ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအတွက် တိုက်ပွဲ
Vol. 38 Ch. 536
စလင်ဒါပုံတောင်ကြီးက စတင်တုန်ခါလာကာ ရွှေရောင်အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်မှ ဆင်းသက်လာလေ၏။
ရွှေရောင်အလင်းမှာ အလွန်ကြီးမားသော စွမ်းအင်နှင့် ပြည့်နှက်နေကာ စလင်ဒါပုံတောင်ကြီးမှာ ကြောက်မက်ဖွယ် ထိုးနှက်ချက်တစ်ခုမှ အမှုန့်ကြေသွားလေ၏။
ပေရာချီ မြင့်မားသော ရုပ်ထုငါးခုမှာ ရွှေရောင်အလင်းအောက်တွင် ရောက်နေပြီး အဖျက်ဆီးမခံရသည့်အပြင် ပို၍ပင် အစွမ်းထက်လာသည့်ပုံပေါ်ပေ၏။ အလွန်တောက်ပနေသော အလင်းက သူတို့၏ မျက်လုံးများမှ ထိုးထွက်လာကာ သူတို့၏ အဆစ်များက စတင် တုန်ခါလာသည်မှာ သူတို့က တစ်ချို့သော စက်ရုပ် သွေးပူလုပ်ငန်းများ လုပ်ဆောင်နေသကဲ့သို့ပင်။
ရွှေရောင်အလင်းတိုင်ကြက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နယ်မြေအဆီအနှစ်သလင်းကျောက် နယ်ပယ်က ယခင်က စလင်ဒါပုံတောင်ရှိခဲ့သော အပျက်အစီးများအလယ်တွင် စတင် ပေါ်လာလေ၏။
အန်လင်း၏ မျက်လုံးများက ပြူးကျယ်သွားကာ အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေ၏။ “၂၁.. ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ၂၁ခုတောင် ရှိတယ်...။”
အပျက်အစီးအလယ်တွင် စုစည်းနေသော နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ပုံရှိနေပြီး အားလုံးမှာ ရွှေရောင်များ ဖြစ်ကြလေ၏။ သူတို့က အဆင့်အမြင့်ဆုံး နယ်မြေအဆီအနှစ် သလင်းကျောက်များပင်။
ထိုသည်ကို မြင်ကာ အံ့ဩသွားသည်မှာ အန်လင်းတစ်ဦးတည်း မဟုတ်ပါပေ။ ကတ်စီဒီနှင့် မာလင်တို့ပင် တောက်ပသော ရွှေရောင်ကြောင့် ဆွဲဆောင်ခံလိုက်ရပုံ ရပေ၏။
“ဘုရားရေ... ငါတို့တော့ ချမ်းသာတော့မယ်...” မာလင်က တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။
“မြင့်မြတ်သွေးစက် ၂၁စက်...” ကတ်စီဒီက သူမ၏ ဖောင်းပြည့်ပြည့် ရဲစိုနေသော နှုတ်ခမ်းများကို တောက်လောင်နေသောအကြည့်များဖြင့် လျက်လိုက်လေ၏။
အန်လင်းမှာ စိတ်စောနေပြီး ဖြစ်၏။ “သွားယူချေ...။”
မာလင်က သူ့၏ ဆိုင်းပုဒ်လေးကို ထုတ်လိုက်ကာ အကြောင်းပြချက်တစ်ခုကို ထုတ်ပြလိုက်လေ၏။ “မလောပါနဲ့။ စွန့်စားမှုနဲ့ ဆုလာဒ်က တစ်ခါတစ်လေ တစ်တွဲတည်း လာတတ်တယ်။ အဲ့လို အဖိုးတန်တဲ့ ရတနာတွေဆိုရင် ယူဖို့အတွက်က အဲ့ကျောက်စိမ်း ရုပ်ထု၅ခုက ရင်ဆိုင်လို့လွယ်မှာ မဟုတ်တာတော့ အသေအချာပဲ။ သူတို့ရဲ့ ခွန်အားကို အရင်ဆုံး စမ်းသပ်ခွင့်ပြုပါအုံး...”
သူက စကားပြောနေရင်း သူ့၏ ဆိုင်းပုဒ်လေးဆီမှ ဝိညာဉ် စစ်သည်တော် တစ်သိန်းကို ထုတ်လွှတ်လိုက်ရာ ထိုသည်များအားလုံးက နယ်မြေအဆီအနှစ် သလင်းကျောက်များပေါ်တွင် စုစည်းသွားလေ၏။
“ဟီးဟီးဟီး... မြင့်မြတ်သွေး ၂၁မီလီလီဂရမ်ကတော့ ငါ့ဟာဖြစ်တော့မယ်...။”
“မာလင်.. အရှက်မရှိတဲ့ ကောင်စုတ်။” ကတ်စီဒီက ရုပ်ထုများနှင့် ဆန့်ကျင်ဘက်ကာ နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ ဦးတည်နေသော ဝိညာဉ် စစ်သည်တော်များကို မြင်သည်နှင့် ချက်ချင်းပင် ဒေါသတကြီး ဆိုလာ၏။
သို့သော် ထိုအချိန်မှာပင် ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာလေ၏။
ဘုန်း...
ကျောက်စိမ်းရုပ်ထုတစ်ခာက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး အချင်းဝက် တစ်ကီလိုမီတာအတွင်း ပေါက်ကွဲထွင်လာသော ရွှေရောင် လှိုင်းတစ်ခုကို ထုတ်လွှတ်ကာ အောက်ဘက်မြေကြီးကို အမှုန်ချေပစ်လိုက်ပြီး ဆက်တိုက်ဆိုသလို ဝိညာဉ် စစ်သည်များအားလုံးကို တစ်ပြိုင်နက်တည်း နောက်ပြန်ကျသွားစေလေ၏။
“အရမ်းအစွမ်းထက်တာပဲ။” အန်လင်းက ကျောက်စိမ်းရုပ်ထု၏ ခန္ဓာကိုယ်မှ ထွက်လာသော အဆုံးမရှိ အော်ရာမှာ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ္နိုင်သည်ကို ထောက်လှမ်းမိပေ၏။
“ဟွန့်... ပြဿနာက မိုင်လေးက အရမ်းအားနည်းနေတာပါ။” ကတ်စီဒီက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအားလုံးကို တစ်ယောက်တည်း ယူရန်ကြိုးစားသည့်အတွက် မာလင်ကို စိတ်ဆိုးနေဆဲဖြစ်ကာ သူ့၏ ဝိညာဉ် စစ်သည်တော်များ လွင့်ထွက်သွားသည်ကို မြင်သောအခါ အေးစက်စက်လှောင်ပြောင်လိုက်ပြီး ကျောက်စိမ်းရုပ်ထုဆီသို့ သူမကိုယ်တိုင်း တိုးဝင်သွားလေ၏။
“သခင် အန်လင်းကပဲ ငါ့ကို အဲ့နာမည်ခေါ်လို့ရတယ္။” မာလင်က ချက်ချင်းပင် ဒေါသတကြီး တုံ့ပြန်လိုက်လေ၏။
သူက သက်ရှိစွမ်းအင်ကို အနက်ရောင် ထပ်မံလင်းလက်လာသော ဆိုင်းပုဒ်ငယ်လေးအတွင်းသို့ စတင် ထိုးသွင်းလိုက်ပြီး ဝိညာဉ် စစ်သည်တစ်သိန်းက ဖွဲ့စည်းခြင်းတစ်ခု တည်ထောင်လိုက်ကာ အမြင့် ပေတစ်သောင်းရှိသော သွေးနတ်ဆိုး ပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
သို့သော် သွေးနတ်ဆိုး ပုံရိပ်ကြီးက ဖြစ်ပေါ်ပြီးစအချိန်တွင် တခြားသော လူသားကျောက်စိမ်းသားရဲနှစ်ကောင်မှာ ရွှေရောင်အလင်းတန်းသို့ ပြောင်းလဲသွားပြီဖြစ်ကာ ဧရာမ သွေးနတ်ဆိုးကြီးကို ကြောက်မက်ဖွယ် ခွန်အားဖြင့် ဖိခြေလိုက်လေ၏။
ဘုန်း ဘုန်း...
တိုက်ခတ်ခြင်း၏ ပျက်စီးစေတတ်သော အားအင်က ချက်ချင်းပင် သွေးနတမဆိုးကြီးကို ဖြိုချကာ မြေပြင်သို့ ပြုတ်ကျသွားစေလေ၏။
ပျက်ပြယ်ခြင်း အလယ်အလတ်အဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ကတ်စီဒီမှာ သူမ၏ ပြိုင်ဘက်ပေါ်တွင် အလွန်လွယ်ကူလာလေ၏။ သူမနှင့် တိုက်ခိုက်နေသော လူသား ကျောက်စိမ်းရဲမှာ လုံးဝပင် အရေးနိမ့်နေကာ ကတ်စီဒီ၏ ကြောက်မက်ဖွယ် ကြက်သွေးရောင် ဓားများတွင် နောက်ဆုပ်သွားလေတော့၏။ သူမက ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များနှင့် နီးစပ်သွားသည့် အချိန်မှာပင် ကျန်ရစ်သော ကျောက်စိမ်း သားရဲနှစ်ကောင်က ရုတ်တရက် သူမဆီသို့ တိုးဝင်လာပြီး ရလာဒ်မှာ ချက်ချင်း ပြောင်းပြန်လှန်သွားလေ၏။
ကတ်စီဒီမှာ ကျောက်စိမ်းသားရဲသုံးကောင်ကို
မနည်းတောင့်ခံထားရပြီး မာလင်မှာမူ ကျန်ရစ်သော ကျောက်စိမ်းသားရဲနှစ်ကောင်၏ မြေပြင်ပေါ်သို့ အမှုန့်ချေခြင်းကို ခံလိုက်ရပြီဖြစ်လေ၏။ အောင်မြင်နိုခြေ လုံးဝမရှိပါချေ။
သို့သော် အန်လင်းရှိနေသေးသည်ကို မမေ့ပါနှင့်။
အန်လင်းက သူ့၏ လေတောင်ပံများကို ဖြန့်လိုက်ပြီး လေစီးကြောင်းများက သူ့၏ မိစ္ဆာရှင်းဓား၏ ပတ်လည်တွင် စတင်လည်ပတ်လာလေ၏။ သူက အဝေးရှိနယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး ပေါက်ကွဲသံကြီးတစ်ခုနှင့် အဖြူရောင်အလင်းတန်းကြီးတစ်ခုကို ဖန်တီးလိုက်လေ၏။
“သူတို့ကို ငါအတွက် ခဏ ထိန်းထားပေး...”
အန်လင်းက ကတ်စီဒီနှင့် မာလင်ဆီသို့ အသံကူးပြောင်းပေးလိုက်၏။
ကတ်စီဒီက ညင်သာသော စစ်ချီသံတစ်ခုကို ထုတ်လွှတ်လိုက်ကာ မရေမတွက်နိုင်သော ကြက်သွေးရောင် ဓားအလင်းတန်းများက ပိုက်ကွန်သဖွယ် ဖွဲ့စည်းခြင်းတစ်ခု ဖြစ်ပေါ်လာပြီး သူမကိုယ်တိုင်နှင့် သူမနှင့် တိုက်နေသော လူပုံစံ ကျောက်စိမ်းသားရဲများကို လွှမ်းခြုံပစ်လေ၏။
မာလင်၏ ထိန်းချုပ်မှုအောက်ရှိ ဧရာမ သွေးနတ်ဆိုးကြီးက နားစည်ကွဲစေလောက်အောင် ကျယ်လောင်သော အော်သံတစ်ခုကို ထုတ်လွှတ်ကာ သူ့၏ ကြီးမားသော လက်ကြီးများက ပေါက်ကွဲသွားပြီး ကျန်ရစ်သော လူသားပုံကျောက်စိမ်းသားရဲများကို ဖမ်းဆီးရန်အတွက် စက်ဝိုင်းပုံစံ ကြက်သွေးရောင် ပိုက်ကွန်နှစ်ခုကို ဖြစ်ပေါ်လာစေသည်။ ပိုက်ကွန်နှစ်ခုမှာ ကျောက်စိမ်းသားရဲနှစ်ကောင်ကို ထာဝရမပိတ်လှောင်ထားနိုင်ပါပေ။ သို့သော် သူတို့က ယာယီ ထောင်ချောက်အဖြစ် ပြုလုပ်ပေးနိုင်လေ၏။
အန်လင်းက ရွှေရောင် နယ်မြေအဆီအနှစ်များဆီသို့ ပိုပိုပြီး နီးကပ်လာကာ သူက အရယူတော့မည်ဟု တွေးတောလိုက်စဉ္ အထူးအန္တရာယ် အငွေ့အသက်တစ်ခုက ရုတ်တရက် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။
သူက ချက်ချင်းပင် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို ထုတ်လွှတ်လိုက်ကာ သူ့အော်ရာက ပေါက်ကွဲထွက်သည်အထိ တိုးလာပြီး သူ့ဓားကို ဆွဲထုတ်လိုက်လေ၏။
ဘုန်း...
အရာရာကို အဆုံးသတ်ပေးမည့် စွမ်းအင်ဖြင့် ပြည့်နေသော ဧရာမ ရေလှိုင်းကြီးလုံးများက အန်လင်း၏ ဓားနှင့် တိုက်မိသွားကာ ကောင်းကင်နှင့် မြေကြီးကို စက္ကန့်ပိုင်းမှ တိတ်ဆိတ်သွားစေ၏။
ထို့နောက် အနက်နှင့် အပြာစွမ်းအင်များက ထိုးထွက်လာကာ အပြင်ဘက် ဦးချက်ပေါင်းစုံအား ကီလိုမီတာပေါင်းများစွာသို့ ေပါက်ကွဲထွက်သွားသော လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်လေ၏။
“အွတ်...” အန်လင်းမှာ ပေါက်ကွဲမှု၏ လွှမ်းခြုံနေသော အားအင်ကြောင့် အဝေးသို့ တွန်းပို့ခြင်းခံလိုက်ရပြီး သူ့၏ ခန္ဓာကိုယ်က လေထဲတွင် အမြှောက်ဆံတစ်ခုလို ပျံသန်းသွားကာ ပါးစပ်မှ သွေးများ အန်ထွက်လာလေ၏။
“အိုး... ဝိညာဉ် ဖွဲ့စည်းြခင်းအဆင့်ပဲရှိတဲ့ ကျင့်ကြံသူက ငါ့ရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်တယ်...။” ငါးမန်းမကောင်းဆိုးဝါးကြီးက အဝေးမှ လှိုင်းလုံးကြီးဆီမှ ချဉ္းကပ်လာကာ အန်လင်းကို အံ့ဩမှုဖြင့် ကြည့်နေလေ၏။
ငါးမန်း မကောင်းဆိုးဝါးကြီးမှာ ကုလော့မှလွဲ၍ တခြားသူ မဟုတ်ပါပေ။
“ဒါပေမဲ့ မင်းက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးပဲဆိုတာကတော့ မပြောင်းလဲသေးပါဘူး။ အဲ့နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အကုန်လုံးက ငါ့ဟာပဲ။” ငါးမန်း မကောင်းဆိုးဝါးက လှောင်ရယ်လိုက်ပြီး ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များထံသို့ ပျံသန်းလာလေ၏။
ထိုအချိန်မှာပင် အလွန်ထူးထည်းသော အဖြူရောင် လျှပ်စီးကြောင်းကြီးတစ်ခုက ကောင်းကင်မှ ကျဆင်းလာကာ ငါးမန်းမကောင်းဆိုးဝါးကြီး၏ ခေါင်းကို ပစ်ချလိုက်ပြီး သူ့၏ မျက်နှာပေါ်မှ အပြုံးကို ချက်ချင်း အေးခဲသွားစေလေ၏။
“ဝေါင်း...” နဂါးဖြူတစ်ကောင်က အထက်တိမ်တိုက်များမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။
နဂါးမှာ သူ့၏ တောင်ပံနဂါးပုံစံနှင့် အိုမင်ယွီမှ လွဲ၍ တခြားသူမဟုတ်ပါပေ။ သူ့၏ ပစ်မှတ်မှာ သေချာပေါက် ရွှေရောင် နယ်မြေအဆီအနှစ်သလင်းကျောက် ၂၁ခုဖြစ်ပေ၏။
ငါးမန်း မကောင်းဆိုးဝါးကြီးက ချက်ချင်း ဒေါသတကြီး ပေါက်ကွဲသွားပြီး အနက်ရောင် မြူခိုးများက သူ့ဘယ်ဘက် လက်သည်းပတ်လည်တွင် လည်ပတ်လာပြီး ဒေါသတကြီး ငါးမန်းတစ်ကောင်အဖြစ်သို့ ပြောင်းသွားကာ နဂါးဖြူဆီသို့ ခုန်အုပ်လိုက်လေ၏။ “အိုမင်ယွီ... နင်က ငါ့ပြိုင်ဘက်မဟုတ်ဘူး။ အဲ့တော့ ထွက်သွားစမ်း။ ငါက သလင်းကျောက်တွေကို ယူပြီူသွားရင် နင့်ကို နယ်မြေအဆီအနှစ် သလင်းကျောက် ၅ခုပေးဖို့ စဉ္းစားပေးမယ်။”
နဂါးဖြူက လုံးဝ အမှုမထားပဲရှိနေစဉ္တွင် လျှပ်စီးဖြူများက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေါက်ကွဲထွက်လာပြီး ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ ထိုးသုတ်သွားလေ၏။
ဘုန်း...
နဂါးဖြူက မြူခိုးနက် ငါးမန်းနှင့် ဝင်တိုက်မိသွားပြီး ငါးမန်းက ချက်ချင်း လျှပ်စီးဖြူကြောု့် အမှုန့်ကြေသွားလေ၏။
သို့သော် ကုလော့က ထိုအချိန်ပိုင်းလေးကို အခွင့်ကောင်းယူကာ အိုမင်ယွီ၏ ရှေ့တွင်ပေါ်လာပြီး သူတို့နှစ်ဦးက ကမ္ဘာမြေအက်ကွဲစေနိုင်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်လေ၏...။
ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များအတွက်ပင်လျှင် ရွှေရောင်နယ်မြေအဆီအနှစ် ၂၁ခုမှာ ဆွဲဆောင်မှုကြီး ဖြစ်လေ၏။
အန်လင်းက မြေပြင်ရှိ တွင်းကြီးတစ်ခုထဲမှ ထလာပြီး နောက်ထပ်သွေးအပြည့် ချောင်းဆိုးလိုက်လေ၏။
ပျက်ပြယ်ခြင်း စဦး အထွတ်အထိပ်အဆင့်မှ တိုက်ခိုက်မှုတစ်ခုက အလွန်ပျက်စီးနိုင်ပေ၏။ သူ့၏ စစ်နတ်ဘုရား ခန္ဓာကိုယ်၏ အစပျိုးမှုကို မြေအောက်ကမ္ဘာ၏ မူလစွမ်းအင် ပေါင်းစပ်ထားသည်ဆိုလျှင်တောင် သူက ထိုတိုက်ချက်တွင် အပြင်းအထန် ဒဏ်ရာရဆဲ ဖြစ်လေ၏။
သို့သော် သူက အရှုံးပေးမည် မဟုတ်ပါ။
ထိုရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၂၁ခုက သူ့အပိုင်ဖြစ်ရပေမည်။
ကတ်စီဒီနှင့် မာလင်တို့သည်လည်း လူသား ကျောက်စိမ်းသားရဲများကို ဖမ်းဆီးခြင်းတွင် သူတို့၏ လုပ်ဆောင်ချက်များကို လက်လွတ်လိုက်ပြီ ဖြစ်လေ၏။ အိုမင်ယွီနှင့် ကုလော့တို့က တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကာ ဆက်လက်လုပ်ဆောင်ရန်အတွက် ကိစ္စများ အများအပြားရှိနေပါသေး၏။
လူသားကျောက်စိမ်းသားရဲများက ရွှေရောင်နယ်မြေအဆီအနှစ်များ ကျရောက်လုဆဲဆဲ ဘေးသင့်သည့် အခြေအနေကို ထောက်လှမ်းမိ၍ ချက်ချင်းပင် ပစ်မှတ်ပြောင်းကာ နဂါးဖြူနှင့် ငါးမန်း မကောင်းဆိုးဝါးဆီသို့ တိုးဝင်လာလေ၏။
ဖရိုဖရဲနိုင်လှသော ကမ္ဘာမြေ အက်ကွဲစေနိုင်သည့် တိုက်ပွဲတစ်ခုက ထွက်ပေါ်လာပြီး စွမ်းအင် ဆိုက်ခတ်မှုများ၏ အသံက ကောင်းကင်နှင့် မြေကြီးဆီသို့ ပျံ့နှံ့လာလေ၏။ သာမန်လူတစ်ဦးက တစ်ကီလိုမီတာအဝေးမှ တိုက်ပွဲဆီသို့ ချဉ္းကပ်လာပါက သူတို့၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ် လှိုင်းများကြောင့် အပိုင်းပိုင်း ချက်ချင်းပင် ပြတ်သွားပေလိမ့်မည်။
အန်လင်းက မြေပြင်မှ ထရပ်ကာ ဆေးတစ်တောင့်ကို သောက်သုံးလိုက်လေ၏။ ဤသည်က အဆင့်၅ အင်မော်တယ်ဆေးတောင့်၊ လောင်ကျွမ်းနေမင်းဆေးတောင့်ဖြစ်ကာ ထိုသည်ကို သောက်သုံးခြင်းဖြင့် သူ့အား ဖုံးကွယ်နေသော စွမ်းဆောင်ရည်များ အားလုံးကို အချိန်ခဏအထိ လမ်းဖွင့်ပေးရန် ခွင့်ပြုနိုင်ပေ၏။
ဘုန်း...
မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို အသက်သွင်းလိုက်ပြီးနောက်တွင် သူ့အော်ရာမှာ ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ္နိုင်လေ၏။ လောင်ကျွမ်းနေမင်း ဆေးတောင့်၏ ထပ်တိုးမှုနှင့် ပေါင်းလိုက်ပါက သူ့အော်ရာမှာ ပို၍ပင် မြင့်မားသော အဆင့်သို့ တက်လာလေ၏။
စာစဉ် ၃၈ ပြီး၏။
--------------