← Chapters

အပြစ်သား ... ။

Vol. 52 Ch. 618

အပြစ်သား ... ။

Vol. 52 Ch. 618

“ ဟမ့် ... ။ ”

ရေခဲမီးတောက်ကြာပန်းကြီး ပြိုကျသွားသည့်တိုင် ဓားအလင်းသည် မရပ်တန့် နိုင်သေးချေ။

ကောင်းကင်ကြီး သွန်ချလိုက်သကဲ့သို့ အားကောင်းပြီး ပြင်းထန်စွာ ယွမ်လင်းနင်ထံ ဦးတည်နေသည်။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် ယွမ်လင်းနင်သည် မျက်မှောင်ကြုတ်လျက် ဓားစွမ်းအင်ကိုဖြိုခွဲရန် ခွန်အားရှိသမျှ ပစ်ခတ်လိုက်ရ၏။

“ ဘန်း ... ။ ”

သူမရှေ့ သုံးပေအကွာ၌ ဓားအလင်း ပျက်ပြယ်သွားတော့သည်။ သို့သော် စုရီသည် ထပ်မံ တိုက်ခိုက်လာနေသဖြင့် အသက်ရှူရန် အခွင့်အရေး မရခဲ့ချေ။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။”

ဓားစွမ်းအင်များ ကောင်းကင်အနှံ့ ပျံ့လွင့်နေကာ ပြိုးပြိုးပြက်ပြက် လင်းလက် နေတော့သည်။

စုရီ၏ တိုက်ခိုက်မှုတိုင်းသည် ကြယ်ဓားမြစ်ကြီးအလား ရွေးလျားနေခဲ့၏။ တိုက်ပွဲဝင်ဆန္ဒများ ပွက်ပွက်ဆူလျက် အောင်နိုင်ခြင်း ဓားသုတ္တန်ကို သုံးနေခဲ့သည်။

နေနှင့်လတို့၏ တောက်ပမှုများ ပျောက်ကွယ်သွား၏။ ကြယ်ဓားမြစ်ကြီးသာ တစ်ခုတည်းသော အလင်းရင်းမြစ်ဖြစ်သည်။

အနီးနားရှိ သစ်ပင်များ၊ ကျောက်တုံးများ ချက်ချင်းကြေမွကုန်ကာ ဓားရည်ရွယ်ချက်များ တဟုန်းဟုန်း တောက်လောင်နေ၏။

ဤကဲ့သို့သော အဖျက်စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ယွမ်လင်းနင်တစ်ယောက် ဆက်၍ ထိန်းထားရန် မဖြစ်နိုင်တော့ချေ။ သူမ ကျင့်ကြံမှုကို အပြည့်အဝ ထုတ်နေရ၏။

ရေခဲမီးလျှံများ သူမခန္ဓာကိုယ်အပေါ် သိုင်းခြုံလျက် လှုပ်ရှားမှုတိုင်းသည် လျှို့ဝှက် ဆန်းကြယ်လွန်းနေသည်။

“ သေလိုက်တော့ ... ။ ”

ဤသည်မှာ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်သည်။ နယ်ပယ်နှစ်ကြား ကွာဟချက်များ သော်လည်း ယွမ်လင်းနင်တစ်ယောက် ဖိနှိမ်ခံနေရ၏။

မယုံကြည်နိုင်စရာ မြင်ကွင်းမျိုးပေပင်။ သူမအတွက် မည်သို့ရုန်းကန်ပါစေ ပြိုင်ဘက်၏ ဓားရည်ရွယ်ချက်ကြောင့် ပြိုပျက်ရသည်။

“ အရမ်းပြင်းတယ် ... ။ ”

အဝေးမှ ထရပ်နိုင်ပြီဖြစ်သော လုချောင်ချင်းတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားချေပြီ။ သူ့စိတ်ဝိညာဉ်မှာ ခုတ်ထွက်လုမတတ် တုန်လှုပ်နေ၏။

သမိုင်းတစ်လျှောက် အနည်းငယ်သော သူများသည်သာ နယ်ပယ်နှစ်ခုကွာဟချက်ကို ကျော်လွှားပြီး ဧကရာဇ်များအပေါ် စိန်ခေါ် ဝံ့ကြလေသည်။

လွန်ခဲ့သောနှစ်များအတွင်းတွင် အလွန်အစွမ်းထက်ပြီးထူးခြားသည့် ရွှမ်ကျိမို အမည်ရှိ တစ်စုံတစ်ယောက်သည် ဥပမာ ဖြစ်သည်။

သို့သော် ထိုသူသည် တိုက်ပွဲအတွင်း ရွှမ်ကျောက်ဧကရာဇ်၏ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရသော်လည်း အဆုံး၌ လွတ်မြောက်သွား၏။

ဤသတင်းသည် ကမ္ဘာကို တုန်လှုပ် ချောက်ချားစေကာ ထိုလူ၏ခိုင်မာထူးခြားသော အရည်အချင်းအပေါ် ချီးကျူးခဲ့ကြသည်။

ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် ဝိညာဉ်တာအိုနယ်ပယ်မျှဖြင့် ဧကရာဇ်တစ်ပါး လက်အောက်မှ ရှင်သန်နိုင်ခြင်းသည် ဂုဏ်ယူစရာဟု အဓိပ္ပါယ်ရ၏။

ဤစုရီသည် ထိုသို့သော ဘုံအသိကို ကျော်လွန်လျက် ဧကရာဇ်အပေါ် နှိမ်နင်းထား နိုင်လေသည်။ မယုံနိုင်စရာ ပေပင်။

မြင်ကွင်းသည် သူ့နားလည်မှုကို လုံးလုံးလျားလျား မှောက်လှန်ပစ်လိုက်သည်။ သူသည်သာမက စွေ့ကျင်းယန်နှင့် မျက်မမြင် အဘိုးအိုသည်လည်း အံ့ဖွယ်အမှုတစ်ခုကို ကြည့်နေသကဲ့သို့ ငေးမေားနေ၏။

“ ထွက်လာခဲ့ ... ။ ”

ခဏအကြာတွင် ယွမ်လင်းနင်သည် နှင်းဖြူရောင် လွန်းပျံကို ခေါ်ယူလိုက်သည်။ ဤသည်မှာ ပုံရိပ်တစ်ထောင်လွန်းပျံ ဖြစ်၏။

မြင့်မြတ်သော တာအိုရတနာပေပင်။ မေ့လျော့ခြင်းမြစ်ကြမ်းပြင်အောက်ရှိ ရေခဲသံ (၃၀၀၀၀)ကီလိုဂရမ်ကို အသုံးပြုထားသည်။

သည့်ပြင် ရှားရှားပါးပါး ပါဝင်ပစ္စည်းအမျိုးအမည်ပေါင်း (၃၀၀)ကျော် ကိုလည်း အသုံးပြုပေးထား၏။

သူမ ဆရာသခင်ဖြစ်သော ဖုန်းချီမှ ဧကရာဇ်ဖြစ်လာစဉ် သွန်းလုပ်ပေးထားသည့် လက်နက်ဖြစ်ချေပြီ။ ၎င်းသည် ဝိညာဉ်များကို သတ်နိုင်သော စွမ်းအားများ ပါရှိ၏။

သူမနှင့်အတူ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ပြိုင်ဘက်များ၏ ဝိညာဉ်ကို နှုတ်ယူခဲ့ဖူးသည်။

ယခုအချိန်တွင် ဤရတနာကို အသုံးပြုခြင်းသည် ယခင်ကဲ့သို့ပြိုင်ဘက်၏ ဝိညာဉ်အပေါ် နှုတ်ယူရန်မဟုတ်ဘဲ ဟန့်တားရန်သာရည်ရွယ်၏။

“ မလုံလောက်ဘူးလား ... ။ ”

သို့တိုင် သူမကို မရေရာသော အနေအထားသို့ ကျရောက်သွားစေသည်။ ပြိုင်ဘက်၏ဓားသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပြင်းထန်ကာ မြန်ဆန်နေ၏။

တစ်ကြိမ်ထက်တစ်ကြိမ် ကြောက်မက်ဖွယ် ပိုကောင်းလာကာ တိုက်ခိုက်ရေးစွမ်းအားများမှာ အဆုံးမဲ့တိုးလာသည်။ ဝိညာဉ်တာအိုနယ်ပယ် စွမ်အားထက် ကျော်လွန်နေ၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ယွမ်လင်းနင်တစ်ယောက် နှလုံးသား ကမောက်ကမ ဖြစ်လာသည်။ ဧကရာဇ်တစ်ပါး အနေဖြင့် သူမ အမြင်သည် သာမန်လူများထက် သဘာဝအတိုင်းသာလွန်၏။

သို့သော် ဝိညာဉ်တာအိုနယ်ပယ်မှ ဤလူငယ်နှင့်ထိပ်တိုက်ရင်ဆိုင်မှုတွင် များစွာ နိမ့်ကျနေချေပြီ။

“ ကလန် ... ကလန် ... ။ ”

“ ရွှပ် ... ။ ”

ရုတ်တရက် နှင်းလွန်းပျံမှာ ကောင်းကင်မိစ္ဆာဓားကြောင့် လွင့်စဉ်သွားသည်။ ယင်းသည် အဆုံးမဟုတ်သေးချေ။

ဓားသည် သူမပခုံးပေါ် ဆက်၍ကျဆင်းလာနေသဖြင့် ဝိညာဉ်ဒိုမိန်းကို ထုတ်ဖော်လိုက်ရသည်။

“ ဟမ့် ... ဒိုမိန်းလား။ ”

မီးလျှံများ ပြည့်နှက်နေသော ရှေးဟောင်းရေခဲကမ္ဘာကြီး ဖြစ်ပေါ်လာသည်။ ထိုကမ္ဘာကြီးအတွင်း အရာရာအေးခဲလျက် အလင်းသည်ပင် ရပ်တန့်နေ၏။

“ ဝှစ် ... ။ ”

ထိုစဉ် ဓားအလင်းသည် စူးရှသော သက်တံတစ်စင်းအလား ရေခဲကမ္ဘာကြီးအတွင်း ဝင်ရောက်တော့သည်။

“ ခရစ် ... ။ ”

“ မကောင်းတော့ဘူး ... ။ ”

အဟုန်သည် မြင်သာသောအလျင်ဖြင့် နှေးကွေးသွား၏။ သို့သော် ကြယ်ဓားမြစ်သည် ဓားအလင်းနောက်မှနေ၍ နဂါးငွေ့တန်းအလား ရေခဲကမ္ဘာကြီးကို တိုက်စားသွားသည်။

“ ဝုန်း ... ။ ”

အဆုံး၌ ဓားသည် သူမအပေါ် ပြုတ်ကျလာပြီးသွေးများသည် လေထုအလယ် ပန်းထွက်လာတော့၏။ သို့သော် သွေးနီဥများမှာ လေထဲအေးခဲလွင့်မျောကုန်သည်။

ရေခဲကမ္ဘာကြီးပြိုကျမှုကြောင့် အဖျက်စွမ်းအားလှိုင်းများသည် မိုးရေများကဲ့သို့ အရပ်မျက်နှာအသီးသီးထံ ပြန့်ကားကုန်၏။

၎င်းအတွင်း ပါရှိနေသော သတ်ဖြတ်ခြင်းရောင်ဝါသည် လေဟာနယ်ကို ချက်ချင်းတိုက်စားသွားလေသည်။

အဆုံးတွင် ယွမ်လင်းနင်သည် ကြောက်မက်ဖွယ်ကောင်းသော ဤဓားကို တားဆီးနိုင်ခဲ့သော်လည်း ဒဏ်ရာ ရရှိသွားတော့၏။

ထိုအရာသည် သူမကိုထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ ရှက်ခြင်း၊ ကြောက်လန့်ခြင်း စသည်တို့ကို တပြိုင်နက်တည်း ခံစားလိုက်ရချေပြီ။

စုရီ ဆက်လိုက်မလာတော့ဘဲ ဆယ်ပေအကွာတွင်ရပ်လျက် ကောင်းကင်မိစ္ဆာ ဓားကို ချလိုက်သည်။

“ မင်းမှာ နက်နဲတာအိုနယ်ပယ်ရဲ့ နိယာမအပေါ် ဆုပ်ကိုင်မရသေးဘူး ... ဒါဆို မင်းကိုဧကရာဇ်လို့ ခေါ်မရဘူး ဆက်သွားရင် မင်းရှုံးမှာ သေချာတယ်။ ”

ယွမ်လင်းနင်၏ ခွန်အားသည် စတုတ္ထမြောက်စမ်းသပ်မြေတွင် ပေါ်လာသော အဋ္ဌမမြောက် တိုက်ပွဲဝင်ဝိညာဉ်နှင့်သာ ညီမျှလေသည်။

ယွမ်လင်းနင်ဖြင့် မနေ့ညကသာ တိုက်မည်ဆိုသော် စုရီအတွက် သေချာပေါက် ဒဏ်ရာရရှိနိုင်ပေမည်။

ယနေ့တွင်မူ သူ့တာအိုသည် သိသာထင်ရှားသော ပြောင်းလဲမှုများစွာကို ထိတွေ့နေသည်။

ဆိုလိုသည်မှာ စတုတ္ထအလွှာရှိ နဝမမြောက်တိုက်ပွဲဝင်ဝိညာဉ်သည် သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ချေ။

ယွမ်လင်းနင်ခမျာ လက်နှင့်ခြေများ တုန်ရီလျက် ရေခဲလွှာများသည် ဖြည်းညှင်းစွာ လိုက်ပါနေသည်။

ဧကရာဇ်တစ်ပါးသည် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ဦးလက်၌ ကျရှုံးရချေပြီ။ အမှန်တကယ်ပင် ရှက်စရာ အကြပ်အတည်းဖြစ်၏။

ယနေ့သည် မိုးပြာတိုက်ကြီး၏ ပြက္ခဒိန်အရဆိုသော် မေလ(၂၇)ရက်ဖြစ်သည်။ စုရီသည် မရဏကမ္ဘာ နိုင်ဟဲတောင်တန်းနှင့် မိုင်ပေါင်းသုံးထောင်အကွာ၌ ဧကရာဇ် တစ်ပါးကို သင်ခန်းစာပေးနိုင်ခဲ့၏။

“ ကျေးဇူးတင်ပါတယ် တာအိုစု ... အခုလို ငါ့မန်ပိုနန်းတော်ကို ကရုဏာပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

ရုတ်တရက် တုန်ရင်နေသောအသံ တစ်သံပဲ့တင်ထပ်လာပြီး အဝေးမှ လူရိပ်တစ်ရိပ် ပျံသန်းလာတော့သည်။

ဤသည်မှာ မန်ပိုနန်းတော်၏ အဆင့် (၃)မြစ်သံတမန်လုချောင်မင်ဖြစ်ပြီး မြေပြင်ပေါ် ဆင်းသက်ကာ စုရီကိုဦးညွှတ်လိုက်၏။

သူ့မျက်နှာအမူအရာတွင် တုန်လှုပ်မှု၊ သံသယဖြစ်မှု၊ နားမလည်မှုနှင့် အရှက်တရား ရောထွေးနေသည်။

“ ဒါက မင်းလိုချင်တဲ့ ပုစံမဟုတ်ဘူးလား။ ”

စုရီက လုချောင်မင်ကို အေးစက်စက် အကြည့်တစ်ချက်ပေး လိုက်သည်။ ဤလူသည် သူ့ကိုအသုံးချကာ ယွမ်လင်းနင်နှင့် ကူကျန့်ရွှမ် အပေါ် ဖိအားပေးလိုကြောင်း သိရှိထား၏။

“ တာအိုစု ... ငါ့အမှားပါ ... အခု ငါနားလည်ပါပြီ ... င့ါမိုက်မဲမှုကြောင့် မင်းအပေါ် စော်ကားမိခဲ့တာ အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်။ ”   

ထို့နောက် စုရီထံ ဦးညွှတ်ပြန်၏။ မည်သည့်ဒေသတွင်မဆို ရွှမ်ယုအဆင့်ဧကရာဇ် များသည် ဧရာမများဖြစ်၏။

သို့သော် စုရီရှေ့တွင် အပြစ်သားကဲ့သို့ ရပ်နေချေပြီ။ ထိုစဉ်က တာအိုအစ်ကိုစကားအရ ဤလူငယ်သည် သာမန်လူမဟုတ်ကြောင်း လုချောင်မင်မှ သဘောပေါက်ခဲ့သည်။

သန်မာသော နောက်ခံ သို့မဟုတ် ဧကရာဇ်များအပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ဝှက်ဖဲများ ကိုင်ဆောင်ထားမည်ဟု ယူဆ၏။

ထို့အကြောင်းကြောင့်ပင် သူ့တပည့်အတွက်စိုးရိမ်ကာ အလျင်စလို အမြန်ပြေးလာခြင်းဖြစ်လေသည်။  

***

All Chapters