← Chapters

ဤကမ္ဘာ၏ အပြစ်များအားလုံးကို သန့်စင်ရန်

Vol. 38 Ch. 533

ဤကမ္ဘာ၏ အပြစ်များအားလုံးကို သန့်စင်ရန်

Vol. 38 Ch. 533

စလင်ဒ်ပုံတောင်ကြီးပတ်လည်တွင် ရပ်နေကြသော ကျင့်ကြံသူ သုံးယောက်စလုံးသည် ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၍  သူတို့က အာရုံခံမိခြင်းမှ အကြာကြီး ပျောက်ကွယ်မနေနိုင်သည်ကို အန်လင်းနှင့် ကတ်စီဒီတို့က သိပေ၏။

သို့ဖြစ်၍ သူတို့နှစ်ဦးက သူတို့၏ ကိုယ်ပျောက်နည်းစနစ်များကို စွန့်လွှတ်ကာ ခွန်အားကြီး ပုဂ္ဂိုလ်သုံးဦး ရှိနေသော နေရာသို့ ပျံသန်းသွားလိုက်လေ၏။

“ဂိုဏ်းချုပ် ကတ်စီဒီ... ဟားဟား... ဒီမှာတွေ့ရတာ ပျော်စရာ တိုက်ဆိုင်မှုပဲ။” သွေးမျိုးနွယ်စု ကျင့်ကြံသူက အစပိုင်းတွင် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း တက်ကြွသော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။

သူက အခု အသားစီးတစ်ခု ရှိနေလေပြီ...။

“သေချာတာတော့ မာလင်...။ အခုလက်ရှိ အခြေအနေက ဘာလဲ။” ကတ်စီဒီက အပြုံးတစ်ခုနှင့် မေးလိုက်လေ၏။

တစ်ခြားသော ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများက ကတ်စီဒီ ပေါ်လာခြင်း၌ အနည်းငယ် တုန်လှုပ်သွားကြလေ၏။ ယခုတွင် သွေးမျိုးနွယ်စု ကျင့်ကြံသူ နှစ်ဦး ရှိနေပြီဖြစ်၍ သူတို့အသားစီးရနေသော မျှခြေကို ပြောင်းလဲကာ သူတို့နှစ်ဦးအား ဖိအားများ ပိနေစေပေ၏။

အနောက်ပင်လယ် မိစ္ဆာများနှင့် အရှေ့ပင်လယ်၏ နဂါးမျိုးနွယ်စုမှာ အမြဲလိုလို ရန်သူများ ဖြစ်ကြ၏။ တစ်ချို့သူများက ကုန်းမြေကြီး၏ မတူညီသော ဘက်များပေါ်ရှိ ထိုစွမ်းအားနှစ်ခုက အဘယ့်ကြောင့် ရန်သူဖြစ်လာသနည်းဟု မေးကောင်းမေးနိုင်ပါ၏။ ဤသည်မှာ ပန်ဂးက ကမ္ဘာကြီးကို ဖန်တီးခဲ့သော အချိန်သို့ ပြန်သွားသော ပုံပြင်တစ်ပုဒ် ဖြစ်ပေ၏...။

လိုရင်းကို ပြောရမည်ဆိုပါက နဂါးနှင့် ငမန်းမိစ္ဆာက အတူတူဖြစ်နိုင်ဖို့ နည်းလမ်းမရှိပါပေ။ သည်လိုနှင့်ပင် ထိုနေရာရှိ သွေးမျိုးနွယ်စု ခွန်အားကြီး ပုဂ္ဂိုလ်နှစ်ဦးက သူတို့တစ်ဦးစီအား အားနည်းချက်ကြီး ဖြစ်နေစေ၏။

“ဟမ်...။ လူသားတစ်ယောက်နဲ့ မြူနှင်း ဝိညာဉ် သားရဲတစ်ကောင်လဲ ရှိတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးက ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်တွေ...။ ထူးဆန်းလိုက်တာ...” နဂါးမျိုးနွယ်စုမှ အမျိုးသားက အံ့ဩတကြီးဆိုလေ၏။

သူ့၏ ရှုထောင့်မှဆိုလျှင် လူသားမှာ သွေးမျိုးနွယ်စု ခွန်အားကြီး ပုဂ္ဂိုလ်၏ အကျဉ္းသားနှင့် တူပေ၏။ သူက သူမသိသော သူတစ်ဦးအတွက် သူ့အသက်ကို စွန့်သားရလောက်သည်အထိ လူသားမျိုးနွယ်နှင့် မရင်းနှီးသည်မို့ အန်လင်းကို ကယ်တင်ရန် တစ်ဟုန်ထိုး တိုးဝင်မည် မဟုတ်ပါပေ။

ငမန်း မိစ္ဆာအတွက်မူ ထိုသည်က လူသားနှင့် မြူနှင်း ဝိညာဉ် သားရဲကို ကြည့်ပင် မကြည့်ပါချေ။ သူတို့မှာ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်တွင်ဖြစ်၍ လုံးဝ အန္တရာယ်မရှိကာ ထိုသည်နှင့်ပင် သူတိုအား အာရုံစိုက်ရန် မလိုအပ်ပါပေ။

“ဒီမှာ ထူးဆန်းတဲ့ နိယာမတွေဖြစ်နေတယ်။ အဲ့တော့ အရမ်းရှာတဲ့ ရတနာတွေ ဒါမှမဟုတ်ရင် နယ်မြေအဆီအနှစ် သလင်းကျောက်တွေက မကြာခင် ဒီမှာ ပေါ်လာနိုင်တယ်။” မာလင်က အပြုံးဖွဖွဖြင့် ရှင်းပြနေရင်း သူ့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေလေ၏။

“ဟီးဟီး... အဲဒါဆို ဒီကိုလာလိုက်တာက တကယ်ပဲ ပျော်စရာ တိုက်ဆိုင်မှုပေါ့။ ငါပါ ဝင်ပါရင် စိတ်မရှိကြနဲ့နော်။” ကတ်စီဒီက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်လေ၏။

“လုံးဝပါပဲ...။” မာလင်က ဝမ်းပန်းတသာ ဆိုလိုက်၏။

ထို့နောက်သူက အန်လင်းဆီသို့ ဆန်းကြယ်သော အပြုံးတစ်ခုနှင့် လှည့်ကြည့်လိုက်လေ၏။ “ဂိုဏ်းခေါင်းဆောင်က ကောင်ချောလေးတွေကို အနားမှာ ထားထားတဲ့ အကျင့်ရှိမှန်း ကျွန်တော မသိခဲ့ဘူး။”

ကတ်စီဒီက မသိလိုက်မသိဘာသာ ပြုံးလိုက်လေ၏။ “သူက ငါအချိန်တိုင်း စားလို့ရတဲ့ ရွှေ့လျားနိုင်တဲ့ သွေးလှောင်ဘဏ် တစ်လုံးပါပဲ။”ယ

အန်လင်း၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားလေ၏။ ထိုသည်က ကတ်စီဒီသူ့အား အမှန်တကယ်တွေးသည့်အရာ ဖြစ်နိုင်ပေ၏။

မာလင်က ခေါင်းငြိမ့်ပြကာ အန်လင်းကို လုံးဝ အရေမစိုက်တော့ပါပေ။ မည်သို့ဆိုဆို သွေးမျိုးနွယ်စုအတွင်း၌ “အဆာပြေမုန့်များ” ကို ဘယ်သွားသွား သူတို့နှင့်အတူ သယ်သွားလေ့ရှိသူများ များပြားလှ၍ ထိုသည်က မထူးဆန်းသော အရာပင် ဖြစ်လေ၏။ သူ့၏ ပထမဦးစားပေးမှာ ထိုတခြားပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များကို ထုတ်ပယ်ရန် ဖြစ်လေ၏။

“ငါတို့က အဲ့လျှာရှည်တဲ့ကောင်တွေကို ဘယ်လို ဖယ်ရှာကြမလဲ။” မာလင်က ပြုံးလိုက်လေ၏။

“ငါတို့က သူတို့ကို ရိုက်ရမှာလား။” ကတ်စီဒီက မေးလိုက်လေ၏။

“သူတို့က အင်အားနှစ်ခု လုံဝ မပေါင်းလိုက်နိုင်ဘူး။ အဲ့တော့ သူတို့အပေါ် ငါတို့က အားသာနေတယ်။” မာလင်က သူ့၏ အတွေးများကိာ မဖုံးကွယ်ထားပါပေ။

ထိုသည်ကို ကြားပြီး နဂါးမျိုးနွယ်စု စစ်သည်နှင့် ငါးမန်း မိစ္ဆာကြီး၏ အမူအရာက ပြောင်းလဲသွားကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြလေ၏။

“ဂုလော့... နင်က တိုက်မှာ ပြေးမှာလား။” နဂါးမျိုးနွယ်စု စစ်သည်တော်က ငါးမန်မိစ္ဆာကြီးဆီသို့ လှည့်လိုက်လေ၏။

သူက ထိုသည်ကို အရင်ဆုံး အတည်ပြုရန်လိုပေ၏။ သို့မဟုတ်ပါက တိုက်ပွဲစပြီးနောက် ငါးမန်းမိစ္ဆာက ထွက်ပြေးသွားပါက သူက ဒုက္ခရောက်ပြီဖြစ်​ေလ၏။

“အိုမင်ယွီ... အခု အခြေအနေက အရမ်းရှင်းနေတာလေ။ ဒီမှာ ငါတို့ရွေးစရာ နှစ်ခုပဲ ရှိတာ။ နင်က တိုက်ချင်ရင် ငါလဲ မပြေးဘူး။ ငါတို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီးတော့ သွေးမျိုးနွယ်စု ကျင့်ကြံသူနှစ်ယောက်ကို အရင်ဆုံး အနိုင်ယူလိုက်ကြရအောင်။” ကုလော့က တိုက်ပွဲဆန္ဒများ ထိုးထွက်နေရင်း ပြန်ဖြေလာလေ၏။

“ဟုတ်ပြီ...။” နဂါးမျိုးနွယ်စု စစ်သည်က သူ့ယပ်တောင်ကို ဝေ့ယမ်းလိုက်လေ၏။

ဦးခေါင်းထက်ရှိ အချင်းဝက် အကီလိုမီတာ အချင်းဝက်အတွင်း၌ တိမ်မဲများက ချင်ချင်း ပေါ်လာကာ လျှပ်စီးနှင့် မိုးခြိမ်းသံများက ကောင်းကင်ကို ပေါက်ကွဲထွက်သွားစေ၏။

ကုလော့က ရှေ့သို့ တိုးလိုက်ကာ ကြီးမားသော လှိုင်းလုံးကြီးများလဲ ရုတ်တရက် မြေပြင်ပေါ်တွင် တိုးဝှေ့လာကြပြီး သွေးမျိုးနွယ်စုကျင့်ကြံသူနှစ်ဦးပေါ်သို့ ကျရောက်လာလေ၏။

“ဝိညာဉ် တစ်သောင်းတပ်၏ ဗိုလ်ချုပ်များ အကျွနု်ပ်၏ အမိန့်ကို နာခံပါ။ ရှေးဟောင်း သွေးနတ်ဆိုး ဖွဲ့စည်းခြင်းကို တည်ဆောက်ပါ။”

မာလင်၏ လက်ထဲတွင် ဆိုင်းပုဒ်အသေးလေးတစ်ခုက ရုတ်တရက် ပေါ်လာပြီး ထိုထဲမှ ဝိညာဉ် စစ်သည်တော် အများအပြားက ထွက်ပေါ်လာပြီး အလွန်ကျယ်ပြန့်သော မန္တန်ဖွဲ့စည်းခြင်းတစ်ခုကို ဖန်တီးထားကာ အမြင့်ပေတစ်သောင်းကျော်ရှိသော သွေးနတ်ဆိုးတစ်ကောင်၏ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာလေ၏။

သွေးနတ်ဆိုး၏ ခန္ဓာကိုယ်မှာ တစ်ခုလုံး ကြက်သွေးရောင် ဖြစ်ပြီး ထိုသည်က ကြက်သွေးရောင် ဓားမော့ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ လှိုင်းလုံးကြီးများကို ခွဲဖြတ်ရန် အသုံးပြုလိုက်လေ၏။

သို့ဖြစ်၍ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ် ၄ဦးကြားမှ တိုက်ပွဲတစ်ခုက စတင်လာလေပြီ။

အန်လင်းက သူ့အုတ်ခံပေါ်မှ လေထဲသို့ ခပ်မြင့်မြင့်ပျံသန်းသွားကာ မြေပြင်တွင် ဖြစ်ပွားနေသော ကမ္ဘာမြေအက်ကွဲစေနိုင်လောက်သည့် တိုက်ပွဲအတွက် ရှေ့ဆုံးမှကြည့်ရှုသူဖြစ်လာလေ၏။

ကတ်စီဒီက နဂါးမျိုးနွယ်စု ကျင့်ကြံသူ အိုမင်ယွီဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး မာလင်မှာမူ ငါးမန်းမိစ္ဆာနှင့် တိုက်ပွဲရင်ဆိုင်နေလေ၏။

အန်လင်းက တိုက်ပွဲများကို ကြည့်ရုံနှင့်ပင် မရင်းနှီးသော ကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းရည်ကို ဆုံးဖြတ်နိုင်ပေ၏။

အိုမင်ယွီ၏ ကျင့်ကြံခြင်း အခြေခံမှာ ပျက်ပြယ်ခြင်းစဦးအဆင့်တွင် တည်ရှိနေ၍ ကတ်စီဒီက တိုက်ပွဲအတွင်း၌ ချက်ချင်းပင် အသားစီးရသွားလေ၏။

သူဆင့်ခေါ်ထားသော လျှပ်စီးနှင့် မုန်တိုင်းများက အလွန်ကြောက်မက်ဖွယ်ဖြစ်သော်လည်း သူက သူ့၏ တိုက်ခိုက်မှုများအားလုံးကို သူမ၏ ရွေ့လျားခြင်း နည်းစနစ်များ အသုံးပြုကာ အလွယ်တကူ ရှောင်နေသော ကတ်စီဒီကို တစ်ချက်ပင် ထိအောင် မတိုက်ခိုက်နိုင်ပါ။

နှိုင်းယှဉ္ကြည့်ပါက ကတ်စီဒီ၏ ​ကြောက်မက်ဖွယ် ကြက်သွေးရောင် ဓားအလင်းတန်းများက အိုမင်ယွီ ဖြစ်ပေါ်စေသော မုန်တိုင်းကို စုတ်ဖြဲပစ်နိုင်ကာ သူက လက်မောင်းတွင် ဒဏ်ရာအကြီးကြီး ရနေပြီဖြစ်၏။

အန်လင်းက အိုမင်ယွီ၏ နေရာတွင် ဝင်စဉ္းစားမိသောအခါ သူက မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်နှင့် အန်ကီရင်၏ စွမ်းအားကိုပါ ဆွဲယူပြီးသည့်တိုင်အောင် ကတ်စီဒီ၏ ဓားအလင်းတန်းများကို ခံယူနိုင်မည်လားဆိုသည်ကို မသေချာပါပေ။

စစ်မြေပြင်၏ တစ်ခြားတစ်ဖက်တွင်မူ ကုလော့နှင့် မာလင်မှာ အတော်လေး အတွဲညီပေ၏။

သူတို့၏ ကျင့်ကြံခြင်းအခြေခံများက ပျက်ပြယ်ခြင်း စဦးအဆင့်၏ အထွတ်အထပ်တွင် ဖြစ်ကြ၍ နှစ်ဦးစလုံးမှာ ကတ်စီဒီနှင့် ညီတူညီမျှ ဖြစ်ကာ တိုက်ပွဲထဲတွင် မည်သူကမှ အသားစီးမရနေပါချေ။

အိုမင်ယွီမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်နှင့် စတင်ပြီး စိုးရိမ်စပြုလာလေပြီ။

ကုလော့မှာ အချိန်မရွေးအဆုံးသတ်မရောက်နိုင်သည်မှာ သေချာလှသည်မို့ သူက ဘာလုပ်နိုင်မည်နည်း။

အရာများက ဤကဲ့သို့ ဆက်ဖြစ်နေပါက သူက ကတ်စီဒီ၏ သေအောင် အပိုင်းပိုင်းဖြတ်ခြင်းကို ခံရတော့မည်ဖြစ်သည်။

တခြားသော ကြီးမားလှသည့် ကြက်သွေးရောင်ဓားအလင်းတန်းကြီးက ကောင်းကင်နှင့် မြေကြီးကို ခုတ်ပိုင်းကာ အိုမင်ယွီပေါ်သို့ ခွန်အားကြီး သတ်ဖြတ်လိုစိတ်များဖြင့် ဆင်းသက်လာလေ၏။

ဓားအလင်းတန်းကို မြင်သောအခါ အိုမင်ယွီ၏ ကျောရိုးတစ်လျောက်မှာ စိမ့်အေးလာကာ ဒေါသတကြီး အော်သံတစ်ခုကို ထုတ်လွတ်လိုက်ပြီး အလျားပေထောင်ပေါင်းများစွာရှိသည့် ဧရာမ နဂါးဖြူကြီးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းသွားကာ သူ့၏ အမြှီးကို ကြောက်မက်ဖွယ်ဓားအလင်းတန်းကြီးဆီသို့ တိုးဝင်သွားလိုက်လေ၏။

ဘုန်း...

အိုမင်ယွီမှာ တိုက်ခတ်မှု အားအင်ကြောင့် အနောက်သို့ လွင့်ထွက်သွားပြီး ချက်ချင်းပင် ခေါင်းပင်ပြန်လှည့်မကြည့်ပဲ တိုက်ပွဲမှ ထွက်ပြေးသွားလေတော့သည်။

ကတ်စီဒီက လိုက်မဖမ်းရန် ရွေးချယ်လိုက်၏။ သူမက လိုက်ဖမ်းခဲ့လျှင်တောင် သူ့ကို မီရန်အတွက် အလွန်ခက်ခဲပေ၏။ မည်သိုဆိုဆို ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲအတွင်း၌ စွမ်းအားသိသိသာသာ ကွာခြင်းခြင်းမရှိပါက အားနည်းသောဘက်မှ ထွက်ပြေးနိုင်သည့် အခွင့်အရေး အလွန်များပေ၏။

ကုလော့က တပ်ဆုပ်သွားသော အိုမင်ယွီကို ငကြောက်တစ်ကောင်အဖြစ် ဆဲရေကာ သူသည်လည်း တိုက်ပွဲမှ ထွက်ပြေးသွားလေတော့သည်...

သို့ဖြစ်၍ ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခုက အချိန်တိုအတွင်းမှာပင် ပြီးဆုံးသွားကာ သွေးမျိုးနွယ်စုမှ အောင်နိုင်သူများ ဖြစ်သွားကြလေတော့၏။

“ဟားဟားဟား... ဂိုဏ်းချုပ် ကတ်စီဒီ၊ ရန်သူတွေကို တပ်ဆုပ်အောင်တွန်းအားပေးနိုင်တာ ဂိုဏ်းချုပ်ရဲ့ အကူအညီကြောင့်ပါ။” မာလင်မှာ အိုမင်ယွီနှင့် ကုလော့တို့၏ နောက်ကျောကိုကြည့်ကာ အလွန်ပျော်ရွှင်နေပြီး ကတ်စီဒီကို အရိုအသေပေးလိုက်လေ၏။

“နင်က ကြင်နာလွန်းနေပါပြီ။” ကတ်စီဒီက မာလင်ဆီသို့ အပြုံးခပ်ဖျော့ဖျောဖြင့် လျှောက်သွားလိုက်လေ၏။ သူမလမ်းလျှောက်သည့်အခါ သူမ၏ ခါးသွယ်သွယ်လေးမှာ ယိမ်းနွဲ့နေပြီး သူမ၏ ဖွံ့ဖွံ့ထွားထွား ရင်ဘတ်မှာ သူမလှုပ်ရှားမှုအတိုင်း နိမ့်ချည်မြင့်ချည်ဖြစ်နေကာ အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေ၏။

မာလင်မှာ ကတ်စီဒီ၏ အလှ​ဖြင့် ခေတ္တဖမ်းစားခြင်း ခံလိုက်ရပြီး ထိုအချိန်အတွင်းမှာပင် သူ့ရှေ့တွင် ပေါ်လာလေ၏။

ထိုသည်က သူမ၏ ကြက်သွေးရောင် ဓားက လေထုကို ထိုးဖောက်သွားပြီး မာလင်၏နှလုံးသားဆီသို့ ချွန်ထက်စွာ ထိုးဖောက်သွားလေ၏။

သူမ ထိုးချက်၏ ကြောက်မက်ဖွယ်စွမ်းအားက မြေပြင်ပေါ်တွင် အက်ကွဲကြောင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်ပြီး မာလင်၏အနောက်ဘက် မိုင်ပေါင်းများစွာကို ကျယ်ပြန့်သွားကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အကွာအဝေးအက်ကွဲကြောင်းများ ဖြစ်ပေါ်စေ၏။

အရာရာမှာ အလွန်လျင်မြန်စွာနှင့် ဆက်တိုက်ဆန်စွာ ဖြစ်သွားခြင်းပင်။

မာလင်မှာ လုံးဝ သတိလက်လွတ်ဖြစ်နေပြီး သူ့ရင်ဘတ်မှ ဒဏ်ရာကို မယုံနိုင်စွာ ငေးကြည့်နေလေ၏။

ဘုန်း...

သူ့ခန္ဓာကိုယ်က ရုတ်တရက် အနက်ရောင်မြူခိုးတိမ်တိုက်တစ်ခုအဖြစ် ပေါက်ကွဲသွားပြီး မီတာများစွာ အဝေးတွင် စုစည်းသွားလေ၏။

မာလင်၏ ရင်ဘတ်မှ ဒဏ်ရာမှာ အပြည့်အဝပြန်ကောင်းသွားပြီဖြစ်သော်လည်း သူ့၏ သွင်ပြင်များက သိသိသာသာ ဖြူဖျော့နေ၍ သူက အပြင်းအထန် ဒဏ်ရာရထားသည်မှာ ရှင်းလင်းလှပေ၏။

ကတ်စီဒီက ရှေ့သို့လှမ်းလာပြီး သူတို့ပတ်လည်မှ အချင်းဝက် ကီလိုမီတာဝင်အတွင်းရှိ  နေရာလပ်ကို ချိတ်ပိတ်လိုက်ကာ မာလင်၏ လွတ်လမ်းများအားလုံးကို ပိတ်သိမ်းပစ်လိုက်လေ၏။

“ဘာလို့လဲ... ငါတို့က မျိုးနွယ်စု တစ်ခုတည်းလေ...။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ရန်ညိုးလဲမရှိဘူး။” မာလင်က အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ကာ ကတ်စီဒီကို ကြောင်ကြည့်နေလေ၏။

ဂုဏ်ယူပြီး ခန့်ညားလှသော အမူအရာဖြင့် ကတ်စီဒီက သူ့ရှေ့တွင် ရပ်နေကာ တည်ကြည်သော မျက်နှာထားဖြင့် သူမ၏ ကြက်သွေးရောင်ဓားကို မာလင်ဆီသို့ ညွှန်ပြလိုက်လေ၏။

“ဘာလို့လဲဟုတ်လား...။ ဒီကမ္ဘာကြီးရဲ့ အပြစ်တွေအားလုံးကို သန့်စင်ပေးဖို့လေ...။”

မာလင် : “...”

--------------

All Chapters