← Chapters

ငါ့သွေးက အဆိပ်ရှိတယ်

Vol. 38 Ch. 528

ငါ့သွေးက အဆိပ်ရှိတယ်

Vol. 38 Ch. 528

အံ့ဖွယ်မီးတောက်လေးခုက ဆက်လက်လောင်ကျွမ်းနေသောအခါ အခေါင်းပတ်လည်ရှိ လေထုမှာ ပုံစံပျက်လာပြီး တောက်ပလာလေ၏။

မဖော်ပြနိုင်လောက်အောင် မြင့်မားသည့်အပူချိန်များက သွေးကျောက်စိမ်းအခေါင်းကို ဝါးမျိုပစ်သော်လည်း သွေးမျိုးနွယ်စု အမျိုးသမီး၏ အမူအရာက ငြိမ်သက်ကာ တည်ငြိမ်နေဆဲဖြစ်နေကာ ချွေးတစ်စက်ပင် မထွက်ပါချေ။

ဆန့်ကျင်ဘက်အနေဖြင့် အန်လင်းက ချွေးဒီးဒီးကျနေလေပြီ။

၁၅မိနစ်ကြာပြီးနောက် အန်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ အားလုံးကို အသုံးပြုလိုက်ရသည်မို့ အလွန်မောပန်းလာကာ သူ့၏ အံ့ဖွယ်မီးတောက်များကို ရုပ်သိမ်းလိုက်၏။

သူက အခေါင်းထဲမှ သွေးမျိုးနွယ်စု ကျင့်ကြံသူက တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လာပါက အသုံးပြုရန် စွမ်းအင်တစ်ချို့ကို ချန်ထားရပေမည်။

အန်လင်းက သွေးစိတ်ဝိညာဉ် ဆေးတောင့်တစ်တောင့်ကို စားသုံးလိုက်ကာ သွေးကျောက်စိမ်း အခေါင်းဆီသို့ မယုံနိုင်စွာ ကြည့်လိုက်လေ၏။

အခေါင်းထဲရှိ အမျိုးသမီး၏ မျက်နှာထက်တွင် ရွံရှာသော အပြုံးတစ်ခုပေါ်လာလေ၏။

ထို့နောက် သွေးကျောက်စိမ်းအခေါင်းက ပို၍တောက်ပသော အနီရောင်ဖြင့် လင်းလက်လာကာ ခရမ်းရောင်မြက်များမှ အသက်စွမ်းအင်စုပ်ယူခြင်းကို တိုးမြှင့်လိုက်ပုံရပေ၏။

အန်လင်းက ဘာဆက်လုပ်ရမည်ကို မသိပဲ သွေးကျောက်စိမ်းအခေါင်းဘေးတွင် ရပ်နေလေ၏။ သူက အခေါင်းအတွင်းရှိ သွေးမျိုးနွယ်စုခွန်အားကြီး ပုဂ္ဂိုလ်အား ဤကဲ့သို့ ဆက်လက် အသစ်ဖြစ်တည်ခွင့် ပြုလိုက်ပါက မုဆိုးနှင့် သားကောင်တို့၏ ဇာတ်ကောင်မှာ နောက်တစ်ကြိမ် အခေါင်းအဖုံးပွင့်လာပါက ပြောင်းလဲသွားနိုင်ပေ၏။

သူအခု ထွက်သွားသင့်လား။

အန်လင်းမှာ ဤကဲ့သို့ အခွင့်အရေးကောင်းလှသော သတ်ဖြတ်ခြင်းတိုက်ကွက်ကို လက်လွတ်ရန် တွန့်ဆုတ်နေပေ၏။ ဤသည်မှာ ရွှေရောင်နယ်မြေအဆီအနှစ်သလင်းကျောက်များကို ထပ်မံရှာဖွေရန်လည်း အကောင်းဆုံးနည်းလမ်း ဖြစ်ပေ၏...။ မည်သို့ဆိုဆို နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရှာဖွေရန် လူသတ် ဓားပြတိုက်သည့်နည်းထက် မြန်သည့်နည်းလမ်းမရှိပါပေ။

အနည်းဆုံးတော့ ထိုသည်က အန်လင်း၏ မျက်လုံးထဲရှိ အကြောင်းအရင်းဖြစ်ပေ၏။

အခေါင်းထဲရှိ အမျိုးသမီးမှာ ရှေးဟောင်းထိုက်ချူးနယ်မြေထဲတွင် ဆယ်ရက်တိုင်တိုင်ပိတ်မိနေသော ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်လေ၏။ သူမက နယ်မြေအဆီအနှစ် သလင်းကျောက်များ စုစည်းရန်လာခဲ့သည်မှာ သေချာပေ၏...

အန်လင်းက တုံ့ဆိုင်းနေစဉ်၌ ရွှယ်ကျန်းထှန်၏ ဝမ်းဗိုက်က စတင်အသံ​ြမည်လာလေ၏။

“သခင်ရေ ငါကတော့ ကိုယ့်ကိုကိုယ် ဆင်ခြေပေးရတော့မယ်။” ရွှယ်ကျန်းထျန်က သူ့တောင်ပံများကို ခတ်ကာ လေထဲတွင် ပျံလာလေ၏။

“ဘာလို့လဲ။” အန်လင်းက သိုလိုစိတ်အပြည့်နှင့် မျက်တောင် ခတ်လိုက်လေ၏။

“ငါက ရေခဲအမျိုးအစား စိတ်ဝိညာဉ် သစ်သီးကို အရမ်းအမြန်ကြီးစားလိုက်မိတာ အခု ငါ့ဗိုက်ကနည်းနည်း ထူးဆန်းပြီးတော့ အခုဝမ်းသွားရတော့မယ်...” ရွှယ်ကျန်းထျန်က ရှက်ကိုးရှက်ကန်း ပြောလာလေ၏။

အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားလေ၏။ ဤသည်မှာ တစ်စုံတစ်ဦးက စိတ်ဝိညာဉ်သစ်သီးစားပြီးနောက် ဝမ်းလျောခြင်းကို သူပထမဆုံးကြားဖူးခြင်း ဖြစ်ပေ၏။

သို့သော် အထူးအစီအစဉ်တစ်ခုက သူ့ဆီတွင် ပေါ်လာပြီး သူ့မျက်လုံးများ အရောင်တောက်သွားလေ၏။

“ထျန်လေး...” အန်လင်း၏ မျက်နှာထက်တွင် ဆန်းကြယ်သောအပြုံးတစ်ခု ပေါ်လာလေ၏။

“ငါရှိတယ်လေ။” ရွှယ်ကျန်းထျန်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး အန်လင်းက မည်သည့် ကိုရို့ကားယားအစီအစဉ်ဆွဲနေသည်ကို သိလိုနေပေ၏။

“မင်းက ချီးပါမှာမလား။ ဒီမှာပဲ လုပ်ချလိုက်...” အန်လင်းက သွေး​ကျောက်စိမ်းအခေါင်း၏ အဖုံးကို ညွှနမပြကာ ရယ်မောလာလေ၏။

ရွှယ်ကျန်းထျန် : “...”

“သခင်... နင်က ငါ့ကို အရှက်မရှိ၊ မျက်နှာပြောတဲ့ မြူနှင်းဝိညာဉ်သားရဲလို့ထင်နေတာလား...။” ရွှယ်ကျန်းထျန်က အန်လင်းကို သူ့၏ ကြီးမားကာ အရည်လဲ့နေသော မျက်လုံးများနှင့် စူးစိုက်ကြည့်လိုက်လေ၏။

အန်လင်းက ခေါင်းခါပြလိုက်၏။ “မဟုတ်ပါဘူး။ မင်းက အောင်နိုင်ခြင်းကို သွားရာလမ်းကြောင်းမှာဟလက်မတွန့်တဲ့ ပြိုင်ဘက်ကင်း စစ်သည်တော်တစ်ဦးလေ...။”

ရွှယ်ကျန်းထျန်က ထိုသည်ကို မတုန့်ပြန်လာပါပေ။

“မင်းပြီးသွားရင် ငါမင်းကို စိတ်ဝိညာဉ် သစ်သီး ငါးခုပေးမယ်။” အန်လင်းက ကမ်းလှမ်းချက်တစ်ခု ပြုလုပ်လာလေ၏။

“ဟုတ်ပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ငါက တခြားမြူနှင်းဝိညာဉ်သားရဲတွေရဲ့ရှေ့မှာ ဝမ်းသွားတာလဲ မဟုတ်ပါဘူး။ ဒီဟာက သွေးမျိုးနွယ်စု ကျင့်ကြံသူပဲဟာကို...” ရွှယ်ကျန်းထျန်က သွေးကျောက်စိမ်းအခေါင်းဆီသို့ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် ပျံသန်းသွားလိုက်လေ၏။

ဟုတ်ပြီ။ သူအခုလုပ်နေတာက လူသားတစ်ယောက်က တိရိစ္ဆာန်ရိုင်းတစ်ကောင်ရဲ့ရှေ့မှာ မစင်စွန့်တာနဲ့ အတူတူပဲ။ ထိုကဲ့သို့ တွေးတောလိုက်ပါက ကိစ္စရပ်တစ်ခုလုံးကို သူ့အတွက် အရှက်နည်းရအောင် ပြုလုပ်ပေးလေ၏။

“ထျန်လေး၊ အဲ့အတိုင်းနည်းနည်း ဆက်သွားလိုက်အုံး။ ဟုတ်တယ် ကောင်းတယ်။ သူမရဲ့ခေါင်းတည့်တည့်ကိုသွား။ အင်း၊ အဲ့မှာ ကွက်တိပဲ...”

ရွှယ်ကျန်းထျန်မှာ အန်လင်း၏ ညွှန်ကြားမှုအောက်တွင် နောက်ဆုံးတော့ မှန်ကန်သော အနေအထားကို ရသွားလေ၏။

ရွှယ်ကျန်းထျန်က သွေးကျောက်စိမ်းအခေါင်ူအပေါ်မှ ၁၀စင်တီမီတာတွင် မြောနေကာ သူ့အမွေးများက အနည်းငယ် ကွဲကွာသွားပြီး အပေါက်အသေးလေးတစ်ခုကို ဖော်ပြလိုက်ပြီးနောက်တွင်...

သွေးမျိုးနွယ်စု အမျိုးသမီး၏ တည်ငြိမ်၊ အေးချမ်းသော မျက်နှာပြင်က လုံးဝပင် ပျက်စီးသွားကာ သူမ၏ မျက်လုံးက မယုံနိုင်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြူးကျယ်လာလေ၏။

ထိုအချိန်မှာပင် မီးခိုးရောင် မစင်များက စတင်ကျဆင်းလာလေတော့သည်။

တစ်စုံတစ်ဦးက သင့်၏ ခေါင်းအပေါ်တည့်တည့်တွင် မစင်စွန့်သည်မှာ မည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်နိုင်ပါသလား။

တစ်ဝက်ဖောက်မြင်နိုင်သော အခေါင်းအဖုံး ခြားနေသော်လည်း အတွေ့အကြုံမှာ အတော်လေး ဆိုးဝါးလှသော အတွေ့အကြုံပင်ဖြစ်လေ၏။

အရှက်တရား၊ အရှက်ခွဲခံရခြင်း၊ ရွံ့ရှာခြင်း အစရှိသော... အဆုံးမရှိသော အဆိုးမြင်ခံစားချက်များက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာလေ၏။

ဤသည်မှာ အလွန်ဆိုးဝါးလှသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုဖြစ်လေ၏။

သွေးမျိုးနွယ်စု အမျိုးသမီးက နောက်ဆုံးတွင် ဒေါသတို့ဖြင့် ပေါက်ကွဲသွားလေ၏။

ဘုန်း...

အခေါင်းအဖုံးက ပေါက်ကွဲကာ ပွင့်ထွက်လာပြီး ရွှယ်ကျန်းထျန်ကို ကောင်းကင်သို့ လွင့်ထွက်သွားစေ၏။

“နင့်ကို သတ်ပစ်မယ်။”

သွေးမျိုးနွယ်စု အမျိုးသမီးက ဒေါသတကြီး အော်ဟစ်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် လက်ချောင်းများကို လက်သည်းအဖြစ်ကွေးကာ အန်လင်းဆီသို့ ခုန်ဝင်လာလေ၏။

သူမ၏ လက်ချောင်းများက လေထုကို စုတ်ဖြဲပစ်ကာ အန်လင်း၏ ခန္ဓာကိုယ်အား စုတ်ဖြဲပစ်ရန် ခြိမ်းခြောက်နေသော သေစေနိုင်သည့် ကြက်သွေးရောင် လမ်း​ကြောင်းတစ်ခုကို ချန်ရစ်ခဲ့လေ၏။

အန်လင်းမှာ ပြင်ဆင်ထားပြီးဖြစ်ကာ အဖုံးက လေထဲသို့ပျံတက်လာသည့် အချိန်ကတည်းက လေတောင်ပံနည်းစနစ်ကို ထုတ်လွှတ်ထားပြီးဖြစ်၍ သူက သွေးမျိုးနွယ်စုအမျိုးသမီးထက်ပင် လျင်မြန်စွာ တိုက်ခိုက်လိုက်နိုင်ပေ၏။

သူသွေးမျိုးနွယ်စုအမျိုးသမီး၏ ကြက်သွေးရောင် လက်ချောင်းများကို ရှောင်ရှားလိုက်ကာ ချွန်ထက်လှသော အဖြူရောင် ကန့်လန့်ဖြတ်မျဉ်းကြောင်းများ သူမခန္ဓာကိုယ်ဆီသို့ ထုတ်လွှတ်လိုက်လေ၏။

မြန်လိုက်တာ...။

သွေးမျိုးနွယ်စုအမျိုးသမီးမှာ ဝိညာဉ် ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးက ဤကဲ့သို့ လျှင်မြန်လှသော တိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်သည်ကို အံ့ဩသွားလေတော့၏။ သို့သော် သူမတွင် ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးကို ချေမှုန်းပစ်ရန် နည်းလမ်းပေါင်းတစ်ရာကျော် ရှိနေဆဲ ဖြစ်ပေ၏။

သွေးမျိုးနွယ်စု အမျိုးသမီးက သူတို့၏ ပတမဆုံး ဖလှယ်မှုတွင် ဒုတိယနေရာတွင် ဖြစ်သော်လည်း ချက်ချင်းပင် လေထုကို ဖမ်းဆုပ်ကာ အန်လင်းဆီသို့ လှည့်လိုက်လေ၏။

အချင်းဝက် ပေတစ်ထောင်အတွင်းရှိ နေရာလပ်မှာ ချက်ချင်းပင် ချိတ်ပိတ်သွားလေ၏။

ဤသည်မှာ ပျက်ပြယ်ခြင်းအဆင့်ကျင့်ကြံသူတွေသာ ခုပ်ဆောင်နိုင်သော အကွာအဝေးချိတ်စည်းနည်းစနစ်ဖြစ်ပေ၏။

အန်လင်း၏ ခန္ဓာကိုယ်မှာ ထိုအခိုက်တွင် လုံးဝ ချိတ်ပိတ်သွားပြီ ဖြစ်လေ၏။

သွေးမျိုးနွယ်စုအမျိုးသမီး၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခုပေါ်လာလေ၏။ “နင့်ရဲ့ သနားစရာကျင့်ကြံခြင်းအခြေခံနဲ့ ငါ့ကို အနိုင်ယူနိုင်တယ်လို့တွေးနေရအောင် နင်က အတော်လေး တုံးအတာပဲ။ ငါက သေလုနီးပါးဖြစ်နေတယ်ဆိုရင်တောင် နင့်ကို လက်တစ်ချောင်းတည်းနဲ့ သတ်လို့ရသေးသေးတယ်...”

ဂျွတ်...

စူးရှရှ အက်ကွဲသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး အနီရောင်အလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းကာ လင်းလက်လာပြီး သွေးမျိုးနွယ်စု အမျိုးသမီး၏ အကွာအဝေးချိတ်စည်းကို စုတ်ဖြဲကာ သူမ၏ ဦးခေါင်းဆီသို့ ထိုးဖောက်သွားလေ၏။

“ဘယ်လိုလုပ်ပြီး...” သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကို မယုံနိုင်စွာ ငေးကြည့်နေလေ၏။

အန်လင်းက လှည့်လိုက်ပြီး ချက်ချင်းပင် သူ့၏ မိစ္ဆာရှင်းဓားကို အမျိုးသမီးထံသို့ အညှာအတာမဲ့ ခုတ်ပိုင်းပစ်လိုက်လေ၏။

အမျိုးသမီးက လျင်မြန်စွာပင် နောက်ဆုပ်သွားပြီး သူမ၏ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်စေရန် တိုက်ခိုက်လိုက်လေ၏။ သွေးမျိုးနွယ်စု ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဆိုသည့်အတိုင်း သူမ၏ အသက်စွမ်းအင်က ​အလွန်ကြောက်မက်ဖွယ်ဖြစ်သည်မှာ နယ်မြေထိုးဖောက်လက်သည်းက သူမဦးခေါင်းကို ထိုးဖောက်ပြီးသည့်တိုင်အောင် သူမကို သက်ရောက်မှု မရှိသေးပါချေ။ သူမက တပ်ဆုပ်နိုင်သေးသည်သာမက အန်လင်း၏ တိုက်ခိုက်မှုများကို တုန့်ပြန်ရန်အတွက် သွေးဓားကိုလည်း ချက်ချင်းဖြစ်ပေါ်လာစေပေ၏။

“ဟီးဟီး... နင်က တကယ်ကြီး ပျက်ပြယ်ခြင်းအဆင့်လား။ နင့်ရဲ့ အကွာအဝေးကြိုးကိုင်တဲ့ စွမ်းအားက အရမ်းအားပျော့ပြီးတော့ ယိုယွင်းနေတာပဲ။ နင်က ငါ့ကို အစွမ်းနဲ့ အရှိန်မှာတောင် အနိုင်မတိုက်နိုင်ဘူး။ နင်က အသက်ရှင်နေသမျှ ကျင့်ကြံသူတွေထဲမှာ အားအနည်းဆုံးဖြစ်ရမယ်။” အန်လင်းက တိုက်ခိုက်နေရင်းဆိုလိုက်လေ၏။

သွေးမျိုးနွယ်စု အမျိုးသမီး၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်လာကာ အန်လင်းအား သူမ၏ ကြက်သွေးရောင် မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။

သူမက ခပ်ဖွဖွ အော်ဟစ်ကာ သူ့ခန္ဓာကိုယ်တွင်းရှိသွေးများ ဆောင့်တက်လာပြီး သူမ၏ အော်ရာကို သိသိသာသာတိုးလာစေလေ၏။

ဝှစ်...

သူမ၏ ခန္ဓာကိုယ်က ကြက်သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး အန်လင်း၏ မိစ္ဆာရှင်းဓားသို ဝင်ရောက်လာလေ၏။

အန်လင်းမှာ တိုက်ခတ်ခြင်းကြောင့် နောက်သို့ ပျံထွက်သွားပြီး သွေးမျိုးနွယ်စု အမျိုးသမီးက သူ့ဆီသို့ အရှိန်ပြင်းပြင်းဝင်ရောက်လာကာ သူ့လည်ပင်းကို ကိုက်ချလိုက်လေ၏။

အန်လင်းက အမျိုးသမီးက သူ့ခန္ဓာကိုယ်မှ သွေးတစ်လုပ်စုပ်လိုက်သည်ကို ခံစားခိုက်ရလေ၏။ အမျိုးသမီးက သူ့၏ စစ်နတ်ဘုရား ခန္ဓာကိုယ်အား သွေးစုပ်ကောင်သွားတစ်ချောင်းတည်းနှင့် ကိုက်ချနိုင်မည်ဟု မည်သူက ထင်ပါမည်နည်း။

သူက အလန့်တကြားအမူအရာတစ်ခု ဟန်ဆောင်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်လေ၏။

သွေးမျိုးနွယ်စု အမျိုးသမီးက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် အန်လင်းကို လွတ်ကာ ဓားချက်ကို ရှောင်လိုက်လေ၏။

“အိုးဟိုးဟိုးဟိုး... နင့်သွေးက အရမ်းချိုတာပဲ ကောင်လေး...” သွေးမျိုးနွယ်စု အမျိုးသမီးက သူမ၏ သွေးစွန်းနေသော လျှာကို ထုတ်လိုက်ကာ သူ့၏ နှုတ်ခမ်းများကို သွေးဆောင်ဖြားယောင်းဟန်ဖြင့် ယက်လိုက်လေ၏။

“အဲဒါဆိုလဲ ထပ်သောက်ပေါ့...” အန်လင်းက ရွှင်ပြသော အမူအရာဖြင့် ပြန်ဖြေလိုက်လေ၏။

သူမ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးခြင်း ပေါ်လာလေ၏။ “နင်က ဘာဆိုလိုတာလဲ။”

အန်လင်းက သူ့လည်ပင်းမှ သွေးများကို အပြုံးတစ်ခုနှင့် သုတ်လိုက်လေ၏။ “ငါ့သွေးက သွေးမျိုးနွယ်စု ကျင့်ကြံသူတွေ အားလုံးအတွက် သေနိုင်တဲ့ အဆိပ်ပဲ။ နင်က အတော်လေး သန်မာတာပဲ။ အဲ့တော့ နင်က တစ်မိနစ်တော့ ခံလောက်မှာ...”

ထိုသည်ကို ကြားပြီးနောက် သွေးမျိုးနွယ်စု အမျိုးသမီးက အနည်းငယ် တုန်ယင်သွားပြီးနောက် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကိုင်ကာ ဟက်ဟက်ပက်ပက် ရယ်မောလာလေ၏။ “ဟားဟားဟား... နင်က လူရွှင်တော်တစ်ယောက် ဖြစ်အောင် ကြိုးစားနေတာလား ကောင်လေး။ ငါက အဲ့လို ဗြောင်လိမ်ဆင်ကြီးကို ယုံမယ်လို့ ထင်နေတာလား။”

သူမက ရွှေရောင် ဆံပင်များကို သပ်လိုက်ပြီး နားနောက်တွင် ညှပ်လိုက်ကာ မာနတကြီး အကြည့်တစ်ချက်ဖြင့် ခေါင်းမော့လိုက်လေ၏။ “မင်းလို နိမ့်ကျတဲ့အမှိုက်တစ်ကောင်က သွေးမျိုးနွယ်စုရဲ့ အသက်စွမ်းအားက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ နားမလည်ပါဘူး။ ငါ့ကို အဆိပ်ခပ်ပြီး သတ်နိုင်တဲ့ သတ္တဝါတစ်ကောင်တောင်မရှိဘူး။”

သူမ၏ အသက်က တိမ်ဝင်သွားပြီး ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်လာကာ ဆန်းကြယ်သော နီမြန်းခြင်းတစ်ခုက သူမ မျက်နှာထက်တွင် ပေါ်လာလေ၏။

------------------

All Chapters