လျော်ကြေးထက် ပိုများသော
Vol. 11 Ch. 158
တံခါးသည် ခန်းမတစ်ခုလုံး ကျွီခနဲအသံနဲ့ ပဲ့တင် ထပ်သွားပြီး ပိုင်ကျီဟန်အဖို့ ချင်းချင်းခြေလှမ်းနှေးသွားစေသည်။
အခန်းထဲကို မဝင်မီ ချီပေါများမှုကို ခံစားလိုက်ရသည်။
သူ့ချွေးပေါက်တွေလို သန့်စင်ပြီး ပေါများကာ သူ့ဝိညာဉ်ပင် လွင့်မျောနေ၏
အကြွင်းအကျန်ဝိညာဉ်သည်လည်း တိတ်တိတ်လေးနဲ့ သူ့ဘေးတွင် ပျံနေပြီး အတူတူ အခန်းထဲသို့ ဝင်သွားသည်။
နောက်တွင် ပိုင်ကျီဟန်မြင်လိုက်ရပေသည်။
သူ ပထမဆုံးအကြိမ် အကြာကြီး ပြောစရာစကားမဲ့နေတာပင်
“…အိုး”
ကျင့်ကြံသူစံနှုန်းနဲ့ တိုင်းပါက ၎င်းသည် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပေ
အရွယ်အစားသေးသည့်တိုင် တန်ဖိုးများပေ၏ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ တန်ဖိုးသာ
ဘယ်ဘက်မှာတော့ ဝိညာဉ်လက်နက်များ ရှိနေ၏ ၎င်းတို့ထဲမှ တစ်လက်သည် ချီပြင်းထန်လွန်းတာကြောင့် ပိုင်ကျီဟန်တောင် မကြာခဏကြည့်မိနေ၏
၎င်းသည် ကောင်းကင်အဆင့် သို့မဟုတ် ထိုထက်တောင်မြင့်သော အဆင့်အထိ ရှိနိုင်၏
ညာဘက်မှာတော့ ရှေးဟောင်းဆေးမီးပြင်းဖို ရှိသည်။ သူတို့နောက်မှာတော့
တောက်ပနေသော ပုလင်းများ ရှိ၏ - ၎င်းတို့ထဲမှ တချို့သည် သာမန်ဆေးဖော်မှုအဆင့်ကို ကျော်ပြီး နတ်ဘုရားဆေးအဆင့်ပင် ဖြစ်နေချေပြီ
ထို့အပြင် အမှုန့်သတ္တုများ၊ တောက်ပနေသော ကျောက်ရတနာများပါဝင်သော ဘူးများ၊ သက်တမ်းရင့် ရှေးဟောင်း အမြစ်များနှင့် အချို့ဆို အဆင့်-၉ နတ်ဆိုးအရိုးအစအပိုင်းများတောင် ပါဝင်နေသည်။
ထိုအရင်းအမြစ်ပမာဏနဲ့ဆို ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ကို အကြိမ်များစွာ ပြန်လည်သန့်စင်စေနိုင်မည်ဖြစ်ကာ သူ၏ ထာဝရဝိညာဉ်ဓားအတွက်ပါ လုံလောက်သေး၏
“ကျွန်တော်က လက်နက်အနည်းငယ်နဲ့ ကျင့်ကြံမှုတစ်ခုလို့ မျှော်လင့်ခဲ့တာပါ။”
ပိုင်ကျီဟန်က တိတ်တိတ်လေး ပြောလေ၏
“ဒါကတော့… တစ်ခြားအဆင့်တစ်ခုတောင် မဟုတ်တော့ဘူး”
အကြွင်းအကျန်ဝိညာဉ်သည် ခေါင်းညိတ်လိုက်သည်။
“ဒါတွေက ငါ့မှာ ကျန်ခဲ့တဲ့ရတနာတွေ”
သူမသည် နောက်အနားရှိ ကျောက်စိမ်းပြားများကိုညွှန်ပြပြီး ပြောလိုက်သည်။
“ဒီထဲမှာ လမ်းညွှန်စာအုပ်ကိုးအုပ်ရှိတယ် —ကောင်းကင်အဆင့်ကနေ မသေမျို မပြီးပြတ်သေးတဲ့အဆင့်တစ်ခုထိပါ ပါတယ်။”
ပိုင်ကျီဟန်၏ နှုတ်ခမ်းတစ်ဖက် ကွေးသွားသည်။
မသေမျိုးအဆင့်
(မပြီးသေးတာပင်ဖြစ်ပါစေ၊ အဲဒါက စစ်ပွဲတွေ ဖြစ်အောင်လုပ်နိုင်တဲ့အရာပဲ)
“ငါ ဒါကို အားလုံး ယူသွားလို့ ရမလား?” ဟု မေးလိုက်သည်။
“ရတယ်။” အကြွင်းအကျန် ဝိညာဉ်က ဖြေလိုက်သည်။
“ဒီအခန်းထဲက အရာအားလုံးက မင်းအတွက်ပဲ။ ငါမပေးနိုင်တာအတွက် လျော်ကြေး”
ပိုင်ကျီဟန်သည် အသက်ကို ပြင်းပြင်းရှူပြီး ပြုံးလိုက်၏
"ကောင်းပြီ ။ ငါ ဒုက္ခရောက်တော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ဒါက ငါထင်ထားတာထက် ပိုကောင်းတဲ့ အမြတ်ပဲ။"
သူ အများကြီးရခဲ့သည့်တိုင် လူသားတွေ၏လောဘက အကန့်အသတ်မရှိပေ။
ထိုအရာအားလုံးကို လျော်ကြေးအဖြစ် ရလျှင် တကယ့် အမွေဆက်ခံမှုသည် ပိုတန်ဖိုးရှိလိမ့်မည်ဟု သူထင်နေတုန်းသာ
သူရခဲ့သော အရာအားလုံးထက် ပိုတန်ဖိုးရှိမှာ သေချာ၏
"ဒါပေမယ့် မင်း လုပ်ချင်ရင် တခြားပါဝင်သူတွေအတွက်လည်း ပစ္စည်းအနည်းငယ် ချန်ထားလို့ရတယ်။"
အကြွင်းအကျန်ဝိညာဉ်က ထပ်ပြောလေ၏
သို့တိုင် ပိုင်ကျီဟန်သည် သူမ၏ နောက်ဆုံးစကားကို မကြားသလို ဟန်ဆောင်လိုက်ချေသည်
သူသည် သိုလှောင်လက်စွပ်များ - စွမ်းရည်မြင့်လက်နက်များကို ထုတ်ပြီး တိကျစွာ သိမ်းယူလိုက်ချေသည်။
ဆေးပုလင်းများ၊ သတ္တုရိုင်းများ၊ လက်စွဲစာအုပ်များ၊ လက်နက်များ အားလုံးကိုပါ ထည့်လေ၏
ပစ္စည်းတွေ အရမ်းများလွန်းနေ၏ကံကောင်းထောက်မစွာပဲ ဘဏ္ဍာတိုက်ထဲ၌အရည်အသွေးမြင့် သိုလှောင်လက်စွပ်တွေလည်း အများကြီးရှိနေပေ၏
သူသည် နိုင်ငံတစ်ခု၏ ချမ်းသာကြွယ်ဝမှုအားလုံးကို သယ်ဆောင်လာသလို ခံစားရပြီး အမှန်အတိုင်းပြောရလျှင် ထိုရတနာအားလုံးကို ရပြီးသည်နောက် သူသည် အချမ်းသာဆုံးဟု ပြောနိုင်ပေ၏
ရတနာအနည်းငယ်ကို တခြားသူတွေအတွက် ချန်ထားဖို့ကော။
ထိုသို့ကောင်းမွန်သော ကူညီသူယောက်ကို ရှာတွေ့လျှင်ကို ကံကောင်းပေ၏
ဆယ်မိနစ်လောက်ကြာတော့ အခန်း၏အများစုကို ရှင်းလင်းပြီးသွားချေပြီ။
"..."
အကြွင်းအကျန်ဝိညာဉ်သည် သူမ၏ရတနာအားလုံး ဗလာဖြစ်သွားသည်ကို ကြည့်နေရ၏ - ဒါကလည်း သူမကိုယ်တိုင် ကမ်းလှမ်းခဲ့တာဖြစ်ပေသည်။
"ကဲ၊ ဒါပဲ”
ပိုင်ကျီဟန်သည် ယူသွားစရာ တခြားတစ်ခုခုရှိနေသလို ပြောလိုက်ချေ၏
"ဒါဆို အခုဘာလုပ်ရမလဲ။ ရှေးဟောင်းအပျက်အစီးတွေကနေ ထွက်သွားလို့ရပြီလား"
ပိုင်ကျီဟန်က မေးလိုက်ချေသည်။
အမွေအနှစ်ကို မရဘဲ ရတနာများကို ရထားပြီးသား ဖြစ်တာကြောင့် သူရထားသော ပစ္စည်းများနဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ထိုအချိန်ကို အသုံးချရမည်။
"မရသေးဘူး..ငါ့ရဲ့ အမွေအနှစ်ကို ကံကြမ္မာက အမွေဆက်ခံတဲ့အထိ ဘယ်သူမှ ရှေးဟောင်း အပျက်အစီးတွေကနေ ထွက်သွားလို့မရဘူး။"
ကျန်ရှိနေသော ဝိညာဉ်က ပြန်ဖြေသည်။
"ဟုတ်လား"
ပိုင်ကျီဟန်အဖို့ သူရထားသော ရတနာများနဲ့ ဆို စောင့်ဆိုင်းရသည်ကိုပင် ဂရုမစိုက်ပေ
"ဘာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက ပါဝင်သူတွေလား။ နောက်ထပ်ရှိသင့်သေးတာ မဟုတ်ဘူးလား"
ပိုင်ကျီဟန်က မေးလေ၏
တတိယစမ်းသပ်မှုတွင် ပါဝင်သူ ၁၀ ယောက်လောက်ပဲ ရှိသေးပြီး ရှေးဟောင်းအပျက်အစီးထဲကို ဝင်ရောက်လာသူက ထောင်နဲ့ချီရှိ၏
"ဒုတိယစမ်းသပ်မှုကို အောင်မြင်ဖို့ လိုအပ်ချက်က ကိုယ်ခံပညာ နယ်ပယ်အသေး တစ်ခု ရောက်ဖို့ပဲ မဟုတ်ဘူး ..ကောင်းကင်အဆင့် ကိုယ်ခံပညာ ဖြစ်ရမယ်။ အဆင့်နိမ့် ကိုယ်ခံပညာတွေကို ရွေးချယ်သူတွေကို အရည်အချင်းမပြည့်မီဘူးလို့ ယူဆတယ်။"
ဝိညာဉ်က ပြန်ဖြေလေ၏
"အဲဒါက ကျိုးကြောင်းဆီလျော်ပါတယ်”
စမ်းသပ်မှုသည် လပေါင်းများစွာကြာနေသည့်တိုင် တတိယစမ်းသပ်မှုကို ရောက်ရှိခဲ့သူ ၁၀ ယောက်ပဲရှိတာ အံ့ဩစရာ မဟုတ်ပေ
ပါဝင်သူများထဲ၌ ကောင်းကင်အဆင့်နည်းစနစ်ကို ရွေးချယ်သည့် တခြားသူများလည်း ရှိ၏ သို့တိုင် ထိုဆယ်ယောက်အပြင် တခြားသူတွေသည် ကောင်းကင်အဆင့်နည်းစနစ်ကို အနည်းဆုံး တစ်လအတွင်းတော့ နားလည်နိုင်စွမ်းမရှိကြပေ။
နဝမမြောက် မင်းသမီး ယုဖေးယွမ်ကတော့ ပိုင်ကျီဟန်ကို အံ့အားသင့်စေခဲ့သည်။
တော်ဝင်မိသားစုထဲ၌ အားအနည်းဆုံးဟု ထင်ရသော သူမသည် တတိယစမ်းသပ်မှုတွက် ပါဝင်သည့် တစ်ဦးတည်းသော သူသာ
"ဒါဆို တတိယစမ်းသပ်မှုကို အောင်မြင်ဖို့ အခြေအနေက ဘာလဲ"
ပိုင်ကျီဟန်က မေးလိုက်၏ သူသည် ထိုအကြောင်းကို အတော်ကြာ စဉ်းစားနေခဲ့သည်။
နတ်ဆိုးကို သတ်ဖို့က မဖြစ်နိုင်ပေ - ဘာလို့လဲဆိုတော့ ကျရှုံးမှာ သေချာပေ၏
မြို့ကို ကယ်တင်ဖို့ဆိုလျှင်လည်း သူ ကျရှုံးမှာ သေချာသည်။
သူသည် နတ်ဆိုးကို အနိုင်ယူနိုင်ခြင်း မရှိခဲ့သလို နတ်ဆိုးသည် သူသေဆုံးပြီးနောက် သံမြူနှင်းမြို့ကို ဖျက်ဆီးနိုင်စွမ်း ပိုများခဲ့သည်။
"စမ်းသပ်မှုကို အောင်မြင်ဖို့ နည်းလမ်းများစွာ ရှိတယ်။"
အကြွင်းအကျန်ဝိညာဉ်က ပြောလေသည်
"တစ်ခုက သံမြူနှင်းကို နတ်ဆိုးသားရဲတွေဆီကနေ ကာကွယ်ဖို့ပါ၊ ဒါပေမယ့် အဲဒါက မဖြစ်နိုင်ဘူး... ဒါပေမဲ့ မင်းလုပ်ခဲ့တယ်”
အကြွင်းအကျန်ဝိညာဉ်သည် ပိုင်ကျီဟန်ကို ထူးဆန်းစွာ ကြည့်လိုက်၏
တကယ်တော့ သေနတ်တွေနဲ့ အနက်ရောင်မှုန့်တွေ မပါပါက ပိုင်ကျီဟန်ပင် အောင်မြင်နိုင်မှာ မဟုတ်ပေ။ အားလုံးသည် သူ၏ ကမ္ဘာမြေဘဝမှ အသိပညာတွေကြောင့်ဟု ပြောလို့ရသည်။
(ဒါပေမယ့် ခဏလေး)
"ဒါဆိုရင် ငါ အရင်ကတည်းက စမ်းသပ်မှုကို အောင်မြင်ခဲ့တာ မဟုတ်ဘူးလား။ ကံကြမ္မာက သတ်မှတ်တဲ့သူ မဟုတ်လို့ မင်းက ငါ့ကို မြန်မြန် မအောင်မြင်အောင် တားဆီးခဲ့တယ်လို့တော့ မပြောနဲ့။"
အဖြေကို ကြားပြီးနောက် ပိုင်ကျီဟန်သည် ထပ်ပြောလိုက်ချေသည်။ သူ နောက်ထပ် ရက်သတ္တပတ်တွေ အများကြီး ကုန်ဆုံးခဲ့ရချေ၏ သူ အောင်မြင်ပြီးသားဆိုပါက ဘာကြောင့်နည်း
"မင်းလုပ်ရပ်တွေရဲ့ ရလဒ်ကို ကြည့်ဖို့။"
အကြွင်းအကျန်ဝိညာဉ်က ပြန်ဖြေလေ၏
"ဒါဆို အားလုံးက မင်းရဲ့ပျော်ရွှင်မှုအတွက်ပေါ့။"
"..."
သူမက ပြန်မဖြေပေ
"ဒါဆို တခြားနည်းလမ်းတွေက ဘာတွေလဲ။"
"ဒုတိယအချက်ကတော့ ကျွန်မရဲ့ ငယ်ရွယ်တဲ့ အရွယ်မှာ သံမြူနှင်းကနေ ထွက်သွားဖို့ပဲ။ အဲဒါလည်း ပြီးသွားပါပြီ။"
(ဒါဆို သူမ ထွက်ပြေးသွားတာလား?)
သူသည် နတ်ဆိုးနဲ့ တိုက်ခိုက်နေတုန်းက သူမကို ထွက်သွားခိုင်းခဲ့၏ —ပြီးတော့ သူမ အောင်မြင်သွားပုံရသည်။
မဖြစ်နိုင်သောအခြေအနေနဲ့ မြို့ကို ကယ်တင်ဖို့ နည်းလမ်းအနည်းငယ်ကျန်သေး၏
ပိုင်ကျီဟန်သည် မျက်မှောင်ကျုံ့ပြီး လက်ပိုက်လိုက်၏
“ကောင်းပြီ… ဒါပေမဲ့ ငါ့မှာသိချင်တာရှိသေးသည်။
အကြွင်းအကျန်ဝိညာဉ်သည် ခေါင်းငြိမ့်ပြီး သူ့ကို ဆက်ပြောစေ၏
“အဲ့ဒီ စမ်းသပ်မှုက ဘာလဲ…”
သူက တိုက်ရိုက်မေးလိုက်သည်။
စွမ်းရည်ကို စစ်ချသည့် ပထမနဲ့ ဒုတိယ စမ်းသပ်မှုတွေကို နားလည်နိုင်သည့်တိုင်တတိယ စမ်းသပ်မှုကတော့ အမွေဆက်ခံခြင်းနဲ့ ပတ်သက်တာမဖြစ်ရှိပေ
သူ့အသံထဲ၌ အပြစ်တင်မှုမရှိချေ။ သိချင်ရုံသာ
အကြွင်းအကျန်ဝိညာဉ်သည် တိတ်တိတ်လေးနဲ့ အချိန်ကြာအောင် နေပြီး သူ့ပုံစံသည် မီးလောင်နေသောမီးခိုးအလုံးလိုပင်
သူမသည် ပုံရိပ်ယောင်မြို့တည်ရှိရာကို လေထဲမှ ကြည့်လိုက်သည်။
နောက်တော့ သူမပြောလိုက်သည်။
“အဲဒါက ငါသိချင်လို့ပါ။”
သူမ၏ အသံသည် တည်ငြိမ်ပြီး အေးစက်သွားသည်။
“အခြားသူသာဆို ကိစ္စတွေက တစ်နည်းနည်းဖြစ်နိုင်လား ဆိုတာ သိချင်ခဲ့လို့”
သူမသည် မျက်လုံးပြန်လှည့်လာပြီး ပိုင်ကျီဟန်ကို ကြည့်ကာ သူမ မျက်လုံးတွေထဲ၌ နောင်တတွေပါဝင်နေသည်။
“သံမြူနှင်းမြို့…အဲ့ဒီမြို့က အမှန်တကယ်ရှိခဲ့ပါတယ်။ ငါ့ဘဝမှာ ပထမဆုံးအကြိမ် အိမ် လို့ ခေါ်ခဲ့တဲ့ နေရာ။ အဲ့တုန်းက ငါက စွမ်းအားမရှိတဲ့ မိန်းကလေးငယ်တစ်ယောက်.. မိဘတွေ့အမွေအနှစ်ကို ကာကွယ်ဖို့နဲ့ ကျင့်ကြံဖို့က အိပ်မက်လိုပဲ”
သူမ ခဏတိတ်သွားသည်။
“ဒါပေမဲ့ စွမ်းအားမရှိရင် အိပ်မက်တွေက အဓိပ္ပါယ်မရှိပါဘူး”
ပိုင်ကျီဟန်သည် တိတ်တိတ်လေးနဲ့ နားထောင်နေသည်။
“ငါမြို့ကို မီးလောင်သွားတာမြင်ခဲ့ရတယ်။ ငါစောင့်ရှောက်ချင်တဲ့သူတွေ—သူငယ်ချင်းတွေ၊ ဆရာတွေ၊ ကလေးတွေကို သားရဲတွေဖျက်ဆီးတော့ ငါပုန်းနေခဲ့ရတာ။ ငါမလုပ်ချင်လို့မဟုတ်ဘဲ ဘာမှလုပ်မရလို့”
သူမ၏ လက်တွေကို ဆုပ်ထား၏
“ ငါအဲ့ဒီ စမ်းသပ်မှုကို မင်းအတွက် လုပ်ခဲ့တာ မဟုတ်ဘူး “ သူမ၏ အသံသည် စိတ်ဒဏ်ရာ အပြည့်နဲ့ပင်
“ပါဝင်သူတွေအတွက်လည်း မဟုတ်ဘူး။ ငါ့အတွက်ပါ။”
သူမ၏ နှုတ်ခမ်းပေါ်တွင် နာကျင်မှုနဲ့ ရယ်သံတစ်ခု ပေါ်လာသည်။
“ ငါမြင်ချင်ခဲ့တာက တခြားတစ်ယောက်ယောက်.. ကံကြမ္မာ ရွေးချယ်သူဆိုရင် သံမြူနှင်းကို ကယ်တင်နိုင်မလား။ ငါမလုပ်နိုင်တာကို သူတို့လုပ်နိုင်မလား။"
ဝိညာဉ်အကြွင်းအကျန်က တိုးတိုးလေးရယ်
လိုက်၏
"ဒါကိုပြောရရင် ကိုယ့်ကိုယ်ကို ကျေနပ်မှု။ နောင်တတွေနဲ့ အကြာကြီးနေပြီး သေဆုံးသွားတဲ့သူတစ်ယောက်ရဲ့ နောက်ဆုံးပျော်ရွှင်မှု။"
သူသည် သူမကိုကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် မသေမျိုးဧက္ကရာဇ် တစ်ယောက်နဲ့ စကားပြောနေသလို မခံစားရဘဲ လူသားတစ်ယောက်လို ခံစားနေရသည်။
"မင်းကို မတွေ့မချင်း ဘယ်သူမှ ရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ ငါမထင်ခဲ့ဘူး။"
သူမသည် စမ်းသပ်မှု၌ ပိတ်မိနေသော တခြားသူများကို လှမ်းကြည့်လိုက်၏
"ဘာက ပိုအံ့သြစရာကောင်းလဲ သိလား။ မင်းက ငါ့ရဲ့ တတိယစမ်းသပ်မှုကို တစ်ခါမှ မသေဘဲ အောင်မြင်ခဲ့တာ။"
"မင်း ဘာကိုဆိုလိုတာလဲ။"
"တတိယစမ်းသပ်မှုက ငါတစ်ခါတည်းနဲ့ ပြီးသွားမယ်လို့ မမျှော်လင့်ထားဘူး။ ပါဝင်သူတွေက သေသွားကြလိမ့်မယ်—ပြီးတော့ သေသွားကြအုံးမယ် ။ အခု ခွန်အားတွေ ဆုံးရှုံးသွားပြီဖြစ်တဲ့ စွမ်းအားရှိသူတွေက သူတို့ကိုယ်သူတို့ အလွန်အမင်း အထင်ကြီးထားကြပြီး အဲဒီမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။"
သူမသည် ပိုင်ရှင်းယွဲ့ကို သိမ်မွေ့စွာ ကြည့်လိုက်သည်။
"အနည်းဆုံး သူတောင်မှ တစ်ကြိမ်တော့ သေဆုံးသွားခဲ့တယ် ။ဒါပေမယ့် သူမဟာ တခြားလူတွေထက် ဖြတ်ကျော်ဖို့ ပိုနီးစပ်နေပုံရတယ်။ ဒါပေမယ့် စမ်းသပ်မှုရဲ့ အခြေအနေကို နားလည်ဖို့နဲ့ နေရာကို ဘယ်လို လမ်းညွှန်ရမလဲဆိုတာ သင်ယူဖို့ သူမ တစ်ကြိမ်တော့ သေဆုံးခဲ့ရတယ်။"