နတ်ဆိုးတည်ဆောက်မှုလို နာကျင်မှု
Vol. 11 Ch. 160
“အာအာားးးး”
သူမ အခန်းထဲကို ဝင်လာသည့်အခါ ပိုင်ကျီဟန်ပါးစပ်မှ နာကျင်မှုဒဏ် ထွက်ပေါ်လာချေသည်။
(သူ ဘာလုပ်နေတာလဲ?)
၎င်းသည် သာမန် သက်တောင့်သက်သာဖြစ်အောင် ကျင့်ကြံနေခြင်း မဟုတ်တာ သေချာ၏
ကျင့်ကြံမှုလွဲချော်ခြင်းကြောင့်
ချီပျက်ဆီးသွားတာမျိုးလည်း မဟုတ်ပေ
အနီးအနားရှိ ပစ္စည်းတွေကို ငေးကြည့်ပြီးနောက် သူမ တစ်ခု သတိပြုမိသည်။ ပိုင်ကျီဟန်သည် သူ့ကိုယ်သူ ခန္ဓာပြုပြင်နေတာဖြစ်နိုင်၏
သို့ပေမဲ့…
အချို့သော ပစ္စည်းများနဲ့ ပိုင်ကျီဟန်ကျင့်ကြံမှုအဆင့်ကို ထည့်သွင်းစဉ်းစားကြည့်ပါက သူအနေနဲ့ ခံနိုင်ရည်မရှိသော အရာတစ်ခုကို လက်ခံနေတာ ဖြစ်နေ၏
အဆင့် ၇ သားရဲသွေး - ထိုအရာတစ်ခုသည် ဝိညာဉ်အခြေတည်ကာအစ အဆင့်ရှိသူ တစ်ဦးအနေနဲ့ မဖြေရှင်းနိုင်ပေ
ဝိညာဉ်အခြေတည်ကာအစ အဆင့်ရှိသူပင် အဆင့်-၅ သားရဲသွေးကို စုပ်ယူပြီး စုဆောင်းဖို့ ခက်ခဲ၏
သို့ပေမဲ့ ပိုင်ကျီဟန်ကတော့ အဆင့်-၇ သွေးကို သုံးနေချေ၏
ထို့အပြင် အခြားပါဝင်ပစ္စည်းအချို့သည်လည်း
ပိုမြင့်သောအဆင့်တွင် ရှိနေသည်။
“ဒီလို ခန္ဓာကိုယ်ပြုပြင်နည်းက ဘယ်လိုနည်းလဲ?”
အကြွင်းအကျန်ဝိညာဉ်သည် စဉ်းစားသွားလေ၏။
သူမ ဗဟုသုတအရ ကျင့်ကြံနည်းအမျိုးအစား မမြင်ဖူးတာ မရှိလောက်အောင် အတွေ့အကြုံရှိသူတစ်ဦးသာ
ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး နည်းပညာအသစ်များ ပေါ်လာကြသည့်တိုင် အရင်နည်းလမ်းတွေနဲ့ ဆင်တူနေတတ်ကြသည်။
သို့တိုင် ပိုင်ကျီဟန်သုံးနေသော ခန္ဓာကိုယ်ပြုပြင်နည်းသည် သူမ အတွေးအမြင်ထဲက မသိသော နည်းလမ်းတစ်ခုဖြစ်နေ၏ များစွာသော နှစ်ပေါင်းသောင်းဂဏန်းအကြာ အတွေ့အကြုံရှိသည့် သူမတောင် သဘောမပေါက်ပေ
ထိုအကြွင်းအကျန်ဝိညာဉ်သည် တိတ်ဆိတ်နေပြီး ပိုင်ကျီဟန်ကို ကြည့်နေ၏
ပိုင်ကျီဟန် သည်းခံနေရသော နာကျင်မှုသည် ခန္ဓာကိုယ်အဆင့်မှာပင် မဟုတ်ပေ သူ့၏ ချီလမ်းကြောင်းများ ပျက်သွားပြီး ပြန်လည်ပြုပြင်နေတာတောင် မြင်ရသည်။
ထိုနာကျင်မှုမျိုးသည် မသေမျိုးကျင့်ကြံသူကိုပင် တိုက်စားနိုင်ပြီး ထိုနာကျင်မှုကိုခံမည့်အစား သေဖို့တောင်းဆိုမည်သာ
သို့တိုင် သူရပ်မသွားပေ
ပထမပုလင်းပြီးသည့်နောက်တွင် တွေဝေခြင်းမရှိပေ
အော်ဟစ်သံများ ခဏတာ တိတ်ဆိတ်သွားသည်အခါ တုန်ရီနေသောလက်ကို ဆန့်ထုတ်လိုက်ပြီး စိမ့်ထွက်နေသော အနက်ရောင်ပုံဆောင်ခဲတစ်ခုကို ဆုပ်ကိုင်ထားသည်ကို သူမ မြင်လိုက်သည်။
၎င်းသည် သားရဲတစ်ကောင်၏ နှလုံးသားမှ ထုတ်ယူသန့်စင်ထားသော ပစ္စည်းသာ
၎င်းသည် အဆိပ်ရှိရုံတင် မကပေ။ အသက်စွမ်းအားကို တဖြည်းဖြည်း စုပ်ယူနေ၏
အကြွင်းအကျန်ဝိညာဉ်၏ မျက်ခုံးသည် ကွေးညွတ်သွားချေသည်။
သူမ အနေနဲ့ ယုံဖို့ခက်၏
၎င်းသည် ရိုးရိုးရှင်းရှင်း ခန္ဓာကိုယ်ပြုပြင်သည့် နည်းစနစ် မဟုတ်ပေ
ဒါက တစ်ခြားတစ်ခုသာ
“…ဒီနည်းစနစ်”
သူမသည် ရေရွတ်လိုက်ပြီး အသံသည် သံသယနဲ့ စပ်စုရုံဖြင့်သာ ။
(ငါမြင်ဖူးတဲ့ နည်းစနစ်တွေအကုန်လုံးနဲ့ မတူဘူး…မသေမျိုးအဆင့်ဆိုတောင် ဒီနည်းစနစ်က ထူးခြားနေတယ်။)
သူမသည် ဘဝတစ်လျှောက်လုံးအတွင်း နည်းလမ်းထောင်ချီကို လေ့လာခဲ့၏
ရှေးခတ်တားမြစ်ချက်မှ ဖရိုဖရဲခေတ်အထိ ၊ ထိုမှတဆင့် ခေတ်သစ် သန့်စင်နည်းစနစ်မှ ကောင်းကင်အဆင့်နည်းစနစ်အထိ
သို့တိုင် သူမ၏မျက်စိရှေ့တွင် ပေါ်ပေါက်လာသော ရူးသွပ်မှုနှင့် တူသည့် တစ်စုံတစ်ခုမျှ မရှိပေ။
ပိုင်ကျီဟန်၏ အသားနဲ့ အရိုးတွေ တုန်ခါပြီး ပျက်စီးကာ ပြန်လည်ချုပ်နေသည်။
ချီစွမ်းအင်သည် လှည့်ပတ်ပြီး တည်ငြိမ်ဖို့ ငြင်းဆိုကာ တစ်စုံတစ်ခုက ပြန်လည်ဖန်တီးနေသလိုသာ
၎င်းက သန့်စင်ခြင်းမဟုတ်ပေ။
ဒါက ပြန်လည်တည်ဆောက်ခြင်းသာ
"ဒါ... ဒါက မသေမျိုးအဆင့်ကိုတောင် ကျော်လွန်နိုင်တယ်" တိုးတိုးလေးပြောရင်း သူမအသံထဲ၌ အံ့သြမှုတွေ တိုးဝင်လာသည်။
"ဖရိုဖရဲခေတ်ထက် ပိုရှေးကျတဲ့ နည်းစနစ်တစ်ခု ဖြစ်နိုင်လား?"
သူ နောက်ထပ်ပုလင်းတစ်လုံး ဆွဲယူသည်ကို ကြည့်နေမိသည်။ ထိုပုလင်းသည် နှလုံး တဒိတ်ဒိတ်ခုန်နေသလို နီရဲရဲမြူခိုးများနဲ့ ပြည့်နေ၏
ဖီးနစ်ငှက်ဆီက သွေးတစ်စက်လား။
သူ နာကျင်စွာ အော်ဟစ်နေသည့်တိုင် ဖီးနစ်ငှက်ဆီမှ သွေးတစ်စက်ကို ယူဖို့ ကြိုးစားနေတုန်းသာ။ ၎င်းက နာကျင်မှုကို ပိုတိုးစေသည်။
(ရူးသွပ်သွားစေတာပဲ)
တုန်လှုပ်ခြင်းမရှိဘဲ သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
ခဏအကြာတွင် သူ့လည်ချောင်းကနေ အော်သံတစ်ခု ထွက်လာပြီး သူ့အသားအရေသည် မီးဖိုထဲ ပစ်ချခံရသလို အနီရောင်
တောက်ပနေ၏
သို့တိုင် သူ မရပ်ပေ
သူ့ခန္ဓာကိုယ် တုန်ခါသွားသည့်အချိန်မှာတောင်။
သူ့မျက်လုံးများ၊ နှာခေါင်းနှင့် နားတွေက
သွေးများ စီးကျလာသည့် အချိန်မှာတောင်။
ဖိအားအောက်ရှိ သူ့အရိုးများ ဖန်ခွက်လို ကွဲအက်သွားသည့် အချိန်မှာတောင်။
အများစုကတော့ ကြာမြင့်စွာ မေ့မြောသွားချေမည်။ တခြားသူတွေအဖို့တော့ ရူးသွပ်သွားပေမည်။ သို့တိုင် ပိုင်ကျီဟန်က သတိရှိနေဆဲ - နိုးကြားနေဆဲ - ရုန်းကန်နေဆဲသာ
အကြွင်းအကျန် ဝိညာဉ်၏ မျက်နှာအမူအရာ နူးညံ့သွားချေ၏
(ဒီနည်းစနစ်က လူတိုင်းအတွက် မဟုတ်ဘူး။ ငါတောင် ဒီလောက် ဝေဒနာကို ခံနိုင်ရည်ရှိမယ်လို့ မထင်ဘူး။)
ခန္ဓာကိုယ်သန့်စင်မှုက သိသိသာသာ အစွမ်းထက်သည့်တိုင် လူတိုင်းအတွက် ဖြစ်နိုင်သည်ဟု သူမ မထင်ခဲ့ပေ။
ခန္ဓာကိုယ်သန့်စင်မှုအတွက် ပစ္စည်းတစ်ခုကို ယူရုံနဲ့ပင် လူအတော်များများ သေသွားနိုင်သည်။ ပစ္စည်းတွေ အများကြီးကို ထည့်မပြောနဲ့။
ထို့နောက် သူမ ယုံကြည်ရသည့် ကံကြမ္မာရှိသော အမွေဆက်ခံမည့်သူအကြောင်း စဉ်းစားမိချေ၏ ထိုကံကြမ္မာရှိသူတိုင်းကို ပိုင်ရှင်းယွဲ့ဟု ထင်မိသည်။
တတိယအကြိမ် စမ်းသပ်ချက်တွင် သူမတိုးတက်မှုကို ကြည့်ပြီးနောက် သူမစရိုက်နဲ့ သူမက ဘယ်လိုလူမျိုးလဲဆိုတာကို သိလိုက်ရသည်။
သူမကြင်နာမှု၊ သူမစိတ်ပိုင်းဖြတ်မှုနဲ့ အတူ သူမနှင့်ယှဉ်နိုင်သော အရည်အချင်းရှိသည်ဟု ထင်ခဲ့သည်။
သူမ၏ အမွေဆက်ခံသူသည် သူမလိုလူတစ်ယောက်ဖြစ်တာကြောင့် ကျေနပ်နေသည့်တိုင် ပိုင်ကျီဟန်ပေါ်လာတော့ သူမ နောက်တစ်ကြိမ်စဉ်းစားနေခဲ့သည်။
သူမတွက်ချက်မှုများအရ အမျိုးသမီးဆက်ခံသူသာ၊ မဟုတ်ပါက ပိုင်ကျီဟန်အား ပေးဖို့ တွန့်ဆုတ်နေမည် မဟုတ်ပေ
ပိုင်ရှင်းယွဲ့တောင် ပိုင်ကျီဟန်၏ပြုပြင်မွမ်းမံမှုနည်းစနစ်ကို အသုံးပြုပြီး သူမခန္ဓာကိုယ်ကို ပြုပြင်မည်ဆိုပါက ပထမခြေလှမ်းမှာတင် သေဆုံးသွားလိမ့်မည်ဟု သူမ ခံစားမိသည်။
မည်သို့ပင်ဆိုစေကာမူ၊ပိုင်ကျီဟန်အသုံးပြုနေသော ခန္ဓာကိုယ်
ပြုပြင် မွမ်းမံခြင်းနည်းစနစ်သည် သူမပေးနိုင်တာထက် ပိုအစွမ်းထက်သော အရာတစ်ခုဟု ယုံကြည်ခဲ့သည်။
ထို့အပြင် ၎င်းသည် ရည်မှန်းချက်ကို ဆုချီးမြှင့်သော နည်းစနစ်မဟုတ်ပေ။ နာကျင်မှုကို တိုင်းတာလို့မရသောနည်းစနစ်တစ်ခုသာ
ဒါပေမယ့်...
သူမကို အံ့အားသင့်စေသောအပိုင်းသည် နည်းစနစ် ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေ မဟုတ်ပေ
သူ့မျက်လုံးတွေသာ
၎င်းတို့တွင် ကြောက်ရွံ့မှုအရိပ်အယောင်မရှိပေ။ တွန့်ဆုတ်မှုမရှိ၊
စိတ်ပျက်အားငယ်မှုမရှိပေ
အေးစက်ပြီး စိတ်ပိုင်းဖြတ်မှုတစ်ခုသာရှိ၏
သူ့၏စိတ်ပိုင်းဖြတ်မှုသည် မည်သည့်အချိန်မှ မှေးမှိန်မသွားဘဲ သူမ ယခင်က မြင်တွေ့ခဲ့ရသည်နဲ့ လုံးဝကွဲပြားသော လူတစ်ယောက်လို ထင်ရသည်။
အစောပိုင်းက သူ့အပေါ် အထင်အမြင်သည် ငယ်ရွယ်ပြီး မာနကြီး၏ ကံကြမ္မာကောင်းချီးကြောင့်သာ ကောင်းချီးခံစားရသည်ဟု ထင်မိသည်။
တကယ်ကြိုးစားမလုပ်ဖူးသူ ဒါမှမဟုတ် တကယ့်ဒုက္ခကို မကြုံဖူးသူ တစ်ယောက်လိုသာ
သို့တိုင် ပိုင်ကျီဟန် အပေါ် သူမ မှားယွင်းနေပုံရသည်။
သူသည် လူတွေကို ကယ်တင်ခဲ့သဘည်။ ဂရုစိုက်ခဲ့သည်။ နောက်ဆုံးမှာတော့ သူ့အသက်ကိုတောင် စွန့်လွှတ်ခဲ့ပြီး တခြားသူတွေကို နေရာကနေ ထွက်ပြေးစေခဲ့သည်၊
(ဒီကောင်လေးကို ဘာက မောင်းနှင်နေတာလဲ။)
သူမ တိတ်ဆိတ်စွာ လည်ပတ်နေပြီး ရင်ဘတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု တင်းကျပ်နေသည်။
လေးစားမှုလား။ သနားမှုလား။ စိတ်ဝင်စားမှုလား။
သူမ မသိနိုင်ချေ
တစ်ခုတော့ သေချာနေ၏
ထိုကောင်လေးလမ်းကြောင်းက ဘယ်ကို ဦးတည်သွားမည်ကို သူမ သိချင်ခဲ့သည်။
ပြီးတော့ သူ အဆုံးထိ လျှောက်သွားလျှင် ဘာဖြစ်သွားမည်နည်း
"သူလည်း ဒီကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့သူ ဖြစ်နိုင်မလား။"