← Chapters

မင်း ငါ့ခြေထောက်အောက်မှာပဲ နေ

Vol. 11 Ch. 165

မင်း ငါ့ခြေထောက်အောက်မှာပဲ နေ

Vol. 11 Ch. 165

ရှေးဟောင်းအပျက်အစီးများအပြင်ဘက်တွင် ကျွမ်းကျင်သူများစွာ စုဝေးပြီး ၎င်းတို့၏မျိုးနွယ်စု သို့မဟုတ် ဂိုဏ်း၏ပါရမီရှင်များကို စောင့်ဆိုင်းနေကြသည်။

ပါဝင်သူများသည် ရှေးဟောင်းအပျက်အစီးများထဲသို့ ဝင်ရောက်ပြီး လုံးဝပိတ်ဆို့ခံထားရတာက နှစ်လခွဲခန့်ရှိပြီ ဖြစ်သည်။

ပိုင်မျိုးနွယ်စုမှ ပိုင်ထျန်းဟမ်သည် ထိုနေရာတွင် လပေါင်းများစွာ မနေနိုင်ခဲ့သည်မှာ ထင်ရှားသည်။ ထို့ကြောင့် ယင်းအစား အခြားအကြီးအကဲများ ရောက်လာခဲ့သည်။

ထိုအကြီးအကဲများ၏ ခေါင်းဆောင်မှာ အကြီးအကဲကြီး ပိုင်ရန်ဖြစ်သည်။

ထိုသို့သောကိစ္စအတွက် သူ့ကို မလိုအပ်ဟု ယူဆရသော်လည်း မကောင်းဆိုးဝါးကျင့်ကြံသူများသည် ၎င်းတို့၏ပါရမီရှင်များကို ကာကွယ်ရန် စေလွှတ်ခဲ့သောကြောင့် အားလုံးပြောင်းလဲသွားခဲ့သည်။

ကုံးယောင်

တတိယနတ်ဆိုးဗိုလ်ချုပ်ကြီး

၎င်းထံမှ ကာကွယ်ရန်အတွက် သူ့နှင့်လက်ရည်တူသော တစ်စုံတစ်ဦးကို စေလွှတ်ရန်လည်း လိုအပ်ပေသည်။

ပိုင်မျိုးနွယ်စုသာမက အခြားသူများသည် ၎င်းတို့၏အစွမ်းထက်ဆုံး အကြီးအကဲကြီးများနှင့် ဘိုးဘေးများထဲမှ တစ်ဦးကိုပါ စေလွှတ်ခဲ့သည်။

အမွေဆက်ခံမှုကို ရယူရုံဖြင့် မလုံလောက်ကြောင်းလည်း သတိပြုသင့်သည်။ ထိုလူကို ကာကွယ်နိုင်ပြီး ပြန်လည်ခေါ်

ဆောင်နိုင်ရမည်။

အဆင့် ၈ သို့မဟုတ် ပိုမြင့်သော အကာအကွယ်ပုံစံနဲ့ အမွေအနှစ်အတွက်ဆို မှန်ကန်ပေမည်။

ရန်သူသည် အစွမ်းထက်သော အမွေအနှစ်ကို ရရှိနိုင်ပါက ပြိုင်ဘက်မျိုးနွယ်စုများ သို့မဟုတ် ဂိုဏ်းများထဲမှ အခိုင်မာဆုံးကိုပင် သတ်ဖြတ်ရန် စေလွှတ်ခံရနိုင်သည်။

နှစ်လခွဲလောက် စောင့်ပြီးသည့်နောက်မှာတော့ လူအများစုဟာ ဂရုမပြုတော့ဘဲ ပျင်းရိငြီးငွေ့စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

ဘုန်း ဘုန်း

ထို့နောက် ရှေးဟောင်းအပျက်အစီးများမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းအာရုံကို အပြည့်အဝ ဆွဲဆောင်ခဲ့သည်။

ရှေးဟောင်းအပျက်အစီးများကို ကာကွယ်နေသော ဖွဲ့စည်းပုံသည် နောက်ဆုံးတော့ ပျောက်ကွယ်သွားချေသည်။

"ရှေးဟောင်းအပျက်အစီးတွေ ပြိုကျတော့မယ်”

တစ်ယောက်ယောက်က အော်ပြောလိုက်သညိ။

"ပါဝင်သူတွေ ဘယ်မှာလဲ။"

ဖုန်မှုန့်နဲ့ မီးခိုးတွေကြောင့် မည်သူမျှရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ခဏလေး…သူတို့ ရောက်နေပြီ”

နောက်တစ်ယောက်က အော်ပြောလိုက်သည်။

ဖုန်မှုန့်နဲ့ မီးခိုးထဲတွင် လူအများ၏ အရိပ် အများကြီး ရှိနေပြီး အားလုံးသည် ပါဝင်သူတွေ၏ အရိပ်တွေ ဖြစ်မှန်း သိကြသည်။

ရှေးဟောင်းအပျက်အစီးတွေ ပြိုကျသွားပြီး မြှုပ်နှံခံရသည်ဟု မထင်ရပေ

သူတို့ထွက်လာဖို့ နောက်ထပ်စက္ကန့်အနည်းငယ် စောင့်ခဲ့သည့်တိုင် ထိုနေရာတွင် ရပ်နေပြီး တကယ်မလှုပ်ရှား ရှိနေသေးသည်ဟု ထင်ရသည်။

"တစ်ခုခုဖြစ်နေလား။"

သူတို့ ခန့်မှန်းရုံပဲ တတ်နိုင်၏

ဖုန်မှုန့်တွေနဲ့ ဘာမှပြောမရပေ

သူတို့ကိုယ်တိုင် အခြေအနေကို သွားစစ်ဆေးနိုင်ပေမဲ့ မည်သူက စွန့်စားမည်နည်း

ဖွဲ့စည်းပုံက ရှိနေသေးရင်ကော။ အသက် ၃၀ ကျော်တစ်ယောက် ဝင်လာသည့်အခါ ဘာဖြစ်မည်ကို လူတိုင်းသိ၏

ဖုန်မှုန့်တွေ သူ့အလိုလို ပျောက်ကွယ်သွားသည့်အထိ စောင့်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြသည်။ အဖြေက သူ့အလိုလို ပေါ်လာမည်သာ

ဖုန်မှုန့်တွေ မြန်မြန်ပျောက်သွားပြီး သူတို့ ကြာကြာစောင့်စရာမလိုပေမဲ့ သူတို့မြင်လိုက်ရသည့်အရာက လူအတော်များများကို အံ့အားသင့်စေသည်။

သူတို့မြင်လိုက်ရတာက မြေပြင်ပေါ်တွင် ပြားချပ်နေသော မိုထျန်းကျီမျက်နှာပေါ်၌ ခြေထောက်တင်ထားသော ပိုင်ကျီဟန်ကိုသာ

မိနစ်အနည်းငယ်အကြာ

အကြွင်းအကျန်ဝိညာဉ်ပြောသည့်အတိုင်း မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးနောက် သူ့ကို စမ်းသပ်မှုကျင်းပရာနေရာမှ ဘေးကင်းစွာ တယ်လီပို့လုပ်ခဲ့သည်။

ပိုင်ရှင်းယွဲ့ အပါအဝင် တခြားသူတွေလည်း ရှိသေး၏ သူတို့သည် သူ့ကို ကြည်လင်စွာ မကြည့်ကြပေ

သူမသည် နောက်ဆုံးတော့ ခွန်အားရပြီး လက်စားချေဖို့ စဉ်းစားနေတာ ဖြစ်နိုင်၏

သို့တိုင် ပိုင်ကျီဟန်ကို သူမထက် ပိုပြီးလက်စားချေဖို့ စိတ်အားထက်သန်နေသူ ရှိနေ၏ သူကတော့ မိုထျန်းကျီသာ

"ပိုင်ကျီဟန်”

သူသည် လူတိုင်းကြားအောင် အော်ပြောလိုက်သည်။

အမွေအနှစ်ရခဲ့လား မရခဲ့လားဆိုတာ သိချင်စိတ်နဲ့ ပိုင်ကျီဟန်ဘက်ကို လူတိုင်းကြည့်လိုက်ကြသည်။

သူရခဲ့လျှင် သူ့ကို တိုက်ခိုက်ပြီး အမွေအနှစ်ကို သူတို့ဘာသာယူဖို့ အသင့်ဖြစ်နေကြချေပြီ။

မိုထျန်းကျီသည် လူတိုင်းသိထားသည့် အကြောင်းပြချက်တွေအတွက် အရေးယူဖို့ အသင့်ဖြစ်နေတာကြောင့် ခဏစောင့်ပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏

ရှက်ရွံ့မှုတွေ ခံစားခဲ့ရပြီးနောက် မိုထျန်းကျီသည် ပိုင်ကျီဟန်ကိုခုန်ပြီး တိုက်ခိုက်မည်ဟုမျှော်လင့်ထားကြသည်။

သို့တိုင် အံ့သြစရာကောင်းတာက သူသည် မတိုက်ခိုက်ခဲ့ပေ

"မင်း အမွေရပြီလား"

မိုထျန်းကျီက မေးလိုက်သည်။

မိုထျန်းကျီ အရူးဆိုပေမဲ့ လိုအပ်သည့်အခါ သူ့ဦးနှောက်ကို သုံးတတ်သည်။

ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ပိုင်ကျီဟန်သာ အမွေရခဲ့လျှင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာ သိသည်။ အဘယ်ကြောင့်ဆိုသော် မသေမျိုး ဧကရာဇ်၏ အမွေဖြစ်တာကြောင့်သာ

အဖြေကို မသိခင် ပိုင်ကျီဟန်ကို တစ်ယောက်တည်း တိုက်ခိုက်လို့ မရပေ

"မင်း ဘာလို့ ဒီလိုထင်တာလဲ"

ပိုင်ကျီဟန်သည် သူ့ဆီတွင် အလုံးစုံပိုင်ဆိုင်ထားသလို တည့်တည့်ဖြေတတ်တဲ့သူမျိုး မဟုတ်ပေ ။

"မင်းနဲ့ တခြားမိန်းကလေးလဲ ငါတို့နဲ့အတူ မရှိဘူး။ တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံး အမွေရခဲ့တာ သေချာပါတယ်။"

မိုထျန်းကျီက ပြောလိုက်လေ၏

သူ့ခန္ဓာကိုယ်ကို သန့်စင်နေချိန်တွင် အားလုံးကို ပထမစမ်းသပ်ခန်းဆီသို့ တယ်လီပို့လုပ်ကြောင်း ပိုင်ကျီဟန်မသိပေ

သို့တိုင် မိုထျန်းကျီ ပြောပုံအရ အလားတူတစ်ခုခုဖြစ်ရမည်ဟု သူတွေးနိုင်ခဲ့သည်။

"မင်းအတွက်ကံကောင်းတယ်၊ ငါအမွေမရလို့”

ပိုင်ကျီဟန်က ပြန်ဖြေလေ၏

မိုထျန်းကျီသည် သံသယဝင်နေ၏။ တခြားသူများလည်း သံသယဝင်နေကြ၏

အဆုံးစွန်အားဖြင့် သူအမွေရခဲ့တောင် ဝန်ခံဖို့နည်းလမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အကျိုးဆက်သည် ဘာတွေဖြစ်လာမည်ကို သူသိလို့သာ။

ပိုင်ကျီဟန်လို လှည့်စားမှုနဲ့ပြည့်နှက်နေသူတစ်ယောက်အတွက် မှန်ကန်၏

သို့တိုင် ယခုအချိန်မှာတော့ သူ့စကားတွေကို လက်ခံရသည်။

မိုထျန်းကျီသည် တခြားလူတစ်ယောက်ကို ရှာခဲ့ပြီး မည်သူ့ကို ရှာနေတာ သိသာသည်။

ပိုင်ရှင်းယွဲ့ကိုမြင်တော့ ထိုမေးခွန်းကိုပဲ မေးလိုက်သည်။

"ပိုင်ရှင်းယွဲ့၊ မင်းအမွေရခဲ့တာဖြစ်ရမယ်”

မိုထျန်းကျီက ပြောလိုက်သည်။

ပိုင်ရှင်းယွဲ့စရိုက်အရဆို အကျိုးဆက်ကို ကြောက်ပြီး လိမ်ညာမည့်သူ မဟုတ်ပေ

ထို့အပြင် နည်းနည်းလောက် စူးစမ်းကြည့်ရုံနဲ့ အဖြေက သူ့အလိုလို ပေါ်လာမည်ကို သူမသိပေ၏

"အဲ့တော့ ဘာဖြစ်လဲ။ ငါ တရားမျှတစွာနဲ့ အနိုင်ရခဲ့တာ”

သူမ ကြေငြာလိုက်ချေ၏

လူတိုင်းအာရုံသည် ပိုင်ရှင်းယွဲ့ဆီ ရောက်သွားခဲ့ပြီး အများစုသည် သတ်ဖြတ်လိုစိတ်တွေ ထွက်ပေါ်နေ၏

တစ်ဖက်မှာတော့ ပိုင်ရွှယ်ချင်း၊ ချူကျီယန်နဲ့ တခြားပိုင်မျိုးနွယ်ဝင်တွေအဖို့ ဘာလုပ်ရမည် မသိပေ။

ပိုင်မျိုးနွယ်ဝင်တွေနဲ့ ချူကျီယန်တို့အနေနဲ့ ပဋိပက္ခကို မသိသည့်တိုင် ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ကို မကြိုက်ဘူးဆိုတာ သိ၏ ပြောင်းပြန်လည်း ဖြစ်နေနိုင်၏

ပိုင်ကျီဟန် ရန်သူဟု သတ်မှတ်ထားသော ပိုင်ရှင်းယွဲ့ကို သူ့အနေနဲ့ ကူညီစေချင်မည် မဟုတ်ကြောင်း ခံစားမိသည်။

ပိုင်ရွှယ်ချင်းသည်လည်း ထိုနည်း၎င်းပင်။ အကြောင်းရင်းကို သူမ သိပေ၏

ပိုင်ရှင်းယွဲ့ကို တိုက်ရန် စီစဉ်နေသော ဟန်ကျန်းဝူအပြင် ကောင်းကင်ဓားဂိုဏ်းမှ တခြားသူတွေသည်လည်း ပိုင်ရှင်းယွဲ့ကို တိုက်ဖို့ ပြင်ဆင်နေကြ၏

သူမသည် အမွေအနှစ်ကို အမွေဆက်ခံခွင့်ရကြောင်း အားလုံးသိကြသည့်အတွက် သူမကို တိုက်ခိုက်တော့မည်ဆိုတာ သူတို့အားလုံး သိကြသည်။

ကောင်းကင်ဓားဂိုဏ်းဝင်တချို့တောင် ထိုသို့လုပ်ဖို့ စဉ်းစားခဲ့ကြသည်။ သူတို့သည် ဂိုဏ်းတူက ဖြစ်လျှင်ပင် မသေမျိုးဧကရာဇ်၏အမွေအနှစ်ပင် ဖြစ်၏

သူတို့အနေနဲ့ တခြားတစ်ယောက်ကို ယူခွင့်ပေးမှာ မဟုတ်ပေ။ ထိုလူသည် ဂိုဏ်းတူက ဖြစ်ရင်တောင်မှပေါ့။

မသေမျိုးဧကရာဇ် အမွေအနှစ်ကို ရနိုင်ပါက ကောင်းကင်ဓားဂိုဏ်းက ဘာဖြစ်မည်နည်း

ပိုင်ရှင်းယွဲ့သည်လည်း ၎င်းကို ကောင်းကောင်းသိပြီး ပြင်ဆင်ခဲ့သည်။

သို့တိုင် သူမသည် သူတို့၏ နက်နဲသော စွမ်းအားကိုပင် တိုက်ဖို့ ယုံကြည်မှုအပြည့်ရှိ၏ သို့တိုင် လူကြီးတွေ ပါဝင်ပတ်သက်လာရင်တော့ ကွဲပြားနိုင်သည်။

"ဟားဟား... ကောင်းတယ်…ကောင်းတယ်! အားလုံး ပိုင်ရှင်းယွဲ့ကို ဂရုစိုက်ကြပါ။ ပိုင်ကျီဟန်က ငါ့ဥစ္စာပဲ”

မိုထျန်းကျီသည် ပျော်ရွှင်စွာ အမိန့်ပေးခဲ့သည်။

ပိုင်ကျီဟန် အမွေမရရှိခဲ့ကြောင်း သိရှိပြီးနောက် သူတစ်ယောက်တည်းသာ လုံလောက်ကြောင်း သူသိသည်။

ဝှူးရှ်

သူသည် တစ်စက္ကန့်မျှ မဖြုန်းတီးဘဲ ပိုင်ကျီဟန်ဆီသို့ ချက်ချင်းပြေးသွားသည်။

"ဒါက မင်းငါ့ကို အရှက်ခွဲခဲ့တဲ့အတွက်”

ပိုင်ကျီဟန်သည် သူ့ထံသို့ ပြန်အရှက်ခွဲရန် လာနေသော အရူးကို ပြုံးပြလိုက်သည်။

မိုထျန်းကျီ၏ ခန္ဓာကိုယ်သည် ရှေ့သို့ ပြေးသွားသောအခါ မှုန်ဝါးသွားပြီး ချီသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲသွားသည်။

ပြင်းထန်သောဖိအားကြောင့် သူ့ခြေထောက်အောက်ရှိ မြေပြင်သည် အက်ကွဲသွားပြီး သူ၏သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် သားကောင်ကို ခုန်အုပ်သကဲ့သို့ ပိုင်ကျီဟန်ထံ ကျရောက်သွားသည်။

လူတိုင်း အသင့်ပြင်ထားကြသည်။

ဒါက ကြာမြင့်စွာ စောင့်မျှော်နေသော လက်စားချေပွဲသာ

သူတို့ မျက်တောင်မခတ်ခင်မှာပဲ

ဘန်း

လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

မိုထျန်းကျီ၏ အရှိန်အဟုန်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။

သူ့ခန္ဓာကိုယ်သည် အားကုန်သွားပြီး နောက်သို့ လှည့်ကာ ကျိုးနေသော အရုပ်တစ်ရုပ်ကဲ့သို့ မြေပြင်ပေါ်သို့ လဲချခံလိုက်ရသည်။

ဘုန်း

သူဆင်းသက်သောနေရာ၌ ချိုင့်ငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်။ ဖုန်တွေ တလူလူတက်လာပြီး တိတ်ဆိတ်မှုလည်း ဖြစ်ပေါ်လာသည်။

လူတိုင်း တောင့်တင်းသွားကြ၏ သူတို့ မေးရိုးများ လျော့ရဲသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားကြသည်။

ပိုင်ကျီဟန်ကတော့ သူ့နေရာကနေတောင် မရွေ့ပေ

သူသည် သူ့လက်ကို မြှောက်ပြီး ဖုန်တွေကို ခါထုတ်ဖို့ တစ်ချက်လှုပ်ခါရင်း သက်ပြင်းချလိုက်သည်။

"ဒီအချိန်တွေအားလုံးပြီးရင် သင်ခန်းစာရလိမ့်မယ်လို့ ထင်နေတာ”

သူသည် ကမ္ဘာပေါ်ရှိ အချိန်တွေအားလုံး ပိုင်ဆိုင်သလို ပေါ့ပေါ့ပါးပါး ရှေ့ကို လျှောက်သွားချေသည်။

မိုထျန်းကျီသည် မြေပြင်ကနေ ညည်းညူရင်း နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးများ ယိုစီးကျလာသည်။ တုန်ရီနေသော လက်တွေနဲ့ သူ့ကိုယ်သူ ပြန်မတင်ဖို့ ကြိုးစားသေး၏

သို့တိုင် သူ မထနိုင်ခင်မှာပဲ

ဘုန်း

ပိုင်ကျီဟန် ခြေထောက်သည် သူ့ခေါင်းပေါ် ဖိချလိုက်ပြီး သူ့မျက်နှာကို မြေကြီးထဲ ပြန်ထိုးသွင်းလိုက်ချေသည်။

"အောက်မှာနေစမ်း ခွေးကောင်”

သူသည် သူ့ခြေဖနောင့်ကို နင်းပြီး မိုထျန်းကျီ၏မျက်နှာကို အပျက်အစီးတွေထဲ ပိုနက်နက်ရှိုင်းရှိုင်း ထိုးသွင်းလိုက်သည်။

"ဒီဖုန်စားတဲ့ပုံစံက မင်းနဲ့ ပိုလိုက်ဖက်တယ်" ပြုံးစိစိနဲ့ ထပ်ပြောလိုက်သည်။

"မင်းတို့အားလုံး သဘောတူတယ် မလား?"

သူမေးပေမယ့် လူတိုင်းသည် အံ့သြလွန်းလို့ မဖြေနိုင်ကြပေ

ဒါမှမဟုတ် မိုထျန်းကျီကို စော်ကားမိမည်

စိုးတာကြောင့် မည်သူမှ မဖြေနိုင်တာလည်း ဖြစ်နိုင်၏

မိုထျန်းကျီသည် ဒေါသတကြီး အော်ဟစ်ဖို့ ကြိုးစားသည့်တိုင် ထွက်လာသမျှသည် ညည်းသံနဲ့ ကျောက်စရစ်ခဲများကို ကြိတ်

သံတွေသာ ဖြစ်သည်။

"ဒီမှာ တခြားဘယ်သူမဆို ငါ့ကို အနိုင်ယူနိုင်တယ်လို့ ထင်ရင် လာစမ်းကြည့်ပါ"

သူပြောလေ၏

မိုထျန်းကျီ အသက်ရှူသံ ထွက်လာအောင် သူ့ခြေထောက်ကို အနည်းငယ် မြှောက်လိုက်ပြီး ပြန်ဆောင့်ချလိုက်သည်။

ဒုတ်!

မိုထျန်းကျီ တုန်လှုပ်သွားချေသည်။

တစ်ခုခုကို မြင်ပြီးနောက်မှာတော့ မည်သူမျှ ကြိုးစားကြည့်ဖို့ မဖြစ်နိုင်ပေ

လင်းနဲ့ ကျောက်မျိုးနွယ်စုမှ လူများနဲ့ မယုံနိုင်သော တူကူလျန်ရှင်းပါ အလားတူပင်။

ပိုင်ကျီဟန်အကြည့်တွေက ထက်မြက်သွားချေသည်။

" မဟုတ်ရင်..." သူ့အနေနဲ့ တင်းမာနေသော တိတ်ဆိတ်မှုကို ဖြတ်တောက်ပြီး သူ့အသံကို ဖြည်းဖြည်းချင်း ပြောလိုက်၏ "...မင်းတို့ရှိနေတဲ့နေရာမှာပဲ နေ။ မဟုတ်ရင် မင်းတို့ရဲ့ကံကြမ္မာက သူ့ကံကြမ္မာနဲ့ တစ်ထပ်တည်းကျလိမ့်မယ်။"

ကျင့်ကြံသူအနည်းငယ်က အလိုလို နောက်ဆုတ်သွားကြသည်။

ပိုင်ရှင်းယွဲ့ဆီ အပြေးအလွှားသွားဖို့ ပြင်ဆင်နေသည့် လောဘကြီးသူတချို့တောင် တွန့်ဆုတ်သွားကြ၏

အာဏာပြပြီးတဲ့နောက် ပိုင်ကျီဟန်ကို သူတို့ ဘယ်လိုမှ မနာခံဘဲ မနေနိုင်ပေ။

"သူက အမွေမရဘူးလို့ ပြောတာပဲ” တစ်ယောက်ယောက်က တိုးတိုးလေးပြောလိုက်သည် ။

"ဒါပေမယ့် အဲဒီလို အင်အားမျိုးနဲ့..."

"သူ လိမ်နေတာလား?"

"ဒါပေမဲ့ ပိုင်ရှင်းယွဲ့က သူမ အမွေရတယ်ဆိုတာ ဝန်ခံထားတယ်။"

မည်သို့ပင် ဖြစ်စေ ၎င်းက အရေးမကြီးပေ

ယခုအချိန်တွင် မည်သူမျှ ကြမ်းပြင်သုတ်ပုဝါအဖြစ် ပြောင်းလဲသွားမည့် နောက်ထပ် အရူးတစ်ယောက် မဖြစ်ချင်ကြပေ

ရူးသွပ်နေသော လူအုပ်ကြီးကို တိုက်ထုတ်ဖို့ ပြင်ဆင်နေသည့် ပိုင်ရှင်းယွဲ့ပင် ပိုင်ကျီဟန်ကို ကြည့်ရင်း မျက်လုံးတွေကို အနည်းငယ် ကျဉ်းမြောင်းသွားချေ၏

(ဒီကောင်... သူ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ)

သူနဲ့ အကြွင်းအကျန်ဝိညာဉ် အတည်ပြုထားသည့်အတိုင်း အမွေ မရဘူးဆိုတာ သူမ သေချာသိနေ၏

ဒါပေမယ့် သူပြသခဲ့သော စွမ်းအားအရ အမွေမပါဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။

All Chapters