ဝန်ခံ ဒါမှမဟုတ် သေတော့
Vol. 11 Ch. 154
ရက်အနည်းငယ်အကြာတွင်
သံမြူနှင်းမြို့ရှိ လူအများသည် စွန့်လွှတ်အနစ်နာခံမှုကြောင့် ဆုံးရှုံးခဲ့ရသော လူများအတွက် ဝမ်းနည်းကြေကွဲသည့်ကာလသို့ ရောက်ရှိခဲ့ကြသည်။
ဒုက္ခသည်အားလုံးသည် ဟုန်ထောင်၏ ဈာပနသို့တက်ရောက်ရင်း ငိုကြွေးကာ သူပိုင်ဆိုင်သည့်အရာကို ကာကွယ်ဖို့ ကတိပြုခဲ့ကြသည်။
သို့သော် ပြဿနာတစ်ခုဖြေရှင်းပြီးသည်နှင့် ရန်သူများအား အနားပေးထားခြင်း မရှိပေ
အမတ်သွမ်နှင့် သူ၏မဟာမိတ်များသည် မင်းသမီး ဖေးလိန်ကို သူမ၏မင်းသမီးရာထူးမှ ထုတ်ပယ်ရန် လုပ်နေ၏
လုပ်ကြံမှုမအောင်မြင်သောကြောင့် မင်းသမီးဖေးလိန်အား မကျေနပ်သောလူများ ထကြွကာ နှုတ်ထွက်ဖို့ မျှော်လင့်လာကြသည်။
သို့သော် မကြာသေးမီက သူမ၏စွမ်းဆောင်ရည်ကြောင့် ညည်းညူသံများ ပျောက်ကွယ်သွားတော့မတတ်ပင်
သူမသည် ပိုင်ကျီဟန်ထံမှ သေနတ်များရရှိခဲ့ပြီး နတ်ဆိုးသားရဲများ ကျူးကျော်ဝင်ရောက်လာချိန်တွင် မြို့ကိုကာကွယ်ရန် သူမပေါ်လာခဲ့သည်။
သူမ၏အမည်ကို ဖျက်ဆီးရန် ၎င်းတို့၏ယခင်ကြိုးပမ်းမှုသည် ယခုတစ်ကြိမ်တွင် အလုပ်မဖြစ်တော့ပေ။ မကောင်းသောကောလာဟလများ ဖြန့်ဝေရန် ကြိုးစားနေသူများသည် ရိုက်နှက်ခံခဲ့ရသည်။
မင်းသမီး ဖေးလိန်သည်လည်း မြို့ပြန်လည်တည်ဆောက်ရေးတွင် အလုပ်များနေသည်။
အားလုံး၏ အဓိကနေရာဖြစ်သော အတွင်းပိုင်းမြို့သည် ရည်ရွယ်ချက်အသစ်များနဲ့ စည်ကားနေခဲ့သည်။ စစ်သားများသည် အခုတော့ အလုပ်သမားတွေ ဖြစ်နေချေပြီ။
ဒုက္ခသည်များကတော့ အုတ်စီသမားများ၊ လက်သမားများနဲ့ သယ်ယူပို့ဆောင်ရေးသမားများ ဖြစ်လာကြသည်။
မင်းသမီး ဖေးလိန်သည် အစားအစာသိုလှောင်ရုံများကို စနစ်တကျ ခွဲတမ်းချထားပေးရန်နဲ့ ကိရိယာတန်ဆာပလာများကို အရေးပေါ်အခြေအနေအလိုက် ဖြန့်ဝေပေးရန် ကိုယ်တိုင်စီစဉ်ပေးခဲ့သည်။ ပျက်စီးနေသော မြေများနဲ့ ပြိုကျသွားသည့် အနောက်ဘက်တံခါးကနေ စတင်ပြင်ဆင်ခဲ့သည်။
နတ်ဆိုးသားရဲအများစုအား တိုက်ခိုက်ပြီးသွားသည့်အတွက် အလယ်နဲ့ အပြင်မြို့ကို ပြန်လည်ရယူဖို့လည်း ကြိုးပမ်းခဲ့ကြသည်။
၎င်းသည် ကောက်ကွေးနေသော အလောင်းများ၊ ပျက်စီးနေသော အိမ်များနဲ့ ဒုက္ခသည်များအတွက် ပျက်စီးနေသော အမှတ်တရများရှိသည့် သင်္ချိုင်းတစ်ခု ဖြစ်ခဲ့သည်။
သို့တိုင် သူတို့ ပြန်သွားခဲ့ကြသည်။
မင်းသမီး ဖေးလိန် အမိန့်အောက်၌ ကင်းထောက်အဖွဲ့တစ်ဖွဲ့သည် နယ်နိမိတ်ကို ရှင်းလင်းခဲ့သည်။
လမ်းလွဲနေသော နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာသည် ပျက်စီးနေသော လမ်းတွေပေါ်၌ လှည့်လည်သွားလာနေကြသည်။ အဓိကတပ်နဲ့ မပူးပေါင်းရသေးဘဲ ပျက်စီးယိုယွင်းမှုတွေကို ဖျက်ဆီးနေဆဲသာ။
သို့ပေမဲ့ သေနတ်ကိုင်ထားသည့် စစ်သားတွေနဲ့ တွေ့တော့?
သူတို့၌ အခွင့်အရေး မရှိပေ။
တစ်ကောင် ခေါင်းထောင်လိုက်သည်နဲ့ ဘန်းခနဲပင် ။ မိုးကြိုးပစ်သံသည် လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားပြီး အသားအိတ်လို ပြုတ်ကျသွားချေသည်။
အံ့သြစရာကောင်းတာက အသက်ရှင်
ကျန်ရစ်ပြီး ကယ်တင်ခံရလို့ ဝမ်းသာနေသည့်လူတွေ ရှိနေသေး၏။
သံမြူနှင်းမြို့သူ မြို့သားများသည် နောက်ဆုံးတော့ အနာဂတ်ဆီ ရွေ့လျားသွားသည်ဟု ထင်ရသည်။
ပိုင်ကျီဟန်ကရော
ထိုစမ်းသပ်မှုကို သူဘယ်တော့ ကျော်ဖြတ်နိုင်မလဲဟု တွေးနေမိသည်။
နတ်ဆိုးသားရဲတွေ၏ ကျူးကျော်မှုကို ရပ်တန့်ပြီး မြို့ကို ကယ်တင်နိုင်ခဲ့သည့်အချိန်မှာတော့ စမ်းသပ်မှု ပြီး
သင့်ပြီဟု သူထင်ခဲ့သည်။
သို့တိုင် သူ ပိတ်မိနေတုန်းသာ
ထို့နောက် လုပ်ရမည့် အရာတစ်ခုသာ ရှိပြီး ၎င်းကတော့ မင်းသမီး ဖေးလိန်၏ ရန်သူတွေကို သတ်ဖို့ပင်
သူမ ရန်သူအားလုံး မသေလျှင် သံမဏိမြူနှင်းမြို့ ဖျက်ဆီးခံရမည့် အန္တရာယ်နဲ့ ရင်ဆိုင်နေရဆဲပင်။
မည်သို့ပင်ဆိုစေကာမူ အောင်မြင်ရန် သိပ်မခက်ခဲပေ။ လက်ချောင်းတစ်ချောင်းတောင် မြှောက်ဖို့ မလိုပေ
"အကောင်တွေငါ့ကို လွှတ်လိုက်စမ်း”
အမတ်သွမ်က အော်လိုက်သည်။
"ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါ့ကို ဘယ်လိုဆက်ဆံရဲတာလဲ။ မင်းနဲ့ မင်းမိသားစုကို သတ်ပစ်မယ်”
သူက ခြိမ်းခြောက်လိုက်သည်။
သို့တိုင် သူ့ကို လက်ထိပ်ခတ်ပြီး ဖမ်းခဲ့သည့် စစ်သားတွေအနေနဲ့ ထိုကိစ္စကို သိပ်ဂရုမစိုက်ကြချေ။
ချမ်းသာသော ကုန်သည်များ၊ အကြီးအကဲများနဲ့ တခြားအမတ်များလို အာဏာရှိသူများအား လက်ထိပ်ခတ်ပြီး ခေါ်ဆောင်လာသည့် တခြားသူများသည်လည်း အတူတူပင်
သူတို့အားလုံး အော်ဟစ်ခြိမ်းခြောက် ကြသည့်တိုင် စစ်သားအားလုံး အသင့်ပြင် နေကြချေပြီ။
သူတို့သည် တာဝန်များကို ကျေပွန်အောင် လုပ်ဆောင်ပြီး တစ်ယောက်ယောက်ကို စောင့်ခိုင်းထားရုံသာ။
မင်းသမီး ဖေးလိန် ဝင်လာပြီး ပိုင်ကျီဟန်ပါ လိုက်လာသည်။
သူမသည် သူမပလ္လင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သံမြူနှင်းမြို့၏ အစစ်အမှန်အာဏာကို ဆုပ်ကိုင်ထားခဲ့သည့် လူတွေအားလုံးကို ကြည့်လိုက်သည်။
သူတို့အားလုံး သူမကို မုန်းတီးစွာကြည့်ပြီး ခြိမ်းခြောက်ဖို့ လုပ်ကြသည်။
"မင်း…မင်းလုပ်နေတဲ့အရာအတွက် အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား"
အမတ်သွမ်က အော်ဟစ်လိုက်သည်။
မင်းသမီး ဖေးလိန်သည် သူ့စကားကို ဂရုမစိုက်ဘဲ သူမလုပ်ချင်တာကို ဆက်လုပ်နေခဲ့သည်။
"မင်းတို့ရဲ့ ရာဇဝတ်မှုတွေကို သိလား"
ဖေးလိန်သည် အေးစက်စက်မေးလိုက်သည်။
အမတ်သွမ်သည် သူ့လက်ကောက်ဝတ်ကို ကိုက်ထားကာ ရင်ဘတ်သည် ဖောင်းကားနေပြီး လှောင်ပြောင်နေသည်။
"ဟား..ဘာရာဇဝတ်မှုလဲ။ မင်းက တကယ်ကို စိတ်ပျက်အားငယ်နေတဲ့ မိန်းကလေးပဲ.. မင်းက ငါ့ကို သက်သေမရှိဘဲ စွပ်စွဲပြီး လွတ်မြောက်နိုင်မယ် ထင်နေတာလား။ မင်းက လွန်လွန်ကြူးကြူး လုပ်နေတာလား။"
ဖမ်းဆီးခံထားရသော တခြားအမတ်များနဲ့ ကုန်သည်များသည်
ခေါင်းညိတ်ပြီး မတရားခံရတဲ့သူတွေလို သူမကို စိုက်ကြည့်နေကြ၏
"မင်း ရွှေဇွန်းကိုက်ပြီး နို့စို့နေတုန်း ဒီမြို့ကို တည်ဆောက်ခဲ့တဲ့သူတွေကို ဒီလိုဆက်ဆံတာလား"
အကြီးအကဲတစ်ယောက်သည် တံတွေးထွေးလိုက်ချေသည်။
"သက်သေမရှိဘဲ မင်း ဒီလိုလုပ်လို့မရဘူး”
နောက်တစ်ယောက်က အော်ပြောလိုက်သည်။
"မှားတယ်" မင်းသမီး ဖေးလိန်သည် တည်ငြိမ်စွာပြောလိုက်ပြီး သူမအသံသည် အခန်းထဲ၌ အေးစက်နေသော ဓားတစ်ချောင်းလို ဖြတ်သွားချေ၏ "ငါ လုပ်ပြီးသားပဲ။"
အမတ်သွမ်နဲ့ ဆက်စပ်နေသည့် လူတိုင်းကို ဖမ်းဆီးဖို့ စစ်သားများကို စေလွှတ်လိုက်သည်။
သူတို့တွင်ရှိသည့် သေနတ်တွေနဲ့ဆိုလျှင် ထိုလူတွေ၏ ကိုယ်ရံတော်တွေ ဒါမှမဟုတ် စစ်တပ်သည် ယှဉ်လို့မရပေ။
သူတို့သည် အားလုံးကို အလွယ်တကူ ဖမ်းဆီးပြီး လက်ထိပ်ခတ်နိုင်ခဲ့သည်။
မင်းသမီး ဖေးလိန်သည် လက်ဟန်ပြလိုက်ချေသည် ။
ပလ္လင်ရှိ ခန်းမတံခါးများသည် ကျယ်လောင်သော တကျွီကျွီမြည်သံနဲ့အတူ ပြန်ပွင့်သွားသည်။
စစ်သားနှစ်ယောက် ဝင်လာပြီး သူတို့ကြား၌ တစ်ခုခုကို ဆွဲယူလာသည်
အလောင်းတစ်လောင်း
အမတ်သွမ်သည် ထိုလူ၏ ဝတ်စုံ အကြွင်းအကျန်များကို မြင်သည့်အခါ မျက်နှာဖြူဖျော့သွားချေသည်။ မင်းသမီး ဖေးလိန်ကို သတ်ဖို့ တာဝန်ပေးအပ်ခံရသော သူ့ကိုယ်ပိုင် ကိုယ်ရံတော်သာ
"ငါ့ကို သတ်ဖို့ကြိုးစားတဲ့ လူသတ်သမား" ဖေးလိန်သည် လှေကားကနေ တစ်ထစ်ချင်း ဆင်းလာကာ အမတ်သွမ် မျက်နှာကနေ အကြည့် မခွာဘဲ ပြောလိုက်သည်။
" အမတ်သွမ် သူက မင်းရဲ့ ကိုယ်ရံတော် မဟုတ်ဘူးလား?"
မင်းသမီး ဖေးလိန်သည် အေးစက်စက် အသံနဲ့ မေးလိုက်သည်။
"ဒါက ဘာမှ သက်သေမပြနိုင်ဘူး" သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
" သူက ငါ့ရဲ့အစောင့်အဖြစ် အလုပ်လုပ်ခဲ့ရင်ကော။ သူ့မှာ သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်ရှိရမယ်။မင်းက အမှားကြီးတစ်ခုလုပ်နေတာဖေးလိန် ။ နိုင်ငံရေးမှာ မင်းထက် ဒီမြို့မှာ ငါက ပိုကြာကြာ တာဝန်ထမ်းဆောင်ခဲ့တာပါ”
"ဟုတ်ပါတယ်" ဖေးလိန်သည် တိုးတိုးလေးပြောပြီး ကြားဖြတ်လိုက်သည် "မင်းက ကောင်းကောင်း တာဝန်ထမ်းဆောင်ခဲ့တယ်။ အစာရေစာရှားပါးချိန်မှာ အစားအစာတွေ ကိုယ့်ဖို့ကိုယ် စုဆောင်းထားခြင်းအားဖြင့်ပေါ့။ ကုန်သည်တွေကို တံခါးဝမှာ မင်းရဲ့အစောင့်တွေကို လာဘ်ထိုးခိုင်းတယ်။ ပြင်ပတပ်ဖွဲ့တွေကို လက်နက်တွေ ရောင်းချဖို့ ကြိုးစားတယ်။ အခုစစ်ပွဲအတွင်းမှာ ငါ့ကို သတ်ဖို့ ကြိုးစားတယ်”
"အလိမ်အညာတွေ”
"မင်းတို့က မင်းမျိုးမင်းနွယ်တွေကို စိတ်ကူးပေါက်တိုင်း ကွပ်မျက်လို့မရဘူး”
"ဒါက နိုင်ငံတော်ပုန်ကန်မှုပဲ”
သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်နေကြသည်။ အသံများသည် ထောင့်တွင် ဂျောင်ကပ်နေရသည့်ကြွက်အုပ်လို ပဲ့တင်ထပ်နေသည်။
"ငါ ဒီလိုအဆုံးသတ်စေချင်တာ မဟုတ်ဘူး" သူမသည် တိုးတိုးလေးနဲ့ ဝမ်းနည်းစွာပြောလိုက်သည်။
"ဒါပေမယ့် အခုတော့ ရှင်းရှင်းလင်းလင်း သိပြီ... မင်းတို့လိုလူတွေက မြင့်မားတဲ့နေရာမှာ ထိုင်နေသရွေ့ ဒီမြို့က ဘယ်တော့မှ လုံခြုံမှုရှိမှာ မဟုတ်ဘူး။"
ပြီးတော့ သူမသည် သူတို့ဘက် လှည့်လိုက်သည်။
"ဒါပေမယ့် မင်းတို့ထဲက တစ်ယောက်ယောက်က ကိုယ့်ရဲ့အပြစ်ကင်းကြောင်း သက်သေပြနိုင်ရင် ဒါမှမဟုတ် ကိုယ့်ရဲ့ရာဇဝတ်မှုကို ဖော်ပြနိုင်ရင် သူနဲ့ အတူတူ ကံကြမ္မာကို ရင်ဆိုင်ရတာမျိုး မရှိစေရဘူး။ မဟုတ်ရင် မင်းတို့ကို သူနဲ့ ပူးပေါင်းကြံစည်တယ်လို့ ယူဆရလိမ့်မယ်။"
ထို့ကြောင့် သူတို့ထဲမှ အတော်များများ စဉ်းစားမိကြသည်။
သူတို့ထဲမှ အတော်များများသည် အမတ်သွမ်၏ မိတ်ဆွေများ မဟုတ်ကြပေ။ အများစုသည် သူတို့ကိုအကျိုးပြုလို့သာ အမတ်သွမ်ဘက်က ရပ်တည်ကြတာပင်
သူ့ကို သစ္စာဖောက်ဖို့ လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပေ။
ထိုအပြင် စစ်သားများနဲ့ ကျင့်ကြံသူဟု ဆိုကြသော ပိုင်ကျီဟန်၏ အကူအညီနဲ့ တကယ့်အာဏာကို ပြန်ရထားသော ဖေးလိန် မင်းသမီးကို တစ်ခုခု လုပ်နိုင်မည်ဟု မတွေးကြပေ။
ဖေးလိန်မင်းသမီးကို သတ်ဖို့ ကြိုးစားသူတိုင်း သေဒဏ်ခံရရုံသာ ရှိတော့သည်။
သိပ်မကြာပေ
"ကျွန်တော် ..ကျွန်တော်မှာ စာတွေ ရှိတယ်”
ကုန်သည်တစ်ဦးသည် ရှေ့သို့ ယိုင်ထိုးလာပြီး အော်ဟစ်လိုက်သည်။
"အမတ်သွမ် လက်ထောက်တွေဆီက လျှို့ဝှက်လုပ်ဆောင်ချက်အတွက် ရန်ပုံငွေထောက်ပံ့ဖို့ ကျွန်တော့်ကို တောင်းဆိုထားတဲ့ စာတွေ..ဒါက နိုင်ငံတော်ပုန်ကန်မှုဆိုတာ ကျွန်တော် မသိခဲ့ဘူး၊ ကျိန်ဆိုပါတယ်..မှောင်ခိုရောင်းဝယ်မှုလို့ပဲ ထင်ခဲ့တာပါ”
နောက်တစ်ယောက်က ထပ်ပြောလေ၏
"ကျွန်တော်လည်း ပြောနိုင်ပါတယ်…လွန်ခဲ့တဲ့ သုံးပတ်က ကြေးစားစစ်သားတစ်စုနဲ့ လျှို့ဝှက်တွေ့ဆုံပွဲတစ်ခု စီစဉ်ဖို့ သူ့ရဲ့စာရေးက ကျွန်တော့်ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။ သူတို့က ရှုပ်ထွေးမှုတွေအတွင်း ကာကွယ်ဖို့လိုတယ် ပြောခဲ့ပေမယ့် တစ်ခုခု မှားနေသလို ခံစားရတယ်ဆိုတာ ကျွန်တော် သိပါတယ်”
သူတို့အားလုံး ရုန်းကန်နေကြရသည်။
" လုပ်ကြံမှုမတိုင်ခင်တစ်ရက်အလိုက စားနပ်ရိက္ခာ ဂိုဒေါင်နောက်ကွယ်မှာ အဲဒီကိုယ်ရံတော်နဲ့ တွေ့ဆုံတာကို တွေ့လိုက်ပါတယ်”
"သူက အနောက်တံခါးကနေ တရားမဝင်တပ်တွေ ဆုတ်ခွာဖို့ တခြားအမတ်တွေရဲ့ လက်မှတ်တွေကို အတုလုပ်ခဲ့ပါသေးတယ်”
"ကျူးကျော်မှုအတွင်း သူက အကြောင်းပြချက်အမျိုးမျိုး ကိုးကားပြီး ကျွန်တော်တို့နေရာတွေကနေ တပ်ဖွဲ့တွေကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အခု ကျွန်တော် စဉ်းစားကြည့်တော့ လုပ်ကြံဖို့ ကြံစည်နေတာ ဖြစ်ရပါမယ်။ ကျွန်တော် အဲဒါကို မမြင်နိုင်လောက်အောင် မိုက်မဲလွန်းနေတာပါ”
တစ်စတစ်စ ရာဇဝတ်မှုများ ပေါ်ပေါက်လာသည်။
"မင်းတို့အားလုံး “
အမတ်သွမ်သည် သူ့ကို သစ္စာဖောက်သောသူများအား ဒေါသတကြီး စိုက်ကြည့်နေသည်။
သူတို့က သိပ်ဂရုမစိုက်ကြပေ။ အခုတော့ သွမ်ခေါင်းသည် လိမ့်နေပြီး သေဆုံးမည့်သူများအား ကာကွယ်ရန် စိတ်အားထက်သန်မှု မရှိကြပေ။
မင်းသမီး ဖေးလိန်သည် ဝန်ခံချက်တွေ များလာသည့်အချိန်၌ တိတ်ဆိတ်နေပြီး သူမမျက်နှာအမူအရာက ခန့်မှန်းမရနိုင်အောင် ပင် ။ သူမအစောင့်များသည် နာမည်၊ အဖြစ်အပျက်နဲ့ ရက်စွဲများကို ရေးမှတ်ကြသည်။
နောက်ဆုံးတော့ သူမသည် လက်ကို မြှောက်လိုက်ချေသည်
"တော်ပြီ”
သူမသည် တစ်လျှောက်လုံး တိုင်တစ်တိုင်ကို ပျင်းရိစွာ မှီထားပြီး အကြီးအကဲများနဲ့ ကုန်သည်များ တိတ်တိတ်ဆိတ်ဆိတ် သစ္စာဖောက်နေခြင်းကို ကြည့်နေသော ပိုင်ကျီဟန်ဘက် လှည့်လိုက်သည်။
"အတွေးတွေများနေလား?"
သူမက သူ့ကို မေးလိုက်သည်။
ပိုင်ကျီဟန်သည် ပြုံးလိုက်ပြီး ကြမ်းပြင်ပေါ်၌ဒူးထောက်နေသော ဝေ့လည်ကြောင်ပတ်လူများကို ကြည့်လိုက်သည်။
"ပုံမှန်ကြွက်တွေပဲ။ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်းရဲ့ ပထမဆုံးလက္ခဏာဆိုတဲ့အတိုင်း လူတိုင်းက သတင်းပေးသူတွေလေ”
သူ ရှေ့တိုးလာသည်။
"သူတို့ရဲ့ ရာထူးတွေကို ရုပ်သိမ်းပြီး သူတို့ရဲ့ အိမ်ခြံမြေတွေကို သိမ်းယူ..သူတို့ရဲ့ နေ့ရက်တွေကို သူတို့ကိုယ်တိုင် ပြန်လည်တည်ဆောက်ပြီး နေထိုင်ခွင့်ပေးဖို့ ပြောချင်တယ်။ သူတို့ အရင်က နင်းချခဲ့တဲ့ လူတွေကို အလုပ်အကျွေးပြန်ပြုခိုင်းလိုက်။"
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
မင်းသမီး ဖေးလိန်သည် စဉ်းစားရင်း ခေါင်းကို စောင်းလိုက်သည်။
ပြီးတော့ သူမက ခေါင်းညိတ်လိုက်၏
"ဝန်ခံပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပေးတဲ့သူတွေက ကင်းလွတ်ခွင့် ရလိမ့်မယ်" သူမက ကြေငြာလိုက်သည် "ဒါပေမယ့် ဒီနေ့ကစပြီး မင်းတို့ကသံမြူနှင်းရဲ့ အကျဉ်းသားတစ်ယောက်ပဲ။"
"နိုင်ငံတော်သစ္စာဖောက်မှု၊ တော်ဝင်မျိုးနွယ်ကို လုပ်ကြံဖို့ ပူးပေါင်းကြံစည်မှုနဲ့ စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အသက်ကို အန္တရာယ်ပြုမှု”
သူမမျက်နှာသည် သွမ်နဲ့ ကျန်တဲ့သူတွေဆီ ပြန်ကြည့်လိုက်သည်။
"မင်းကိုတော့ သေဒဏ်ချမှတ်လိုက်ပြီ”
"မင်း မလုပ်နိုင်ပါဘူး”
"အမတ်ရမ်ရောပဲ ..မင်းလည်း အတူတူပါဝင်ပတ်သက်နေလို့ သေဒဏ်ချမှတ်ခံရမယ်”
မင်းသမီး ဖေးလိန်သည် ထူးဆန်းစွာ တိတ်ဆိတ်နေသော အမတ်ရန်ကို ပြောလိုက်သည်
သို့ပေမဲ့ သူသည် အမတ်သွမ်လို ကြောက်ရွံ့ခြင်း ဒါမှမဟုတ် ငြင်းဆန်ခြင်းအစား ပြုံးပြီး ရယ်လိုက်သည်။
"ဟားဟား... သနားစရာ မိန်းကလေး၊ ဒီလူအိုကြီးရဲ့ အသက်ကို မင်းယူနိုင်မယ်လို့ ထင်လား။ မင်းက အတော်လေး မှားယွင်းသွားမှာ”