တပည့်က တကယ် ဒုက္ခတွေကို ကြောက်တာပါ
Vol. 16 Ch. 231
‘သေစမ်း ဦးလေးလူ’
မီတာ ရှစ်ရာကျော် အကွာမှနေ၍ သူ၏ အစွမ်းထက် ဝိညာဉ်အာရုံနှင့် ထက်မြက်သော အကြားအာရုံကို အားကိုးကာ ကျန်းပေရန်က ဂိုဏ်းချုပ်နှင့် လင်ယုယန်ကြားမှ စကားပြောသံကို ကြားနေရသည်။
ပြီးတော့ လင်ယုယန် "ဦးလေးလူ" ဟု အော်ခေါ်လိုက်သည့် ခဏမှာပင် ကျန်းပေရန် သူ၏ လက်ဖက်ရည်ကို သီးလုနီးပါး ဖြစ်သွားသည်။
အရင် ရှီဖုန်းလန် ရှိခဲ့ပြီး အခု လင်ယုယန် ရှိနေပြန်သည်။
‘ဂိုဏ်းချုပ် ခင်ဗျား ဂိုဏ်းထဲမှာ အဖိုးတန် သမီးတော် ဘယ်နှယောက်များတောင် ဝှက်ထားသေးတာလဲ’
ယခုလေးတင် ဂိုဏ်းချုပ်၏ တုံ့ပြန်မှုကို ပြန်တွေးကြည့်ရင်း ကျန်းပေရန်က ဂိုဏ်းချုပ်က လင်ယုယန်တွင် အန္တရာယ် တစ်မျိုးမျိုး ရှိနေမှန်း သိသော်လည်း ဤ အခြေအနေများအောက်တွင် သူမကို ဂိုဏ်းထဲသို့ လက်ခံခဲ့ကြောင်း တော်တော်လေး အတည်ပြုနိုင်သွားသည်။
ပြီးတော့ သူ ဤသို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်ရန် အကြောင်းရင်းမှာ လင်ယုယန်၏ ဖခင် သို့မဟုတ် သူမ၏ နောက်ကွယ်မှ အင်အားစုက ဂိုဏ်းချုပ်ကို ခေါင်းငုံ့ ခိုင်းရလောက်အောင် အတင်းအကျပ် ပြုလုပ်ခဲ့သောကြောင့် ဖြစ်ရမည်။
ကျန်းပေရန်က ရှီဖုန်းလန်နှင့် ဖြစ်ပျက်ခဲ့သည့်အရာ ပြီးကတည်းက ဂိုဏ်းချုပ်မှာ နက်နဲသော လျှို့ဝှက်ချက်များ ဝှက်ထားသည်ဟု တွေးထင်ခဲ့ပြီး ဖြစ်သော်လည်း ယခုအခါ ၎င်းမှာ နက်နဲရုံမျှမက ပို၍ပင် များနေပုံရသည်။
အဘယ်ကြောင့်ဆိုသော် သမီးတော် တစ်ယောက်ချင်းစီမှာ အစွမ်းထက်သော ထောက်ခံသူ တစ်ဦးကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
ဒါဆို မေးခွန်းက...
စိတ်နှလုံးပြန်ဂိုဏ်းမှာ ထောက်ခံသူ ဘယ်နှယောက်များတောင် ရှိနေသလဲ။
ဂိုဏ်းချုပ်မှာ ထောက်ခံသူများစွာ ရှိနေခြင်းက သူ အတင်းအကျပ် ပြုလုပ်ခံရသောကြောင့်လား သို့မဟုတ် တမင်တကာလား။
ကျန်းပေရန် ပို တွေးလေလေ သူ၏ နောက်ကျော ပို အေးစက်လာလေလေ ဖြစ်ပြီး တစ်နေ့နေ့တွင် ဂိုဏ်းချုပ်က ရုတ်တရက် သူ၏ နားနားကပ်ကာ တိုးတိုး ပြောမည်ကို ကြောက်ရွံ့မိသည်။
"ပေရန် ခေတ်ကာလက ပြောင်းလဲသွားပြီ"
အခိုက်အတန့်တွင် ကျန်းပေရန်က ကောင်းကင်ဘုံ လမ်းစဉ်၏ လှည့်စားခြင်းကို သူ နောက်တစ်ကြိမ် ခံလိုက်ရပြန်ပြီဟု ခံစားလိုက်ရသည်။
ပြန်တွေးကြည့်လျှင် ကောင်းကင်ဘုံ လမ်းစဉ်က သူ့ကို သာမန် ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်ခွင့် ပြုနိုင်မည် မဟုတ်ပေ။
‘ ငါ အမြဲတမ်း စိတ်နှလုံးပြန်ဂိုဏ်းက မရိုးရှင်းဘူးလို့ ခံစားမိခဲ့တယ် ဒါပေမဲ့ ဒီလောက်တောင် ဆိုးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး’
ကျန်းပေရန်က စိတ်နှလုံးပြန်ဂိုဏ်း အခြား မည်သို့သော လျှို့ဝှက်ချက်များ ဝှက်ထားနိုင်သေးသည်ကို တွေးတောနေစဉ်မှာပင် လူယင်လုံ ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။
"ဂိုဏ်းချုပ်"
ကျန်းပေရန် အရိုအသေ ပြုလိုက်သည်။
ကျန်းပေရန်ကို အကဲဖြတ် ကြည့်ရှုပြီးနောက် လူယင်လုံက မေးလိုက်သည်
"ဘာလို့ မင်း ဒီအချိန် ရုတ်တရက် ငါနဲ့ အတူ လိုက်လာချင်ရတာလဲ"
ယခုလေးတင် လူယင်လုံ၏ စိတ်ထဲတွင် "အရာကြီး တစ်ခု ဖြစ်တော့မယ်" ဆိုသည့် အတွေးဖြင့် ပြည့်နှက်နေသဖြင့် သူ အခြား ဘာမျှ မတွေးတောခဲ့ပေ။
သို့သော် လင်ယုယန် စိတ်ငြိမ်သွားသည်ကို မြင်ပြီးနောက် သူလည်း စိတ်ငြိမ်သွားသည်။
လင်ယုယန်၏ အတွင်းထဲတွင် ဘာ ဝှက်ထားသည်ကို သူ ကောင်းကောင်း သိသည်။ ၎င်းမှာ သူ၏ ရှိနေမှု သက်သက်ဖြင့် ဖိနှိပ်နိုင်သော အရာတစ်ခု သေချာပေါက် မဟုတ်ပေ။
ဒါဆို သော့ချက်မှာ ရုတ်တရက် တက်ကြွလာသော ကျန်းပေရန်ထံတွင် ရှိရမည်။
သို့သော် ကျန်းပေရန်က ချီစွမ်းအင် သန့်စင်ခြင်း အဆင့်တွင်သာ ရှိနေသည်။
သူက ထိုသို့သော မကောင်းဆိုးဝါး အရာတစ်ခုကို မည်သို့ ဖိနှိပ်နိုင်မည်နည်း။ ဒါက လုံးဝ အဓိပ္ပာယ် မရှိပေ။
ထို့ကြောင့် လမ်းတစ်လျှောက်လုံး ဤအကြောင်း တွေးတောလာခဲ့ပြီးနောက် လူယင်လုံက သူ ဆင်းသက်လိုက်သည်နှင့် မေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
ကြားသောအခါ ခေါင်း ကိုက်ခဲနေပြီး ဖြစ်သော ကျန်းပေရန်၏ မျက်လုံးများရှေ့တွင် ရွေးချယ်စရာ သုံးခု ပေါ်လာသည်။
[ရွေးချယ်စရာ ၁ - "ဒါက သတိမထားမိဘဲ ဖြစ်သွားတာပါ" ဆု - ယန်ဝိညာဉ် ရတနာကျမ်း (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]
[ရွေးချယ်စရာ ၂ - "တပည့်မှာ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စတွေ ရှိပြီး ခင်ဗျားနဲ့ တစ်ယောက်တည်း တွေ့ချင်လို့ပါ" ဆု - နတ်ဘုရား အဆိပ်ပိုး စာလိပ် (အနက်ရောင်အဆင့်၊ အလယ်အလတ်)]
[ရွေးချယ်စရာ ၃ - "ဘာလို့လဲဆိုတော့ ညီမလေးလင်က ကျွန်တော့်အပေါ် အမြဲ ခံစားချက် ရှိနေလို့ပါ" ဆု - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]
‘သေစမ်း’
တတိယ ရွေးချယ်စရာကို မြင်သောအခါ ကျန်းပေရန် မကျိန်ဆဲဘဲ မနေနိုင် ဖြစ်သွားသည်။
ဒါက တကယ် အလုံခြုံဆုံး ရွေးချယ်စရာ ဟုတ်လား…..စနစ်ရယ်
ငါ မင်းကို တကယ် နားမလည်နိုင်တော့ဘူး။
သို့သော် တွေးကြည့်လျှင် ဒါက အဓိပ္ပာယ် ရှိသည်။
ဂိုဏ်းချုပ်မှာ သူ ပေါ်လွင်နေသလို ရိုးရှင်းသော ကြမ်းတမ်းသူ တစ်ဦး သေချာပေါက် မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် သူ၏ အကြံအစည်များမှာ နက်ရှိုင်းသည်။ ကျန်းပေရန်ပင်လျှင် သူ ဘာ ကြံစည်နေသည်ကို မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းသည်။
ဤကဲ့သို့သော လူမျိုးအတွက် ရွေးချယ်စရာ တစ်မှာ အလွန် ပေါ့ပျက်ပျက်နိုင်ပြီး သူ့ကို အပြစ်ရှိသူတစ်ဦးလို ဖြစ်သွားစေလိမ့်မည်။
ရွေးချယ်စရာ နှစ်မှာ အဓိပ္ပာယ် ရှိသော်လည်း အနည်းငယ် အတင်းအကျပ် ဖြစ်နေသည်။
သူသာ ထို နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်လိုက်ပါက လူယင်လုံက တူးဆွ စတင်နိုင်ပြီး သူ၏ လျှို့ဝှက်ချက် တစ်ပုံကြီးကို ဖော်ထုတ်သွားနိုင်သည်။
ရွေးချယ်စရာ သုံး တစ်ခုတည်းသာ အရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်ပြီး လူယင်လုံ၏ သံသယများကို လုံးဝ ပယ်ဖျက်ကာ သူ့ကို အလွန်အကျွံ တွေးတောခြင်းမှ ရပ်တန့်စေနိုင်သည်။
‘ဟူး မိန်းမတွေ
သူမ နှစ်ပေါင်းများစွာ ဒုက္ခ မပေးခဲ့ဘူး ဒါပေမဲ့ နောက်ဆုံးတော့ လုပ်လိုက်တဲ့အခါ ဒါက အကြီးအကျယ် ရှုပ်ထွေးမှု တစ်ခုပဲ’
သက်ပြင်းချရင်း ကျန်းပေရန်က လင်ယုယန်ကို သူ၏ အသစ် ထပ်ထည့်လိုက်သော "အသုံးချ ကိရိယာ လူ" စာရင်းမှ စိတ်ပိုင်းဖြတ် ဖြတ်ချလိုက်သည်။
သူ၏ မျက်နှာအမူအရာကို ချိန်ညှိလိုက်ပြီး စိတ်အားငယ်မှု နှစ်ပုံ၊ ကူကယ်ရာမဲ့မှု သုံးပုံ၊ ကြောက်ရွံ့မှု လေးပုံ၊ ပြီးတော့ အခြေအနေများကြောင့် အတင်းအကျပ် ပြုလုပ်ခံရမှု ခြောက်ပုံ ပြသလိုက်သည်။
ထို့နောက် သူ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ပြောလိုက်သည်
"ဒါက ဘာလို့လဲဆိုတော့ ညီမလေးလင်က ကျွန်တော့်အပေါ် အမြဲ ခံစားချက် ရှိနေလို့ပါ ဒါကြောင့် ကျွန်တော် ခုနက ဘာဖြစ်ခဲ့လဲ ကြားလိုက်ရတဲ့အခါ ကျွန်တော် အကြောင်းရင်း နည်းနည်းပါးပါး ခန့်မှန်းမိလိုက်တယ်"
[ရွေးချယ်မှု တာဝန် ပြီးမြောက်ခဲ့သည်။ ဆု - အဆိပ်ပိုး +၁]
"ဘာ"
လူယင်လုံ မှင်တက်သွားသည်။
သူ ကျန်းပေရန် ပေးနိုင်မည့် မရေမရာ အဖြေပေါင်းများစွာကို စိတ်ကူးကြည့်ခဲ့သော်လည်း ဤမျှ ရိုးသားပြီး တုန်လှုပ်ဖွယ်ရာ အဖြေမျိုးကို ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပေ။
ဂိုဏ်းချုပ်၏ မျက်နှာ တုန်လှုပ်မှုဖြင့် တွန့်လိမ်သွားသည်ကို မြင်သောအခါ ကျန်းပေရန် အနည်းငယ် နေလို့ ကောင်းသွားသည်။
ဘာပဲဖြစ်ဖြစ် သူ ရွေးချယ်စရာကို မြင်သည့်အခါ သူ၏ ကိုယ်ပိုင် မျက်နှာလည်း အတူတူပင် ဖြစ်ခဲ့သည်။
သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားပြီးနောက် လူယင်လုံက ညင်သာစွာ ချောင်းဆိုးလိုက်ပြီး မေးလိုက်သည်
"ဒါ အမှန်ပဲလား"
"အမှန်ပါပဲ"
ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။
"ဘယ်တုန်းကတည်းကလဲ"
"လေးနှစ် အကြာက ကျွန်တော် ညီမလေးလင်အတွက် သံတံဆိပ် အဖြစ် တစ်ခါ အမှုထမ်းခဲ့ဖူးပါတယ် အဲ့ဒီနောက်မှာ သူက ကျွန်တော့်ကို သဘောကျမိသွားတယ်လို့ ပြောခဲ့တယ် ကျွန်တော် သူနဲ့ မထိုက်တန်မှန်း သိလို့ အကွာအဝေးကို ထိန်းသိမ်းထားခဲ့တယ် ဒါပေမဲ့ ဘယ်သူက ထင်ခဲ့မိမှာလဲ"
သူ ပြောနေစဉ်မှာပင် ကျန်းပေရန်က တကယ် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ရသလို ထိတ်လန့်သော အမူအရာ ပြုလုပ်လိုက်သည်။
စနစ်နှင့် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ဆောင်ခဲ့ပြီးနောက် ကျန်းပေရန်က အခင့်အလမ်း ရသည်နှင့် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို သိသည်။
သူ လင်ယုယန် မည်သို့သော ကမ္ဘာပျက် လျှို့ဝှက်ချက်ကို ဝှက်ထားသည်ကို တကယ် မသိသော်လည်း သူ ဒီနေ့ မြင်တွေ့ ကြားသိခဲ့ရသည်များကို အခြေခံ၍ အမှန်တရား ခုနစ်ပုံကို စိတ်ကူး သုံးပုံနှင့် ရောစပ်လိုက်လျှင် ၎င်းကို ရှုပ်ထွေးအောင် လုပ်ဆောင်ရန် မခက်ခဲပေ။
ကျန်းပေရန်၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို မြင်သောအခါ လူယင်လုံက သူ အမှန်တရားကို ပြောနေကြောင်း ယုံကြည်သွားသည်။
ဘာပဲဖြစ်ဖြစ် လင်ယုယန်အကြောင်း တကယ့် လျှို့ဝှက်ချက်ကို သူ တစ်ယောက်တည်းသာ သိသည်။
ခေါင်းခါလိုက်ရင်း လူယင်လုံ သက်ပြင်းချလိုက်သည်
"ဒါက ဒီလို ဖြစ်လိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး ဒါဆို မင်း အချိန် လိုက်လာခဲ့တာက လင်ယုယန်အတွက် စိုးရိမ်လို့ပေါ့ ဒါပေမဲ့ မင်း သူ့ကို မကြောက်ဘူးလား"
"ကျွန်တော် ကြောက်ပါတယ် ဒါပေမဲ့ ဒါက ကျွန်တော့်ကြောင့် ဖြစ်ခဲ့မှန်း ကျွန်တော် သိတယ် ဒါကြောင့်"
"မမျှော်လင့်ထားဘူး မင်း တကယ် တာဝန်ယူစိတ် ရှိတာပဲ"
ကျန်းပေရန်ကို ချီးကျူးရင်း လူယင်လုံ ခဏ စဉ်းစားလိုက်ပြီး မေးလိုက်သည်
"ဒါဆို လင်ယုယန်ရဲ့ ပေါက်ကွဲမှုက သူမ မင်းကို လွမ်းလို့ ဖြစ်တာပေါ့"
"တပည့် ဒါက တကယ် ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါ"
လူယင်လုံ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ကျန်းပေရန်၏ ရှင်းပြချက်ကို ကြားပြီးနောက် အရာအားလုံး အဓိပ္ပာယ် ရှိသွားသော်လည်း ကိစ္စမှာ မတူညီသော ဒုက္ခ တစ်မျိုးဆီသို့ ဦးတည်နေပုံ ရသည်။
ခဏအကြာတွင် လူယင်လုံ ရှေ့ထွက်လိုက်ပြီး ကျန်းပေရန်၏ ပခုံးကို ပုတ်လိုက်သည်
"ပေရန် မင်း လင်ယုယန်အကြောင်း ဘယ်လောက် သိလဲ"
"သူမက တိတ်ဆိတ် စကားလုံး ခန်းမဆောင်က တပည့်တစ်ယောက် ဆိုတာကလွဲလို့ ကျွန်တော် တခြား ဘာမှ မသိပါဘူး"
"သူမ မင်းကို သူမရဲ့ နောက်ခံအကြောင်း ဘယ်တော့မှ မပြောခဲ့ဘူးလား"
"မပြောပါဘူး"
ကျန်းပေရန်က ခေါင်းခါလိုက်သည်။
"ဒါက သူမရဲ့ စရိုက်နဲ့ ကိုက်ညီပါတယ်"
သက်ပြင်းချရင်း လူယင်လုံ လှည့်ထွက်လိုက်ပြီး ဆက်ပြောသည်
"ငါ ပြောနိုင်တာက မင်းရဲ့ ဆုံးဖြတ်ချက် မမှားခဲ့ဘူး မင်းသာ လင်ယုယန်နဲ့ အတူ ရှိချင်တယ် ဆိုရင် မင်း ရင်ဆိုင်ရမယ့် အတားအဆီးတွေက ကြီးမားလွန်းလိမ့်မယ်"
ထို့နောက် သူ ရုတ်တရက် နောက်ပြန် လှည့်လိုက်ပြီး ကျန်းပေရန်ကို စိုက်ကြည့်လိုက်သည်
"မင်း သူ့ကို ရှောင်နေတာက မင်း ဒုက္ခတွေကို ကြောက်လို့ သက်သက်ပဲ မဟုတ်လား"
သူ စကားဆုံးသည်နှင့် ရွေးချယ်စရာ နှစ်ခု ထပ်မံ ပေါ်လာသည်။
[ရွေးချယ်စရာ ၁ - "ကျွန်တော်က ညီမလေးလင်ရဲ့ အနာဂတ်ကို မနှောင့်ယှက်ချင်လို့ပါ" ဆု - ကျိုင်းကောင် မိုး မိစ္ဆာ လက်စွဲကျမ်း (အနက်ရောင်အဆင့်၊ အလယ်အလတ်)]
[ရွေးချယ်စရာ ၂ - "ဟုတ်ပါတယ်" ဆု - ကျပန်း အခြေခံ အရည်အသွေး အမှတ် +၁]
‘မဆိုးဘူး’
ရွေးချယ်စရာ နှစ်ခုမှ ကျန်းပေရန်က သူ လူယင်လုံ၏ စိတ်နေသဘောထားကို စတင် နားလည်လာပြီ ဖြစ်ကြောင်းနှင့် အနာဂတ်တွင် သူနှင့် မည်သို့ ဆက်သွယ်ရမည်ကို အကြံဉာဏ် အချို့ ရရှိကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။
သူ ရွေးချယ်စရာ နှစ်ကို ရွေးချယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်
"ဟုတ်ပါတယ်"
"ဟားဟား ဟားဟား ဟား"
လူယင်လုံ ကျယ်လောင်စွာ ရယ်မော ပေါက်ကွဲ ထွက်လာသည်။
"ကျန်းပေရန် ကျန်းပေရန် ငါ အစောပိုင်းက ပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ် မင်း တကယ် တစ်စက်မှ မပြောင်းလဲဘူး ဟားဟားဟား"
[ရွေးချယ်မှု တာဝန် ပြီးမြောက်ခဲ့သည်။ ဆု - လျင်မြန်ဖျတ်လတ်မှု +၁]
ခဏတာ ရယ်မောပြီးနောက် လူယင်လုံ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်
"ဒါဆို မင်းက လင်ယုယန်ကို လက်မခံချင်ဘူး ဒါပေမဲ့ သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့လည်း မဝံ့ရဲဘူးပေါ့"
"ဂိုဏ်းချုပ်က ပညာရှိပေစွ"
"ကောင်းပြီ ဒါနဲ့ ပတ်သက်ပြီး ငါ မင်းကို တကယ် မကူညီနိုင်ဘူး ငါ မင်းကို အကြံပေးနိုင်ရုံပဲ ရှိတယ် မင်း သူ့ကို မကြိုက်ရင်တောင်မှ အရာတွေကို သိပ် တင်းမာအောင် မလုပ်နဲ့ မဟုတ်ရင် မင်း ဒုက္ခ ပင်လယ် ဝေရလိမ့်မယ်"
‘ ငါ့ကို သတိပေးဖို့ ခင်ဗျား လိုအပ်တယ် ထင်လို့လား
ငါ သူ့ကို ပထမဆုံးအကြိမ် တွေ့ကတည်းက ဒုက္ခရောက်တော့မယ်ဆိုတာ ငါ သိခဲ့ပြီးသား’
အတွင်းစိတ်မှ ညည်းညူပြီးနောက် ကျန်းပေရန်က လက်နှစ်ဖက် ယှက်လိုက်ပြီး ပြောလိုက်သည်
"ကျွန်တော် သင်ကြားမှုကို မှတ်သားထားပါ့မယ် ဂိုဏ်းချုပ်"
"ကောင်းပြီ တို့တွေ ပြန်ကြရအောင်"
လူယင်လုံက ပြောရင်း ကျန်းပေရန်၏ ပခုံးကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်
"ဒါက လင်ယုယန် မင်းကို လွမ်းလို့ ဖြစ်ခဲ့မှတော့ မင်း နင်ဒူးကို ပြန်သွားရင် မဖြစ်ဘူးလား ငါ လင်ယုယန်ကို ပို့ပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားလိုက်ရမလား"
ဂိုဏ်းချုပ် စကားမဆုံးမီမှာပင် ကျန်းပေရန် အလျင်အမြန် သူ၏ လက်များကို ဝှေ့ယမ်းလိုက်သည်
"ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ဒါပေမဲ့ မလိုအပ်ပါဘူး ဒီနောက်ပိုင်းကစပြီး ကျွန်တော် တစ်ရက်ခြား တစ်ခါ ဂိုဏ်းကို ပြန်လာပြီး ဒါမျိုး ထပ်မဖြစ်အောင် သေချာ လုပ်ပါ့မယ်"
"မင်း ကြောက်နေပုံကို ကြည့်ပါဦး"
လူယင်လုံ ရယ်လိုက်သည်
"ဒါပေမဲ့ မင်း တကယ် ပြောနေတာလား မင်း လွန်ခဲ့တဲ့ လတွေမှာ သိပ် ပြန်မလာခဲ့ဘူး"
"အခု ကျွန်တော် နန်းတွင်း ရေးရာတွေကို တော်တော်လေး စီစဉ် ပြီးသွားပြီဆိုတော့ ကျွန်တော် ဝန်ကြီးတွေကို အရင်ကလို နေ့တိုင်း စောင့်ကြည့်နေဖို့ မလိုအပ်တော့ပါဘူး"
"မဆိုးဘူး မင်းက ဦးနှောက်သုံးရတဲ့ အလုပ်မျိုးနဲ့ တကယ် သင့်တော်တာပဲ ပြီးတော့ အကျိုးကျေးဇူးတွေ ရှိတဲ့အခါ မင်း အမြဲတမ်း လျှို့ဝှက်လမင်းဂိုဏ်းအစား စိတ်နှလုံးပြန်ဂိုဏ်းကို အရင် တွေးတယ် ဒါက ငါ့ကို တကယ် ဂုဏ်ယူစေတယ်"
"ဂိုဏ်းချုပ် ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ ကျွန်တော် စိတ်နှလုံးပြန်ဂိုဏ်းရဲ့ လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး စိတ်နှလုံးပြန်ဂိုဏ်းရဲ့ ဝိညာဉ်သရဲအဖြစ် သေဆုံးပါ့မယ် ကျွန်တော့် နှလုံးသား အမြဲတမ်း ဂိုဏ်းအတွက် ရှိနေခဲ့တာ ဘယ်လိုလုပ်"
"တော်ပြီ တော်ပြီ မင်း သစ္စာစကားတွေ မကျိန်ဆိုရင်တောင်မှ အရာတွေ ပြီးသွားရင် ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး"
ထိုသို့ဖြင့် လူယင်လုံက ကျန်းပေရန်၏ ပခုံးကို ဖမ်းဆွဲလိုက်ပြီး သူ့ကို ကောင်းကင်တိမ်တိုက် တောင်ထွတ်သို့ ပြန်လည် ပျံသန်း ခေါ်ဆောင်သွားသည်။
ဂိုဏ်းချုပ်၏ နေအိမ်သို့ ပြန်ရောက်သောအခါ ကျန်းပေရန်က အဆင့်မြင့် ဂိုဏ်းအဖွဲ့ဝင်များစွာနှင့် အသေးစိတ်များကို ဆက်လက် ဆွေးနွေးလိုက်သည်။
တစ်ခဏချင်းမှာပင် နှစ်ရက် ကုန်ဆုံးသွားသည်။
"ဟူး"
စက္ကူများဖြင့် ပုံနေသော စားပွဲတစ်လုံးတွင် ထိုင်ရင်း လက်ဝဲအမတ်ချုပ် ကူးယိ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဒါနဲ့တောင်မှ ဒါက အလုပ်ဖြစ်မလားဆိုတာ မသိသေးဘူး ဒါပေမဲ့ ဒါက တကယ် ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်"
သူ၏ မျက်နှာချင်းဆိုင်တွင် လက်ယာအမတ်ချုပ် ပိုင်အန်းဖူက ခေါင်းညိတ်လိုက်သည်
"တကယ်ပဲ ပေရန် မင်းသာ ဧကရာဇ် ဖြစ်တာကို ရပ်လိုက်ရင် ငါ့ရဲ့ ရာထူးအတွက် ဆက်ခံသူ တစ်ယောက် ရနိုင်လောက်တယ်လို့ ငါ ယူဆတယ်"
စာအုပ်များထဲတွင် နစ်မြုပ်နေသော ကျန်းပေရန်က မော့ကြည့်လိုက်ပြီး ပြောလိုက်သည်
"လက်ယာအမတ်ချုပ် ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ လူတိုင်းရဲ့ အကူအညီ မရှိဘဲ ကျွန်တော့် အစီအစဉ်က လေထဲက တိုက်အိမ် တစ်ခု သက်သက်ပဲ ဖြစ်နေမှာပါ အနှစ်သာရ မရှိဘဲ ဟန်ပြ သက်သက်ပါ"
"ဟားဟားဟား"
ပန်ကာဖြူ ကျူချီယိက သူ၏ ခေါက်ယပ်တောင်ကို ပိတ်လိုက်ပြီး ထရပ်လိုက်သည်
"မင်းက လက်ယာအမတ်ချုပ် အဖြစ် ဖြုန်းတီးပစ်ရတာ နှမြောစရာပဲ မင်းသာ ဆန္ဒရှိရင် ငါ မင်းကို ငါ့ရဲ့ ပန်ကာဖြူ နေရာတောင် ပေးလိုက်ဦးမယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်ကို မမြှောက်ပင့်ကြပါနဲ့ လူတိုင်း အစီအစဉ်က သေချာ စေ့စပ်နိုင်ပေမယ့် ၎င်းကို အကောင်အထည် ဖော်ရာမှာ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ် အချိန်တန်ရင် ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်ပါလိမ့်မယ်"
ကျူချီယိက ခေါင်းညိတ်လိုက်သည်
"ဟုတ်ပါတယ် ဂိုဏ်းချုပ်က တို့တွေကို မင်းကို အပြည့်အဝ ထောက်ခံဖို့ ပြောထားမှတော့ ကူညီဖို့က မှန်ကန်တဲ့ အပြုအမူပါပဲ"
သူ့ရှေ့မှ စာအုပ်ငယ်ကို ပိတ်လိုက်ရင်း ကူးယိက မော့ကြည့်လိုက်ပြီး ပြောလိုက်သည်
"အစီအစဉ်ရဲ့ ပထမဆုံး ခြေလှမ်းက အဲ့ဒီ မိသားစုတွေကို စည်းရုံးဖို့ပဲ ဂိုဏ်းချုပ်ရဲ့ အမိန့်က သူတို့ကို လှုပ်ရှားစေဖို့ လုံလောက်ပေမယ့် အဲ့ဒီ လည်တဲ့ မြေခွေးတွေက ဟန်ပြ လုပ်ဆောင်ရုံ သက်သက် လုပ်ပြီး ပေါ့လျော့နေမှာကို ငါ စိုးရိမ်တယ်"
ကူးယိနှင့် ဤ ရက်များကို ကုန်ဆုံးပြီးနောက် ကျန်းပေရန်က လက်အောက်ခံ မိသားစုများနှင့် မကြာခဏ ဆက်ဆံရသော လက်ဝဲအမတ်ချုပ်မှာ အဆင်မပြေမှုများ ရှိကြောင်း နားလည်လိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင်များ အားလုံး ဂိုဏ်းကို လိုက်နာကြသော်လည်း တစ်ယောက်ချင်းစီမှာ လည်ပတ်သော စီးပွားရေးသမားများ ဖြစ်ကြပြီး အကျိုးကျေးဇူး မမြင်ဘဲ ဘာမျှ မလုပ်ဆောင်ကြပေ။
"မျိုးနွယ်စု ခေါင်းဆောင်တွေကို ကျွန်တော် ကိုယ်တိုင် ကိုင်တွယ်ပါ့မယ်"
'ဖြောင်း' ကနဲ ကျူချီယိက ရှုခင်း ပန်းချီ ဆွဲထားသော သူ၏ ခေါက်ယပ်တောင်ကို ဖွင့်လိုက်ပြီး ပြုံးလိုက်သည်
" မင်း အဲ့ဒီလို ပြောမှာကို စောင့်နေခဲ့တာ iါတို့တွေ မင်းရဲ့ စီစဉ်မှု ကျွမ်းကျင်မှုကို မြင်တွေ့ပြီးပြီ ဒါပေမဲ့ မင်း ပြောခဲ့သလိုပဲ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုက လေထဲက တိုက်အိမ် တစ်ခု သက်သက်ပဲ ခိုင်မာတဲ့ အကောင်အထည် ဖော်မှုနဲ့မှသာ မင်း အခြေအနေကို တကယ် ထိန်းချုပ်နိုင်မှာ"
"ဒါဆို ကျွန်တော် အရင်ဆုံး ဂိုဏ်းချုပ်ကို သွားတွေ့ပြီး မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါ့မယ်"
ကျူချီယိက ခေါင်းညိတ်လိုက်သည်
"ကောင်းတယ် သွားလိုက် တို့ သုံးယောက် အစီအစဉ်ကို ဆက်လက် သန့်စင်နေပြီး တိုးတက်အောင် လုပ်စရာ အသေးစိတ်တွေ ထပ် ရှိမရှိ ကြည့်လိုက်ဦးမယ်"
"ခင်ဗျားတို့ရဲ့ ပင်ပန်းစွာ လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းပေရန်က သုံးယောက်ကို ဦးညွှတ်လိုက်ပြီး ပန်ကာဖြူ နေအိမ်မှ ထွက်ခွာလာခဲ့ကာ ကောင်းကင်တိမ်တိုက် တောင်ထွတ်ဆီသို့ ဦးတည်သွားသည်။
ကျန်းပေရန်က နှစ်ရက်အတွင်း အဖြေတစ်ခု ပေးမည်ဟု ပြောထားခဲ့သောကြောင့် လူယင်လုံ နေရာတွင်ပင် နေခဲ့သည်။
ကျန်းပေရန် ရောက်ရှိသည်နှင့် နှစ်ယောက်သား ပင်မ ခန်းမဆောင်တွင် စတင် စကားပြောကြသည်။
"မင်း မျိုးနွယ်စု ခေါင်းဆောင် အားလုံးကို တစ်ပြိုင်တည်း တွေ့ချင်တယ် ဟုတ်လား"
လူယင်လုံက သူ၏ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မေးလိုက်သည်။
"ဟုတ်ပါတယ်"
ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ထင်တာက ဒီလောက် ကြီးမားတဲ့ အတိုင်းအတာ ပြောင်းလဲမှု တစ်ခုအတွက် လူတိုင်းရဲ့ စိတ်ကူးတွေကို စုစည်းတာ ပိုကောင်းပါတယ် မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်ယောက်မှာ မကျေနပ်ချက်တွေ ဒါမှမဟုတ် အကြံပြုချက်တွေ ရှိခဲ့ရင် အတူတူ ဆွေးနွေးနိုင်ပါတယ်"
"ဒါဆို ဟုတ်လား"
လူယင်လုံက ကျန်းပေရန်ကို ပြုံးကြည့်လိုက်သည်
"ငါ ထင်တာက မင်းက လူနည်းစုကို လူများစုကို နာခံစေချင်တာပဲ ဒါဆို ခေါင်းမာတဲ့ လူတွေက ဒုက္ခ ပေးလို့ မရတော့ဘူး"
"ဂိုဏ်းချုပ်က ပညာရှိပေစွ"
ကျန်းပေရန်က လက်နှစ်ဖက် ယှက်လိုက်သည်။
"ကောင်းပြီ မင်းရဲ့ နည်းလမ်းအတိုင်း လုပ်ကြရအောင် ငါ အစည်းအဝေးကို ဧည့်ခံ ကျင်းပပြီး မင်းအတွက် သူတို့အားလုံးကို ဆင့်ခေါ်ပေးမယ်"
လူယင်လုံက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်
"ဖူနာနန် ပြည်နယ်က လင် မိသားစုက အဲ့ဒီက မြို့ သုံးမြို့ရဲ့ ဦးဆောင် မျိုးနွယ်စုပဲ မင်းသာ သူတို့ကို စည်းရုံးနိုင်ရင် အဲ့ဒီ ဧရိယာ တစ်ခုလုံး မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်သွားလိမ့်မယ်"
‘အဘိုးကြီး ခင်ဗျား အရင်ကလိုပဲ လည်တုန်းပဲ’
လူယင်လုံ၏ ကျီစယ်သော အကြည့်ကို မြင်သောအခါ ကျန်းပေရန်က လင်ယုယန်မှာ လင် မိသားစုမှ ဖြစ်ကြောင်း သဘာဝအတိုင်း သိသည်။
သို့သော် ကျန်းပေရန် သေချာသည်မှာ လင် မိသားစု အကြီးအကဲမှာ လင်ယုယန်၏ ဖခင် မဟုတ်ပေ။
မဟုတ်လျှင် မျိုးနွယ်စုငယ် တစ်ခုက လူယင်လုံ၏ မိသားစုနှင့် လက်ဆက်ရန် မည်သို့ ထိုက်တန်မည်နည်း။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ကျွန်တော် နားလည်ပါပြီ"
"နောက်ပြီး မျိုးနွယ်စု အများစုမှာ ဂိုဏ်းထဲမှာ လူငယ် အဖွဲ့ဝင်တွေ ရှိကြတယ် ငါ မင်းကို နောက်မှ စာရင်းတစ်ခု ပေးမယ် မင်း တစ်ယောက်ယောက်ကို သိခဲ့ရင် မင်းအတွက် ကောင်းတဲ့ စကားတစ်ခွန်း ပြောပေးဖို့ သူတို့ကို တောင်းဆိုနိုင်တယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ခင်ဗျားကို ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ်"
"ဘာမှမဟုတ်ပါဘူး စကားမစပ် မင်း ရက်ပိုင်းတွေမှာ ရေမှန်ခန်းမကို သွားလည်ပြီးပြီလား"
ရုတ်တရက် မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ ကျန်းပေရန် ခဏတာ မှင်တက်သွားသည်။
လျှို့ဝှက်လမင်းဂိုဏ်း အဖြစ်အပျက်ကြောင့် ဂိုဏ်းချုပ်က ရှီဖုန်းလန် သူ့ကို သံချပ်ဝတ်ရုံ ပေးခဲ့သည်ကို သိသည်။
အကယ်၍ ၎င်းမှာ တစ်ကြိမ်တည်းသာ ဖြစ်ပွားခဲ့ပါက လူယင်လုံ များများစားစား တွေးတောမိမည် မဟုတ်ပေ။
သို့သော် ယခု လင်ယုယန် ပါဝင်လာသည်နှင့် သူ၏ သံသယ ဝင်တတ်သော စိတ်က ထပ်မံ လှုပ်ရှားလာသည်ကို မကူညီနိုင် ဖြစ်သွားသည်။
သို့သော် ကျန်းပေရန်က အမြဲတမ်း ဘာမျှ ဖုံးကွယ်မထားဘဲ အဖြေပေးခဲ့ရာ ၎င်းက လူယင်လုံကို ကောင်လေး တကယ် ကံကောင်းရုံ သက်သက် ဖြစ်နိုင်သည်ဟု ထင်စေသည်။
" ကျွန်တော် သွားပြီးပါပြီ ခန်းမသခင်ရှီက ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပါတယ် ဒါကြောင့် ကျွန်တော် ပြန်လာတိုင်း သူ့ကို သွားလည်ပါတယ်"
"အိုး ငါ နောက်ပိုင်း သိပ် မလည်ဖြစ်ဘူး နောက်တစ်ခါ မင်း သွားရင် ခန်းမသခင်ရှီကို ငါ့ရဲ့ နှုတ်ခွန်းဆက်စကား ပို့ပေး"
"ဟုတ်ကဲ့"
အပြန်အလှန် ပြောဆိုမှုတွင် နှစ်ဦးလုံး အတွင်းစိတ်မှ မသက်ပြင်းချဘဲ မနေနိုင် ဖြစ်သွားကြသည်။
‘ဒီကောင်လေး (ဒီ အဘိုးကြီး) တကယ် အရာတွေကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ’
သို့သော် သူတို့ နှစ်ဦးလုံး အချင်းချင်းအတွက် တန်ဖိုး ရှိနေသမျှ ကာလပတ်လုံး လမ်းခွဲရန် မလိုအပ်ပေ။
အပြန်အလှန် အကျိုးကျေးဇူးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းမှာ လောလောဆယ် အဆင်ပြေနေသည်။