← Chapters

အပိုင်း (၃၇၅)

Vol. 28 Ch. 375

အပိုင်း (၃၇၅)

Vol. 28 Ch. 375

ဓားပြကြီး နာကျည်းမှု၏ အကြည့်များက ပြောင်းလဲသွားခဲ့၏။ “မဟုတ်သေးဘူး။ ရွှမ်ဝူက မကောင်းတဲ့ အရာတွေ မလုပ်ဘူး”

ကျောင်းရန်က အေးစက်စွာ ပြောလိုက်သည်။ “အစ်ကိုကြီး... မမေ့နဲ့။ ကျွန်မတို့ ကျိုးကလန် ဖျက်ဆီးခံရတဲ့ အချိန်တုန်းက ကျင်းကျိုးက တစ်ချက်ကလေး လာပြီးတော့ ကူညီခဲ့ဖူးလို့လား။ ပြီးတော့ အဖေ၊ အမေ၊ အစ်ကို၊ ညီမတွေ အားလုံး သတ်ဖြတ်ခံရတဲ့ အချိန်မှာ ကျင်းကျိုးက ကျွန်မတို့အတွက် စကားပြောပေးလို့လား”

ဓားပြကြီး နာကျည်းမှု ၏ မျက်လုံးများ၌ နာကျည်းမှု၏ အရိပ်အယောင်များ ထင်ဟပ်လာသည်။

ကျောင်းရန်က အသာပင် ပြောလိုက်၏။ “အစ်ကိုကြီး... ရှင့်က အသက် ၁၈ နှစ်တည်းက သိုင်းပညာမှာ ဆရာတစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ အသက် ၁၉ နှစ်မှာ ဆရာကြီး ကျိုးရှီရဲ့ တပည့်ဖြစ်ခဲ့၏။ ရှင်က အဖေ့ရဲ့ သားအရင်း မဟုတ်ဘူး ဆိုပေမယ့် ကျိုးကလန်ရဲ့ ဂုဏ်ယူစရာဖြစ်ခဲ့တဲ့ လူပဲ။ အခု ကလန်အတွက် လက်စားချေရမယ့်အချိန်ကို ရောက်နေပြီ။ ဘာလို့ တွန့်ဆုတ်နေတာလဲ”

ဓားပြကြီး နာကျည်းမှု၏ နှုတ်ခမ်းများက တုန်ယင်သွားခဲ့၏။ “ဒါ... ဒါဆိုရင် မင်း ဘယ်အချိန် အိမ်ရှေ့စံကို စွန့်ခွာမှာလဲ”

ကျောင်းရန်က နားချလိုက်သည် “မကြာခင်ပေါ့။ ကျိုးကလန်ကို အကွက်ချပြီး ဒုက္ခပေးခဲ့တဲ့ နောက်ကွယ်က လူကို ရှာဖွေတွေ့ရှိပြီဆိုရင် ကျွန်မ သူ့ကို ထားခဲ့ပြီး ရှင်နဲ့ အဝေးကို ထွက်သွားမယ်”

ပြီးနောက် လက်ကို အသာမြှောက်ကာဖြင့် နာကျည်းမှု၏ လည်ပင်းကို သိုင်းဖက်၏။ ပြီးနောက် မျက်နှာဖုံးကို အသာ မြှောက်လိုက်၏။ ဓားပြကြီး နာကျည်းမှု၏ မျက်နှာသည် မီးများဖြင့် ကျွမ်းလောင်ခြင်း ခံထားရပြီး အလွန်လည်း ပျက်စီးလျက် ရှိ၏။ မတရားလည်း ရုပ်ဆိုး၏။

ကျောင်းရန်သည် ငြင်သာစွာဖြင့် သူ့ကို နမ်းရှိုက်လိုက်သည်။

ဓားပြကြီး နာကျည်းမှု၏ မျက်လုံးများက ဝေဝါးသွားခဲ့၏။ သူသည် နတ်သမီးကဲ့သို့သော ကျောင်းရန်ကို ခပ်ဖွဖွ ဖက်လိုက်၏။ ဤအမျိုးသမီးသည် သူ၏ သွေးသောက်ညီမတစ်ယောက် ဖြစ်သလို သူ့ဘဝ၏ ငယ်ချစ်ဦးလည်း ဖြစ်၏။ သူသည် သိုင်းပညာကိုသာလျှင် တစိုက်မတ်မတ် လေ့ကျင့်ခဲ့၏။ သို့ပေမည့် ငယ်ရွယ်စဉ်တည်းက ဤ ညီမငယ်လေးကို စွဲလမ်းခဲ့၏။

“အစ်ကိုကြီး.. ဒါ နောက်ဆုံး အကြိမ်ပဲ။ နောက်ဆုံး အကြိမ်ပါပဲ”

ကျောင်းရန်က အသာပင် ပြောလိုက်၏။ “ဘုရင်မင်းမြတ်က ရှင်ကို ရှာနေတယ်။ ရှင် ကျင်းကျိုးကို သတ်ပြီးတာနဲ့ ဘာတစ်ခုမှထပ်ပြီး လုပ်စရာ မလိုတော့ဘူး။ ကျွန်းတစ်ကျွန်းမှာ သွားနေလိုက်။ ကျိုးကလန်ကို ဒုက္ခပေးခဲ့တဲ့ နောက်ကွယ်ကလူကို ကျွန်မ ရှာတွေ့ပြီဆိုတာနဲ့ ရှင့်ကို လာခေါ်မယ်။ ကျွန်မတို့ ကလန်အတွက် လက်စားချေကြမယ်။ ပြီးရင် ကျွန်မတို့ တစ်သက်လုံးမခွဲဘဲ အတူတူ နေထိုင်ကြမယ်။ ကောင်းလား”

ဓားပြကြီး နာကျည်းမှုက တစ်ချက်ကလေးမှ မလှုပ်ရှားဘဲ မတ်မတ်ရပ်လျက် ရှိသည်။

ကျောင်းရန်သည် မျက်ရည်များစီးကျလာရင်းမှ စို့နင့်စွာ‌ပြောလိုက်၏။ “အစ်ကိုကြီး.. ကျင်းကျိုးက အပြစ်ကင်းစင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျင်းမူလန်နဲ့ ကျွန်မက ညီအစ်မတွေလိုပဲ။ ဒါပေမယ့် ကျိုးကလန် ဖျက်ဆီးခံရတုန်းက ကျင်းမိသားစုကို ကျွန်မ သွားတောင်းပန်ခဲ့တယ်။ ဒါပေမယ့် သူတို့က ရက်ရက်စက်စက် ငြင်းပယ်ခဲ့တယ်။ ယင်ယွမ်အဖွဲ့အစည်းရဲ့ လက်ထဲ ကျွန်မရောက်သွားချိန်မှာ စာနာသနားတဲ့ အကြည့်နဲ့ တစ်ချက်လေးတောင် ကြည့်ခဲ့တာ မဟုတ်ဘူး။ လှောင်ပြောင်ခဲ့ကြတယ်”

ဤအရာက အဓိပ္ပာယ် မရှိချေ။ ကျိုးကလန် ဖျက်ဆီးခံရခြင်းသည် ကျိုးကလန် ကိစ္စသာ ဖြစ်၏။ ကျိုးကလန် ဖျက်ဆီးခံရပြီးနောက် ကျောင်းရန်သည် ဆရာကြီးကျုံးချူးကဲ့ဆီမှ မိမိသဘောဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ထိုအတောအတွင်း ကျင်းမိသားစုဆီသို့လည်း တစ်ခါမှ လာရောက် အကူအညီမတောင်းခဲ့ပေ။

သို့ပေမည့် အရေးအကြောင်းအခြေအနေမျိုးတွင် သူတို့အား ပစ်ပယ်ခဲ့သည်ဆိုသောကိစ္စသည် ဓားပြကြီး နာကျည်းမှု၏ စိတ်ထဲမှ အမဲစက်ကြီးတစ်ခုဖြစ်သည်။ ထို့အပြင် သူမြတ်နိုးရသော မိန်းကလေးသည် အထင်မြင်သေး စော်ကားခြင်းကို ခံခဲ့ရသည်။

ကျောင်းရန်က အော်ဟစ်လိုက်၏။ “အစ်ကိုကြီး... ကျင်းကျိုးက ကျွန်မကို ကာကွယ်ပေးဖို့ ရက်ရက်စက်စက် ငြင်းပယ်ခဲ့ရုံသာ မကဘူး။ အဲအချိန်တုန်းက ကျွန်မ သေသေရှင်ရှင် သူတို့က တစ်ချက်ကလေးမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ တလောကလုံးက ကျွန်မကို လျစ်လျူရှုခဲ့တယ်။ အဲအချိန်တုန်းက ရှင် ဘယ်ရောက်နေလဲ။ ပြီးတော့ အခု ရှင် ဘယ်ရောက်နေတာလဲ”

နာကျည်းမှုက အော်ဟစ်လိုက်၏။ “ထပ်မပြောနဲ့တော့။ ထပ်မပြောနဲ့တော့”

ပြီးနောက် သူက ရုတ်တရက်ပဲ ဆိပ်ကမ်းပေါ်သို့ ခုန်ချပြီး နုရှောင့်မြို့ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ညသို့ ရောက်ရှိလာခဲ့၏။ သူသည် နုရှောင်မြို့၏ မြို့တော်ဝန်အိမ်ရာပေါ်သို့ လွယ်လွယ်ကူကူနှင့် တွယ်ကာ တက်လိုက်၏။

“ကျင်းကျိုးကို သတ်ပြီးရင် ငါ ကျောင်းရန်နားမှာ ထာဝရနေလို့ရပြီ။ ညီမလေးကျောင်းရန်... ငါ့ကို စောင့်နေ။ ငါ အမြန်ဆုံး လုပ်မယ်။ နှစ်နာရီအတွင်း ကျင်းကျိုးကို သတ်ခဲ့မယ်။ ကျင်းကျိုး ... တွေ့ကြသေးတာပေါ့”

.......

ပိုင်ရီမြို့အတွင်းမှာတော့ ....

ပိုင်ရီမြို့၏အုပ်ချုပ်ရေးမှူး ရှောင်ဝူချန့်သည် တွေဝေငေးငိုင်လျက် ရှိနေ၏။ သူ့အနေနှင့် ယခင်တုန်းက ခြံစည်းရိုးပေါ်တွင် ခွထိုင်နိုင်သည့် အခွင့်အရေးရှိနေသည်။ လက်ရှိအချိန်မှာတော့ မရှိတော့ချေ။ ဤနှစ်ပိုင်းအတွင်း သူသည် တကယ့်ကို သက်တောင့်သက်သာ နေထိုင်ခဲ့၏။

ဘုရင်မင်းမြတ် ဤနေရာဆီသို့ စေလွှတ်ခဲ့သည့် မင်းမှုထမ်းများသည် ကြာကြာမခံခဲ့ချေ။ သို့ပေမည့် သူကတော့ ဤနေရာတွင် အကြီးအကဲ တစ်ယောက်အဖြစ် ဆယ်နှစ်ကျော်ခန့် အလုပ်လုပ်နိုင်ခဲ့၏။ မကြာသေးခင်မှာပဲ မြို့တော်ဝန် ချန်ချိလုံသည် သူ၏ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး အဓိကမှာ အကျင့်ပျက် ခြစားခြင်းကြောင့် ဖြစ်သည်။

ဆယ်နှစ်ကျော်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် ရှောင်ဝူချန့်သည် ပိုင်ရီမြို့၏ ထိပ်တန်း အာဏာပိုင် ဖြစ်လာခဲ့၏။ သူသည် ကျန့်ယွမ်မြို့မှ စုလင်းလောက် အားမကောင်းသော်လည်း အမှုထမ်းတော်တော်များများကို ထိန်းချုပ်နိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်၏။

ဟုတ်ပေ၏။ သူအနေနှင့် စုကလန်၏ ထောက်ပံ့မှုမရှိဘဲ ဤအရာများကို ပြုလုပ်မရနိုင်ချေ။ ဤနှစ်ပိုင်းအတွင်း ရှောင်ဝူချန့်သည် စုနန်ကို လေးလေးစားစားဖြင့် ဆက်ဆံခဲ့ပြီး ဘုရင်မင်းမြတ်ထက်ပင် ပိုမိုကာ လေးလေးစားစား ဆက်ဆံခဲ့၏။ အမြဲတမ်း စုကလန်၏ အရာရှိတစ်ယောက်ဟု မိမိကိုယ်ကိုယ် ပြောဆိုတတ်သည်။

သို့ပေမည့် စုကလန်က ပုန်ကန်ချင်စိတ်ရှိလို့နေခဲ့၏။

သူ ... ရှောင်ဝူချန့် မည်သည့်နေရာကို သွားရမည်နည်း။ စုနန်၏နောက်သို့ လိုက်ပါ၍ အတူတူ ပုန်ကန်ရမည်လား။ သူသည် ရွှဲ့ပြည်နယ်၏ ကျောင်းတော်သား တစ်ယောက် ဖြစ်ခဲ့၏။ နန်းတွင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးမှသာလျှင် ယနေ့လိုရာထူးမျိုးနှင့် နေထိုင်နိုင်ခဲ့တာဖြစ်သည်။ လွယ်လွယ်ကူကူ ဖြစ်တည်ခဲ့ခြင်း မဟုတ်ပေ။ သူ သေချာ ကြိုးစားခဲ့ရသည်။

သို့ပေမည့် သူ စုနန်နှင့်အတူ ပုန်ကန်ပါက အဘယ်သို့ ဖြစ်မည်နည်း။ အခြေခံအားဖြင့် သေဆုံးရမှာ သေချာ၏။ ထိုအချိန်မှာတော့ ပိုင်ရီမြို့မှ စစ်သည်တော်ပေါင်း နှစ်ထောင်ကျော်သည် စုကလန်နှင့် တစ်ခါတည်း ပူးပေါင်းညှိနှိုင်းပြီးသား ဖြစ်လို့နေခဲ့၏။ အိမ်ထောင်စု သုံးထောင်ကျော်တို့ကလည်း စုကလန်၏ ကျေးကျွန်များ ဖြစ်ကြ၏။ ထို့ကြောင့် သူ့အနေနှင့် လှုပ်သာလူးသာ မရှိချေ။ သူ၏ရှေ့တွင်ရှိနေသည့် အတိုင်ပင်ခံကပင်လျှင် စုကလန်၏ လူဖြစ်သည်။ ဤလူသည် သူ ရှောင်ဝူချန့်အား သွေးဆောင်ရန် ကြိုးစားလျက်ရှိနေ၏။

“ချောင်ပြည်နယ်ရဲ့စစ်တပ်က တစ်သိန်းသုံးသောင်းလောက် ရှိတယ်။ သူတို့အားလုံးက အဆင်သင့်ဖြစ်နေပြီ။ ကျုံးရန်ရဲ့ဆံပင်တွေက ဒီအချိန်မှာ ထောင်ထနေလောက်ပြီ။ သူက ချောင်ပြည်နယ်ရဲ့ စစ်တပ်ကို ခုခံဖို့ အကောင်းဆုံး ဖျစ်ညှစ်ပြီး ကြိုးစားနေရလောက်ပြီ။

အင်း.... စစ်သူကြီး ကျန့်ထော်ကလည်း ပိုင်ရီခရိုင်ကနေ ထွက်ခွာခွင့်ပိတ်ခံထားရတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်လုံးကို ချောင်ပြည်နယ်က တိုက်ခိုက်မှာပဲ”

ကျုံးစစ်တပ်ကြီးက တောင်ဘက်ပိုင်းကို ကျိန်းသေပေါက် သွားရဲမှာ မဟုတ်တာ သေချာနေပြီ။ ချင်နိုင်ငံရဲ့ဘုရင် အာယုထိုင်က စစ်သည်ပေါင်း ငါးသောင်းကျော်ကို ဦးဆောင်ပြီး စုကလန်နဲ့ ပူးပေါင်းလိမ့်မယ်။ တောင်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည်ငါးထောင်ကျော်ကလည်း မနီးမဝေးကို ရောက်နေကြပြီ။

ဒါဆိုရင် ကျုပ်တို့ဆီမှာ စစ်သည်ဘယ်လောက်ရှိလဲ။ ခုနစ်သောင်းလား၊ ရှစ်သောင်းလား။ ဒီထက်ပိုပြီးတော့လား။ ချင်နိုင်ငံက လိုအပ်လာပြီဆိုရင် သူတို့နိုင်ငံတွင်းမှာရှိတဲ့နိုင်ငံသားအားလုံးကို စစ်သည်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိတယ်။ကျန်းရှစ်စီရင်စုတစ်ခုလုံးမှာ ကျုပ်တို့ကို ဘယ်သူ တားဆီးနိုင်စွမ်းရှိလဲ။ ကျန်းချုံးရဲ့ စစ်သည်ပေါင်း သုံးထောင်ကို အမှီအခိုပြုပြီး ဘုရင်မင်းမြတ်ဘက် နေရမှာလား”

ရှောင်ဝူချန့်သည် ခေါင်းကို အဆက်မပြတ် ခါလျက်ရှိ၏။

စုလုသည် ပြုံးကာပြောလိုက်သည်။ “အင်း.. ဝူဘုရင်က သူ့ရဲ့စစ်သည်တွေကို ဦးဆောင်ပြီး တောင်ဘက်ပိုင်းကို သွားနေတယ်ဆိုတာ ရွှဲ့ပြည်နယ်ရဲ့ ရှန်ယီမြို့ဆီ ဦးတည်နေခဲ့တာပဲ။ သူ့ရဲ့မူလစစ်တပ်ကြီးက သုံးသောင်းရှိတယ်။ ဒါပေမဲ့ အခု ခြောက်သောင်းနီးပါး ဖြစ်သွားခဲ့ပြီ။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မြောက်ဘက်ပိုင်းကို စစ်သည်တွေ ပေးပို့ခဲ့ပြီးသား။ ဒီတော့ ဘုရင်နှစ်ပါး တိုက်ခိုက်မှုက မကြာခင် စတင်တော့မှာ။ တောင်ပိုင်းစစ်သူကြီး ကျူးလင်းရဲ့ စစ်သည်ပေါင်း ခြောက်သောင်းကျော်ကလည်း အရမ်းအားကောင်းတယ်။ သူတို့အားလုံးက အဲနေရာမှာ ပိတ်မိနေကြတယ်။ အကြီးကဲရှောင်... ကျုပ်ကို ပြောစမ်းပါအုံး။ ရွှဲ့ပြည်နယ်က တကယ်ပဲ အားကောင်းတာလား။ သုံးဖက်စလုံးရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်ထင်လား”

ရှောင်ဝူချန့်က ခေါင်းကိုခါယမ်းလိုက်၏။ ရွှဲ့ပြည်နယ်က ဤမျှအားမကောင်းချေ။ နှစ်ဖက်ခြမ်းဆိုလျှင်ပင် တိုက်ခိုက်နိုင်စွမ်း မရှိချေ။ သုံးဖက်ဆိုလျှင် ပို၍ဆိုး၏။ ယခု အရှေ့ဘက် နိုင်ငံတစ်ကြောတွင် နှစ်ဖက်ခြမ်းကို တိုက်ခိုက်နိုင်စွမ်းရှိနေသည့် နိုင်ငံဟူ၍ တကယ့်ကို ချမ်းသာကြွယ်ဝသည့် ကျင်းနိုင်ငံတစ်ခုသာ ရှိပေလိမ့်မည်။ တော်ဝင်ရန်နိုင်ငံကို ထည့်သွင်းစရာမလိုအပ်ချေ။ သူက ယခုလောကကြီး၏ အုပ်စိုးသူဖြစ်၏။ ထို့ကြောင့် အနီးအနား နိုင်ငံသုံးခုကို လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်စွမ်းရှိ၏။

စုလုက ပြောလိုက်သည်။ “အင်း.. နင်ယွမ်ရှန်းက ကျန်းချုံးနဲ့ ရှမ့်လန်ကို ဘယ်လိုဖြစ်ပြီး ပိုင်ရီခရိုင်ဆီ ပို့လိုက်တာလဲ။ ဒါက အလောင်းအစား အရမ်းဆန်လွန်းတယ်”

ရှောင်ဝူချန့်က သဘောတူသလို ခေါင်းညိတ်လိုက်၏။ တကယ့်ကို ကြီးမားသည့် အလောင်းအစား တစ်ခုဖြစ်ပြီး ကျိန်းသေပေါက် ရှုံးနိမ့်မည့် အလောင်းအစားနှင့်လည်း ဆင်တူ၏။

စုလုက ပြောလိုက်သည်။ “ကျန်းရှစ်စီရင်စုထဲမှာ ကျုပ်တို့ရဲ့စစ်သည်တော် ခုနစ်သောင်း၊ ရှစ်သောင်း လောက်ကို တားဆီးနိုင်စွမ်းရှိတဲ့လူက ဘယ်သူရှိလဲ။ ဘယ်သူမှ မရှိဘူး။ ဒီတိုက်ပွဲပြီးသွားရင် ရွှဲ့ပြည်နယ် တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မယ်။

အကြီးကဲရှောင်... ခင်ဗျား ဘာတွေကို စိုးရိမ်နေတာလဲ။ ကျန်းရှစ်စီရင်စုရဲ့ တောင်ဘက်ပိုင်းကို ကျုပ်တို့ ရသွားပြီဆိုတာနဲ့ ချင်နိုင်ငံနဲ့ ပူးပေါင်းပြီးဖြစ်လိမ့်မယ်။ ကျုပ်တို့ရဲ့နယ်မြေက ရွှဲ့ပြည်နယ်ထက် ဘယ်လိုမှ သေးငယ်တော့မှာ မဟုတ်ဘူး။ အဲကျရင် အကြီးကဲရှောင်ကလည်း တော်လှန်ရေးမှာ ကြိုးစားခဲ့ကြတဲ့ အခြေခံ သူရဲကောင်း ဖြစ်လာလိမ့်မယ်။ ပြီးတော့ မြို့စားကြီးဖြစ်လာဖို့ဆိုတာ ပြေးမလွှတ်နိုင်ဘူး။”

ထိုစကားကိုကြားသည့်အချိန်မှာတော့ ရှောင်ဝူချန့်၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ တကယ့်ကို သူရဲကောင်းဆန်သည့် မြို့စားကြီးဆိုသည့် ဂုဏ်ပကာသနကို ရရှိမည်လား။ ထိုကဲ့သို့သော အရာမျိုးသည် သူ ငြင်းပယ်နိုင်စွမ်း မရှိသည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ သူ၏အစိုးရအမှုထမ်းဆိုသည့် ရာထူးရာခံ တစ်ခုသည် ကြီးမားမြင့်မြတ်သည့် ဂုဏ်သိက္ခာမပိုင်ဆိုင်ချေ။ မကြာခင် သူက သမိုင်းဝင် ရှောင်ဝူချန့် ဖြစ်ပေတော့မည်။

ထို့ကြောင့် သူက ရုတ်တရက် မေးမြန်းလိုက်၏။ “ဒါနဲ့ ကျုပ် မေးချင်တယ်”

စုလုက ပြောလိုက်သည်။ “မေးပါ မေးပါ”

ရှောင်ဝူချန့်က မေးမြန်းလိုက်၏။ “ချင်နိုင်ငံဘုရင်က ဘယ်သူ ဖြစ်လာမှာလဲ”

စုလုက ပြောလိုက်သည်။ “ကျိန်းသေပေါက် အာယုထိုင် ဘုရင်ဖြစ်လာမှာပေါ့။ အင်း.. အရှင်ကတော့ ဒီဘုရင်တွေအားလုံးကို ထိန်းချုပ်တဲ့သူ ဖြစ်လာလိမ့်မယ်”

ရှောင်ဝူချန့်က အထင်ကြီးသွားမိ၏။ စုနန်သည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ မျက်နှာပြင်ထက်တွင် စုကလန်သည် ချင်နိုင်ငံကို အညံ့ခံခဲ့ပုံပေါ်၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ချင်ဘုရင်၏ သားအားလုံး သတ်ဖြတ်ခံခဲ့ရပြီး အာယုထိုင်နှင့် ကလေးလေး နှစ်ယောက်သာလျှင် ကျန်ရှိခဲ့၏။

အာယုခန်က သိုင်းပညာတွင် ပါရမီကြီးပြီး တိုက်ခိုက်ရာတွင် အားကောင်း၏။ သို့ပေမည့် သူ၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှုအားလုံးသည် သောက်တလွဲကြီးများသာလျှင် ဖြစ်၏။ ချင်နိုင်ငံ၌ အတွင်းပိုင်း စီမံခန့်ခွဲသည့် ရာထူးရာခံနှင့်လူ မည်မျှရှိသနည်း။ ဘာမှမရှိပေ။

မျက်နှာပြင်ထက်တွင် ချင်နိုင်ငံက စုကလန်ကို ဝါးမျိုခဲ့သည့်ပုံပေါ်သော်လည်း တကယ့် အစစ်အမှန် တရားမှာတော့ စုကလန်ကသာလျှင် ချင်နိုင်ငံကို ဝါးမျိုခဲ့ခြင်း ဖြစ်၏။ နှစ်အနည်းငယ်လောက်ပင် ကြာကြာစောင့်ရမည် မဟုတ်ချေ။ အာယုထိုင်သည် အာလုခန်ကဲ့သို့ပင် သတ်ဖြတ်ခံရနိုင်၏။

ထိုအချိန်မှာတော့ ချင်နိုင်ငံတစ်ခုလုံးသည် စုကလန် ပိုင်ဆိုင်သည့်အရာ ဖြစ်လာပေလိမ့်မည်။

လူရိုင်းဆိုသည်မှာ လူရိုင်းများသာဖြစ်၏။ တကယ့်ကို ညံ့ဖျင်းလွန်းလှခ၏။ အခြေအနေတစ်ခုလုံးကို မှန်းမျှော်ကာ တွေးခေါ်နိုင်စွမ်း မရှိလောက်အောင် ညံ့ဖျင်းလွန်းကြ၏။ ယခုကြည့်ရသည်မှာ စုကလန်သည် မကြာခင် အောင်မြင်ပေတော့မည်။ အချိန်ကိုက်၊ တည်နေရာကိုက်၊ လူကိုက် .... အရာအားလုံးက စုကလန်ဘက်၌ ရှိလို့နေသည်။

ရှောင်ဝူချန့်က ပြောလိုက်၏။ “ဒါနဲ့ ကျုပ်တို့ စိုးရိမ်ပူပန်ရမဲ့ အရာတစ်ခုရှိသေးတယ်”

စုလုက ပြောလိုက်သည်။ “အင်း.. ကျေးဇူးပြုပြီး ပြောပါအုံး”

ရှောင်ဝူချန့်က ပြောလိုက်၏။ “ဟိုခွေးသူတောင်းစား ရှမ့်လန်က လူဦးရေတစ်သောင်းကျော်ကို ဦးဆောင်ပြီး နေရာအနှံ့ကို လုယူလာခဲ့တယ်။ ကုန်သည်ပေါင်းမြောက်များစွာတို့ကလည်း မွဲပြာကျနေကြပြီ။ တကယ့်ကို ကပ်ဘေးကြီးနဲ့ ကြုံနေရတယ်။ စုကလန်က စစ်သည်ပေါင်း နှစ်သောင်းကျော်ရှိတယ်။ ဒါကို ကျိန်းသေပေါက် တားဆီးသင့်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ ....”

ဤစကားစုသည် စုလု၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေ၏။ အနောက်တိုင်း ကုန်သည်အားလုံးသည် စုကလန်အတွက် ပြင်းပြင်းထန်ထန်နှင့် အလုပ်ကြိုးစားပေးခဲ့၏။ သို့ပေမည့် ညှာတာမှုမရှိဘဲ စတေးခံခဲ့ရသည်။ ထို့ကြောင့် သူ ထုတ်ပြောလို့မဖြစ်ချေ။

ရှောင်ဝူချန့်က ပြောလိုက်သည်။ “အင်း... ရှမ့်လန်ကြောင့်သာ မဟုတ်ရင် ကျန်းချုံးက ပိုင်ရီမြို့ထဲ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ဝင်ခွင့်ရမှာလဲ”

စုလုက ပြောလိုက်၏။ “အကြီးကဲရှောင်.. ဒီကိစ္စတွေက ခင်ဗျားနဲ့ သက်ဆိုင်နေလို့လား”

ရှောင်ဝူချန့်က တုန်လှုပ်သွား၏။ သူက အလျင်အမြန် ဦးညွှတ်လိုက်သည်။ “ကျုပ် စကားများများ ပြောခဲ့မိပါပြီ။ တောင်းပန်ပါတယ်”

စုလုက ရယ်မောလိုက်၏။ “အကြီးကဲရှောင်... ခင်ဗျားရဲ့စိတ်ကို ပြောင်းလဲဖို့ လိုအပ်တယ်။ ခင်ဗျားက စုကလန်ရဲ့ လူတစ်ယောက်ဖြစ်တယ်။ ဒီတော့ ကျုပ်တို့ အကျိုးကျေးဇူးရမဲ့အရာကလွဲရင် တခြားအရာတွေကို မတွေးတာ ပိုကောင်းလိမ့်မယ်”

ရှောင်ဝူချန့်က ဦးညွှတ်လိုက်သည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျုပ် ဇဝေဇဝါ ဖြစ်ခဲ့မိပါတယ်။ ကိုယ်စားလှယ်ကြီး... ကျေးဇူးပြုပြီးတော့ အရှင့်ကို တောင်းပန်ပေးပါအုံး”

စုလုက ပြောလိုက်၏။ “ကောင်းတယ်၊ ကောင်းတယ်။ ခင်ဗျားပြောတာ အရမ်းကောင်းတယ်။ အခု ပိုင်ရီမြို့မှာ ရှိနေတဲ့ အမှုထမ်းတော်တော်များများနဲ့ ချမ်းသာတဲ့ကုန်သည်တွေအားလုံးက ကျန်းချုံးကို ဧည့်ခံဖို့သွားကြတယ် မဟုတ်လား”

ရှောင်ဝူချန့်က ပြောလိုက်သည်။ “အမှန်ပါပဲ”

စုလုက ပြောလိုက်၏။ “အဲဒါ အရမ်းကောင်းတယ်။ ဒါမှ ကျန်းချုံးရဲ့ စိုးရိမ်ပူပန်မှုအားလုံး ပျောက်ကွယ်သွားမှာ။ ဒါပေမဲ့ ဒီညမှာပဲ ကျုပ်တို့ကဦးဆောင်ပြီးတော့ အရာရှိတော်တော်များများနဲ့အတူ ကျန်းချုံးကို ညစာ စားပွဲဖိတ်မယ်။”

ရှောင်ဝူချန့်က ပြောလိုက်သည်။ “ပြီးတော့ရော”

စုလုက ပြောပြလိုက်၏။ “ဟုတ်တယ်လေ။ ပြီးရင် သူ့ကို သတ်ရမှာပေါ့”

ရှောင်ဝူချန့်က အံ့အားသင့်သွားခဲ့သည်။ “သူ့ကို အခုသတ်မှာလား”

စုလုက ပြောလိုက်၏။ “တခြားဘာရှိလို့လဲ။ အချိန်၊ နေရာ၊ လူ ... အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။ အရှင်ကလည်း ရက်အနည်းငယ်အတွင်း ထွန်းတောက်တော့မယ်။ ဒီတော့ ကျန်းချုံးကို အသက်ရှင်လျက် ထားပြီး ဘာလုပ်မှာလဲ။ သူ့ကို သတ်လိုက်တာက ကျန်တဲ့သူတွေအကုန်လုံး စိတ်အားတက်ကြွစေဖို့ အကောင်းဆုံး လှုံ့ဆော်နိုင်တဲ့ အရာတစ်ခုလို ဖြစ်သွားနိုင်တယ်”

All Chapters