← Chapters

သူ့၏ နောက်ယောင်ခံလိုက်သူအား ဖယ်ရှားခြင်း

Vol. 38 Ch. 530

သူ့၏ နောက်ယောင်ခံလိုက်သူအား ဖယ်ရှားခြင်း

Vol. 38 Ch. 530

အန်လင်းက ကျောက်စိမ်းဖြူတောင်ပေါ်သို့ သူ့အုတ်ခဲနက်ကိုစီးကာ ဆက်လက်ခရီးဆက်လာလေ၏။

ကျောက်စိမ်းဖြူတောင်မှာ အလွန်အန္တရာယ်များသော နေရာဖြစ်သော်လည်း နယ်မြေအဆီအနှစ်သလင်းကျောက်များ ပေါ်လာနိုင်ခြေအလွန်များပေ၏။ သို့ဖြစ်၍ အန်လင်းက စွန့်စားမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ နှစ်တစ်သောင်းကြာအောင် မိန်းမစိုးဖြစ်လာခြင်းမှာ ဟာသမဟုတ်ပါပေ။ ထိုသည်က လုံးဝ ဖြစ်ခွင့်ပေး၍ မရသော အရာတစ်ခုဖြစ်လေ၏။

သူက လက်ရှိ၌ သူ့အုတ်ခဲပေါ်တွင် စိတ်ရှုပ်ထွေးစွာ ထိုင်နေလေ၏။

သူက မိန်းမစိုးဖြစ်လာမည့်အရေးကြောင့် စိတ်ရှုပ်နေခြင်းမဟုတ်ပါပေ။ သို့သော် ထိုအစား သူ့အုတ်ခဲပေါ်တွင် သူနှင့်ကပ်ကာထိုင်နေသော သွေးမျိုးနွယ်စု အမျိုးသမီးကြောင့်ပင်ဖြစ်၏။

“နင်က  နောက်ဆုံးတော့ ငါ့ကိုလက်ခံပေးဖို့ ဆုံးဖြတ်လိုက်ပြီလား။ စိတ်မပူပါနဲ့ နင်ငါ့ကို နင့်သွေးသာ သောက်ခွင့်ပေးရင် ငါက နင့်အတွက် အရာရာလုပ်ပေးချင်ပါတယ်။” သွေးမျိုးနွယ်စု အမျိုးသမီးက သူမ၏ တောင့်တင်းသော ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်လေ၏။

အန်လင်းက အမျိုးသမီး၏ ရင်ဘတ်ကို အံ့ဩတကြီး ငေးကြည့်လိုက်လေ၏။ သူမက အတော်ပင် လျော့ရဲနေသော ဝတ်ရုံကို ဝန်ဆင်ထား၍ အန်လင်းက အစောပိုင်းတွင် သူမ၏ ရင်သားများက မည်မျှအထိ ကြီးမားသည်ကို မမြင်နိုင်ပါချေ။ ယခုအနီးကပ် လေ့လာကြည့်လိုက်သောအခါ... ဝါး... ထိုသည်က အနည်းဆုံး 36Dလောက်ရှိပေလိမ့်မည်...။

သွေးမျိုးနွယ်စု၏ အဟာရက ထိုမျှအထိ ကောင်းသည်လား။

သွေးစုပ်တာက ရင်ဘတ်တွေ ကြီးလာနိုင်လို့လား။

အန်လင်းက သွေးမျိုးနွယ်စု အမျိုးသမီး အများစုကို မြင်ဖူးပြီး ဖြစ်ကာ မည်သူမှ ရင်ဘတ်များ မချပ်ကြပါ။

သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကြည့်နေသော နေရာကို သတိထားမိသွားပုံရကာ ရှက်သွေးဖြာသွားပြီး သူမက သက်တောင့်သက်တာမရှိလှစွာ လှုပ်ရှားလိုက်လေ၏။ “အဲ့လိုအရာမျိုးက... မေးစရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက ငါ့ရဲ့ ပထမဆုံးအကြိမ်မို့ ငါ့ကို သွေးနည်းနည်း ပိုပေးရမယ်...”

ထိုသည်ကို ကြားပြီးနောက် အန်လင်းက သွေးအန်တော့မလိုပင် ဖြစ်သွားလေ၏။ သူ့သွေးက ဘယ်တုန်းကများ ငွေကြေးတစ်ခုဖြစ်သွားရတာလဲ။

မဟုတ်သေးဘူး...။ အဲဒါက အဓိက မဟုတ်ဘူး။ အရေးကြီးတာက အစကတည်းက သူက အဲ့လိုမျိုးလုပ်မှာမဟုတ်ဘူး။

အန်လင်းက သူ့လည်ချောင်းကို ရှင်းလိုက်ကာ အတည်ပေါက်ပြန်ဖြေလာလေ၏။ “ငါက နင့်ကို အုတ်ခဲပေါ်ခေါ်လိုက်တာက စကားပြောဖို့ပဲ။ နင့်ကို လက်ခံဖို့မဟုတ်ဘူး။ အဲ့တော့ အများကြီး လျှောက်တွေးမနေနဲ့။”

သူ့နောက်ကို ဆက်တိုက်လိုက်နေသော ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရှိနေခြင်းက အတော်လေး ကို့ရို့ကားယားနိုင်လှပေ၏။

သူမက အန်လင်းကို မတိုက်ခိုက်လိုစိတ်က ရုတ်တရက် ပျောက်ကွယ်သွားမည်လားကို မည်သူက သိပါမည်နည်း။

သွေးမျိုးနွယ်စု အမျိုးသမီးက သူမ၏ ဒဏ်ရာများ ပြန်သက်သာလာသောအခါ အန်လင်းကို သတ်ရန် ဆုံးဖြတ်ပါက အန်လင်းက အမှန်တကယ်ပင် ဒုက္ခရောက်ပေတော့မည်။

ယခုတွင် အန်လင်းအတွက် တခြားရွေးတစ်ရာတစ်ခုတော့ရှိပေ၏။ ထိုသည်မှာ သူ့၏ စွမ်းအားအပြည့်ထုတ်လွှတ်ကာ သူမကို သတ်ဖြတ်ရန်ပင်။

သို့သော် ထိုသည်မှာလည်း အကောင်းဆုံး လုပ်ဆောင်ချက်မဟုတ်ပါပေ။ မည်သို့ဆိုဆို အသေအကြေတိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်လာပါက နောက်ဆက်တွဲအကျိုးဆက်မှာ သူမလိုချင်သောအရာတစ်ခုဖြစ်ပေ၏။

သူက သွေးမျိုးနွယ်စု အမျိုးသမီးက သူမ၏ ဒဏ်ရာများမှ အတော်လေး ပြန်ကောင်းလာပြီဟု ခံစားရ၍ သူမကို အနိုင်ယူနိုင်မည်ဟု အာမခံချက်မရှိပါပေ။ ထို့အပြင် အမျိုးသမီးကို သူ့ကို အနိုင်မတိုက်နိုင်ပါက သူမက ပြေးလို့ ရသေးပေ၏။

သူမက ထွက်ပြေးကာ နောင်တစ်ချိန်တွင် သူ့နောက်ကို တိတ်တဆိတ်လိုက်လာပြီး တိုက်ခိုက်ပါက ဒုက္ခဖြစ်မည် ဖြစ်ပေ၏။

သွေးမျိုးနွယ်စုအမျိုးသမီးက အန်လင်း၏ စကားများကို ကြာပြီးနောက် ခေါင်းငြိမ့်လိုက်လေ၏။ “ဟုတ်ပါပြီ။ နင်က ဘာအကြောင်း ပြောချင်တာလဲ။”

အန်လင်းက အတန်ကြာ တွေးတောနေလိုက်ပြီး ပြန်ဖြေလိုက်၏။ “နင်လိုချင်ရင် ငါသွေးနည်းနည်းတော့ ပေးလို့ရပါတယ်။”

သွေးမျိုးနွယ်စု အမျိုးသမီး၏ မျက်လုံးများက ချက်ချင်းပင် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာလေ၏။ “ဟုတ်ပြီ။ ကျေးဇူးပြုပြီး နင့်အခြေအနေတွေကို ပြောပြပါ။”

“ငါ့ရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ပူစရာမလိုပဲ နင့်ကို ငါ့ဘေးမှာ ထားလို့ရအောင် ငါနဲ့ အစေခံစာချုပ်ချုပ်လိုက်။” အန်လင်းက အပြုံးတစ်ခုနှင့် ကမ်းလှမ်းလိုက်လေ၏။

သွေးမျိုးနွယ်စုအမျိုးသမီးက အနည်းငယ် တုံ့ဆိုင်းသွားပြီး အလွန်ရှုပ်ထွေးသော အမူအရာတစ်ခုက သူမမျက်နှာထက်တွင် ပေါ်လာလေ၏။ သူမက ခေါင်းခါလိုက်ကာ ပြောလိုက်လေ၏။ “မဖြစ်ဘူး...။ ငါမလုပ်နိုင်ဘူး...။ နင်က လူသားဖြစ်ပြီးတော့ ငါက သွေးမျိုးနွယ်စုက...”

အန်လင်းက သူ့မျက်ခုံးများကို နှိပ်လိုက်ကာ သူ့အခြေအနေများကို ပြင်ဆင်လိုက်လေ၏။ “ဟုတ်ပြီ။ အဲဒါဆိုလဲ ငါနင့်ကို သွေးတစ်စက်ထပ်ပေးမယ်။ နင်က ငါ့နောက်ကို ဆက်ပြီး လိုက်မနေနဲ့တော့။”

မည်သို့ဆိုဆို သွေးတစ်စက်က သူ့အတွက် မများပါပေ။ ထို့ပြင် သူ့၏ ပထမဦးစားပေးမှာလည်း ဤသွေးမျိုးနွယ်စုအမျိုးသမီးကို ဖယ်ရှားရန် ဖြစ်လေ၏။ ထိုသည်ကို မည်သို့ ပြုလုပ်ရမည်ဟု သူ့တွင်နောက်ထပ် အကြံမရှိပါပေ။ သို့ဖြစ်၍ သူ့သွေးတစ်စက်ကို ပေးအပ်ကာ သူမကို နှင်ထုတ်ရန်သာ တတ်နိုင်ပေတော့၏။

သေမျိုးနွယ်စု အမျိုးသမီးက သူမ၏ ဝတ်ရုံကို တင်းတင်းဆုပ်ကိုင်ကာ အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက်ဆုံးတွင် ခက်ခက်ခဲခဲ ခေါင်းငြိမ့်ပြလိုက်လေ၏။ “ဟုတ်ပြီ... ငါအဲ့လိုလုပ်မယ်။”

အန်လင်းက သူ့၏ လက်ချောင်းကို ဖြတ်လိုက်ကာ အမျိုးသမီးအတွက် သွေးတစ်စက်ကို ထုတ်လိုက်လေ၏။

သွေးမျိုးနွယ်စုအမျိုးသမီးက သွေးသက်ကို စိတ်အားထက်သန်စွာ မျိုချလိုက်ပြီး သွေးစက်ကို အရသာခံနေရင်း သူမမျက်လုံးများကို မှေးကျဉ္းလိုက်ကာ လုံးဝပင် ပျော်မြူးနေပုံရပေ၏။

အန်လင်းက အနည်းငယါ ကြောင်အနေလေ၏။ သူ့သွေးက တကယ်ပဲ အဲ့လောက်တောင် အရသာရှိတာလား။

သူက ခေတ္တမျှ တုံ့ဆိုင်းနေကာ သူ့သွေးတစ်စက်ကို ပြန်ပြီး အရသာခံလိုက်လေ၏...။

ရရှိသော အရသာမှာ... သတ္တုအရသာနှင့် ငန်ကျိကျိအရသာ သာဖြစ်လေ၏...။

“ပြီးရင်လဲ ငါနဲ့ ဝေးဝေးနေတော့။” အန်လင်းက စိတ်မပါစွာဖြင့် လက်ကို ယမ်းပြလိုက်လေ၏။

သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကို သနားစဖွယ် မျက်လုံးများဖြင့် ငေးကြည့်နေကာ ထပ်သောက်ချင်နေသကဲ့သို့ သူမ၏ နူးညံ့ နီရဲသော နှုတ်ခမ်းများကို လျက်လိုက်လေ၏...။

“သွားတော့...။ ဒီကနေ ထွက်သွား သွား။” အန်လင်းက သူ့နောက်မှ ကောင်းကင်ကြီးကို ညွှန်ပြကာ ခိုင်မာလှသော အမူအရာဖြင့် သူမကို အဝေးသို့ မောင်းထုတ်လိုက်လေ၏။

အမျိုးသမီး၏ မျက်လုံးများထဲတွင် မျက်ရည်များ ဖြစ်တည်လာကာ သူ့အား သနားစဖွယ် တောင်းဆိုလာလေ၏။ “ငါကို နှင့်မထုတ်ပါနဲ့နော်။ ကျေးဇူးပြုပြီ...”

“နင်ပဲ ငါပြောတာကို သဘောတူခဲ့တာလေ။ အခုကျတော့ ကိုယ်ပြောတာကို မလိုက်နာချင်တော့ဘူးလား။” အန်လင်းက အထင်သေးဟန်ဖြင့် ဆိုုလိုက်၏။

“ငါ နင်မရှိပဲ မနေနိုင်ဘူး...” သွေးမျိုးနွယ်စု အမျိုးသမီးက သူမနှုတ်ခမ်းများကို တင်းတင်းစေ့ကာ မျက်ရည်များ ကျဆင်းနေလေ၏။

ဘေးလူတစ်ယောက်၏ အမြင်မှဆိုလျှင် သူတို့မှာ လမ်းခွဲနေကြသော တာအိုတွဲဖက်တစ်စုံနှင့် တူလှပေ၏။

သို့သော် တကယ့် အခြေအနေအမှန်မှာ ဤအမျိုးသမီးက အန်လင်း၏ သွေးကို သောက်ရသည်အား နှစ်သက်နေပြီး ထို့အတွက် ထွက်သွားရန် ငြင်းဆန်နေခြင်းပင်...။

အန်လင်းမှာ ရယ်မောချင်လောက်အောင်ပင် ဒေါသထွက်လာလေ၏။ “ငါတော့ အဲ့လောက် အရှက်မရှိတဲ့ လူမတွေ့ဖူးသေးဘူး။”

“နင့်နာမည် ဘယ်လိုခေါ်လဲ။ ငါ့ကို နင့်နာမည်ပြောပြီးရင် ငါသွားမယ်။”

သွေးမျိုးနွယ်စု အမျိုးသမီးက မျက်ရည်မကျအောင် ထိန်းချုပ်ကာ အန်လင်းကို ငေးကြည့်နေလေ၏။

အန်လင်းက လက်ဖျောက်တီးလိုက်လေ၏။ “ငါ့နာမည်က အန်ရီထျန်...”

“အန်ရီထျန်...” သွေးမျိုးနွယ်စု အမျိုးသမီးက ရေရွတ်လိုက်လေ၏။ “ကမ္ဘာမြေကြီးကို ငြိမ်းချမ်းခြင်း ယူဆောင်လာပေးတယ်၊ နေမင်းကဲ့သို့ တောင်ပ လင်းလက်နေသော အမျိုးသား၊ ဒါပေမဲ့  ကောင်းကင်ဘုံလို ကျယ်ပြန့်တဲ့ နှလုံးသားတစ်ခုရှိသူ...။ နာမည်ကောင်းပဲ။”

အန်လင်း၏ ခန္ဓာကိုယ်က မတည်မငြိမ် လှုပ်ယမ်းသွားလေ၏။ အဲ့အဓိပ္ပာယ်ကောက်ယူချက်က ဘာကြီးလဲဟ။

“ငါ့နာမည်က ကတ်စီဒီပါ...” သွေးမျိုးနွယ်စု အမျိုးသမီးက ပြုံးကာ ပြောလိုက်လေ၏။ “ထပ်တွေ့ချင်ပါသေးတယ် အန်ရီထျန်...”

အန်လင်းက မျက်လုံးလှန်ကာ တုံ့ပြန်လိုက်လေ၏။ သူက အမျိုးသမီး၏ အမည်ကို စိတ်မဝင်စားပါပေ။

ကတ်စီဒီမှာ အန်လင်း၏ မကျေမနပ်အမူအရာကို မြင်ကာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း အပြုံးတစ်ခု အားတင်းဆင်မြန်းကာ အန်လင်းကို နှုတ်ဆက်လက်ပြလိုက်လေ၏။

သို့ဖြစ်၍ အန်လင်းက နောက်ဆုံးတွင် ဤချိန်ကိုက်ဗုံးအား မောင်းထုတ်လိုက်နိုင်လေပြီ။

ကတ်စီဒီ အဝေးသို့ ပျံသွားသောအခါ ရွှယ်ကျန်းထျန်က အန်လင်းဆီသို့ စိတ်လှုပ်ရှားစွာ ပျံသန်းလာလေ၏။ “သခင်၊ နာမည်ပြောင်းလိုက်တာလား။ ပြောရမယ်ဆိုရင်တော့ နာမည်အသစ်က မူရင်းထက်ပိုကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့လူ လူမျိုးအတူတူဖြစ်သွားပြီ။”

အန်လင်းပ ခပ်ဖွဖွ ရယ်မောလိုက်လေ၏။ “ဘယ်သူက မင်းနဲ့ လူမျိုးတူတာလဲ။ မင်းက သားရဲတစ်ကောင်လေ လူသားမှ မဟုတ်တာ။”

ရွှယ်ကျန်းထျန်က သူ့၏ ကြီးမားလုံးဝန်းသော မျက်လုံးများကို စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်လေ၏။ “အဲဒါက အဓိက အကြောင်းအရင်းနဲ့ မဆိုင်ဘူးလားလို့။”

အန်လင်းက ရှင်းပြလိုက်လေ၏။ “ငါက အဲ့သွေးမျိုးနွယ်စု အမျိုးသမီးကို ငါ့နာမည်အရင်း မပြောပြချင်လို့ပါ။ အဲ့လိုမှ မဟုတ်ရင် သူမက တစ်နေ့နေ့ကျရင် ငါ့နာမည်ကိုသုံးပြီး ဆန်းကြယ်နည်းစနစ်တစ်ချို့နဲ့ ငါ့ကို ကျိန်စာတိုက်လိမ့်မယ်။”

ထိုနောက် သူက သူ့သိုလှောင်လက်စွပ်ထဲမှ သွေးကျောက်စိမ်းအခေါင်းကို ထုတ်လိုက်ပြီး သူ့၏ အံ့ဖွယ်စစ်မေးခြင်းနည်းစနစ်ဖြင့် ကြည့်ရှုလိုက်လေ၏။

“သွေးဝိညာဉ် ကျောက်စိမ်း အခေါင်း : သက်ရှသတ္တဝါတစ်ဦး၏ သတိတရားနှင့် ခန္ဓာကိုယ်ကို သေလုနီးပါးအချိန်မှာတောင်မှ ထိန်းသိမ်းထားပေးနိုင်သော အလယ်အလတ်အဆင့် အင်မော်တယ် လက်နက်။ အခေါင်းမှာ သူ့ပတ်ဝန်းကျင်မှ အသက်စွမ်းအား စွမ်းအင်များကို စုပ်ယူနိုင်ကာ အသုံးပြုသူကို ပြန်လည် ကောင်းမွန်စေ၏။”

အန်လင်းက ကျေနပ်စွာ ပြုံးလိုက်လေ၏။ ဤအင်မော်တယ် လက်နက်တစ်ခုတည်းကပင် အတော်ပင် တန်ကြေးများနေပေပြီ။

သူက ကတ်စီဒီ၏ သိုလှောင်လက်စွပ်ကို သန့်စင်လိုက်ရာ ပါဝင်ပစ္စည်းများကို သူ့၏ အံ့ဖွယ်အာရုံဖြင့် ရှာဖွေလိုက်လေ၏။

မြင်လိုက်ရသော အရာကြောင့် သူ့၏ အမူအရာက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပျော်မြူးသော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။

အတော်ကို များတဲ့ ပမာဏပဲ။

မျှော်လင့်ထားသည့်အတိုင်းပင် ကတ်စီဒီမှာ တခြားသော ခွန်အကြီး ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ထားသည့် ဖြစ်နိုင်ခြေမှာ အလွန်များပေ၏။

ထို့အပြင် သူမက ထိုခွန်အားကြီး ပုဂ္ဂိုလ်ကိုလဲ သတ်ခဲ့ပေ၏။

ဤအချက်မှာ သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများကြောင့် အတည်ပြုနိုင်ပေ၏။

ဥက္ကခဲ ဂုံး​ကောင်များ၊ ပင်လယ်နတ်ဘုရား တုတ်ချောင်းများ၊ ပုံရိပ်ယောင် အိပ်မက်ပုလဲများ... ကဲ့သို့သော ပစ္စည်းများနှင့် သမုဒ္ဓရာနှင့်ဆိုင်သော ထုတ်ကုန်များနှင့် ရေအမျိုးအစား စိတ်ဝိညာဉ် ဆေးတောင့်များ ရှိပေ၏...။

အန်လင်းက ထိုပစ္စည်းများအားလုကို စစ်ဆေးလိုက်ကာ သူမ သတ်ခဲ့သော ခွန်အားကြီး ပုဂ္ဂိုလ်မှာ အနောက်ပင်လယ်မှ ဖြစ်သည်ဟု ကောက်ချက်ချလိုက်လေ၏။

ထို့နောက် သူက ကတ်စီဒီ၏ ပိုင်ဆိုင်မှုမျကို စာရင်း ပြုလိုက်လေ၏။

သက်ရှိကျောက်တုံး ၁၆၂တုံး၊ စိတ်ဝိညာဉ် လက်နက် ၁၅ခု၊ စိတ်ဝိညာဉ် ဆေးတောင့် ၄၁တောင့်၊ စိတ်ဝိညာဉ် သစ်သီး ၂၅လုံး၊ ပင်လယ်ထွက်ပစ္စည်းများ တစ်ပုံကြီးနှင့် လက်နက် သန့်စင်ရေး ပစ္စည်းများတစ်ချို့တို့ရှိလေ၏။

အင်မော်တယ် လက်နက်မရှိသော်လည်း အင်မော်တယ်ဆေးတောင့် ၄တောင့် ရှိပေ၏။

အဆင့်၈ အင်မော်တယ် ဆေးတောင့်အမျိုးအစားတစ်ခုဖြစ်သော သွေးမိစ္ဆာ ဆေးတောင့် ၃တောင့် ရှိလေ၏။ ထိုဆေးတောင့် သုံးခုမှာ တိုက်ပွဲအတွင်း၌ အလျင်အမြန် သွေး၊ သင်ရှိစွမ်းအင်နှင့် ဒဏ်ရာများ ပြန်လည် ကောင်းမွန်ရေးတို့တွင် အလွန်အသုံးဝင်ပေ၏။

နောက်ဆုံး အင်မော်တယ် ဆေးတောင့်မှာ အဆင့် ၆ အင်မော်တယ် ဆေးတောင့်ဖြစ်သော မိုးပြာရောင်ဝိညာဉ် ဆေးတောင့်ဖြစ်ပြီး ထိုသည်က ရေနှင့်ပတ်သတ်သော အထုံကို တိုးတက်စေပြီး ရေအမျိုးအစားမန္တန်နည်းစနစ်များ ညာဏ်အလင်းရခြင်းတွင် အနည်းငယ် ကူညီပေးနိုင်ပေ၏။

အရေးအကြီးဆုံးမှာ ရွှေရောင် နယ်မြေအဆီအနှစ်သလင်းကျောက် ၅ခု ရှိနေခြင်းပင်။

အန်လင်းမှာ ထို ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၅ခုကို မြင်ပြီးနောက် မျက်ရည်ဝဲသည်အထိ စိတ်လှုပ်ရှားသွားလေ၏။

သူ့၏ -စ်ကို ကယ်တင်ရန်အတွက် ၉၅ခု ထပ်စုရန် လိုအပ်ပါသေး၏...။

ထိုအပြင် အနီရောင် နယ်မြေအဆီအနှစ်သလင်းကျောက် ၁၂ခုနှင့် အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၃၁ခုလဲ ရှိသေးပေ၏။

အန်လင်းက သူ့၏ သိုလှောင်လက်စွပ်ထဲရှိ အရာအားလုံးကို တွက်ချက်ကြည့်လိုက်ရာ သူ့၏ အသားတင် ပိုင်ဆိုင်မှုက စိတ်ဝိညာဉ် ကျောက်တုံး သန်း၂၀ကျော်သွားပြီကို တွေ့လိုက်ရ၏။ ထိုသည်ကို သိပြီးနောက် သူက အတော်လေး ကျေနပ်နေပေ၏။ မည်သို့ဆိုဆို ပိုက်ဆံကဲ့သို အရာမျိုးက ပိုများလေလေ ပိုကောင်းလေဖြစ်ပေ၏။

သူ့၏ သိုလှောင်လက်စွပ်ထဲမှ အရာရာကို န္က်ချက်ပြီး သိပ်မကြာခင်မှာပင် သူ့ရှေ့မှ နေရာလပ်က တဖြည်းဖြည်း ပွင့်လာလေတော့၏။

အန်လင်းက ချင်ချင်းပင် သူ့၏ အုတ်ခဲပေါ်၌ အံကြိတ်ကာ တုံ့ဆိုင်းနေပြီး သူ့နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်သွားတော့မလိုပင် ဖြစ်နေလေ၏။

ဤအကွာအဝေး ကြိုးကိုင်ခြင်း စွမ်းအားမှာ... သူက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ တိုက်ခိုက်ခြင်း ခံရပြီလား။

အနက်ရောင် ဝတ်ရုံ လျော့ရဲရဲကို ဝတ်ဆင်ထားသော လှအသည့်အမျိုးသမီးတစ်ဦးက အကွာအဝေး အက်ကွဲကြောင်းမှ ထွက်လာလေ၏။

သူမက လက်နှစ်ဘက်ကို သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ တင်းတင်းဆုပ်ကာ အန်လင်းကို မျက်ရည်အပြည့်နှင့် သနားစဖွယ် ကြည့်လိုက်လေ၏။

ထို့နောက် သူမက အသက်ပြင်းပြင်းရှုလိုက်ကာ အရေးကြီးပြီး ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရသကဲ့သို့ အသံတုန်တုန်ဖြင့် ပြောလာလေ၏။

“အန်ရီထျန်... ငါ...ငါ နင်နဲ့ အစေခံစာချုပ်ချုပ်ဖို့ သဘောတူတယ်...။”

အန်လင်း : “...”

----------------

All Chapters