← Chapters

စမ်းသပ်မှု အဆုံးသတ်

Vol. 11 Ch. 156

စမ်းသပ်မှု အဆုံးသတ်

Vol. 11 Ch. 156

ပိုင်ကျီဟန် လက်ချောင်းများသည် သူ့၏အတွင်းဝတ်ရုံထဲကို လက်လှမ်းလိုက်သလို လှုပ်ရှားရင်း တုန်ရီနေ၏

“စနစ်”

သူသည် စနစ်စတိုးဆိုင်ကို သွားပြီး အဆင့် ၄ ပြန်လည်ရှင်သန်ရေး ဆေးပြားတစ်ပြားကို မြန်မြန်ဝယ်လိုက်၏ ထိုဆေးပြားသည် စနစ်အမှတ် ၁၀၀၀ ပေးရချေသည်။

ပုံမှန်အားဖြင့် သူ့မိသားစုကို ထိုဆေးပြားရာပေါင်းများစွာ ယူလာခိုင်းလို့ရတာကြောင့် ထိုအဆင့်နိမ့်ဆေးပြားမျိုး ဝယ်ဖို့ ပိုက်ဆံမဖြုန်းတီးချင်ပေ။ သို့တိုင် သူ့သိုလှောင်လက်စွပ် မပါတာကြောင့် အခုအချိန်တွင် စနစ်ကိုပဲ အားကိုးနေရ၏

အဆင့် ၄ ပြန်လည်ရှင်သန်ရေး ဆေးပြားသည် ဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေရုံသာမကဘဲ ချီကို နှိုးဆွပြီး အသုံးပြုသူကို ခဏတာ စွမ်းအင်တွေနဲ့ ပြည့်နှက်စေသည်။

၎င်းသည် သူ့တကယ့်ခန္ဓာကိုယ်မဟုတ်သည့်အတွက် လောင်ကျွမ်းနေသော အသက်ဓာတ်သည် အရေးမကြီးပေ ။ သူလိုအပ်တာက စွမ်းအားသာ

သူ သွားကိုကြိတ်ပြီး တစ်ခုလုံးမျိုချလိုက်၏။

ဂလု

ဖြည်းဖြည်းချင်း အရည်ပျော်မသွားပေ

ပေါက်ကွဲသွားချေ၏

အားး ... သူ့၏ချီသန့်စင်ခြင်းအဆင့် ခန္ဓာကိုယ်နဲ့ ပင် အဆင့် ၄ ဆေးလုံးစွမ်းအားကို ကိုင်တွယ်ဖို့ ခက်က်ခဲလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ

အခြေအနေသည် အရေးတကြီးဖြစ်နေတာကြောင့် သိပ်မစဉ်းစားမိသည့်တိုင် အဆင့်နိမ့်ဆေးလုံးဟု သူယုံကြည်သောဆေးကို ရွေးချယ်မိခြင်းသည် အမှားလုပ်မိလိုက်သလိုပင်။၎င်းသည် သူ့လက်ရှိခန္ဓာကိုယ်အတွက် ကိုင်တွယ်ဖို့ အတော်လေး မြင့်မားသော အဆင့်ပင်

သို့တိုင် သူ ဆက်ထိန်းထားခဲ့၏ သူခံစားခဲ့ရသော ဝေဒနာနဲ့ ယှဉ်ပါက ဘာမှ မဟုတ်ပေ ၊ မသေမျိုး ဧကရာဇ်၏အမွေအနှစ်ကို သူ လက်မလျှော့နိုင်ဘူးဆိုတာ ထည့်မပြောစရာမလိုပေ

ချီသည် သူ့၏ စွမ်းအင်စုရပ်ကို စီးဆင်းနေပြီး ပိတ်ဆို့နေသော အရာများကို ဖောက်ခွဲကာ သွေးတွေဆူပွက်လာပြီး သူ့ဝိညာဉ်ကို လှုံ့ဆော်ပေးခဲ့သည်။

သူ့သွေးကြောများသည် အရေပြားမှ မှိန်ပျပျ တောက်ပနေပြီး အလင်းတန်းများသည် သူ့အသားအောက်တွင် မိုးကြိုးလို ပြေးလွှားနေသည်။

နတ်ဆိုးတောင် ခြေလှမ်းတစ်ဝက်လောက် ရပ်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

"ဟော့? မင်း ဘာလုပ်လိုက်တာလဲ”

ဘုန်း

ပိုင်ကျီဟန်အောက်ရှိ မြေပြင်သည် စက်ဝိုင်းပုံစံ ကွဲအက်သွားပြီး အရောင်အဝါ ပေါက်ကွဲထွက်လာကာ သန့်စင်သော စွမ်းအားတစ်ခုသည် သူ့ပတ်ပတ်လည်၌ လှည့်ပတ်နေသည်။

သူသည် ထရပ်လိုက်ပြီး ယခင်ဒဏ်ရာများ ပျောက်ကင်းလုနီးပါးဖြစ်နေကာ ချီစွမ်းအင်တွေ အပြည့်နဲ့ ပြည့်နှက်နေ၏

"မင်းဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်”

ပိုင်ကျီဟန်သည် တိုးတိုးလေးပြောလိုက်ချေသည်။

"အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား - တောက်ပနေသော အရိပ်ခြေလှမ်း”

ထိုအခိုက်အတန့်မှာတင် သူပျောက်ကွယ်သွားချေသည်။

နတ်ဆိုးမျက်နှာသည် မှောင်မိုက်သွားပြီး သေလုမျောပါးဖြစ်နေသော ပိုင်ကျီဟန်သည် မြင်တောင်မမြင်နိုင်လောက်အောင် မြန်ဆန်နေသည့်အပေါ် သူ မယုံကြည်နိုင်ဖြစ်နေ၏

"မင်းရဲ့လှည့်ကွက်က နောက်တစ်ခါ အလုပ်မဖြစ်တော့ဘူး”

နတ်ဆိုးသည် ပိုင်ကျီဟန်ကို မြန်မြန်ရှာဖို့ ကြိုးစားရင်း ပြောလိုက်ချေ၏

"ဒီမှာ”

ပိုင်ကျီဟန်ကို မြင်တော့ နတ်ဆိုးသည် သူ့လှုပ်ရှားမှုကို လုပ်လိုက်ချေသည်။

ဘုန်း

"ကဲ... ငါပြောပြီးပြီ။"

နတ်ဆိုးသည် ပိုင်ကျီဟန်ကို သတ်လိုက်မိသည်ဟု ထင်ပြီး ရယ်လိုက်ချေ၏ သို့တိုင် သူလုပ်ခဲ့တာက သူ့အရိပ်တစ်ခုကို ထိမိရုံသာ

"တတိယပုံစံ- အလင်းကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”

"ဘာလဲ”

နတ်ဆိုးသည် ၎င်းကို သဘောပေါက်သွားသည့်အခါ နောက်ကျသွားချေပြီ။

ရွှမ် ရွှမ် ရွှမ်

နတ်ဆိုး၏ကိုယ်ပေါ်၌ ပါးလွှာသော နီရဲရဲ မျဉ်းကြောင်းတစ်ခု ပွင့်သွားသည်။

နောက်ထပ်တစ်ခု

ပြီးတော့ နောက်ထပ်တစ်ခု။

နတ်ဆိုးကို အံ့အားသင့်စေသည့်တိုင် ပိုင်ကျီဟန်သည် သူ့ကို ချက်ချင်းသတ်ဖို့ စွမ်းအားမရှိပေ

သူ တုံ့ပြန်ဖို့ တစ်စက္ကန့်လောက်ကြာ၏ ဒါက အရမ်းနှေးကွေးလွန်းသည်။

သူ အော်ဟစ်လိုက်ပြီး မျက်စိစုံမှိတ်ကာ ရိူက်ချလိုက်၏ ပိုင်ကျီဟန်သည် သူ့နောက်မှာ ရှိနေပြီး ဓားသည် ချီနဲ့ ဝန်းရံထားကာ ဖြတ်သွားသော လေကိုပင် လောင်ကျွမ်းစေ၏

နတ်ဆိုးသည် လှည့်ပတ်ပြီး ခြေသည်းနှစ်ဖက်လုံးကို ရက်စက်ကြမ်းကြုတ်သော စက်ဝိုင်းပုံစံနဲ့ ဖိချလိုက်သည်။

ကလန့်

သူတို့ထိပ်တိုက်တွေ့မှုသည် ကြမ်းပြင်ကို လုံးဝကွဲကြေသွားစေ၏

သို့တိုင် ပိုင်ကျီဟန်က အလျှော့မပေးပေ။ သူ့ခိုးယူထားသော စွမ်းအင် အားလုံးကို တစ်ချက်တည်းနဲ့ အသုံးချလိုက်ပေသည်။

သူ့မှာရှိသမျှ ချီ၊ သွေး၊ စိတ်ဆန္ဒ၊ ဝိညာဉ်အားလုံးကို ဓားဆီ ဖြတ်သန်းပြီး သေဆုံးနေသော နတ်ဘုရားတစ်ပါးလို အော်ဟစ်သည့်အထိ အပေါ်ကနေ ခုတ်ထစ်လိုက်သည်။

ဂါးးး

ဓားထိုးချက်သည် လေထဲကို စက်ဝိုင်းပုံစံ ထွင်းထုလိုက်သည်။

၎င်းသည် နတ်ဆိုး၏ ဘယ်ဘက်လက်မောင်းကို သူ့ပခုံးမှ ခွဲထုတ်ပြီး ရင်ဘတ်တစ်ဝက်တွင် ဒဏ်ရာ ရသွားစေသည် ။ အသား၊ အရိုးနှင့် နတ်ဆိုးမြူခိုးများသည် ဒေါသကြောင့် လောင်ကျွမ်းနေသော စွမ်းအားဖြင့် ပြိုကွဲသွားသည်။

ဝူး

နောက်ဆက်တွဲ ပေါက်ကွဲမှုသည် ပလ္လင်ခန်းမကို တုန်လှုပ်စေပြီး အထက်ကောင်းကင်ကို မီးလျှံများ တောက်လောင်စေသည်။

မီးခိုးများ ပျောက်ကွယ်သွားသောအခါ သားရဲသည် အရည်ပျော်နေသော ကျောက်တွင်းကြီးထဲတွင် ကြေမွသွားပြီး သူ့ခန္ဓာကိုယ်သည် တုန်ခါကာ အနက်ရောင်နှင့် အနီရောင် နီရဲနေသော သွေးများ စီးကျနေသည်။

လက်တစ်ဖက် ပြတ်သွားသည်။

သူ့ရင်ဘတ် ဟောင်းလောင်း ပေါက်သွားသည်။

သူ့အသက်ရှူသံများ ကြမ်းတမ်းလာသည်။

"မင်း..."

သူသည် မယုံနိုင်စွာ စိုက်ကြည့်ရင်း ပိုင်ကျီဟန်အား အံ့သြတကြီး အော်ဟစ်လိုက်သည်။

"မင်းက... ချီသန့်စင်တဲ့အဆင့် ကလေးလေးပါပဲ..."

ပိုင်ကျီဟန်သည် တုန်ရီနေသော ခြေထောက်နဲ့ ရပ်နေပြီး သူ့ဓားသည် မြေကြီးထဲ၌ တုတ်တစ်ချောင်းလို စိုက်ဝင်နေသည်။ အသက်ရှူသံ တိုးတိုးလေးနဲ့ အတး ဝတ်ရုံစုတ်ပြဲပြီး သွေးတွေနဲ့ ရွှဲနစ်နေသည်။

"ငါပြန်ရောက်ရင် တစ်ချက်တည်းနဲ့ အားလုံးကို အဆုံးသတ်နိုင်တဲ့ နည်းစနစ်ကို ငါသေချာပေါက် သင်ယူရမယ်"

ပိုင်ကျီဟန်သည် သူ့အသိစိတ်ကို ထိန်းထားရင်း ညည်းညူလိုက်သည်။

ထို့နောက် သူ ဒူးတစ်ဖက်ထောက် လဲကျသွားပြီး သွေးအန်ထွက်လာ၏

"ချီးပဲ”

၎င်းတို့ အားလုံးပြီးနောက် သူ့ခန္ဓာကိုယ်က မခံနိုင်တော့ပေ

သို့တိုင် သူတစ်ယောက်တည်း ရုန်းကန်နေရတာတော့ မဟုတ်ပေ

နတ်ဆိုးသည် နာကျင်စွာ အော်ဟစ်ပြီး ထရပ်ဖို့ ကြိုးစားနေသည့်တိုင် သူကိုယ်တိုင်သိ၏

သူ ပြင်းထန်စွာ ဒဏ်ရာရသွားချေပြီ

သတိထားဖို့ မထိုက်တန်သော လူသားတစ်ယောက်ကြောင့်။

"မင်းက အမှိုက်ပဲ”

နတ်ဆိုးသည် အားလုံးကို အဆုံးသတ်ချင်နေပြီး ပိုင်ကျီဟန်သည် ခုခံဖို့ အခြေအနေမရှိတော့ပေ

နတ်ဆိုးသည် သူ့ညာဘက်ခြေသည်းကို မြှောက်လိုက်သည့်အချိန်မှာပဲ သူတို့ပတ်ဝန်းကျင် လေထုသည် အေးခဲသွားသည်။

အပူချိန်မဟုတ်ဘဲ အချိန်တန်လာတာပင်

အရာအားလုံး ရပ်တန့်သွားချေပြီ

နန်းတော်နံရံကို ရိုက်ခတ်နေသော မီးတောက်များ၊ လေထဲတွင် ပြုတ်ကျနေသော အပျက်အစီးများ၊ ခြေသည်းကို မြှောက်ပြီး ဟိန်းဟောက်နေသော နတ်ဆိုးတောင်မှ ရုပ်တုတစ်ခုလို နေရာမှာ ပိတ်မိနေသည်။

ပိုင်ကျီဟန်သည် ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်ပြီး သူ့အမြင်အာရုံသည် နာကျင်မှု၊ မောပန်းနွမ်းနယ်မှုတွေနဲ့အတူ မျောပါသွားသည်။

သူ ခေါင်းကို မမော့နိုင်သည့်တိုင် သူ ခံစားမိ၏ နတ်ဘုရားတစ်ပါးသည် မှားယွင်းမှုထဲကို ခြေလှမ်းချမိလိုက်သလို ကမ္ဘာကြီး၏ ပြောင်းလဲမှုတစ်ခု။

ပြီးတော့...

သူမ ပေါ်လာချေသည်။

လရောင်လို မှိန်ဖျော့ဖျော့နဲ့ နတ်ဘုရားဝတ်စုံဝတ်ထားသည့် ကြည်လင်သော ပုံရိပ်တစ်ခုသည် ပျက်စီးနေသော ပလ္လင်ပေါ်၌ ဝဲပျံနေသည်။

နတ်ဆိုး အရှိန်အဝါတောင် သူမအကြည့်အောက်၌ မှိန်ဖျော့သွားသည်။

သူမ အံ့အားသင့်သွားချေသည်။

သူမ နတ်ဘုရားပုံစံသည် တိုက်ပွဲကွင်းပြင်ပေါ်၌ ဝဲပျံနေပြီး မျက်လုံးများသည် ပိုင်ကျီဟန်၏ သွေးစွန်းနေသော ပုံရိပ်မှ ပျက်စီးနေတဲ့ ပလ္လင်ခန်းမဆီ...ထိုမှတဆင့် တစ်ဝက်ပျက်စီးနေသော နတ်ဆိုးဆီ

သူမ အစပိုင်းတွင် စကားမပြောခဲ့ပေ

သူမအကြည့်များသည် မီးလောင်နေသောနံရံများ၊ ကျိုးနေသော တိုင်များ၊ အရည်ပျော်နေသော ကျောက်တုံးများပေါ်တွင် ရပ်တန့်သွားပြီး နောက်ဆုံးမှာတော့ ပိုင်ကျီဟန်ဆီ ပြန်

ရောက်သွားချေသည်။ သူမမြင်နေရတာကို မယုံနိုင်သလိုပင်

"မင်း..."

သူမ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး အမူအရာက ခန့်မှန်းမရတော့ပေ။ သူမနှုတ်ခမ်းတွေသည် အနည်းငယ်ဟသွားသည့်တိုင် စကားလုံးတွေ ထွက်မလာပေ

ယင်းအစား သူမသည် ဖြည်းဖြည်းချင်း အောက်ကို ဆင်းလာပြီး သူ့ဆီကနေ ခြေလှမ်းအနည်းငယ်အကွာ၌ ရပ်တန့်သွားသည်။

ပိုင်ကျီဟန်သည် ထပ်ပြီး ချောင်းဆိုးလိုက်ကာ နီရဲရဲသွေးများက မြေပြင်ပေါ် လွင့်စင်ပြီး ကောက်ကွေးသော အပြုံးတစ်ခုကို အတင်းပြုံးလိုက်ရသည်။

"ဒါဆို ငါ အောင်မြင်လား ကျရှုံးလား"

မေးခွန်းသည် ငြိမ်သက်နေတဲ့လေထုထဲ၌သာ

နောက်ဆုံးတော့ အကြွင်းအကျန် ဝိညာဉ်သည် ရှည်လျားသော အသက်ရှုသံကို မှုတ်ထုတ်လိုက်သည်။ ပိုင်ကျီဟန်အနေနဲ့ ထိုစမ်းသပ်မှုကို ပထမဆုံးဝင်ရောက်ခဲ့တုန်းက ထိုစကားလုံးမျိုး ပြောရမည်ဟု သူမ မထင်ထားခဲ့ပေ

"...မင်း အောင်မြင်ခဲ့တယ်”

သူမသည် စိတ်ကို ရစ်ပတ်ထားသလို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်း မရဘူး။ အဲဒီလေ့ကျင့်မှုနဲ့ မရဘူး... အဲဒီခန္ဓာကိုယ်နဲ့ မရဘူး”

သူမအသံသည် ထပ်ပြီး တိတ်ဆိတ်သွားချေသည်။ သူမသည် နတ်ဆိုးကို လှည့်ကြည့်လိုက်ပြီး ပျက်စီးနေသော နန်းတော်၏နောက်ကွယ်ရှိ ပုံရိပ်ယောင်မြို့ကို ကြည့်လိုက်သည်။

သူမ၏အကြည့်သည် ပိုင်ကျီဟန်ထံ ပြန်ရောက်သွားပြန်သည်။

"နတ်ဆိုးတစ်ယောက်ကို ဒူးထောက်ခိုင်းနိုင်တာ ၊ သေခါနီးဆိုပေမဲ့ ဒီစမ်းသပ်မှုက စမ်းသပ်ဖို့ ရည်ရွယ်ထားတာထက် အများကြီး ကျော်လွန်သွားတာပဲ။"

ခဏရပ်လိုက်လေသည်။

ထို့နောက် တိုးတိုးလေးပြောလိုက်သည်။

"မင်း မလုပ်ခဲ့သင့်ဘူး”

ပိုင်ကျီဟန်သည် တိုးတိုးလေးရယ်လိုက်သည်။

တကယ်တော့ သူ လုပ်နိုင်ခဲ့တာသည် စနစ်ရှိတာကြောင့်နှင့် ကမ္ဘာမြေအကြောင်း သူ့၏ဗဟုသုတကြောင့်သာ

မဟုတ်လျှင် ထိုနတ်ဆိုးကိုပင် မဆိုထားနှငိ့။ အဆင့် ၃ နတ်ဆိုး၏ ကျူးကျော်မှုကို ကျော်လွှားနိုင်မည်ပင် မဟုတ်ပေ ။

ထိုသို့ဆိုတောင် သူသေတော့မည်သာ။ ပြင်ဆင်မှုနဲ့ စီစဉ်မှု မည်မျှရှိရှိ အံ့သြစရာကောင်းလောက်အောင် မလုံလောက်ပေ

ဝိညာဉ်အကြွင်းအကျန်သည် တောက်ပလာပြီး အက်ကွဲကြောင်းများသည် ဖန်ချပ်တွေပေါ်က ပင့်ကူအိမ်လို ပျံ့နှံ့သွားချေသည်။

သူမသည် ပိုင်ကျီဟန်ကို ကြည့်လိုက်ပြီး နောင်တရနေပုံရ၏ - ဒါမှမဟုတ် အပြစ်ရှိသလို ခံစားရချေသည်

"ဒါပေမယ့် မင်းငါ့ရဲ့အမွေအနှစ်ကို မရနိုင်ဘူး”

အကြွင်းအကျန်ဝိညာဉ်က ကြေငြာလိုက်သည်။

ပိုင်ကျီဟန် အံ့အားသင့်သွားသည့်တိုင် တခြားတစ်ယောက်ယောက်သည် သူ့ထက်မြန်မြန် စမ်းသပ်မှုကို အောင်မြင်နိုင်သည်ဟု တွေးမိသည်။

ထိုသို့ဆိုပါက သူဘာမှလုပ်လို့မရပေ

"စမ်းသပ်ချက်ကို ဘယ်သူအရင်အောင်မြင်တာလဲ?"

ပိုင်ကျီဟန်က မေးလိုက်သည်။

အကြွင်းအကျန်ဝိညာဉ်က ခေါင်းခါလိုက်သည်။

"ဘယ်သူမှ မလုပ်နိုင်သေးဘူး။ မင်းက ငါ့ရဲ့စမ်းသပ်ချက်အားလုံးကို ပထမဆုံးအောင်မြင်တဲ့သူပဲ”

အကြွင်းအကျန်ဝိညာဉ်သည် မမျှော်လင့်ဘဲ ပိုင်ကျီဟန်ကို အံ့သြတကြီးနဲ့ ပြန်ဖြေလိုက်သည်။

စမ်းသပ်ချက်အားလုံးကို အရင်အောင်မြင်၏ ဒါဆို ဘာပြဿနာရှိမည်နည်း။

စမ်းသပ်ချက်ကို အရင်အောင်မြင်သူက အမွေရမှာ မဟုတ်ဘူးလား။

"ဒါဆို ဘာလို့လဲ?"

ပိုင်ကျီဟန်သည် စိတ်အနှောင့်အယှက်ဖြစ်စွာ မေးလိုက်သည်။

အကြွင်းအကျန်ဝိညာဉ်သည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် အဖြေပေးလိုက်သည်။

"ကံကြမ္မာကြောင့်”

ပိုင်ကျီဟန်သည် သူမပြောတာကို နားမလည်ပေ။

သူမပြောတာကို သူနားမလည်ဘူးဟု မဆိုလိုပေ၊ သို့တိုင် ကံကြမ္မာပေါ်၌ မူတည်နေလျှင် စမ်းသပ်မှုသည် မည်သို့အသုံးဝင်မည်နည်း

"ကံကြမ္မာလား။ ငါ့ကို မကြိုက်လို့ ဆင်ခြေပေးနေတာ မဟုတ်ဘူးဆိုတာ သေချာလား။"

All Chapters