← Chapters

အပိုင်း (၃၇၇)

Vol. 28 Ch. 377

အပိုင်း (၃၇၇)

Vol. 28 Ch. 377

ရုတ်တရက် တံခါးနှင့် ပြတင်းပေါက်အားလုံး ပိတ်သွားခဲ့၏။

အားလုံးသောသူတို့က ကြောင်အသွားခဲ့၏။ အဘယ်ကြောင့် သူတို့ကို တံခါးပိတ်၊ ပြတင်းပေါက် ပိတ်ရသနည်း။

‘အုပ်ချုပ်ရေးမှူး.. ခင်ဗျားက ငယ်သေးတယ်။ ဘယ်လိုဖြစ်ပြီး အဲလောက်ကြီး အားနည်းရတာလဲ။ လေလေး အနည်းငယ်လောက် တိုက်တာတောင်မှ ကြံ့ကြံ့ခံ မနေနိုင်ဘူးလား။ ခင်ဗျား ငှက်ဖျားများ ဖြစ်နေတာလား’

သို့ပေမည့် ဤနေရာတွင် ရှိနေသည့်လူပေါင်းမြောက်များစွာတို့သည် ထိုအခြင်းအရာကို ဂရုမစိုက်ကြချေ။

ပြတင်းပေါက်၊ တံခါးအားလုံးကို ပိတ်ပြီးနောက် ရှောင်ဝူချန့်က ပြုံးကာပြောလိုက်၏။ “အားလုံးသိတဲ့အတိုင်းပဲ ယခင် အုပ်ချုပ်ရေးမှူး ချန်ချိလုံက အကျင့်ပျက်ခြစားမှုကြောင့် ရာထူးကနေ ဖယ်ရှားခြင်းကို ခံခဲ့ရပြီး နန်းမြို့တော်ဆီ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်။ ကျုပ်တို့ ပိုင်ရီခရိုင်ရဲ့ အုပ်ချုပ်ရေးမှူး နေရာက လစ်လပ်နေခဲ့တာ လများစွာ ကြာခဲ့ပြီ။ အခု အုပ်ချုပ်ရေးမှူးကျန်းက နောက်ဆုံးတော့ ရောက်လာခဲ့တာပဲ”

အားလုံးသောသူတို့က ကျန်းချုံးကို လှမ်းကာကြည့်ရှုလိုက်သည်။

ရှောင်ဝူချန့်က ပြောလိုက်၏။ “အင်း.. အရှင်ကျန်းချုံးရဲ့နာမည်ကို ကျုပ်ကြားခဲ့ဖူးပါတယ်။ အရှင် ကျန်းချုံးကို ကျုပ်မြင်တဲ့အချိန်မှာ မိဘကိုပြန်တွေ့သလို ခံစားရတဲ့ ကလေးတစ်ယောက်လိုတောင် ဖြစ်ခဲ့တယ်။ အရှင် ကျန်းချုံးက ပိုင်ရီခရိုင်ကို တာဝန်ယူထားတယ်ဆိုတာက လူတွေအကုန်လုံးအတွက် ကြီးမားတဲ့ကောင်းချီးပဲ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အားလုံး အတွက် ကောင်းချီးပဲ။ ဒီခွက်က အရှင် ကျန်းချုံးကို ကိုယ်စားပြုပါတယ်”

ချက်ချင်းပဲ အရာရှိရာခံ တစ်ဒါဇင်ကျော်နှင့် စီးပွားရေးသမားများအားလုံးက ဝိုင်ခွက်ကိုမြှောက်ကာဖြင့် အော်ဟစ်လိုက်သည်။ “အရှင်ကျန်းချုံး အတွက်ပါပဲ”

အားလုံးသောသူတို့၏ အကြည့်အောက်မှာပင် ကျန်းချုံးသည် ဝိုင်ခွက်ကို အသာကောက်ယူပြီး ဖြည်းညင်းစွာ မတ်တပ်ထလိုက်၏။

ရှောင်ဝူချန့်၏ နှလုံးခုန်သံများက မြန်ဆန်သွားခဲ့၏။ အဘယ်ကြောင့် ဆိုသော် ကျန်းချုံး၏ ဝိုင်ခွက်ထဲတွင် အဆိပ်ရှိနေသောကြောင့်ပင်။ အဆိပ်နှင့် သတ်ဖြတ်နိုင်ခဲ့ပါက အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်၏။

စုကလန်၏ သတင်းစုံစမ်းချက်များအရဆိုလျှင် ကျန်းချုံးသည် သိုင်းပညာ ကျွမ်းကျင်၏။ သို့ကြောင့် ကျိန်းသေပေါက် အားနည်းလိမ့်မည် မဟုတ်ချေ။ ကျန်းချုံးသည် ခွက်ထဲမှဝိုင်ကို ကြည့်ရှုကာ ပြောလိုက်သည်။ “အင်း.. ဝိုင်ကောင်းတစ်ခွက်ပဲ”

ပြီးနောက် သူက ခွက်ကို စောင်းငဲ့လိုက်၏။ ဖယောင်းတိုင် ထွန်းထားသော ဆီခွက်ထဲသို့ ထိုဝိုင်ကို အသာလောင်းထည့်လိုက်ခြင်းပင်။

“တကယ့်ကို ဝိုင်ကောင်းပဲ”

အားလုံးသောသူတို့သည် အံ့အားသင့်သွားကြသည်။ ဝိုင်ကောင်းဆိုလျှင် အဘယ်ကြောင့် မသောက်ရသနည်း။ သူတို့လူတစ်ဒါဇင်ကျော်တို့က ဝိုင်ခွက်ကို ကိုင်ထားပြီး တစ်ဖက်လူသောက်မည်ကို စောင့်ဆိုင်းလျက် ရှိနေ၏။ သို့ပေမည့် တစ်ဖက်လူသည် ဤသို့ပင် ဝိုင်ခွက်ကို လောင်းချလိုက်လေသည်လား။

ကျန်းချုံးက ရုတ်တရက်ပြောလိုက်၏။ “ဒါဝိုင်ကောင်းပဲ။ ဒါပေမဲ့ ဆိုးတာက အဆိပ်ခတ်ထားတယ်”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ အားလုံးတုန်လှုပ်သွားခဲ့၏။ မည်ကဲ့သို့သော ဟာသမျိုးနည်း။ ဤဝိုင်ထဲတွင် အဘယ်သို့ အဆိပ် ရောက်ရှိနေသနည်း။

ထိုအချိန်မှာပဲ ကျန်းချုံး၏ ဘေးတစ်ဖက်မှ ဝိုင်ငှဲ့ပေးသော မိန်းကလေးသည် ရုတ်တရက် အင်္ကျီလက်ကြားထဲမှ ဓားတစ်စင်းကို ထုတ်ယူပြီး ကျန်းချုံး၏ လည်ကုပ်နောက်ဆီသို့ ခုတ်ပိုင်းလိုက်သည်။

လှုပ်ရှားမှုကအလစ်ငိုက်ဖြစ်သည့်အပြင် အလွန်လည်း မြန်ဆန်၏။ သို့သော်ငြား ကျန်းချုံးက ပိုမို၍ မြန်ဆန်၏။ သူသည် ဓားကို ဆွဲထုတ်ခြင်းပင် မပြုချေ။ လက်ထဲတွင် ရှိနေသည့် ခွက်ကို လက်နက်အဖြစ် အသုံးပြုပြီး တစ်ဖက်မိန်းကလေး၏ နဖူးကို ရိုက်ခွဲလိုက်၏။

“ဘန်း”

မာကျောလွန်းသည့် ခွက်တစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး ခွက်၏ အစိတ်အပိုင်းတစ်ချို့သည် ထိုမိန်းကလေး၏ ဦးခေါင်းထဲသို့ စိုက်ဝင်သွား၏။ သူမ၏ဦးခေါင်း ပွင့်ထွက်သွားခဲ့ပြီး တစ်ခါတည်း သေဆုံးသွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ နှင်းတောင်မျှော်စင်ဆိုင်မှ စားပွဲထိုး လုပ်ကြံသူလေးယောက်တို့သည် ဓားများကို ဆွဲထုတ်ပြီး ကျန်းချုံးဆီသို့ လှမ်းဝင်လာခဲ့၏။ ကျေးကျွန်များ၊ သီချင်းသီဆိုသူများ၊ အစေခံများ၊ အားလုံးသောသူတို့သည် ဓားများကို ဆွဲထုတ်ပြီး ကျန်းချုံးဆီသို့ ပြေးဝင်လာခဲ့၏။ ကျန်းချုံးသည် လုပ်ကြံသတ်ဖြတ်သူပေါင်း ၃၀ ကျော်တို့၏ ဝန်းပတ်ခြင်းကို ခံထားရ၏။

နှင်းတောင်မျှော်စင်ဆိုင်ထဲရှိ အရာရှိအရာခံနှင့် ကုန်သည်အားလုံးသည် ပထမဆုံး တုန်လှုပ်သွားခဲ့ကြ၏။ ရှေ့တွင်ဖြစ်နေသည့် မြင်ကွင်းများကို မယုံကြည်နိုင်သလိုပင် ကြည့်ရှုနေမိကြသည်။ မြို့၏အုပ်ချုပ်ရေးမှူးကို ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း သုတ်သင်ရှင်းလင်းရန် ကြိုးစားနေသည်လား။

သို့ပေမည့် ချက်ချင်းပဲ ရှောင်ဝူချန့်က အော်ဟစ်လိုက်သည်။ “မြို့စားကြီးစုနန်က အမိန့်ပေးထားတယ်။ ကျန်းချုံးကို သတ်ဖို့”

ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လူတစ်ထောင်တပ်မှူး သုံးယောက်တို့သည် ဓားများကို ဆွဲထုတ်ကာ ကျန်းချုံးဆီသို့ ပြေးဝင်သွားခဲ့၏။

ရှောင်ဝူချန့်က ပြောလိုက်သည်။ “တကယ်လို့ အုပ်ချုပ်ရေးမှူးကျန်းချုံးသာ ဒီနှင်းတောင်မျှော်စင်ဆိုင်ထဲမှာ သေသွားမယ်ဆိုရင် ဘယ်သူမှ ပြဿနာရှိမှာ မဟုတ်ဘူး။ ကျုပ်တို့က အတူတူပဲ မဟုတ်လား။ ဒီတော့ ကျုပ်တို့ ဝိုင်းပြီး တိုက်ခိုက်ကြရအောင်။ ကျန်းချုံးဆီမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိတယ်ဆိုရင်တောင် ကျိန်းသေပေါက် သေရမယ်”

အရာရှိအရာခံနှင့် ကုန်သည်အားလုံးက ကြောက်လန့်သွားခဲ့ကြ၏။ လုပ်ကြံသူတစ်ဒါဇင်ကျော်တို့သည် ကျန်းချုံးကို ဝိုင်းရံလျက်ရှိနေသည်။ မည်သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။

မြို့အလယ်ကောင်တည့်တည့်တွင် အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝိုင်းဝန်း သတ်ဖြတ်ရန် ကြိုးစားနေသည်လား။ အောက်ခြေစည်းမျဉ်းဟူ၍ မရှိတော့ချေ။

ကျန်းချုံး၏ အင်္ကျီလက်က ရုတ်တရက် လှုပ်ခတ်သွားခဲ့၏။ သူ၏လက်ထဲ၌ ဓားတစ်စင်း ထွက်ပေါ်လာ၏။

“ဟား ဟား ဟား ဟား... ကျုပ်ကျန်းချုံးက အရာရှိဖြစ်တည်းက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတိုက်ခိုက်ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။ ကျုပ်ဆရာသင်ပေးခဲ့တဲ့ သိုင်းပညာတွေ ပြန်ပြီးအသုံးပြုရမယ်လို့ မထင်ခဲ့မိဘူး။ အခုတော့ အသုံးပြုရတော့မှာပေါ့”

တော်ဝင်မင်းသမီးနင်ကျဲ့က နှာခေါင်းရှုံ့လိုက်၏။ သူမကလည်း အင်္ကျီလက်ထဲတွင် ရှိနေသည့် ဓားပျော့ တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ရွှဲ့ပြည်နယ်တွင် မဟာပညာရှင် ခြောက်ယောက်သာလျှင်ရှိ၏။ ယနေ့ အချိန်မှာတော့ သူ နင်ကျဲ့သည် မဟာပညာရှင်များနှင့် ဝေးကွာသည့် တည်နေရာတွင် မရှိကြောင်း အားလုံးသော သူတို့ကို သက်သေပြရပေလိမ့်မည်။

ရုတ်တရက် ကျန်းချုံးနှင့် မင်းသမီးနင်ကျဲ့တို့၏ ဓားရှည်များသည် နဂါးများကဲ့သို့ပင် လှုပ်ရှားပြီး တိုက်ခိုက်လျက် ရှိနေ၏။ ချက်ချင်းပဲ နှင်းတောင်မျှော်စင်ဆိုင်တစ်ခုလုံးသည် သွေးများ၊ အလောင်းများဖြင့် ပြည့်နှက်သွားခဲ့၏။

..............

ရှမ့်လန်သည် ရွှယ်လင်ချန် (ဆီးနှင်းတောင်မြို့)သို့ ရောက်ရှိနေ၏။ ထိုအချိန်မှာတော့ သူသည် ယမ်းမှုန့်စည် ထဲသို့ ရောက်ရှိနေသကဲ့သို့ပင် ပူလောင်နေသည်။

အနားမှ သူခိုးကြမ်းပိုးများကလည်း သူ့ကို ဖိအားပေးလျက်ရှိသည်။ သူတို့ ဤဆီးနှင်းတောင်မြို့ဆီသို့ ရောက်ရှိခဲ့သည်မှာ ရက်အနည်းငယ်ကြာမြင့်ခဲ့ပြီးဖြစ်၏။ စုမိသားစု၏ စစ်တပ်ကြီးက ရောက်ရှိလာပေတော့မည်။

လူဆိုးသူခိုးများသည် ပိုင်ရီမြို့ဆီသွားရောက်ပြီး လုယက်ခြင်းကသာ အကောင်းဆုံးသော ဖြစ်မည်ဟု ပြောဆိုနေ ကြ၏။ လုယက်ပြီးလျှင် ထွက်ပြေးရပေလိမ့်မည်။ လေနှင့်အတူ နေရာအသီးသီးဆီသို့ ထွက်ပြေးရပေလိမ့်မည်။ သူတို့ကို လိုက်လံဖမ်းဆီးဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ သူတို့ လုယူခဲ့သည့် ရွှေငွေများနှင့်အတူ သက်တောင့်သက်သာ ဇိမ်ကျသည့်ဘဝ၌ နေထိုင်ကာဖြင့် လှည့်လည်သွားလာရန် အဆင်သင့်ဖြစ်လို့နေ၏။

ရည်မှန်းချက်ကြီးမားသည့် ခေါင်းဆောင်အနည်းငယ်ရှိပြီး ထိုသူများသည် အရေးအကြောင်း အခြေအနေတွင် ရှမ့်လန်ကို ဖမ်းဆီးပြီး အရှင်စုနန်ဆီသို့ လက်လွှဲပေးရန်ပင် စဉ်းစားထားကြ၏။ ထိုသို့ဆိုလျှင် သူတို့ လုယူခဲ့သည့်ရွှေငွေများကို ပြန်လည်ပေးအပ်စရာ မလိုမည့်အပြင် ကျိန်းသေပေါက် ရာထူးရာခံတစ်ခုကို ရရှိပြီး ကောင်းချီးကိုပင် ခံစားရပေလိမ့်မည်။

“အင်း.. မြို့တော်ဝန်ရှမ့်လန် ထွက်ခဲ့ပါအုံး။ မြို့တော်ဝန်ရှမ့်လန်”

ရှမ့်လန်၏ အနောက်မှာ လိုက်ပါလာခဲ့သည့် လူဦးရေ ၂၀၀၀၀ ကျော်တို့သည် လောဘတကြီး ဖြစ်လာခဲ့ကြ၏။ သူတို့သည် ရှမ့်လန်သည် လူကြောက်တစ်ယောက်ဖြစ်သောကြောင့် သူတို့ကို ဦးဆောင်နိုင်သည့် လူမဟုတ်ဟု ခံစားနေမိကြသည်။

ထို့အတူ ဤလူများသည် ဒေသခံ လူပေါ့လူသွမ်း ဓားပြများသာဖြစ်ပြီး ပြစ်မှုပေါင်းမြောက်များစွာကို ကျူးလွန်ခဲ့သူများဖြစ်၏။ ဦးနှောက်လည်း သိပ်မရှိချေ။ သူတို့သည် ကျန်းယွမ်မြို့ထဲတွင် ရှမ့်လန်နှင့်အတူ တိုက်ခိုက်ခဲ့သူများ မဟုတ်ပေ။ ကျန်းယွမ်မြို့ထဲတွင် ရှမ့်လန်နှင့် အတူတူ တိုက်ခိုက်ခဲ့ကြသူများက ပြန်သွားခဲ့ကြပြီ ဖြစ်၏။ လက်ရှိအချိန်၌ ပြဿနာရှာမည့် လူများသာ ကျန်ရစ်တော့၏။

ခေါင်းဆောင်သုံးယောက်သည် ရှမ့်လန်ကို တောင်းဆိုလျက်ရှိနေသည်။ “မြို့တော်ဝန်... ခင်ဗျားတွေ့တဲ့ အတိုင်းပဲ။ ညီအစ်ကိုတွေကို ကျုပ်တို့တောင်မှ မဖိနှိပ်နိုင်တော့ဘူး။ သူတို့သာ ပိုင်ရီမြို့ထဲဝင်ပြီး မလုယက်ရဘူးဆိုရင် ပုန်ကန်တော့မှာပဲ”

ရှမ့်လန်က သက်ပြင်းချလိုက်၏။ “ခင်ဗျားတို့ လူတွေအတွက် လွယ်မှာ မဟုတ်ဘူး။ အင်း.. ကျုပ် ညီနောင်တွေကို သွားပြီး နှစ်သိမ့်လိုက်ပါအုံးမယ်”

ပြီးနောက် ရှမ့်လန်က အပြင်ဘက်သို့ ထွက်သွားသည်။

“မြို့တော်ဝန် ထွက်လာပြီဟေ့။ မြို့တော်ဝန်ရှမ့်လန် ထွက်လာပြီဟေ့။ ငါတို့ရဲ့ ရုပ်ချောချော မြို့တော်ဝန် ထွက်လာခဲ့ပြီ”

ရှမ့်လန်က မကြားချင်ယောင် ဆောင်ထား၏။ ပြီးနောက် ညာဘက်လက်ကို မြှောက်ကာပြောလိုက်၏။ “ညီအစ်ကိုတို့.. မနက်ဖြန်နေဝင်ချိန်ရောက်ပြီဆိုရင် ကျုပ်တို့ ပိုင်ရီမြို့ကို ဝင်ပြီးတိုက်ကြမယ်။ ပြီးတော့ ပိုင်ရီမြို့ထဲမှာရှိတဲ့ အရာအားလုံးကို ညီအစ်ကိုတို့ကို ပေးမယ်။”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ လူပေါင်းတစ်ထောင်ကျော်တို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မြို့တော်ဝန် သက်ရှည်ကျန်းမာပါစေ။”

“ရုပ်ချောတဲ့မြို့တော်ဝန်က အလိုက်သိတယ်”

ခေါင်းဆောင်အားလုံးတို့သည်လည်း မိမိ၏ကိုယ်ပိုင်အစီအစဉ်များကို စီစဉ်ထားပြီးဖြစ်သည်။ မနက်ဖြန် ပိုင်ရီမြို့ထဲသို့ ဝင်ရောက်ကာ လုယက်ပြီးပါက ဤခပ်ချောချော မြို့တော်ဝန်လေးသည် သူတို့အတွက် အသုံးမဝင်တော့ချေ။ ထို့ကြောင့် တစ်ခါတည်း ဖမ်းဆီးရပေလိမ့်မည်။

ပိုက်ဆံနှင့် အရာအားလုံးကိုရရှိပြီးနောက် ထိုမြို့တော်ဝန်လေးကို ဖမ်းဆီးကာ စုနန်ဆီသို့ သွားရောက်ပေးပို့ရန် ပြင်ဆင်ထား၏။ တစ်ချိန်တည်းမှာပဲ စုနန်၏ စစ်သည်ပေါင်း သောင်းချီကလည်း တည်နေရာသုံးခုဆီမှ သူတို့ကို ဝင်ရောက်ကာ တိုက်ခိုက်ပေလိမ့်မည်။

စုနန်သည် တရားဝင် ပုန်ကန်ခြင်း မရှိသေးသော်လည်း သူနှင့် ရှမ့်လန်၊ ကျန်းချုံးတို့၏ကြားတွင် ကြီးမားသည့် ပထမဦးဆုံးတိုက်ပွဲတစ်ခု စတင်ဖြစ်တည်တော့မည်ဖြစ်ကြောင်း သိရှိနားလည်၏။

စုနန်သည် ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို ပစ်နိုင်မည်လား။

သို့မဟုတ် ကျန်းချုံးနှင့် ရှမ့်လန်တို့က အတူတူပူးပေါင်းပြီး စုနန်ကို နှစ်ဆတိုးကာ ခံစားရအောင် ပြုလုပ်နိုင်မည်လား။

အများဆုံး နာရီအနည်းငယ်အတွင်း ထိုအဖြေက ပေါ်ပေါက်လာပေလိမ့်မည်။

.......

နုရှောင့်မြို့အတွင်းရှိ ရဲတိုက်ကြီးထဲမှာတော့ ...

ကောင်းကင်ပင်လယ် နန်းဆောင်ကြီးဆီမှ အမျိုးသမီးကျောင်းတော်သူဖြစ်သော ကျန်းယွီယင်းသည် စိတ်လှုပ်ရှားလျက် ရှိ၏။ မကြာသေးခင်က ရှမ့်လန်ဆီမှ လက်ရေးစာတစ်ခုကို သူမက လက်ခံရရှိခဲ့၏။

ကျင်းမိသားစုသည် နုရှောင့်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ချောင်ထျန်းဝေ၏ ရတနာတိုက်ထဲတွင် ရှေးစာအုပ်များ ရှာဖွေတွေ့ရှိခဲ့သည် ဆိုသည့် သတင်းပင်။ ထို့ကြောင့် စာအုပ်များအား ကောင်းကင်ပင်လယ်နန်းဆောင်ဆီ လှူချင်ခဲ့၏။ တစ်စုံတစ်ယောက် လာရောက်ကာ လက်ခံရယူရန်ပင်။

ကျန်းယွီယင်းက ပျော်ရွှင်သွားခဲ့၏။ ဤလူငယ်လေးသည် တကယ့်ကို ချောမောပြီး စိတ်ဝင်စားစရာ ကောင်း၏။ နောက်ဆုံးအကြိမ်တုန်းက သူမသည် ရှမ့်လန်၏ပေါင်ပေါ်သို့ပင် တက်ထိုင်ခဲ့သေးသည်။ ချောမောသည့် ယောက်ျားဆိုသည်မှာ ရှားပါးသည် မဟုတ်ချေ။ ပါရမီရှင်ဆိုသည်မှာလည်း ရှားပါးသည် မဟုတ်ချေ။ သို့ပေမည့် ချောမောသည့် ပါရမီရှင်ဆိုသည်မှာတော့ ရှားပါးလွန်း၏။

ထို့ကြောင့် ကျန်းယွီယင်းသည် မည်သို့မှမနေနိုင်ဘဲ သူ၏အဖွဲ့ကိုခေါ်ကာ နုရှောင့်မြို့ဆီသို့ လာရောက်ပြီး ရှေးစာအုပ်များကို လက်ခံရယူရန် ကြိုးစားခဲ့၏။ သူမသည် ရှမ့်လန်နှင့် ဆက်ဆံရေးကို ပိုမိုကာ တိုးမြှင့်ချင်၏။ သို့ပေမည့် နုရှောင့်မြို့သို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်က နုရှောင့်မြို့တွင် မရှိချေ။

သူမ ဘာလုပ်ရမည်နည်း။ ကျိန်းသေပေါက် နန်းမြို့တော်ဆီသို့ လိုက်သွားပြီး တစ်ဖက်လူနှင့် ပြောဆို ဆွေးနွေး၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမသည် ဤနေရာတွင်ရှိနေသည့် ရှေးစာအုပ်များကို စာရင်းမှတ်ကာဖြင့် လက်ခံရန် ပြင်ဆင်နေရသည်။

နေ့စဉ်နေ့တိုင်းဆိုသလို နုရှောင့်မြို့၏ ကြီးမားလွန်းသည့် ရဲတိုက်ကြီးထဲတွင် စာအုပ်စာရင်းများကို ပြုလုပ် နေရ၏။ အလွန်အမင်း ပျင်းရိစရာကောင်းသည့် အလုပ်လည်းဖြစ်၏။ ရှမ့်လန် အနီးအနားတွင် မရှိကြောင်း သိရှိသောကြောင့် သူမ အလုံးစုံ ပျင်းရိနေ၏။

သူမ ကျန်းယွီယင်း ငယ်ရွယ်စဉ်တည်းက အချိန်ပေါင်းများစွာကို ပိုင်ဆိုင်၏။ ယခုလည်း အချိ်နဖြုန်းရပေတော့မည်။

ရှမ့်လန်မရှိသောကြောင့် နယ်စားကြီးကျင်းကျိုးနှင့်သာ နေ့စဉ်နေ့တိုင်း မျက်နှာချင်းဆိုင်နေရ၏။ ချောမောသည့် ကျောင်းတော်သူ ကျန်းယွီယင်းသည် ပြင်ပြင်ဆင်ဆင် နေချင်စိတ်ပင် မရှိတော့ချေ။ သူမက သွားတိုက်၊ မျက်နှာသစ်ခြင်းကို နေ့စဉ်နေ့တိုင်း ပြုလုပ်သောကြောင့် ညစ်ပတ်သည်တော့ မဟုတ်ချေ။ သို့ပေမည့် သူမ၏ ဆံပင်များက ပွစာကျဲလျက်ရှိနေ၏။

တခြားနည်းလမ်းလည်း မရှိချေ။ ရှေးစာအုပ်များသည် သူမလောက် သန့်ရှင်းသည့်အရာမျိုး မဟုတ်ဘဲ ဖုန်များ တက်နေသောကြောင့်ပင်။ ပျင်းရိဖွယ်အလုပ်များကို ပျင်းရိလေးကန်စွာဖြင့် ပြုလုပ်နေရသေး၏။ ဤရှေးစာအုပ်များကို မည်သည့်အချိန်ထဲက သိမ်းဆည်းထားခဲ့ကြောင်း မည်သူမှ မသိရှိချေ။ စာအုပ်အားလုံး တို့သည် ပင့်ကူမျှင်များ တက်လျက်ရှိပြီး ဖုန်များကလည်း တထောင်းထောင်းနှင့်ပင်။

စာအုပ်တော်တော်များများကို ခွဲထုတ်ပေးပြီးသားဖြစ်၏။ လှပသည့် ကျောင်းတော်သူ ကျန်းယွီယင်းသည် သူမ၏ လက်အောက်ငယ်သားများကို ရှေးစာအုပ်များအား သေသေချာချာ သိမ်းဆည်းထားရန် အမိန့်ပေးလိုက်၏။ သူမသည် နုရှောင့်မြို့၏ကျင်းကျိုးဆီသို့ သွားရောက်ကာ စကားပြောဆိုရန် ပြင်လိုက်၏။

ယနေ့မှာပဲ မှတ်သားထားသည့် စာအုပ်စာရင်းကို ကျင်းကျိုးဆီ ပေးအပ်ချင်၏။ သူမက ကျင်းကျိုးကို တစ်ချက်ကလေးမှ မနှစ်သက်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းကျိုးက အိုမင်းလွန်းနေပြီ ဖြစ်သည်။ ရှမ့်လန်မှာတော့ ပိန်ပိန်ပါးပါး သေးသေးသွယ်သွယ်နှင့် ချောမောလွန်းသည့် လူငယ်တစ်ယောက် ဖြစ်၏။ အစောကြီးတည်းက လက်ထပ်ခဲ့ပြီးသားဖြစ်သည်ဆိုလျှင်တောင်မှ ကောင်းမွန်သေး၏။ ချောမောသည့် လူငယ်လေးတစ်ယောက်နှင့် ချစ်ရေးချစ်ရာကိစ္စ ပတ်သက်ဆက်နွယ်ရသည်မှာ ကောင်းမွန်သည့် အရာမျိုး ဖြစ်သည် မဟုတ်ပါလား။

“မြန်မြန် မြန်မြန်”

လှပသည့်ကျောင်းတော်သူ ကျန်းယွီယင်းက ဒေါသတကြီးဖြင့် ဆူငေါက်လိုက်၏။ “မင်းတို့ အလုပ်လုပ်တာ အရမ်းနှေးတယ်။ မြန်မြန် .... လုပ်စရာရှိတာတွေလုပ်၊ ပေးစရာရှိတာတွေပေး။ ငါရေသွားချိုးလိုက်အုံးမယ်”

သူမ၏ လက်အောက်ငယ်သားများက ခေါင်းကို ငုံ့ထားကြ၏။ တစ်ချက်ကလေးမှ ပြန်လည်ကာ မပြောဆိုရဲချေ။ ဤလှပသည့်ကျောင်းတော်သူသည် အလုပ်လုပ်ရာတွင် မြန်ဆန်သလို ဆူငေါက်ရာတွင်လည်း မြန်ဆန်၏။ အနည်းငယ်လောက် နှေးကွေးသည်နှင့် မရပ်မနား ဆူငေါက်တတ်သည်။

All Chapters