← Chapters

အပိုင်း (၃၇၈)

Vol. 28 Ch. 378

အပိုင်း (၃၇၈)

Vol. 28 Ch. 378

အချိန်အတိုင်းအတာတိုအတွင်းမှာပဲ သူမသည် ဤလူများ၏ အလုပ်လုပ်ပုံကို သဘောမကျသလို ခံစားလာမိသည်။ သူမသည် ကောင်းကင်ပင်လယ်နန်းဆောင်၏ နတ်မိမယ်တစ်ပါး ဖြစ်သော်လည်း မကောင်းသည့် အကျင့်တစ်ခုရှိသည်။ ထိုအရာက စိတ်တိုတတ်ခြင်းပင်။

ကျန်းယွီယင်းသည် နယ်စားကြီးကျင်းကျိုး၏ စာကြည့်ခန်းဆီသို့ တန်းသွားလိုက်၏။ ဤအချိန်မှာတော့ ဓားပြကြီး နာကျည်းမှုသည် နံရံထက်တွင် တောက်တဲ့တစ်ကောင်ကဲ့သို့ တွယ်ကပ်လျက်ရှိနေ၏။ နံရံထက်တွင် ရှိနေသော်လည်း ကျင်းကျိုး၏ စာကြည့်ခန်းထဲမှ လှုပ်ရှားမှုအားလုံးကို သူက ကြားနေရ၏။

သူ၏သိုင်းပညာက အလွန်ကို ကောင်းမွန်၏။ သူသည် အခန်းထဲ၌ နယ်စားကြီး ကျင်းကျိုး တစ်ယောက်တည်း ရှိမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ ညီမလေးကျောင်းရန်က ပြောထားခဲ့၏။ သူ ဓားပြကြီး နာကျည်းမှုဖြစ်ကြောင်း ထုတ်ဖော် မပြောကြားရန်ပင်။ ဖြစ်နိုင်မည်ဆိုပါက ဝူနိုင်ငံ၏ လုပ်ကြံသတ်ဖြတ်သူများဟု ဟန်ဆောင်ရန် မှာကြားထားသည်။

အခန်းထဲ၌ ကျင်းကျိုးနှင့်အတူ ကျင်းရှိယန်၊ သမားတော်ကြီး အန်းစိုက်ထျန်းနှင့် အန်းစိုက်ရှီတို့ တည်ရှိနေခဲ့ကြ၏။ ထိုသူသုံးယောက်လုံး မထွက်ခွာမချင်း သူလှုပ်ရှား၍ မဖြစ်နိုင်ချေ။ ဤနေရာတွင် လေးယောက် တစ်ယောက် တိုက်ခိုက်ဖို့ဆိုသည်မှာ ပြဿနာမဟုတ်ဟု သူက ခံစားမိ၏။ သို့ပေမည့် သူသည် တစ်ချက်တည်းတိုက်ခိုက်မှုကို ပြုလုပ်မှာဖြစ်၏။ ထိုမှသာ မည်သူမှ သတိမပြုမိဘဲ မြန်မြန်ဆန်ဆန် ပြန်လည်ထွက်ခွာသွားနိုင်ပေမည်။

သူတစ်နာရီလုံးလုံးစောင့်ခဲ့၏။ နောက်ဆုံးမှာတော့ ကျင်းရှိယန် ထွက်ခွာသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် နယ်စားကြီး ကျင်းကျိုးကို ညစာပြင်ဆင်ပေးရမည်ဖြစ်၏။ အချိန်ကရောက်ရှိလာခဲ့ပြီ။ သူ ကျိန်းသေပေါက် လှုပ်ရှားရပေလိမ့်မည်။

“ဘန်း” ဓားပြကြီး နာကျည်းမှုသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်သည့်နှုန်းထားဖြင့် ပြတင်းပေါက်မှန်ကို ခွဲ၍ အထဲသို့ လှမ်းဝင်လိုက်၏။ သူ၏လက်ထဲရှိ ထက်ရှလှလွန်းသည့်ဓားသည် ကျင်းကျိုးဆီသို့ ဦးတည်နေ၏။ အမြန်နှုန်းကလည်း အံ့မခမ်းပင်။

သမားတော်ကြီး အန်းစိုက်ရှီသည် တုန်လှုပ်သွားခဲ့၏။ သူသည် ဓားကို ဆွဲထုတ်ရန် အချိန်ပင်မရခဲ့ချေ။

“သခင်ကြီး သတိထား”

ရုတ်တရက် ကျင်းကျိုးနယ်စားကြီးဆီသို့ ပြေးသွားပြီး သူ၏ခန္ဓာကိုယ်ဖြင့် ကျင်းကျိုးကို ကာကွယ်ရန်ပြင်ဆင်လိုက်၏။

ဓားပြကြီး နာကျည်းမှု၏ဓားသည် လွယ်လွယ်ကူကူပဲ သမားတော်ကြီးအန်း၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားခဲ့ ၏။ သမားတော်ကြီးအန်း၏ သိုင်းပညာက အလွန်ကောင်းမွန်သော်လည်း ဓားပြကြီး နာကျည်းမှု၏ ဓားချက်ကိုတော့ ခုခံနိုင်စွမ်း မရှိခဲ့ချေ။ သို့ပေမည့် ဓားပြကြီး နာကျည်းမှုက ခဏလောက် တွန့်ဆုတ်သွားခဲ့သည်။

အန်းစိုက်ရှီသည် လူပေါင်းများစွာကို ကယ်တင်ခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် သတ်ဖြတ်၍ မဖြစ်ချေ။ ထို့ကြောင့် ဓားကို အသာပင် ပြန်ဆွဲလိုက်၏။ သမားတော်ကြီး အန်းစိုက်ရှီသည် အနောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့၏။

နာကျည်းမှုသည် မျက်လုံးအမြင်များက ဝေဝါးသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ဆီသို့ ရေတွက်လို့ မရအောင် များပြားသည့် ဆူးများ ဝင်ရောက်လာသကဲ့သို့ပင်။ ဤအရာက လက်နက်ပုန်းပင်ဖြစ်၏။ လက်နက်ပုန်း၊ နီးကပ်သည့် အကွာအဝေးတစ်ခုတွင် မည်သူမှ ရှောင်ရှားနိုင်စွမ်းမရှိမည့် လက်နက်ပုန်းတစ်ခုပင်ဖြစ်သည်။

သမားတော်ကြီးအန်းစိုက်ရှီသည် ကျင်းကျိုးကို ကာကွယ်နေချိန်မှာပဲ လက်နက်ပုန်းကို ထုတ်ယူ၍ ဓားပြကြီး နာကျည်းမှုကို ပစ်ခတ်လိုက်ခြင်းဖြစ်၏။

.............

ဆွစ် ဆွစ်

နာကျည်းမှု၏ဓားများသည် လေထဲတွင် ဝှေ့ယမ်းလျက် ရှိနေပြီး ထိုအရာက ကြီးမားသည့် လေဝဲကြီး တစ်ခုကဲ့သို့ပင်။ ဆူးပေါင်းများစွာတို့သည် လေဝဲကြီး၏ စုပ်ယူခြင်းကို ခံခဲ့ရပြီး တစ်ခုတစ်လေကပင် သူ့ကို ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ချေ။ သူ၏ သိုင်းပညာက တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး အံ့အားသင့်စရာလည်း ကောင်း၏။ နောက်ဆုံးမှာတော့ သမားတော်ကြီး အန်းစိုက်ရှီ၏ လက်နက်ပုန်းအားလုံးသည် အသုံးပြုပြီးဖြစ်သည်။

“သခင်ကြီး ပြေး...” အန်းစိုက်ထျန်းက အော်ဟစ်လိုက်၏။ သူက ချက်ချင်းပဲ နာကျည်းမှုဆီသို့ ဝင်ရောက်သွားခဲ့၏။ သူက ကျိန်းသေပေါက် သေလမ်းရှာခြင်းဖြစ်၏။ အန်းစိုက်ထျန်း၏ သိုင်းပညာက နိမ့်ပါးလွန်းသည် မဟုတ်သော်လည်း ကျိန်းသေပေါက် နာကျည်းမှု၏ တိုက်ခိုက်ချက်ကိုတော့ တစ်ချက်ကလေးမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဤအရာက ကြက်ဥနှင့်ကျောက်တုံးကို ကောက်ပေါက်ခြင်းဖြစ်၏။ ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။ သို့ပေမည့် အန်းစိုက်ထျန်းသည် သေဆုံးရန်အတွက် ရှေ့သို့လှမ်းတက်လျက် ရှိနေတုန်းပဲ နယ်စားကြီး ကျင်းကျိုးက ရုတ်တရက် တစ်ဖက်လူကို လှမ်းဆွဲကာ ဘေးသို့တွန်းပို့လိုက်၏။

“ခင်ဗျား သတ်ချင်တယ်ဆိုရင် ကျုပ်ကိုပဲသတ်။ အပြစ်ကင်းတဲ့လူတွေကို မသတ်နဲ့” နယ်စားကြီး ကျင်းကျိုးက အော်ဟစ်လိုက်၏။ ရုတ်တရက် သူသည် ဓားကို ဆွဲထုတ်ပြီး နာကျည်းမှုဆီသို့ လှမ်းသွားလိုက်သည်။

ချလွမ် ချလွမ်

နောက်တော့ ဓားပြကြီး နာကျည်းမှု၏ဓားသည် နယ်စားကြီးကျင်းကျိုး၏ နှလုံးသားဆီ ရောက်ရှိလာခဲ့၏။

“သခင်ကြီး”

အဝေးသို့ တွန်းထုတ်ခြင်းကို ခံရသည့် အန်းစိုက်ထျန်းသည် မျက်လုံးများ ပြူးထွက်လာလုမတတ် ဒေါသထွက်သွား၏။ သူသည် နာကျည်းမှုဆီသို့ ရူးရူးမူးမူး ခုန်ဝင်လာပြန်သည်။

နာကျည်းမှုသည် သူ့ကို အသာပင် ဘယ်ဘက်လက်နှင့် ရိုက်ထုတ်လိုက်၏။ သူသည် ၁၀ မီတာ နီးပါးခန့်လွင့်စင်ပြီး သတိလစ်မေ့မြောသွား၏။

ကျင်းကျိုးသည် သူ့၏ရင်ဘက်ရှေ့မှ ဓားကို ကြည့်လိုက်၏။ ထိုအရာဆီမှ အနီရောင်သွေးများ စီးဆင်းနေ၏။ သူက တကယ့်ကို မာကျောလွန်းသည့် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားခဲ့ပြီး မည်သည့်ဓားမှ ထွင်းဖောက်နိုင်ခြင်း မရှိသလိုပင်။ သို့ပေမည့် ဤချပ်ဝတ်သည် ဓားပြကြီး နာကျည်းမှု၏ဓားကို မတားဆီးနိုင်ခဲ့ချေ။

“ကျုပ်ကို သတ်ချင်တယ်ဆိုရင် ကျုပ်ကိုပဲသတ်သွား။ အပြစ်ကင်းတဲ့လူတွေကို မသတ်နဲ့” နယ်စားကြီး ကျင်းကျိုးက ထပ်ပြောလိုက်၏။

နာကျည်းမှုသည် နောက်တစ်ကြိမ် ရင်ထဲတွင် ထိခိုက်သွားခဲ့၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ သူ၏ ရှေ့ရှိ နယ်စားကြီးကျင်းကျိုးသည် မြင့်မြတ်သည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ပြီး အခွင့်အာဏာရှင် တစ်ယောက်ဖြစ်၏။ လူသားတို့၏အသက်ကို တန်ဖိုးမရှိသလို သတ်မှတ်ရမည် မဟုတ်ပါလား။ သို့ပေမည့် အဘယ်ကြောင့် အရေးအကြောင်းအချိန်မျိုးတွင် သူ၏နောက်လိုက်များကို ကာကွယ်ပေးနေရသနည်း။

ထို့ပြင် တစ်ဖက်အဝေးဆီသို့ပင် တွန်းလွှတ်ခဲ့၏။ ဤအရာက တော်ဝင်မျိုးနွယ်၏ အမူအကျင့်များရှိသော လူတစ်ယောက် ဖြစ်ပါရဲ့လား။

သူ တစ်ဖက်လူကို တကယ်ပဲ သတ်ဖြတ်ရမည်လား။ ဤကဲ့သို့သော လူကို သတ်ဖြတ်လိုက်မည်ဆိုလျှင် သူနှင့် သားရဲတိရစ္ဆာန်တို့၏ကြား ဘာကွာခြားမည်နည်း။ သို့ပေမည့် သူ ညီမလေး ကျောင်းရန်၏စကားကို နားမထောင်ဘဲ နေနိုင်သည်လား။

“ကျင်းကျိုး” ဓားပြကြီး နာကျည်းမှုက အလွန်ခက်ခဲသည့်အခြေအနေထဲသို့ ရောက်ရှိနေခဲ့၏။ သူ၏ ဓားဦးထိပ်သည် နယ်စားကြီးကျင်းကျိုး၏ နှလုံးသားထက်သို့ လက်မဝက်လောက် ဝင်ရောက်သွားခဲ့၏။ အထဲသို့ နည်းနည်းပါးပါး ထပ်ကာဝင်သည်ဆိုပါက ကျင်းကျိုးသည် သေဆုံးသွားပေလိမ့်မည်။

‘မဟုတ်သေးဘူး။ ငါ ဒီလိုတော်ဝင်ဆန်တဲ့လူကို သတ်လို့ မဖြစ်ဘူး။ မဟုတ်သေးဘူး။ ငါ ညီမလေး ကျောင်းရန်ရဲ့ စကားကို နားမထောင်လို့ မဖြစ်ဘူး’

နာကျည်းမှု၏ နှလုံးသားတစ်ခုလုံးက ဝေခွဲမရသလို ဖြစ်နေ၏။

ထိုအချိန်မှာပဲ တံခါးသည် ကန်ကျောက်ခြင်း ခံလိုက်ရ၏။ ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ အလွန်လှပသည့် ကျောင်းတော်သူသည် အထဲသို့လှမ်းဝင်လာခဲ့၏။ “နယ်စားကြီးကျင်းကျိုး... မြန်မြန်၊ ကျွန်မ .... ကျွန်မ ဘာမှမစားရသေးဘူး။ ယူစရာရှိတဲ့စာရင်းတွေ မြန်မြန်ယူတော့”

သူမသည် လူကို မမြင်ခင်မှာဘဲ အသံကို ကြားနိုင်သည်။

နာကျည်းမှုက ထိုအသံကို ကြားသည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ ထိုအရာမှာ စွမ်းဆောင်ရည် နိမ့်ပါးသော ကျောင်းသားတစ်ယောက် သင်္ချာဆရာ၏အသံကို ကြားလိုက်ရသကဲ့သို့ပင်။ တကယ့်ကို တင်းတင်းကျပ်ကျပ်ဖြင့် ရိုက်နှက်သင်ကြားပေးတတ်သည့် ဆရာတစ်ယောက်၏အသံကို ကြားရသလိုပင် သေးထွက်ကျလုမတတ် ကြောက်ရွံ့သွား၏။

လှပသည့်ကျောင်းတော်သူ ကျန်းယွီယင်းသည် အထဲကို ဝင်ရောက်လာသည့်အချိန်မှာတော့ မြင်ကွင်း တစ်ခုလုံးကို သေသေချာချာ မြင်လိုက်ရသည်။ သူမက နာကျည်းမှုကျောကို မြင်လိုက်ရသည်။

ထိုသူသည် အလွန် အားကောင်းသည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ သို့ပေမည့် ထိုသူသည် သူမ နေ့စဉ်နေ့တိုင်း ဆူငေါက်ကာ ရိုက်နှက်ခဲ့သည့် ကျောင်းသား ကျိုးရိချမ် လည်းဖြစ်သည် မဟုတ်ပါလား။

ရုတ်တရက် ကျန်းယွီယင်း၏ အရှိန်အဝါများက ပေါက်ကွဲထွက်သွား၏။ “ကျိုးရိချမ်.. နင်ဒီမှာ ဘာလုပ်နေတာလဲ။ သေချင်နေတာလား”

.........

‘ကျုပ် ကျိုးရိချမ် မဟုတ်ဘူး’

ကျိုးရိချမ်သည် စိတ်ထဲတွင် ထိုစကားကို အော်ချင်၏။ သို့ပေမည့် အသံမထွက်ရဲချေ။ သူ၏ လည်ချောင်းဝသည် တစ်စုံတစ်ခုနှင့် တစ်ဆို့နေသကဲ့သို့ပင်။ သူ၏အသံသာ ထွက်သွားခဲ့ပါက ကျိန်းသေပေါက် သူဖြစ်ကြောင်း ပေါ်ပေါက်သွားမှာ သေချာ၏။ သူသည် နှစ်ပေါင်းများစွာ ကောင်းကင်ပင်လယ်နန်းဆောင်ထဲတွင် လေ့ကျင့်ခဲ့၏။

ထို့အပြင် နှစ်ပေါင်းများစွာ ကျန်းယွီယင်း၏ ဆူငေါက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ သူအနေနှင့် သူမကို မြင်သည့်အချိန်တိုင်း ကျောရိုးမကြီး တစ်ခုလုံးပင် စိမ့်တက်၏။ ကောင်းကင်ပင်လယ်နန်းဆောင်မှ နတ်မိမယ်၏ အစစ်အမှန် အမူအကျင့်ကို သူ အကြိမ်ပေါင်းများစွာ ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပြီးသား ဖြစ်သည်။

သူမသည် ဓားပြကြီးနာကျည်းမှု၏ ဆရာတစ်ယောက်ဖြစ်ပြီး သမိုင်းဆရာလည်း ဖြစ်၏။ အိမ်စာကို ပြီးအောင် မလုပ်သည့်အချိန်တိုင်း ကျိန်းသေပေါက် ရိုက်နှက်တတ်၏။ အိမ်စာ မှားယွင်းသည့်အခါမျိုးတွင်လည်း ကျိန်းသေပေါက် ရိုက်နှက်တတ်၏။ အစားအစာကို အသံကျယ်ကျယ်နှင့် စားလျှင်လည်း ရိုက်နှက်တတ်၏။ အဝတ်အစားကို သပ်သပ်ရပ်ရပ် မဝတ်လျှင်ပင် ရိုက်နှက်တတ်သေး၏။

ဤနှစ်ပိုင်းအတွင်း ကျန်းယွီယင်းသည် ဓားပြကြီး နာကျည်းမှုအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်ပြီး သူ၏ အတန်းဖော်များစွာတို့ကလည်း ထိုနည်းလည်းကောင်းပင်။ လက်ရှိအခြေအနေမှာတော့ သူသည် အိမ်မက်မှ နိုးထလာသကဲ့သို့ပင်။

“မဟုတ်သေးဘူး။ ငါ... ငါ့အိမ်စာ မပြီးသေးဘူးပဲ။ ငါ အဆူခံရမှာ၊ ငါ အရိုက်ခံရတော့မှာပဲ”

ဓားပြကြီး နာကျည်းမှုက အိပ်ရာပေါ်မှ ခုန်ထပြီး ဖယောင်းတိုင်ကို ထွန်းညှိ၏။ သူက အိမ်စာလုပ်ရန် ပြင်ဆင်လိုက်၏။ ခဏလောက်ကြာတော့ သူသည် ကောင်းကင်ပင်လယ်နန်းဆောင်၏ စာကြည့်ခန်းထဲတွင် မဟုတ်ကြောင်း သတိပြုလိုက်မိ၏။

‘ချီးတဲ့မှ... ငါ သေမလောက် ကြောက်ရွံ့သွားခဲ့တာပဲ’

ထိုအချိန်မှာတော့ နာကျည်းမှုသည် ကျိန်းသေပေါက် သတိပြန်ဝင်လာခဲ့၏။ သူက ရုတ်တရက် ဆွံ့အလို့နေခဲ့ပြီး ဘာလုပ်ရမှန်းပင် မသိတော့ချေ။

လှပလွန်းသည့် ကျောင်းတော်သူ ကျန်းယွီယင်းသည် သူမ၏ အကျီလက်ထဲတွင် ရှိနေသည့် ကြိမ်လုံးကို ထုတ်ယူလိုက်၏။ ပြီးနောက် နာကျည်းမှုဆီသို့ သွားရောက်ပြီး အားရပါးရ ရိုက်နှက်ရန် ပြင်ဆင်လိုက်၏။ သူမသည် အဘယ့်ကြောင့် ကြိမ်လုံးကို ယူဆောင်လာရသနည်း။ တခြားသောသူများဆိုလျှင် အကျီလက်ထဲ၌ ဓားပျော့ကဲ့သို့သော လက်နက်မျိုးကိုသာ သိမ်းဆည်း ယူဆောင်လာတတ်သည် မဟုတ်ပါလား။

ဤအရာမှာတော့ သူမ၏ တပည့်များကိုသာ မေးမြန်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ယခု သူမ ခေါ်ဆောင်လာခဲ့သည့် နောက်လိုက်အားလုံးသည် သူမ၏တပည့်များ ဖြစ်သောကြောင့်ပင်။ တစ်ယောက်ချင်း စီတိုင်းသည် ဤကြိမ်လုံးနှင့် ရိုက်နှက်ခြင်းကို မခံရဖူးသည့် လူဟူ၍ မရှိချေ။

သောက်ကျိုးနည်းလှချေသည်တကား။ အိမ်စေလို တကုတ်ကုတ်ဖြင့် အလုပ်လုပ်ခဲ့ရပြီး တောက်လျှောက် အဆူခံနေရသည့် လူများသည် အစေခံများမဟုတ်ဘဲ ကောင်းကင်ပင်လယ်နန်းဆောင်မှ ပါရမီရှင်များ ဖြစ်လို့နေသည်။

ဖြောင်း... ဖြောင်း... ဖြောင်း...

နာကျည်းမှုသည် နေရာအနှံ့ ရိုက်နှက်ခံနေရ၏။ ဤကဲ့သို့သော ခံစားချက်သည် ရင်းနှီးလွန်းလှချေ၏။ ထို့အပြင် တကယ်ပင် နာကျင်စရာ ကောင်းသည့် ခံစားမှုမျိုး ရှိလေ၏။ နောက်သို့ လှည့်ကြည့်ရန် မတတ်နိုင်ချေ။ နောက်သို့ လှည့်ကြည့်သည်ဆိုပါက ပိုမိုကာ ဆိုးရွားပေလိမ့်မည်။

ငယ်ရွယ်စဉ် ကောင်းကင်ပင်လယ်နန်းဆောင်တွင် နေထိုင်ခဲ့ရသည့်နေ့ရက်များသည် ပျော်ရွှင်စရာဖြစ်ခဲ့ပြီး နေ့စဉ်နေ့တိုင်း ဆူငေါက်ခံနေရသည်ဆိုလျှင်တောင်မှ သူ အလွန်ပျော်ရွှင်ခဲ့၏။ ကျိုးရိချမ်သည် မိဘမဲ့ကလေး တစ်ယောက် ဖြစ်ပြီး ရွှဲ့ပြည်နယ် ထျန်းလန်စီရင်စုတွင် လှည့်လည်သွားလာနေစဉ်က ဆယ်နှစ်သားသာ ရှိသေး၏။

ရေတွက်၍မရအောင် များပြားသည့် အခြားသောသူများကဲ့သို့ပင် သူသည် မိဘများကို ဆုံးရှုံးခဲ့၏။ ထို့အပြင် သူ၏ ဦးနှောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ အတိတ်ကို မမှတ်မိခဲ့ချေ။ နောက်ပိုင်းမှာတော့ သူသည် အလွန်ကံကောင်းစွာဖြင့် အန့်တင်းမြို့စားကြီး၏ မွေးစားခြင်းကို ခံခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ သိုင်းသွေးမျိုးဆက်မှာ မြင့်မားလွန်းသောကြောင့်ပင်။ နောင်တစ်ချိန်တွင် နာမည်ကြီးစစ်သူကြီးတစ်ယောက် ဖြစ်လာရန် မွေးမြူခဲ့ခြင်း ဖြစ်သည်။

ကျိုးကလန်၏ မွေးစားခြင်းကိုခံရပြီးနောက် သူ၏ အင်အားကြောင့် ကျိုးကလန်သည် ထိပ်တန်း အခြေအနေဆီသို့ ရောက်ရှိသွားနိုင်၏။ သူက သိုင်းစာမေးပွဲကို အသက် ဆယ့်သုံးနှစ်နှင့် အောင်မြင်ခဲ့၏။ ပြီးနောက် အသက် ဆယ့်ရှစ်နှစ်ဖြင့် သိုင်းပညာ ပါရမီရှင်ဘွဲ့ကို ရရှိခဲ့၏။

တကယ်ကို ကြီးမားသည့် အလှည့်အပြောင်းမျိုးကို ဖန်တီးနိုင်ခဲ့ခြင်းပင်။ ရွှဲ့ပြည်နယ်၏ သိုင်းပြိုင်ပွဲ မျိုးဆက်အဆက်ဆက်တွင် အသက် ဆယ့်သုံးနှစ်တည်းနှင့် ထိပ်တန်းအဆင့်သို့ ရောက်ရှိသည့်လူ ဟူ၍ သူတစ်ယောက်တည်းသာ ရှိ၏။ သို့ပေမည့် ကျိုးရိ ကျိုးကလန်၌ နေထိုင်ခဲ့စဉ်က ပျော်ရွှင်သည်ဟူ၍ ပြောဆို၍ မရနိုင်ချေ။

သူက ထူးချွန်လွန်းသောကြောင့် ကျိုးကလန်၏တခြားသော တပည့်များက သူ့ကို မနာလိုကြချေ။ ထို့ကြောင့် တချို့သော ချောက်ချခြင်းများကို ပြုလုပ်၏။ သူ၏ ညီမ ကျိုးကျောင်းရန် တစ်ယောက်ထဲကလွဲလျှင် သူ့ကို ကူညီနှစ်သိမ့်သူဟူ၍ မရှိခဲ့ချေ။ ကျိုးရိချမ်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ပင် ကျိုးကျောင်းရန်ကို ချစ်ခင်နှစ်သက်ခဲ့၏။ သူထက် အသက်ခြောက်နှစ်ငယ်သော ညီမလေးကို မြတ်နိုးခဲ့ခြင်းပင်။

သူ၏ မွေးစားအဖေ ကျိုးကျောင်းပိုသည် သူ့အပေါ် အလွန်အထင်အမြင်ကြီးပြီး မျှော်လင့်ချက်လည်း ကြီးမား၏။ နေ့စဉ်နေ့တိုင်းဆိုသလို ကျိုးကလန် အောင်မြင်မှုရရှိရန် နည်းလမ်းများကို သင်ကြားပေးခဲ့ပြီး သူ၏ ညီငယ်လေး ကျိုးကျောင်းလင်းကို ကူညီပေးရန် ဦးနှောက်ထဲ ရိုက်သွင်းခဲ့သည်။

ကျိုးရိချမ်သည် ကျိုးကလန်ကို တကယ်ပဲ ကျေးဇူးတင်၏။ သို့ပေမည့် ကျိုးကလန်၌ နေထိုင်ရခြင်းသည် ပျော်စရာဟူ၍ မရှိခဲ့ချေ။

သို့ပေမည့် ကောင်းကင်ပင်လယ်နန်းဆောင်မှာတော့ တကယ့်ကို ခြားနားခဲ့၏။ ထို့အပြင် အလွန်လည်း ရိုးရှင်း၏။ နေ့စဉ်နေ့တိုင်း သူ၏ အချိန်တစ်ဝက်လောက်ကို သိုင်းပညာလေ့ကျင့်ခြင်းနှင့်ကုန်ဆုံးပြီး တခြားသော အချိန်တစ်ဝက်ကိုမူ စာပေသင်ကြားခြင်းနှင့် အချိန်ကုန်ဆုံး၏။

ကျိုးကလန်ထဲတွင် သူသည် လေ့လာသင်ကြားရန် မလိုအပ်ချေ။ သိုင်းပညာကိုသာ သေသေချာချာ လေ့ကျင့်ရန် လိုအပ်၏။ သူ၏ အသိပညာ နိမ့်ပါးမှုသည် ကျိုးကလန်ကို ပိုမိုကာ ကောင်းကျိုးဖြစ်စေမည် မဟုတ်ပါလား။ ကောင်းကင်ပင်လယ်နန်းဆောင်အတွင်းမှာတော့ ကျိုးရိချမ်သည် လွတ်လပ်သည့်ဘဝတစ်ခုတွင် နေထိုင်နေရပြီး ကျိုးကလန်၏ ပြဿနာပေါင်းများစွာကို မေ့လျော့ထားနိုင်သည်။

ဟုတ်ပေ၏။ သူသည် နေ့စဉ်နေ့တိုင်း ဆိုသလို ရိုက်နှက်ဆူငေါက်ခြင်းကို ခံခဲ့ရလေ၏။ သို့ပေမည့် သူ့ကို ထိုသို့ ရိုက်နှက်ခဲ့သည့် တစ်ဦးတည်းသောသူသည် ဤလှပလွန်းသည့်ဆရာမပင် ဖြစ်၏။ ဤအရာက မျက်စိပဒါသတော့ သင့်သည် မဟုတ်ပါလား။

ကျိုးရိချမ်က ကျိုးကျောင်းရန်ကို ချစ်ခင်နှစ်သက်သည် ဆိုသော်လည်း ထိုအရာက ငယ်ရွယ်စဉ် နှလုံးသား လှုပ်ရှားသည့် အချိန်မျိုးပင် ဖြစ်၏။ ထို့ကြောင့် သူသည် လှပလွန်းသည့်ဆရာမနှင့် ပတ်သက်၍ တမျိုးသော စိတ်ကူးစိတ်သန်းများ ရှိ၏။ ထို့အပြင် ကျန်းယွီယင်းသည် ကျိုးရိချမ်ထက် အသက် ခြောက်နှစ်၊ ခုနှစ်နှစ်ခန့်သာ ကြီး၏။

ကျိုးရိချမ်သည် ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ အဘယ်ကြောင့် သွားရောက်ကာ ပညာသင်ကြား ရသနည်း။ အဘယ်ကြောင့်ဆိုသော် အသက် ဆယ့်ရှစ်နှစ်ပြည့်ပြီးနောက် ထူးဆန်းသည့် ရောဂါတစ်ခုကို ရရှိခဲ့၏။ သူ၏ အသားအရေသည် ခြောက်ကပ်ကလာပပြီး မျက်နှာသွင်ပြင်တစ်ခုလုံးကလည်း အလိုလို ပျက်စီးလာခဲ့သည်။

မူလအားဖြင့် ချောမောသည့်သူတစ်ယောက် ဖြစ်သော်လည်း ထိုရောဂါဆိုးလာချိန်မှာတော့ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် သရဲတစ္ဆေကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ ထိုမျက်နှာသည် မီးလောင် ခံထားရသလို၊ အက်ဆစ်နှင့် တိုက်စားခြင်းကို ခံခဲ့ရသလို ပျက်စီးလာခဲ့၏။

ကျိုးကလန်သည် သမားတော်ပေါင်း များစွာတို့ကို ခေါ်ဆောင်ကာ ကုသခဲ့သော်လည်း ထိုရောဂါကို မကုသနိုင်ခဲ့ချေ။ ထို့ကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဟုတ်ပေ၏။ ကျိုးကျောင်းပိုသည် ထိုအချိန်တုန်းက သူ၏ မွေးစားသားကို ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ စေလွှတ်ချင်စိတ်မရှိပေ။ ကျိုးကလန်သည် ကျိုးရိချမ်ပေါ်တွင် အမှီအခိုပြုထား၏။ ထို့ကြောင့် စကားအဖြစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

သို့ပေမည့် ကောင်းကင်ပင်လယ် နန်းဆောင်သည် တကယ်ကို အံ့အားသင့်စရာကောင်း၏။ တိုက်ရိုက်ဆိုသလိုပဲ ကျိုးရိချမ်ကို လက်ခံခဲ့သလို သူ၏ ထူးဆန်းသောရောဂါကိုပါ ထိန်းချုပ်ပေးခဲ့ပြီး အခြေအနေ တိုးတက်အောင် ကုသပေးခဲ့၏။

သူ၏ သိုင်းမျိုးဆက်ပါရမီက အားကောင်းသောကြောင့် နန်းဆောင်သခင် ကျိုးရှီသည် အလွန် ဝမ်းမြောက် ခဲ့၏။ သူ၏တပည့်အဖြစ် အမည်ခံပေးရန် ဆုံးဖြတ်ခဲ့၏။ တိုက်ရိုက်တပည့်တော့ မဟုတ်ချေ။ မင်းသမီးနင်ဟန်နှင့် ကျူးဟုန်ရွှဲ့တို့သည်သာ ကျိုးရှီ၏ တိုက်ရိုက်တပည့်များဖြစ်သည်။

All Chapters