အပိုင်း (၃၈၁)
Vol. 28 Ch. 381
ကောင်းကင်ယံဆီမှ အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုလျှင် ရှမ့်လန်သည် လူပေါင်း နှစ်သောင်းကျော်တို့ကို ဦးဆောင်လာခဲ့ပြီး ဖြစ်၏။ ထိုသူများအားလုံးသည် ရက်စက်လွန်းသည့်လူများ ဖြစ်ပြီး ပိုင်ရီမြို့ဆီသို့ အားတက်သရောဖြင့် လှမ်းတက်လာခဲ့ကြ၏။ အရာအားလုံးကို အမဲဖျက်မည့် ခွေးအများကဲ့သို့ပင်။
သူတို့၏ နောက်ဘက် မိုင်အနည်းငယ်မှာတော့ ....
စုမိသားစု၏ စစ်တပ် သုံးခုတို့သည် ကြီးမားသည့် အိတ်ကြီးတစ်ခုကို ဖန်တီးပြီး အားလုံးသောသူတို့ကို ထည့်သွင်းသိမ်းဆည်းတော့မည့်ပုံစံမျိုးဖြင့် ဝိုင်းပတ်လာခဲ့ကြ၏။ သူတို့သည် ရှေ့ဆီသို့ မြန်မြန်ဆန်ဆန် လှမ်းတက်လိုက်ကြသည်။ ရှမ့်လန်သည် ကောင်းကင်ပေါ်သို့တက်ကာ ထွက်ပြေးမှသာ သူတို့၏ လက်အတွင်းမှ လွတ်မြောက်ပေလိမ့်မည်။
ဟုတ်ပေ၏။ သူ၏ နောက်ဘက်တွင် စစ်သည်ပေါင်းများစွာ ရောက်ရှိနေပြီဖြစ်ကြောင်း ရှမ့်လန်က သိရှိပြီး ဖြစ်၏။ သို့ပေမည့် သူနှင့်အတူ လိုက်ပါလာခဲ့သည့် သူခိုးဓားပြများမှာတော့ မသိရှိကြချေ။ ဤလူများသည် သူတို့ မည်သည့်နေရာ၌ ရှိနေသည်ကိုပင် ကောင်းကောင်းမသိလောက်အောင် ညံ့ဖျင်းလွန်းသည့်လူများ ဖြစ်၏။
နောက်ဘက်တွင် စုမိသားစု၏ စစ်တပ်ကြီး လိုက်လာသည်ကို သိရှိသည့်လူတချို့တော့ ရှိ၏။ သို့ပေမည့် မည်မျှလိုက်လာသည်၊ မည်မျှဝေးဝေးတွင် ရှိနေကြောင်း မသိရှိချေ။ သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသာ ရှိ၏။ ထိုအရာမှာ ပိုင်ရီမြို့ဆီသို့မြန်မြန်သွားပြီး ပစ္စည်းအားလုံးကို စိတ်လိုလက်ရ လုယက်ကာ ထွက်ပြေးသွားရန်ပင် ဖြစ်သည်။
မိုင်ဒါဇင်ချီအဝေးမှာတော့ ရှမ့်လန်သည် လူပေါင်း နှစ်သောင်းကျော်ကို ဦးဆောင်ကာ ဆယ်နာရီတိတိ လမ်းလျှောက်လာခဲ့၏။ နောက်ဆုံး သူတို့သည် ပိုင်ရီမြို့၏ အရှေ့သို့ ရောက်ရှိလာ၏။
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ညီနောင်တို့... ပိုင်ရီမြို့ထဲမှာ ကျုပ်ရဲ့လူတွေ ရှိတယ်။ မြို့ရှေ့ကိုရောက်တာနဲ့ မြို့တံခါးက ပွင့်သွားလိမ့်မယ်။ အားလုံး အထဲကိုဝင်ပြီး စိတ်လိုလက်ရ သတ်ကြတော့။ လုချင်တာကို လုကြ၊ ယူချင်တာကို ယူကြတော့”
အားလုံးသည် လှမ်းကာ ကြည့်ရှုလိုက်၏။ သေချာပေ၏။ ပိုင်ရီမြို့၏ တံခါးတွင် သေးငယ်သည့် ဂိတ်တံခါးလေး တစ်ခုက ဖွင့်ထား၏။
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “အရူးကြီး၊ ဝူလဲ့... ဂိတ်တံခါးကို သွားကြည့်တော့”
အရူးကြီးနှင့် ဝူလဲ့တို့က ရှေ့သို့ လှမ်းထွက်သွား၏။ အချိန်တိုအတွင်းမှာပဲ အရူးကြီးသည် မြို့၏ ဂိတ်တံခါးကို အားသုံးကာဖြင့် ပြေး၍ ဖွင့်၏။
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ညီအစ်ကိုတို့... သွား... သွား... သွား... မြို့ထဲကိုဝင်... အားလုံးကို လုတော့”
ရုတ်တရက် လူပေါင်း သောင်းကျော်တို့သည် စိတ်လှုပ်ရှားစွာဖြင့် ရူးသွပ်သွားသကဲ့သို့ပင် ဖြစ်သွားကြ၏။
“သွားကြ... သွားကြ... မြို့ထဲကို ဝင်ကြတော့။ အားလုံးကို သတ်ကြ... အားလုံးကို လုကြ”
ပြီးနောက် အစောကြီးတည်းက လမ်းလျှောက်ခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော သူတို့အားလုံးသည် ချက်ချင်းပဲ စိတ်အားတက်ကြွသွားကြသည်။
တချို့သော ခေါင်းဆောင်များသည် တစ်ယောက်နှင့်တစ်ယောက် အချိတ်အဆက် ပြုလုပ်ထားကြ၏။ ပိုင်ရီမြို့ထဲ လုယက်ပြီးနောက် သူတို့ ဘာဆက်လုပ်ရမည်နည်း။ သူတို့အနေနှင့် ဤနေရာမှ ထွက်ခွာပြီး ထွက်ပြေးရမည်လား။ မြို့တော်ဝန်ကို ဖမ်းဆီးပြီး စုနန်ဆီ အပ်ရမည်လား။ ဝေခွဲမရသေးချေ။
..........
တစ်ချိန်တည်းမှာပဲ မိုင်အနည်းငယ်နောက်မှ စုရွှင်သည် လှမ်းကာ အော်ဟစ်လိုက်၏။ “စစ်သည်တွေ... အားကုန်သုံးကြ၊ ရှေ့ကိုတက်ပြီး အားလုံးကို သတ်ကြ။ ရှမ့်လန်ကို အစိတ်အပိုင်း တစ်ထောင်လောက် ဖြစ်အောင် ခုတ်ဖြတ်ကြ”
ရုတ်တရက် သုံးဦးသုံးဖလှယ် စစ်သည်အားလုံးသည် ဒီရေလှိုင်းများကဲ့သို့ပင် အရှိန်အဟုန် ပြင်းထန်စွာဖြင့် ရှေ့သို့ လှမ်းတက်လာခဲ့၏။ ဤတည်နေရာကြီးတစ်ခုလုံးကို သူတို့က ဝိုင်းပိတ်ရန် စဉ်းစားထားသည်။
“သတ်ကြ... သတ်ကြ...” မြင်းသည်တော် ထောင်ကျော်တို့သည် မြန်ဆန်စွာဖြင့် ရှေ့ဆီသို့ လှမ်းတက်ပြီး ရှမ့်လန်၏ ဓားပြအဖွဲ့ထဲ ဝင်ရောက်ကာ တိုက်ခိုက်၏။ ကျွမ်းကျင်သူသုံးယောက်တို့သည် မြန်ဆန်စွာ ရှေ့သို့ လှမ်းတက်လာခဲ့၏။
ချောင်ပြည်နယ်၏ မဟာပညာရှင် ပန်ရော့၊ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းတော်ကြီး ထုဟိုင်၊ စုရွှင်တို့ ပါဝင်၏။ ထိုထိပ်တန်း ကျွမ်းကျင်သူသုံးယောက်တို့၏ ပူးပေါင်းမှုအောက်၌ ဓားဘုရင် လီချင်းချိုး၏ ကာကွယ်ပေးမှုကို ခံထားရသည့် ရှမ့်လန်ပင်လျှင် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
ရှမ့်လန်၏ ဦးခေါင်းကို ကျန်းယွမ်နယ်စားကြီးအိမ်တော်ဆီသို့ ယနေ့ ပြန်လည်ကာ မယူသွားနိုင်ပါက နယ်စားကြီးကိုပြရန် မျက်နှာပင် သူ့၌ ရှိလိမ့်မည် မဟုတ်ချေ။ စုနန်သည် တရားဝင် ပုန်ကန်မှုကို မပြုလုပ်သေးသော်လည်း လက်ရှိနှစ်ဖက်ခြမ်းသည် တရားဝင်တိုက်ခိုက်နေပြီ ဖြစ်သည်။
........
နုရှောင့်မြို့က ပုံမှန်ကြည့်လျှင် သာမန်သာလျှင်ဖြစ်၏။ သို့ပေမည့် အခြေအနေသည် တကယ်ကို ရှုပ်ထွေးလျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ဆိုးဝါးလွန်းသည့် ကောလဟလများ ပျံ့နှံ့လျက် ရှိနေသောကြောင့်ပင်။ ရွှမ်ဝူနယ်စားကြီး ကျင်းကျိုး သေဆုံးသွားခဲ့ပြီး ဝူပြည်နယ်မှ ကျွမ်းကျင်သူတစ်ယောက်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစကားပင်။
ပထမဦးဆုံး ကုန်သည်တော်တော်များများ ထိုကောလဟလများကို ကြားရှိခဲ့ကြ၏။ ပြီးနောက် ပြန်လည်ကာ နောက်ပြောင်ကြ၏။ ဟာသလုပ်နေသည်လား။ ကျင်းကျိုးသည် သိုင်းပညာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လေ၏။ သူ၏ ဘေးတစ်ဖက်တွင်လည်း ကျွမ်းကျင်သူ တော်တော်များများ ရှိနေ၏။
ကျင်းကျိုးကို သုတ်သင်ရှင်းလင်းချင်သည်ဆိုလျှင် ကျိန်းသေပေါက် မဟာပညာရှင်တစ်ယောက်ကို စေလွှတ် ရပေလိမ့်မည်။ လောကကြီးထဲတွင် မည်သည့်မဟာပညာရှင်က လုပ်ကြံသတ်ဖြတ်မှုကို ပြုလုပ်မည်နည်း။ ထိုအရာမှာ မဖြစ်နိုင်ချေ။
အနည်းဆုံးအနေနှင့် ရွှဲ့ပြည်နယ်တွင် ရှိနေသည့် မဟာပညာရှင် သုံးယောက်တို့သည် နန်းတွင်း၏ အမိန့်ကို လိုက်နာခြင်း မရှိကြချေ။ ပြောရမည်ဆိုလျှင် သူတို့သည် နန်းတွင်းအမှုထမ်းများနှင့် ခပ်ဝေးဝေး တည်နေရာတွင် နေထိုင်ကြ၏။ လီချင်းချိုးက မိန်းမကို ကယ်တင်ရန်အလို့ငှာ ရှမ့်လန်၏ စကားကို နားထောင်ခဲ့ရခြင်း ဖြစ်၏။ မဟုတ်ပါက ရှမ့်လန်၏ စကားကို နားထောင်ပြီး စုနန်ကို သုတ်သင်ရှင်းလင်းလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ကျင်းကျိုးသေဆုံးသည့်သတင်း ပျံ့နှံ့နေခဲ့သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ ထို့ကြောင့် မည်သူကမှ လေးလေးနက်နက် သဘောမထားခြင်းဖြစ်သည်။ သို့ပေမည့် လူပေါင်းများစွာတို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကိုတော့ ခံစားမိ၏။
အဘယ့်ကြောင့်ဆိုသော် အချိန်အတိုင်းအတာ အတောအတွင်း နယ်စားကြီးကျင်းကျိုး ပေါ်မလာ သောကြောင့်ပင်။ နုရှောင့်မြို့၏ အရှင်တစ်ယောက်အနေနှင့် သုံးရက်ကို တစ်ကြိမ်လောက် မျက်နှာထွက် မပြပါက ကျိန်းသေပေါက် ပုံမှန် မဟုတ်ချေ။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ရွှမ်ဝူနယ်စားအိမ်တော်၏ ကိုယ်စားလှယ်ဖြစ်သော ကျင်းရှိယန်သည် မြို့တော်ဝန်အစား စီမံခန့်ခွဲလျက်ရှိနေ၏။ သူ၏ မျက်နှာအမူအရာသည် ခံစားချက် ကင်းမဲ့နေသောကြောင့် ပျော်ရွှင်နေသည်လား၊ ဝမ်းနည်းသည်လားကို မြင်ရရန် ခက်ခဲလွန်း၏။ ထို့ကြောင့် ကျင်းရှိယန်ကို ကြည့်ရှု၍ ရွှမ်ဝူနယ်စားကြီး သေဆုံးသလား၊ အသက်ရှင်သလားဆိုသည်ကို သိရှိဖို့ မဖြစ်နိုင်ပေ။
သို့ပေမည့် အလွန်ရှင်းလင်းသည့် အချက်ပြမှုတစ်ခုတော့ရှိ၏။ ရွှမ်ဝူနယ်စားကြီး၏ ရေတပ်တချို့သည် နုရှောင့်မြို့ဆိပ်ကမ်းဆီမှ ထွက်ခွာပြီး ကျင်းမိသားစု၏ ထျန်းနန်စီရင်စုရှိ ဆိပ်ကမ်းဆီသို့ ပြန်သွားခြင်းပင်။
ကောင်းကင်တာအိုအဖွဲ့အစည်းမှ ကုန်သည်များကလည်း ရွက်သင်္ဘောများ စေလွှတ်ခြင်းကို ခေတ္တ ရပ်ထား၏။ ဤအရာက ပုံမှန်မဟုတ်ချေ။ ကုန်တင်ရွက်သင်္ဘောများသည် နေ့စဉ်နေ့တိုင်းဆိုသလို ရွှေအပြည့်၊ ငွေအပြည့်နှင့် ရောက်ရှိလာတတ်သည့် အရာများဖြစ်၏။ သို့ပေမည့် အဘယ့်ကြောင့် ရုတ်တရက် ရပ်တန့်သွားရသနည်း။ တစ်စုံတစ်ခု ကြီးမားသောအရာ ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လူပေါင်းများစွာတို့သည် နယ်စားကြီး ကျင်းကျိုး လုပ်ကြံခံရခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့မိကြ၏။
သို့ပေမည့် ထိုအချိန်မှာပဲ ရွှမ်ဝူနယ်စားကြီး ကျင်းကျိုးက ပေါ်ပေါက်လာခဲ့၏။ သို့ပေမည့် ချပ်ဝတ်ကို ဝတ်ဆင်ပြီး မျက်နှာမပြဘဲ ခပ်လှမ်းလှမ်းတွင် ကွယ်ရာ ရပ်နေတတ်သည်။
ရွှမ်ဝူနယ်စားကြီးအစစ် မဟုတ်ဘဲ အနည်းငယ် တူညီသည့် လူဖြစ်မည်။ အစားထိုး သရုပ်ဆောင်နေခြင်းသာဖြစ်သည်။ နယ်စားကြီး သေဆုံးသွားသည်က အမှန်ဖြစ်နိုင်၏။ မဟုတ်ပါက အဘယ့်ကြောင့် လူစားထိုးကာ ဟန်ရေးပြမည်နည်း။
ဤအရာက ပုံမှန်မဟုတ်ချေ၊ ထူးဆန်းလွန်းနေ၏။ ကျင်းကျိုး သေဆုံးသွားခဲ့ပြီလား။
ကျိုးကျောင်းရန်သည် ထိုကိစ္စနှင့် ပတ်သတ်၍ မသေချာချေ။ သို့ပေမည့် ဓားပြကြီး နာကျည်းမှုက သူမဆီသို့ ပြန်မလာခဲ့ပေ။ ထို့ကြောင့် ဖြစ်နိုင်ဖွယ်ရာ နှစ်ခုရှိ၏။
ပထမဦးဆုံး ဖြစ်နိုင်ဖွယ်မှာ ဓားပြကြီး နာကျည်းမှုသည် ကျင်းကျိုးကို သတ်ဖြတ်ရန် ကျရှုံးခဲ့၏။ ထို့ကြောင့် ရှက်ရွံ့ပြီး သူမဆီသို့ မလာခဲ့ခြင်းပင်။
ဒုတိယဖြစ်နိုင်ခြေမှာတော့ ဓားပြကြီး နာကျည်းမှုသည် ကျင်းကျိုးကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမည့် နောင်တတရား အပြည့်နှင့် ဘာဆက်လုပ်ရမှန်း မသိခဲ့ချေ။ သူပြုလုပ်ခဲ့သည်မှာ မှားယွင်းကြောင်း သိရှိနားလည်၏။ ထို့ကြောင့် သူမကို လာမတွေ့တော့ခြင်းပင်။
ကျင်းကျိုး သေသလား၊ ရှင်သလားနှင့်ပတ်သက်၍ လက်ရှိအခြေအနေကို ပြောရမည်ဆိုလျှင် အထူး အရေးကြီးသည့် အရာတစ်ခု ဖြစ်လာ၏။ ကျင်းကျိုးသေခြင်း၊ မသေခြင်း အကြောင်းနှင့်ပတ်သက်၍ နုရှောင့်မြို့ကို တိုက်ခိုက်ခြင်း၊ မတိုက်ခိုက်ခြင်းကို ဆုံးဖြတ်ရမှာဖြစ်သောကြောင့်ပင်။
ယင်ယွမ်အဖွဲ့အစည်းသည် နုရှောင့်မြို့ကို ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်၏။ ကောင်းကင်တာအိုအဖွဲ့အစည်းသည် မှန်စီးပွားရေးလုပ်ငန်းဖြင့် သူတို့၏ ကုန်သွယ်ခွင့် တော်တော်များများကို လက်ဝါးကြီးအုပ်သွားခဲ့၏။ ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်းက ကြီးမားစွာ ဆုံးရှုံးခဲ့၏။
နုရှောင့်မြို့ကို ဆုံးရှုံးခဲ့ရခြင်းသည် ယင်ယွမ်အဖွဲ့အစည်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်၏။ လက်ရှိ နုရှောင့်မြို့သည် ရွှဲ့ပြည်နယ်အရှေ့ဘက်ပင်လယ်၏ အဓိကကုန်သွယ်သည့် နေရာတစ်ခုသာ မကသေးချေ။ မှန်များထုတ်လုပ်သည့် လျှို့ဝှက်အလုပ်ရုံများလည်း တည်ရှိနေသည်။
ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်းအတွက် အရေးကြီးသည့် အရာတစ်ခုဖြစ်နေ၏။ မည်သို့ပင်ဖြစ်ဖြစ် သူတို့သည် ဤနုရှောင့်မြို့ကို ပြန်လည်ကာ သိမ်းဆည်းရယူရပေလိမ့်မည်။ သို့ပေမည့် ကျင်းကျိုး သေဆုံးခဲ့သည်ဆိုလျှင် နုရှောင့်မြို့ကို သိမ်းဆည်းရန် ပိုမိုကာ လွယ်ကူမည် မဟုတ်ပါလား။
.........
နုရှောင့်မြို့ကတော့ အရင်ကအတိုင်းပင် ရှိ၏။ တကယ်ကို လွတ်လပ်ပြီး သက်ဝင်လှုပ်ရှားလျက် ရှိနေသည့် မြို့ကြီးပင်။ ကျင်းမိသားစုသည် မြို့ထဲသို့ လှည့်လည်သွားလာလျက် ရှိနေပြီး တခြားသော စည်းမျဉ်းစည်းကမ်း များကို ပြောင်းလဲခြင်းမရှိချေ။
မြို့၌ မည်သည့် မြို့နံရံမှ မရှိချေ။ ထို့ကြောင့် မည်သည့်စီးပွားရေးသမားမဆို ဤနေရာသို့ ရောက်ရှိလာပြီး စီးပွားရေး ပြုလုပ်ခွင့်ရ၏။ မြို့က တကယ်ကို အလားအလာနှင့် ပြည့်စုံသည့် နေရာမျိုးပင်။ သို့ပေမည့် ထိုကဲ့သို့သော နေရာတွင် လူပေါ့လူသွမ်း၊ ကလေကချေများအပြင် ကြိုးစားသည့် စီးပွားရေးသမားများနှင့်လည်း ပြည့်နှက်နေ၏။
.................
လျှို့ဝှက်မြေအောက်ခန်း တစ်ခုအတွင်းမှာတော့ .....
ကျိုးကျောင်းရန်သည် ယင်ယွမ်အဖွဲ့အစည်း၏ သံတမန် ရှုတင်းယုနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိနေသည်။
“နာကျည်းမှုက ကျွန်မကို ပြန်လာမရှာဘူး။ ဒီတော့ ကျင်းကျိုး သေပြီလား၊ မသေဘူးလားဆိုတာ မသေချာဘူး”
ရှုတင်းယုက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ကျိုးကျောင်းရန်က ပြောလိုက်သည်။ “ကျင်းမူလန်က ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ ကောင်းမွန်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒီတော့ ရှင် ကျွန်မကို ရွှမ်ဝူမြို့ဆီ သွားစေချင်လား”
ရှုတင်းယုက ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး။ သွားလို့မဖြစ်ဘူး။ ဒီကိစ္စက အရမ်း အရေးကြီးတယ်။ မိဖုရားက ဒီထဲ ပါဝင်ပတ်သက်လို့ မဖြစ်ဘူး”
နုရှောင့်မြို့ကို သိမ်းပိုက်ရယူချင်သည့် အခြေအနေသည် ယင်ယွမ်အဖွဲ့အစည်း၏ မဟာဗျူဟာတစ်ခုသာ ဖြစ်ပြီး ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံမင်းသားက ရှုမိသားစု၏ မဟာဗျူဟာကို လိုက်လံထောက်ပံ့ ကူညီခြင်းသာရှိသည်။ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။
ရှုတင်းယုက ပြောလိုက်သည်။ “စစ်သည်ပေါင်း ၃၀၀၀၀ ကျော်ကို စုစည်းပြီးသွားပြီ။ ကျင်းကျိုးသာ သေသွားပြီဆိုရင် တိုက်ပွဲကို တိုက်ခိုက်မယ်။ ကျင်းကျိုးမသေဘူးဆိုရင်လည်း တိုက်ပွဲကို တိုက်ခိုက်ရမှာပဲ”
စစ်သည်ပေါင်း ၃၀၀၀၀ ... စစ်သည်ပေါင်း ၃၀၀၀၀ နှင့် နုရှောင့်မြို့ကို တိုက်ခိုက်မည်လား။ ထိုစစ်သည်များကို မည်သည့်နေရာက ရသနည်း။
ကျောင်းကျိုးရန်က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားရဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးအရဆိုရင် ကောင်းကင်တာအို အဖွဲ့အစည်းက အစောကြီးကတည်းက အန္တရာယ် အငွေ့အသက် ရခဲ့ပြီးပြီ။ သူတို့က နုရှောင့်မြို့ထဲကို စစ်သည်တချို့ကို စေလွှတ်ခဲ့ပြီးပြီတဲ့”
ထိုတင်သာမကသေးချေ။ ဤအရာက ကြီးမားလွန်းသည့် စီးပွားရေး စစ်တုရင် ကစားပွဲတစ်ခုဖြစ်၏။ ချောင်ပြည်နယ်က နယ်စပ်တွင် ပဋိပက္ခဖြစ်ပွားစေခဲ့ပြီး ကျုံးရန်၏ စစ်တပ်ကြီးနှင့် ထိပ်တိုက်တွေ့နေ၏။ ထိုအချိန်မှာပဲ ချောင်နှင့် ရွှဲ့ကြားတွင် ရှိနေသည့် နယ်စပ်နေရာတစ်ခုလုံးသည် စစ်ပွဲ၏ရနံ့များနှင့် လွှမ်းထုံနေပြီး စစ်သည် နှစ်သိန်းနီးပါးတို့က အားပြိုင်နေကြသည်။ ထို့ကြောင့် အချိန်မရွေး စစ်ပွဲတစ်ခု ဖြစ်လာနိုင်သည်။
ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းတွင် ချင်ဘုရင် အာယုထိုင်၏ စစ်သည်ပေါင်း လေးသောင်းကျော်တို့ကလည်း ထွက်ခွာလာခဲ့ပြီး မကြာခင် ရွှဲ့ပြည်နယ်ဆီသို့ ရောက်ရှိလာပေလိမ့်မည်။ စုနန်၏ စစ်သည်ပေါင်း နှစ်သောင်းကျော်တို့ကလည်း စုဝေးနေပြီဖြစ်၏။ စုကလန်နှင့် ချင်နိုင်ငံတို့သည် မဟာမိတ်ဖွဲ့ပြီး ဖြစ်သည်။ နှစ်ဖွဲ့ပေါင်းသည် ကျိန်းသေပေါက် စစ်သည်အင်အား ၇ သောင်း၊ ၈ သောင်းနီးပါးခန့် ရှိနိုင်၏။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကြီးတစ်ခုလုံး ပြုတ်ကျလာသကဲ့သို့ပင် မြေပြင်တည်နေရာတစ်ခုလုံးက ကွဲထွက်သွားမှာဖြစ်ပြီး အချိန်အနည်းငယ်အတွင်း ရွှဲ့ပြည်နယ် တောင်ဘက်ပိုင်း ကျန်းရှစ်စီရင်စု တစ်ခုလုံးကို လက်လွှတ်ရပေတော့မည်။
ရွှဲ့ပြည်နယ်၏ မြောက်ဘက်ပိုင်းမှာတော့ ....
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ရှန်ယီမြို့ဆီသို့ ရောက်ရှိနေပြီး စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေ၏။ သူ့အနေနှင့် မြောက်ပိုင်း စစ်သူကြီး နန်းကုန်းအို၏ စစ်သည်ပေါင်း တစ်သောင်းကျော်တို့ကို စုစည်းခဲ့သည် သာမကချေ။ ယန်ကျိုးမှ ပျံ့ရှောင်း၏ စစ်သည်တစ်ဝက်လောက်ကိုလည်း ခေါ်ဆောင်လာခဲ့၏။ သူသည် ဝူဘုရင်ကို တိုက်ခိုက်တော့မည်သကဲ့သို့ပင်။
ထိုအချိန်မှာတော့ အားလုံးသောသူတို့သည် ဝူနှင့် ရွှဲ့ပြည်နယ်ကြားတွင် ရှိနေသည့် နယ်စပ်တည်နေရာသို့ အကြည့် ရောက်နေ၏။ ထို့အပြင် ဤတိုက်ပွဲက ဘုရင်နှစ်ပါး၏ကြား တိုက်ပွဲဖြစ်၏။ ရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးလင်းက လူပေါင်းများစွာတို့ကို ပြန်လည်ခေါ်ယူပြီး တောင်ပိုင်းနိုင်ငံ၏ စစ်ပွဲ၌ အားမလျော့စေရန် စီစဉ်နေသည်။
မင်းသားကျင်းသည် သဲကန္တာရလူရိုင်းများကို ဦးဆောင်ပြီး ဆုံးရှုံးသွားသည့် မြေပိုင်နက်များ ပြန်လည်ရယူရန် ကြိုးစားနေ၏။ ရွှဲ့ပြည်နယ်သည် လက်ရှိအချိန်၌ နေရာအနှံ့ဆီမှ ဘေးအန္တရာယ်များကို ရင်ဆိုင်နေရ၏။ ထိုကဲ့သို့သော အခြေအနေမျိုးကို စုနန်တစ်ယောက်တည်း ပြုလုပ်ခဲ့သည်ဟု မည်သူ ထင်မှတ်မည်နည်း။
တော်ဝင်ရန်အင်ပါယာသည် အစောကြီးတည်းက သူတို့၏ သံတမန်များကို ဝူနှင့် ရွှဲ့ပြည်နယ်တို့ဆီသို့ အသီးသီး စေလွှတ်ပြီး ငြိမ်းချမ်းရေး ရယူကြရန် အကြံပြုခဲ့ပြီးဖြစ်၏။ ဟုတ်ပေ၏။ မျက်နှာပြင်ထွက်တွင် သူတို့အားလုံးက ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ တော်ဝင်ရန်အင်ပါယာသည် လက်အောက်နိုင်ငံများ၏ ရှိရင်းစွဲ မူဝါဒများကို လိုက်လံရှုပ်ထွေး၍ မရနိုင်ချေ။
ဘာပဲပြောပြော တော်ဝင်ရန်အင်ပါယာ၏ မူဝါဒမှာတော့ အားလုံးသောသူတို့ကို လွှမ်းခြုံထားနိုင်သည့် အရာပင် ဖြစ်၏။ သူတို့သည် တော်ဝင်မျိုးနွယ်ဟောင်းများကို ပစ်မှတ်ထားခဲ့သည်သာမက နန်းမြို့တော်နှင့် စစ်တပ်အုပ်ချုပ်ရေးပိုင်းကိုပါ ပစ်မှတ်ထားလာခဲ့၏။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာမျိုးပင်။
လောကတွင် တိုက်ဆိုင်မှုဟူ၍ မရှိပေ။ အရာအားလုံးတို့သည် တော်ဝင်ရန်အင်ပါယာ၏ စီစဉ်ထားမှုများ ဖြစ်နေလေမလား။ သေချာ မသိနိုင်ပေ။
တော်ဝင်ရန်အင်ပါယာ၏ မူဝါဒအသစ်သည် မကြာခင် အဆုံးသတ်ပေတော့မည်။ ထိုအချိန်သို့ရောက်လျှင် ဗဟိုချုပ်ကိုင်မှုအာဏာသည် အင်ပါယာ၏လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် တခြားသော နိုင်ငံအသီးသီးအနေနှင့် တော်ဝင်ရန်အင်ပါယာ၏ မျက်လုံးကိုပင် စူးစိုက်ကြည့်ရှုရန် သတ္တိရှိတော့မည် မဟုတ်ချေ။
လိုရင်းကို ပြောရမည်ဆိုလျှင် ရွှဲ့ပြည်နယ်သည် ကြီးမားသည့် စစ်တုရင်ခုံပေါ်သို့ ရောက်ရှိနေ၏။ နုရှောင့်မြို့၏ တိုက်ပွဲသည် ထိုးကျွေးရမည့် ကစားကွက်တစ်ခု ဖြစ်လာမည်လား။