သေစေနိုင်သော အဆိပ်ဖြင့် သုတ်လူးထားသော ဓားတစ်ချောင်း
Vol. 38 Ch. 534
ဒီကမ္ဘာကြီးရဲ့ အပြစ်တွေအားလုံးကို သန့်စင်ဖို့...။
မာလင်မှာ လုံးဝပင် ပြောစရာ စကားမဲ့နေလေ၏။ ဤသည်က သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက ပြောသင့်သည့်အရာပေလား။ ဤကတ်စီဒီက သူလျှိုတစ်ယောက် ဖြစ်ရပေမည်။
“ငါ့မေးခွန်းကို မဖြေချင်ရင်တောင် ဟာသမလုပ်နဲ့။” မာလင်မှာ အရူးလုပ်ခံရသည်ဟု ခံစားရ၍ သူ့၏ အသံမှာ ဒေါသကြောင့်မြင့်တက်လာ၏။
သို့သော် ကတ်စီဒီ၏ အမူအရာမှာ ဟာသပြုလုပ်နေသည်ဟု ခန့်မှန်းရအောင် စိတ်ခံစားချက်တစ်စုံတစ်ရာမရှိပဲ တစ်ပုံစံတည်းတည်ရှိနေလေ၏။
ထိုအချိန်၌ အဖြူရောင်အလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းကာ ကတ်စီဒီဆီသို့ ဦးတည်လာလေ၏။
ကတ်စီဒီက အလင်းတန်း လှည့်ကြည့်ကာ ဖမ်းလိုက်ရာ ထိုသည်က သွေးများစွန်းနေသော အဖြူရောင် ဓားရှည်တစ်ချောင်းဖြစ်သည်ကို တွေ့လိုက်ရလေ၏။
သူမက သူမ၏ နောက်မှ အဝေးတွင် ရပ်နေသော အမျိုးသားကို လှည့်ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းသွားလေ၏။
“သွေးပေါ်မှာ စွန်းနေတာ ငါ့သွေးတွေပဲ။ မာလင်ကို ငါ့သွေးရဲ့ ခွန်အားကို မြည်းခိုင်းလိုက်ပါအုံး။” အန်လင်း အပြုံးတစ်ခုနှင့် ပြောလိုက်လေ၏။
ကတ်စီဒီက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြလိုက်လေ၏။
မာလင်က နောက်ဆုံးတွင် သူ့၏ တည်ရှိမှုကို အမေ့ခံထားရသော အဝေးမှ အမျိုးသားကို ကြည့်လိုက်လေ၏။
သူက နောက်ဆုံးတွင် ဤစက္ကန့်ပိုင်းလေးအတွင်း၌ ဘာတွေ ဖြစ်နေသလဲဆိုသည်ကို နားလည်သွားလေပြီ။ ထိုအမျိုးသားက ကတ်စီဒီ၏ အဆာပြေတင်မကပဲ သူတို့၏ ဆက်ဆံရေးမှာ သေချာပေါက်ပင် ထိုသည်ထက် နက်ရှိုင်းပေ၏။
ကတ်စီဒီက ထိုအမျိုးသားကြောင့် သူ့ကို တိုက်ခိုက်ခြင်း ဖြစ်နိုင်ပေ၏။
ကတ်စီဒီက အဖြူရောင် ဓားရှည်ကို ဆွဲကိုင်လိုက်ကာ မာလင်ဆီသို့ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုနှင့် လှည့်လိုက်လေ၏။ “မာလင်... နင့်အတွက်တော့ ဒီဟာက ဓားသွားပေါ်မှာ အဆိပ်တွေ သုတ်လိမ်းထားတဲ့ ဓားတစ်ချောင်းပဲ...။”
ထို့နောက် သူမက ဓားသွားပေါ်သို့ လျှာဖြင့်လျက်လိုက်ကာ သူမမျက်နှာထက်တွင် ရှက်သွေးဖြာလာပြီး သူမ၏ အသက်ရှုနှုန်းများက မြန်လာကာ ကျေနပ်သော အမူအရာတစ်ခုက သူမ၏ မျက်နှာထက်တွင် ပေါ်လာလေ၏။
မာလင်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သူ့မျက်လုံးထဲတွင် ကတ်စီဒီက ဓားပေါ်မှ သွေးကို လျှက်ခြင်းဖြင့် ဆန်းကြယ်နည်းစနစ်တစ်ခုကို ထုတ်လွှတ်တော့မည်မှ ရှင်းလင်းနေ၏။
ကတ်စီဒီက ဆက်ပြောလိုက်၏။ “အဲဒါက တကယ်ပဲ သေစေနိုင်တဲ့ အဆိပ်လူးထားတဲ့ လက်နက်တစ်ခုပဲ...”
သူမက ထပ်လျက်လိုက်ပြန်၏။
ထို့နောက် တခြားသော ဆွဲဆောင်မှုအပြည့်နှင့် ညီးညူသံတစ်ခုက ထွက်လာပြန်၏။
မာလင်၏ မျက်လုံးများက စိတ်ရှုပ်ထွေးစွာ ပြူးကျယ်သွားလေ၏။ “...”
“အဲဒါက အဆိပ်ပေမဲ့ နင့်ရဲ့ ဖြစ်တည်မှုကို သန့်စင်ပေးပြီး ဘဝရဲ့အဓိပ္ပာယ်အမှန်ကို နားလည်ဖို့လဲ ကူညီပေးအုံးမှာ။”
ကတ်စီဒီက နောက်တစ်ချက် လျက်လိုက်ရင်း သူမ၏ မျက်လုံးများက လှိုင်းများထလာလေ၏။
ထိုအချိန်မှာပင် အနက်ရောင် အရိပ်တစ်ခု လေထုကို ဖြတ်ကာ ပျံသန်းလာပြီး ကတ်စီဒီ၏ ခေါင်းကို လွှဲရိုက်လိုက်လေ၏။
“စောက်ကျိုးနည်း လျက်နေတာကို တော်တော့။ နင် ဆက်ပြီးလျက်နေရင် သွေးကျန်မှာမဟုတ်တော့ဘူး။” အန်လင်းက ဒေါသတကြီး ဆိုလိုက်လေ၏။
ကတ်စီဒီက သူမ၏ ပြည့်တင်း ရဲစိုနေသော နှုတ်ခမ်းများကို ဆူလိုက်လေ၏။ “ငါထိန်းလို့မရဘူး...”
ထိုသည်ကို ကြားပြီးနောက် အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ ထိုသည်က မည်ကဲ့သို့ ဆင်ခြေမျိုးနည်း။ ဤကဲ့သို့ ဆက်သွားပါက သူယခင်က ပြောခဲ့သော သွေးဆုလာဒ်စနစ်ကို ရုတ်သိမ်းပစ်တော့မည်ဖြစ်၏။
သူမက လက်နက်မှ သွေးများကို လျက်ြခင်းအား အလွန်အကျူး စွဲလမ်းနေပါက တခြားသူများကို မည်သို့ သတ်တော့မည်နည်း။
မာလင်က သူတို့နှစ်ဦးအား ကြောင့်ကြည့်နေလေ၏။ သို့သော် သူက ဤအချိန်ပိုင်းအတွင်ူ ဘာမှသိမည်မဟုတ်သည်မှာတော့ သေချာပေ၏။ သူက သူ့နောက်တွင် လက်ချိတ်စည်းတစ်သီကြီးကို ပြုလုပ်ပြီးဖြစ်ကာ ကတ်စီဒီ၏ အကွာအဝေး ချိတ်စည်းမှ လွတ်မြောက်ရန် ကြိုးစားနေလေ၏။
အန်လင်းဆီမှ အရိုက်ခံရပြီးနောက် ကတ်စီဒီက နောက်ဆုံးတွင် လုပ်လက်စ လုပ်ငန်းစဉ္အား ပြန်လည်အာရုံစိုက်ကာ မာလင်ဆီသို့ တိုးဝင်သွားလိုက်လေ၏။
တုန့်ပြန်သည့်အနေဖြင့် မာလင်က သူ့၏ ဆိုင်းပုဒ်လေးကိုထုတ်လိုက်ပြီး ကတ်စီဒီ၏ တိုက်ခိုက်မှုများကို ခုခံရန်အတွက် ဝိညာဉ် စစ်သည်တော်များကို ဆင့်ခေါ်လိုက်လေ၏။
သူတို့နှစ်ဦးမှာ ကျင့်ကြံခြင်း အခြေခံက ညီမျှသော်လည်း မာလင်က ကတ်စီဒီ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်၍ မကြာခင်မှာပင် လက်ရည်နိမ့်လာရလေသည်။
မာလင်က မကြာမီတွင် သူ့၏ခါးတွင် ဒဏ်ရာတစ်ခုရရှိသွားပြီး ချက်ချင်းပင် တပ်ဆုပ်သွားလေ၏။ သို့သော် ကတ်စီဒီက ထိုသည်ကို အခွင့်အရေးယူကာ အသားစီးမယူခဲ့ပါပေ။ ထိုအစား သူမက ဓားရှည်ကို ကိုင်ကာ အဝေးတွင် ရပ်နေပြီး သူမ၏ မျက်နှာထက်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာလေ၏။ “အခုက မြင့်မြတ်သွေးက နင့်ရဲ့ မကောင်းဆိုးဝါးခန္ဓာကိုယ်ကို သန့်စင်ပေးဖို့ အချိန်ရောက်ပြီ။”
သူမက စကားပြောရင်း ဓားရှည်သို့ သူမ၏ နှုတ်ခမ်းများဆီသို့ ထပ်ပံယူဆောင်လာလိုက်ပြန်၏။
သို့သော် သူမ၏ မျက်ခုံးများက ရွံရှာမှုဖြင့် အနည်းငယ်တွန့်ကွေးနေကာ ယခုတွင် မာလင်၏ သွေးများဖြင့် ဖုံးနေသော ဓားသွားကို ကြည့်လိုက်လေ၏။
ထိုသည်က သူမအတွက် အတော်ပင် ထူးဆန်းပါ၏။ သူမက သွေးအမျိုးအစားအားလုံးကို ချစ်နှစ်သက်ပြီး အစားရွေးသူ မဟုတ်ပါပေ။
နေပါအုံး...။
ကတ်စီဒီက ရုတ်တရက် သေဘာပေါက်သွားလေ၏။ ဤသည်က သူမ၏ နှလုံးသားထဲတွင် ချမှတ်ထားသော ရယ်ရွှင်ဖွယ် အခြေခံ စံနှုန်းမြင့်မားမှုကြောင့်သာ ဖြစ်၏။
သခင်အန်လင်း၏ အရသာရှိသော သွေးကို အခြေခံ စံနှုန်းထားပါက သူမက မည်ကဲ့သို့ တခြားအရည်အသွေးနိမ့် သွေးများကို စိတ်ဝင်စားပါတော့မည်နည်း။
မာလင်က ကတ်စီဒီမှာ လုံးဝ ရူးသွားပြီဟု ခံစားလိုက်ရ၏။ သူမ ပါးစပ်မှထွက်လာသမျှ အရာရာမှာ နားမလည်နိုင်စရာဖြစ်နေပြီး လုံးဝပင် အဓိပ္ပာယ်ရှိမနေပါချေ။
ထို့နောက် မာလင်က သူတို့၏ တိုက်ပွဲကို ကြည့်ရှုနေသော အထက်မှ လူသားအမျိုးသားကို ကြည့်လိုက်ရာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေ၏။ ကတ်စီဒီက တစ်နည်းနည်းနဲ့ အဲ့အမျိုးသားရဲ့ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည်လား။
ဝိညာဉ် ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးက ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းတွင် ပေါ်လာသည်မှာ မယုံနိုင်ဖွယ် ဖြစ်နေပြီး ဖြစ်၏ ထို့အပြင် သူက အလွန် တည်ငြိမ်နေပြီး သူ့မျက်နှာထက်တွင် အကြောက်တရား တစ်စက်ပင် ရှိမနေပါချေ။ ဤသည်မှာ တစ်စုံတစ်ဦးက သူ့တို့ထက် အစွမ်းထက်သော ရန်သူကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ တုံ့ပြန်မည့် သာမန် တုံ့ပြန်မှုွမဟုတ်ပါချေ။
ထိုအတွေးများအားလုံးက အာလင်၏ စိတ်ထဲတွင် ပေါ်လာစဉ္တွင် သူ့ခန္ဓာကိုယ်အတွင်းမှ သွေးများက ရုတ်တရက် မဖော်ပြနိုင်သော စွမ်းအင်အမျိုးအစားတစ်ချို့၏ ကျူးကျော်ခြင်းကို ခံလိုက်ရ၏။
“အား...” သူ့ဒူးများက ခွေကျသွားပြီး သူက ရင်ဘတ်ကို နာကျင်စွာ ဆုတ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ဒူးတစ်ချောင်းထောက်ကာ ပြုတ်ကျသွားလေ၏။
စွမ်းအင်မှာ တစ်စုံတစ်ခုကို မောင်းထုတ်နေကာ တစ်စုံတစ်ခုကို ဖျက်စီးနေသော်လည်း တစ်စုံတစ်ခုက အသစ် မွေးဖွားလာလေ၏။ ထိုသည်က ကမ္ဘာပေါ်မှ အမှောင်ထုအားလုံးကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်ပြီး ထို့နောက်တွင် နေရောင်က လုံးဝဟလင်းလက်လာလေတော့၏။ ဤဆန်းကြယ်လှသောခံစားချက်မှာ သူ့အား မသိလိုက်မသိဘာသာ ညည်းညူအောင် ပြုလုပ်လိုက်လေ၏...။
“ငါ့ခန္ဓာကိုယ်... အဲ့က ပြောင်းလဲသွားပြီ။ မဟုတ်ဘူး။ အဲဒါကမှ... ငါ့ရဲ့ တကယ့် ခန္ဓာကိုယ်ပဲ...” မာလင်က တုန်ယင်နေသော အသံဖြင့် စကားပြောနေဆဲတွင် ပြင်းထန်စွာ အသက်ရှုနေရလေ၏။
သူက ယခုတွင် နားလည်သွားလေပြီ။ သူက နောက်ဆုံးတွင် ကတ်စီဒီဘာပြောနေသလဲဆိုသည်အား နားလည်သွားလေပြီ။
သူက မတွန်းလှန်နိုင်ပါပေ...
သူ့၏ ဖြစ်တည်မှုကို သန့်စင်ပေနိုင်သော ဤကဲ့သို့ အရသာရှိလှသည့် အစားအစာကို မတွန်းလှန်နိုင်ပါပေ။
မာလင်က မြေပြင်ပေါ်မှ ထရပ်ကာ သူ့လက်မောင်းများကို စိတ်အားထက်သန်သော ကိုးကွယ်သူတစ်ဦးကဲ့သို့ ဖြန့်ကားလိုက်လေ၏။ “လာစမ်းပါ။ ကတ်စီဒီ... သေစေနိုင်တဲ့ အဆိပ်တွေ သုတ်ထားတဲ့ နင့်လက်နက်နဲ့ နင့်စိတ်ကြိုက် ငါ့ကို ထိုးလိုက်စမ်း...။”
ကတ်စီဒီ၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာလေ၏။ သူမက လျက်ရမည်လား မလျက်ရဘူးလား ကြားမှ အကျဉ္းအကျပ်တွင် ရုန်းကန်နေဆဲဖြစ်၏။ သူမက သူ့သခင်၏ သွေးများကို အလဟသမဖြစ်စေချင်သော်လည်း မာလင်၏ သွေးများကြောင့် ညစ်ညမ်းသွားပြီ ဖြစ်၏။ သူမက ဘာလုပ်သင့်သနည်း။
ရွှယ်ကျန်းထျန်က လက်နက်ချသည့် အမူအရာဖြင့် သူ့နဖူးသူရိုက်လိုက်လေ၏။ “လာပြန်ပြီ နောက်တစ်ယောက်။”
ထိုအခိုက၌ အန်လင်းက ကျက်သရေ အပြည့်နှင့် အုတ်ခဲပေါ်မှ ခုန်ဆင်းလာလေ၏။ ဤသည်က သူစင်ပေါ်တင်ရမည့်အချိန် ဖြစ်သည်။
အန်လင်းကို မြင်သောအခါ မဖော်ပြနိုင်သော ခံစားချက်တစ်ခုက မာလင်၏ နှလုံးသားထဲတွင် ဖြစ်တည်လာ၏။
သူ့ရှေ့တွင် ရပ်နေသော ထိုအမျိုသားမှာ သူ့အား ဘဝအသစ်တစ်ခု ပေးအပ်လာသော နတ်ဘုရားဖြစ်လေ၏။ သူက ထိုအမျိုသားကို နာကျင်အောင် မလုပ်လိုပါချေ။ သူလုပ်ချင်သည်မှာ သု့၏ နန်ဘုရားကို ချစ်ခင်ကာ ကာကွယ်ပေးချန်နေပေတော့၏...။
မာလင်မှာ အနည်းငယ် ကြောင်နေလေ၏။ ဖြစ်နိုင်တာက... သူက ချစ်မိသွားတာလား... မဟုတ်ပါဘူး။ မဖြစ်နိုင်ဘူး...
ဟုတ်တယ်...။ ဓားပေါ်က သွေးက အဲ့အမျိုးသားဟာပဲ။
မာလင်က ချက်ချင်းပင် အခြေအနေများကို ဖမ်းဆုတ်ကာ သူ့အတွင် အရာရာက ရုတ်တရက် ရှင်းလင်းသွားပေ၏။
အန်လင်းက မာလင်ကို သိမ်မွေ့သော အမူအရာဖြင့် ငုံ့ကြည့်လိုက်လေ၏။ “ငါနဲ့ အစေခံစာချုပ်ချုင်လိုက်။ ငါမင်းကို့ ငါ့သွေးထပ်ပေးမယ်။ ငါက နင့်ကို ဘဝသစ်တစ်ခု ပေးအပ်ပေးမယ်။”
မာလင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ ကတ်စီဒီကို တုံ့ဆိုင်းစွာ ကြည့်လိုက်လေ၏။ “အဲဒါ နင်ဖြစ်နိုင်တယ်...။”
“ဟုတ်တယ်။ ငါက သူ့နောက်ကို လိုက်ပြီး အဆင့်အသစ် တစ်ခုကို တက်ရောက်ဖို့ကို ရွေးချယ်လိုက်တာ။” ကတ်စီဒီက အရှက်မရှိသည့်အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်လေ၏။
ကွဲပြားသော ပြောင်းလဲမှုတစ်ခုကို ပြုလုပ်သော ပထဆုံးသော လူဖြစ်လာရန်အတွင် သတ္တိလိုပေ၏။
သို့သော် ရှေ့လူက ခြေတစ်လှမ်းပြုလုပ်ပြီးနောက် သူတို့၏ ေုခရာကို လိုက်ရမည့် ့လူတိုင်းတွင် စိတ်ဖိစီးမှုများက သိသိသာသာ လွှင့်ပျောက်သွားလေ၏။
မည်သို့ဆိုဆို ကောင်းကင်ဘုံ သွေးမျိုးနွယ်စု၏ ခွန်အားကြီး ဂိုဏ်းချုပ်သည်ပင် အန့်လင်း၏ အစေခံဖြစ်လာ၍ မာလင်းသည်လည်း သူ့အစေခံဖြစ်လာရန်မှာ မလွန်ကျူးပါပေ...။
မာလင်က ခေတ္တမျှ တုံ့ဆိုင်းနေကာ ခေါင်းကြိမ့်သဘောတူလိုက်လေ၏။
ထို့နောက်သူက ပင်လယ်ပြာ နဂါးကြိုးဖြင့် ချည်နှောင်ခြင်း ခံလိုက်ရ၏။
မာလင်က အန်လင်းကို ကြောင်အစွာ ငေးကြည့်လိုက်လေ၏။ အစေခံစာချုပ်ချုပ်ဖို့ကို သူက ဘာလို့ ကြိုးချည်ခံရတာလဲ။
ထို့နောက် သူ့ကျောရိုးတစ်လျှောက် စိမ့်အေးသွားလေ၏။
အဲဒါက.. ထိုအမျိုးသားက တချို့သော ထူးထူးခြားခြား စွဲလမ်းမှုတွေ ရှိနေသည်ဖြစ်နိုင်ပေလား။
အန်လင်းက မာလင်၏ တုံ့ပြန်ချက်ကိုမြင်သောအခါ နှုဝ်တင်းတင်းစေ့ပြီး ရှင်းပြလိုက်၏။ “နင်က တစ်ယောက်ယောက်လိုမျိုး သွေးကို မျိုမချအောင်လို့ ကြိုတင်ကာကွယ်တာတွေ လုပ်တာပါ။”
ကတ်စီဒိက လျှာလေးကိုထုတ်ကာ ရှက်ကိုးရှက်ကန်းနှင့် ခပ်ဖွဖွ ပြုံးပြလေ၏။
အန်လင်းက သူမဆီသို့လှည့်ကာ ကောင်းကင်ကို ညွှန်ပြလိုက်လေ၏။
ကတ်စီိဒီက သူ့ကို အမူအရာမဲ့ ကြည့်လိုက်လေ၏။ “ဘာလဲ။”
“ဒီကနေ အဝေးကို သွား။ နင်က ငါ့သွေးအဆီအနှစ်ပေါ်ကို ထပ်ပြီး ခုန်အုပ်ဖို့ ကြိုးစားလာရင် နင့်ကို ချည်ထားစရာ ကြိုးမရှိတော့ဘူး...” အန်လင်းက တင်းမာသော အမူအရာတစ်ခု ထုတ်လုပ်လိုက်လေ၏။
ကတ်စီဒီ : “...”
သူမ ထွက်သွားပြီးနောက် အန်လင်းက မာလင်၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်ကာ သူ့ကို နေရာတွင် ထိမ်းထားလိုက်လေ၏...။
...
အဆုံးတွင် အန်လင်းက မာလင်နှင့် အစေခံစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့လေပြီ။
ယခုမူ သူ့တွင် တခြားသော ပျက်ပြယ်ခြင်းအဆင့် လူယုံတော် နောက်တစ်ယောက် ရှိနေလေပြီ။
---------------