← Chapters

အဘိုးအို၏အတိတ်

Vol. 43 Ch. 600

အဘိုးအို၏အတိတ်

Vol. 43 Ch. 600

“တင်! တာဝန် ပြီးဆုံးသွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ တာအိုအဆင့် ဓားစိတ်ဆန္ဒကို ဆုချလိုက်ပါတယ်ရှင့်" တစ်ချိန်တည်းမှာပင် ယဲ့ကျွင်းလင်၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်တစ်ခု ပေါ်ထွက်လာသည်။

မမြင်ရသော်လည်း ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ခြုံလွှမ်းထားသော စွမ်းအင်သည် အသွင်ပြောင်းသွားခဲ့သည်။ သူ၏ ခေါင်းပေါ်ရှိ ငွေဖြူရောင် ဆံပင်တစ်မျှင်ပင်လျှင် ကောင်းကင်ကို ခွဲခြမ်းပြီး ကမ္ဘာမြေကို နှစ်ပိုင်းဖြတ်တော့မည့်အလား ထက်သန်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်နေပုံရပြီး သူ၏ တည်ရှိမှုသည် တမုဟုတ်ချင်း ပေါ်လွင်ထင်ရှားလျက် အရှေ့တည့်တည့်ရှိ မသေမျိုးဘုရင်များမှာ ထိုပုဂ္ဂိုလ်ကို တိုက်ရိုက်ကြည့်ဖို့ပင် ခက်ခဲလာကြတော့၏။

“မဟာမိတ် ခေါင်းဆောင်ယဲ့၊ ဒါက…” ကျန်းချင်ကျန့်နှင့် အခြားသူများသည် လည်ချောင်းများ ခြောက်သွေ့ပြီး နှလုံးသားများ တုန်လှုပ်လာသည်ကို ခံစားရကာ သူတို့၏ ရှေ့တွင် ရပ်နေသူသည် မည်သူတစ်ဦးတစ်ယောက်နှင့်မှ မတူသော နတ်ဘုရားဘုံရှိ ဓားတစ်ချောင်းကဲ့သို့ ထက်ရှလျက်ရှိကြောင်း ခံစားမိရ၏။ ဖြာထွက်နေသော ဓားစွမ်းအင်သည် ကောင်းကင်သို့တိုင် မြင့်တက်နေပြီး အရပ်မျက်နှာအားလုံးရှိ သက်ရှိတို့ကို အချိန်မရွေး ရှင်းလင်းသတ်ဖြတ်ကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိသည်ဟု ခံစားမိရသည်။

“ဟင်” ချင်းလျန် ဓားမသေမျိုး၏ မျက်ဆံများ တုန်ယင်သွားပြီး သူ၏ နှလုံးသားများ လှိုင်းများဖြင့် ရိုပ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားရသည်။

ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒအဆင့်တွင် ရှိနေသောသောသူအဖို့ သူမရောက်နိုင်သေးသော ဓားတာအို စွမ်းအင်ကို အာရုံခံလိုက်နိုင်သည်။

အကြီးအကဲယဲ့သည် ထိုမျှအဆင့်မြင့်နေပြီးသား ဖြစ်ပါသလော။

အကယ်၍ အမှန်တကယ်သာ ထိုအဆင့်ထိ ရောက်ရှိနေပြီးပါက ရှေးခေတ်မှာ ထိုသူ၏မူရင်းသဏ္ဌာန်ကား ပိုလို့ပင် ခန့်မှန်းရခက်ပေတော့မည်။

"ဟဲဟဲ၊ ဒီတစ်ခုက ထိန်းချုပ်ဖို့ တော်တော် ခက်ခဲသားပဲ…” ယဲ့ကျွင်းလင်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် တဖျတ်ဖျတ်လက်နေပြီး တစ်ခဏမျှ စူးစမ်းလေ့လာကြည့်လိုက်ပြီးနောက် ဤ ရုတ်တရက် ပေါ်ပေါက်လာသော တာအိုအဆင့် ဓားစိတ်ဆန္ဒကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့သည်။

မကြာမီတွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ထက်ရှသော စွမ်းအင်သည် အတန်ငယ် လျော့ကျသွားပြီး ထိုစွမ်းအင်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သွားခဲ့သည်။ မဟုတ်ပါက ပတ်ဝန်းကျင်ရှိ လူများသည် သူ့ကို တိုက်ရိုက်ကြည့်ရန် သို့မဟုတ် အနားကပ်ဖို့ရန်ပင် ခက်ခဲကုန်ကြပေမည်။

ဤသည်မှာ တာအိုအဆင့် ဓားစိတ်ဆန္ဒ၏ အာဏာစက် ဖြစ်သည်။ အပြင်သို့ ထုတ်လွှတ်လိုက်သော ဓားစိတ်ဆန္ဒ၏ အစွန်အဖျားသည်ပင် အမြင့်ပေ ထောင်ပေါင်းများစွာရှိသော တောင်များကို ဖြတ်တောက်နိုင်သည့် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထား၏။

“အသင်တို့အားလုံး မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ဝင်ဖို့ ရွေးချယ်ခဲ့တာကြောင့် အားလုံးဟာ ကျွန်တော်၊ ယဲ့ကျွင်းလင်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေပဲ။ ဒီနေရာမှာ စည်းကမ်းတွေ အရမ်း များများစားစား မရှိပါဘူး။ လူသားမျိုးနွယ်တစ်ဦးအနေနဲ့ အရေးကြီးဆုံး လိုအပ်တဲ့အရာက ပျော်ရွှင်မှုပဲလေ။” ယဲ့ကျွင်းလင်က ပြုံးကာ ဆိုသည်။

“မဟာမိတ် ခေါင်းဆောင်ယဲ့က စတတ်နောက်တတ်တာပဲ။” ကျန်းချင်ကျန့်နှင့် အခြားသူများသည် သူ့စကားကို အပျော်သက်သက် စနောက်ရုံလောက်သာ သဘောထားကြသည်ပင်။

စကားပုံအရ စည်းကမ်းတကျမရှိဘဲ ဘာတစ်ခုမှ မအောင်မြင်နိုင်ဟု။ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် နံပါတ်တစ် ကျင့်ကြံခြင်း အင်အားစုဟု သတ်မှတ်ခေါ်ဝေါ်ခံရသည်နှင့်အမျှ ၎င်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံသည်လည်း အဆင့်ဆင့်အထပ်ထပ်ဖြင့် တင်းကျပ်ခိုင်မာသော စည်းမျဥ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ရှိရမည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့အမြင် မှားယွင်းသွားသည် ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ကျွင်းလင် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် တိုးတက်အောင်မြင်စေရန် လုံးဝမဟုတ်ပါဘဲ ဆုလာဘ်တစ်ခုကို ရယူရန် သက်သက် ဖြစ်လေသည်။

“မဟာမိတ် ခေါင်းဆောင်ယဲ့၊ ဒီ အဘိုးအိုရဲ့ အမြင်အရ အရေးကြီးဆုံး ဦးစားပေးအလုပ်ကတော့ အပြင်ပန်း ကျင့်ဝတ်စည်းမျဥ်းကို တည်ထောင်ဖို့၊ မိုက်မဲရမ်းကားနေတဲ့ ပြန်လည်ရှင်သန်နိုးထာလာသူတွေကို ထိန်းချုပ်ဖို့၊ ရှုပ်ထွေးနေတဲ့ အခြေအနေအမျိုးမျိုးကို ရှင်းလင်းဖို့နဲ့ သတ္တဝါအပေါင်း စည်းမျဥ်းစည်းကမ်းတွေ သေချာလိုက်နာစေပြီး ကမ္ဘာငြိမ်းချမ်းရေးကို ထူထောင်ဖို့ပါပဲ။” ချင်းလျန် ဓားမသေမျိုးက နက်ရှိုင်းသောအသံဖြင့် ဆိုသည်။

“ဟုတ်တာပေါ့ဗျာ" ကျန်းချင်ကျန့်နှင့် အခြားသူများက ခေါင်းညိတ်ထောက်ခံကြသည်။

လက်ရှိ အလယ်ပိုင်းဒေသသည် အရှုပ်အထွေးများအလယ်တွင် ရှိနေပြီး သားရဲအမျိုးမျိုးနှင့် နတ်ဆိုးများက မရပ်မနား နိုးထပေါ်ထွက်လာကြကာ နေရာများစွာတွင် အဓိကရုဏ်းများ မကြာခဏ ပေါ်ပေါက်နေလျက်ရှိ၏။ အလယ်ပိုင်းဒေသ ကျင့်ကြံရေးလောက၏ ဖွံ့ဖြိုးတိုးတက်မှုမှာ စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

ရက်စက်သော ဂြိုလ်သား သတ္တဝါအချို့ဆိုလျှင် လူသားမျိုးနွယ်ကို အာဟာရဖြည့်စွက်စာအဖြစ် သီးသန့် မွေးမြူကာ သူတို့၏ ငတ်မွတ်ဆာလောင်မှုကို ဖြေသိမ့်ဖို့ရာ ပုံမှန် စားသုံးနေကြလေသည်။

ထို့အပြင် အကြံအစည်တချို့ ရှိနေသော ပြန်လည်ရှင်သန်နိုးထလာသူများသည် ဒေသတွင်း ကျင့်ကြံခြင်း အရင်းအမြစ်များကို နောက်ကွယ်မှ ခိုင်မြဲစွာ ထိန်းချုပ်ထားပြီး သာမန် ကျင့်ကြံသူများ၏ တိုးတက်ရေးလမ်းကို ညီတူညီမျှ ပိတ်ဆို့ထားကုန်ကြ၏။

ဒီအတိုင်း ဆက်သွားမည်ဆိုလျှင် အားကောင်းသူကသာ ပိုမိုအားကောင်းလာပြီး အားနည်းသူတို့မှာ တက်လမ်းပိတ် ခိုကိုးရာမဲ့ဘဝသို့ ကျရောက်သွားကာ ကျင့်ကြံရေးလောကသည်လည်း အစွန်းရောက်ဝါဒီအတွင်းသို့ ကျရောက်သွားပေလိမ့်မည်။

ကျင့်ကြံခြင်းကမ္ဘာ၏ ပုံမှန်မျှခြေကို ထိန်းသိမ်းခြင်းအားဖြင့်သာ အနာဂတ်တွင် ပိုမို အားကောင်းသော ကျင့်ကြံသူများ မွေးဖွားလာနိုင်ပေမည်။ ဤသို့ သဟဇာတမဖြစ်လှသော အာဏာစိုးမိုးမှုများအောက်တွင် ပါရမီရှင်များစွာ ဖိနှိပ်ချိုးနှိမ်ခံရလျက် ပျောက်ကွယ်သွားနိုင်ပေသည်။

အရေးကြီးဆုံးမှာ လက်ရှိ အားကောင်းသော ပြန်လည်နိုးထရှင်သန်လာသူများမှာ ဆက်လက်တိုးတက်ဖို့ရာ လမ်းမရှိတော့။ သူတို့၏ကျင့်ကြံဆင့်မှာ အကန့်အသတ်တစ်ခုတွင် ပိတ်ဆို့ရပ်တန့်ကုန်ကြလေပြီ။ ထိုအချင်းအရာကို လက်မခံနိုင်စွာဖြင့် ဤသို့ ဆက်လက်တစ်ဖက်ပိတ်နေဦးမည်ဆိုလျှင် ကျင့်ကြံရေးလောက ဆုတ်ယုတ်ပျက်စီးခြင်းမှလွဲ တခြားလမ်းမရှိတော့ချေ။

အချိန်ကြာလာသည်နှင့်အမျှ ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေမည်။

ထို့ကြောင့် ပြီးပြည့်စုံ၍ စနစ်ကျသော ကျင့်ဝတ်စည်းမျဥ်းကို ဖော်ဆောင်ရေးဆွဲခြင်းအားဖြင့် ပြန်လည်နိုးထလာသူ ကျင့်ကြံသူအများစုကို ရမ်းကားမိုက်မဲနေခြင်းမှ တားဆီးနိုင်ကာ ခေတ်ပြိုင် ကျင့်ကြံသူများအား ဖွံ့ဖြိုးတိုးတက်ဖို့ရာ နေရာပေးခြင်းအားဖြင့် ကျင့်ကြံခြင်း ကမ္ဘာတစ်ခုလုံး ပြန်လည် ထွန်းကားစည်ပင်နိုင်ပေမည်။

ရေတိုအတွက်ဖြစ်စေ ရေရှည်အတွက်ဖြစ်စေ ကျင့်ကြံရေးလောက၏ နောင်မျိုးဆက်များအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ရပ်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။

“ဒါက ဖြစ်သင့်ပါတယ်။ ဧကရီဖူယောင်တောင်မှ အားနည်းရာကနေ တစ်ဆင့်ချင်း တိုးတက်သန်မာလာခဲ့ရတာ။ အခုက စွမ်းစွမ်းတမံ သူရဲကောင်းတွေ ယှဥ်ပြိုင်နေတဲ့ခေတ်လို့ ထင်ရပေမဲ့ အမှန်တကယ်ကျ ထိပ်ပိုင်းအဆင့်တွေကပဲ ကြီးစိုးနေပြီး နောက်ဆုံးမှာ အကျိုးဆက်က အဆိုးဘက်ကိုပဲ ဦးတည်သွားလိမ့်မယ်။" ကောင်းပုလီက အလေးအနက် ထောက်ခံသည်။

ချင်းလျန် ဓားမသေမျိုး၏ အမူအရာသည် ပြောင်းလဲသွားပြီး လေးစားစွာ ဦးညွှတ်လျက် မေးလာသည်။ “ဒီ အကြီးအကဲက ကျွန်တော်တို့ကြားဖူးထားတဲ့ ဧကရီဖူယောင်ရဲ့ နောက်လိုက်ပါလား"

ကောင်းပုလီ၏ လူလိုလိုခွေးလိုလို အဆင်အပြင်ကြောင့် ခွေးမျိုးနွယ်နှင့်ဆက်စပ်ဖို့က သိပ်မခက်ခဲပါချေ။

ကောင်းပုလီသည် မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး သူ၏ ခွေးမျက်လုံးလေးများ တလက်လက်တောက်ပလာသည်။ “တာအိုရောင်းရင်းက တကယ်အမြင်ရှိတာပဲ။"

“ကျွန်တော်တို့ အကြီးအကဲကို နှုတ်ခွန်းဆက်သပါတယ်"

ချင်းလျန် ဓားမသေမျိုးနှင့် အခြားသူများသည် ဦးညွှတ်အရိုအသေပြုပြီး ဧကရီဖူယောင်၏ နောက်လိုက်ဟောင်းအတွက် နက်ရှိုင်းသော လေးစားသမှုကို ပြသကြ၏။

အတိတ်မှာတုန်းက ထိုသူ၏အနေအထားမှာ မသေမျိုးဧကရာဇ်တစ်ပါးထက်ပင် ပိုမြင့်မားခဲ့သည် မဟုတ်လော။ 'ခွေးကို ရိုက်တဲ့အခါ သခင်မျက်နှာကို အရင်ကြည့်ရမယ်' ဆိုသောရှေးစကားတစ်ခု ရှိသည်။ တစ်ဖက်ခွေး၏သခင်မှာ ဧကရီဖူ‌ယောင်ဖြစ်သည်ပင်။ မည်သူမှ သူ့ကို ပေါ့ပေါ့ဆဆ မဆက်ဆံရဲကြပါ‌ချေ။

“ဒီလိုဆိုရင် တစ်ခုခုတော့ လုပ်သင့်တယ် ထင်ပါတယ်။” ယဲ့ကျွင်းလင်၏ မျက်လုံးများ အရောင်တောက်လာပြီး သူတစ်ချက် စဥ်းစားလိုက်သည်။

“ပြောပါဦး၊ အလယ်ပိုင်းဒေသမှာ လက်ရှိ လှုပ်ရှားနေတဲ့ ပြန်လည်နိုးထလာသူ ကျင့်ကြံသူ ဘယ်နှစ်ယောက်လောက် ရှိသလဲ။”

ချင်းလျန် ဓားမသေမျိုးသည် မျက်မှောင်ကြုတ်ကာ ခဏတာမျှ စဥ်းစားပြီးနောက် ဆိုသည်။ “ကျွန်တော်သိသလောက်တော့ ကျွန်တော့်နောက်က တာအိုရောင်းရင်း သုံးထောင်ဟာ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုစာပဲ ရှိပါတယ်။ အလယ်ပိုင်းဒေသမှာ လှုပ်ရှားနေတဲ့ ပြန်လည်နိုးထလာသူ ကျင့်ကြံသူအရေအတွက်ဟာ သေချာပေါက် တစ်သောင်းတော့ ကျော်ပါလိမ့်မယ်။"

“ဒီလောက် များတယ်လား” ဟုန်ချန်ယဲ့နှင့် အခြားသူများလည်း အံ့သြသွားကြသည်။ သူတို့သည် ချင်းလျန် ဓားမသေမျိုးက ကိုယ်စားပြုသော ကျင့်ကြံသူအုပ်စုသည် အကုန်အစင်မဟုတ်လျှင်တောင် တစ်ဝက်စာလောက်တော့ ရှိမည်ဟု ထင်ခဲ့ကြသည်။ ဖြစ်ချင်တော့ အစိတ်အပိုင်း တစ်ခုစာမျှသာ။

“များတယ်?” ကောင်းပုလီက လှောင်ရယ်လိုက်သည်။

“ရှေးခေတ်တုန်းက ခွင်းလွင်ကမ္ဘာရဲ့ နယ်မြေဟာ ဒီ့ထက် အဆပေါင်းသန်းထောင်ချီ ပိုပြီး ကျယ်ပြန့်ခဲ့တယ်။ ထွန်းကားပေါ်ပေါက်ခဲ့တဲ့ မျိုးနွယ်တွေများ ရေတွက်လို့တောင် မရနိုင်ဘူး။ မသေမျိုးတွေလည်း နေရာတိုင်းမှာ ရှိခဲ့တယ်။ အလယ်အလတ်အဆင့် ဘယ်မျိုးနွယ်မှာမဆို မသေမျိုးဘုရင်အဆင့်ရှိ ကျင့်ကြံသူ ရာချီလောက်အထိရှိတာ ပုံမှန်ပဲ။ ငါ့ရဲ့ ကောင်းကင်ခွေးမျိုးနွယ်မှာတောင် အထွတ်အထိပ်ကာလမှာ မသေမျိုးဘုရင် သောင်းနဲ့ချီပြီး ရှိခဲ့သေးတာ။ အခုဒါလောက်ကို များတယ်ထင်နေကြတာလား။"

ထိုစကားကို ကြားသောအခါ ဟုန်ချန်ယဲ့တို့ ခေတ်သစ်ကျင့်ကြံသူတစ်သိုက်မှာ စကားမပြောနိုင်ပင် ဖြစ်သွားရသည်။

လုံးဝကို မျက်စိပွင့်နားပွင့်လိုက်ရပြီပဲ။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ အရင် ခွင်းလွင်ကမ္ဘာမှာ နေခဲ့ရတဲ့ အကြောင်းရင်းက အတွင်းပိုင်းပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတာကြောင့် ဂူပိတ်အိပ်စက်ဖို့ပဲ ရွေးချယ်ခဲ့ရတာပါ။ ခေတ်သစ်မှာတော့ လွတ်မြောက်ဖို့ လမ်းကို ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပေါ့။” ကျန်းချင်ကျန့်က စိတ်မသက်မသာဟန် အပြုံးဖြင့် ဆိုသည်။

အခြားသူများက သူ့ကို မကျေမနပ်ကြည့်ကုန်ကြ၏။ ကိုယ့်အောက်ဖဲကိုယ် လှန်စရာ လိုလို့လားကွ။

“ကျွန်တော် နားလည်ပါတယ်။” ယဲ့ကျွင်းလင်က ခေါင်းညိတ်လိုက်သည်။

သူ ယွင်ရှန်းမသေမျိုးကျွန်းကို အမွေဆက်ခံခဲ့စဥ်က ခွင်းလွင်ကမ္ဘာက ပြင်ပမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေသော စစ်ပွဲ မြင်ကွင်းကို နောက်ကြောင်းပြန် ပြန်လည်မြင်တွေ့ခဲ့ရဖူးသည်ပင်။

ထို မြင်ကွင်းသည် အဆုံးအစမရှိ ကျယ်ပြန့်လွန်းလှကာ မသေမျိုးဘုရင်အဆင့်ဆိုသည်မှာ ထိုကြားထဲတွင် အမြှောက်စာသာသာ သာ ရှိခဲ့ပြီး မသေမျိုးဧကရာဇ်များသည်ပင် မိမိတို့အသက်ကို နှုတ်ယူမခံရဖို့အရေး အပြင်းအထန် ကြိုးစားတိုက်ခိုက်ခဲ့ကြရ၏။ ထို့ကြောင့် ကောင်းပုလီပြောသမျှကို သူလုံးဝသံသယမဝင်မိချေ။

“တာအိုရောင်းရင်း ချင်းလျန်၊ ယခုကစပြီး ခင်ဗျားက ဒုတိယ မဟာမိတ် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရပါလိမ့်မယ်။ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ အနာဂတ်ကိစ္စ အားလုံးနဲ့ မသေမျိုးတွေကို ထိန်းချုပ်ဖို့ အသုံးပြုမယ့် စည်းမျဥ်းတွေကို ခင်ဗျား တာဝန်ယူဖော်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်ကတော့ ပြန်လည်သုံးသပ်ဖို့သာ တာဝန်ယူပါ့မယ်။” ယဲ့ကျွင်းလင်သည် သေချာ စဥ်းစားပြီးနောက် မဟာမိတ်တာဝန်ကို ယုံကြည်စိတ်ချရသော လူများထံ အပ်နှင်းသင့်သည်ဟု ခံစားရသည်။

“အာ” ချင်းလျန် ဓားမသေမျိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြားလိုက်ရသည်ကိုပင် မယုံနိုင်။

"မလုပ်ချင်ဘူးလား" ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။

“ကျွန်တော် မလုပ်ချင်တာ မဟုတ်ရပါဘူး၊ ဒီ အဘိုးအိုအတွက် မြင့်မားလှတဲ့ ဂုဏ်သရေတစ်ခုပါ။ ပြဿနာက…”

“ဘာများလဲ”

“ကျွန်တော်ဟာ အခုလိုအခြေအနေမှာ ဒီလို အရေးကြီးတာဝန်ကို ထမ်းဆောင်ဖို့ ထိုက်တန်ပါဦးမလားလို့ စိုးရိမ်မိပါတယ်…” ချင်းလျန် ဓားမသေမျိုး၏ အကြည့်သည် မှေးမှိန်ဖျော့တော့သွားပြီး တိမ်ဝင်သွားသော စကားသံမှာ ယုံကြည်မှုကင်းမဲ့နေဟန်ရ၏။

တစ်ချိန်က ခွင်းလွင်ကမ္ဘာကို တုန်လှုပ်စေခဲ့သော ဓားမသေမျိုး အကြီးအကဲသည် နာမည်ကြားရုံမျှဖြင့် ဖိန့်ဖိန့်တုန်ရအောင် စိတ်အားထက်သန်ပြီး သူရဲကောင်းဆန်ခဲ့သော်ငြား ယခုမူ စိတ်နှင့်ခန္ဓာ၏ အားယုတ်မှုကြောင့် ယုံကြည်မှု ကင်းမဲ့နေခဲ့သည်။ အနားရှိလူတိုင်းမှာလည်း ကံကြမ္မာ၏မျက်နှာသာမပေးမှုအား ပြစ်တင်ရုံမှလွဲ တခြားတတ်နိုင်တာ မရှိခဲ့ပေ။

ယဲ့ကျွင်းလင်သည် အဘိုးအို၏ ပခုံးကိုပုတ်ကာ လေးနက်စွာ ဆိုသည်။ “ဘယ်လိုအခက်အခဲတွေများ ရှိနေလို့လဲ။ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပါ"

“အိမ်း” ချင်းလျန် ဓားမသေမျိုး၏ မျက်နှာသည် ဖြူဖျော့သွားပြီး သက်ပြင်းချကာ ဆိုသည်။ “မေ့လိုက်ပါတော့၊ အတိတ်က ပြန်ပြောပြဖို့တောင် နာကျင်လွန်းရပါတယ်…”

“ဒါဆိုရင် ပိုက်ဆံပြန်ပေး”

“မဟာမိတ် ခေါင်းဆောင်ယဲ့၊ ကျေးဇူးပြု၍ စိတ်ငြိမ်ငြိမ်ထားပြီး ဒီအဘိုးအို အသေးစိတ်ရှင်းပြတာကို နားထောင်ပေးပါဦး"

All Chapters