← Chapters

ထပ်ပြီး ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်း

Vol. 11 Ch. 159

ထပ်ပြီး ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်း

Vol. 11 Ch. 159

(ဒါဆို တတိယ စမ်းသပ်မှုကို ထပ်ခါထပ်ခါ ကြိုးစားလို့ရတာလား။)

တစ်ခါကျရှုံးလျှင် ပါဝင်သူအနေနဲ့ အမွေဆက်ခံခွင့်မရတော့ဘူးဟု ယူဆခဲ့သည့်တိုင် ကျရှုံးမှု မရှိဘဲ ထပ်မံ ကြိုးစားနိုင်သည်ဟုထင်ရသည်။

သေချာစဉ်းစားပါက ထိုသို့သာ ဖြစ်သင့်သည်။ မဟုတ်ပါက စမ်းသပ်မှုသည် မဖြစ်နိုင်တော့ချေ။

သူ့ခွန်အားနဲ့ သေနတ်တွေ မရှိပါက မင်းသမီး ဖေးလိန်နဲ့တောင် မတွေ့နိုင်ချေ။ သူမနဲ့ မတွေ့ပါက မင်းသမီး သေဆုံးနိုင်ခြေ သိသိသာသာ ပိုများလာမည်။

သူ မသေရင်တောင် မင်းသမီး သေနေသရွေ့ တတိယအစမ်းကို ကျရှုံးသည်ဟု ယူဆရမည်။

တတိယအစမ်းကို စတင်သည့်အခါ လူသားတွေ ဖြစ်နေတာကြောင့် တစ်ခါတည်း အောင်မြင်ဖို့က အရမ်းခက်ခဲပုံရလေ၏

ထို့နောက် သူ နားလည်လာသည့် နောက်ထပ်အချက်တစ်ခု ရှိသေး၏

တတိယအစမ်းကို အောင်မြင်ဖို့ နီးစပ်သူဖြစ်သည့် ပိုင်ရှင်းယွဲ့ကို ထည့်သွင်းစဉ်းစားလျှင်ပင် အမွေအနှစ်ရဖို့ သူမအတွက် အချိန်အရမ်းကြာမည်သာ

"သူမက တတိယစမ်းသပ်မှုကို အချိန်အတော်ကြာတဲ့အထိ မအောင်မြင်နိုင်မဲ့ပုံပဲ”

ပိုင်ကျီဟန်အဖို့ တခြားသူတွေထဲ၌ ပထမဆုံးစမ်းသပ်မှုကို အောင်မြင်မည့်သူသည် ပိုင်ရှင်းယွဲ့ဖြစ်မည်ကို သိနေသလို ပြောလိုက်၏

"ငါ သီးသန့်ကျင့်ကြံနိုင်တဲ့ နေရာတစ်ခုခု ရှိလား"

ပိုင်ကျီဟန်က မေးလိုက်လေ၏

သူသည် ရှေးဟောင်းအပျက်အစီးတွေကနေ မထွက်ခွာနိုင်ဘဲ မည်မျှကြာကြာ စောင့်ရမည်ကို မသိသည့်အတွက် သူရထားသော ပစ္စည်းများကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ အချိန်ဖြုန်းချင်ခဲ့သည်။

အကြွင်းအကျန်ဝိညာဉ်သည် သူမလက်ချောင်းများကို ဝေ့ဝဲလိုက်သောအခါ တံခါးတစ်ချပ် ပွင့်သွားချေသည်။

"ဟိုမှာ”

ပိုင်ကျီဟန်သည် အချိန်မဖြုန်းဘဲ အခန်းထဲကို ဝင်သွားလေ၏

အခန်းသည် အရွယ်အစားသေးငယ်ပြီး ထောင့်ပုံသဏ္ဍာန်ရှိကာ ပြင်ပကမ္ဘာနဲ့ သီးခြားဖြစ်နေသော ပုံစံအလွှာတွေနဲ့ ရစ်ပတ်ထားသည်။

ချီသည်လည်း ပုံမှန်ထက် အဆပေါင်းများစွာ မြင့်မားတာကြောင့် ကျင့်ကြံဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ခဲ့သည်။ သို့တိုင် ၎င်းသည် ထိုနေရာ၌ သူ ရှိနေရမည့် အကြောင်းရင်း မဟုတ်ပေ။

ပိုင်ကျီဟန်သည် တံခါးကို ပိတ်ပြီး အသက်ရှူထုတ်လိုက်ချေ၏

သူ့အင်္ကျီလက်ကို တစ်ချက်လှုပ်လိုက်ရုံနဲ့ သိုလှောင်လက်စွပ်အတော်များများ ပွင့်သွားပြီး ရှားပါးပစ္စည်းများသည် တောင်ငယ်လေးတစ်ခုလို မြေပြင်ပေါ် ဖိတ်ကျသွားချေသည်။

သားရဲအရိုးများ

သူတို့ပတ်ပတ်လည်က လေထုကို တုန်လှုပ်စေသော အမြစ်များ

ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းအတွက် အဓိကပါဝင်ပစ္စည်းများဖြစ်သည့် ရွှေနက်ရည်နဲ့ ပြည့်နေသော ကျောက်စိမ်းပုလင်းတစ်စုံ။

သူသည် မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေ၏

"ငါ ဒါကို နောက်တစ်ခါ ထပ်မလုပ်ချင်ဘူး"

သူခံစားခဲ့ရသော ငရဲလို အချိန်တွေကို ပြန်သတိရသည့်အခါ သူညည်းညူလိုက်၏သန့်စင်ခြင်း လုပ်ငန်းစဉ်သည် လွယ်ကူမည် မဟုတ်ကြောင်း သူသေချာသိပေ၏

၎င်းက သူ့ကို ခြောက်လှန့်နေတုန်းပင်

သူ့လက်သည် ပုလင်းတစ်လုံး အပေါ်မှာ ဝဲနေပြီး ရပ်သွားချေ၏

"... ငါစောင့်သင့်တယ်။ နည်းနည်းလေးပဲ စောင့်သင့်တယ်။"

မည်သို့ပင်ဖြစ်စေ သူ့နယ်ပယ်တွင် ထိပ်တန်းအစွမ်းသတ္တိကို ပိုင်ဆိုင်ထားပြီးသားဖြစ်ကာ အခု နိုင်ငံလတ်တစ်ခုထက်ပင် ရတနာများ ပိုရှိနေ၏ သူတကယ်လိုအပ်သည်လော

သို့ပေမဲ့ ထိုအမျိုးသမီးကို သတိရသွားချေသည်။

ပိုင်ရှင်းယွဲ့

ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူ

ကောင်းကင်ဘုံဖီးနစ်ဖွဲ့စည်းပုံဖြင့် မွေးဖွားလာသူ။

သူ့နဲ့ ကံကြမ္မာအရ မလွတ်နိုင်အောင် ချိတ်ဆက်နေသော သူတစ်ဦး — ရန်သူဖြစ်ဖြစ်၊ ပြိုင်ဘက်ဖြစ်ဖြစ်၊ တခြားအရာတစ်ခုဖြစ်ဖြစ်

အခုတော့

သူမသည် မသေမျိုး ဧက္ကရာဇ်၏ အမွေဆက်ခံသူ ဖြစ်လာတော့မည်

“သူမ ပိုသန်မာလာတော့မယ်။”

၎င်းကို တားနိုင်မယ့်အရာ မရှိပေ

သူသည် စမ်းသပ်မှုကို ပထမဆုံးဖြတ်သန်းပြီးအမွေဆက်ခံသင့်သူ ဖြစ်သင့်သော်လည်း ကံကြမ္မာက အနိုင်ရသူကို ပြောင်းပြန်လှန်လိုက်သလိုပင်

သူမ အမွေဆက်ခံပြီးနောက် မည်မျှအင်အားကောင်းလာမည်ကို မသိနိုင်ပေ

ထိုအင်အားသည် ပိုင်မျိုးနွယ်အပေါ်တောင် ဆန့်ကျင်နိုင်မည်လား

သူမအနေနဲ့ ထိုသို့စွမ်းအားရှိလာမည်ဟု မထင်မိပေ ။ သူမအနေနဲ့ ထိုစွမ်းအားများကို ကိုင်တွယ်နိုင်ဖို့ အဆင်သင့် မဖြစ်သေးပေ။

သို့တိုင် သူမသည် ယခု သူ့ကိုယ်တိုင်ထက် ပိုသန်မာလာမှာတော့ သေချာပေ၏

သူအနေနဲ့ ထူးဆန်းသောစွမ်းအားမရှိပါက သူမကို တိုက်နိုင်ဖို့ မဖြစ်နိုင်ပေ

သူ့မေးရိုးကို တင်းလိုက်သည်။

“ငါ စောင့်နေမလို့ မရတော့ဘူး။ အခုပဲ”

သူတစ်ကြိမ် ရှင်သန်ဖူးပြီး ထိုတစ်ကြိမ်မှာလည်း ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည် ။ သို့ပေမဲ့ ယခုလို နာကျင်မှုကတော့ အတော်လေး ရက်စက်ပေ၏

သူသည် ပထမဆုံး ကျောက်စိမ်းပုလင်းကို ဖမ်းယူလိုက်သည်။ အပေါ်၌ တောက်ပနေသော ရွှေနက်ရောင်အရည်သည် တုန်ခါနေပြီး သူ့ကို ဆုတ်ဖြဲဖို့ ကြိုးစားနေသလိုပင်

“ကောင်းကင်ကြီး ငါနဲ့တိုက်ချင်တာလား?”

ပိုင်ကျီဟန်သည် နူးညံ့စွာပြောလိုက်ပြီး ပြုံးပြလိုက်သည်။

“ဒါဆိုရင်တော့ မင်းရဲ့ အကြိုက် ရွေးချယ်ထားတဲ့သူကို အနိုင်ယူမဲ့ ငါ့ကို အပြစ်မတင်နဲ့နဲ့တော့။”

ထိုသို့ပြောပြီးနောက် သူတင်ပျဉ်ခွေ ထိုင်လိုက်သည်။

ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းကို အသက်သွင်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲမှ ချီ စွမ်းအင်တောက်ပလာပြီး ပုလင်းထဲမှ အရည်ကို လည်ပင်းတစ်လျှောက်မော့လိုက်၏

တစ်ခဏချင်းမှာပဲ

နာကျင်မှု!

ချော်ရည်ပူများသည် သွေးကြောများအတွင်း တစ်ဆင့်ချင်းဝင်ပြီး ထိတွေ့သမျှကို အရည်ပျော်စေသည်။ သူ့မျက်လုံးများ

လှည့်ပတ်နေပြီး သွားတွေကို အသား ပေါက်သွားနိုင်သည့်အထိ ကိုက်ထားပေသည်။

ထိုနာကျင်မှုသည် သေဖို့ ပိုကောင်းသလိုပင်

ထိုတစ်ကြိမ်မှာတော့ ပိုင်ကျီဟန်မအော်ခဲ့ပေ

ပထမအကြိမ်နဲ့ နှိုင်းယှဉ်ပါက ဒီအကြိမ် နာကျင်မှုသည် အနည်းငယ်ပျော့ပျောင်း၏

သူ့ခန္ဓာ ပိုသန်မာသွားတာကြောင့် သို့မဟုတ် နာကျင်မှုကို ယဉ်ပါးသွားတာကြောင့်လည်း ဖြစ်နိုင်၏

မည်သည့်အကြောင်းကြောင့်ဖြစ်စေ နာကျင်မှု ပိုဆိုးလာမည်ကို သိနေ၏

အကြွင်းအကျန် ဝိညာဉ်သည် ပါဝင်သူများကို ကြည့်ပြီး ၎င်းတို့၏ တိုးတက်မှုကို စစ်ဆေးပေးသည် ။ စမ်းသပ်ချက်ကို မည်သူက ဦးစွာ အောင်မြင်မည်ကို သူမ သိပြီးသားဖြစ်သော် ငြားလည်း

ပိုင်ကျီဟန်ကို သူမပြောခဲ့သကဲ့သို့ သူမသည် ကွဲပြားသော ရွေးချယ်မှုတစ်ခု ပြုလုပ်ပါက အခြေအနေ မည်မျှကွာခြားမည်ကို သိချင်ခဲ့သည်။

သို့သော် ပိုင်ကျီဟန်မှလွဲ၍ အခြားပါဝင်သူ မည်သူမျှ မူလရလဒ်ကို သိသိသာသာ ပြောင်းလဲစေသော ရွေးချယ်မှုများ မပြုလုပ်ခဲ့ပေ

မိုထျန်းကျီနဲ့ အခြားအများစုသည် ၎င်းတို့၏ မာနထောင်လွှားမှုနှင့် ၎င်းတို့၏ အားနည်းသော ခန္ဓာကိုယ်များကို လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်ခြင်းကြောင့် အကြိမ်ပေါင်းများစွာပင် သေဆုံးခဲ့ကြသည်။

သူသည် စွမ်းအားကို မြန်မြန်ရရှိရန် လူများစွာကို သတ်ခဲ့သော်လည်း ၎င်းသည် သူနားမလည်သော ကျုရှုံးမှုဟု ယူဆရမည်

သို့သော် အခြားပါဝင်သူများထဲမှ မည်သူမျှ ပိုင်ကျီဟန်လို သေနတ်များကို မဖန်တီးခဲ့ကြသောကြောင့် သူမ အံ့သြသွားသည် - ၎င်းတို့ မသိသောအရာ သို့မဟုတ် ပိုင်ကျီဟန်သာ ပိုင်ဆိုင်သော အသိပညာလား။

သူမ၏ခေတ်တွင် ထိုကဲ့သို့သော လက်နက်များ မရှိခဲ့သော်လည်း ဤခေတ်တွင် ၎င်းတို့သည် အသုံးများနေရမည် ။ အထူးသဖြင့် ထုတ်လုပ်ရန် အတော်လေး လွယ်ကူပုံရသောကြောင့်သာ။

သို့သော် အခြားမည်သူမျှ ၎င်းတို့ကို မပြုလုပ်ခဲ့သောကြောင့် သေနတ်များ၏ မူလအစနှင့် ပတ်သက်၍ သူမ၏ စူးစမ်းလိုစိတ်ကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

တတိယအစမ်းလေ့ကျင့်မှုကို ပြီးအောင်ကြည့်နေရတာ ငြီးငွေ့လာပြီးနောက် သူမသည် ပိုင်ကျီဟန် လေ့ကျင့်နေသည့် အခန်းဆီသို့ လှမ်းကြည့်လိုက်သည်။

သူဘာလုပ်နေသည်ကို သူမသိချင်နေမိသည်။

သူမသည် အထဲသို့ ခိုးဝင်သွားပြီး ပိုင်ကျီဟန် မမြင်အောင် အခန်းအပေါ်မှ သူ့ကို ချောင်းကြည့်လိုက်သည်။

All Chapters