ကောင်းကင်ကိုကျိန်သော လိမ်ညာမှု
Vol. 11 Ch. 162
ပိုင်ကျီဟန်သည် နောက်ထပ်ညှဉ်းပန်းနှိပ်စက်မှုတစ်ခုအတွက် ပြင်ဆင်ခဲ့သော်လည်း သူ၏ ပိုမိုသန်မာသောခန္ဓာကိုယ်ကြောင့် နာကျင်မှု လျော့နည်းသွားသည်ကို သိရှိကာ ယုံကြည်မှုအပြည့်နဲ့ပင်
ဤတစ်ကြိမ်တွင် နာကျင်မှုကို ပိုမိုခံနိုင်ရည်ရှိနိုင်မည်ဖြစ်ပြီး ထိုအရာအတွက် မျှော်လင့်ထားခဲ့သည်။
ထိုအချိန်တွင်ပင် အကြွင်းအကျန်ဝိညာဉ်သည် ရုတ်တရက်ပေါ်လာပြီး သူ့ကို ကြောက်လန့်စေခဲ့သည်။
"ဘာလဲ မင်းဘာလို့ဒီမှာရှိနေတာလဲ"
ပိုင်ကျီဟန်က မေးလိုက်သည်။
"ငါ မင်းကို စစ်ဆေးဖို့လာတာ”
သူမ ပြန်ဖြေလိုက်သည်။
သူမ၏မျက်လုံးများသည် ထာဝရဝိညာဉ်ဓားပေါ်သို့ ကျရောက်သွားသည်။
(ထိုဓား...)
၎င်းသည် သာမန်ဓားတစ်ချောင်းသာဖြစ်ကြောင်း သူမ မသိနိုင်ပေ။ ၎င်းသည် မြေကမ္ဘာအဆင့်ဖြစ်ပုံရသော်လည်း သာမန်ရှေးဟောင်း ပစ္စည်းတစ်ခုဖြစ်သည်။
(ကမ္ဘာကြီးကို တစ်ချိန်က အုပ်ချုပ်ခဲ့တဲ့ ငါတောင် မမြင်နိုင်တဲ့ အရာများစွာရှိတာပဲ)
" ပိုင်ရှင်းယွဲ့က အမွေအနှစ်ကို စတင်ရရှိပြီလား"
အကြွင်းအကျန်ဝိညာဉ်သည် ခေါင်းညိတ်လိုက်သည်။
ပိုင်ကျီဟန်အဖို့ သူထိုက်တန်သည်ဟု ယုံကြည်သည့်တိုင် မရခဲ့တာကို နောင်တရမိနေတုန်းသာ
သို့ပေမဲ့ ကမ္ဘာပေါ်တွင် အသန်မာဆုံးလူ ဖြစ်လာရင်တောင်မှ သူ့ညီလေးကို ထိုအတွက် မစွန့်လွှတ်ဘူးဆိုတာ ထင်ရှားသည်။
"အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ငါလည်း တစ်ခုမေးချင်ပါတယ်။ ပိုင်ရှင်းယွဲ့နဲ့ ဆက်ဆံရေးမကောင်းတာလား။ ဥပမာ... သူ့ကို သတ်ချင်တာလား။"
အကြွင်းအကျန်ဝိညာဉ်က မေးလေ၏
ပိုင်ကျီဟန်သည် ခဏစဉ်းစားလိုက်ချေ၏
ပိုင်ရှင်းယွဲ့နဲ့ ဆက်ဆံရေးမကောင်းတာလား။
သေချာတာပေါ့
သူမတွင် အရည်အချင်းရှိ၏ —သူနဲ့မတူပေ။
ထို့ကြောင့် သူ့ကို မနာလိုဖြစ်မိသည်။
ထို့အပြင် သူ့အမေသည် သူ့မ တာအိုအရိုးကို ခိုးယူပြီး သူ့အားပေးခဲ့၏
သို့တိုင် ထိုအကြောင်းကြောင့် သူမအား သတ်ချင်လားဟု မေးလျှင် သူ့အဖြေက မဟုတ်ဘူးဟုသာ
သူမကို စောင့်ကြည့်နေမှာဖြစ်ပြီး သတ်တောင်သတ်ပစ်နိုင်၏ သို့တိုင် ထိုအကြောင်းတွေကြောင့်တော့ မဟုတ်ပေ
သူမသည် ကောင်းကင်ဘုံက ရွေးချယ်ထားသူဖြစ်ပြီး သူ့၏ရန်သူဖြစ်လာဖို့ ကံကြမ္မာရှိနေ၏
ပြီးတော့ ရန်သူကို အသနားခံဖို့ မလိုအပ်ပေ။
ရန်သူကို အသနားခံခြင်းသည် ကိုယ့်ကိုယ်ကိုယ် ရက်စက်ရာရောက်၏
"သူမနဲ့ ဆက်ဆံရေးမကောင်းဘူး၊ ဒါပေမယ့် သူမကို သတ်ချင်လား မသတ်ချင်လားဆိုတာ သူမအပေါ်မှာပဲ မူတည်တယ်။"
ပိုင်ကျီဟန်က ပြန်ဖြေလေ၏
အကြွင်းအကျန်ဝိညာဉ်က ခေါင်းညိတ်လိုက်၏
ပိုင်ကျီဟန် ဘာကိုဆိုလိုမှန်း သူမ နားလည်၏အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်းယွဲ့သာ သူနဲ့ တိုက်ခိုက်ပါက သူ လက်စားချေမည်ဟု မျှော်လင့်ထားလို့သာ
ပိုင်ကျီဟန်ဘက်က အနည်းဆုံးတော့ ရန်ငြိုး သိပ်မနက်ရှိုင်းဘူးဟု ထင်ရတာကြောင့် သူမ ဝမ်းသာပေ၏
"စိတ်မဆိုးဘူးဆိုရင် မင်းတို့နှစ်ယောက် ဘာလို့ ဆက်ဆံရေးမကောင်းတာလဲလို့ ငါမေးလို့ရမလား။ မင်းတို့နာမည်တွေကို ကြည့်ရသလောက် မင်းတို့နှစ်ယောက်က ဆွေမျိုးတော်စပ်တယ်ဆိုတာ သိသာပါတယ်။"
အကြွင်းအကျန်ဝိညာဉ်က မေးလိုက်၏
သူမသည် စပ်စုချင်စိတ် ပေါက်သွားချေသည်။ ဆွေမျိုးတွေကြားတွင် ဆက်ဆံရေးမကောင်းတတ်ပေမယ့် သူတို့နှစ်ယောက်လို ငယ်ရွယ်သူများ အကြားတွင် ထိုကဲ့သို့ နက်ရှိုင်းသော အမုန်းတရားများ ရှိမည်ဟု သူမ မထင်ထားပေ
အများဆုံးကတော့ မနာလိုမှုနဲ့ ရန်ပွဲလေးတွေသာ
"အဲဒါက ငါသူမရဲ့ တာအိုအရိုးကို ခိုးယူသွားလို့ပဲ။"
ပိုင်ကျီဟန်က ပေါ့ပေါ့တန်တန် ပြန်ဖြေလေ၏
တကယ်တော့ သူ့အမေဖြစ်သည့်တိုင် နောက်ဆုံးမှာတော့ အကျိုးခံစားရသူက သူပင်။ ထိုကြောင့် သူ့အမေလား သူလားဆိုတာ ဘာမှမထူးခြားပေ။
ပိုင်ရှင်းယွဲ့လည်း ထိုသို့တွေးသည်ကို သူသိ၏။
"ဘာလဲ?"
ခဏတာတော့ အကြွင်းအကျန်ဝိညာဉ်၏ စိတ်က ဗလာဖြစ်သွားချေသည်။
တစ်ယောက်ယောက်၏ တာအိုအရိုးကို ယူလိုက်ခြင်းသည် ကိုယ့်အကောင်းဆုံးသူငယ်ချင်းကို သတ်တာထက်တောင် ပိုနက်ရှိုင်းနိုင်၏
အဆုံးစွန်အားဖြင့် တာအိုအရိုးရှိခြင်းနဲ့ တာအိုအရိုးမရှိခြင်းသည် ကျင့်ကြံသူတစ်ယောက်အတွက် ကမ္ဘာနှစ်ခုခြားသလို ဖြစ်စေ၏
သူငယ်ချင်းအသစ်တွေ ရနိုင်ပေမယ့် တာအိုအရိုးရဖို့ အခွင့်အလမ်းသည် တစ်သန်းမှာ တစ်ခါသာ
ပိုင်ရှင်းယွဲ့သည် ပိုင်ကျီဟန်အပေါ် အဘယ်ကြောင့် ထိုမျှနက်ရှိုင်းသော အမုန်းတရားကို သိုဝှက်ထားသည်ကို သူမ နားလည်သွားလေပြီ။
ထို့အပြင် သူမ၏ တာအိုအရိုး ပျောက်ကွယ်သွားပြီးနောက်တွင်ပင် ပိုင်ရှင်းယွဲ့သည် ထိုမျှ အရည်အချင်းရှိနေသေးပြီး ကံကြမ္မာသတ်မှတ်သူဖြစ်ရသည့် အကြောင်းရင်းကို ယခု နားလည်နိုင်ပြီဖြစ်သည်။
သို့သော် ၎င်းသည် အခြေအနေကို သူမမျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားစေခဲ့သည်။
ခဏတာ စဉ်းစားပြီးနောက် ပိုင်ကျီဟန်ကို မေးရန် ဆုံးဖြတ်လိုက်သည်။
"တစ်ခုခု တောင်းဆိုလို့ရမလား။"
"ဒါက မင်းရဲ့ တောင်းဆိုချက်ပေါ် မူတည်တယ်"
ပိုင်ကျီဟန်က ပြောသည်။
သူသည် သူမကို အနည်းငယ် ကျေးဇူးတင်မိပြီး သူမအား လုံးဝငြင်းပယ်ခြင်း မပြုခဲ့ပေ။ ပုံမှန်အားဖြင့် ငြင်းပယ်လေ့ရှိသည်။
"ပိုင်ရှင်းယွဲ့ကို မသတ်ဖို့ တောင်းဆိုလို့ရမလား။"
အကြွင်းအကျန် ဝိညာဉ်က တောင်းဆိုခဲ့သည်။
သို့သော် ပိုင်ကျီဟန်သည် သူမကို လုံးဝငြင်းပယ်ခြင်း မပြုခဲ့ပေ
"အကြောင်းပြချက်ကို မေးလို့ရမလား။ သူမက မင်းရဲ့ အမွေဆက်ခံသူ ဖြစ်ပေမယ့် အဲဒါကြောင့်ပဲ သူမကို ချမ်းသာပေးရမယ်လို့တော့ မဆိုလိုဘူးမလား”
ပိုင်ကျီဟန်က ပြန်ပြောသည်။
"... ငါ မင်းကို အရာအားလုံးကို ပြောပြနိုင်မှာ မဟုတ်ပေမယ့် ဒါကို သိထားရမယ်- သူမက ငါ့ရဲ့ အမွေဆက်ခံသူဖြစ်လို့ သူမရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါ မတောင်းဆိုဘူး။"
"ငါကလည်း အကြောင်းပြချက်မရှိဘဲ ဒါကို လက်ခံလို့မရဘူးဆိုတာ သိတယ်မလား ။ အထူးသဖြင့် သူမက ငါ့အသက်ကို ယူလာနိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားရင်ပေါ့။ ဒါ့အပြင် မင်းမှာ ငါနဲ့ အပေးအယူလုပ်စရာ ဘာမှ မရှိဘူး။"
အကြွင်းအကျန်ဝိညာဉ်သည် ၎င်းကို နားလည်သည့်တိုင် သူမက ဆက်မေးနေတုန်းပင်
ပိုင်ရှင်းယွဲ့သည် ပိုင်ကျီဟန်ထက် ပိုအားကောင်းလာမည်ဟု ပြောခဲ့ပေမယ့် တခြားဖြစ်နိုင်ခြေတွေကိုလည်း စဉ်းစားခဲ့သေးသည်။
ပိုင်ရှင်းယွဲ့အနေနဲ့ သူမ အမွေအနှစ်ကို ရရင်တောင် ပိုင်ကျီဟန်သတ်ဖြတ်တာ ခံရနိုင်သည့် ခံစားချက်ကို သူမ မဖယ်ရှားနိုင်ပေ
သူမပင် မမြင်ဖူးသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပြုပြင်မွမ်းမံမှု နည်းစနစ်ကိုပင် မဆိုထားနှင့်
ထိုကြောင့် ပိုင်ရှင်းယွဲ့အား ချမ်းသာပေးဖို့ ပိုင်ကျီဟန်ဆီ တောင်းဆိုရန် သူမ ရောက်လာခဲ့တာပင်
တကယ်တော့ သူမတွင် အပေးအယူလုပ်စရာ ဘာမှ မရှိပေ။ မရခဲ့သော အမွေအနှစ်အတွက် လျော်ကြေးအနေနဲ့ သူမတွင် ရှိသမျှ ရတနာအားလုံးကို သူ့အား ပေးခဲ့ပြီးချေပြီ။
"ဒါဆို ဘယ်လိုလဲ - ငါ့ရဲ့တောင်းဆိုချက်ကို မင်းသဘောတူရင် ငါသဘောတူမယ်။"
ပိုင်ကျီဟန် ပြောလိုက်ပြီး ချက်ချင်းပဲ အကြွင်းအကျန်ဝိညာဉ်ကို စိတ်လှုပ်ရှားသွားစေသည်။
ပိုင်ကျီဟန်အနေနဲ့ ပိုင်ရှင်းယွဲ့ကို တစ်နေ့တွင် သတ်ဖို့ကြိုးစားရင်တောင် အသက်ရှင်နေစေရမည်ဟု ပြောနေတာပင် - ဒါပေမယ့် သူ့တောင်းဆိုချက်က ဘာလဲဆိုတာကိုတော့ သူမ မသိပေ။
"မင်းရဲ့တောင်းဆိုချက်က ဘာလဲ?"
"မင်း”
သူမကို ပိုင်ဖို့ ထပ်တောင်းဆိုပြန်၏။
"ငါပြောခဲ့သလိုပဲ အမွေအနှစ်ကို ပေးလိုက်တာနဲ့ ငါ့ရဲ့ဒီဝိညာဉ်က ပျောက်ကွယ်သွားလိမ့်မယ်။"
အကြွင်းအကျန်ဝိညာဉ်က ပြန်ဖြေလေ၏
"ငါသိတယ်။ မင်းသဘောတူဖို့ပဲ လိုတယ်၊ ငါလည်း မင်းရဲ့တောင်းဆိုချက်ကို သဘောတူမယ်။ မင်းအတွက် အောင်ပွဲမဟုတ်ဘူးလား?"
ပိုင်ကျီဟန်က မေးလေ၏။
ပိုင်ကျီဟန် ဘာမှမရရင်တောင် သူ့ကတိကို တည်ခဲ့လျှင် သူမအတွက် အောင်ပွဲသာ။
ထို့အပြင် သူမဝိညာဉ်သည် တာဝန်ပြီးသွားလျှင် ပျောက်ကွယ်သွားလိမ့်မည်ဟု သတိပေးပြီးသားမို့ သူမ ရှင်းရှင်းလင်းလင်း ပြောနေစရာမလိုပေ
"ရတာပေါ့၊ မင်းသဘောတူရင်”
အကြွင်းအကျန်ဝိညာဉ်က ပြန်ဖြေလေ၏
"မင်းရဲ့ကတိကို ငါလိုအပ်တယ်။"
ပိုင်ကျီဟန်သည် ကျေနပ်စွာပြောလိုက်သည်။
အကြွင်းအကျန်ဝိညာဉ်သည် ပိုင်ကျီဟန်အနေနဲ့ သူ့ကတိကို မည်သို့စောင့်ထိန်းမည်ကို တွေးတောနေမိသည်။
သူမပျောက်ကွယ်သွားသည်နှင့် သူသည် သူ၏ကတိကို တည်လား ၊ မတည်လား သူမသိနိုင်တော့မည်မဟုတ်ပေ။ ၎င်းသည် သူမပေါ့ပေါ့တန်တန်သဘောထား၍ မရသောကိစ္စဖြစ်သည်။
သူမသည် ၎င်းတို့၏သဘောတူညီချက်ကို ချည်နှောင်ရန် ဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုဖို့ စဉ်းစားခဲ့သည်။
သို့သော် ပိုင်ကျီဟန်သည် လက်တစ်ဖက်ကို မြှောက်ကာ လက်ချောင်းများသည် ထူးဆန်းသော မုဒြာပုံစံပြုလုပ်ရင်း တည်ကြည်စွာပြောလိုက်သည်။
"ငါ အထက်ကောင်းကင်ဘုံကို ကတိသစ္စာပြုပါတယ်။ ငါ ပိုင်ရှင်းယွဲ့ကို အကြောင်းမရှိဘဲ သတ်ရင် ငါ့ရဲ့ မသေမျိုး လမ်းကြောင်း ထာဝရပြတ်တောက်ပါစေ။ ငါရှာဖွေနေတဲ့ တာအိုဆီ မရောက်မီ ငါ့ဝိညာဉ် ပြိုကွဲသွားပါစေ။"
အကြွင်းအကျန်ဝိညာဉ်၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
သူ လေးနက်စွာပြောနေ၏
ကောင်းကင်ဘုံကျိန်ဆိုချက်သည် ပေါ့ပေါ့တန်တန်သဘောထား၍ ရသောကိစ္စမဟုတ်ပေ။ ၎င်းသည် လူတစ်ဦး၏ကံကြမ္မာ၊ ကျင့်ကြံမှုနှင့် ဆက်စပ်နေသော ကတိမျိုးဖြစ်သည်။
ကျိုးပေါက်သွားပါက ကျင့်ကြံသူကို ဒုက္ခပေးရုံတင်မကပေ လုံးဝဖျက်ဆီးပစ်မည်သာ
ကောင်းကင်ဘုံတောင် သက်သေတည်မည်ပင်
(ဟားဟား... ကောင်းပြီ၊ ကောင်းကင်ဘုံက ငါ့ကို တကယ်သတ်နိုင်ရင်ပေါ့။)
နောက်ဆုံးတော့ အကြွင်းအကျန်ဝိညာဉ်သည် သူမကတိကို တည်စေဖို့ လုပ်ရမည်သာ
ပိုင်ရှင်းယွဲ့ကို သတ်ဖို့ နည်းလမ်းများစွာရှိ၏ - သူကိုယ်တိုင် မလုပ်ရင်တောင်မှပေါ့
ကောင်းကင်ဘုံက သူ့ကို သတ်နိုင်လျှင် အခုလောက်ဆို သေနေလောက်ချေပြီ။
ကောင်းကင်ဘုံသည် သူ့ကို တစ်ခုခုလုပ်မည်ဟု သူ မယုံကြည်ပေ