သွေးမျိုးနွယ်စု တပ်ကြီးတစ်ခု တည်ဆောက်ခြင်း
Vol. 38 Ch. 535
မာလင်ကိုပါ ထပ်အေါင်းလိုက်ပါက ယခုတွင် အန်လင်း၌ ပျက်ပြယ်ခြင်းအဆင့် အစေခံနှစ်ဦး ရှိနေပြီ ဖြစ်၏။
သူက သူ့သွေးကို အသုံးပြုကာ ပျက်ပြယ်ခြင်းအဆင့် သွေးမျိုးနွယ်စုတစ်ကြီးတစ်ခုလုံးကို အုပ်စိုးရန် ကြိုးစားသင့်သည်ဟု ခံစားလိုက်ရ၏...။
ထို့နောက် သူက သူ့၏ သွေးမျိုးနွယ်စု တပ်ကြီး၏ စွမ်းအားကို အသုံးပြုကာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များကို အလျင်အမြန်စုဆောင်းသင့်ပေ၏။ မည်သို့ဆိုဆို သူ့တစ်ယောက်တည်း၏ ခွန်အားက အကန့်အသတ်ဖြစ်သော်လည်း လူအများစု၏ စုပေါင်းခွန်အားမှာ အကန့်အသတ်မဲ့ ဖြစ်ပေ၏။
“အဟမ်း... မိုင်လေး... မင်းရဲ့ တခြားအဖော်တွေ ဘယ်မှာရှိလောက်လဲ သိလား။” အန်လင်းက မေးလိုက်လေ၏။
ထိုနာမည်ပြောင်ကို ကြာပြီးနောက် မာလင်၏ ရင်ဘတ်မှာ တင်းကြပ်သွားလေ၏။ မိုင်လေး...။ အဲ့အစား ဘာလို့ ထမင်းလို့ မခေါ်လိုက်တာလဲ။
သူက ခေါင်းခ်ပြလိုက်လေ၏။ “ဒီပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းမှာ ရှိနေတဲ့ အတောအတွင်း တခြားသွေးမျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ မတွေ့ရသေးဘူး။”
ထိုသည်ကိုကြားပြီးနောက် အန်လင်းမှာ အနည်းငယ် စိတ်ပျက်သွားလေ၏။ သူက ကတ်စီဒီ၏ စကားများမှ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းကို ဝင်လာသော ပျက်ပြယ်ခြင်းအဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူ စုစုပေါင်း လေးယောက်ရှိသည်ကို သိထားလေ၏။ ထိုသည်က သူတို့က မကျရှုံးသေးသရွေ့ သူ့၏ တပ်ထဲသို့ အဖွဲ့ဝင်သစ်နှစ်ဦး ထပ်တိုး၍ ရနိုင်သေးသည်ဟု ဆိုလိုခြင်းပင်...
“သခင်၊ ငါက နင်မာလင့်ကို ထပ်တိုးဖို့ ကူညီပေးတယ်လေ...။ အခုငါ့ကို နင်ဆုပေးရမဲ့အချိန်...” ကတ်စီဒီ၏ မျက်လုံးများက ရေကဲ့သို့ လှိုင်းထနေကာ အသံတိုးတိုးနှင့် ပြောလိုက်လေ၏။
အန်လင်းက ရုတ်တရက် ဆုပေးစနစ်ကို သတိရသွားပြီး ချက်ချင်း ခေါင်းငြိမ့်ပြလိုက်လေ၏။ “ငါက ကတိတည်တဲ့ ယောက်ျားပါ။ မာလင်ကိြ ထပ်တိုးပေးတာက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦးကို သတ်တာနဲ့ ညီမျှတယ်။ အဲဒါကြောင့် နင့်ကို သွေး ၅မီလီဂရမ် ဆုချမယ်။”
သို့ဖြစ်၍ သူက လက်ချောင်းကို ဖြတ်လိုက်ကာ သွေးစက်ကြီးတစ်စက်က ကတ်စီဒီဆီသို့ လွင့်သွားလေ၏။
ကတ်စီဒီက သူမမျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သွေးစက်ဆီသို့ ပြေးဝင်သွားကာ သွေးတစ်စက်လုံးကို တစ်လုပ်တည်း မျိုချလိုက်ပြီး သူမမျက်နှာထက်တွင် ရှက်သွေး ခပ်ဖွဖွ ဖြာလာပြီးနောက် အစာချေနေစဉ္တွင် ပျော်ရွှင်သည့်အမူအရာဖြင့် မျက်လုံးပိတ်လိုက်လေ၏။
ထိုကဲ့သို့ ကြီးမားလှသည့် သွေးစက်ကို မြင်သောအခါ မာလင်၏ မျက်လုံးများက ခေါင်းမှထွက်ကျတော့မလိုပင် ပြူးကျယ်လာလေ၏။ “သခင်... ငါ... ငါလဲ လိုချင်တယ်။”
အန်လင်း၏ မျက်နှာထက်တွက် အပြုံးခပ်ဖွဖွတစ်ခု ပေါ်လာလေ၏။ “မင်းရဲ့ သိုလှောင်လက်စွပ်ငါ့ကိုပေး။ ငါမင်းကို သွေး ၃မီလီဂရမ် ဆုချမယ်။ အိုး... နင့်ရဲ့ လက်နက်လို့ထင်ရတဲ့ ဆိုင်းပုဒ်သေးလေးကိုတော့ သိမမးထားလို့ရတယ်။”
မာလင်၏ မျက်နှာထက်တွင် ဝေခွဲမရဖြစ်ဟန်တစ်ခုကပေါ်လာသော်လည်း ပျော်ရွှင်ခြင်းကြောင့်တုန်ယီနေသော ကတ်စီဒီကို ကြည့်ကာ နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်လေ၏။ “ကောင်းပြီ။ ငါလုပ်မယ်။”
သို့ဖြစ်၍ အန်လင်းက တခြားသော သွေးကြီးတစ်စက်ကိုသုံးကာ သွေးမျိုးနွယ်စု သိုလှောင်လက်စွပ်နောက်တစ်ခုနှင့် လှဲလှယ်လိုက်လေ၏။
သူက သိုလှောင်လက်စွပ်ကို စိတ်အားထက်သန်စွာ ပြန်လည်းသန့်စင်ပြီး ပါဝင်ပစ္စည်းများကို မွှေနှောင်ရှာလိုက်လေ၏။
သက်ရှိကျောက်တုံး ၁၂၀တုံး၊ စိတ်ဝိညာဉ် လက်နက် ၁၃ခု၊ စိတ်ဝိညာဉ် ဆေးတောင့် ၂၀ကျော်၊ စိတ်ဝိညာဉ် သစ်သီး တစ်ဒါဇင်ခန့်၊ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၂ခု၊ အနီရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၁ခု၊ အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၁၀ခုနှင့် အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် အခု၂၀ တို့ရှိလေ၏...။
ဟီးဟီး... ၃မီလီဂရမ် သွေးနဲ့ဆို အတော်များတဲ့ ပမာဏပဲ။
သိုလှောင်လက်စွပ်ထဲသို့ လျှောက်ကြည့်ပြီးနောက် အန်လင်းက လည်ချောင်းကို ရှင်းလိုက်ကာ မာလင်အတွက် ဆုလာဒ်စနစ်ကို ချမှတ်လိုက်လေ၏။ “အင်မော်တယ် လက်နက်တစ်ခု ရရင် မင်းကို သေ၃မီလီဂရမ်ဆုချမယ်။ စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းရရင် သွေး၁မီလီဂရမ်၊ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တစ်ခုရရင် သွေး၁မီလီဂရမ် ဆုချမယ်...။”
ထိုသည်ကို ကြားပြီးနောက် မာလင်၏ ခန္ဓာကိုယ်မှာ ယမ်းခါသွားလေ၏။
စောက်ကျိုးနည်း...။
ထိုသည်ကို အစကတည်းက သိခဲ့ပါက သူ့၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများအားလုံးကို ဈေးများများနှင့် ပိုပြီး ရောင်းနိုင်ပေ၏။
ထို့နောက် သူက သဘောပေါက်သွားပြီး အန်လင်းဆီသို့ မခံမရပ်နိုင်ကြည့်လိုက်လေ၏။ ဤသည်က အန်လင်း၏ အစီအစဉ္ဖြစ်သည်မှာ သေချာလှပေ၏...။
ဘုန်း...
ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်က ရုတ်တရက် ပြင်းထန်စွာ တိုးဝှေ့လာလေ၏။
တိမ်မဲများက ကြယ်စုံသော ညကောင်းကင်ယံကို ဖုံးအုပ်ထားပြီး ရွှေရောင် လျှပ်စီးကြောင်းများက တိမ်တိုက်မျကို ဖြတ်သန်းကာ တောက်ပလာပြီး ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းစပြုလာလေ၏။
အန်လင်းမှာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်ကာ အလွန်ကြောက်လန့်နေပြီး တစ်ခုသော ခွန်အားကြီးပုဂ္ဂိုလ်တစ်ခုက သူတို့အား တိုက်ခိုက်လာသည်ဟု ထင်နေပေ၏။ သို့သော် ထို့နောက် သူက ကတ်စီဒီဆီသို့ လှည့်လိုက်သောအခါ သူမက အုတ်ခဲပေါ်တွင် တရားထိုင်နေသည်ကို တွေ့ရ၍ အသက်ပြင်းပြင်းရှုလိုက်လေ၏။
“ကတ်စီဒီက ထိုးဖောက်ခြင်း ပြုလုပ်တော့မယ်။ ငါတို့ဒီကနေ အဝေးကို သွားသင့်တယ်။” မာလင်က အန်လင်းနှင့် ရွှယ်ကျန်းထျန်ကို ကတ်စီဒီ၏ အဝေးသို့ဆွဲကာ ပြောလိုက်လေ၏။
အချင်းဝက် ၅၀ ကီလိုမီတာကျော်တွင် စီးဆင်းနေသော သက်ရှိစွမ်းအင်က ဧရာမ သက်ရှိစွမအင် လေပွေကြီးတစ်ခုကို ဖန်တီးနေကာ ကတ်စီဒီ၏ ခန္ဓာကိုယ်ဆီသို့ စုစည်းသွားလေ၏။
ထို့နောက် ရွှေရောင် လျှပ်စီးကြောင်းများက ကတ်စီဒီ၏ ခန္ဓာကိုယ်အား ပစ်ခတ်လိုက်လေ၏။
တောက်ပသော အလင်းတန်းများက ထိုးထွက်လာကာ သူ့၏ တောက်ပနေသော အလင်းရောင်ဖြင့် ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံးကို ရွှေရောင်ခြယ်နေလေ၏။
ပျက်ပြယ်ခြင်းအဆင့်၏ အဆင့်ငယ်လေးများတက်လှမ်းခြင်းတွင် အရေးမပါလှသော လျှပ်စီးအတိဒုက္ခများသာ ဖြစ်ပွား၍ ဦးခေါင်းထက်မှ တိမ်တိုက်များက မကြာမီပင် ပျောက်ကွယ်သွားလေ၏။
ကတ်စီဒီက မတ်တပ်ရပ်ရာ မရေမတွက်နိုင်သော သိမ်မွေ့လှသည့် အော်ရာတစ်ခုက သူမခန္ဓာကိုယ်မှ ထိုးထွက်လာနေလေ၏။ သူမက အဝေးသို့ ကြည့်လိုက်သောအခါ ဆွဲအားတစ်ခုကို သူမ၏ မျက်လုံးထဲတွင် မြင်ရလေ၏။
မာလင်၏ မျက်နှာထက်တွင် မယုံနိုင်သော အမူအရာတစ်ခု ပေါ်လာလေ၏။ “မဖြစ်နိုင်တာ...။ သူမက စဦးအဆင့်ကနေ အလယ်အလတ်အဆင့်ကို တက်တာမဟုတ်ဘူးလား။ ဘာလို့ သွေးနတ်ဆိုး အတိဒုက္ခ တစ်ခုမှမရှိရတာလဲ။”
“သွေးနတ်ဆိုး အတိဒုက္ခ...” အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင် ခတ်လိုက်လေ၏။
“သွေးမျိုးနွယ်စု ကျင့်ကြံသူတွေအနေနဲ့ ငါတို့က သွေးနဲ့ တခြားသက်ရှိသတ္တဝါတွေကို စားသုံရတာလေ။ အဲဒါက ငါတို့ရဲ့ တာအို အခြေခံကို သတ်ရောက်မှုရှိတယ်။ ငါတို့စားသုံးလိုက်တဲ့ သွေးထဲမှာ ပါဝင်တဲ့ မကောင်းတဲ့ ခံစားချက်တွေ အားလုံးက သူတို့ကိုယ်သူတို့ ငါတို့ရဲ့ တစ်ကိုယ်ရေ သွေးနတ်ဆိုးအဖြစ် ကိုယ်ထင်ပြတာ။”
“အဲဒါကြောင့်မို့ ပျက်ပြယ်ခြင်းအဆင့်ကို တက်ပြီးရင် ငါတို့ ထပ်ပြီး တက်လာတဲ့ အဆင့်တစ်ခုစီတိုင်းမှာ သွေးနတ်ဆိုးအတိဒုက္ခကျော်လွှားခြင်း လိုအပ်တယ်...”
မာလင်က စကားပြောရင်း ရုတ်တရက် အန်လင်းဘက်သို့လှည့်လာကာ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူအမူအရာတွင် တောက်ပသော အလင်းရောင်တစ်ခုပါနေလေ၏။ “အခု ငါနားလည်သွားပြီ။ အဲဒါတွေ အားလုံးက သခင့်ကြောင့်ပဲ။ သခင်... သခင့်ရဲ့သွေးက ကျွန်တော်တို့ကို သန့်စင်ပေးလိုက်တာ...”
အန်လင်း : “...”
မာလင်းမှာ လုံဝ တက်ကြွနေလေ၏ သွေးနတ်ဆိုး အတိဒုက္ခများမှာ သွေးမျိုးနွယ်စုအတွက် ထူးခြားလှပြီး သူတို့ကျော်လွှားရမည့် လျှပ်စီးအတိဒုက္ခထက်ပင် အန္တရာယ်ပိုများကာ သွေးမျိုးနွယ်စု ခွန်အားကြီးပုဂ္ဂိုလ်အများစုက သူတို့၏ သက်ဆိုင်ရာ သွေးနတ်ဆိုး အတိဒုက္ခများတွင် ကျရှုံးသွားခဲ့ကြပေ၏။ သို့သော် သူ့သေမှာ သန့်စင်ပေးပြီးဖြစ်၍ သူ့အား အနာဓတ်တွင် သူ့၏ သွေးနတ်ဆိုး အတိဒုက္ခများအားလုံးကို အလိုလို ကျော်ဖြတ်ပြီး ဖြစ်သွားစေ၏။
ကတ်စီဒီသည်လည်း ထိုသည်ကို သဘောပေါက်သွားပုံရပြီး အန်လင်းဆီသို့ ပြေးလာကာ သူမ၏ အချိုးကျလှသော လက်မောင်းများကို အန်လင်း၏ လက်မောင်းတစ်ဖက်တွင် ဖက်ထားလိုက်လေ၏။ “ကျေးဇူးတင်ပါတယ် သခင်...။ ငါက နောက်ဆဲုးအဆင့်ကို အောင်အောင်မြင်မြင် ထိုးဖောက်ပြီးတော့ အောင်အောင်မြင်မြင် အဆွ့တက်သွားနို်င်တာ နင့်သွေးရဲ့ ကျေးဇူးတွေကြောင့်ပါ။”
“နင် ငါ့ကို တကယ်ကျေးဇူးတင်ရင် ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားတာကို ရပ်လိုက်တော့။” အန်လင်းက ပြောကာ ကတ်စီဒီ၏ လက်မောင်းများမှ ရုန်းထွက်သွားလေ၏။
“ကျိုးဖို့ ခက်လိုက်တဲ့ အခွံမားသီးပဲနော်...” ကတ်စီဒီက မျက်နှာထက်တွင် မကျေနပ်မှုကို ချိတ်ဆွဲထားကာ ဆွဲဆောင်မှုအပြည့်နှင့် နှုတ်ခမ်းဆူလိုက်လေ၏။
မည်သည့်အမျိုးသားမဆို ကတ်စီဒီ၏ ဆွဲဆောင်မှု နည်းလမ်းများတွင် ကျရှုံးမည်ဖြစ်ပြီး လုံးဝ စိတ်လွတ်သွားနိုင်ပေ၏။
အန်လင်းက အသက်ပြင်းပြင်းရှုကာ ရွှယ်ကျန်းထျန်ကိုသာ တင်းတင်း ဖက်ထားလိုက်လေ၏။
သူမက သွေးကို အလိုရှိသည်သာမက သူ့၏ Vကဒ်ကိုပါ ခိုးယူရန် ကြိုးစားနေပေ၏။ (V card = လူပျိုဖြစ်ခြင်းကို ပြောတာပါ)
ဒီအမျိုးသမီးက အရမ်းကို အန္တရာယ်များလှပေ၏...။
သို့သော် သူမ၏ ပျက်ပြယ်ခြင်းအဆင့်သို့ တိုးတက်ခြင်းနှင့်ဆိုပါက အန်လင်း၏ စစ်တပ်မှာ ခွန်အားပိုတိုးလာပေ၏။
ထိုအချက်ကြောင့် သာက အလွန်ကျေနပ်နေလေ၏။
သူမ၏ ထိုဖောက်ခြင်းပြီးနောက် သိပ်မကြာမီတွင် စလင်ဒါပုံတောင်ဆီမှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာကာ ထို့နောက် ချက်ချင်းတွင် မြေပြင်က စတင် တုန်ခါလှုပ်ယမ်းလာပေ၏။
“နောက်ဆုံးတော့ စလာပြီ။ နင် ဒီတောင်ကနေ နည်းနည်းဝေးဝေးကို သွားသင့်တယ်။ ငါခံစားချက်မကောင်းဘူး။” ကတ်စီဒီ၏ အမူအရာြ အလွန်ဝမ်းနည်းလာကာ သူမ၏ မျက်လုံးက တောင်ထိပ်မှ လူပုံအရုပ် ၅ခုကို စိုက်ကြည့်နေပေ၏။
အန်လင်းသည်လည်း ထိုရုပ်ထုငါးခုကို မြဲမြဲမြံမြံ ကြည့်ရှုကာ ရွှယ်ကျန်းထျန်နှင့်အတူ နောက်ဆုပ်သွားလေ၏။
လူရုပ်ထုများ နှလုံးများ ရှိနေလောက်မည့်၏ ခန့်မှန်းတည်နေရာများမှာ ရွှေရောင်အလင်းတန်းများ လှုပ်ရှားစပြုလာပြီး သူတို့၏ နှလုံးခုန်ခြင်းကို အတုယူနေသကဲ့သို့ပင်။ အလွန်ကြောက်မက်ဖွယ် အော်ရာတစ်ခုက သူတို့၏ နှလုံးသားများမှ ထွက်ပေါ်စပြုလာလေ၏။
၅၀ ကီလိုမီတာအဝေးတွင် နဂါးမျိုးနွယ်စစ်သည်တစ်ကောင်က သူ့၏ ယပ်တောင်ဖြူကိည ဝှေ့ယမ်းကာ အဝေးသို့ မျက်မှောင်ကြုတ်ကာ ငေးကြည့်နေလေ၏။ “အဲဒါက နောက်ဆုံးတော့ စတင်လာပြီ...”
နောက်ထပ် ဦးတည်ချက်တစ်ခုတွင် ငါးမန်းမကောင်းဆိုးဝါးကြီးတစ်ကောင်က ပုတီးစေ့အဖြူတစ်လုံးကို ကိုင်ထားပြီး ဦးတည်ချက်တစ်ခုတည်းသို့ အညှာအတာမဲ့ အပြုံးတစ်ခုနှင့် ကြည့်နေလေ၏။ “ငါက ဒီအတိုင်းထွက်သွားမယ်လို့ မင်းတို့ တကယ်ထင်သလား။ ငါက မင်းတို့ကို ပြန်ပေးဆပ်ခိုင်းအုံးမှာကွ။”
---------------------