ကျောက်စိမ်းဖြူတောင်မှာ တွေ့ဆုံခြင်း
Vol. 38 Ch. 532
အန်လင်းက ကျောက်စိမ်းဖြူတောင်ထိပ်ဆီသို့ သူ့၏ အုပ်ခဲနက်ပေါ်မှ ဆက်လက် ပျံသန်းလာလိုက်၏။ ယခုတွင် သူ့၌ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြ ပုဂ္ဂိုလ်တစ်ဦး လက်ထောက်အဖြစ် ရှိနေပြီဖြစ်ရာ သူက များစွာ လုံခြုံသွားပြီဖြစ်၏။
ကတ်စီဒီ၏ စကားများမှ သူမက ပျက်ပြယ်ခြင်းအဆင့် အထွတ်အထိပ်ကျင့်ကြံသူတစ်ဦးဖြစ်ကာ ပျက်ပြယ်ခြင်းအလယ်အလတ်အဆင့်သို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်သည်ကို သိခဲ့ရ၏။ သူမ၏ အကူအညီဖြင့် သူတို့က ကြုံတွေလာသမျှ မည်သည့် ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်ကိုမဆို အနိုင်တိုက်မနိုင်လျှင်တောင်မှ အနည်းဆုံးထွက်ပြေး၍ ရနိုင်ပါသေး၏။
အန်လင်းက ကတ်စီဒီကို သူမ၏ ပြန်လည်ကောင်းမွန်ရေးအတွက် သွေးဝိညာဉ် ကျောက်စိမ်းအခေါင်းကို ငှားပေးလိုက်လေ၏။
ကတ်စီဒီက အခေါင်းကို အလွန် ရောထွေးနေသော ခံစားချက်များဖြင့် ငေးကြည့်နေလေ၏။ သူမက မြက်ခင်းပြင်ပေါ်တွင် ဒဏ်ရာပြန်လည် ကူသရန် ယုံကြည်မှုအလွန်အကဲမရှိလိုက်ပါက အန်လင်းနှင့် တွေ့ဆုံးမည်မဟုတ်ကာ အန်လင်း၏ အစေခံဖြစ်လာမည်လည်း မဟုတ်ပါပေ...။
မဖြစ်ဘူး...။
အရာရာမှာ သန့်စင်သွေးကြောင့်ဖြစ်လေ၏...။ သူမ၏ တည်ရှိမှုတစ်ခုလုံးကို သန့်စင်ပေးနိုင်သော ခွန်အားကြီး သွေးကြောင့်ဖြစ်ပေ၏။
သူမက အခေါင်းထဲတွင် လှဲနေလိုက်ပြီး မန္တန်နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ရာ ရွှေရောင်အလင်းတစ်ခုက ထိုးထွက်လာပြီး အချင်းဝက်ကီလိုမီတာပေါင်းများစွာအတွင်းရှိ အသက်ဝင်မှုမျအားလုံးကို စုပ်ယူလိုက်လေ၏။
သို့ဖြစ်၍ အန်လင်းက ခရမ်းရောင်မြက်ခင်းပေါ်မှ ပျံသန်းသွားကာ ပျံသန်းသွားရင်း ခရမ်းရောင်မြက်ပင်များကို သတ်ပစ်လိုက်လေ၏။
နှစ်နာရီခန့် ပျံသန်းပြီးနောက် အခေါင်း၏ အဖုံးက ပွင့်လာပြီး ကတ်စီဒီက ပျင်းရီစွာ အကျောဆန့်လိုက်ပြီး ထထိုင်လိုက်ကာ သူမ၏ လှပလှသော ခန္ဓာကိုယ်များကို ပြသလိုက်လေ၏။ ကြယ်များ၏ အလင်းရောင်က သူမ၏ မျက်နှာထက်တွင် ကျရောက်နေပြီး သူမ၏ သွင်ပြင်များကို တောက်ပကာ နှစ်လိုဖွယ် ဖြစ်နေစေ၏။
“ဟူး...။ ငါက အခုမှ အပြည့်အဝ ပြန်ကောင်းတော့တယ်။” ကတ်စီဒီက ပြောလိုက်လေ၏။
“ပြန်ကောင်းလာပြီဆိုရင် မြန်မြန်လေး နင့်ရဲ့ မန္တန်နည်းစနစ်ကို ရုပ်သိမ်းလိုက်တော့။” အန်လင်းက အရေးတကြီးဆိုလိုက်၏။
“ဘာလို့ အဲ့လေညင်အထိမခံဖြစ်နေတာလဲ။” ကတ်စီဒီက သာမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်၏။
“ငါတို့က ၂နာရီကြာအောင် ရွေ့လျားနေတဲ့ ပစ်မှတ်ဖြစ်နေတာ...။ ငါက နင့်လောက် အန္တရာယ်ကို မမေ့တတ်ဘူး။” အန်လင်းက ဤအခေါင်းကို လျော့နိုင်သမျှ လျော့သုံးသင့်သည်ဟု ခံစားရ၏။ မည်သို့ဆိုဆို ထိုသည်က ထုတ်လွှတ်သော အနီရောင်တောက်တောက် အလင်းရောင်က အဝေးမှဆိုလျှင်တောင် မျက်လုံးထဲ ထင်းနေပေ၏။
ကတ်စီဒီက အခေါင်းထဲမှ ထွက်သည်နှင့် အန်လင်းက ထိုသည်ကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ သိုလှောင်လိုင်လေ၏။
“ငါတို့ရဲ့ ပထမဦးစားပေးက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ စုဖို့ပဲ။ အဲဒါတွေ ရှာဖို့ ငါတို့တတ်နိုင်တာ အကုန်လုပ်ရမယ်။” အန်လင်းက တည်ကြည်လှသော အသံဖြင့် ကြေငြာလိုက်၏။
“အိုး...” ကတ်စီဒီက ခေါင်းငြိမ့်ပြကာ အန်လင်းကို ထူးခြားသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေ၏။ “ငါက နင့်ကို တွေ့ကတည်းက ဒီဟာကို မေးချင်နေတာ။ ပျက်ပြယ်ခြင်း ကြယ်စငါအပိုင်းကို နင့်ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ လာရဲတဲ့ သတ္တိကို ဘယ်သူက ပေးတာလဲ။”
“ငါက တုံးအ သွားတယ်ဆိုလဲ ခွင့်လွတ်ပေး။ နင့်ရဲ့စွမ်းအားက နင့်ကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေအားလုံးမှာတော့ ထိပ်ဆုံးနေရာ ထားပေးနိုင်ပေမဲ့ ဒီမှာ ဘယ်သူ့ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေတာလဲ။ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းမှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ပိုများတာနဲ့ပဲ ဒီကိုလာဖို့ ရွေးချယ်လိုက်တာလား။”
အန်လင်းက သူမ၏ မေးခွန်းကိုကြားပြီးနောက် ငိုချတော့မလိုပင် ဖြစ်သွားလေ၏။ “ငါဒီမှာ ရှိနေချင်တယ်လို့များ နင်က ထင်လို့လား။”
သို့ဖြစ်၍ သူက ရှေးဟောင်းထိုက်ချူနယ်မြေအတွင်းမှ သူ့၏ အတွေ့အကြုံများကို ကတ်စီဒီကို ပြန်ပြောလိုက်လေ၏။
သူ့၏ အတွေ့အကြုံများကို ကြားပြီးနောက် ကတ်စီဒီ၏ မျက်နှာထက်တွင် မယုံနိုင်ခြင်းများနှင့် ပြည့်နှက်နေလေ၏။ “အဲ့တော့ နင်က တကယ်တော့ ဒဏ္ဍာရီလာ ဧရာမ ကြယ်အစုအဝေးတောင်ကြီးနဲ့ ကြုံခဲ့ရတာပေါ့။ အဲဒါက တကယ်ကြီးပဲ အပိုင်း နှစ်ခုလုံးကို ဖြတ်သွားနိုင်တဲ့ အစွမ်းရှိတာပေါ့နော်။ နင်က ကံမကောင်းလိုက်တာ...”
“ကောင်းပါပြီ။ အဲဒါက ကံမကောင်းတာကြောင့်ပဲတော့ မဟုတ်ပါဘူး။ ဘာပဲဆိုဆို တိမ်တိုင်းမှာ ငွေရောငမ အနားကွတ်ရှိတာပဲ။ အခုဆို စစ်ပွဲရဲ့ အကျိုးအမြတ်တွေရော ပျက်ပြယ်ခြင်းအဆင့် အစေခံတစ်ယောက်ရော ရလိုက်တယ်လေ။” အန်လင်းက ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်လေ၏။
ကတ်စီဒီ : “ငါက ဆက်ပြုံးနေရမှာလား။ ဒါမှမဟုတ် နင့်ကို ဆက်ပြီး ချီးကျူးနေရမှာလား။”
အန်လင်း : “တောင်းပန်ပါတယ် ငါနည်းနည်းစိတ်လွတ်သွားလို့...။”
အန်လင်းမှာ ကတ်စီဒီ လုံးဝပင် ပြန်သတိမရချင်သော တစ်စုံတစ်ခုကို ပြန်ပြောလိုပ်မိသည်မို့ အတော်ပင် အားနာသွားရ၏။
“ဒါနဲ့ ဒီကနေ ကျောက်စိမ်းဖြူတောင်ကို ဘယ်လောက်ဝေးသေးလဲ သိလား။ ငါက အကြာကြီး ပျံနေတာတောင် မမြင်ရသေးဘူး။” အန်လင်းက မေးလိုက်လေ၏။
ကတ်စီဒီက သူ့မေးခွန်ကို ခေတ္တမျှ တွေးတောနေပြီး ပြန်ဖြေလာလေ၏။ “ခရမ်းရောင် မြက်ခင်းက အတော်ကျယ်တယ်။ နင့်ရဲ့ လက်ရှိ အရှိန်နဲ့ဆိုရင် အဲ့ကိုရောက်ဖို့ နောက်ထပ် ခြောက်နာရီလောက်လိုသေးတယ်...”
“အဲ့လောက်ကြာတယ်လား...။” အန်လင်းက နှုဝ်ခမ်းကို တင်းတင်းစေ့လိုက်လေ၏။
“နင်က ကျောက်စိမ်းဖြူတောင်ကို သွားချင်တယ်လို့ ဘာလို့ ငါ့ကိုမပြောတာလဲ။ ငါ့ရဲ့ အကွာအဝေး ကြိုးကိုင်ခြင်း နည်းစနစ်နဲ့ နင့်ကို အဲ့ကို တစ်နာရီအတွင်း ခေါ်သွားလို့ရတယ်။” ကတ်စီဒီက ဇဝေဇဝါဖြစ်သွားစေလေ၏။
အန်လင်း : “...”
အန်လင်းမှာ ထိုကဲ့သို့ အချက်အလက်ကျသော မေးခွွန်းအတွက် ပြန်ဖြေစရာမရှိပါပေ။
“ဘာလို့လဲဆိုတော့ ငါက ရူးနေလို့လေ။” အန်လင်းက နောက်ဆုံးတွင် ပြန်ဖြေလိုက်လေ၏။
သို့ဖြစ်၍ ကတ်စီဒီက အကွာအဝေး ဂိတ်တစ်ခုကို ဆုတ်ဖြဲလိုက်ကာ အန်လင်းကို တစ်ဖက်၊ ရွှယ်ကျန်းထျန်ကို တစ်ဖက်ကိုင်ကာ ဝင်ရောက်သွားလေတော့သည်။
...
ကျောက်စိမ်းဖြူတောင်မှာ ကြွေကဲ့သို့ စွတ်စွတ်ဖြူသော တောင်တန်းများကြားတွင် တည်ရှိနေပြီး ထိုအရာ၏ မျက်နှာပြင်မှာ အဖြူရောင် ကျောက်စိမ်းများဖြင့် ဖုံးအုပ်နေပေ၏။
ကျောက်စိမ်းဖြူမှာ ကြယ်များ၏ အလင်းရောင်အောက်တွင် အလင်းခပ်ဖျော့ဖျော့လင်းနေပြီး ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် ခန့်ညားသော စိတ်ခံစားချက်တစ်ခု ပေးနေလေ၏။
လေထုထဲတွင် အနက်ရောက် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး ဆွဲဆောင်မှုရှိသော ခြေတံရှည်တစ်စုံနှင့် အမျိုးသမီးတစ်ဦးက သူမလက်ထဲတွင် ပြင်းထန်သော အော်ကလီဆန်ခြင်းကို ခံစားရ၍ ပါးစပ်မှ အမြှုပ်များ ထွက်နေကြသော ရွှယ်ကျန်းထျန်နှင့် အန်လင်းတို့ကို သယ်ဆောင်ကာ ထွက်လာလေ၏။
“တစ်နာရီလောက်လေး အတွင်းမှာကို နင်တို့က ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်လာတာလဲ။” ကတ်စီဒီက စိတ်ရှုပ်ထွေးစွာ မေးလိုက်လေ၏။
အန်လင်းက သူ့၏ မျက်ခုံးများကို ပွတ်သပ်ကာ ပြန်လည်ခြေပလိုက်လေ၏။ “နင့်ရဲ့ ညံ့ဖျဉ္းတဲ့ အကွာအဝေး ကြိုးကိုင်ခြင်း စွမ်းရည်တွေက ငါတို့ကို ဒီလိုမျိုး လုပ်တာကိုတောင် ဘယ်လိုလုပ်ပြီး ငါတို့ကို အပစ်တင်နေတာလဲ။”
“ဟုတ်တယ်။ ယောက်ျားအစစ်တွေက ရှေ့ပဲ တည့်တည့်သွားတာ။ နင်က ဦးတည်ချက်တွေ ဆက်တိုက်ပြောင်းနေပြီးတော့ အနေခက်တဲ့ အရှိန်တွေကြားမှာ ရပ်လိုက် သွားလိုက်လုပ်နေတာကို...။ ငါက တစ်ချိန်လုံး ရိုလာကိုစတာတစ်စီးပေါ်ရောက်နေတာလို့ ခံစားရတယ်...။” ရွှယ်ကျန်းထျန်က သနားစဖွယ် အမူအရာဖြင့် အန်လင်း၏ ခေါင်းပေါ်တွင် ပစ်လှဲနေလေ၏။
ကတ်စီဒီက မျက်လုံးလှန်လိုက်လေ၏။ “နင်တို့ တောသားတွေက တစ်ယောက်ယောက်ရဲ့ တစ်ဦးချင်း စွမ်းအင်ကို အသုံးပြုပြီးတော့ နေရာလပ်ကို ဖြတ်သွားတယ်ဆိုတာကို နေရာကူးပြောင်းရေး မန္တန်ဖွဲ့စည်းခြင်းတစ်ခု သုံးတာနဲ့ အတူတူပဲလို့ ထင်နေတာလား။ နင်တို့ စိတ်ကူးနိုင်တာထက် ထည့်ပြီး စဉ္းစားရမဲ့ အချက်တွေ ပိုများတယ်ဟ။”
သူမက ပြန်ပင် မဖြေချင်တော့ပါပေ။ ထိုအစား သူမက ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ သူမ၏ အံ့ဖွယ်အာရုံကို အစွမ်းကို ထုတ်လွှတ်လိုက်လေ၏။
သူမက နှစ်လိုဖွယ်သွေးနှင့် လဲလှယ်ရန်အတွက် ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ထပ်ပြီး ရှာရမည်။
ရုတ်တရက် သူမက ဦစတည်ချက်တစ်ခုသို့ လှည့်လိုက်လေ၏။ သူမ၏ အမူအရာမှာ တုံ့ဆိုင်းသွားပြီး ဆွဲဆောင်မှုအပြည့်နှင့် အပြုံးတစ်ခုက သူမမျက်နှာထက်တွင် ပေါ်လာလေ၏။
အန်လင်းက ချက်ချင်းပင် သူမ၏ တွေ့ရှိမှုကို မေးမြန်းလိုက်လေ၏။ “ဘာလဲ။”
ကတ်စီဒီက ဆန်းကြယ်သော အပြုံးတစ်ခုနှင့် ဦးတည်ချက်တစ်ခုကို ညွှန်ပြလိုက်၏။ “အဲ့ဘက်မှာ ငါ့နောက်လိုက်သွေးမျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ တည်ရှိမှုကို တွေ့ထားတယ်။”
အန်လင်းက ချက်ချင်းပင် သူမရရှိထားသည်ကို နားလည်သွားလေ၏။
သူက ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်လေ၏။ “သွားကြည့်ကြစိုလေ။”
သူက သူ့၏ ပုံရိပ်ယောင် ကြယ်စင်ဝတ်ရုံကို ဝတ်ဆင်ကာ ရွှယ်ကျန်းထျန်ကို သူ့၏ လက်မောင်းတွင် ပိုက်ပြီး ကတ်စီဒီနောက်မှ လိုက်လာခဲ့လေ၏။
ကတ်စီဒီသည်လည်း သူမ ယခင်က ညွှန်လိုက်ပြသော ဦးတည်ချက်သို့ မပျံသန်းမီတွင် ကိုယ်ပျောက် မန္တန်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်လေ၏။
သူတို့က နီးသထက် နီးလာသည်နှင့် အမျှ အန်လင်းက အဝေးတွင် အလွန်ထူးဆန်းသော လေပွေတစ်ခုကို တွေ့လိုက်လေ၏။
ကျောက်စိမ်းဖြူများနှင့် ဖုံးအုပ်ထားသော တောင်တန်းများကြားတွင် ထိပ်တွင် ထူပြီး အောက်ခြေတွင် ပါးသော တောင်တစ်လုံး ရှိလေ၏။ ထိပ်ပိုင်းနှင့် အောက်ပိုင်းကြားတွင် သိသာသော ခြားနားချက်မရှိပါပေ။ သို့သော် ထိုသည်က အဝေးမှဆိုလျှင် ထူထည်းပြီး စလင်ဒါပုံ တိုင်တစ်ချောင်းနှင့် တူလေ၏။
ဤတိုင်ပုံစံ တောင်ကြီးမှာ ရွှေရောင်အလင်းလေး ခပ်ဖျော့ဖျော့ လင်းလက်နေကာ သူ့၏ စိန်ဝင်စားမှုကို ချက်ချင်း တိုးသွားစေလေ၏။
ထိုသည်မှာ ထူးခြားသော နေရာတစ်ခုဖြစ်သည်မှာ အတော်လေး ရှင်းလင်းပေ၏။
ပေတစ်ရာခန့် ရှည့်လျားသော လူပုံစံ ကျောက်စိမ်းရုပ်ထု ငါးခုက ထိုစလင်ဒါပုံတောင်ကြီး၏ ထိပ်တွင် စက်ဝိုင်းပုံစံနှင့် တည်ရှိနေလေ၏။ ထိုအရာများက အသက်ရှင်မှု လက္ခဏာထုတ်လွှတ်နေခြင်းမရှိသော်လည်း အထူးပင် အန္တရာယ်အငွေ့အသက်များ ပေးနေပေ၏။
အန်လင်းက သူ့မျက်လုံးများကို စလင်ဒါပုံတောင်ကြီး၏ ပတ်လည်သို့ လှည့်ကြည့်လိုက်ရာ ပုံရိပ်၃ခုက တြိဂံပုံစံ ဖွဲ့စည်းမှုတစ်ခု အတွင်း၌ ရပ်နေကြသည်ကို တွေ့လိုက်ရလေ၏။
သူက ထို သက်ရှိသုံးယောက်အား ကြည့်လိုက်ရာ ထိုထဲမှ တစ်ဦးမှာ ရွှေရောင် ဆံပင်တိုနှင့် အနည်းငယ် ပိန်ပါးပြီး ကြည့်ကောင်းသော ခန္ဓာကိုယ်နှင့် ချောမောလှသော အမျိုးသားတစ်ဦးဖြစ်သည်ကို တွေ့လိုက်ရလေ၏။
ထိုအမျိုးသားတွင် ကြက်သွေးရောင် မျက်လုံးတစ်စုံရှိပြီး သွေးမျိုးနွယ်စုမှ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ ရှင်းလင်းပေ၏။
ဦးခေါင်းတွင် ချိုတစ်စုံပေါက်နေကာ လက်ထဲတွင် အဖြူရောင် ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသော သာမန် ရုပ်ရည်ဖြင့် အမျိုသားတစ်ဦးလဲရှိပေ၏။ ထိုသည်က အန်လင်း၏ မဟာမိတ်ဖြစ်သော အရှေ့ပင်လယ်၏ နဂါးခုံရုံးမှ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရလေ၏။
နောက်ဆုံးအနေဖြင့် ခန္ဓာကိုယ်အား ရေဘောလုံးတစ်ခုထဲတွင် ချိတ်ဆွဲထားသော အလျားပေ၃၀ခန့်ရှိသည့် ငါးမန်းတစ်ကောင်လဲ ရှိနေပေ၏။ ငါးမန်းမှာ ကျောတွင် တောင်ပံ တစ်စုံပါဝင်ကာ ဝမ်းဗိုက်တောင်ပံများမှာ အနက်ရောင် လက်သည်းတစ်စုံအဖြစ်သို့ တိုးတက်လာပြီး ဖြစ်လေ၏။ ထိုသည်က သူ့၏ လက်သည်းများထဲတွင် အပြာရောင် ခေါင်းတစ်လုံးကို ကိုင်ဆောင်ထားကာ အနက်ရောင် အရည်တစ်ခုက သူ့၏ တခြားသော လက်သည်း ပတ်လည်တွင် လှည့်ပတ်နေလေ၏။ ဤသည်က အနောက်ဘက်ပင်လယ် မိစ္ဆာတစ်ကောင် ဖြစ်ပုံရလေ၏။
သို့ဖြစ်၍ သူတို့သုံးဦးစလုံးမှာ မတူညီသော စွမ်းအားများကို ကိုယ်စားပြုနေကာ တစ်ဦးနှင့်တစ်ဦး ရန်မူနေပုံရကာ.. သို့ဖြစ်၍ အမှန်တကယ်ပင် အတော်လေး တည်ငြိမ်သော တြိဂံပုံ ချောင်ပိတ်မိခြင်းတစ်ခုကို ဖန်တီးနေလေ၏။
“ဟီးဟီး...”
အန်လင်း၏ မျက်နှာထက်တွင် အပြုံးကြီးတစ်ခု ပေါ်လာလေ၏။
ထိုတြိဂံပုံ ချောင်ပိတ်ခြင်းက ရောက်လာ၍ ပျက်စီးတော့မည်ဖြစ်သည်...။
------------