← Chapters

ကြိုးစားရတာမတန်ဖူး

Vol. 11 Ch. 157

ကြိုးစားရတာမတန်ဖူး

Vol. 11 Ch. 157

ပိုင်ကျီဟန်သည် ထို အခြေအနေကို နားမလည်ပေ

သူအနိုင်ရသည့်တိုင် ဆုကိုတော့ ငြင်းခံလိုက်ရချေပြီ။

ထိုအရာကို သူ လုံးဝ လက်မခံနိုင်ခဲ့ပေ

မသေမျိုး ဧက္ကရာဇ်၏ အကြွင်းအကျန် ဝိညာဉ်သည်လည်း ၎င်းကို နားလည်သည့်တိုင် စမ်းသပ်ခြင်းအဆင့်အားလုံးကို ပထမဆုံးပြီးမြောက်သူက ပိုင်ကျီဟန်ဖြစ်နေသည့်အပေါ် သံသယဖြစ်နေသည်။

“ပထမဆုံး ဒီကမ္ဘာက ထွက်လိုက်ကြစို့”

သူမပြောတာက သူတို့ရောက်ရှိနေသည့် ပုံရိပ်ယောင်ကမ္ဘာသာ

အကြွင်းအကျန်ဝိညာဉ်သည် ပြောရင်း သူမ လက်ချောင်တစ်ချောင်းကိုဝေ့လိုက်ရာ ပိုင်ကျီဟန်နဲ့ သူမအား ပုံရိပ်ယောင်ကမ္ဘာတစ်ခုလုံးမှဆွဲထုတ်ကာ ရှေးဟောင်း အပျက်အစီးထဲသို့ ပြန်ရောက်လာကြသည်။

“ဟုတ်ပြီ၊ ဒါက ပိုကောင်းပါတယ်”

မိမိလက်ကို ဆွဲကြည့်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။

သံမြူနှင်းလို တစ်ချက်တောင်ရိုက်တာ မခံနိုင်သော အားနည်းလှသည့် ခန္ဓာကိုယ်မှာနေရခြင်းထက် စွမ်းအားရှိသော ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည်ကို သူအနည်းငယ်ပျော်

ရွှင်နေမိသည်။

ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တော့ အခြား စမ်းသပ်သူများ၏ ခန္ဓာကိုယ်များသည် တတိယစမ်းသပ်မှုသို့ ရောက်နေပြီး မြေပြင်ပေါ်တွင် အိပ်ပျော်နေသလို သတိလစ်နေကြသည်။

သူမြင်ရသူတွေထဲမှာတော့ ပိုင်ရွှယ်ချင်း၊ ချူကျီယန် ပိုင်ရှင်းယွဲ့ နဲ့ အခြားသူများပါ၏ စုစုပေါင်းဆယ်ယောင်ခန့်ရှိနေသည်။

တခြားသူတွေ ဘာဖြစ်သွားသည်ကို သူ မသိခဲ့ပေ ။ သူတို့ ဒုတိယစမ်းသပ်မှုမှာ ပိတ်မိနေတုန်းပဲလား။

တတိယစမ်းသပ်မှုကို သူစလုပ်သည့်အချိန်ကဆို လပေါင်းများစွာကြာနေပြီဖြစ်တာကြောင့် ယုံရခက်ပေ၏

ထိပ်တန်းပါရမီရှင် အများအပြားနဲ့အတူ ကောင်းကင်အဆင့်နည်းစနစ်လိုမျိုးတစ်ခုခုကို ရွေးချယ်လျှင်ပင် အသေးစားအောင်မြင်မှုကို မရောက်နိုင်သည်က ယုံရခက်ပေသည်။

မည်သို့ပင်ဖြစ်စေ အကြောင်းအရာကို ပြန်သွားရလျှင်

" မင်းရဲ့အမွေဆက်ခံဖို့အတွက် ငါ့မှာ ကံကြမ္မာမရှိဘူးလို့ ခံစားရရင် ဘာလို့ စမ်းသပ်မှုကို လုပ်ရတာလဲ"

ပိုင်ကျီဟန်သည် သရော်သလိုမေးလိုက်သည်။

အကြွင်းအကျန်ဝိညာဉ်သည် ရှေးဟောင်းအပျက်အစီးထဲ၏ ယဇ်ပလ္လင်ပေါ်၌ ဝဲပျံနေကာ ပိုပြီးတည်ငြိမ်နေ၏ သူမ၏ကြည်လင်သောပုံပန်းသဏ္ဌာန်သည် အခန်းထဲက အပျက်အစီးအောက်တွင် မှိန်ဖျော့ဖျော့ တောက်ပနေသည်။

သူမက သူ့ကို ခဏလောက်ကြည့်လိုက်ချေသည်။

"ကံကြမ္မာ..." သူမ ဖြည်းဖြည်းချင်းစပြောလာ၏ "အဲ့တာက လူတွေပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားလုံးတစ်လုံးတည်း မဟုတ်ပါဘူး။"

သူမက လက်ကိုမြှောက်လိုက်သည်။

သူမနောက်ကွယ်တွင် ကြယ်စုများသည် မြင်ကွင်းထဲတွင် ပေါ်လာပြီး တလက်လက်တောက်ပနေကာ ကြယ်များ မျဉ်းကြောင်းများနဲ့ အလင်းတန်းများအဖြစ် ကခုန်နေ၏

"ဒီကမ္ဘာမှာ အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားပါ။ ပြောင်းလဲမှုတိုင်း။ ဆုံးဖြတ်ချက်တိုင်း။ အသက်ရှူသံတိုင်း။ ငါမသေဆုံးခင် ငါ့ရဲ့အမွေကို ရရှိမယ့် ကံကြမ္မာရှိသူကို ငါတွက်ချက်ခဲ့တယ်။"

သူမအကြည့်တွေက ထက်မြက်လာ၏

"ပြီးတော့ ငါချန်ထားခဲ့တဲ့ အရာအားလုံးကို အမွေဆက်ခံမယ့်သူက အမျိုးသမီးတစ်ယောက်ဖြစ်မယ်ဆိုတာ သေချာတယ်။ ဒုတိယနဲ့ တတိယစမ်းသပ်မှုနှစ်ခုလုံးမှာ ပထမနေရာရမယ့် မိန်းကလေးတစ်ယောက် ရှိလိမ့်မယ်။"

ပိုင်ကျီဟန်က မျက်တောင်ခတ်လိုက်သည်။

ထိုအယူအဆကို သူနားမလည်လို့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကမ္ဘာ၌ တခြားသူတွေထက် ကြိုတင်သတ်မှတ်ထားသော ကောင်းကင်ဘုံရွေးချယ်ခံရသူ ရှိသည်ကို သူကိုယ်တိုင်သိသည့်တိုင် သူတို့က ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလျှင် သူဆွဲထုတ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။

အကြွင်းအကျန်ဝိညာဉ်ပြောသည့်အရာနဲ့ အတူတူပဲဟု သူထင်ခဲ့သည်။

သူမအနေနဲ့ အမွေဆက်ခံမှုအတွက် အနိုင်ရသူ မည်သူဖြစ်မည်ကို မဖန်တီးခင်ကတည်းက ခန့်မှန်းထားခဲ့တာ ဒါမှမဟုတ် တွက်ချက်ထားခဲ့တာ ဖြစ်နိုင်၏

သို့တိုင် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခု ရှိနေခဲ့သည်။ ၎င်းက သူပဲဆိုတာ ထင်ရှားပေသည်။

"ဒုတိယစမ်းသပ်မှုရဲ့ ရလဒ် - မင်းရဲ့ရလဒ်က အမှားတစ်ခုလို့ ငါယုံကြည်တယ်။ ပုံမှန်မဟုတ်တဲ့ ရလဒ်တစ်ခု။ ဒါပေမယ့် တတိယစမ်းသပ်မှု ရောက်လာတော့လည်း အတူတူပါပဲ။"

သူမသည် စိတ်ရှုပ်ထွေးနေပုံရသည်။ ဒေါသထွက်ခြင်းလည်း မရှိပေ။ ဝမ်းနည်းခြင်းလည်း မရှိပေ။ အမှန်တကယ် ရှုပ်ထွေးနေပုံရသည်။

"မင်းက အနိုင်ရတဲ့သူ မဖြစ်သင့်ဘူး”

"ဒါဆို ဒါကို အမွေဆက်ခံဖို့ ငါ့မှာကံကြမ္မာမရှိဘူးလို့ ပြောနေတာလား" ပိုင်ကျီဟန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ဒါပေမယ့် ငါ အောင်မြင်ခဲ့တယ်လေ။ ငါ စမ်းသပ်မှုတိုင်းကို အောင်မြင်ခဲ့တယ်။ ဒါဆို ကံကြမ္မာက မှားတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"

သူမက ချက်ချင်း မဖြေပေ

"မဟုတ်ဘူး" နောက်ဆုံးတွင် အကြွင်းအကျန်ဝိညာဉ်သည် ခိုင်မာပြီး တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်သည်။

"တွက်ချက်မှုတွေ မှားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ နောက်ဆုံးရက်တွေမှာ ကောင်းကင် ဖန်တီးမှုတွေကို ရာနဲ့ချီပြီး လုပ်ခဲ့ရတာ။ ရလဒ်တွေက အမြဲတမ်း အတူတူပဲ။ မိန်းကလေးတစ်ယောက် ဖြစ်မှာ။ မင်း အခု ရပ်နေတဲ့နေရာမှာ ရပ်ရမယ့်သူက မိန်းကလေးပဲ။"

" မင်း မမှားဘူးဆိုတာ သေချာလား။"

"ငါက ပုံစံတွေကို ဖန်တီးခဲ့တယ်။ ကိုးခုမြောက် ကောင်းကင်ယံအထက်က မသေနိုင်တဲ့ ကြယ်တွေကို အသုံးပြုပြီး ကံကြမ္မာလမ်းကြောင်းတွေကို ငါကိုယ်တိုင် ထွင်းထုခဲ့တာ။ အမှား မရှိဘူး။"

ပိုင်ကျီဟန် မျက်လုံးတွေ လိမ်ဖယ်သွားသည်။ သူမ ပြောခဲ့သော အရာတွေ၏ တစ်ဝက်ကိုပင် သူ မသိခဲ့ပေ။

သို့တိုင် မသေမျိုး ဧက္ကရာဇ်ဖေးလိန်သည် သူမအမွေကို မည်သူရမည်ဆိုတာ သိနေခဲ့သည်။

"ဒါဆို... ဘာလဲ။ မင်းရဲ့ အသုံးမကျတဲ့ အသားကြိတ်စက်စမ်းသပ်မှုကို ငါကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးမှာ 'ဆောရီး၊ မင်းက ငါသတ်မှတ်တဲ့ ကျားမ ရွေးချယ်မှုနဲ့ မကိုက်ညီဘူး' ဆိုတဲ့ စကားကို ငါရခဲ့တယ်။ ငါတို့ အခုလုပ်နေတာ အဲဒါပဲလား?"

အကြွင်းအကျန်ဝိညာဉ်သည် တွန့်ဆုတ်မနေပေ

"ဒါက သင်္ကေတသက်သက် မဟုတ်ပါဘူး။ နောက်ဆုံးအမွေကို အမျိုးသမီး ကျင့်ကြံသူအတွက်ပြုလုပ်ထားတာ။

ကျင့်ကြံနည်းလမ်း၊ ခန္ဓာကိုယ် သန့်စင်မှုနည်းစနစ်၊သွေးကြော—ဒါတွေအားလုံးကို အမျိုးသမီးခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ဖို့ ဒီဇိုင်းထုတ်ထားတာ။ မင်း အတင်းအကျပ်လုပ်ရင်..."

သူမ ခဏရပ်လိုက်၏ ထို့နောက် အလွန်အမင်း တည်ကြည်စွာ ပြောလိုက်ချေသည်။

"မင်းရဲ့ ယောက်ျားပီသမှုကို ဖြတ်တောက်ရနိုင်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရမယ်။ မင်းတကယ်လိုချင်ရင် ငါ မင်းကို အမွေပေးမယ်။"

ပိုင်ကျီဟန်သည် ရပ်တန့်သွားချေသည်။

သူ့မျက်နှာအမူအရာသည် ဒေါသထွက်နေရာမှ ထိတ်လန့်သွားပြီး သုံးစက္ကန့်အတွင်း စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ဖြစ်သွားခဲ့၏

"...မင်း နောက်နေတာ။"

"ငါမနောက်ဘူး" ဟု သူမက တည်ကြည်စွာ ပြန်ဖြေသည်။

တိတ်ဆိတ်သွားချေသည်။

ပိုင်ကျီဟန်သည် နောက်ဆုတ်လိုက်ပြီး မသိစိတ်သည် သူ့ပေါင်ခွဆုံကို လက်တစ်ဖက်ဖြင့် ကာကွယ်လိုက်သည်။

"မရဘူး။ လုံးဝရဘူး။ မင်းရဲ့ လိင်ခွဲခြားထားတဲ့စနစ်ကို ထားလိုက်တော့။ အမွေအတွက် ငါ့ညီလေးကို ဖြတ်ပစ်မှာ မဟုတ်ဘူး။"

သူမ မျက်ခုံးပင့်လိုက်သည်။

သူထိုက်တန်သော အရာအတွက် သူမတောင်းဆိုတာ များလွန်းသည်ကို သိသည့်တိုင် ပိုင်ကျီဟန်သည် မသေမျိုး ဧကရာဇ်အမွေကို အမွေအချို့အဖြစ်သာ သတ်မှတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ

တခြားသူတစ်ယောက်ဆိုလျှင် မသေမျိုးဧကရာဇ်အမွေကို ရမည်ဆိုပါက သူမ အကြံပေးတာကို လုပ်ကြမည်သာ

မသေမျိုးဧကရာဇ်၏ အမွေ၊ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်သော အာဏာနဲ့ ယှဉ်လျှင် ယောက်ျားပီသမှုက ဘာဖြစ်မည်နည်း

(သူကတော့ တကယ်ကို ကွဲပြားတယ်)

ထိုစိတ်ဓာတ်၊ သူ့၏သဘောထား သို့မဟုတ် တခြားသူတွေနဲ့ ယှဉ်လျှင် သူ့၏ကြီးမားသောခွန်အားဖြစ်ပါစေ ပိုင်ကျီဟန်တွင် ကွဲပြားပြီး စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုရှိသည်ဟု အကြွင်းအကျန်ဝိညာဉ် ယူဆမိသည်။

"ဒါဆို ငါ့ရဲ့အမွေအနှစ်ကို မင်းဆုံးရှုံးရလိမ့်မယ်။"

သူ မျက်လုံးလှန်ကြည့်လိုက်၏

(အမျိုးသမီး၊ ငါ့မှာ လှည့်စားမှုတစ်ခု ရှိပြီးသား။ အဲဒါကို စနစ်လို့ခေါ်တယ်။ မင်းလိုမဟုတ်တာက ဒါက လိင်ပြောင်းဖို့ မလိုအပ်ဘူး။)

နောက်တစ်ကြိမ် ရပ်တန့်သွားချေသည်။

"ဒါပေမယ့် စမ်းသပ်မှုတိုင်းကို အောင်မြင်ပြီး ဘာမှမရတာက မင်းအတွက်တော့ မတရားဘူး။ အဲဒီအတွက် အမွေအနှစ်အစား ငါပိုင်ဆိုင်တဲ့ တခြားရတနာတွေအားလုံးကို မင်းရလိမ့်မယ်"

အကြွင်းအကျန်ဝိညာဉ်သည် အကြံပြုလေ၏

"ဘာမှမရတာထက်စာရင် ပိုကောင်းပါသေးတယ်”

ပိုင်ကျီဟန်အနေနဲ့ အမွေဆက်ခံနိုင်ခြင်းမရှိပေမယ့် နောက်ထပ် ရတနာရမည်ကို လက်ခံနိုင်ပေသည်။

သူမနှင့်အတူ ရတနာများရှိရာနေရာသို့ သွားခါနီးတွင် ပိုင်ရှင်းယွဲ့ကိုကြည့်ပြီး အကြွင်းအကျန်ဝိညာဉ်အား မေးလိုက်သည်။

“သူမက အမွေဆက်ခံမဲ့ သူလား။”

ပိုင်ကျီဟန်အမြင်အရ ဤအမွေဆက်ခံခြင်းသည် တစ်ဦးတည်းအတွက်သာ ထားရှိပြီး ထိုသူသည် ကောင်းကင်ရွေးချယ်သူ ဖြစ်ရမည်ဖြစ်ကာ ဤနေရာတွင် သူသိသူက တစ်ဦးတည်းသာရှိသည်။

“…”

အကြွင်းအကျန်ဝိညာဉ်သည် ပိုင်ကျီဟန်ညွှန်ပြသော ပိုင်ရှင်းယွဲ့ကို လှည့်ကြည့်လိုက်သည်။

ပိုင်ကျီဟန် မည်သို့သိသွားသည်ကို မသိသော်လည်း ပိုင်ရှင်းယွဲ့သည် အကြွင်းအကျန်ဝိညာဉ်မှ စောင့်ကြည့်နေသူဖြစ်ကာ ပိုင်ကျီဟန် ဒုတိယစမ်းသပ်မှုကို အောင်မြင်ပြီး ဒုတိယအောင်မြင်သူ ဖြစ်လာကတည်းကပင်

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာမပြောနိုင်ဘူး”

အခြေအနေအပြောင်းအလဲများကြောင့် ယခင်ကလို သေချာပြောနိုင်တော့ခြင်းမရှိသော်လည်း အချိန်ကြာလျှင် သိလာမည်ဖြစ်သည်။

“ကောင်းပြီ၊ ငါက သူမဖြစ်မယ်လို့ ထင်တယ်။ လောင်းမလား။”

ပိုင်ကျီဟန်က ပြောသည်။

“မလိုဘူး ။ ငါ ကတိပေးထားတဲ့ ရတနာတွေပဲရမယ်။”

ဝိညာဉ်အကြွင်းအကျန်က ဖြေသည်။

ပိုင်ကျီဟန်သည် သူမကိုညွှန်ပြလေ၏

“မင်း ကိုယ်တိုင် ရှိနေတယ်လေ” ဟု ပြောလိုက်သည်။

ဝိညာဉ်အကြွင်းအကျန်သည် အံ့အားသင့်သွားသည်။

ဝိညာဉ်ဖြစ်သည့်တိုင် မသေမျိုးဧက္ကဇ်၏ ဝိညာဉ်ကို တောင်းသည့် သူ့ကို ရိုင်းသည်ဟု ထင်မည်သာ

“မရဘူး။ ငါ့တာဝန် ပြီးသွားတာနဲ့ ဝိညာဉ်

လက်ကျန်က ပျောက်သွားလိမ့်မယ်။”

သူမ ဖြေပြီးနောက် ပိုင်ကျီဟန်ကို ကတိပြုထားသော ရတနာများရှိရာသို့ လမ်းပြလိုက်သည်။

ပိုင်ကျီဟန်သည် မငြင်းသော်လည်း သူ၏ လှည့်ကွက် မအောင်မြင်နိုင်တာကြောင့် စိတ်ညစ်သွားသည်။

စနစ်တွင် ဝိညာဉ်ကို ထိန်းသိမ်းဖို့နဲ့ ၎င်းတို့ကို အစွမ်းထက်စေဖို့အတွက် ရတနာတွေ အများကြီးရှိပေ၏

မသေမျိုး ဧကရာဇ်၏ ဝိညာဉ်စွမ်းအားသည် သူစိတ်ဝင်စားသော အရာဖြစ်သည့်တိုင် ထိုထက်ပိုစိတ်ဝင်စားတာက သူတို့၏ အသိပညာသာ။

သူတို့သက်တမ်းကို ထည့်သွင်းစဉ်းစားလျှင် ယနေ့ခေတ် တော်ဝင်စာကြည့်တိုက်မှာပင် မရှိသော အသိပညာတွေ အများကြီးရှိ၏ထို့အပြင် ရှေးဟောင်းအသိပညာအများစုသည် ခေတ်တွေအကြားတွင် ဖျက်ဆီးခံခဲ့ရချေသည်။

ထိုကြောင့် သူ့အနေနဲ့ ထိုကမ္ဘာအကြောင်း ဗဟုသုတအိုးကို ရဖို့ မျှော်လင့်ခဲ့သည့်တိုင် မအောင်မြင်ခဲ့ပေ။

မထွက်ခွါခင် ပိုင်ကျီဟန်သည် မိုထျန်းကျီခေါင်းကို ကန်ခဲ့ပေမဲ့ သူ့ခေါင်းတွင် ထိခိုက်မှုတစ်ခုကလွဲပြီး နိုးမလာခဲ့ပေ

"အံ့ဩစရာပဲ”

ထိုလှည့်စားမှုသည် မည်မျှစစ်မှန်သည်ကို သိသော်လည်း ပြင်ပဝင်ရောက်စွက်ဖက်မှုတွေနဲ့ပင် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးဟု ထင်ရသည်။

ရှေးဟောင်းအပျက်အစီးထဲ၌ ဝိညာဉ်အကြွင်းအကျန် တစ်ခုတည်းကသာ ထိုလူတွေကို နိုးထစေနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်၏

ဝိညာဉ်အကြွင်းအကျန်သည် သူ့ကို ခက်ထန်သောအကြည့်ဖြင့် “နောက်တစ်ခါ ဒီလိုမလုပ်နဲ့” ဟု ပြောလိုက်လေသည်။

ပိုင်ကျီဟန်အနေနဲ့ သူလုပ်သည်ကို မသိဟန်ဆောင်ပြီး သူမနောက်ကို လိုက်သွားချေ၏။

မကြာမီတွင် ဝိညာဉ်အကြွင်းအကျန် ဝင်သွားသောအခန်းသို့ ရောက်ရှိသွားကြသည်။

ပိုင်ကျီဟန်မြင်လိုက်ရသည့်အရာက သူ့အား စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။

All Chapters