← Chapters

သူမ၏ အိပ်စက်ခြင်း အလှတရားမှ မည်သို့ နိုးထစေရမည်နည်း

Vol. 38 Ch. 527

သူမ၏ အိပ်စက်ခြင်း အလှတရားမှ မည်သို့ နိုးထစေရမည်နည်း

Vol. 38 Ch. 527

အန်လင်းက ရှေ့သို့ ဆက်လျှောက်လာခဲ့လိုက်၏။

အဝေးတွင် လင်းလက်နေသော တောက်ပသည့်အလင်းတန်းတစ်ခုကို သူက တွေ့လိုက်ရ၏။

သူပတ်ဝန်းကျင်မှ မြေပြင်မှာ အသက်ဝင်မှု အရိပ်အယောင်ပင် မရှိသော မြက်ပင်သေများဖြင့် ဖုံးအုပ်နေကာ ထိုသည်များအားလုံးက မီးသွေးကဲ့သို့ မြေပြင်ပေါ်တွင် ပြားကပ်နေပေ၏။

အနီရောင်အလင်းတန်းနှင့် ပိုမို နီးကပ်လာပြီးနောက် သူက ထိုသည်မှာ သွေးကျောက်စိမ်းအခေါင်းတစ်ခုဖြစ်သည်ကို တွေ့လိုက်ရ့ပြီး ခရမ်းရောင်မြက်ပင်များမှ အသက်ဝင်မှုများ အားလုံးကို စုပ်ယူနေသည်မှာ ဤအခေါင်းပင်ဖြစ်သည်မှာ သေချာလှပေ၏။

အန်လင်းက အခေါင်းကို တုံ့ဆိုင်းစွာ ငေးကြည့်နေလိုက်ပေ၏။

ဒီအခေါင်းက အရမ်းကို ရှားပါးတဲ့ ရတနာများလား။ သူလည်း သေချာ မသိပါပေ။ ဤအခေါင်းမှာ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးက ဆန်းကြယ်အခမ်းအနား တစ်ခုခုပြုလုပ်ရန် ဤနေရာတွင်လာထားထားသော အရာတစ်ခုဖြစ်နိုင်ပေ၏။ ထိုအထဲတွင် အလွန်အစွမ်းထက်သည့် သက်ရှိတစ်ဦး လဲလျောင်းနေပါက ထိုအခေါင်းကို သွားဖွင့်လိုက်ပါက သူက ဒုက္ခအကြီးကြီးရောက်သွားနိုင်ပေ၏။

ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် သူ့၏ သိုလှောင်လက်စွပ်က လင်းလက်လာကာ ဂမ်ဒမ်နှစ်ယောက်က သူ့ရှေ့တွင် ပေါ်လာလေ၏။

“အဲ့အခေါင်းကို သွားဖွင့်ပြီးတော့ အထဲမှာ ဘာရှိလဲဆိုတာ သွားကြည့်ကြ။”

ထိုဂမ်ဒမ်နှစ်ကောင်၏ ဒိုင်းအကာလုပ်ဆောင်ချက်မှာ ဤကဲ့သို့ အကြိမ်များတွင် အမှန်တကယ်ပင် အသုံးဝင်ပေ၏။

ဂမ်ဒမ်နှစ်ကောင်မှာ အန်လင်း၏ ခိုင်းစေမှုကြောင့် အနီရောင် အခေါင်းဆီသို့ ပျံသွားကြလေ၏။

ဘုန်း...

သူတို့က အခေါင်းနှင့် မီတာတစ်ရာခန့် အဝေးတွင် ရှိနေချိန်၌ အလွန်ကြောက်မက်ဖွယ်အားတစ်ခု၏ ထိုးနှက်ခြင်းကို ရုတ်တရက် ခံလိုက်ရလေ၏။

အနီရောင်အလင်းတိုင်ကြီးများက ရုတ်တရက် ဂမ်ဒမ်နှစ်ကောင်အား ဝင်တိုက်ခတ်ကာ သူတို့၏ ခိုင်မာလှသော အကာအကွယ်များက ကြောက်မက်ဖွယ် ထိုးနှက်ချက်၏ အောက်တွင် ချိုင့်ဝင်သွားကာ သူတို့က လေထုကိုဖြတ်ကာ အမြှောက်ဆံများပဲ့သို့ ကီလိုမီတာပေါင်းများစွာသို့ ပျံတက်သွားလေ၏။

ကျေးဇူးကြီးလှစွာဖြင့် သူတို့နှစ်ဦးစလုံးက အတော်အတန် ခံနိုင်ရည်ရှိကာ မြေပြင်ပေါ်တွင် အနည်းငယ် လူးလိမ့်ပြီးနောက် ထလာနိုင်ကြပေ၏။

“ဟူး...။ အဲ့မှာ မန္တန် ဖွဲ့စည်းခြင်းတစ်ခု ရှိတာလား။ အဲဒါက တကယ်ပဲ သေချာကို ဖုံးထားတာပဲ။ ငါက အနီးနားလေးကတောင် အာရုံခံလို့မရဘူး။”

အန်လင်းက အံ့ဩတကြီးဆိုကာ သူ့၏ မျက်လုံးများက နှင်းကဲ့သို့ အဖြူရောင် ပြောင်းသွားပြီးနောက် အခေါင်းပတ်လည်မှ ဧရိယာတစ်ဝိုက်ကို စစ်ဆေးလိုက်လေ၏။

အလွန်ရှုပ်ထွေးနေသော သွေးကြောပုံစံများက သူ့ရှေ့တွင် ပေါ်လာကာ သေးငယ်သော်လည်း အလွန်ရှုပ်ထွေးလှသည့် မန္တန်ဖွဲ့စည်းခြင်းတစ်ခု ဖြစ်လာလေ၏။ ထို မန္တန်ဖွဲ့စည်းခြင်းမှာ သာမန်ကျင့်ကြံသူတစ်ဦး ဖြတ်သန်းမသွားနိုင်လောက်ပါပေ။

အန်လင်းတွင် အံ့ဖွယ်စစ်မေးခြင်း နည်းစနစ်ရှိနေသည်မှာ အလွန်ဆိုးလှပေ၏။

နယ်မြေထိုးဖောက်လက်သည်းက ပေါ်လာကာ လေထုထဲရှိ နေရာတစ်ခုဆီသို့ ပျံသန်းသွားလေ၏။

ဘုန်း...

အခေါင်းပတ်လည်မှ ​လေထုက ပြင်းပြင်းထနမထန် တုန်ခါလာကာ မန္တန်ဖွဲ့စည်းခြင်းက လုံးဝပင် ပျောက်ကွယ်သွားလေ၏။

ဂမ်ဒမ်နှစ်ကောင်က ထိုသည်ကို အခွင့်ကောင်းယူကာ အနီရောင်အခေါင်းပေါ်သို့ ပြေးဝင်သွားလေ၏။

သူတို့က လက်များကို အဖုံးပေါ်တွင်တင်ကာ ထိုသည်ကို ဖွင့်ရန် ကြိုးစားလိုက်ရာ မဖွင့်နိုင်သည်ကို တွေ့လိုက်ရ၏။

အန်လင်း : “အသုံးကို မကျဘူး...။”

သူ၏ စွမ်းအင်က မြင့်တက်လာသည်နှင့်အမျှ ဂမ်ဒမ်နှစ်ကောင်မှာ ပိုပိုပြီး အသုံးမဝင်ဖြစ်လာသည်ကို သိလိုက်ရ၏။ သူတို့က တိုက်ပွဲများတွင် အသုံးမဝင်ခဲ့ပြီး ယခုတွင်မူ အခေါင်းအဖုံးကိုပင် မဖွင့်နိုင်တော့ပါပေ။ နောက်တစ်ခါဆိုရင် သူတို့ကို သူ့ရဲ့ ကိုယ်ပိုင်အားပေးသူတွေပဲ လုပ်ခိုင်းလိုက်ရမလား။

သူက ထိုသည်ကို တွေးနေစဉ်မှာပင် သွေးကျောက်စိမ်းအခေါင်း၏ အဖုံးမှာ ရုတ်တရက် လေထုထဲသို့ ပေါက်ကွဲသွားလေ၏။

အန်လင်းမှာ အခေါင်းထဲမှ အနက်ရောင် အရိပ်တစ်ခုက အလွန်လျင်မြန်စွာ ခုန်ထွက်လာသည်ကို တွေ့သောအခါ အလွန်လန့်သွားလေ၏။ ထို့နောက် ချွန်ထက်သော သွားတစ်စုံက ဂမ်ဒမ်တစ်ဦးဆီသို့ ရုတ်တရက် တိုးဝင်လာလေ၏။

ခွမ်း...

အနက်ရောင်ပုံရိပ်က ဂမ်ဒမ်၏ လည်ပင်းကို ကိုက်ချလိုက်ပြီး သွားတစ်​ချောင်း ကျွတ်ထွက်သွားကာ အဝေးသို့ လွင့်ထွက်သွားလေ၏။

အန်လင်းက ရွှေရောင်ဆံပင်ရှည်များဖြင့် အနားသတ်ထားသော တိုက်ခိုက်သူ၏ မျက်နှာထက်တွင် ဝမ်းနည်းသော အမူအရာတစ်ခုကို မြင်လိုက်ရလေ၏။

ဂမ်ဒမ်နှစ်ကောင်က ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရလိုက်ခင်မှာပင် အနက်ရောင်အရိပ်က အခေါင်းထဲသို့ ပြန်ဝင်သွားလေ၏။

ဘုန်း...

အခေါင်းအဖုံးကြီးက ကောင်းကင်မှ ပြုတ်ကျလာပြီး အခေါင်းကို ချိတ်ပိတ်လိုက်လေ၏။

အခေါင်းက မည်သည့်အခါကမှ မပွင့်ခဲ့သလို တိတ်ဆိတ်မှုက ပြန်လည်ဖြစ်ပေါ်လာလေ၏...။

အန်လင်း : “...”

“သနားစရာပဲ။ အစွယ်တစ်ချောင်း ကျိုးတယ်ဆိုတာ တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ။” ရွှယ်ကျန်းထျန်သည်လည်း အစွယ်တစ်စုံရှိ၍ သွားတစ်ချောင်းကျိုးသွားသော အခေါင်းထဲမှ လူအား အလွန်စာနာနေသေ၏။

အန်လင်းက သူ့၏ မျက်ခုံးများကို ပွတ်သပ်လိုက်၏။ “အဲဒါက အစွယ်တွေမဟုတ်ဘူး။ အဲဒါ သွေးစုပ်ဖုတ်ကောင်သွားတွေပဲ။”

အခြေခံအားဖြင့် အန်လင်းက ထိုသည်မှာ မည်သည့် ရတနာမှ မဟုတ်သည်ကို သေချာသွားပြီဖြစ်၏။ ထိုသည်က သွေးမျိုးနွယ်စု ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦး၏ အိပ်ယာပင် ဖြစ်လေ၏။

သို့သော် ခွန်အားကြီး ပုဂ္ဂိုလ်က အနည်းငယ် အားနည်းနေပုံရ၏။ ဂမ်ဒမ်နှစ်ကောင်က အလွန်ခိုင်မာသော အခွံများ ရှိသော်လည်း အခေါင်စထဲမှ လူမှာ ထိုအတွက်တော့ သွားမကျိုးသင့်ပါချေ...။ ထို့အပြင် ဂမ်ဒမ်များ၏ သွင်ပြင်မှ သူတို့က သားကောင်ဖြစ်မသွားသည်ကို ပြောနိုင်ပေ၏။ သူတို့ကို ကိုက်ခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။ အင်ဂျင်ဝိုင်သောက်ချင်လို့လား...။

ထိုခွန်အားကြီးပုဂ္ဂိုလ်က ရူးနေသည်လား။

အသက်စွမ်းအင်ကို စုပ်ယူခြင်း... အခေါင်း... အားနည်းသော တိုက်ခိုင်နိုင်စွမ်း... ချို့တည့်နေသော အမြင်စွမ်းရည်...

အန်လင်းက ထိုသည်များအားလုံးကို စုစည်းလိုက်ကာ ထိုသတင်းအချက်အလက်များကို အခေါင်းထဲမှ လူအတွက် နောက်ခံဇတ်ကြောင်းကို ဖန်တီးလိုက်၏။

ထိုသည်က အပြင်းအထန် ဒဏ်ရာရထားသော သွေးမျိုးနွယ်စု ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ပြီး ခရမ်းရောင် မြက်ပင်များမှ အသက်စွမ်းအင်ကို ဆွဲယူကာ ပြန်လည်ကောင်းမွန်ရန်အတွက် အခေါင်းထဲတွင် လဲှနေသည်ဖြစ်နိုင်ပေ၏။

ဟုတ်တယ်။ အဲ့လိုပဲ နေမှာ...။

အန်လင်း၏ မျက်လုံးများက အရောင်တောက်သွားကာ သွေကျောက်စိမ်းအခေါင်းကို လောင်ကျွမ်းနေသော အမူအရာဖြင့် ကြည့်လိုက်လေ၏။

ရန်သူများကို ဆန့်ကျင်ရပါက သူတို့ အားအနည်းဆုံးအချိန်တွင် တိုက်ခိုက်ရသည်မှာ အကောင်းဆုံးဖြစ်ပေ၏။

သူက ဂမ်ဒမ်နှစ်ကောင်၏ အကာအကွယ်ကို ဖြန့်ကာ မကိုက်နိုင်သော ရန်သူတစ်ယောက်အား ကြောက်နေစရာမလိုပါချေ။ ထို့အပြင် သူက သူ့သွေးမှာ သွေးမျိုးနွယ်စုအတွက် အဆိပ်ဖြစ်စေနိုင်သော ခွန်အားကြီး အဆိပ်သခင်တစ်ဦး ဖြစ်ပေ၏။ အန်လင်းက သူအသားစီးရနေသည်ဟု ခံစားလိုက်ရ၏။

ဂမ်ဒမ်နှစ်ကောင်မှာ ဆက်လက်ကြိုးစားကာ အဖုံးကို ဖွင့်နေသော်လည်း သူတို့မည်မျှကြိုးစားကြိုးစား ထိုသည်က မပွင့်လာပါချေ။

ထို့နောက်သူတို့က အခေါင်းအား အလင်းဓားများ၊ လေဆာဓားသွားများ၊ ခရမ်းနက်နဂါးမီးတောက်များနှင့် တစ်ခြားသော တိုက်ခိုက်မှုများကို ပြုလုပ်ကြသော်လည်း ထိုသည်က မဖျက်ဆီးနိုင်သော ခံတပ်ကြီးတစ်ခုကဲ့သို့ ခြစ်ရာတစ်ခုပင် မကျန်ခဲ့ပါပေ။

အန်လင်းက အေးစက်စွာ လှောင်ပြောင်လိုက်၏။ “မင်းက အခွံထဲမှာ ပြန်ဝင်နေရင် ငါဘာမှမလုပ်နိုင်တော့ဘူးလို့ထင်နေတာလား။”

သူက သွေကျောက်စိမ်းအခေါင်းကို တဖြည်းဖြည်း ချဉ်းကပ်လာကာ စတင် လှုပ်ရှားလိုက်လေ၏။

အခေါင်းမှာ အနီရောင်တောက်တောက်ဖြင့် လင်းလက်နေကာ အသက်စွမ်းအင် စုပ်ယူမှုက ဆက်လက်ဖြစ်နေပုံရပေ၏။

သွေးကျောက်စိမ်းမှာ တစ်ဝက်ဖောက်မြင်နိုင်သည်ဖြစ်ရာ အန်လင်းက အခေါင်းထဲသို့မြင်ရပြီး ရွှေရောင်ဆံပင်များနှင့် အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော ကိုယ်လုံးကိုယ်ပေါက်လှပသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေ၏။ သူမက လက်ရှိတွင် အိပ်ပျော်နေသော် အလှပဂေးတစ်ဦးကဲ့သို့ မျက်လုံးများကို ပိတ်ထားကာ အေးချမ်းစွာ အိပ်မောကျနေပုံရလေ၏။

“ဟီးဟီး... ငါမင်းကို အိပ်စက်ခြင်းကနေ နိုးထပေးမယ် အိပ်ပျော်နေတဲ့ အလှလေးရေ...” ညစ်ကျယ်ကျယ်အပြုံးတစ်ခုက အန်လင်း၏ မျက်နှာထက်တွင် ပေါ်လာကာ အခေါင်းမျက်နှာပြင်ကို ပွတ်သပ်နေလေ၏။

ထိုသည်ကို မြင်သောအခါ ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်မှာ တုန်ခါနေလေ၏။ သူကရုတ်တရက် သူ့သခင်မှာ ရန်မူနေသော စရိုက်ရှိသူတစ်ဦးဟု ထင်လာလေ၏။

အန်လင်းက ခေတ္တတုံ့ဆိုင်းနေပြီးနောက် သာမန်နည်းလမ်းတစ်ချို့နှင့် စတင်ရန် ဆုံးဖြတ်လိုက်လေ၏...။

သူက သူ့လက်များကို အခေါင်းအဖုံး၏ တစ်ဖက်ဆီတွင် ထားလိုက်ပြီး ဖွင့်ရန်ကြိုး ကြိုးစားလိုက်ရာ အခေါင်းအဖုံးမှာ အခေါင်းတစ်ခုလုံးနှင့် တွဲဆက်ထားပုံရသည်ကို တွေ့လိုက်ရပြီး ထိုအခေါင်းတစ်ခုလုံးမှာလဲ အောက်ဘက်မြေကြီးနှင့် တွဲဆက်နေလေ၏။ အခေါင်းမှာ သူအစွမ်းကုန်ကြိုးစားပြီး အဖုံးကို မလိုက်သော်လည်း အနည်းငယ်မျှပင် မရွေ့လာပါပေ။

အန်လင်းက သူ့၏ မိစ္ဆာရှင်းဓားကိုဆွဲထုတ်လိုက်ကာ ကြောက်မက်ဖွယ် အနက်ရောင်ဓားအလင်းတန်းတစ်ခုကို အခေါင်းဆီသို့ ခုတ်ချပစ်လိုက်လေ၏။

အလွန်ချွန်ထက်သော ဓားအလင်းတန်းက သွေးကျောက်စိမ်း အခေါင်းကို တိုက်ခတ်သွားကာ ဓားအလင်းတန်း၏ စွမ်းအင်မှာ မြေပြင်ပေါ်တွင် အလျားတစ်ကီလိုမီတာကျော် အက်ကွဲကြောင်းကြီးတစ်ခုကို ချန်ထားခဲ့လေ၏။

တိုက်ခိုက်မှုမှ အန်လင်း၏ လက်များက မထိန်းချုပ်နိုင်​အောင် တုန်ယင်နေသော်လည်း အခေါင်းမှာ အက်ကြောင်းအသေးလေးတစ်ခုသာဖြစ်သွားပြီး စက္ကန့်ပိုင်းအကြာတွင် မူလအခြေအနေသို့ ပြန်ပိတ်သွားလေ၏။

“မြင့်မြတ်သန့်စင်မီးတောက်၊ ကြယ်မိစ္ဆာမီးတောက်၊ ကောင်းကင်ဘုံ ဟာလာပြင်မီးတောက်၊ လရောင်ရှုခင်းမီးတောက် အဲ့အခေါင်းကို မီးရှို့ပစ်ကြစမ်း...”

အံ့ဖွယ်မီးတောက်လေးခုက သွေးကျောက်စီမ်းအခေါင်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ ကြောက်မက်ဖွယ် အပူချိန်များအောက်တွင် ထိုသည်ကို မီးကင်ပစ်လိုက်လေ၏။

“ဟီးဟီး... အခေါင်းပေါင်းအိုးက ဘယ်လိုခံစားရလဲ။” အန်လင်းက ​ကြက်သီးထဖွယ် ရယ်မောလိုက်လေ၏။

အခေါင်းထဲမှ ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက နောက်ဆုံးတွင် သူမမျက်လုံးများကို ဖွင့်လိုက်ကာ သူမ၏ ကြက်သွေးရောင်မျက်လုံးများထဲတွင် အမူအရာမဲ့စွာဖြင့် အန်လင်းဆီသို့ လှည့်လိုက်လေ၏။

အရည်ကဲ့သို့ လှိုင်းငယ်လေးများက အံ့ဖွယ်မီးတောက်များ၏ စွမ်းအားကို ဆန့်ကျင်နေသကဲ့သို့ သွေးကျောက်စိမ်းအခေါင်း မျက်နှာပြင်ပေါ်တွင် ပေါ်လာလေ၏။

အန်လင်းက ထိုသည်ကို မြင်ငောအခါ အလွန်စိတ်တက်ကြွသွားလေ၏။ အိပ်ပျော်နေသည့် အလှပဂေးလေးက နိုးလာကာ အံ့ဖွယ်မီးတောက်များ၏ စွမ်းအင်ကို ဆန့်ကျင်နေလေ၏။ ထိုသည်က ဤတိုက်ခိုက်နည်းလမ်းမှာ အကျိုးသက်ရောက်သည်ဟု ဆိုလို၍ သူက ချက်ချင်းပင် မီးတောက်များကို ပိုမို ထုတ်လွှတ်လိုက်လေ၏။

--------------

All Chapters