်။ ထိုအကြီးအကဲက အရှင်မင်းကြီးကိုတောင်မှ အပြစ်တင်ခဲ့သေး၏။ ဒါပေမဲ့ ကျန်သော အကြီးအကဲများရဲ့ တုံ့ပြန်မှုက သူ့ကိုအံ့အားသင့်စေခဲ့သည်။

ကျူးကော့လုံသည် အစက အကြီးအကဲတွေ အားလုံးကို လီလင်ပုက အတင်းအကြပ် ခေါ်ဆောင်လာခဲ့သည်ဟု ထင်မှတ်ခဲ့သည်။

ဒါပေမဲ့ အခုသိလိုက်ရတာက အကြီးအကဲတွေ အားလုံးသည် အရှင်မင်းကြီးကို စစ်မှန်စွာဖြင့် လေးစားကြသည်!

ကျူးကောလုံ ချက်ချင်းပဲ ရှကျိုးယွီရဲ့ လုပ်ရပ်ကို ပိုမိုလေးစားသွားတော့၏။

……..

“အဟမ်း!”

ကျူးကော့လုံရဲ့ အတွေး ဆုံးသည်နှင့် နှင်းနဂါးတောင်ရဲ့ တစ်နေရာတွင် ရှိနေခဲ့သော ရှကျိုးယွီ ချက်ချင်းပဲ နှာချေလိုက်သည်။

“ငါ့အကြောင်းကို ဘယ်ကောင်ပြောနေတာလဲ! အသက်မရှင်ချင်တော့ဘူးလား?”

ရှကျိုးယွီရဲ့ မျက်လုံးတွေက စူးလက်နေ၏။ လက်ရှိအချိန်တွင် သူကပုန်ကန်ဖို့ရန်အတွက် နှိုးဆော်နေခဲ့တာပင်။

“ပုန်ကန်ကြမယ်!”

“ညီအစ်ကိုမဲ့!”

“ဒီနေ့ ငါတို့ တောင်ခြေမှာ ရှိနေတဲ့အချိန်မှာ မိန်းမတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက တော်တော်လေး သံသယဝင်ဖို့ ကောင်းတယ်”

“သူမရဲ့ ကျင့်ကြံမှုကလည်း မြင့်လောက်တယ်။ ဘာလို့ဆိုရင် ငါဖမ်းတာတောင် မမိခဲ့ဘူး။ အဲ့ဒီအချိန်တုန်းက ဒါကိုပဲ တွေ့ခဲ့ရတယ်”

ဟွမ်ပထျန်းသည် တစ်ညလုံး ထိုကောင်မလေးကို ရှာဖွေနေခဲ့သည်။ အဆုံးမှာတော့ ဘယ်လိုမှ ရှာမတွေ့ခဲ့ပေ။ မြေပြင်ပေါ်မှာ ကျနေသော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး တစ်ချို့ကိုသာ ရရှိခဲ့၏။ ထိုကျောက်တုံးတွေကို သိမ်းဆည်းထားခဲ့သည်။ နောက်တစ်နေ့ မနက် တည်းခိုခန်းကို ပြန်ရောက်ချိန်တွင် ရှကျိုးယွီကို ပေးခဲ့တာပင်။

“ဒီစွမ်းအင် ကျောက်တုံးတွေက အဲ့ဒီသူခိုးမဆီက ဖြစ်နိုင်တယ်။ ထွက်ပြေးချင်နေတာနဲ့ ဒီကျောက်တုံးတွေကို မစုပ်ယူနိုင်တော့တာ ဖြစ်မယ်”

ဟွမ်ပထျန်း စိတ်ပူစွာ ပြောလိုက်သည်။ သူ့ရဲ့ အသုံးမကျမှုကို ဖူမဲ့ အပြစ်တင်လာမှာကို အလွန် စိတ်‌ပူနေ၏။

ဘယ်လိုပဲ နတ်ဘုရား စာရင်းစာချုပ်ရဲ့ ကျေးဇူးကြောင့် အစွမ်းတိုးလာခဲ့သည် ဆိုသော်ငြား အဆုံးမှာတော့ လူတစ်ယောက်ကိုတောင် မဖမ်းနိုင်ခဲ့ပေ။ ထိုအရာက အလွန်ရှက်ဖွယ် ကောင်းလှ၏။

ဒါပေမဲ့ ရှကျိုးယွီက ဘာမှမပြောခဲ့ပေ။

သူ့အနေနဲ့ ဟွမ်ပထျန်း ပြောသွားသော ကောင်မလေးကို သိသည်။ ဒါကြောင့် အများကြီးမပြောခဲ့ပဲ တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်တော့။ မင်းဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ငါခိုင်းထားတဲ့ တခြားကိစ္စတွေပဲ လုပ်လိုက်တော့။ ဒီကိစ္စကို ငါကိုင်တွယ်မယ်”

ထို့နောက်မှာအနည်းငယ် တည်တင်းနေသော မျက်နှာထားဖြင့် လက်ထဲက စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကို အမှုန့်ဖြစ်အောင် လုံးချေလိုက်တော့သည်။ အနီးအနားမှာရှိတဲ့ သိုင်းသမားတွေ အားလုံး ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြကာ တိတ်တဆိတ် ဆုတ်ခွာသွားလေ၏။

ရှကျိုးယွီ သေချာပေါက်သိသည်။ ဒီကိစ္စတွေက ဟွမ်ပထျန်း ပြောသလိုမျိုး မရိုးရှင်းဘူး။

ဒီစွမ်းအင် ကျောက်တုံးသည် သေချာပေါက် ထျန်းလင်ဂိုဏ်းရဲ့ စွမ်းအင် ကျောက်တုံးပဲ။ သာမန်ဈေးကွက်မှာ ဝယ်လို့ရနိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး မဟုတ်ဘူး။ ဒါ့အပြင် အခုလိုမျိုး စိတ်ဝိညာဉ် စွမ်းအင်ကျောက်တုံးကို အသုံးပြုနိုင်တယ် ဆိုမှတော့......

ရှကျိုးယွီရဲ့ မျက်လုံးက ချက်ချင်းပဲ အေးစက်သွားခဲ့သည်။ သေချာပေါက် အဲ့ဒီကောင်မလေးက လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့လက်ကနေ လွတ်သွားခဲ့တဲ့ ဝတ်ရုံနက်နဲ့ မိန်းကလေးပဲ!

“စိတ်ဝင်စားဖို့ကောင်းတယ်”

“အဲ့ဒီ ကြီးကျယ်လှတဲ့ ထျန်းလင်ဂိုဏ်းက ဘာတွေကြံစည်နေတာလဲ ဆိုတာကို သိချင်မိသား”

ဒီလိုနဲ့ပဲ ရှကျိုးယွီရဲ့ ပုံရိပ်က ချက်ချင်းပဲ ပျောက်ကွယ်သွားကာ တည်းခိုခန်း အတွင်းကနေ ထွက်သွားခဲ့သည်။ ရှကျိုးယွီ အနည်းငယ် ပင်ပန်းနေသလို ခံစားရ၏။

ဘုရင်အလုပ်ကို စွန့်လွှတ်ပြီး ပုန်ကန်ချင်တာလေးက ဘာကြောင့်များ အရမ်းကို ခက်ခဲနေရတာလဲ?

ရုံးတော်မှာ ရှိနေစဉ်က သိုင်းလောကရဲ့ ဂိုဏ်းတွေနဲ့ ရင်းနှီးမှုမရှိခဲ့ပေ။ ဒါပေမဲ့ ဘာကြောင့် အခုကျမှ အကုန်လုံးက ပေါ်လာရတာလဲ?

...............

လီယုဟန်လည်း စိတ်ပျက်နေခဲ့သည်။ သူမသည် တရှားတိုင်းပြည်ရဲ့ နယ်စပ်ကို လာရောက်ရင်း သတင်းတစ်ချို့ စူးစမ်းချင်တာဖြစ်၏။ တရှားတိုင်းပြည်ရဲ့ အရှင်မင်းကြီးနဲ့ အခုလို တွေ့ဆုံရမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ?

ရှကျိုးယွီရဲ့ သရုပ်မှန်ကိုသာ လီယုဟန် သိခဲ့မယ်ဆိုရင် ချက်ချင်းပဲ ထျန်းလင်ဂိုဏ်းကို ခေါ်ဆောင်သွားလောက်၏။ ထိုသို့ ခေါ်ဆောင်သွားနိုင်ဖို့အတွက် သူမရဲ့ အသက်ကိုပင် ပေးဆပ်ခဲ့လောက်သည်။

အခုအချိန်တွင် လီယုဟန်သည် လိုဏ်ဂူ တစ်ခုအတွင်း၌ ပုန်းနေခဲ့သည်။ နောက်ထပ် အစီအစဉ်ကို စဉ်းစားနေခဲ့တာပင်။ သူမ၏ အရှေ့တွင် တရှားနယ်စပ်၏ မြေပုံရှိသည်။

“တရှားတိုင်းပြည်ရဲ့ နှင်းနဂါးတောင်ကို ရောက်လာတာနဲ့ အခုလိုမျိုး ဒုက္ခကြုံရမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ? တရှားက ဒီလောက်ကို သန်မာတာလား?”

လီယုဟန် စိတ်ပျက်စွာဖြင့် မြေပြင်ပေါ်ကို ရိုက်ချလိုက်သည်။ သူမရဲ့ ခေါင်းတွေပင် မူးဝေလာရသလိုပဲ။ သူမရဲ့ နှုတ်ခမ်းတွေလည်း တင်းတင်းစေ့သွားခဲ့သည်။

“တိုင်းပြည်ထဲက တေလေဂျပိုးတွေကတောင်မှ ဒီလောက်အထိ စွမ်းအားကြီးနေတာ တရှားတိုင်းပြည် တစ်ခုလုံးရဲ့ သိုင်းလောကက အရမ်းသန်မာနေလို့လား? အဲ့ဒီဘုရင်ကကော ဘယ်လိုလူလဲဆိုတာ သိချင်မိတယ်”

သူမရဲ့ မျက်နှာက စိတ်ပျက်ငြိုးငယ် နေဟန်ရှိသည်။

“တရှားတိုင်းပြည် အတွင်းက လူတွေကို ငါအထင်မသေးသင့်ဘူး”

ထျန်းလင်ဂိုဏ်းတွင် တည်ရှိနေစဉ်က သူမရဲ့ ထူးချွန်သော အရည်အချင်းကြောင့် ဒုက္ခတစ်ခုကိုမှ မခံစားခဲ့ဘူးပေ။ အခုချိန်မှာ သတင်းစုဆောင်းဖို့ရန် တရှားတိုင်းပြည်ကို စေလွှတ်ခြင်းခံခဲ့ရသည်။ အဲ့ဒါကလည်း သူမကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ချက်နဲ့ပဲ။ ဒါပေမဲ့ လီယုဟန် မမျှောလင့်ခဲ့မိတာက အခုလိုမျိုး ဒုက္ခများတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရမယ်လို့ပင်။ သူမအလွန် ရှုပ်ထွေးနေခဲ့သည်။ ဘာဆက်လုပ်ရမလဲကိုလည်း မသိတော့ပေ။

သူမတွေးတော နေစဉ်မှာပဲ လှိုဏ်ဂူအပြင်ကနေ ရင်းနှီးတဲ့ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။

“ငါအဲ့ဒီနေ့က မင်းရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ရှေ့ကို ပေါ်လာရဲသေးတယ်။ သေချင်နေတာလား?”

လှိုဏ်ဂူရဲ့အဝတွင် ရှည်လျားသော ပုံရိပ်တစ်ခု ပေါပေါက်လာသည်။

လီယုဟန်တစ်ယောက် ဆံပင်မွှေးတွေအားလုံး ထောင်ထသွားသလို ခံစားလိုက်ရသည်! သူမချက်ချင်းပဲ အံကြိတ်လိုက်သည်။ အဲ့ဒီနေ့က သူမရဲ့ ပုံရိပ်ယောင်ကို တစ်ချက်ထဲနဲ့ သတ်ပစ်ခဲ့တဲ့သူပဲ!

သူဘာလို့ ဒီကိုရောက်နေတာလဲ?

နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ရင်း လီယုဟန် တောင့်တင်းစွာ ပြောလိုက်သည်။

“ငါက ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ ငါ့ကို သတ်ရဲလား?”

လှိုဏ်ဂူအတွင်းကို ဝင်ရောက်လာတာနဲ့ ရှကျိုးယွီရဲ့ ကျင့်ကြံဆင့်ကို သူမမှန်းဆလိုက်သည်။ သေချာပေါက် သူမအနေနဲ့ မယှဥ်နိုင်ဘူး။

အရင်က ထိုလူနှိမ်နင်းခဲ့သော သူမရဲ့ ပုံရိပ်ယောင်သည် မူလခန္ဓာကိုယ်ရဲ့ စွမ်းအင် ၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ထိုပုံရိပ်ရောင်ကို လက်တစ်ဖက်ထဲနဲ့ သတ်ပစ်နိုင်ခဲ့တယ် ဆိုမှတော့ သူမကို သတ်ပစ်ချင်ရင် လက်နှစ်ဖက် အသုံးပြုရုံပေါ့။

ရှကျိုးယွီကတော့ စိတ်ဝင်စားစွာဖြင့် လှိုဏ်ဂူအတွင်းကို တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။

နီးကပ်လာတဲ့ ခြေသံတစ်ခုဆီတိုင်းက သူမရဲ့ နှလုံးသားကို ရိုက်ခတ်နေ၏။ လီယုဟန် အသက်ပင် မရှုနိုင်တော့ပေ။

“ဘာလဲ? မင်းရဲ့နောက်ခံကို ပြောလိုက်တာနဲ့ ငါမသတ်တော့ဘူး ထင်နေလို့လား? ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး”

ရှကျိုးယွီရဲ့ အရှိန်အဝါက ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ တောင်တစ်တောင်လို လေးလံပြီး ပင်လယ်ပြင်လို ကျယ်ပြန့်တဲ့ ထိုအရှိန်အဝါက လီယုဟန်ဆီကို အလုံးအရင်းနဲ့ ဝင်ရောက်လာ၏။ လီယုဟန် တောင့်မခံနိုင်တော့ချေ။ သူမ ချက်ချင်းပဲ မြေပြင်ပေါ်ကို လှဲကျသွားခဲ့သည်။

ဒါပေမဲ့ သူမလည်းပဲ ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်သည်။ ကိုယ့်အသက်ရဲ့ အရေးပါမှုကို သဘောပေါက်၏။ ထို့ကြောင့် ချက်ချင်းပဲ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

“ကောင်းပြီ နင်သိချင်တဲ့ အရာအားလုံးကို ငါပြောပြမယ်။ ငါ့ရဲ့ အသက်ကိုပဲ ချမ်းသာပေး”

သူမကပြောပြီးတာနဲ့ အင်္ကျီစကိုပင် အနည်းငယ် ဆွဲချလိုက်သေး၏။ ရှကျိုးယွီကို ဆွဲဆောင်ဖို့ ပြင်လိုက်တာပင်။

“အို့ တကယ်လား?”

ရှကျိုးယွီရဲ့ နှုတ်ခမ်းတွေက အနည်းငယ် တွန့်သွားခဲ့သည်။ သူရဲ့ မျက်လုံးထဲမှာ ခံစားချက်တစ်ချို့ ဝင်ရောက်လာ၏။

“ဒါဆိုရင် မင်းတို့ဂိုဏ်းနဲ့ တရှားတိုင်းပြည်က ဘာတွေဖြစ်နေတာလဲ?”

…….

All Chapters