ပိုင်ကျီဟန်ကို သတ်ခဲ့တာလား
Vol. 11 Ch. 166
ကြည့်ရှုနေသူတွေပင် သူ့ကို မယုံနိုင်တော့ပေ
စွမ်းအားအရှိဆုံး လူတစ်ဦးဖြစ်သည့် မိုထျန်းကျီသည် ဖုန်ထဲသို့ ထိုးကျသွားသည်။
ပိုင်ကျီဟန် မည်မျှ စွမ်းအားကြီးလာသည်ကိုသိသည့်တိုင် ပိုင်မျိုးနွယ်များပင် သူတို့မျက်လုံးကို မယုံနိုင်ပေ
အကြောင်းကတော့ မိုထျန်းကျီသည် ဝိညာဉ်ဖွဲ့စည်းမှု နယ်ပယ်နဲ့အတူ သမာသော ခန္ဓာကိုယ် ရှိသူသာ
သူ့လိုလူမျိုးအနေနဲ့ ထိုသို့ အရှက်ခွဲခံရသည့်အခါ လက်စားချေဖို့တောင် မတတ်နိုင်ဘူးဆိုတာ သိပ်အဓိပ္ပာယ်မရှိပေ
ထူးဆန်းတာက နတ်ဆိုးဂိုဏ်းမှ အခြားပါဝင်သူများပါ မတုံ့ပြနိဘဲ စောင့်ကြည့်နေကြတာပင်
“နင်…”
တတိယမြောက်နတ်ဆိုး ဗိုလ်ချုပ်သည် စိတ်ရှုပ်ခံမနေတော့ပေ
ကောင်းကင်အင်ပါယာ၏ စွမ်းအားရှင်အားလုံးရှေ့၌ သူတော်စင် အရှက်ခွဲခံရသည်ကို မဆိုထားနှင့်၊ ထိုလူကလည်း အမှိုက်ပိုင်ကျီဟန် ဖြစ်နေ၏
ဝူး
သူသည် တစက္ကန်ပင် အချိန်မဖြုန်းဘဲ သတ်ဖြတ်ချင်စိတ်နဲ့ ပိုင်ကျီဟန်ဆီရောက်သွား၏
“ ဘယ်လိုတောင် ငါတို့ရဲ့ သူတော်စင်ကို ဒီလိုပြုမူနိုင်တာလဲ”
ကုံးယောင် က အော်၏
“မဟုတ်ဘူး”
ကုံးယောင် လှုပ်ရှားမှုလုပ်တော့ ပိုင်ရမ်က အော်လိုက်ချေ၏
ဝူး
သူသည် အမြန်ဆုံး အရှိန်မြှင့်ပြီး ပိုင်ကျီဟန်အား မတိုက်မီ ဟန့်တားချင်သည်။
သို့တိုင် ပြန်လည်တုံ့ပြန်ဖို့အချိန် နှောင်းသွားချေသည်။
ကုံးယောင် သည် ပိုင်ကျီဟန်ရှိရာဆီ ရောက်နှင့်နေချေပြီ။
"ကုံးယောင် မင်း မလုပ်နဲ့။ ပိုင်မျိုးနွယ်စုကို စစ်တိုက်ချင်နေတာလား။"
ပိုင်ရမ်အနေနဲ့ ပိုင်မျိုးနွယ်စု၏ အမွေဆက်ခံသူကို တိုက်ခိုက်လျှင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမည်ကို ကုံးယောင် အား သတိပေးရုံသာ
သို့တိုင် ကုံးယောင်က ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ၊ ပိုင်ကျီဟန်ကို ဖယ်ရှားပစ်ဖို့က သူ၏ ဦးစားပေးဟု ထင်ခဲ့သည်။
သူတော်စင် ခံစားခဲ့ရသော အရှက်ရမှုကို ဖျောက်ဖျက်ဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်နေ့တွင် သူတို့ဂိုဏ်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသူကို ဖယ်ရှားပစ်ဖို့ပင်
ထို့အပြင် မိုထျန်းကျီကို မည်သို့ အနိုင်ယူနိုင်ခဲ့ကြောင်း ကြည့်ရင်း ရှေးဟောင်း အဆောက်အဦးမှ အကြီးမားဆုံး ရတနာရရှိနိုင်သော ပိုင်ကျီဟန်၏ အလားအလာကိုလည်း သူ စဉ်းစားခဲ့သည်။
အားလုံးကို ခြုံပြောရလျှင် သူသည် နောက်မဆုတ်ဘဲ ပိုင်ကျီဟန်ကို မြန်မြန်ထိုးချလိုက်သည်။
ဘန်း!
ဘာတွေဖြစ်နေသည်ကို လူအများသိသွားချိန်တွင်
ကုံးယောင်သည် မိုထျန်းကျီကို ဆွဲတင်လိုက်ပြီး ပိုင်ကျီဟန်ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ
သို့သော် ပါဝင်သူများသည် ကုံးယောင် ကို မြင်သောအခါ အားလုံး ဘာဖြစ်သွားသည်ကို ပြောပြနိုင်ကြသည်။
"မင်း အဆင်ပြေရဲ့လား"
ကုံးယောင်က မေးလိုက်သည်။
"အဲဒီကောင်က ဘယ်မှာလဲ။"
မိုထျန်းကျီသည် သွားကို ကြိတ်ပြီး မေးလိုက်သည်။
"သေပြီ”
ကုံးယောင်က ဖြေလိုက်သည်။
သူ့၏အစွမ်းကုန်ကို အသုံးပြုခဲ့သည်။ ထို့အပြင် ပိုင်ရမ်သည် သူ့ကို လာပြီး နှောင့်ယှက်မည်စိုးသဖြင့် နည်းစနစ်ကို အသုံးမပြုခဲ့သည့်တိုင် ပိုင်ကျီဟန်သည် သူ၏အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု မထင်ပေ
"ကုံးယောင် ”
နတ်ဘုရား၏အမျက်ဒေါသလို ကျယ်လောင်သော အသံတစ်ခုက ကောင်းကင်ယံတွင် ပေါက်ကွဲသွားချေသည်။
ဘုန်း
မြေပြင်တုန်ခါသွားချေသည်။
လေထုသည်လည်း ထူထဲလာသည်။
ပိုင်ရမ်၏ခန္ဓာကိုယ်မှ အသက်ရှူကြပ်စေသော ချီလှိုင်းတစ်ခုသည် ကမ္ဘာပေါ်သို့ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သကဲ့သို့ ပေါက်ကွဲထွက်လာသည်။
ကောင်းကင်ကပင် သူ၏ဒေါသကို ခံစားမိသကဲ့သို့ မှောင်မိုက်သွားသည်ဟု ထင်ရသည်။
ပိုင်ရမ်အဖို့ တော်လောက်ချေပြီ။
လေမရှိသော်လည်း သူ၏ရှည်လျားသော အဖြူရောင်ဝတ်ရုံသည် ပြင်းထန်စွာ လွင့်မျောနေသည်။
သူ၏မုတ်ဆိတ်သည် ပြင်းထန်သောမြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပြီး သူ၏မျက်လုံးများသည် ပုံမှန်အားဖြင့် တည်ငြိမ်ကာ ဉာဏ်ပညာရှိသော်လည်း ယခုအခါ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသည်။
ဂျွတ် ဂျွတ်
ဖိအားတစ်ခုတည်းကြောင့် သူ့ခြေအောက်ရှိ မြေကြီးသည် ဖန်ကဲ့သို့ ကွဲအက်သွားသည်။
သစ်ပင်များ ကွေးညွတ်သွားချေသည်။ ကျောက်တုံးများ ကွဲကြေသွားပြီး အနီးနားရှိ သားရဲများပင် အော်ဟစ်ပြေးလွှား
သွားကြသည်။
အာဏာရှိသော မျိုးနွယ်စုများနှင့် ဂိုဏ်းများမှ ပုဂ္ဂိုလ်များအပါအဝင် ရှိနေသော လူငယ်ပါရမီရှင်များစွာသည် ပိုင်ရမ်၏ ပြင်းထန်သော အရောင်အဝါအောက်တွင် အသက်ရှူမဝဖြစ်ကာ ဒူးထောက်လဲကျနေကြပေသည်။
ဝိညာဉ်အခြေတည်ကာစ အစောပိုင်းအဆင့် ကျင့်ကြံသူအချို့ပင် နှုတ်ခမ်းများကို ကိုက်ထားရပြီး သည်းခံထားရသည်။
ပိုင်ရွှယ်ချင်း၊ ချူကျီယန်နဲ့ ပိုင်ရှင်းယွဲ့တို့သည် ပြဿနာများစွာမရှိသော လူငယ်ပါရမီရှင်အချို့ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်၏ သေဆုံးမှုကို မည်သို့တုံ့ပြန်ရမှန်း မသိသော အံ့အားသင့်နေသည့် လူအချို့လည်း ရှိ၏
ပရိယာယ်နှင့်ပြည့်နှက်နေသော ၊ သေခြင်းနှင့်ဝေးကွာနေပုံရသူမှာ ယခုအခါ သေဆုံးသွားပြီဟု ကြေညာခံခဲ့ရသည်။
ပိုင်ရှင်းယွဲ့သည် သူမလုပ်ရမည်ဟု အမြဲထင်ခဲ့သော်လည်း ယခု အခြားတစ်ယောက် လုပ်လိုက်သောအခါ သူမ မည်သို့ခံစားရမည်ကို မသိတော့ပေ။
ပျော်ရွှင်သလား၊ ဒေါသထွက်သည်လား၊ ၊ ဝမ်းနည်းသည်လား?
၎င်းတို့၏ နောက်ဆုံးစကားဝိုင်းအကြောင်း စဉ်းစားမိသည် ။ မသေမျိုး ဧကရာဇ်၏ အမွေဆက်ခံမှုသည် သူ့အတွက် မလုံလောက်ဟု မာနထောင်လွှားစွာ ကြေငြာခဲ့သော်လည်း ယခု သူသေဆုံးသွားချေပြီ။ မသေမျိုး ဧကရာဇ်ထက် များစွာအားနည်းသူတစ်ဦး၏လက်ချက်ဖြင့်လား။
သို့တိုင် သူတကယ်သေသွားပြီလား။
သူမ မယုံနိုင်ပေ
ကုံးယောင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့က ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်အတွက်တောင် မဖြစ်နိုင်ပေ ။ သို့တိုင် အမြဲတမ်း တခြားသူတွေအပေါ် အံ့အားသင့်စေသော ပိုင်ကျီဟန်
အတွက်လည်း ဖြစ်နိုင်လိမ့်မည်ဟု သူမထင်ခဲ့သည်။
ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်တို့သည်လည်း ထိုသတင်းတွေကို မည်သို့ တွေးရမှန်း မသိသည့်တိုင် လှည့်စားတတ်သော ပိုင်ကျီဟန်အဖို့ ထိုသို့ သေလိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ
"ငါတို့ ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူကို သတ်ရဲတာလား ကုံးယောင် ၊ မင်းက ငါတို့ရဲ့ အတွင်းကို ထိသွားပြီ”
ပိုင်ရမ်သည် ဟိန်းဟောက်လိုက်၏
သူ့အသံသည် နဂါးတစ်ကောင်ဟိန်းဟောက်သံလို ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ စကားလုံးတိုင်းတွင် နတ်ဘုရား၏ တန်ခိုးများ ပါနေချေသည်။
တစ်ဖက်တွင် ကုံးယောင်သည် တည်ငြိမ်စွာ ရပ်နေပြီး သူ့ဝတ်ရုံကို လှုပ်ယမ်းကာ လက်ပိုက်နေ၏ သို့တိုင် သူ့မျက်လုံးတွေများသည် မှားယွင်းစရာမရှိသော တိုက်ပွဲ တောက်ပမှုနဲ့ လင်းလက်နေသည်။
"ငါတို့ရဲ့ သူတော်စင်ကို အရှက်ခွဲခဲ့တဲ့ တီကောင်ကို မင်းကာကွယ်ပေးနေတယ်" ကုံးယောင်က တံတွေးထွေးလိုက်၏
"ငါ ဒါကို လွှတ်ပေးရင် ငါ့ရဲ့ နတ်ဆိုးဂိုဏ်းမှာ ဘယ်လိုမျက်နှာမျိုး ပြနိုင်တော့မှာလဲ။"
"မင်းမျက်နှာကို ငါဂရုမစိုက်ဘူး" ပိုင်ရမ်သည် ဒေါသတကြီးပြောပြီး သူ့ခြေထောက်တွေကို ရှေ့ကိုလှမ်းလိုက်၏ ခြေလှမ်းတိုင်းက စစ်ဗုံသံလို မြည်ဟီးနေချေသည်။
"မင်းက လူငယ်မျိုးဆက်ကို တိုက်ခိုက်ကတည်းက အားလုံးဆုံးရှုံးသွားပြီ”
ဒုန်း
ပိုင်ရမ်သည် သူ့လက်ကိုမြှောက်လိုက်ပေ၏ ထိုအချိန်မှာပဲ ကောင်းကင်ကို ဖုံးလွှမ်းသွားလောက်အောင် ကြီးမားသည့် ချီကျောက်စိမ်းလက်ဝါးကြီးတစ်ခုသည် လေထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ကုံးယောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ပိုင်ရမ် ၊ မင်းတကယ်ပဲ ဒီမှာ ငါ့ကို တိုက်ခိုက်ချင်တာလား?"
"မင်းက မင်းရဲ့လှုပ်ရှားမှုကို လုပ်ပြီးပြီ။ အခု အကျိုးဆက်တွေကို ရင်ဆိုင်လိုက်တော့”
ဘုန်း
ခဏအတွင်းမှာပဲ ကြီးမားသော ကျောက်စိမ်းလက်ဝါးကြီး ပြုတ်ကျလာသည်။
ကုံးယောင်သည် တွန့်ဆုတ်မနေပေ မှောင်မိုက်သော နတ်ဆိုးချီသည် သူ့ခန္ဓာကိုယ်ကနေ ရေကန်လို ပေါက်ကွဲထွက်လာ၏
သူ့အပေါ်တွင် တောက်ပနေသော အနီရောင်
မျက်လုံးတွေနဲ့ ကြီးမားသည့် မြွေနက်ခေါင်းကြီးတစ်ခု ဖြစ်ပေါ်လာချေသည်။ ၎င်းသည် သူ့၏ တိုက်ပွဲဝိညာဉ်သာ
"ဒါဆို သူနဲ့အတူ သေလိုက်တော့”
သူသည် လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မြွေကြီးသည် ခုန်ပေါက်ပြီး ပိုင်ရမ်၏ကျောက်စိမ်းလက်ဖဝါးနဲ့ တိုက်မိကာ ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်ခါသွားစေသည့် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်လာချေသည်။
ဘုန်း
တုန်ခါမှုလှိုင်းသည် အရပ်မျက်နှာတိုင်း လှိုင်းထသွားစေ၏ တောင်တွေ ကွဲအက်သွားသည်။ အားနည်းသော ကျင့်ကြံသူ အတော်များများ လွင့်စင်သွားချေသည်။
၎င်းသည် ဧရာမလူနှစ်ယောက်ကြားက တိုက်ပွဲသာ