အစေခံနောက်တစ်ယောက်
Vol. 38 Ch. 531
အန်လင်းက သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးကိုကြည့်ကာ အလန့်တကြားဖြင့် ပါးစပ်အဟောင်းသားဖြစ်နေလေတော့သည်။
အမျိုးသမီးမှာ သိပ်မကြာခင်ကမှ လမ်းခွဲခဲ့သော ကတ်စီဒီမှလွဲ၍ တခြားသူ မဟုတ်ပါပေ။ ကြည့်ရသည်မှာ သူမက အစေခံစာချုပ်ချုပ်ဆိုရန်အတွက် စိတ်ပိုင်းဖြတ်မှု အမြောက်အများ လိုအပ်ခဲ့ပုံရပေ၏။
ဤသည်က မျှတပေ၏။ သူမက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစေခံဖြစ်လာသည်ကို လုံးဝ မကြားဖူးခဲ့ပါပေ။ ထို့အပြင် သူတို့မှာ တစ်ဦးနှင့်တစ်ဦး ရန်သူများ ဖြစ် မည်ဖြစ်၍ ဤအခြေအနေကို ပို၍ပင် မယုံနိုင်ဖြစ်နေစေလေ၏။
ကိုးပြည်ထောင်စု နိုင်ငံတော်မှ စာရေးဆရာတစ်ဦးက ဤကဲ့သို့ ပုံပြင်တစ်ပုဒ် ရေးပါက လူတိုင်းက သူ့အား ငတုံးတစ်ယောက်အဖြစ် သတ်မှတ်ကြမည် ဖြစ်ပေ၏။
သို့သော် ဤသည်မှာ အမှန်တရား ဖြစ်ကာ တစ်ခါတစ်ရံတွင် အမှန်တရားက စိတ်ကူးယဥ်သည်ထက်ပင် ကို့ယို့ကားယားနိုင်လှပေ၏။
အမျိုးသမက အန်လင်းကို မစွန့်ခွာနိုင်ပါပေ။ မဟုတ်ပါ။ သူမက အန်လင်း၏ သွေးကို မစွန့်ခွာနိုင်ပါပေ။
သူမက စွဲလမ်းနေလေပြီ...။
သူမ၏ ခန္ဓာကိုယ်သာမက ဝိညာဥ်သည်လည်း အန်လင်းကို မီှခိုနေလေ၏။
“နင်က ငါ့ဘဝကို အလင်းပေးတဲ့သူပဲ။ ငါက နင်မရှိပဲနဲ့ မနေနိုင်ဘူး။” ကတ်စီဒီက အန်လင်းကို တောက်လောင်နေသော အကြည့်များဖြင့် ငေးကြည့်ကာ လိှုက်လိှုက်လဲလဲ တောင်းဆိုလိုက်လေ၏။
“နင်ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ။” အန်လင်းက စိတ်ပျက်လက်ပျက် မေးလိုက်လေ၏။
ကတ်စီဒီ၏ မျက်နှာထက်တွင် ရှက်သွေးဖြာသွားလေ၏။ “ငါက နင့်ရဲ့ အော်ရာကို မေ့လို့မရဘူး…။ သွေးမျိုးနွယ်စု ကျင့်ကြံသူတွေ အကုန်လုံးက အော်ရာတွေကို ခြေရာခံတာ ထူးချွန်ကြတယ်။ နင့်ကို ရှာရတာက အဲ့လောက်လဲ မခက်ပါဘူး။”
ထိုသည်ကို ကြားပြီးနောက် အန်လင်းက မျက်နှာ အနည်းငယ်မဲ့လိုက်လေ၏။ မကြာမီတွင် သူမကို ဖယ်ထုတ်နိုင်တော့မည့်ပုံ မရပါပေ...။
သို့သော် သူမက အစေခံစာချုပ်ချုပ်ဆိုရန် သဘောတူသည်ကို မြင်သောအခါ ထိုသည်များ အားလုံးက ပြဿနာမဟုတ်တော့ပါချေ။
“နင် စိတ်ပိုင်းဖြတ်ပြီးသွားတာ သေချာပြီလား။” အန်လင်းက မေးလိုက်၏။
“ဆုံးဖြတ်ပြီးပြီ။” ကတ်စီဒီက ရိုကျိုးစွာ ပြန်ဖြေလိုက်၏။
အန်လင်းက သူ့လက်များဖြင့် ချိတ်စည်းတစ်ခုကို ပြုလုပ်လိုက်ရာ တောက်ပသော ရွှေရောင်သွေးအဆီအနှစ် တစ်စက်က သူ့လက်ချောင်းထိပ်မ ထွက်လာလေ၏။
ကတ်စီဒီက ထိုသေအဆီအနှစ်ကို တုံ့ဆိုင်းခြင်းမရှိ မျိုချလိုက်လေ၏။
သွေးအဆီအနှစ်ကို မျိုချလိုက်ပြီးနောက် သူမ၏ မျက်နှာမှာ အနည်းငယ် အရောင်လက်သွားပီး သူမ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပုံကျသွားပြီး အလွန်ဆွဲဆောင်မှု ရှိလှသော ညည်းညူသံတစ်ခုကို ထုတ်လိုက်ကာ ထိုသွေးအဆီအနှစ်ကို အသေအချာ နှစ်ခြိုက်ခံစားနေသည်မှာ သိသာလှပေ၏။
“အား… ဒီဟာက နင့်ရဲ့ သာမန်သွေးထက် ပိုပြီး အရသာ ရှိတာပဲ…”
အန်လင်းက ထိုသည်ကို မြင်ပြီးနောက် ဒေါသတကြီး ပေါက်ကွဲသွားပြီး ချက်ချင်းပင် အကြမ်းဖက်လိုစိတ်ကို မထိန်းထားနိုင်တော့ပါချေ။ “စောက်ကျိုးနည်း...။ နင်က ဘာလို့ငါ့ရဲ့ သေအဆီအနှစ်ကို မျိုချလိုက်တာလဲ။ အစေခံစာချုပ်က အဲ့လို ချုပ်ရတာမို့လား။ နင်က ငါ့သွေးအဆီအနှစ်ကို အရသာခံချင်တာ တစ်ခုတည်းနဲ့ ငါ့ရှေ့ကိုပြန်ရောက်လာတာမလား။”
အစေခံစာချုပ်ချုပ်ဆိုရန်အတွက် သွေးအဆီအနှစ်က ကတ်စီဒီ၏ နဖူးကြားသို့ ပေါင်းစပ်ရန် လိုအပ်ပါ၏။
သို့သော် ထိုအစား သူမက သွေးအဆီအနှစ်ကို မျိုချလိုက်လေ၏။ အန်လင်းက အလိမ်ခံလိုက်ပြီဟု ခံစားလိုက်ရသည်...။
ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်ရမယ်...။
ကတ်စီဒီက အသိစိတ်ဝင်လာပြီးနောက် အန်လင်းကို ရှက်ရွံ့ကာ မခံမရပ်နိုင်သော အမူအရာဖြင့် ကြည့်လိုက်လေ၏။ “ငါတောင်းပန်ပါတယ်။ ငါမထိန်းထားလိုက်နိုင်ဘူး။ နောက်ထပ် ထပ်မဖြစ်စေရပါဘူး။ ငါကျိန်ပါတယ်....”
“ဟီးဟီး... ငတုံးကောင်ကပဲ နင့်ကို ထပ်ယုံလိမ့်မယ်။” အန်လင်းက အေးစက်စွာ လှောင်ပြောင်လိုက်လေ၏။
ကတ်စီဒီက မျက်လုံးကို မှိတ်ကာ တခြအကြံတစ်ခုကို ပြောပြလာလေ၏။ “ဒီလိုဆိုရင်ရော။ ငါမလုပ်နိုင်အောင် ကြိုးနဲ့ ချည်ထားလိုက်။ ပြီးမှ နင့်သွေးအဆီအနှစ်ကို ငါ့ရဲ့ နဖူးကြားထဲကို နှစ်လိုက်။”
အန်လင်းက တွေးတောလိုက်ပြီး ထိုအကြံကို အဆင်ပြေသည်ဟု ဆုံးဖြတ်လိုက်လေ၏။
သူက သူ့၏ သိုလှောင်လက်စွပ်ထဲတွင် မွှေနှောင်ရှာလိုက်ပြီး ကြိုးအနည်းငယ် ရှာလိုက်နိုင်ပေ၏။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ် လက်နက်၊ ပင်လယ်ပြာနဂါး ကြိုးမှာ အလွန် အစွမထက်သော ချည်နှောင်ခြင်း စွမ်းအင်များ ရှိသော အနောက်ပင်လယ်မှ နဂါးငယ်တစ်ကောင်၏ အရွတ်များမှ ပြုလုပ်ထားသည့် ကြိုးတစ်ချောင်းဖြစ်လေ၏။
အန်လင်းက ကြိုးကို ကတ်စီဒီ၏ ခါးသွယ်သွယ်တစ်လျှောက်၊ လှပသော လက်ချောင်းသွယ်များ၊ ကြီးမားသည့် ရင်ဘတ်၊ ဆွဲဆောင်မှုအပြည့်နှင့် ခြေတံရှည်များမှတစ်ဆင့် သူမကို ချည်နှောင်လိုက်လေ၏...။
“ဟေး... နင်တကယ်ကြီးပဲ ငါ့ကို အဲ့လောက်ထိ တင်းတင်းချည်စရာလိုလို့လား။” ကတ်စီဒီက အထွတ်မတက်ပဲ မနေနိုင်တော့ပါချေ။
အန်လင်းက ရှက်ရွံ့သွားကာ လက်များ တုန်ယီသွားလေတော့သည်။
အန်လင်းက ကတ်စီဒီ၏ သွင်ပြင်မှာ အလွန်လှပသည်ကို ဝန်ခံရပေမည်။ ဤကဲ့သို့ ပူပြင်းလှသော လုပ်ဆောင်ချက်နှင့် ဆိုပါက သူမက အနည်းငယ် ပိုပြီး လှပသွားလေ၏။ ပင်လယ်ပြာနဂါး ကြိုးနှင့် အချည်ခံရပြီးနောက်တွင် ကတ်စီဒီ၏ သွင်ပြင်မှာ ပို၍ပင် ဆွဲဆောင်မှုရှိနေပြီး အန်လင်းက ထပ်ပြီး ခိုးမကြည့်ပဲ မနေနိုင်ပါပေ။
ခေတ္တမျှ ကြာပြီးနောက်ဆုံးတွင် သူက အကြည့်လွှဲလိုက်ကာ သူ့ခန္ဓာကိုယ်မှ နောက်ထပ်သွေးအဆီအနှစ်တစ်စက်ကို ထုတ်လွှတ်လိုက်လေ၏။
သွေးအဆီအနှစ်မှာ သာမန်သေမဟုတ်ပါပေ။ ထိုသည်က အန်လင်း၏ တာအိုစိတ်ဆန္ဒနှင့် သတိတရား၏ စွမ်းအင်တို့နှင့် ရောနှောနေသော သွေးဖြစ်ပေ၏။ သွေးအနှစ်အနှစ် အလွန်အကျွံသုံးစွဲခြင်းက သူ့ခန္ဓာကိုယ်အား ခွန်အားအလွန် ယုတ်လျော့စေ၍ ဤတစ်ကြိမ်တွင်တော့ အောင်မြင်မှ ဖြစ်ပေမည်။
ကတ်စီဒီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး သူမ၏ မျက်လုံးများက အလွန်အမင်း စွမ်းအားပြည့် ဆန္ဒများနှင့် တောက်ပလာပြီး သူမရှေ့တွင် မြောနေသော သွေးအဆီအနှစ်ကို ကြည့်လို်က်လေ၏။
နောက်ဆုံး သွေးအဆီအနှစ်ကို အရသာခံပြီးနောက် သူမက ထိုသွေးစက်ကိုပါ မျိုချရန်မှလွဲ၍ တခြားဘာမှ မလိုချင်ပါပေ။
ချည်နှောင်ခံထားရသည်ကိုပင် သူမက ပါးစပ်ဖွင့်ကာ လျှာထုတ်လိုက်ပြီး သွေးအဆီအနှစ်ဆီသို့ ငါးရှဉ့္တစ်ကောင်ကဲ့သို့ တိုးဝင်လာလေ၏။
ကတ်စီဒီက သူမခန္ဓာကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်တော့ပါပေ...
“ငလူး...”
အန်လင်းက သူမ၏ ကြမ်းတမ်းလှသော တိုးဝင်လာမှုကြောင့် တုန်လှုပ်သွားပြီးနောက် သွေးအဆီအနှစ်ကို သူမ၏ ပါးစပ်မှ အဝေးသို့ ချက်ချင်း ထိန်းချုပ်လိုက်လေ၏။
ကတ်စီဒီက ထိုသည်ကို အမှုမထားပဲ သွေးအဆီအနှစ်ဆီသို့ ပစ်ဝင်လာရာ အန်လင်းက သူမကို အုတ်ခဲပေါ်တွင် ချလိုက်ပြီး သူမခန္ဓာကိုယ်ကို ထိန်းချုပ်ထားလိုက်လေ၏။ “စိတ်လျော့...”
“ငါ့ကို လွတ်ပေး။ ငါ့ကို လွတ်ပေး။ ငါလိုချင်တယ်။” ကတ်စီဒီက အန်လင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရုန်းကန်နေလေ၏။
အန်လင်းက သူမ၏ ပခုံးပေါ်တွင် လက်တစ်ဖက်ဖြင့် ဖိထားပြီးနောက် တစ်ခြားလက်တစ်ဖက်ကို သူမ၏ ပါးစပ်ပေါ်တွင် ဖိထားပြီး သွေးအဆီအနှစ်ကို သူမမြိုချလိုက်မည်ကို ကာကွယ်လိုက်လေ၏။
“အင်းးးးးးးး...” ကတ်စီဒီက အစွမ်းကုန် ရုန်းကန်ပြီးနောက် သူမ၏ ကြက်သွေးရောင် မျက်လုံးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာပေတော့သည်။
ထိုသည်ကို မြင်ပြီးနောက် အန်လင်း၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားလေ၏။ ငလူး...။ ဒီအခြေအနေကြီးက ဘာလို့ သူက ပစ်မှုတစ်ခု ကျူးလွန်နေတာနဲ့ တူနေရတာလဲ။
အပြင်းအထန် ရုန်းကန်ပြီးနောက် သွေးအဆီအနှစ်က နောက်ဆုံးတွင် ကတ်စီဒီ၏ နဖူးကြားသို့ သက်ရောက်သွားလေပြီ။
အန်လင်းက သက်ပြင်းချကာ သူမ၏ နဖူးကြားသို့ မျှော်လင့်တကြီး ကြည့်ရှုလိုက်ရာ သွေးအဆီအနှစ်က သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူမည့် လက္ခဏာ မရှိပါပေ။
သူက ကတ်စီဒီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေ၏။
အစေခံစာချုပ်မှာ နှစ်ဦးနှစ်ဖက် သဘောတူမှ ချုပ်ဆို၍ ရနိုင်ပေသည်။
သို့သော် ကတ်စီဒီမှာ သွေးအဆီအနှစ်ကို အစေခံစာချုပ်ချုပ်ဆိုရန် လက်နက်တစ်ခုအဖြစ် အသုံးပြုရမည်ထက် ထိုသည်ကို စုပ်ယူဖို့ကြိုးစားရန်သာ အာရုံစိုက်နေပေ၏...။
“နင့်ကိည ၃စက္ကန့်အချိန်ပေးမယ်။ အစေခံစာချုပ်ချုပ်ဆိုမလား ထွက်သွားမလား။” အန်လင်းက အေးစက်စွာ ခြိမ်းခြောက်လိုက်လေ၏။
ထိုသည်ကို ကြားသောအခါ ကတ်စီဒီ၏ အမူအရာက အနည်းငယ်တုံ့ဆိုင်းသွားပြီး သူမ၏ စိတ်အားထက်သန်သော မျက်လုံးများထဲတွင် လေးနက်တည်ကြည်မှုတစ်ခု ပေါ်လာခဲ့လေ၏။
“သုံး၊ နှစ်၊ တစ်...”
နောက်ဆုံးတွင် သွေးအဆီအနှစ်က ကတ်စီဒီ၏ နဖူးကြားထဲသို့ စိမ့်ဝင်သွားပြီး အန်လင်းက စိတ်အေးသွားလေတော့၏။
အန်လင်းနှင့် ကတ်စီဒီတို့ကြားမှ ဆက်သွယ်ချက်က ပိုမိုခိုင်မာလာပြီး အစေခံစာချုပ်မှာနောက်ဆုံးတွင် ချုပ်ဆိုပြီး ဖြစ်သွားလေ၏။
အန်လင်းက သက်ပြင်းချကာ ကတ်စီဒီကို သပ်ရပ်အောင် ပြုပြင်ပေးလိုက်လေ၏။
လမ်းပျောက်ခြင်းနှင့် စိတ်ပျက်ခြင်းတို့က သူမ၏ မျက်နှာထက်တွင် ရစ်ဝဲနေသည်မှာ သူမက နှစ်လိုဖွယ် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။
“နင့်နာမည်က ခေါ်ရခက်တယ်။ အခုကစပြီး နင့်ကို ခဲ့လေးလို့ ခေါ်မယ်။” အန်လင်းက အုတ်ခဲပေါ်တွင် ထိုင်ချရင် ကြေငြာလိုက်လေ၏။
ခဲ့လေး...။ ထိုသည်ကို ကြားပြီးနောက် ကတ်စီဒီက အနည်းငယ် ကြောင်အနေလေ၏။ သူမက လေးစား ကြည်ညိုဖွယ် ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကာ ကောင်းကင်ဘုံသွေးဂိုဏ်း၏ ဂိုဏ်းချုပ်လဲ ဖြစ်ပေ၏။ သူမက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ခဲ့လေးအဖြစ် ခေါ်ဆိုခြင်းကို မည်သို့ ခံရမည်နည်း။
သို့သော် ထို့နောက် သူမက သူမအရှေ့မ အမျိုးသားမှာ သူမ၏ သခင်ဖြစ်နေပြီးဖြစ်သည်ကို ရုတ်တရက် သတိရသွား၍ သူက သူမပို ခဲ့လေးဟု ခေါ်သည်မှာ ဘာမှ မှားမနေပါချေ။ သို့ဖြစ်၍ သက်ပြင်းဖွဖွချပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေ၏။ “ကောင်းပါပြီ သခင် အန်ရီထျန်...”
အန်လင်းက သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ကာ ပြောလိုက်လေ၏။ “ငါ့ကို အန်ရီထျန်လို့ ထပ်မခေါ်နဲ့တော့။ ငါ့နာမည်က အန်လင်း..”
ကတ်စီဒီက ခေါင်းမော့ကာ အန်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေ၏။
“ခုဏတုန်းက ငါက လိမ်ပြောလိုက်တာ။ ငါ့နာမည် အမှန်က အန်လင်း။” အန်လင်းက ရှင်းပြလိုက်လေ၏။
ကတ်စီဒီ၏ မကောင်းသော စိတ်ခံစားချက်များက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်လေ၏...။
သူမက အလွန် ဒေါသထွက်နေလေသည်။ သို့သော် သူမက ပြုံးထားရပေမည်။ မည်သို့ဆိုဆို အန်လင်းက သူ့၏ သခင်ဖြစ်နေပြီး ဖြစ်လေ၏။
“ငါ ဘဟ်အချိန်ကျရင် နင့်သွေးကို စုပ်လို့ရမလဲ သခင်အန်လင်း။” ကတ်စီဒီက လောင်ကျွမ်းနေသော အကြည့်ဖြင့် မေးမြန်းလိုက်လေ၏။
အန်လင်းက မျက်လုံးလှန်လိုက်လေ၏။ ဒီအစေခံက အတော်လေး အဆိပ်အတောက်ပဲ။ သူမနေ့တိုင်းတွေးနေတာက သခင့်ရဲ့ သေကို စုပ်ဖို့ပဲ...။
“ငါက စိတ်ကောင်း ဝင်နေတဲ့ အချိန်ပေါ့။” အန်လင်းက သူမကို မသေချာသော တုန့်ပြန်မှုတစ်ခုပေးလိုက်လေ၏။
ကတ်စီဒီက အန်လင်း၏ လက်မောငါးကို သူမလက်ထဲတွင် ဆုပ်ကိုင်ပြီး သူမ၏ ဖွဲ့ထွားသော ရင်ဘတ်များနှင့် သူ့လက်မောင်းကို ပွတ်သပ်လိုက်လေ၏။
သူမက အန်လင်း၏ မျက်နှာနားသို့ တိုးကပ်သွားပြီး ဆွဲဆောင်မှုအပြည့်ရှိသော အသံဖြင့် စကားပြောရင်း သူ့၏ နားထဲသို့ အသက်ရှင်သွင်းလိုက်လေ၏။ “အဲဒါဆို... နင့်စိတ်ခံစားချက်ကောင်းအောငါ ငါဘာလုပ်ပေးရမလဲ။ ငါက နင့်ခန္ဓာကိုယ်ကို ကျေနပ်အောင် လုပ်ပေးရမလား။”
အန်လင်းက တုန်ယင်သွားကာ ကတ်စီဒီ၏ လက်မောင်းဆီမှ ရုန်းထွက်လိုက်လေ၏။ “ငါ့ကို လွတ်စမ်းပါ။”
“အိုး...” ကတ်စီဒီက ခြေလှမ်းအနည်းငယ် နောက်ဆုံးသွားသော်လည်း သူမ၏ ဆွဲဆောင်နေသော မျက်လုံးများက အန်လင်း၏ မျက်နှာထက်တွင် ရစ်ဝဲနေလေ၏။
ငလူး...။ သူမက ရှောင်ဟုန်ထက်တောင် ဆွဲဆောင်မှုရှိနေသေးတယ်။
ဤကဲ့သို့ ဆက်ဖြစ်နေပါက အန်လင်းမှာ စိတ်ကြွလာမည်ကိုပင် စိုးရိမ်လာပေ၏။
“အဟမ်း... နင်က ချီးကျူးစရာ လုပ်ဆောင်ချက်တစ်ခု လုပ်ပြီးတိုင်း ငါ့ သွေးနဲ့ ဆုချပေးမယ်။”
သို့ဖြစ်၍ အန်လင်းက အခြေအနေများကို ချမှတ်လိုက်လေ၏။
သည်လိုနှင့်ပင် အင်မော်တယ် လက်နက်တစ်ခု ရရှိပါက သူမက သွေး သုံးမီလီဂရမ်ဆုရရှိမည်ဖြစ်ပြီး၊ စိတ်ဝိညာဉ် ေကျာက်တုံးတစ်သန်း ရရှိပါက သူမကို သွေး တစ်မီလီဂရမ် ဆုချမည်ဖြစ်ပြီး၊ ရွှေရောင်နယ်မြေအဆီအနှစ်သလင်းကျောက်တစ်ခု ရရှိပါက သွေးတစ် မီလီဂရမ်ကို သူမအား ဆုချမည် ဖြစ်ပြီး၊ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦးကို သတ်ဖြတ်ပါက သွေငါးမီလီဂရမ် ဆုချပေးမည် ဖြစ်ပေ၏...။
ကတ်စီဒီက အန်လင်းဖော်ပြသော အခြေအနေများကို နားထောင်နေရင်း အုတ်ခဲပေါ်တွင် နာနာခံခံ ထိုင်နေသော်လည်း သူမ၏ မျက်လုံးများက တိုက်ပွဲဆန္ဒများနှင့်တောက်လောင်နေလေ၏။
-----------------