← Chapters

ပြောင်းလဲတတ်သော

Vol. 15 Ch. 208

ပြောင်းလဲတတ်သော

Vol. 15 Ch. 208

[တာဝန် ရွေးချယ်မှု ပြီးမြောက်ခဲ့သည်။ ဆု - ဝိညာဉ်ဆက်သွယ်ခြင်း +၁]

"ဝိညာဉ်ဆက်သွယ်ခြင်း"

ကျန်းပေရန် ကြောင်သွားသည်။

ဒါက သူ တစ်ခါမှ မရဖူးသေးသော လုံးဝအသစ်စက်စက်ဖြစ်သည့် အထူးအရည်အသွေး အမှတ်တစ်မျိုး ဖြစ်သည်။

ဒါက တကယ်ကို သစ်ပင်အိုကြီး ပန်းပြန်ပွင့်လာသလို ခံစားရ၏။

"အထူးအရည်အသွေး အမှတ်တွေမှာ ဒီလို နက်နဲတဲ့ အလားအလာတွေ ရှိနေသေးတာကိုး"

အခြေခံ အရည်အသွေးအမှတ်များ သို့မဟုတ် ကျွမ်းကျင်မှုအမှတ်များ နှင့် နှိုင်းယှဉ်လျှင် အထူးအရည်အသွေး အမှတ်များကို နှိုးဆွနိုင်ခြင်းမှာ အလွန်ရှားပါးလှသည်။

ကျန်းပေရန် အထူးအရည်အသွေး အမှတ်အသစ်တစ်ခု နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်က ဖြစ်သည်။ ထိုတစ်ခုမှာ "ကိုယ်ယောင်ဖျောက်ခြင်း" ဖြစ်၏။

သို့တော် အချိန်အများစုတွင် သူက မသမာတဲ့အလုပ်တွေ လုပ်ဖို့ ခိုးကြောင်ခိုးဝှက် သွားလာရန် မလိုအပ်သည့်အတွက် ထိုအရည်အသွေးမှာ တကယ်တမ်း ထုတ်သုံးရမည့် အခွင့်အရေး မရခဲ့ပေ။

သူ၏ ကိုယ်ပိုင်အစွမ်းကို အားဖြည့်ပေးသော အခြား အထူးအရည်အသွေး အမှတ်အချို့ကဲ့သို့ပင် ၎င်းကို သူ၏ "အနာဂတ် အလားအလာများ" စာရင်းထဲ ထည့်သွင်းထားခဲ့သည်။

ယခု ဤ အသစ်စက်စက် အထူးအရည်အသွေး အမှတ်မှာ စာသားအတိုင်း အဓိပ္ပာယ်ကောက်ရလျှင် ဝိညာဉ်များနှင့် စကားပြောခြင်း သို့မဟုတ် ဝိညာဉ်သားရဲများ ခေါ်ယူခြင်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူ၏ လမ်းစဉ်က ဤလောက၏ ထုံးတမ်းစဉ်လာများအတိုင်း လိုက်နာခဲ့ဖူးသည် မဟုတ်ချေ။

ဘယ်ကမှန်းမသိ ဖားတစ်ကောင်လောက် ခေါ်လိုက်နိုင်တာက သူ့အတွက် သိပ်ပြီး ထူးဆန်းလိမ့်မည် မဟုတ်ပေ။

သို့တိုင် ကျန်းပေရန်က ပထမတစ်ခုကို ပိုလိုလားသည်။

အကယ်၍ သူသာ ဝိညာဉ်များနှင့် စကားပြောနိုင်လျှင် မရှင်းမရှင်း သေဆုံးမှုတွေနဲ့ အမှုပဟေဠိတွေ အများကြီးကို မေးခွန်းတစ်ခွန်းတည်းဖြင့် ရှင်းလင်းသွားစေနိုင်သည်။

ဒါက အလွန်အသုံးဝင်လိမ့်မည်။

တစ်ဖက်တွင်တော့ ကျန်းပေရန် "ငါ စဉ်းစားကြည့်လိုက်ဦးမယ်" ဟု ပြောသည်ကို ကြားလိုက်ရသောအခါ တိန့်ရှန်းဟန်က အလွန်အမင်း စိတ်သက်သာရာရသွားသည်။

ဧကရာဇ်အသစ်က လျန်တိုင်းပြည်နှင့် ပူးပေါင်းရန် ဆန္ဒရှိနေသမျှ ကာလပတ်လုံး ဒါက သူမအတွက် သတင်းကောင်းတစ်ခုပင်။

ဘာပဲဖြစ်ဖြစ် ဒါက သူမ၏ အသက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး သူမ၏ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

ထိုသို့ တွေးမိသောကြောင့် သူမက ရိုသေစွာ ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချနိုင်ပါစေ အမှန်အတိုင်းပြောရရင် ကိုယ်လုပ်တော် အရှင်မင်းကြီးအနားမှာ ဘယ်လောက်ကြာကြာ နေခွင့်ရဦးမလဲ မသိပါဘူး"

"ဝိညာဉ်ဆက်သွယ်ခြင်း" အထူးအရည်အသွေး အမှတ်အကြောင်း နက်နက်နဲနဲ တွေးတောနေခဲ့သော ကျန်းပေရန်သည် သူမ၏ စကားကိုကြားမှ အတွေးစ ပြတ်သွားသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး တိန့်ရှန်းဟန်ကို စူးစိုက်ကြည့်လိုက်သည်။

"မင်းက ငါ့ကို ဧကရာဇ် ဘယ်လိုလုပ်ရမလဲ လာသင်နေတာလား"

ထိုစူးရှသော အကြည့်က တိန့်ရှန်းဟန်ရဲ့ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားစေသည်။ သို့သော် သူမက တည်ငြိမ်မှုကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ထပ်မံ ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီး ကိုယ်လုပ်တော် မရဲရွယ်ပါဘူး ကိုယ်လုပ်တော်က"

"မင်းက ငါ့ကို ထိန်းချုပ်နိုင်ပြီလို့ ထင်နေတာလား"

ကျန်းပေရန်က သူမကို အေးစက်စွာ ဖြတ်ပြောလိုက်ပြီး သူ့အသံက ဓားတစ်စင်းလို အေးစက်နေသည်။

"ကိုယ်လုပ်တော်"

တိန့်ရှန်းဟန်က ရှင်းပြရန် ကြိုးစားလိုက်စဉ်မှာပင် ကျန်းပေရန်က ရုတ်တရက် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။

သူမ လန့်သွားပြီး နောက်သို့ ဆုတ်လိုက်ရသည်။ သူ၏ ကြီးမားသော လွှမ်းမိုးမှုအောက်တွင် နောက်တစ်ကြိမ် ဖိအားပေးခံလိုက်ရပြန်သည်။

"မင်းက ငါ အကျပ်ရိုက်နေပြီ မင်းဆီမှာ အကူအညီ လာတောင်းရတော့မယ်လို့ ထင်နေတာလား"

ကျန်းပေရန်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာက တိန့်ရှန်းဟန်ရဲ့ တည်ငြိမ်မှုကို လုံးဝ ပျက်စီးသွားစေသည်။

သူမ ခုနကလေးတင် တွေ့လိုက်ရသော အေးဆေးတည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သည့် အုပ်စိုးရှင်မှာ ယခုအခါ ကြောက်စရာကောင်းပြီး မတည်ငြိမ်သောသူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူမ သူ၏ တကယ့်ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ပေ။

သူမ အတွေးများ မစုစည်းနိုင်မီမှာပင် ကျန်းပေရန်က နောက်တစ်လှမ်း ထပ်တိုးလိုက်ပြီး သူမကို နံရံတွင် ကပ်သွားသည်အထိ နောက်သို့ ဆုတ်သွားစေသည်။

ထို့နောက် လေပြင်းတစ်ချက် တိုက်ခတ်သွားမှုနှင့်အတူ သူ့လက်ဖဝါးကို သူမခေါင်းနားက နံရံဆီသို့ ရိုက်ကပ်လိုက်သည်။

တဖြည်းဖြည်း အသက်ရှူ မြန်လာသော ထိုမိန်းမကို စိုက်ကြည့်ရင်း ကျန်းပေရန်က သူ့မျက်လုံးများကို အေးစက်စွာ ကျဉ်းမြောင်းလိုက်သည်။

"သိပ်ပြီး လည်မနေနဲ့ သိပ်ပြီး တွေးမနေနဲ့ ငါတို့နှစ်ယောက်ကြားမှာ အမိန့်ပေးတဲ့သူက အမြဲတမ်း ငါပဲ ဖြစ်ရမယ် ရှင်းလား"

ကျန်းပေရန်၏ အေးစက်သော အကြည့်အောက်တွင် တိန့်ရှန်းဟန်က တံတွေးကို မနည်းမျိုချလိုက်ရသည်။

သူမ မည်မျှ တုန်လှုပ်နေမိသည်ကို အံ့ဩတကြီး တွေ့ရှိလိုက်ရသည်။

ဒီလူဆီက အကြည့်တစ်ချက်တည်းကပင် သူမကို တောင်ကြီးတွေအောက်မှာ ဖိကြိတ်ခံထားရသလို အသက်ရှူမရအောင် ခံစားစေသည်။

ဒါက သူမ ဘယ်တုန်းကမှ မကြုံဖူးခဲ့သော ဖိအားပေးမှုအဆင့် ဖြစ်သည်။ ယင်ကျန်းဟုန်ဆီကတောင် မခံစားဖူးသော ဖိအားမျိုး ဖြစ်သည်။

"မဟုတ်ဘူး သူက ပိုတောင် ကြောက်ဖို့ကောင်းသေး"

"ကိုယ်လုပ်တော် အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပါ့မယ်"

ထိုအခါမှ သူမ နောက်ဆုံးတွင် နားလည်သွားသည်။ ဤဧကရာဇ်က သူမ၏ ရှင်းပြချက်များကို မလိုအပ်ပေ။

သူ တောင်းဆိုသမျှမှာ သူမ၏ နာခံမှုသာ ဖြစ်သည်။

"မင်း ငါ့ဆီက ခွင့်ပြုချက်မရမချင်း မင်းသဘောနဲ့မင်း လုပ်ရဲလုပ်ကြည့်"

ကျန်းပေရန်က ပို၍ အနီးကပ် တိုးကပ်လိုက်ပြီး သူ၏ လေသံမှာ နိမ့်ကျကာ ခြိမ်းခြောက်နေသည်။

"တကယ်ကို နောင်တရတယ်ဆိုတာ ဘာလဲဆိုတာ မင်း နားလည်သွားအောင် ငါ လုပ်ပြမယ်"

"ကိုယ်လုပ်တော် မရည်ရွယ်ပါဘူး အရှင်မင်းကြီး စိတ်ချပါ"

"အေး အဲ့လိုမှပေါ့"

ကျန်းပေရန်က ခပ်ရေးရေး ပြုံးလိုက်ပြီး ခုနက သူ၏ ရိုက်ချက်အရှိန်ကြောင့် သူမ ပခုံးပေါ်သို့ လွင့်စဉ်ကျလာသော ရွှေမှုန်အချို့ကို သုတ်သင်ပေးလိုက်သည်။

"ကဲ ဒါဆိုရင်တော့ တို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်ဆွေးနွေးလို့ရပြီ"

တိန့်ရှန်းဟန်က သူမကို ရေကန်ထဲကနေ ဆွဲထုတ်ခံလိုက်ရပြီး ကုန်းပေါ်မှာ အသက်လုရှူနေရသလို ခံစားလိုက်ရသည်။

အသက်ရှူကြပ်စေသော ဖိအားများ ပျောက်ကွယ်သွားသော်လည်း သူမ၏ ခြေထောက်များမှာ မတ်တပ်ရပ်နိုင်စွမ်း မရှိသလောက်နီးပါး အားပျော့နေခဲ့သည်။

သို့တိုင် နဂါးညောင်စောင်းပေါ်တွင် ထိုင်နေသော ကျန်းပေရန်က သူမကို လက်ယက်ခေါ်လိုက်သောအခါ သူမက ရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားရန် ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ရသည်။

သူမ သူ့ရှေ့သို့ ရောက်လာသောအခါ ကျန်းပေရန်က ခပ်ရေးရေး ပြုံးရင်း မော့ကြည့်လိုက်သည်။

"တိန့်သခင်မလေး မင်း အသက်ဘယ်လောက်ရှိပြီလဲ"

"လာမယ့်နွေဦးဆိုရင် ဆယ့်ကိုးနှစ် ပြည့်ပါတော့မယ်"

'အသက် နှစ်ဆယ် နီးပါး'

ကျန်းပေရန်က အံ့ဩသလို မျက်ခုံးပင့်လိုက်သည်။

သူက တိန့်ရှန်းဟန်ကို ဆယ့်ရှစ်နှစ်လောက်ပဲ ထင်ထားခဲ့တာ။ သူမက ဆယ့်ကိုးနှစ်တောင် ရှိနေပြီဟု မမျှော်လင့်ထားခဲ့ပေ။

သူမ အသက် ဆယ့်ကိုးနှစ် ရှိပြီဟု သိလိုက်သောအခါ ကျန်းပေရန်က နောင်တရသလို မျက်နှာပေးဖြင့် သူမ၏ ရင်ဘတ်ကို လှမ်းကြည့်လိုက်သည်။

'သူမက မုယောင်နဲ့သာဆို ပြောစရာတွေ အများကြီး ရှိနေမှာ'

တိန့်ရှန်းဟန်က သူ့အကြည့်ကို ခံစားမိသော်လည်း သူ့မျက်နှာပေါ်က အမူအရာတွင် အဘယ်ကြောင့် ဤမျှ စိတ်ပျက်သွားတဲ့ အရိပ်အယောင် ပါဝင်နေသည်ကို အတိအကျ မခန့်မှန်းနိုင်ခဲ့ပေ။

သို့သော် သူမ၏ ရင်ထဲတွင် မသက်မသာ ခံစားမှုတစ်ခု တိုးလာသည်။ ဒါပေါ့၊ သူမက ထိုအမူအရာကို အပြင်သို့ ထုတ်ပြခွင့် မရဲခဲ့ပါ။

"နှမြောစရာပဲ"

ကျန်းပေရန်က သက်ပြင်းချလိုက်သည်။

"မင်းလို ခန္ဓာကိုယ်မျိုးနဲ့ ငါ့ကို ဖြားယောင်းဖို့ ကြိုးစားတာက အဓိပ္ပာယ်မရှိဘူး ပြားလွန်းတယ်"

တိန့်ရှန်းဟန်က ဧကရာဇ်က လျန်တိုင်းပြည်နှင့် သက်ဆိုင်သော ကိစ္စများကို စတင်မေးမြန်းတော့မည်ဟု ယူဆထားခဲ့ရာ ထိုစကားကို ကြားလိုက်ရသောအခါ သူမကို ခလုတ်တိုက်မလို ဖြစ်သွားစေသည်။

သူမ၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာသွားသည်။ သို့သော် သူမက ခေါင်းကိုငုံ့ထားဆဲဖြစ်ပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီးရဲ့ အကြိုက်နဲ့ မကိုက်ညီတဲ့အတွက် ခွင့်လွှတ်ပါ"

"မင်းအဖေက မင်းကို ငယ်ငယ်က သိပ်မကျွေးမွေးခဲ့ဘူးထင်တယ်"

ကျန်းပေရန်က ဆက်ပြောသည်။

"ဒါကြောင့် မင်း ဒီလောက်ပိန်နေတာ ဖြစ်နိုင်တယ်"

"နန်းတော်ထဲမှာဆို အစားအသောက်အားလုံးကို မိန်းမစိုးတွေက ရွေးချယ်ပေးတာပါ ရှားပါးပြီး အဆီအဆိမ့်များတဲ့ ဟင်းလျာတွေချည်းပဲ ကိုယ်လုပ်တော် အဲ့ဒါတွေ သိပ်မစားဖြစ်ခဲ့ဘူး"

သူမ၏ ခမည်းတော်အကြောင်း ပြောဆိုရာတွင် ထူးထူးခြားခြား စိတ်ခံစားမှု ပြောင်းလဲခြင်း မပြသည်ကို ကြားသောအခါ ကျန်းပေရန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"မင်းအဖေက အခု ငါထိုင်ပြီး စကားပြောနေသလိုမျိုး မင်းနဲ့ တစ်ခါလောက် ထိုင်စကားပြောဖူးလား"

တိန့်ရှန်းဟန်က ခေါင်းညိတ်လိုက်သည်။

"တစ်ခါ နှစ်ခါလောက်ပါပဲ"

"မင်းတို့နှစ်ယောက် ဘာတွေ ပြောဖြစ်ကြလဲ"

သူမက ကျန်းပေရန်ကို မော့ကြည့်လိုက်ပြီး စကားလုံးများက သူမ၏ နှုတ်ခမ်းဖျားတွင် တုံ့ဆိုင်းနေသည်။

"ဒီနေ့ တင်းကျပ်တဲ့ အခမ်းအနားတွေ စဉ်းစားမနေနဲ့"

ကျန်းပေရန်က ပြောသည်။

"ငါ မင်းကို လွတ်လွတ်လပ်လပ် ပြောခွင့်ပေးထားတယ် ပြော"

တိန့်ရှန်းဟန်က ခဏ စဉ်းစားပြီး ပြောလိုက်သည်။

"ခမည်းတော်က တေးဂီတကို နှစ်သက်တယ် တခါတလေ ကိုယ်လုပ်တော်ကို အတူလိုက်ဆိုခိုင်းတာ ဒါမှမဟုတ် တီးခတ်ခိုင်းတာမျိုး ရှိပါတယ် တခါတလေတော့ နောက်ဘက်ခြံဝင်းထဲမှာ စွန်လွှတ်ကြတယ် ပြီးတော့ တခါတလေ နိုင်ငံတော်ကိစ္စတွေ ပြောဖြစ်ကြပါတယ်"

'ကြည့်ရတာ တိန့်ဘိုက သူ့သမီးကို တော်တော်လေး အလိုလိုက်ခဲ့ပုံပဲ'

ယခု သူက ပေါ့ပေါ့ပါးပါး စကားပြောတဲ့ အခြေအနေတစ်ခုကို ဖန်တီးပြီးသောအခါ ကျန်းပေရန်က ပေါ့ပါးစွာ ဆက်ပြောလိုက်သည်။

"ဒါဆို မင်းက တိုင်းပြည်အရေးတွေကို နားလည်တယ်ပေါ့"

"နည်းနည်းပါးပါးပါပဲ အများစုက ခမည်းတော် ပြောတာကို ထိုင်နားထောင်နေရုံပါပဲ"

"ဘာတွေ ကြားခဲ့လဲ ပြောပြ"

"အရှင်မင်းကြီး ဘာများ ကြားချင်လို့ပါလဲ"

"ဒါက အေးအေးဆေးဆေး စကားပြောနေတာ ဒီလောက်ကြီး တောင့်တင်းမနေနဲ့"

"ဒါဆိုရင် အရှင်မင်းကြီး ကိုယ်လုပ်တော်ကို ခဏလောက် ပြန်စဉ်းစားခွင့် ပေးပါ"

"အချိန်ယူ ငါ ဒီနေ့ အချိန်တွေ အများကြီး ပိုနေတယ်"

စာကြည့်ခန်းထဲတွင် မုယောင်တစ်ယောက် စာအပေါ် အာရုံစိုက်လို့ မရဖြစ်နေသည်။

သူမက သူမ၏ လက်မောင်းပေါ်က ကိုက်ရာတစ်ခုကို မှုတ်နေသော ခုံချန်ချန်ကို ဖမ်းဆွဲလိုက်ပြီး မေးလိုက်သည်။

"အခု ဘယ်အချိန်ရှိပြီလဲ"

"မကြီး ခုနက မကြားလိုက်ဘူးလား သုံးချက်တီးတောင် ရှိနေပြီ တို့တွေ ပြန် အနားယူသင့်ပြီ မဟုတ်လား"

"ဟင့်အင်း ငါ စာနည်းနည်း ထပ်ဖတ်ဦးမယ်"

မုယောင်က စာအုပ်ကို သူမ၏ ရင်ဘတ်တွင် ပိုက်ထားပြီး ငြင်းလိုက်သည်။

သူ ဒီည ပြန်လာတော့မည် မဟုတ်မှန်း သူမ ကောင်းကောင်း သိနေသည်။

ဒါပေမဲ့ သူမက နည်းနည်းလောက် ထပ်စောင့်ချင်နေသေးသည်။

All Chapters