မင်းမှာရှိလာမယ်
Vol. 11 Ch. 161
"ဟူး... နောက်ဆုံးတော့”
ပိုင်ကျီဟန် ထင်ထားတာထက် ပိုကြာသွားချေ၏
အတိအကျပြောရလျှင် ၃ ရက်လောက်ကြာသည်။
သုံးရက်လောက် နာကျင်မှုကို ခံစားခဲ့ရသည့်တိုင် သူ့၏ ပထမအကြိမ်နဲ့ ယှဉ်ပါက သိပ်မဆိုးသာပေ
သူ နာကျင်မှုကို ကျင့်သားရနေပြီလား။
(အား ငါနာကျင်မှုမှာ သယာတဲ့သူ မဖြစ်ချင်ဘူး)
ပိုင်ကျီဟန် တွေးလိုက်၏
မည်သို့ပင်ဆိုစေ သူ့ခန္ဓာကိုယ်သည် အခိုင်မာဆုံး ခန္ဓာကိုယ်တွေထဲက တစ်ခုအဖြစ် အားကောင်းလာသည်ကို ခံစားမိနေ၏
သူ့လက်ရှိခွန်အားနဲ့ဆို မိုထျန်းကျီနဲ့တိုက်
တောင် ဘာပြဿနာမျှ မရှိဟု ထင်ခဲ့သည်။
သို့တိုင် သူ့ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် ပြုပြင်မွမ်းမံတာနဲ့ ယှဉ်ပါက ပြောင်းလဲမှုက သိပ်မပြင်းထန်ပေ။
သူ့ခန္ဓာကိုယ်ကို ပထမဆုံး ပြုပြင်မွမ်းမံတုန်းက သူ့ခန္ဓာကိုယ်ခွန်အားသည် ၁မှ ၁၀ အထိ တိုးသွားခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ၁၀ + ၁၀ လောက် ဖြစ်သွားသလိုသာ
သို့တိုင် ၎င်းသည် အစသာ ရှိသေးသည်ဟု သူတွေးလိုက်မိသည်။
သူ့တွင် တတိယနဲ့ စတုတ္ထအကြိမ် သန့်စင်မှုအတွက် ပစ္စည်းများ ရှိနေသေးပြီး ထိုအချိန်
တွင် သူသည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ထဲ ဝင်ရောက်နိုင်ပြီဟု ခံစားလိုက်ရသည်။
မိနစ်အနည်းငယ်အလိုက ခန္ဓာကိုယ်ကို ပြန်လည်သန့်စင်ဖို့ စတင်တော့မည့်ပုံနဲ့ မတူတော့ပေ
"ငါ့ရဲ့ ထာဝရဝိညာဉ်ဓားကို အဆင့်မြှင့်တင်သင့်ပြီ”
ထာဝရဝိညာဉ်ဓားကို အဆင့်မြှင့်တင်ရန် ပစ္စည်းအလုံအလောက်ရှိပေ၏
ကောင်းကင်အဆင့်ထက်တောင် အဆင့်မြှင့်တင်နိုင်၏
ဒါပေမယ့် သူလိုအပ်သည်လား။
သူသည် မသေမျိုးဧက္ကရာဇ်ဖေးလိန်၏ ဘဏ္ဍာတိုက်မှ လက်နက်တွေ အများကြီးရခဲ့ပြီး တချို့လက်နက်များသည် ကောင်းကင်အဆင့်ထက် ကျော်လွန်နေပုံရသည်။
သို့တိုင် ထာဝရဝိညာဉ်ဓားသည် ကောင်းကင်ရွေးချယ်သူတွေအတွက် လက်နက်တစ်ခုဖြစ်သည်ကို ထည့်သွင်းစဉ်းစားပါက အခြားလက်နက်တွေထက်ပင် ကျော်လွန်နိုင်သည်ဟု ယုံကြည်ကာ ရွေးချယ်ခဲ့သည်။
သူသည် ထာဝရဝိညာဉ်ဓားနဲ့ အဆင့်မြှင့်တင်ဖို့ လိုအပ်သောပစ္စည်းများကို ထုတ်ယူခဲ့သည်။
ထာဝရဝိညာဉ်ဓားသည် စိတ်လှုပ်ရှားနေပြီး ပစ္စည်းအားလုံးကို ချက်ချင်းဝါးမျိုချင်နေပုံရ၏
"ငါ မင်းအပေါ်မှာ ရင်းနှီးမြှုပ်နှံမလို့.. မင်းအနာဂတ်မှာ အသုံးဝင်သင့်တယ်။"
ပိုင်ကျီဟန်သည် ပြောရင်း ထာဝရဝိညာဉ်ဓားကို ပစ္စည်းအားလုံးအား ဝါးမျိုလိုက်စေ၏
ထာဝရဝိညာဉ်ဓားကို အဆင့်မြှင့်တင်နေစဉ် ပိုင်ကျီဟန်သည် တရားထိုင်ဖို့ မျက်လုံးများကို မှိတ်လိုက်သည်။
ကျင့်ကြံခြင်း သို့မဟုတ် အခြားအရာများအတွက် မဟုတ်ဘဲ အဓိကအားဖြင့် နာကျင်မှုကြောင့် သူ့စိတ်ကို ထိခိုက်စေခဲ့သော ပျက်စီးမှုမှ ပြန်လည်ကောင်းမွန်လာစေရန်ဖြစ်သည်။
ထိုသို့သော နာကျင်မှုမျိုးကို ကြုံတွေ့ပြီးနောက် မည်သူမဆို ရူးသွပ်သွားကြမည်ဖြစ်ပြီး သူကတော့ ကံကောင်းထောက်မစွာ မခံစားခဲ့ရပေ
သို့သော် သူသည် နာကျင်မှု သို့မဟုတ် အခြားအရာများကို ခံနိုင်ရည်ရှိသည်ဟု မတွေးဝံ့ပေ
သူ့စိတ်ကို နာကျင်မှုကြောင့် သိပ်မပျက်စီးစေရန် ကြိုးစားနေခြင်းသာဖြစ်၏ ယခင်အကြိမ်ထက် နာကျင်မှု နည်းပါးသော်လည်း အချိန်ပိုကြာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ပိုင်ကျီဟန်သည် အခြေအနေကောင်းတစ်ခုသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နောက်ထပ်သန့်စင်မှုအတွက် အသုံးပြုနိုင်သည့် ပစ္စည်းများ ရှိနေသေးသော်လည်း အချိန်ရှိမရှိ မသိပေ။
ပိုင်ရှင်းယွဲ့သည် စမ်းသပ်ခြင်းကို အောင်မြင်တော့မည်လား သို့မဟုတ် နောက်ထပ်စောင့်ရန် လိုအပ်မည်လားဟု မေးမြန်းရန် အခန်းထဲမှ ထွက်လာခဲ့သည်။
"ဟင် နင်ပဲ”
သို့သော် သူ အခန်းထဲမှ ထွက်လာသည့်အခါ သူ့ကို နှုတ်ဆက်သူသည် အကြွင်းအကျန်ဝိညာဉ် မဟုတ်ဘဲ ပိုင်ရှင်းယွဲ့သာ
သူမသည် တတိယစမ်းသပ်မှုကို ပြီးမြောက်ပြီး အမွေရမည့်သူဟု လို့ ထင်ခဲ့ပုံရ၏ - သူ့မျက်နှာကို မမြင်မချင်းပင်
"အို..မင်းရဲ့ စမ်းသပ်မှုတွေကို ပြီးမြောက်သွားပြီပဲ”
ပိုင်ကျီဟန်သည် သိနေသူတစ်ယောက်နဲ့ စကားပြောနေသလို ပေါ့ပေါ့တန်တန် ပြောလိုက်၏
ပိုင်ရှင်းယွဲ့သည် လက်သီးကို ဆုပ်ပြီး သွားတွေကို ကြိတ်လိုက်၏
ပိုင်ကျီဟန် စကားတွေက သူမကို လှောင်ပြောင်နေသလိုပင်။ အဘယ်ကြောင့်ဆိုသော် သူအမွေရသွားပြီး သူမအား နှေးသည်ဟု လှောင်ပြောင်နေသလိုသာ
(ဒါပေမယ့် ဘယ်လိုလဲ။ မသေမျိုး ဧကရာဇ် ဖေးလိန်က သူမအမွေကို ရမယ့်သူက ငါပဲလို့ ပြောခဲ့တယ်...)
သူမ ၎င်းကို တွေးနေတုန်းမှာပဲ အကြွင်းအကျန်ဝိညာဉ် ပေါ်လာချေ၏
ပိုင်ကျီဟန်သည် သူမအာရုံကို ချက်ချင်းဖမ်းစားလိုက်၏
"မင်းထွက်လာပြီပဲ”
သူမ အံ့သြတကြီးနဲ့ ပြောလိုက်၏
"ဟုတ်တယ်။ ငါ ဘယ်လောက်ကြာကြာစောင့်ရမလဲလို့ မေးချင်ပေမယ့် အဲဒါကို မေးစရာမလိုတော့ဘူးလို့ ထင်တယ်။"
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ကို ကြည့်ရင်း ပြန်ဖြေလိုက်လေသည်။
"မဟုတ်ဘူး၊ မင်း ထွက်သွားလို့ မရသေးဘူး။ ငါ့ရဲ့ အမွေအနှစ်ကို လက်ခံဖို့ အချိန်အနည်းငယ် ကြာဦးမယ်”
အကြွင်းအကျန်ဝိညာဉ်က ထပ်ပြောလိုက်၏။
"ဟုတ်လား။ ဘယ်လောက်ကြာအုံးမလဲ။"
ပိုင်ကျီဟန်က မေးလိုက်ချေသည်
"သူမရဲ့ စွမ်းရည်ပေါ် မူတည်ပေမယ့် တစ်ပတ်ကနေ တစ်လအထိပေါ့။"
သူမက ပြန်ဖြေလိုက်လေသည်။
သူတို့ စကားပြောနေတုန်း ပိုင်ရှင်းယွဲ့သည် ဇဝေဇဝါဖြစ်နေသည်။
(ဒီနှစ်ယောက်က ဘယ်တုန်းက သူငယ်ချင်းဖြစ်သွားတာလဲ။)
ထို့အပြင် အကြွင်းအကျန်ဝိညာဉ် အရင်က ပြောခဲ့သလို သူမ အမွေအနှစ်ကို တကယ်ရတော့မည်ကိုလည်း သတိထားမိလိုက်ပေသည်။
သို့တိုင် သူမမျက်လုံးတွေက ပိုင်ကျီဟန်ဆီ ရောက်သွားခဲ့သည်။
သူမထက်အရင် စမ်းသပ်ချက်ကို အောင်မြင်ခဲ့တာ သိသာ၏—မဟုတ်ပါက သူဒီမှာ ရှိမှာမဟုတ်ပေ
စမ်းသပ်ချက်၌ ကျရှုံးမှုအခြေအနေ မရှိပေ ။ထပ်ခါထပ်ခါ ကြိုးစားလို့ရသည်ကို သူမသိပေ၏
မဟုတ်ပါက သူမ ပထမဆုံးအကြိမ် သေဆုံးသွားတုန်းကပင် ကျရှုံးသွားပြီဟု ယူဆရမှာပင်
(ဒါမှမဟုတ် သူ လက်လျှော့လိုက်တာလား။)
ဆုလာဘ်သည် မသေမျိုး ဧကရာဇ်၏ အမွေဆက်ခံမှုဖြစ်တာကြောင့် ၎င်းသည် မဖြစ်နိုင်ပေ
"နှစ်ယောက်... ဘာတွေပြောနေတာလဲ။"
ပိုင်ရှင်းယွဲ့သည် သူတို့စကားဝိုင်းကို ဖြတ်ပြောလိုက်ချေသည်။
"ပိုင်ကျီဟန် တတိယစမ်းသပ်ချက်ကို အောင်မြင်ပြီလား။"
သူမက မေးလိုက်လေ၏
"ဒီလောက်လွယ်တဲ့ စမ်းသပ်ချက်ကိုတောင် မအောင်မြင်ခဲ့ရင် ငါကိုယ်ငါ အတော်လေး ရှက်မိမှာပဲ။"
ပိုင်ကျီဟန်သည် မာနထောင်လွှားစွာ ပြန်ဖြေလိုက်သည်။
"မသေမျိုးဧကရာဇ်၊ ကျွန်မက အမွေဆက်ခံရမယ်လို့ မပြောခဲ့ဘူးလား။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါမှမဟုတ် အမွေဆက်ခံမှုများစွာရှိလို့လား။"
ပိုင်ရှင်းယွဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"..."
အကြွင်းအကျန်ဝိညာဉ်အနေနဲ့ ဘာပြောရမှန်းမသိချေ။ ပိုင်ရှင်းယွဲ့၏ ဇဝေဇဝါဖြစ်မှုကို သူမ နားလည်နိုင်သည့်တိုင် အမှန်အတိုင်းပြောတာက ပညာရှိရာမရောက်ဘူးဟု သူမထင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ အမှန်အတိုင်းပြောတာက "မင်းရှုံးတယ်၊ ဒါပေမယ့် ငါ့အမှားကြောင့် မင်းက ပထမဆုရလိမ့်မယ်"ဟု ပြောနေသလိုသာ
ကောင်းသော အဖြေမဟုတ်ပေ
သူမသည် ပိုင်ကျီဟန်ကိုကြည့်ပြီး တိတ်တိတ်လေးဖြေဖို့ ပြောလိုက်ချေသည်။
"ဟားဟား... မင်းက ငါ့ထက် နှေးတယ်။ ပုံမှန်အားဖြင့် ငါ အမွေဆက်ခံသင့်တယ်၊ ဒါပေမယ့် နောက်တစ်ခါ ပြန်စဉ်းစားကြည့်တော့ မသေမျိုး ဧကရာဇ်အမွေဆက်ခံမှုက ငါ့အတွက် အားနည်းလွန်းတယ်လို့ ထင်ရတယ်။ မင်းလိုချင်ရင် ယူလို့ရတယ်။"
ပိုင်ကျီဟန်က ပြောလိုက်သည်။
တစ်ချက်ကြည့်လိုက်တာနဲ့ လိမ်ညာမှုတစ်ခုဆိုတာ မည်သူမဆို သိနိုင်၏ မသေမျိုး ဧက္ကရာဇ်အမွေကို မကြိုက်ဘူးလား။
ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။
ပိုင်ရှင်းယွဲ့သည်လည်း သူ့ရဲ့လိမ်ညာမှုကို မယုံကြည်သည့်တိုင် ပိုင်ကျီဟန်ကတော့ ဂရုမစိုက်ပေ
သူ့အနေနဲ့ ပိုင်ရှင်းယွဲ့ကို အရာအားလုံး ရှင်းပြဖို့ လိုအပ်သည်လော
မလိုပေ
"နင် လိမ်နေတာ”
ပိုင်ရှင်းယွဲ့က ပြောလေ၏
"ငါလား?"
ရှင်းပြချက်သည် လိမ်ညာမှုတစ်ခုဖြစ်သည့်တိုင် အပြည့်အစုံတော့ မဟုတ်ပေ
သူ့အနေနဲ့ အမွေကို လက်ခံရတာ ဝမ်းသာမိသည်။ သို့ပေမဲ့ ပိုင်ရှင်းယွဲ့ ဒါမှမဟုတ် တခြားပါဝင်သူတွေနဲ့မတူတာက မသေမျိုးဧက္ကရာဇ်အမွေသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးအရာဟု သူ မထင်ခဲ့ပေ
သူ့၌ ကောင်းကင်ဘုံကို ဆန့်ကျင်သော စနစ်ရှိနေသေး၏
ပိုင်ရှင်းယွဲ့သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး မုန်းတီးသော အသံနဲ့ မေးလိုက်၏
"ပိုင်ကျီဟန် နင်ဘာစီစဉ်နေတာလဲ?"
"မင်း ဘာကိုဆိုလိုတာလဲ?"
"အရူးလို လုပ်မနေပါနဲ့ .. ဒါက ထောင်ချောက်တစ်ခု ဖြစ်ရမယ်။ မဟုတ်ရင် ဒီလောက် ရက်ရောတဲ့စိတ် မရှိဘူး"
သူမက ပြောလေ၏
အကြွင်းအကျန်ဝိညာဉ်က တိတ်ဆိတ်စွာ ကြည့်နေသည်။
ကံကြမ္မာသတ်မှတ်သူနဲ့ ပိုင်ကျီဟန်တို့သည် တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်လိမ့်မည်ဟု သူမ မထင်ထားသည့်တိုင် ကြည့်ရတာတော့ ပြင်းထန်တဲ့ပုံပင်
"မင်းဘာသာ ယုံချင်ယုံ။မယုံချင်နေ ငါထွက်သွားတော့မယ်”
ပိုင်ကျီဟန်သညိ အခန်းထဲ ပြန်ဝင်လာရင်း ပြောလိုက်၏
ပိုင်ရှင်းယွဲ့သည် ပိုင်ကျီဟန်ဘာမှမပြောဘဲ ထွက်သွားသည်ကို ကြည့်နေ၏
ခဏအကြာမှာတော့ သူမသည် အကြွင်းအကျန်ဝိညာဉ်ဘက်ကို လှည့်လိုက်သည်။
"ဧကရာဇ်၊ ပိုင်ကျီဟန်က အမွေအနှစ်ကို ရယူဖို့ တကယ်ငြင်းဆန်ခဲ့တာလား"
သူမမေးလိုက်လေ၏
"တစ်နည်းနည်းနဲ့တော့ ဟုတ်တယ်”
အမှန်တရားအရ အမွေအနှစ်ကို သူမအတွက် သီးသန့်ထားထားတာကြောင့် သူယူချင်တောင် ယူလို့မရပေ
"..."
ပိုင်ရှင်းယွဲ့သည် နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်ပေသည်။
ပိုင်ကျီဟန်သည် ထိုအရာမျိုးကို တကယ် ငြင်းပယ်လိမ့်မည်ဟု သူမမထင်ထားပေ - အထူးသဖြင့် သူမ၏တာအိုအရိုးကို ပိုအားကောင်းလာအောင် ယူဖို့ ရဲရင့်သူက
သို့တိုင် အကြွင်းအကျန်ဝိညာဉ်သည် လိမ်စရာအကြောင်းမရှိဘူးဟု ထင်သည့်အတွက် သံသယမဝင်ခဲ့ပေ
ပိုင်ရှင်းယွဲ့သည် တိတ်ဆိတ်စွာရပ်နေပြီး ပိုင်ကျီဟန်ပျောက်ကွယ်သွားသော တံခါးကို စိုက်ကြည့်နေကာ သူမလက်သည်းတွေက လက်ဖဝါးထဲမှာ စိုက်ဝင်နေ၏
သူမတွင် အောင်ပွဲခံခွင့်အပြည့်အဝရှိ၏ အမွေအနှစ်က သူမအတွက်သာ
သို့တိုင် အောင်ပွဲဟု မခံစားရပေ
သူမအမုန်းဆုံးလူသည် သူမရှေ့တွင် စမ်းသပ်မှုကို ကျော်ဖြတ်ပြီးသွားချေပြီ
ပိုင်ကျီဟန်သည် တည်ငြိမ်ပြီး အရမ်းဂုဏ်ယူဝင့်ကြွားနေတာမျိုး မရှိပေ
"... ဖူး”
သူမသည် အကြွင်းအကျန်ဝိညာဉ်ဆီသို့ အကြည့်လွှဲလိုက်သည်။
"မသေမျိုးဧကရာဇ်၊ အမွေအနှစ်က တစ်ခုတည်းရှိတယ်ဆိုတာ သေချာလား"
"ဟုတ်တယ်။ တစ်ခုပဲရှိတယ်။"
"ပြီးတော့ ဒါက ကျွန်မဥစ္စာလား"
"ဟုတ်တယ်”
သူမ မျက်လုံးမှိတ်လိုက်သည်။ သူမ မထိုက်တန်သော အရာတစ်ခုကို ရရှိနေခြင်းကို သူမ မကြိုက်သည့်တိုင် မသေမျိုး ဧကရာဇ်အမွေအနှစ်ကို ရရှိခဲ့တာပင်
ထို့အပြင် သူမလက်စားချေရန်အတွက် စွမ်းအားလိုအပ်ကြောင်း သူမသိသည်။
အကြွင်းအကျန်ဝိညာဉ်သည် ပိုင်ရှင်းယွဲ့၏ မျက်နှာအမူအရာ ပြောင်းလဲမှုတိုင်းကို တိတ်ဆိတ်စွာကြည့်ရှုပြီး ဖတ်နေသည်။
"မင်း သူ့ကို မုန်းလား"
အကြွင်းအကျန်ဝိညာဉ်သည် မမေးဘဲ မနေနိုင်တာကြောင့် မေးလိုက်သည်။
“မုန်းတယ်”
ပိုင်ရှင်းယွဲ့က ချက်ချင်းပြန်ဖြေလိုက်သည်။
"အဲဒီလူထက် ပိုမုန်းတဲ့သူ မရှိဘူး။ အခွင့်အရေးရရင် သူ့ကို သေချာပေါက် သတ်ပစ်မယ်”
သူမ ထပ်ပြောသည်။
"မလုပ်နဲ့..မင်း မရဘူး။"
အကြွင်းအကျန်ဝိညာဉ်က သတိပေးလိုက်သည်။
"ဟမ်?"
ပိုင်ရှင်းယွဲ့သည် အကြွင်းအကျန်ဝိညာဉ်စကားကြောင့် အံ့အားသင့်သွားခဲ့သည် ။
ပိုင်ကျီဟန်သည် အရင်ကထက် ပိုအားကောင်းလာသည့်တိုင် ပိုင်ရှင်းယွဲ့အဖို့ သူမရှုံးလိမ့်မည်ဟု မထင်ထားပေ
"မင်းရဲ့လက်ရှိအခြေအနေမှာ သူ့ကိုအနိုင်ယူချင်ရင်တောင် အနိုင်မယူနိုင်ဘူး။"
အကြွင်းအကျန်ဝိညာဉ်သည် သူမကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ပိုင်ရှင်းယွဲ့သဘောမတူချင်သည့်တိုင် မသေမျိုးဧကရာဇ်နဲ့ အငြင်းမပွါးချင်ပေ။
"အမွေရပြီးရင်ကော?"
ပိုင်ရှင်းယွဲ့က မေးလိုက်လေ၏။
"... မင်းပိုအားကောင်းလာလိမ့်မယ်”