← Chapters

မီးခိုးထဲက အပြုံး

Vol. 11 Ch. 152

မီးခိုးထဲက အပြုံး

Vol. 11 Ch. 152

ပိုင်ကျီဟန် လုပ်ကြံသတ်ဖြတ်သူတွေနဲ့ တိုက်ပွဲဝင်နေစဉ်တွင် ဟုန်ထောင်သည် သူ့အစီအစဉ်အတိုင်း အဆင့်သုံး သားရဲကို သတ်ရန် လှုပ်ရှားနေ၏

“ဘုန်း”

နောက်ထပ်နံရံဘက်သည် မကောင်းဆိုးဝါးသားရဲ၏ တိုက်ခိုက်မှုနဲ့အတူ ပြိုလဲသွားချေ၏

စစ်သားတွေ မည်မျှ ရပ်တန့်ဖို့ ကြိုးစားကြပါစေ၊ အလုပ်မဖြစ်ပေ

အများစုသည် မျှော်လင့်ချက်ပျောက်ဆုံးသွားကြချေပြီ

သို့တိုင် ဟုန်ထောင်ကတော့ ပြေးနေသည်။

ထွက်ပြေးနေတာ မဟုတ်ဘဲ အနားက သားရဲကို ရင်ဆိုင်ဖို့သာ

“ဟေး..ခွေးကောင်ကြီးငါ့ကို သတ်လို့ရရင် သတ်ကြည့်”

ဟုန်ထောင်သည် အော်ပြီး သားရဲ၏သွေးများစိုနေသော အနီရောင်အလံကို ထောင်ပြလိုက်ချေ၏ ။

သူ့တွင်ရှိသည့် အရာအားလုံးနဲ့ သားရဲကို စိတ်တိုအောင်လုပ်နေတာပင်။

သားရဲ၏ နီတောက်တောက်မျက်လုံးများသည် ချက်ချင်းပင် ဟုန်ထောင်အား သတိထားမိလာကာ လူတိုင်း အရိုးကို တုန်လှုပ်စေသည့်အထိ ဟိန်းဟောက်လိုက်ချေ၏

အဆင့်သုံး သားရဲများသည် အဆင့်တစ်နဲ့နှစ်ထက် ပို၍ အသိဉာဏ်ရှိကြပြီး ဟုန်ထောင်ကို လုံးဝနားလည်သလို ခံစားသွားရသည်။

ထို့အတူ သားရဲသည် ဟုန်ထောင်ကို သတ်ရန် အရှိန်အဟုန်နဲ့ ပြေးသွားလေသည်။

(အောင်မြင်သွားပြီ)

ဟုန်ထောင်က တွေးလိုက်၏

သူတို့အစီအစဉ်လုပ်ထားသော အနက်ရောင်မှုန့် ထားသည့် နေရာကို ပြေးသွားကြလေသည်။

သူပြေးသွားချိန်တွင် ဖုန်မှုန့်များ လွှမ်းသွားပြီး နှလုံးသားကို စစ်တေးသွားနဲ့ ထုနေသလိုပင်

သူ့စိတ်ထဲတွင် ပြေးဖို့၊ ပုန်းဖို့ ၊ အသက်ရှင်ဖို့ သတိပေးနေ၏

သို့တိုင် သူမလုပ်ပေ

ပြန်လှည့်မရတော့ပေ

လမ်းတလျှောက်တွင် သူ့နဲ့အတူ ထောက်ခံပေးသူတွေလည်းရှိ၏ ဒုက္ခသည်တွေနဲ့ စစ်အဖွဲ့တွေပင်

သူတို့သည်လည်း အချို့နေရာတွေတွင် ပုန်းပြီး ပုလင်းတွေထဲမှ ဆီတွေ လောင်းကြ၊ အနက်ရောင်အမှုန့် သေတ္တာတွေကို လှည်းဖြင့်ဆွဲကြနဲ့ ကူညီပေးနေ၏

အားလုံးအလယ်မှာတော့ — ပြိုကျနေသောအဆောက်အအုံနဲ့ သစ်သားများ အောက်တွင် ထုတ်လုပ်ဖို့လုပ်ထားသော အနက်ရောင်အမှုန့်စည်ပိုင်း သုံးခုရှိနေ၏

သူတို့အတွက် တစ်ခါတည်းသာ အသုံးပြုနိုင်မည့် အခွင့်အရေးသာ

ပိုနည်းသော ပမာဏနဲ့ စမ်းကြည့်မည်ဆိုပါက မအောင်မြင်လျှင် မျှော်လင့်ချက်မရှိတော့ပေ။

ဟုန်ထောင်ပင် သူ့အသက်အန္တရာယ်ကို စွန့်စားရဲသည့်အတွက်သာ ထိုအကြမ်းဖက်အစီအစဉ်ကို သူတို့လုပ်ခဲ့ကြတာပင်

အောင်မြင်ဖို့ အခွင့်အလမ်းနည်းသည်တိုင် သူတို့သည် ပထမဆုံးနဲ့ နောက်ဆုံးတစ်ကြိမ်ကိုကြိုးစားခဲ့ကြသည်။

“မြန်မြန်လုပ်ပါ..မြန်မြန်”

ဟုတ်ထောင် အနီးကို ရောက်လာတော့ တစ်ယောက်က အော်ပြောလိုက်၏

အရာအားလုံး အဆင်သင့်ဖြစ်နေချေပြီ။

အလယ်တွင် သေတ္တာများ စုထား၏ အုတ်အကျိုးအပဲ့များအောက်တွင် အနက်ရောင်အမှုန့်များအား ဖွက်ထား၏ မီးဆွဲနေသည့် အဆောင်ကိုလည်း ထိုနေရာတွင် တစ်ဝက်မြှပ်ထား၏

သူတို့လိုအပ်တာက

“ဘုန်း”

သားရဲသည် လမ်းကြားနံရံကို ဖောက်ထွက်ပြီး ပေါက်ကွဲထွက်သွားကာ သူ့၏ကြီးမားထွားကြိုင်းသော ပုံသဏ္ဌာန်သည် အလင်းရောင်ကို ပိတ်ဆို့ထား၏ သွေးစွန်းနေသော တံတွေးသည် သူ့သွားစွယ်များကနေ လွင့်ပျံနေ၏

ဟုန်ထောင်သည် ရပ်သွားပြီး အသက်ရှူရခက်သွားအောင် ရင်တုန်နေ၏

“လာလိုက်”

သူ့အသံက အက်ကွဲနေ၏

“ မင်းငါ့ကိုလိုချင်လား…ငါ့ဆီလာ”

ဟုန်ထောင်သည် အော်ဟစ်လိုက်ပြီး အဆင့် ၃ နတ်ဆိုးသားရဲ၏ အပျက်အစီးတွေနဲ့ တုန်ခါမှုကြောင့် အရိုးကျိုးကာ ဒဏ်ရာများ အများကြီးရခဲ့သည်။

သို့တိုင် သူ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပြီး အဆင့် ၃ နတ်ဆိုးသားရဲကို ဆွဲဆောင်ရန် ကနဦးစီစဉ်ထားသည့်နေရာနဲ့ နောက်ဆုံးတွင် နီးကပ်လာခဲ့သည်။

အဆင့် ၃ သားရဲက ခုန်ချလိုက်လေ၏

(ငါးမီတာ... သုံးမီတာ...)

အဆင့် ၃ နတ်ဆိုးသားရဲသည် သူ့ခွန်အားကို အလွန်အမင်းယုံကြည်လွန်းပြီး သတိမထားမိဘဲ ချက်ချင်းဝင်တိုက်ခဲ့လေ၏

တစ်

ဟုန်ထောင်သည် နောက်ဆုံးစက္ကန့်တွင် ဘေးကို ခုန်ဆင်းပြီး သားရဲ၏ ကျယ်လောင်သော ခြေသည်းအောက်၌ လိမ့်သွားချေ၏

ဘုန်း

နတ်ဆိုးသားရဲသည် မြေကြီးပေါ်ကို ပြုတ်ကျလာပြီး သေတ္တာများနဲ့ စည်ပိုင်းများကြား ထိုးဖောက်ဝင်ရောက်ကာ ထောင်ချောက်ထဲ ပြုတ်ကျသွားလေသည်။

"အခုပဲ”

သေနတ်တစ်လက် ပစ်ဖောက်ကာ အနက်ရောင်မှုန့်ကို ထိမှန်ပြီးနောက်

ဝူး

မီးညှိကြိုးသည် ကြယ်တံခွန်လို လင်းလက်သွားချေသည်။

ခဏတာအတွင်းမှာပဲ သားရဲသည် တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်သွားပြီး ရပ်တန့်သွားချေ၏

သို့ပေမဲ့ နောက်ကျသွားချေပြီ။

ဘုန်းးးး

လမ်းတစ်ခုလုံး မီးတောက်နဲ့ မီးခိုးလုံးကြီးအဖြစ် ပေါက်ကွဲသွားသည်။

တုန်ခါမှုလှိုင်းကြောင့် အလောင်းတွေနဲ့ အပျက်အစီးများသည် နေရာတစ်ခုလုံးတွင် လွင့်စင်သွားခဲ့ပေသည်။

ဒုက္ခသည်များသည် မီတာပေါင်းများစွာအကွာကနေတောင် ဝပ်နေကြရ၏ ကောင်းကင်မှကွဲအက်သွားသည့် ကျောက်တုံးများ ကျလာပေသည်။

မီးသည် အတော်လေးပူလွန်းသဖြင့် သတ္တုမျာရ အရည်ပျော်သွားကာ ကွေးညွှတ်သွားချေသည်။

ကမ္ဘာကြီး ဖြူဖွေးသွားချေ၏

ထို့နောက် တိတ်ဆိတ်သွားပေသည်။

ပြာများသည် နှင်းများလို ကျဆင်းလာပေ၏

နတ်ဆိုးသားရဲဦးခေါင်းခွံ၏ ပျက်စီးနေသော အပိုင်းအစတစ်ခုသည် မီးခိုးတွေထွက်နေဆဲဖြစ်သော မီးအလင်းတန်းအနီး၌ ကျရောက်လာသည်။

သေပြီ

သူတို့လုပ်နိုင်ခဲ့ချေပြီ။

တကယ်လုပ်နိုင်ခဲ့၏။

"...ဟုန်ထောင်”

လူငယ်တစ်ယောက်သည် မီးခိုးတွေကြောင့် ချောင်းဆိုးနေရင်း အပျက်အစီးတွေကို ကြည့်ကာ မျက်လုံးပြူးကျယ်သွားပေ၏။

"ဟုန်ထောင် ဘယ်မှာလဲ”

ခဏကြာသည့်အထိ စကားပြန်မလာပေ

ထို့နောက် ကျိုးနေသော အုတ်ခဲပုံအောက်ကနေ လက်တစ်ဖက် ပေါက်ကွဲထွက်လာ၏

"အဟွတ် အဟွတ်...ငါအသက်ရှင်နေသေးတယ်၊ချီးပဲ”

ဟုန်ထောင်သည် မျက်နှာမည်းတူးသွားပြီး သံချပ်ကာများ စုတ်ပြဲနေကာ အပေါက်မျိုးစုံမှ သွေးများထွက်နေသည့်တိုင် အသက်ရှင်လျက် ထွက်လာပေ၏

လူအုပ်ကြီးသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

တချို့က ငိုကြွေးနေ၏

တချို့ကတော့ စိတ်သက်သာရာရသွားပေသည်။

၎င်းတို့အားလုံးထက် ဟုန်ထောင်သည် အပျက်အစီးများကြား ပက်လက်လှန်ပြီး အရူးတစ်ယောက်လို ပြုံးနေ၏

"ဒါက အလုပ်ဖြစ်လိမ့်မယ်လို့ ပြောသားပဲ”

ထို့နောက်

ဝေါင်းးးးးးးးး

ဝမ်းသာအားရသံများ ချက်ချင်းပျောက်ကွယ်သွားပေသည်။

လူတိုင်း တောင့်တင်းသွားကြ၏

မီးခိုးနဲ့ မီးတောက်ထဲကနေ ပုံရိပ်တစ်ခု ရွေ့လျားလာ၏

ကြီးမားပြီး ယိမ်းနွဲ့နေကာ အသက်ရှူနေဆဲပင်။

မီးတိုင်နောက်ကွယ်တွင် အရိပ်တစ်ခု ပေါ်လာသည်။

ထို့နောက် တောက်ပနေသော ကြက်သွေးရောင် မျက်လုံးနှစ်လုံးသည် မြူခိုးများထဲ၌ မှိတ်တုတ်မှိတ်တုတ် ပွင့်လာချေသည်

"...မဟုတ်ဘူး။"

နတ်ဆိုးဦးခေါင်းခွံ၏ မီးလောင်ကျွမ်းနေသော အကြွင်းအကျန်များအား ကျောက်စရစ်ခဲလို ဘေးကို ကန်ထုတ်လိုက်ရင်း လူငယ်အသံသည် အက်ကွဲသွားသည်။

၎င်းသည် သူ၏ဦးခေါင်းခွံ မဟုတ်ပေ

မှားယွင်းပစ်ခတ်မိတာပင်

ဒုတိယသားရဲတစ်ကောင်..ပိုသေးငယ်ကာ ဒဏ်ရာရပြီး ပေါက်ကွဲမှုထဲ ဆွဲခေါ်သွားခံရတာ ဖြစ်နိုင်သည်။

သို့တိုင် သူတို့ပစ်မှတ်ထားသည့် သားရဲတော့ မဟုတ်ပေ

တကယ့်သားရဲသည် ရပ်နေတုန်းသာ

အနက်ရောင်အကြေးခွံနှင့် အဆင့် ၃ နတ်ဆိုးသားရဲသည် ရှေ့ကို ယိုင်ထိုးသွားပြီး ခန္ဓာကိုယ် စုတ်ပြဲနေကာ အကြေးခွံတွေ ကွဲအက်နေလျက် လက်တစ်ဖက်က ပျော့ခွေနေ၏

သို့တိုင် အသက်ရှင်ပြီး ဒေါသထွက်နေပေ၏

သွေးများသည် မီးလောင်ထားသော မြေပြင်ပေါ်ကို စီးကျလာပြီး အသားကနေ အငွေ့တွေ ထွက်နေ၏

စစ်သားတွေ အော်ဟစ်ကုန်လေပြီ

"စစ်သားတွေ…ပစ်… အခုပဲပစ်”

သူတို့၌ကျန်သော ကျည်ဆန်အားလုံးသည် သားရဲဆီကို ကျရောက်လာသည်။

သားရဲကလည်း ဂရုမစိုက်ပေ

နာကျင်မှုကို လျစ်လျူရှုထား၏ သံမဏိနဲ့ မီးကို လျစ်လျူရှုထား၏ စစ်သားတွေကိုလည်း လျစ်လျူရှုထားပေ၏

သူ့မျက်လုံးတွေသည် တစ်ခုတည်းကိုသာ စိုက်ကြည့်နေသည်။

သူကတော့ ဟုန်ထောင်ပင်

သားရဲထွက်လာသည်ကို မြင်တော့ ဟုန်ထောင်သည် မျက်တောင်ခတ်လိုက်သည်။ ပျက်စီးနေသော ခေါင်းမှ ကျိုးနေသည့် ဦးချိုတစ်ခု ထွက်နေသည်။

"ရှူး”

ဟုန်ထောင်သည် လှုပ်ရှားဖို့ ကြိုးစားလေ၏ သူ့ခန္ဓာကိုယ်သည် တုံ့ပြန်မှု မရှိပေ။

သူ လှိမ့်ဖို့ ကြိုးစားလေ၏ ခြေထောက်တစ်ဖက်က ငြင်းဆန်နေပေသည်။ သူ့လက်သည်လည်း မမြှောက်နိုင်ပေ

သူ ပြီးသွားချေပြီ။

ပြီးတော့ သူ သိပေ၏

သားရဲသည် ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်တုန်ခါနေပေ၏ ခြေသည်းတွေသည် မြေကြီးကို ကုတ်ခြစ်ပြီး သေမင်းလို

ရှေ့ကို ရောက်လာချေသည်။

စစ်သားတချို့သည် ထွက်ပြေးနေကြလေသည်။

တခြားသူများကတော့ မျက်ရည်တွေကြားတွင် အော်ဟစ်ပြီး ပစ်ခတ်ပေးနေ၏ အရှိန်နှေးအောင် ဘာမဆို လုပ်နေကြချေသည်။

သို့တိုင် မည်သည့်အရာမှ အလုပ်မဖြစ်ပေ

သေခြင်းတရားသည် ဟုန်ထောင်ဆီကို တွားသွားနေသလိုသာ။ ဟုန်ထောင်သည်လည်း မအော်ပေ

သူသည် မငိုပေ

မတောင်းပန်ချေ။

မော့ကြည့်လိုက်ပြီး အခုချိန်ထိတောင် စိန်ခေါ်နေ၏

သားရဲသည် သူ့အပေါ်တွင် ကြီးစိုးနေပေသည်။ အသက်ရှုသံတိုင်းသည် အပူဒဏ်နဲ့ အနံ့ဆိုးများကို ထုတ်လွှတ်နေ၏။ သွေးနဲ့ မီးခိုးများသည် ဈာပနအဝတ်စလို လေထဲတွငိ လှည့်ပတ်နေပေ၏

ဟုန်ထောင်သည် မလှုပ်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့ချေပြီ။အရိုးတွေကျိုးကုန်ပြီး အရွတ်တွေပြဲကာ အနာများမှ သွေးများစီးကျနေချေပြီ

မြေကြီး တုန်ခါနေပြီး သားရဲသည် ကျန်လက်တစ်ဖက်ကို မြှောက်လိုက်ရာ မီးတောက်ထဲ၌ လက်သည်းများ တောက်ပနေကာ အားလုံးကိုဖျက်ဆီးနိုင်၏

၎င်းပင်။

သေခြင်းသည် နောက်ဆုံးတော့ ကျရောက်လာချေပြီ

သားရဲသည် လက်ကိုမြှောက်လိုက်လေသည်။

လက်သည်းကြီး ကျရောက်လာသည်။

အသားတွေ ပြိုကျကုန်၏

သွေးများသည် ကျိုးပဲ့နေသော ကျောက်ခဲပေါ် ပက်ဖြန်းသွားသည်။

ဟုန်ထောင်က မတုန်လှုပ်ပေ။

မဖြစ်နိုင်ပေ

နာကျင်မှုမရှိနိုင်တော့ချေ

အရာအားလုံး ပြီးသွားချေပြီ။

“ မဟုတ်ဘူး”

ပြေးလွှားနေသော ဒုက္ခသည်များသည်

အော်ဟစ်ခဲ့ကြသည်။

သူတို့အတွက်တော့ ဟုန်ထောင်သည် ဒုတိယခေါင်းဆောင်နဲ့ အသက်ကယ်သူဖြစ်သည်။

ပိုင်ကျီဟန်သည် လူအားလုံးကို အဓိကကယ်တင်သူဖြစ်သည့်တိုင်

ဟုန်ထာင်သည်လည်း သူ့အစွမ်းရှိသလောက် အားလုံးကို ကယ်ဖို့ ကြိုးစားခဲ့သည်။

သူ့အနေနဲ့ သတ္တိရှိလို့မဟုတ်ဘဲ လိုအပ်လို့ စွန့်စားခဲ့တာပင်

နောက်ဆုံးအချိန်အထိလည်း မဖြစ်နိုင်သောအရာကို ဖြစ်လာရန် မျှော်လင့်နေကြ၏။

စစ်သားများသည် ၎င်းတို့အတွက် အရေးကြီးသူတစ်ဦးအား ဆုံးရှုံးရမည့် နာကျင်မှုကို နားလည်ကာ တခြားသူများကိုကယ်တင်ရန် သူ့ကိုသူစတေးသည့် ဟုန်ထောင်ကို လေးစားနေကြသည်။

“ပစ်..ဦးခေါင်းကို ဦးတည်ပြီး ပစ်လိုက်”

ထိရောက်တာကြောင့် အဆင့်(၃)သားရဲကို ပစ်တာမျိုး မဟုတ်ဘဲ ၎င်းသည် သူတို့ လုပ်နိုင်သည့် တစ်ခုတည်းကြောင့်သာ

ဟုန်ထောင်သည် မြေကြီးပေါ်တွင် လဲကျနေပြီး ကောင်းကင်မဲမဲကို လှည့်ကြည့်နေသည်။ မြင်ကွင်းနယ်ပယ်သည် မှုန်းဝါးပြီး ပြာဝေလာသည်။

ကမ္ဘာကြီးသည် ဖရိုဖရဲလို လှည့်ပတ်နေ၏

အော်ဟစ်သံများ၊သေနတ်အသံများနဲ့ ကျောက်တုံးပြတ်ထွက်သံများသည် အားလုံးနဲ့ ဝေးကွာသွားချေသည်။

အိပ်မက်တစ်ခုထဲမှ အသံတွေလိုသာ

အသက်ရှုသံတောင် ပျော့ပြီး နှေးလာ၏ မကြာခင် ပျောက်သွားတော့မည်သာ။

သားရဲသည် ယိုင်ထိုးယိုင်ထိုးဖြင့် ရှေ့သို့ တိုးလာပြီး လောင်ကျွမ်းနေသော အမုန်းတရားဖြင့် သူ့ကိုယ်သူ ဆွဲငင်ကာ ကျိုးပဲ့နေသော နေရာမှ သွေးများ စီးကျနေသည်။

ဟုန်ထောင်သည် သူ့ကို လိုက်ကြည့်မနေတော့ပေ

သူဂရုမစိုက်ပေ

သူ့တာဝန် ပြီးသွားချေပြီ။

နောင်တရစရာ မရှိတော့ပေ

မနက်ခင်းပထမဆုံးအလင်း ရောင်ခြည်သည် မီးခိုးငွေ့တွေ တလူလူနဲ့ အပျက်အစီးမှ ထွက်လာသောအခါ ကမ္ဘာကြီးတစ်ခုလုံးက အသက်ရှူရပ်သွားသလို ခံစားရသည်။

သားရဲသည် တစ်ခုခုကိုအာရုံခံမိသလို ရပ်တန့်သွား၏

မြေကြီးတောင် တိတ်ဆိတ်သွားချေသည်။

ထို့နောက်

မီးခိုးအတွင်းမှ တစ်စုံတစ်ယောက် လှမ်းလာသည်။

နေရောင်အလင်းထဲရှိ မီးလောင်သွားသောကျောက်ခဲပေါ်တွင် ရွှေရောင်အလင်း ထွက်ပေါ်နေ၏ပိုင်ကျီဟန် ပေါ်လာချေပြီ

သားရဲသည် ဒဏ်ရာရဆဲမျက်နှာနဲ့ သူ့ကိုလှည့်ကြည့်လေ၏

သို့တိုင် ဟုန်ထောင်က ဘာမျှ မမြင်တော့ပေ

သူ့နောက်ဆုံးမျက်လုံးများမှ မြင်သည့်အရာ တစ်ခုတည်းသာ

ထိုသဏ္ဍာန်

ထိုမဖြစ်နိုင်သော တည်ရှိမှု

နောက်ဆုံးအကြိမ်

သူ စပြုံးလိုက်၏

မျက်လုံးကို ပိတ်ချလိုက်ချေသည်။

ထို့နောက် သူသေဆုံးသွားပေသည်။

All Chapters