← Chapters

ရှေ့သို့ခြေတစ်လှမ်း

Vol. 40 Ch. 593

ရှေ့သို့ခြေတစ်လှမ်း

Vol. 40 Ch. 593

ဆန်နီ ဝေဝါးစွာနဲ့ မျက်လုံးမှိတ်လိုက်တယ်..။လိမ္မော်ရောင် မီးတောက် နဲ့ အရိပ်တွေက နံရံမှာ ကခုန်နေကြပြီး..သွေးညှီနံ့တွေ ၊ ရင်ဘတ်ထဲက စူးရှတဲ့ နာကျင်မူတွေနဲ့ အတူပဲ..သူက ဝိဉာဉ်ပင်လယ်ထဲကနေ လွတ်မြောက်လာခဲ့ပါတယ်..။သူက ညဘုရားကျောင်းရဲ့ နှလုံးသားနေရာ ဆီကို ပြန်ရောက်လာခဲ့တယ်..။

သူက အနိုင်ရခဲ့တာပါ…။ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲ…

သူက အောက်ကို ပြုတ်ကျနေသလိုမျိုး ခံစားနေခဲ့ရတယ်..။

ဆန်နီက ကြမ်းပြင်ပေါ်က..အက်ကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျောက်တုံးနဲ့ ထိတွေ့သွားခဲ့တယ်..။သူ့အနားမှာလည်း..ဝယ်သီရဲ့ ခန္တာကိုယ်က..ပြုတ်ကျသွားတာကို ကြားနေခဲ့ရပါတယ်..။သူ့နှုတ်ခမ်းကနေ ညဉ်းညူတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး..ကျိန်ဆဲလိုက်မိတယ်..။

‘ဘယ်လို ငရဲလဲ..’

မော်ဒရက်နဲ့ သူ့ရဲ့ တိုက်ပွဲက..အတော်လေးကြာခဲ့ပေမယ့် ကြည့်ရတာတော့..အပြင်ကမ္ဘာမှာ တစ်ခနလောက်သာ ကြာသွားခဲ့တဲ့ ပုံပါပဲ..။ဆန်နီ အနေနဲ့ အောက်ကို သေချာပြတ်ကျဖို့အတွက် ပြင်ဆင်ချိန်တောင် မရလိုက်ပေ..။

တိတ်တဆိတ်ကခုန်သူက သူ့ရဲ့ နေရာမှာ ရှိနေတုန်းဖြစ်ပြီး..ကတ်စီကလည်း ဓားရှည်တစ်လက်ကို ကိုင်ပြီး ပြေးလာနေဆဲပါ..။

‘ ငါ..ရှင်သန်နိုင်ခဲ့တာလား..’

သို့ပေမယ့်..သူက ဘာလို့ တစ်ခုခုကို မေ့နေသလိုမျိုး ခံစားနေရတာလဲ..။

ဆန်နီဟာ သူ့ရဲ့ ဒဏ်ရာရနေတဲံ ခန္တာကိုယ်ကို..အားစိုက်ပြီး ထထိုင်လိုက်ဖို့ ကြိုးစားလိုက်တယ်..။သူက အားနည်းပြီး မောပန်းသလို ခံစားနေခဲ့ရပါတယ်..။ဘာမှမရှိတဲ့ မင်းသားနဲ့ တိုက်ပွဲက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရရှိတဲ့အပြင်..စိတ်ဝိဉာဉ်ကိုပါ ထိခိုက်မူတွေ ဖြစ်စေခဲ့ပါတယ်..။

ဘာ…ဘာဖြစ်တာလဲ..

ကတစ်စီက သူ့ရဲ့ဘေးနားကို ရောက်လာခဲ့ပြီး ဖြစ်ပြီး သူ့ကို ထ ထိုင်ဖို့အတွက် ကူညီပေးလာခဲ့တယ်..။သူ့မရဲ့ ဓားပျံက လေထဲမှာ ပျံသန်းနေပြီး..ဓားရဲ့ ထိပ်ဖျားကိုတော့ ဝယ်သီရဲ့ မလှုပ်သေးတဲ့ ခန္တာကိုယ်ကို ချိန်ရွယ်ထားခဲ့ပါတယ်..။

‘အိုး..ဟုတ်သားပဲ…မော်ဒရက်က ဘယ်ကိုပျောက်သွားတာလဲ..’

ရုတ်တရက် သူ့မျက်လုံးတွေ ပြူကျယ်သွားခဲ့တယ်..။

ဆန်နီ ခေါင်းကို မော့ပြီး..ဝယ်သီကို လက်ညိုးထိုးပြုလိက်ပါတယ်..။

“သူ..သူမကို သတ်..”

တိတ်တဆိတ်ကခုန်သူဟာ..လေထဲမှာ အရောင်လက်သွားခဲ့ပြီး သူ့သခင်ထက် လျှင်မြန်စွာ တုန်ပြန်လာခဲ့တယ်..။ကတ်စီ မျက်မှောင်ကျုတ်လိုက်ပြီး..

“ဘာလဲ…သူက မသေ….”

သို့ပေမယ့် ဒါက အရမ်းနောက်ကျသွားခဲ့ပါပြီ..။

ဝယ်သီက ရုတ်တရက် လှုပ်လာခဲ့ပြီး..သူမဆီကို ဝင်ရောက်လာတဲ့ ဓားပျံကို လက်ကိုင်ကနေ ဖမ်းထားခဲ့တယ်..။ချွန်ထက်နေတဲ့ ဓားဦးက..လည်ချောင်းနဲ့ စင်တီမီတာ အနည်းငယ် အကွာလောက်မှာ ရပ်တန့်သွားခဲ့ပါတယ်..။

…မဟုတ်ဘူး..မော်ဒရက်က မသေဘူး..။သူက သူက အနိုင်ရဖို့မဖြစ်နိုင်တဲ့ တိုက်ပွဲကို မတိုက်ခိုက်ပဲ..ရိုးရှင်စွာပဲ ထွက်ပြေးသွားခဲ့တာ..။

သူ့ရဲ့ မူလ လက်ခံကောင် ဆီကို ပြန်သွားခဲ့တာ..။

ကတ်စီက ဘာမှမရှိတဲ့ မင်းသားကို အံ့ဩစွာ ကြည့်နေခဲ့တယ်..။ဓားပျံရဲ့ အသွားမှာ အက်ကြောင်းတွေ ပေါ်လာတဲ့ အချိန်ရောက်မှသူမက ထပ်တူညီမူကို အလျင်အမြန်ပဲ ရုတ်သိမ်းလိုက်ပါတယ်..။ပြီးတာနဲ့ ဆန်နီကို မတ်တတ်ထရပ်ဖို့အတွက် ကူညီပေးလိုက်တယ်..။

“ငါ..ငါတို့ အခု ဘာလုပ်ကြမှာလဲ..”

တက်ရောက်မူအဆင့် သူရဲကောင်းရဲ့ ခန္တာကိုယ်က..ပြန်လည်အသက်ဝင်လာသလိုပဲ ဖြည်းညှင်းစွာ လှုပ်ရှားလာတာကို ဆန်နီ တွေ့နေခဲ့ရပါတယ်..။သူမရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာခဲ့ပြီး..နက်မှောင်တဲ့ စိတ်ဆန္ဒတွေ ၊ သေစေနိုင်တဲ့ ဉာဏ်ကောင်းမူတွေ နောက်တစ်ကြိမ် ဖြစ်တည်လာခဲ့တယ်..။

သူ့ရဲ့ နှလုံးခုန်သံတွေ မြန်သွားခဲ့ပါပြီ..။

အခုတော့..မော်ဒရက်က ဆန်နီကို ကျွန်ပြုဖို့ကြိုးစားတာရော ၊ ပိုင်ဆိုင်ဖို့ ကြုးစားတာရော ကျရှုံးခဲ့ပြီ ဖြစ်တာကြောင့် သူလုပ်နိုင်တာ ဆိုလို့ တစ်ခုတည်းပဲ ရှိပါတော့တယ်..။အဲတာကတော့ ဆန်နီကို နိပ်စက်ပြီး ဝီဗာ မျက်နှာဖုံးကို ထုတ်ပေးလာအောင် လုပ်ကာ..ကျန်တဲ့ အရာတွေကို စွန့်လွှတ်ဖို့ပါ..။

ဒီသားရဲက..မာစတာတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကို ဝင်နေတဲ့ အချိန်မှာ အမှန်တကယ်ပဲ ငါတို့က ဘာများ လုပ်နိုင်ဦးမှာလဲ..။

အမှန်တော့ ဆန်နီမှာ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု ရှိပါတယ်..။

သူက ကတ်စီကို ဆုံးဖြတ်ချက်ပြတ်သားတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..အော်ပြောလိုက်တယ်..။

“ဘာရှိရဦးမှာလဲ..ပြေးတော့လေ..”

မော်ဒရက် တစ်ယောက်တည်းကပဲ ဒီမျှော်လင့်ချက်မဲ့နေတဲ့ နေရာကနေ…ဘယ်လိုထွက်သွားရမလဲ ဆိုတာကို သိတာ မဟုတ်ပါဘူး..။

သူက မျက်မမြင်မိန်းကလေးကို..ခံတပ်ဟောင်းရဲ့ နံရံက အပေါက်ကြီးတစ်ခုဆီ တွန်းပို့လိုက်ပြီး..သူကိုယ်တိုင်ကလည်း..ပြန်ထဖို့ကြိုးစားနေတဲ့ ဝယ်သီကို ကျောခိုင်းကာ..အဝေးဆုံးကို ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..တင်းကြပ်နေအောင် မှိတ်ထားတာကြောင့်..ဒီခွေးသားက..အလင်းပြန်မူကနေတဆင့် သူတို့ဘယ်မှာလဲ ဆိုတာကို မမြင်နိုင်တော့ပါဘူး.။

ညဘုရားကျောင်း ဆိုတာက ကြီးမားကျယ်ပြန့်တဲ့ နေရာကြီးတစ်ခုပါ..။ကံတရားတစ်ချို့သာ ပေါင်းစပ်လိုက်မယ်ဆိုရင်..သူတို့က အဲဒီ သောက်ကျိုးနဲ မင်းသား နဲ့ ကြောင် နဲ့ ကြွက် လိုက်တမ်း ကို ရက်အနည်းငယ်လောက်တောင် ကစားလို့ ရနိုင်ပါလိမ့်မယ်..။မဟုတ်ဘူး..ဒါက ကြွက်နဲ့ ကျား လိုက်တမ်းပဲ..။

ဒီအချိန်အတွင်းမှာတော့..သူတော်စင်ကော်မတ် အမြန်ပြန်ရောက်လာပါစေ လို့ မျှော်လင့်နေရမှာပါ..။

နံရံတွေကြားထဲကို ဖြတ်ကျော်ပြီး ဝင်ရောက်သာလိုမျိုး..အနောက်ဘက်က လှောင်ပြောင်သံကို ကြားနေခဲ့ရတယ်..။

“ဘာလဲ..ဒီလောက် မြန်မြန်ကြီး ထွက်သွားပြီလား..”

မော်ဒရက်က လမ်းလျောက်လာတာကို ခံစားလိုက်ရတာကြောင့်..ဆန်နီက ကောင်းကင်ဖိအားကို ဖယ်ရှားလိုက်တယ်..။ပီယာရဲ့ အလောင်းက..အပေါ်ဘက် မျက်နှာကျတ်ကနေ ပြုတ်ကျလာခဲ့ပြီး..မှန်သားရဲ ရဲ့ ရှေ့ကို တန်းတန်းမတ်မတ် ပြုတ်ကျသွားခဲ့ပါတယ်..။ဒါက သူ့ကို နောက်ပြန်ဆုတ်သွားစေပြီး..အနည်းငယ် နှေးကွေးသွားစေခဲ့တာပါ..။

ဆန်နီ က ခေါင်းတောင်ပြန်မလှည့်တော့ပဲ..ကျိုးပျက်ကျိန်စာကို အနောက်ကို ပစ်ချလိုက်ပြီး.သာမန်ကျောက်တုံးကိုတော့..ကြုံရာ ထောင့်တစ်နေရာကို ပစ်လိုက်တယ်..။ပြီးတာနဲ့..ဆန့်ကျင်ဖက် အရပ်ကို ကတ်စီနဲ့အတူ ပြေးထွက်သွားလိုက်ပါတယ်..။

သူတို့ပြေးနေတုန်းမှာတော့..နံရံတွေကြားထဲမှာ..ကျန်ရစ်ခဲ့တဲ့ ကျောက်တုံးဟာ..ဆန်နီရဲ့ အသံနဲ့ အသံကုန်ဟစ်ပြီး အော်နေခဲ့ပါပြီ..။

“ပြေး..ပြေး…ပြေး…”

…..

ဒီ လှည့်စားမူက..မော်ဒရက်ကို အချိန်အကြာကြီး လှည့်စားနိုင်မယ်လို့ သူ မတွေးထားခဲ့ပါဘူး..။သို့ပေမယ့် လုံလောက်တဲ့ အချိန်တစ်ခု ရှိမယ်ဆိုရင်တော့..သူတို့က ရှုပ်ထွေးလှတဲ့ ဘုရားကျောင်းရဲ့ ဝက်ပါထဲကနေ ပျောက်ကွယ်သွားနိုင်ပါတယ်..။သူတို့က မြင့်မြတ်နယ်မြေထဲကနေသာ အချိန်မှီထွက်ခွာဖို့ လိုအပ်တာ ဖြစ်ပြီး..တကယ်လို့ အပြင်ဘက်ကိုသာ ရောက်သွားမယ် ဆိုရင်..သူတို့ကို ဖမ်းဖို့ဆိုတာ ပိုခက်ခဲသွားပါပြီ..။

ဘာမှမရှိတဲ့ မင်းသားကို ထိပ်တိုက်ရင်ဆိုင်ဖို့ သူက ပြိုင်ဖက်တစ်ယောက် မဖြစ်နိုင်ပေမယ့်..ပုန်းအောင်းတာ ၊ ထွက်ပြေးတာ နဲ့ ပတ်သက်လာရင်တော့..ဆန်နီ ဆီမှာ အားသာချက်တွေ အများကြီး ရှိပါတယ်..။သူက အရိပ်ခြေလှမ်းကနေ အကွာအဝေး အများကြီးကို ခုန်သွားနိုင်ရုံတင်မကပဲ..သူ့ရဲ့ အရိပ်တွေကို အသုံးပြုပြီး ရန်သူ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို အမှောင်ထဲကနေ ထောက်လှမ်းနိုင်ပါသေးတယ်..။

အဲ့အချိန်မှာတော့ မော်ဒရက်က ညဘုရားကျောင်းထဲမှာ မရှိသလောက်ကို ရှားပါးတဲ့ အလင်းပြန်မူတွေကနေ တဆင့်ပဲ..မြင်နိုင်စွမ်းရှိပါတယ်..။သူမမြင်အောင် ပုန်းအောင်းနေဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး..။

အထူးသဖြင့်..ကတ်စီရဲ့ အလိုလိုသိစိတ် နဲဆိုရင် ပိုပြီးတောင် ဖြစ်နိုင်ပါသေးတယ်..။မျက်မမြင် မိန်းကလေးက..သူ့ရဲ့ လှုပ်ရှားမူတွေကို အနည်းငယ် နှေးကွေးစေတယ် ဆိုပေမယ့်..သူမနဲ့ အတူ ရှိနေခွင့်ရတာကလည်း..ကံကောင်းမူကြီးတစ်ခုပါပဲ..။

သူဒီလိုတွေးနေတုန်းမှာပဲ..ကတ်စီက သူ့ကို ရုတ်တရက်ဆွဲခေါ်သွားခဲ့ပြီး..မြင်နိုင်ဖို့အတော်လေးကို ကျဉ်းမြောင်းတဲ့ ကော်ရစ်ဒါထဲကို ဆွဲခေါ်သွားခဲ့ပါတယ်..။သူတို့နှစ်ယောက်က..လှေကားထစ် အသေးလေးတွေ ဆီကို ရောက်သွားခဲ့တယ်..။သူတို့က လှေကားအတိုင်း တက်သွားလိုက်ကြပြီး..အဝိုင်းပုံစံအခန်းတစ်ခုကို ဖြတ်သန်းလိုက်ကြကာ..အပေါ်ကို ထပ်တက်လိုက်ပါတယ်..။

သူတို့ အပေါ်ကို တက်နေတုန်းမှာပဲ..သူတို့ရဲ့ နားထဲမှာ..နားစည်ကျိန်းလောက်တဲ့ ထိခိုက်သံကြီးကို ကြားလိုက်ရတယ်..။ဒါကတော့ ဘာမှမရှိတဲ့ မင်းသားက..သူတို့ရဲ့နောက်ဘက် သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ရှိနေတယ် ဆိုတာကို အချက်ပေးနေခဲ့တာပါ..။

အဲ့ခွေးသားက ဘာလုပ်နေတာလဲ..။လမ်းကြောင်းတစ်ခု ရှာရမယ့်အစား..နံရံတွေကို ဖျက်ဆီးနေတာလား..။

ခံတပ်ရဲ့ အတွင်းပိုင်းက..ထူးဆန်းပြီး ရှုပ်ထွေးလွန်းတဲ့အတွက်..ဆန်နီရဲ့ လမ်းကြောင်းတွေကို အာရုံခံနိုင်စွမ်းက အလျင်အမြန်ပဲ ပျောက်ဆုံးသွားခဲ့တယ်..။သူ သိထားတဲ့တစ်ခုတည်းသော အရာကတော့..သူတို့က အတွင်းပိုင်းမြင့်မြတ်နယ်မြေ ရဲ့ ပုံမှန်ထွက်ပေါက်ဆီကို သွားနေတာ မဟုတ်သလို..၊ ခေါင်းလောင်းတာဝါရဲ့ အလယ်ဗဟို ဆီကို သွားနေတာ လည်း မဟုတ်ပါဘူး..။

သို့ပေမယ့် ကတ်စီက ကျဉ်းမြောင်းတဲ သစ်သား တံခါးလေးတစ်ချပ်ကို ဖွင့်လိုက်တဲ့အချိန်မှာတော့..သူ့ရဲ့ သံသယတွေအားလုံး ကင်းရှင်းသွားခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..အေးစက်တဲ့ လေထုက..သူ့မျက်နှာကို ရိုက်ခတ်လာခဲ့တယ်..။

သူတို့က တစ်နည်းအားဖြင့်..ဘုရားကျောင်းရဲ့ ဟောခန်းမကြီးဆီကို ရောက်လာခဲ့ကြပါတယ်..။ချိုင့်ဝှမ်းကြီးရဲ့ အလယ်နေရာမှာတော့..ပျက်ဆီးနေတဲ့..ထွက်ပေါက် တစ်ခု ရှိနေခဲ့တယ်..။အတွင်းပိုင်း မြင့်မြတ်နယ်‌ြေမရဲ့ မြင့်မားတဲ့ဂိတ်ပေါက်တွေကနေ ထွက်လာရင်ရောက်မယ့် နေရာအစား..၊ ဆန်နီနဲ့ ကတ်စီ တို့ဟာ..ဟောခန်းမကို ပတ်လည်ဝန်းရံပြီး ရှိနေတဲ့ အပေါ်ဘက် ဝရန်တာမှာ ပေါ်လာကြပါတယ်..။

တစ်ချိန်တည်းဆိုသလိုပဲ..ရင်းနှီးတဲ့ ပုံရိပ်တစ်ခုက..အောက်ဘက်က ဂိတ်ပေါက်ကနေ ထွက်ပေါ်လာခဲ့တယ်..။

အပိုင်း ( ၅၉၃ ) ပြီး၏။

All Chapters