← Chapters

နတ်ဆိုး

Vol. 11 Ch. 155

နတ်ဆိုး

Vol. 11 Ch. 155

“ဟား ဟား သနားဖွယ်ကောင်မလေးပေါ့” ဟုသူသည် အသံတိုးတိုးနဲ့ ပြောလိုက်ပြီး ချည်နှောင်ထားသော သံကြိုးများပင် သူ့ခန္ဓာကို မတားနိုင်တော့ဘဲ မြင့်တက်လာသည်။

“မင်းက ငါ့အသက်ကိုယူနိုင်မယ်လို့ထင်လား..အဲ့ဒါအိပ်မက်ပဲ”

ဂျွတ်

ခန်းမတစ်ခုလုံး နားအူမတတ် ဆူညံသံပဲ့တင် ထပ်သွားပြီး သံကြိုးများသည် ဖန်ခွက်လို ကွဲထွက်သွားသည်။

စစ်သားများသည် သူ့အား အတင်းကြပ်ဖမ်းရန် ပြေးလာကြသော်လည်း

နောက်ကျသွားချေပြီ။

လေသည် လေးလံလာ၏

အနက်ရောင်မြူခိုး ထွက်လာပြီး သွေးကြောလို နီညိုရောင် ချည်မျှင်များ တစ်ခုပြီး တစ်ခုပေါ် ထွက်လာသည်။

သူ့အသားအရေသည် ပြဲကွဲသွားပြီး

မီးသွေးနဲ့ဖုံးလွှမ်းထားသလို ရွံ့အသားအရည်ပေါ်လာသည်။

မျက်လုံးနှစ်လုံးသည် မီးလို တောက်ပြောင်လာပြီး ခေါင်းမှ ချွန်ထက်သော ချိုနှစ်ချောင်း ထွက်လာသည်။

လက်ချောင်းမှ လက်သည်းများ ထွက်လာကာ

သူ့အပြုံးသည်လည်း လူ့မျက်နှာမတူအောင် ဆိုးရွားသွားသည်။

“မဖြစ်နိုင်ဘူး… သူက—“

“သူကဘာလဲ?”

“သူကနတ်ဆိုး”

ခန်းမတစ်ခန်းလုံးသည် တီးတိုးသံများ ပဲ့တင်ထပ်သွားသည် ။သစ္စာဖောက်သူတွေသည်လည်း ကြောက်ရွံ့သွားပြီး နောက်ပြန် ဆုတ်သွားကြသည်။

“မဖြစ်နိုင်ဘူး” တစ်ဦးက အော်လိုက်ချေသည်။

အချိန်ကြာကြာအတူနေခဲ့ကြသည့်တိုင် အမတ်ရန်သည် နတ်ဆိုးမှန်း မသိကြပေ

နတ်ဆိုးသည် နတ်ဆိုးကျင့်ကြံသူနဲ့ သားရဲများလို မဟုတ်ပေ

သားရဲပုံစံအတိုင်းဆိုသည့်တိုင် လူ့ပုံစံနဲ့ လူ့အသိဉာဏ်ရှိကြသည်။

တချို့က သားရဲများကို ထိန်းချုပ်နိုင်ကြသည်။

ပိုင်ကျီဟန်ကတော့ သူ့ကမ္ဘာတွင်မရှိသည့် နတ်ဆိုးကိုကြည့်နေ၏

သူ့လောကတွင် နတ်ဆိုးရှိခဲ့သည့်တိုင် လူသားတွေ ကမ္ဘာကို မအုပ်စိုးခင် ကာလကသာ ရှိခဲ့ဖူးသည်

ထို့ကြောင့် သူ့အတွက် ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး သမိုင်းတစ်လျှောက်လုံး နတ်ဆိုးဆိုတာ ဘယ်လိုမျိုးလဲဟု သိချင်နေသည်။

“နင်တို့က ဆံပင်မွှေးနဲ့ ရွှေကိုပဲ ရေတွက်နေရလို့ ပင်ပန်းနေတဲ့ကောင်တွေ၊ အမှန်တကယ် နတ်ဆိုးတစ်ကောင်နဲ့ သူမဟုတ်တော့သလို အသံနဲ့ တုန်လှုပ်ဖွယ်အော်လိုက်သည်။

သူ့လက်တစ်ဖက်ကို မြှောက်လိုက်ရာ နတ်ဆိုးချီ ထွက်လာ၏ စစ်သားများကို လွှတ်ပစ်လိုက်ပြီး သွေးများသည် နံရံပေါ်တွင်

ဖြန်းခနဲ ပက်ဖြန်းသွားသည်

ဆွေကြီးမျိုးကြီးတစ်ယောက် ပြေးထွက်လာချေသည်။

“ကယ်ပါဦး”

“ငါ့အရာအားလုံးပေးမယ်၊ မင်းကာကွယ်ပေးပါ”

“မသတ်နဲ့..ငါမင်းကိုအကူအညီပေးခဲ့တာမေ့မသွားနဲ့”

သူတို့ကြောက်လန့်နေသည့်တိုင် မလွတ်မြောက်နိုင်ပေ

“အသုံးမဝင်တဲ့ သံကောင်တွေ”

သူ့လက်ကြီးတစ်ဖက်ကို မြှောက်ချလိုက်ရာ အနက်ရောင်မြူခိုးသည် လှိုင်းကြီးလို ထွက်လာပြီး သွေးနီမီးလျှံများနှင့် ပေါင်းသွားသည်။

ရှန်

သူ့လက်သည် လေထဲတစ်လျှောက် ဖြတ်သွားသည်နှင့် သစ္စာဖောက်သူများသည် သွေးအမှုန့်အဖြစ် ပြိုကျသွားသည်။

အော်သံတောင်မရှိ၊ ခုခံမှုပင် မရှိပေ

သွေးထွက်သံယိုမှုများသာ

“လူတိုင်း ပစ်”

ဖေးလိန်သည် လက်မြှောက်ပြီး စစ်သားများအား နတ်ဆိုးကို ပစ်ခတ်ဖို့ အမိန့်ပေးလိုက်သည်။

"ဖေးလိန်”ပိုင်ကျီဟန်သည် ရှေ့ကို တိုးလာပြီး ပြောလိုက်၏ သူ့မျက်နှာအမူအရာက နောက်ဆုံးမှာ လေးနက်သွားချေသည်။

"ဒီကနေ ထွက်သွား”

ပိုင်ကျီဟန်သည် အဆင့် ၄ နတ်ဆိုးသားရဲထက် သာလွန်နေသော နတ်ဆိုးချီကို ခံစားမိသည်။

သူသည် အဆင့် ၃ နတ်ဆိုးသားရဲနဲ့ တခြားနတ်ဆိုးသားရဲများအား မြို့ထဲသို့ ကျူးကျော်ရန် အမိန့်ပေးခဲ့သူ ဖြစ်ကောင်းဖြစ်နိုင်သည်။

အမတ်ရန် ဒါမှမဟုတ် သူတို့ရှေ့ရှိ နတ်ဆိုးသည် ယခင်က သတ်ခဲ့သော အဆင့် ၃ နတ်ဆိုးသားရဲထက် အများကြီး ပိုအားကောင်းသူတစ်ယောက်ဖြစ်ပေ၏

ထိူရန်သူကို တိုက်ခိုက်ဖို့ သေနတ်တွေက အသုံးမဝင်ပေ

(သူက တကယ့်ရန်သူပဲ ဖြစ်ရမယ်။)

ပိုင်ကျီဟန်သည် တွေးလိုက်မိ၏

သူ့ကို သတ်နိုင်ဖို့ ယုံကြည်မှုရှိမရှိ မေးလျှင် ၁% ပဲ သေချာသည်ဟု ပြောနိုင်သည်။ နတ်ဆိုးကို ခုခံလျှင် ရှင်သန်ဖို့ပဲ သေချာ၏

အဆင့် ၃ နတ်ဆိုးသားရဲကိုသတ်ခြင်းသည်ပင် သူ့စွမ်းအား အားလုံးနီးပါးကို ယူသွားချေပြီ၊ ပေါက်ကွဲမှုကြောင့် သားရဲ အလွန်အမင်းအားနည်းသွားသည်ကိုပင် ထည့်မပြောပေ

သူ့အနေနဲ့ ထိုထက်အများကြီး ပိုအားကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်ရတော့မည်

"ဘာလဲ?"

"ဒီကောင်ကို ငါကိုင်တွယ်မယ်။"

"ဒါပေမယ့်”

"သွား။ အခု”

သူမ ခဏလောက် တွန့်ဆုတ်နေသည့်တိုင် ရန်၏ ဒုတိယလှိုင်းသည် မျက်နှာကြက် အပိုင်းတစ်ခုကို ကွဲအက်စေပြီး အပျက်အစီးများ ပြိုကျစေခဲ့သည်။

၎င်းသည် သူမရွေးချယ်မှုကို ပိုလွယ်ကူစေခဲ့သည်။

သူမသည် လှည့်ပြီး "နန်းတော်ကနေ ထွက်ခွါသွားတော့..အရပ်သားတွေကို မြို့တွင်းကနေ အခုပဲ ခေါ်ထုတ်သွား” ဟု အော်ပြောလိုက်သည်။

ကင်းသမားတွေသည် နာခံဖို့ အလျင်အမြန် ပြေးလာကြချေသည်။

ထို့နောက် အမတ်ရန်၏ အသွင်ပြောင်းမှုသည် အပြီးသတ်သွားခဲ့သည်။

သူသည် ဆယ်ပေမြင့်ပြီး မျက်လုံးများသည် အရည်ပျော်နေသော ပတ္တမြားလို တောက်ပနေသည်။

"ကဲကဲ... အခု မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်လား?"

နတ်ဆိုးအသံသည် အဆိပ်မြူခိုးလို လေထဲ၌ ပျံ့လွင့်နေ၏ လှောင်ပြောင်ပြီး ပျော်ရွှင်နေ၏ ကြွက်တစ်ကောင်နဲ့ ကစားနေသော ကြောင်တစ်ကောင်လို အခိုက်အတန့်ပင်

ပိုင်ကျီဟန်က မလှုပ်ပေ။

ဆယ်ပေအမြင့်ရှိပြီး နတ်ဆိုးမြူခိုးများနဲ့ ဖုံးအုပ်ထားကာ မျက်လုံးများသည် သွေးအရည်ပျော်နေသကဲ့သို့ သတ္တဝါကြီးအား ကြည့်နေသည်။

သူ့ခြေထောက်အောက်မှ မြေကြီးပင် အနည်းငယ် ကွေးညွှတ်သွားပြီး မကောင်းသောစွမ်းအင်တွေ ယိုစိမ့်ထွက်လာသည်။

ပိုင်ကျီဟန်ကတော့?

နှာခေါင်းရှုံ့လိုက်၏။

"မင်းကိုအနိုင်ယူရမှာလား?"

သူသည် သူ့အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါးလှုပ်ပြီး ဝတ်ရုံပေါ်မှ ဖုန်တွေကို သုတ်ရင်းပြောလိုက်၏။

"ဒီလိုမြို့လေးကို ဖျက်ဆီးဖို့ ကြွက်တစ်ကောင်လို ပုန်းနေရတဲ့ မင်းလို ကြောက်တတ်တဲ့သူမျိုးကလား။ ငါမင်းကိုအနိုင်ယူနိုင်မလား မနိုင်ဘူးလားဆိုတာ စဉ်းစားစရာမလိုဘူး။ ငါလုပ်နိုင်တယ်”

နတ်ဆိုးသည် မျက်တောင်ခတ်လိုက်၏။

"ဘာ?"

"မဟုတ်ရင် သံမြူနှင်းက အမတ်တစ်ယောက်လို ဟန်ဆောင်ပြီး ဘာလို့ အချိန်ဖြုန်းနေမလဲ ။ ဒါက မင်းကိုယ်တိုင်ဖျက်ဆီးဖို့ အားနည်းလွန်းတယ်လို့ ဆိုလိုတာပဲ”

ပိုင်ကျီဟန်က နှိုးဆွပေးလိုက်သည်။

နတ်ဆိုးအဖြစ် ဘာကြောင့် ဖုံးကွယ်ထားမှန်း သူ မသိသည့်တိုင် စပ်စုချင်နေ၏ ထိုခွန်အားမျိုးနဲ့ဆို သံမြူနှင်းကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ပိုင်ကျီဟန် ယုံကြည်နေမိသည်။

"ဟွန်း.. ငါ့လို ပါရမီရှင်တစ်ယောက်ရဲ့ စိတ်ကို မင်း နားမလည်နိုင်ဘူး" နတ်ဆိုးက ပြန်ဖြေသည်။

"ကြောက်တတ်တဲ့သူတွေအတွက် ဒါက ဆင်ခြေပဲ။ သတ္တိနည်းတာ..မင်းက သတ္တိနည်းတယ်လို့ပဲ ပြောလိုက်ပါ။ သတ္တိနည်းတာပါ”

ပလ္လင်ခန်းမ၏တိတ်ဆိတ်မှုသည် နှလုံးခုန်သံ တစ်ဝက်လောက် ကြာသွားသည်။

ထို့နောက်

ဘုန်း

နတ်ဆိုးခန္ဓာကိုယ်မှ မုန်တိုင်းတစ်ခုလို ပေါက်ကွဲထွက်လာပြီး နံရံများကို ကွဲအက်စေကာ မီးတောက်များက မျက်နှာကြက်

တစ်လျှောက် လောင်ကျွမ်းနေသည်။

နန်းတော်တစ်ခုလုံး တုန်ခါသွားချေ၏ အဝေးကို ဆုတ်ခွါနေသော စစ်သားတွေတောင် တုန်ခါမှုလှိုင်းကြောင့် ယိုင်ထိုးသွားသည်။

"မင်း”

နတ်ဆိုးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အသံက ရှုပ်ထွေးသွားချေ၏

"အိုး..သတ္တိနည်းတဲ့သူက တစ်ခုခု ပြောချင်နေတာလား?"

"ဘယ်သူမှ ဘယ်သူမှ မင်းလောက် ငါ့ကို သတ်ချင်စိတ် ပေါက်အောင် မလုပ်ဖူးဘူး၊ ကောင်လေး”

ပိုင်ကျီဟန်သည် ခေါင်းကို ငုံ့လိုက်ပြီး ဂရုမစိုက်သလို ပြောလေ၏

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါအရင်က ကြားဖူးတယ်။ မာနကြီးတဲ့ကောင်တွေ..ဘီလူးတွေနဲ့ ဝက်နတ်ဆိုးတွေဆီကလေ .. အခုတော့ ကြောက်တတ်တဲ့ကောင်ပဲ။"

သူသည် သူ့ဓားကို မြှောက်လိုက်သည်။

"သူတို့အားလုံး အတူတူပဲ အဆုံးသတ်သွားကြတယ်။ သေကုန်ကြပြီ။ ငါ့ခြေထောက်အောက်မှာ။"

"မာနကြီးတဲ့ တီကောင်”

နတ်ဆိုးက ခုန်အုပ်လိုက်ချေသည်။

သူ့ခြေသည်းသည် လေထဲကို ထိုးဖောက်ဝင်ရောက်သွားပြီး ပိုင်ကျီဟန်သည် မှုန်ဝါးဝါးနဲ့ ပျောက်ကွယ်သွားချေသည်။

ကလန်!

ဓားသည် လေထဲရှိ ထိုးနှက်ချက်ကို ကြားဖြတ်ခဲ့သည်တိုင် သူ့အစွမ်းအကုန်နဲ့ပင် ပိုင်ကျီဟန် နောက်ပြန်ဆုတ်သွားသည် ။

သူ့ဖိနပ်များသည် အက်ကွဲနေသော စကျင်ကျောက်ကြမ်းပြင်ပေါ် ချော်လဲသွားပြီး ပြင်းထန်သော အားကြောင့် မျဉ်းကြောင်းတွေ ပေါက်ထွက်သွားသည်။

နတ်ဆိုးက ရယ်လိုက်ချေသည်။

"အဲဒီ မာနက အခုဘယ်မှာလဲ”

ရက်စက်သောကန်ချက်နဲ့ ဆက်လိုက်လာချိန်မှာတော့ ပိုင်ကျီဟန်သည် သူ့ဓားကို အချိန်မီ မမြှောက်နိုင်ခဲ့ပေ။ ထိခိုက်မှုသည် ကျိုးနေတဲ့တိုင်ကို ထိုးဖောက်ပြီး အဝေးကနံရံထိ လွင့်သွားခဲ့သည်။

ဘုန်း

ဖုန်တွေ ပေါက်ကွဲထွက်လာချေသည်။

"ကျီဟန်”

မင်းသမီး ဖေးလိန်သည် မျက်လုံးပြူးကျယ်သွားပြီး အဝေးကနေ တစ်ချက်ကြည့်လိုက်၏ သူတို့အနီးတစ်ဝိုက် မီးလောင်နေချိန်မှာတော့ သူမအစောင့်တွေသည် သူမကို ဆွဲခေါ်သွားကြသည်။

"မင်းသမီး၊ ဒီမှာနေလို့မရဘူး..ကျွန်တော်တို့ထွက်ပြေးရမယ်”

အခြေအနေ၏ပြင်းထန်မှုကို လူတိုင်းနားလည်ကြသည်။

လူတိုင်းအနေနဲ့ နတ်ဆိုးကို အတူတကွတိုက်ခိုက်တောင် အသုံးမဝင်ပေ။

နတ်ဆိုးတစ်ကောင် ဆင်းလာသည့်အခါ အစွမ်းထက်သော ကျင့်ကြံသူများ ဝင်ရောက်စွက်ဖက်မှသာ မျှော်လင့်ချက်ရှိမှာပင်

ထိုအခြေအနေမျိုးမှာတောင် နတ်ဆိုးအမျိုးအစားတိုင်းကို ကြီးမားသော ကပ်ဘေးတစ်ခုအဖြစ် သဘောထားကြပြီး ကျင့်ကြံသူများပင် သူတို့ကို ကိုင်တွယ်သည့်အခါ သတိထားကြရသည် ။ အများစုက သူတို့ထောင်ချောက်ထဲ ကျရောက်သွားတတ်လို့သာ

နတ်ဆိုးအသံသည် ပြိုကွဲနေသော ပလ္လင်ခန်းမကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားချေသည်။

"ဘာဖြစ်တာလဲ သူရဲကောင်းလေး"

သူက လှောင်ပြောင်လိုက်၏

"ငါ့ကို မင်းခြေထောက်အောက်မှာ အဆုံးသတ်သွားမယ်လို့ ပြောခဲ့သလားလို့”

ဖုန်မှုန့်တိမ်တိုက်ထဲ၌ ပိုင်ကျီဟန်သည် သွားများကို ကြိတ်လိုက်သည်။

"ဖူး…ငါ့မှာ ငါ့ရဲ့တကယ့်ခန္ဓာကိုယ်ရှိရင် မင်းငါ့ရှေ့မှာ ရပ်ဖို့ သတ္တိတောင်မရှိနိုင်ဘူး" ပိုင်ကျီဟန်သည် သူ့ဘာသာသူ တိုးတိုးလေးပြောလိုက်ချေသည်။

သူ့အနေနဲ့ နတ်ဆိုးကို ရင်ဆိုင်ရတာ ခက်ခဲပေ၏ ။ သူ့အတွေ့အကြုံနဲ့နည်းစနစ်တွေကြောင့်သာ အသက်ရှင်နိုင်ခဲ့တာပင်

သူ့၏ ဓားကိုင်ထားသော လက်သည် တုန်ရီနေ၏ သူ့လက်မောင်းသည် ထိခိုက်မှုကြောင့် ထုံကျင်နေချေပြီ

ထိုစမ်းသပ်မှုကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဟု ပိုင်ကျီဟန် တွေးလိုက်မိသည်။

တခြားပါဝင်သူများပင် သူတို့ နဂိုကျင့်ကြံမှုမပါဘဲ နတ်ဆိုးလိုမျိုး တစ်ခုခုကို ကိုင်တွယ်နိုင်မည်ဟု မထင်ထားချေ

(အစကတည်းက ဒီစမ်းသပ်မှုက မဖြစ်နိုင်ဘူးလား?)

သူတော့ ထိုသို့ မထင်ပေ ။ အမွေဆက်ခံရန် ရွေးချယ်သည့် စမ်းသပ်မှုတစ်ခုသာ ။ ၎င်းကို လက်ဆင့်ကမ်း ရယူဖို့ နည်းလမ်းတစ်ခု ရှိရမည်

သူ့အနေနဲ့ ၎င်းကို ရှာဖို့ပဲ လို၏

နတ်ဆိုးသည် ဟိန်းဟောက်လိုက်ပေသည်။

"လူသား၊ မင်းရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှု တွေ ရှိလားလို့”

"မရှိဖူး”

မေးစေ့ကနေ သွေးများစီးကျလာသည့်တိုင် ပိုင်ကျီဟန်က ပြုံးစိစိနဲ့ ပြောလိုက်သည်။

"ရွံ့စရာပဲ…မင်းရဲ့ အသက်ရှူသံတွေက အရမ်းနံနေတယ်။ မင်းစကားတွေကို ရပ်လိုက်ရင် ငါပိုပြီး ကျေးဇူးတင်မိမှာပဲ။"

နတ်ဆိုးမျက်နှာသည် ကြောက်စရာကောင်းသော တစ်ခုခုအဖြစ် ကွေးညွှတ်သွားပေသည်။

"မင်း လုပ်ရဲတာလား”

သို့တိုင် ပိုင်ကျီဟန်က မရပ်ပေ။

"တောက်ပနေသော အရိပ်ခြေလှမ်း”

သူ့ခန္ဓာကိုယ်သည် မှုန်ဝါးသွားပြီး လေတိုက်သံနဲ့အတူ မီးခိုးလို ပျောက်ကွယ်သွားသည်။

ဂျွတ်

နတ်ဆိုးခြေသည်းကို စောင့်ချလိုက်သည့်အခါ သူရပ်နေသော ကြမ်းပြင်သည် အပျက်အစီးတွေအဖြစ် ပေါက်ကွဲသွားချေ၏ သို့တိုင် ပိုင်ကျီဟန်သည် သူ့နောက်မှာရှိနေပြီး တိုက်ပွဲကွင်းကို မူးဝေစေသည့် အမြန်နှုန်းနဲ့ ပြေးလွှားနေ၏

တစ်လှမ်း။ နှစ်လှမ်း။ ဆယ်လှမ်း။

နေရာတစ်ခုကနေ တစ်ခုကို ကူးသွားပြီး အရိပ်တွေက သူ့နောက်ကနေ တစ္ဆေလို လိုက်နေကြသည်။ ထိုအခြေအနေကနေ မည်သို့ရှင်သန်ရမည့် အရိပ်အမြွက်တစ်ခုခုကို ရှာဖွေဖို့ ကြိုးစားနေသည်။

သူ့စိတ်တွေ လှုပ်ရှားနေ၏

(ထွက်ပေါက်တစ်ခုတော့ ရှိရမယ်)

သူ့မျက်လုံးတွေသည် ပြိုကွဲနေသော ပလ္လင်ခန်းကို စူးစမ်းနေ၏ နံရံတွေ ကွဲသွားချေသည် မီးတောက်တွေ တဟုန်ထိုးလောင်နေ၏ ပန်းချီကားတွေ စုတ်ပြဲနေချေသည်။

ယခင် အုပ်စိုးရှင်များ၏ ရုပ်တုတွေပင် ကွဲကြေသွားချေသည်။

တော်ဝင်တံဆိပ်တွေ စုတ်ပြဲပြီး တစ်ဝက်လောက် မီးလောင်နေ၏

နန်းတော်တွင် လျှို့ဝှက်ပုံစံတွေ၊ ဖုံးကွယ်ထားသည့် မှော်စာတွေ မရှိပေ။ အလောင်းကို စောင့်နေသော သင်္ချိုင်းတစ်ခုသာ။

နတ်ဆိုးရော?

ပြုံးနေတုန်းပင်

ဝုန်း

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် နီးကပ်လာပြီး လက်သည်းတစ်ချောင်းသည် လေထဲ၌ လွင့်မျောနေသည်။

ပိုင်ကျီဟန် ရှောင်တိမ်းရန် လှည့်လိုက်ပေမဲ့ နောက်ကျသွားချေပြီ။

နတ်ဆိုး၏ လက်သည်းများသည် သူ့နံရိုးကို ပွတ်သပ်ပြီး သူ့ဝတ်ရုံနဲ့ အသားများအား စက္ကူလို လှီးဖြတ်လိုက်သည်။

သွေးတွေ ဖြန်းခနဲ ထွက်ကုန်၏

"ဂျွတ်”

ပိုင်ကျီဟန်သည် ကျိုးပြတ်နေသော အရုပ်တစ်ရုပ်လို လွင့်စင်သွားပြီး မြေပြင်ကို ခုန်ကျော်ကာ ပလ္လင်အောက်ခြေထိ ပြုတ်ကျသွားချေသည်။

နတ်ဆိုးသည် သူ့အပေါ်၌ မတ်တပ်ရပ်ပြီး သေမင်းလှိုင်း

ခေါ်နေသလိုပင် ရယ်မောနေ၏

"မင်းပြေးချင်သလောက်ပြေး" သူက အော်ဟစ်လိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့သို့လျှောက်သွားသည်။ "မင်းတတ်နိုင်သလောက် ရုန်းကန်..ဒါက ငါ့ကို နှိုးဆွပေးတဲ့အတွက် မင်းရဲ့ဆုလာဘ်ပဲ။"

ပိုင်ကျီဟန်သည် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး အေးစက်သော ကျောက်တုံးကို မှီထားရင်း လက်တစ်ဖက်က သူ့ဓားကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူ့အမြင်အာရုံများ မှုန်ဝါးသွားချေသည်။

နာကျင်မှုသည် သူ့ဘေးတစ်ဖက်၌ ထွက်ပေါ်နေသည်။

တောက်ပနေသော အရိပ်ခြေလှမ်းတောင် သူ့အား ထိုမိစ္ဆာထံမှ လွတ်မြောက်စေမည် မဟုတ်ပေ။

သူ့မျက်လုံးများသည် နတ်ဆိုးဆီသို့ မော့ကြည့်လိုက်ပြီး ခြေလှမ်းတိုင်းတွင် အရိပ်တွေ ဖုံးလွှမ်းနေသော ဧရာမပုံစံကို မြင်နေရသည်။

(တကယ်ပဲ... ဘာမှမရှိဘူးလား)

မဖြစ်နိုင်ပေ။ ၎င်းသည် မမှန်ပေ။

အခွင့်အရေးမရှိဘူးဆိုတာကို မယုံနိုင်ပေ

၁% အောက်တောင်... အခွင့်အရေးရှိနိုင်၏

သူ မသေသေးပေ

ဆိုလိုတာက

သူ မရှုံးသေးချေ

မရှုံးသေးဘူး။

All Chapters