စမ်းသပ်မှု ပြီးပြီ
Vol. 11 Ch. 163
“မဟုတ်ဘူး… ခဏ.. ငါဘယ်မှာရှိနေတာလဲ…?”
“ဘာဖြစ်နေတာလဲ? ငါ… တိုက်ပွဲအလယ်မှာ မဟုတ်ဘူးလား?”
“ဒါဘယ်နေရာမှာလဲ”
တတိယစမ်းသပ်မှုကို ဆက်လက်ဖြေရှင်းနေသူများအားလုံးကို အကြွင်းအကျန်ဝိညာဉ်က နှိုးလိုက်သည်။
အမွေအနှစ်ကို ပိုင်ရွှယ်ချင်းအားပေးပြီးတာကြောင့် တခြားသူများအတွက် စမ်းသပ်မှုကို ဆက်လက်လုပ်ရန် မလိုတော့ပေ
သူတို့အနေနဲ့ ထိုအပြောင်းအလဲကို မမျှော်လင့်ထားကြပေ
တစ်စက္ကန့်အတွင်းမှာပဲ ပျက်စီးနေသော မြို့ကြီးတစ်မြို့ထဲ၌ တိုက်ပွဲဝင်နေသူတွေသည် ရှေးဟောင်းအပျက်အစီးထဲ ရောက်လာပြီး ရှုပ်ထွေးနေကြ၏
အားလုံးထက် သူတို့ စမ်းသပ်မှု ကျဆုံးသည်ကို လက်မခံနိုင်တာပင်
ရှိသမျှလူတိုင်းက အရူး မဟုတ်ပေ ။ စမ်းသပ်မှုတစ်ခုကို ရပ်တန့်ခြင်းသည် တစ်စုံတစ်ယောက်က အောင်မြင်ပြီးသားဖြစ်သည်ဟု သူတို့သိကြသည်။
သူတို့မရှင်းလင်းနိုင်ဘူးဆိုပါက တစ်ယောက်က ရှင်းနိုင်လို့သာ
ပိုင်ရွှယ်ချင်းသည် ပတ်ပတ်လည်ကြည့်ပြီး ပိုင်ကျီဟန်ကိုရှာနေ၏
သူသညါ တတိယစမ်းသပ်မှုထဲ ပထမဆုံးဝင်သူဖြစ်ပြီး အနိုင်ရဖို့ ဖြစ်နိုင်ချေအရှိဆုံးသူ ဖြစ်၏
(သူ စမ်းသပ်မှုကို ဖြတ်သန်းနိုင်ခဲ့လား?)
သူ့ကို ထိုနေရာ၌ မတွေ့ရခြင်းသည် ထိုဒီသံသယကို ပိုပြီး အားဖြည့်သွားစေသည်။
ပိုင်ရွှယ်ချင်းအနေနဲ့လည်း ဝမ်းသာသင့်လား မသင့်လား မသိနိုင်တော့ပေ
သူ့အကို ဖြစ်တာမှန်ပေမဲ့ သူ့သဘောသဘာဝအရ သူသာ အမွေအနှစ်ရပါက ထိုကမ္ဘာကြီးကို ပိုမိုပျက်စီးသွားစေနိုင်သည်။
အကြွင်းအကျန်ဝိညာဉ်သည် ငြိမ်သက်စွာ ပျံဝဲနေပြီး သူတို့စိတ်တွေ ပြန်ညှိဖို့အချိန် တစ်ခဏလောက် ပေးနေ၏
သူမအသံသည် ငြိမ်သက်နေသည့်တိုင် ခန်းမအနှံ့ ပဲ့တင်ထပ်သွားသည်။
“အားလုံးအတွက် ကျေးဇူးတင်ပါတယ် -ဒါပေမဲ့ စမ်းသပ်မှု အဆုံးသတ်သွားပါပြီ”
လူအားလုံး အေးစက်သွား၏
ထိုစကားလုံးတွေက…အဓိပ္ပါယ် တစ်ခုတည်းသာ ရှိသည်။
“အမွေဆက်ခံမှု စမ်းသပ်ချက် ပြီးဆုံးသွားပါပြီ။"
"...ဟမ်?"
"ခဏနေဦး၊ ဘာလဲ? ပြီးဆုံးသွားပြီလား။"
"အချိန်ရှိသေးတယ်လို့ ငါထင်ခဲ့တာ—"
သူမစကားတွေက အတည်ပြုပေးနေ၏ အနိုင်ရသူတစ်ယောက် ရှိနှင့်ပြီးသားပင်
"မင်းတို့အားလုံးကောင်းကောင်းလုပ်ခဲ့ကြပါတယ်"အကြွင်းအကျန်ဝိညာဉ်က ပြောလေ၏။ "ဒါပေမယ့် အမွေဆက်ခံသူကို ရွေးချယ်ပြီးသွားပြီ။"
လူအုပ်ထဲ၌ မယုံကြည်နိုင်စရာ မုန်တိုင်းတစ်ခု ပေါက်ကွဲသွားချေသည်။
"အမွေဆက်ခံသူကို ရွေးချယ်ပြီးပြီဆိုတာ မင်းဘာကို ဆိုလိုတာလဲ”
"ငါ မပြီးသေးဘူး”
"ဘယ်သူလဲ..ဘယ်သူက ငါ့ကိုအနိုင်ယူတာလဲ?”
လူအများသည် သူတို့ထဲက အနိုင်ရသူ မည်သူဖြစ်သည်ကို ရှာဖွေဖို့ ပတ်ပတ်လည်ကို ကြည့်နေကြ၏။
အထူးသဖြင့် မိုထျန်းကျီသည် မည်သူ့ကိုမဆို သတ်ဖို့ အသင့်ဖြစ်နေ၏ သူ့မျက်လုံးတွေသည် လူအုပ်ကို ဝေ့ကြည့်ပြီး စမ်းသပ်မှုကို အောင်မြင်သွားသူအား ရှာဖို့ ကြိုးစားနေ၏
သူသာ အမွေဆက်ခံသူကို သတ်နိုင်ပါက စမ်းသပ်မှုသည် ဆက်သွားနိုင်ပြီး သူ့တွင် အခွင့်အရေးရှိသေးပေသည်။
"မင်းတို့ သိဖို့မလိုပါဘူး" အကြွင်းအကျန်ဝိညာဉ်က ပြောလေ၏ "မင်းတို့အားလုံးကို ပထမစမ်းသပ်မှုဧရိယာကို ပို့လိုက်မယ်၊ အဲဒီမှာ ငြိမ်းချမ်းစွာ လေ့ကျင့်နိုင်တယ်။ အမွေအနှစ်ကို အပြည့်အဝလွှဲပြောင်းပြီးတာနဲ့ ထွက်သွားခွင့်ပြုပါမယ်”
သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လူတိုင်းကို ချက်ချင်း အဝေးသို့ ပို့ဆောင်ပေးခဲ့ပြီး အဖြူရောင်အခန်းထဲသို့ တန်းဝင်သွားခဲ့သည်။
ပိုင်ရှင်းယွဲ့နှင့် ပိုင်ကျီဟန်မှလွဲ၍ ပါဝင်သူအားလုံးကို ပထမစမ်းသပ်ခန်းဆီသို့ ပြန်ပို့ခဲ့သည်။ ထိုနေရာသည် ချီများ သိပ်သည်းပြီး လေးလံနေ၏
ပိုင်ကျီဟန် တစ်ချိန်က ပြောခဲ့သည့်အတိုင်း ၎င်းသည် ကျင့်ကြံရန် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်သည်။
ယခင်က သူတို့သည် အမွေအနှစ်အတွက် ပြိုင်ပွဲတွင် အာရုံစိုက်ရလွန်းတာကြောင့် ၎င်းကို တန်ဖိုးထားရန် မဖြစ်နိုင်ခဲ့ပေ
"ချီးပဲ”
မိုထျန်းကျီသည် ကြမ်းပြင်ကို ထိုးလိုက်သည် - ၎င်းသည် ဘာမှမဖြစ်စေသော်လည်း သူ၏မျက်နှာသည် စိတ်ပျက်လက်ပျက်ဖြင့် ကွေးညွှတ်နေသည်။
တတိယစမ်းသပ်မှုသို့ ရောက်ရှိခဲ့သော ပါဝင်သူအများစုသည် အလားတူ မျက်နှာအမူအရာနဲ့သာ
တစ်ချိန်တည်းမှာပဲ ဒုတိယစမ်းသပ်မှုအလယ်တွင် ရှိနေသူတွေသည် ရုတ်တရက် တယ်လီပို့ကြောင့် ရှုပ်ထွေးသွားကြ၏။
"ဘာဖြစ်သွားတာလဲ?"
"ငါ ကောင်းကင်အဆင့် နည်းစနစ်တစ်ခုကို နားလည်ဖို့လုပ်နေပြီ”
"ခဏလေး..တတိယစမ်းသပ်မှုကို သွားတဲ့သူတွေလည်း ဒီမှာရှိနေတာလား။ အဲဒါက စမ်းသပ်မှု ပြီးဆုံးသွားပြီလို့ ဆိုလိုတာလား။"
"ပါးစပ်ပိတ်ထား”
မိုထျန်းကျီ ဒေါသတကြီး အော်ဟစ်သံကြောင့် လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြ၏
"အမလေး..ဘယ်သူက အမွေအနှစ်ကို ရသွားတာလဲ”
သူအော်လိုက်မှ လူတိုင်း၏ သံသယကို အတည်ပြုပေးလေ၏ တစ်ယောက်ယောက် အောင်မြင်သွားပြီဆိုတာကိုပင်
"အရူး
သူတော်စင် တူကူ လျန်ရှင်းသည် တိုးတိုးလေးပြောလိုက်၏။
"မင်းဘာပြောလိုက်တာလဲ။ တိုက်ခိုက်ချင်တာလား”
မိုထျန်းကျီ၏ချီတွေ ဆူပွက်လာချေ၏
"ဘယ်သူ ဒီမှာ မရှိဘူးဆိုတာ စစ်ဆေးကြည့်ရင် အမွေအနှစ်ကို ဘယ်သူရသွားတယ်ဆိုတာ အလွယ်တကူ သိနိုင်တယ်။"
တူကူ လျန်ရှင်းသည် အေးစက်စွာ ပြန်ဖြေလိုက်၏
မိုထျန်းကျီ တောင့်သွားချေသည်။
သူမပြောတာမှန်၏
တတိယ စမ်းသပ်မှုကိုရောက်သူတိုင်းအား ရေတွက်ပြီး ဖော်ထုတ်ဖို့ သူ့မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်သည်။
သူလက်စားအချေချင်ဆုံးတစ်ယောက်ပျောက်ဆုံးနေသည်ကို သတိထားမိဖို့ အချိန်အတော်ကြာပေ၏
"ပိုင်ကျီဟန်ဘယ်မှာလဲ”
သူအော်လိုက်ချေသည် ။
လူတိုင်း ပတ်ပတ်လည်ကိုကြည့်လိုက်ကြပေမဲ့ သူ့ကိုဘယ်မှာမှမတွေ့ရပေ။
"ဒါဆို...သူအမွေရခဲ့တာလား?"
မိုထျန်းကျီသည် သွားများကို ကြိတ်ပြီး အော်ဟစ်လိုက်၏။
သူကျရှုံးရုံသာမက အမုန်းဆုံးရန်သူဖြစ်သော ပိုင်ကျီဟန် အောင်မြင်သွားသည့် အတွေးက သူ့ကို ရူးသွပ်စေခဲ့သည်။
"ခဏလေး..တခြားတစ်ယောက်ရော ပျောက်ဆုံးနေတယ် ။ ပိုင်ရှင်းယွဲ့လည်း ဒီမှာမရှိဘူး။"
ဟန်ကျန်းဝူက ပြောလေ၏
ပိုင်ရှင်းယွဲ့ကို ဖြုတ်ချဖို့ အခွင့်အရေးရှာနေတုန်း သူမ ပျောက်ဆုံးနေ၏ - ဆိုလိုတာက သူမ အမွေဆက်ခံခွင့် ရသွားနိုင်သည်။
"ဒါဆို လူနှစ်ယောက် ပျောက်ဆုံးနေတာလား။ အဲဒါ... ထူးဆန်းတယ်။"
နှစ်ယောက်စလုံး ပျောက်ဆုံးနေတာကြောင့် အမွေဆက်ခံသူ မည်သူလဲဆိုတာ သေချာပြောဖို့ မဖြစ်နိုင်ပေ
မည်သူဖြစ်ပါစေ အမွေဆက်ခံခွင့်သည် ပိုင်မျိုးနွယ် တစ်ယောက်ယောက်ဆီ ရောက်သွားကြောင်း လူတိုင်းသိ၏
၎င်းသည် ကျောက်နဲ့ လင်းမျိုးနွယ်စုဝင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ မျိုးနွယ်စုနှစ်ခုစလုံးသည် ပိုင်မျိုးနွယ်စုအပေါ် နက်နက်ရှိုင်းရှိုင်း မကျေနပ်မှုတွေ ရှိခဲ့ကြသည်။
ပိုင်ရှင်းယွဲ့သာ အမွေဆက်ခံခဲ့လျှင် သိပ်မဆိုးလောက်ပေ။ ပိုင်မျိုးနွယ်စုနဲ့ သူမကြားက ဆက်ဆံရေး ပျက်ပြားနေသည်ကို လူတိုင်းသိ၏ ။
သို့ပေမဲ့ ပိုင်ကျီဟန်ဆိုရင်ကော?
ဘုရားသခင် သူတို့ကို ကူညီတော်မူပါ။
မည်သို့ပင် ဖြစ်စေ၊ ထိုမျိုးနွယ်စုတွေအဖို့ ပြင်ဆင်ဖို့ လိုအပ်သည်ကိုသိကြ၏
"ကောင်းပြီ ကောင်းပြီ”
မိုထျန်းကျီသည် ရက်စက်သော အပြုံးနဲ့ ပြောလိုက်သည်။
"ဒါဆိုရင် ဒါကို ရိုးရှင်းအောင်လုပ်ရမယ် - ဘယ်သူမဆို သူတို့နှစ်ယောက်ကို သတ်ပြီး ငါ့ဆီ သူတို့ရဲ့ ဦးခေါင်းတွေ ယူလာပေးရင် မြေကမ္ဘာ အဆင့် ရှေးဟောင်းပစ္စည်းတစ်ခု ရလိမ့်မယ်။"
သူ ကြေငြာလိုက်၏
စမ်းသပ်မှုတွေကနေ အနိုင်မရလျှင် ရက်စက်ကြမ်းကြုတ်သော အင်အားနဲ့ အနိုင်ယူရလိမ့်မည်သာ
တခြားသူတွေလည်း အတူတူပင်။ဆုလာဘ် ကြေငြာခဲ့သည်ဖြစ်စေ မကြေငြာခဲ့သည်ဖြစ်စေ သူတို့ထဲက တချို့က အတူတူပဲ တွေးနေကြချေပြီ။
မည်သူက မသေမျိုး ဧကရာဇ်၏ အမွေဆက်ခံသူကို သတ်ပြီး ဘဏ္ဍာကို မယူသွားဘဲ နေချင်မည်နည်း
သူတို့ကိုယ်တိုင် အမွေရနိုင်ချိန်တွင် မြေကမ္ဘာအဆင့် လက်နက်နဲ့ အမွေဆက်ခံခွင့်အား မည်သို့လဲရမည်နည်း
တစ်ချိန်တည်းမှာပဲ တစ်ဖက်မှာတော့ -
ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းလို ပိုင်မျိုးနွယ်စုနဲ့ ကောင်းကင်ဓားဂိုဏ်းဝင်များကတော့ ပိုင်ကျီဟန်ကို ဘေးကင်းအောင် ထားဖို့ ပြင်ဆင်နေကြချေပြီ
ပိုင်ရှင်းယွဲ့အဖို့ကတော့
၎င်းသည် ပိုရှုပ်ထွေး၏
တပည့်တွေအနေနဲ့ ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းတို့သည် သူမကိုလည်း ကာကွယ်ပေးသင့်သည်။ သို့တိုင် ပိုင်မျိုးနွယ်နဲ့ သူမ၏ရှုပ်ထွေးနေတဲ့ သမိုင်းကြောင်းကို ထောက်ရှုရလျှင်
ပိုင်မျိုးနွယ်ဝင်တွေအတွက်လည်း အတူတူသာ
သူတို့သည် သူမနဲ့ ဆက်ဆံရေး မကောင်းပေမယ့် အကြောင်းရင်းကို မသိခဲ့ကြပေ။ သူမသည် ပိုင်မျိုးနွယ်က ဖြစ်တာကြောင့် သူမကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိသည်ဟု ခံစားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ အမွေဆက်ခံသူ မည်သူလဲဆိုတာကို အရင်ဆုံး ရှာဖွေရမည်သာ