← Chapters

မိုဝူဟန် ... ။

Vol. 52 Ch. 619

မိုဝူဟန် ... ။

Vol. 52 Ch. 619

လုချောင်မင်တစ်ယောက် ယခု ရောက်ရှိလာချိန်တွင် သူတွေးထင်ထားသမျှ မှားယွင်းနေကြောင်း သိလိုက်ရသည်။

စုရီသည် မည်သည့် ဝှက်ဖဲမျှ မသုံးဘဲ ခွန်အားသက်သက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်၏။ စုရီမှ သူ့အပေါ် လျစ်လျူရှုပြီး ယွမ်လင်းနင်ထံ ပြန်ကြည့်လိုက်သည်။

ယွမ်လင်းနင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ ထိုစဉ်တစ်ဖက်လူထံမှ မိုးပြာမျိုးစေ့ကို အတင်းအကြပ်လွှဲပေးလာရန် တောင်းဆိုနေခဲ့သည့် သူမအသွင်အပြင်များ ပြန်ပြောင်းအမှတ်ရလာသည်။

သူမသည် အမှန်ပင် မျက်မမြင်ဖြစ်ပြီး မာနကြီးခဲ့၏။ ဤတစ်ကြိမ်ရှုံးနိမ့်မှုမှာ ထိချက် ပြင်းလှသည်။ စိတ်ပျက်စရာပေပင်။

“ ဒီနေ့ကစပြီး ... ငါဟာ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူလက်မှာ ပထမဆုံး ရှုံးနိမ့်ရတဲ့ ဧကရာဇ်တစ်ပါးအဖြစ် သမိုင်းတွင်တော့မှာလား။ ”

သူမအသံသည် ခါးသီးမှုများဖြင့် ပြည့်နှက်နေချေပြီ။ အရာအားလုံးသည် အိမ်မက်တစ်ခုလိုပေပင်။

“ မင်းမယုံကြည်နိုင်သေးရင် ... ငါ မင်းကိုအခွင့်အရေး နည်းနည်းပေးမယ် မင်းရဲ့ နက်နဲတာအိုနိယာမ ... ပြီးပြည့်စုံအောင် စုစည်းပြီး ... ငါ့ကိုပြန်လာစိန်ခေါ်ပါ။ ”

စုရီမှ ဓားကို ပြန်လည်သိမ်းဆည်းကာ ပြောကြားလိုက်၏။ ယွမ်လင်းနင်တစ်ယောက် အေးခဲသွားလေသည်။

လုချောင်မင်မှ မျက်ခုံးပင့်လျက် သက်ပြင်းချလိုက်၏။ ဤမျှဖြင့် မကျေနပ် သေးသည်လော။ စုရီက စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးကြီးထံ လှည့်ကြည့်ပြီး၊

“ သွားရအောင် ... ။ ”

-ဟု ပြောကာ လှည့်ထွက်သွားလေသည်။

သို့မှသာ လုချောင်မင်တစ်ယောက် သက်သာရာရသွားပြီး လုချောင်ချင်းထံသို့ လှည့်ကြည့်လိုက်သည်။

ဧကရာဇ်တစ်ပါးအနေဖြင့် ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်မှ လျစ်လျူရှုခံရသည်မှာ နာကျင်စရာပေပင်။

“ ဆရာ ... ။ ” 

လုချောင်ချင်းက သတိကြီးစွာဖြင့် လှမ်းတက်လာသည်။

“ ငါ့မှာ မင်းလိုတပည့်မရှိဘူး ... တန်ဖိုးမဲ့တဲ့ တိရစ္ဆာန်ကောင်။ ”

လုချောင်မင်တစ်ယောက် ဆဲဆိုလျက် လှည့်ထွက်သွားတော့သည်။ လုချောင်ချင်းခမျာ သက်ပြင်းချလျက်၊

“ ဒါက ... ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ... ငါတကယ်စဉ်းစားသင့်တယ်။ ”   

-ဟု ရေရွတ်လိုက်တော့သည်။

***

မေ့လျော့ခြင်းလှိုဏ်ဂူ၊ နဝမမြောက်အလွှာ။

မေ့လျော့ခြင်းမြစ်လှိုဏ်ဂူအောက် ကိုးလွှာတွင် ရာစုနှစ်များစွာ ကျင့်ကြံနေခဲ့သော မိုဝူဟန်သည် မျက်ဝန်းများဖွင့်လာ၏။

သူသည် မီးခိုးရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး ပင့်ကူမျှင်များနှင့် ညစ်ပတ် နေချေပြီ။ ဆံပင်ဖြူဖြူများသည် ပွထလျက် မမြင်နိုင်သော ကြောက်မက်ဖွယ်ရောင်ဝါသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။

“ နည်းနည်းပဲ တိုးတက်လာတာလား တံခါးပိတ်ကျင့်ကြံရုံနဲ့ ငါအောင်မြင်မှုကို မရနိုင် တော့ဘူးထင်တယ်။ ”

မိုဝူဟန်မှ သက်ပြင်းချလိုက်သည်။ သူသည် ရွှမ်ယု အလယ်အလတ်အဆင့်တွင် ပိတ်မိနေခြင်းဖြစ်၏။

ထို့ကြောင့် အောင်မြင်မှုတစ်ခုရရှိရန် မေ့လျော့ခြင်းရင်းမြစ်၏စွမ်းအားကို ရာစုနှစ် များစွာ အသုံးချပြီး ကျင့်ကြံနေခြင်းပေပင်။

“ ဆရာ ... နောက်ဆုံးတော့ မင်းနိုးထလာပြီ။ ”

ထိုစဉ်သွေးရောင် ငှက်တစ်ကောင်သည် ပျံဝဲလျက်အတောင်များခေါက်ကာ မိုဝူဟန်ထံ လေးစားစွာ ဦးညွှတ်၏။

“ ထွက်ဖို့အချိန်တန်ပြီ။ ”

မိုဝူဟန်မှ မတ်တပ်ထရပ်ပြီး လှမ်းထွက်လာခဲ့သည်။ သို့သော် သွေးငှက်သည် လေထုအလယ် ပျံဝဲလျက်၊

“ ဆရာ ... မနေ့ညက ထူးဆန်းတဲ့ လူငယ်တစ်ယောက် မေ့လျော့ခြင်းလှိုဏ်ဂူထဲ ဝင်လာပြီး ဆရာကျန့်လင်ကျန်းစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ”

-ဟု သတင်းပို့လိုက်၏။

မိုဝူဟန်တစ်ယောက် မျက်ခုံးပင့်လျက်၊

“ သွားရအောင် တတိယအလွှာဆီကို။ ”

-ဟု တုန့်ပြန်လိုက်သည်။

များမကြာခင် မိုဝူဟန်တစ်ယောက် တတိယအဆင့် စမ်းသပ်မြေတွင် ပြန်လည် ထွက်ပေါ်လာ၏။

လက်နှစ်ဖက်နောက်ပို့လျက် အမည်များ ရေးထိုးထားသော တာအိုကျောက်ပြားကြီးထံ မော့ကြည့်လိုက်သည်။

“ ဟမ့် ... ခရီးသည်တစ်ဦးလား။ ”

အပေါ်ဆုံးရှိ အမည်အသစ်ကြောင့် မျက်ခုံးပင့်သွား၏။ ဤသည်မှာ မည်သူနည်း။ မည်သည့်တောင်ထွတ်မှ ဆင်းသက်သနည်း။ သွေးငှက်က သူ့ဘေးထွက်ပေါ်လာ၏။

“ ဆရာ ... အဲဒီလူငယ်ဟာ ငါတို့ မန်ပိုနန်းတော်ရဲ့ တပည့်မဟုတ်ပါဘူး ... ။ ”

သူ့စကားကြောင့် မိုဝူဟန်မှ မျက်ခုံးပင့်လိုက်သည်။ ဘဝအတက်အကျများ တွေ့ကြုံထားဖူးသည့်တိုင် သူ မြင်နေရသော အရာအတွက် အံ့အားသင့်နေဆဲပေပင်။

“ ဒီလို ... ဝိညာဉ်တာအိုနယ်ပယ်မှာ အခြေခံအုတ်မြစ်နဲ့ အရည်အချင်းမျိုးရှိနေတာ ကောင်းကင်ဘုံကို အံတုနေတာပဲ။ ”

တတိယအလွှာရှိ မဟာတာအို ကျောက်စာချပ်ကို နှစ်ပေါင်း (၁၃၀၀၀၀)ကြာ စိုးမိုးထားခဲ့သော ဘိုးဘေးသည် မရဏကမ္ဘာ၌ တောက်ပသော ကြယ်တံခွန်ဖြစ်၏။

ဝိညာဉ်တာအိုနယ်ပယ်၌ ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည်။ ယခုမူ ဤမှတ်တမ်းအပေါ် အမည်မသိ လူငယ်တစ်ယောက်မှ ချိုးဖြတ်သွားတော့၏။

“ သူ့ကို မင်းမှတ်မိလား။ ”

မိုဝူဟန်က သွေးငှက်ကိုမေးသည်။ သွေးငှက်မှ ခေါင်းယမ်းလိုက်ပြီး၊

“ ဆရာ ငါမသိဘူး ... ပိုတောင်ထူးဆန်းတာ ရှိသေးတယ် ... အဲဒီလူငယ်က စတုတ္ထအဆင့်ကို ဝင်သွားပြီး ... ဧကရာဇ်ဝိညာဉ်တိုင်းကို တစ်ချက်တည်း သတ်သွားတယ်။ ” 

“ ဟမ့် ... တစ်ချက်တည်းနဲ့ သတ်နိုင်တာလား ... ။ ”

မိုဝူဟန်၏မျက်ဝန်းများ ရုတ်တရက် မှေးစင်းသွားလေသည်။ ဘိုးဘေးကျန့်လင်ကျန်း စံချိန်ကို ချိုးဖြတ်သည့်အပေါ် နားလည်နိုင်၏။

သို့သော် အစောပိုင်းအဆင့် ဧကရာဇ်များအပေါ် တစ်ချက်တည်းဖြင့် သတ်နိုင်နေသည်မှာ အဓိပ္ပါယ်မရှိချေ။

“ ဝှစ် ... ။ ”

များမကြာခင် မိုဝူဟန်နှင့် သွေးငှက်သည် မေ့လျော့ခြင်းမြစ်လှိုင်ဂူအပြင်၌ ထွက်ပေါ်လာ ခဲ့သည်။

“ တာအိုအစ်ကို ကျေးဇူးပြုပြီး ထွက်လာပြီး ငါ့ကိုတွေ့ပါ။ ”

မိုဝူဟန်က မြူခိုးအတွင်း မော့ကြည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။ မြူခိုးများက လှိုင်းလထလျက် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားသောဦးခေါင်းကြီး ပေါ်လာသည်။

“ ဖရူး ... ။ ”

သွေးငှက်သည် ကြောက်ရွံ့တုန်လှုပ်ကာ မိုဝူဟန်ဖြင့် ကွယ်လျက် ပုန်းတော့၏။ မကြည့် ဝံ့ချေ။

“ ဟမ့် ... မင်းထွက်လာပြီလား ... အောင်မြင်မှု မရဘူးလား နှစ်ပေါင်းရာဂဏန်းကို ဖြုန်းတီးလိုက်တာပဲ။ ”

အမှောင်တွင်းနက်သားရဲမှ မိုဝူဟန်ထံကြည့်ကာ ရှုံ့ချလိုက်၏။ တစ်ဖက်၌ မိုဝူဟန်သည် အနည်းငယ်ရှက်ရွံ့သွားပြီး၊

“ တာအိုအစ်ကိုရှေ့မှာ ဒီလိုမိုက်မဲနေတာ ရှက်ရပါတယ်။ ”

-ဟု တုန့်ပြန်သည်။

ဤသားရဲသည် သူ့စီနီယာအစ်ကို ခေါ်ယူလာသော မွေးရာပါဝိညာဉ်သားရဲကြီး ဖြစ်သည်။

“ ပြောပါဦး ငါ့ကိုခေါ်တာ ဘာကိစ္စလဲ။ ”

မိုဝူဟန်မှ အသက်ပြင်းပြင်းရှူလျက်၊

“ တာအိုအစ်ကို ... မနေ့ညက မေ့လျော့ခြင်းမြစ်လှိုဏ်ဂူထဲကို ဝင်ရောက်ခဲ့တဲ့ လူငယ်ကို မေးလို့ရမလား ... သူ့နာမည်နဲ့ နောက်ခံသိချင်ပါတယ်။ ”

-ဟု တိုက်ရိုက်မေးသည်။

“ သူ့နာမည်က စုရီ ... နောက်ခံက မိုးပြာတိုက်ကြီးကနေလာတယ် ကျန်တာတွေ သိချင်ရင်တော့ ... မင်းရဲ့မန်ပိုနန်းတော်က လူတွေကို မေးလို့ရတယ်။ ”

မိုဝူဟန်မှ မျက်မှောင်ကြုတ်ကာ၊

“ ဒါနဲ့ တာအိုအစ်ကို ... သူ့ကို မေ့လျော့ခြင်းမြစ်လှိုဏ်ဂူထဲ ဘယ်သူများ လွှတ်လိုက်တာလဲ။ ”

“ ဟမ့် ... ဒါအရေးကြီးလား။ ”

“ ဒီကောင်လေးရဲ့ ဇစ်မြစ်အမှန်ကို ငါသိဖို့လိုတယ်တာအိုအစ်ကို သူ့ကိုဒီလှိုဏ်ဂူဆီ ပို့လိုက်တဲ့လူက ... သူ့အထောက်အထားကို ကောင်းကောင်းသိနေရမယ်။ ”

ထိုအဖြေကြောင့် အမှောင်တွင်းနက် သားရဲကြီးခမျာ တိတ်ဆိတ်သွား၏။ အဆုံး၌ ရှက်ရွံ့နေသောအသွင်ဖြင့်၊

“ အမှန်အတိုင်းပြောရရင် မနေ့ညက ငါသတိလက်လွတ်နေတုန်း စုရီကမေ့လျော့ခြင်း မြစ်လှိုဏ်ဂူထဲ ဝင်ခွင့်ရသွားတာပါ။”

-ဟု ဝန်ခံလိုက်သည်။

မိုဝူဟန်တစ်ယောက် တိတ်ဆိတ်သွား၏။ ဤသို့သောနုံအသည့် လိမ်လည်မှုဖြင့် လိမ်ညာ ခံရသည်မှာ စော်ကားခံရခြင်းမည်သည်။

အထူးသဖြင့် သူ့ကဲ့သို့ ဧကရာဇ်အပေါ် ကြိုးစားနေခြင်းသည် တစ်ဖက်လူအမြင်တွင် သူသည် ဉာဏ်မမီဟု ရှုမြင်နေခြင်းဖြစ်၏။

“ မင်းယုံခြင်း ... မယုံခြင်းကို ငါစိတ်မဝင်စားဘူး ဒါတွေက အမှန်တရားပဲ ။ ”

သူ့အသွင်ကြောင့် စကားဆုံးသည်နှင့် အမှောင်တွင်းနက်သားရဲ့၏ ဦးခေါင်းကြီးသည် မြူထုအတွင်း ပျောက်ကွယ်သွားတော့၏။

ဤသည်မှာ တိုက်ရိုက်လျစ်လျူရှုခြင်း ပေပင်။ မိုဝူဟန်တစ်ယောက် ပို၍ကူကယ်ရာမဲ့ သွားတော့သည်။ စုရီသည် ထူးထူးခြားခြား ဖြစ်နေသည်မှာ သေချောချေပြီ။

“ ငါမင်းကို သတိပေးပါရစေ ... စုရီကို မနှောင့်ယှက်နဲ့ ... မဟုတ်ရင် ဒီအကျိုးဆက်ကို မင်းရဲ့မန်ပိုနန်းတော်တောင် မခံနိုင်တော့မှာ ငါကြောက်မိတယ်။ ”

ဤတစ်ကြိမ်တွင် မိုဝူဟန်ခမျာ နှလုံးသား တုန်ခါသွားပြီး မျက်နှာ၌ မသေချာမရေရာမှုများ ထင်ဟပ်လာတော့သည်။

ဤတာအိုအစ်ကိုသည် နာကျည်းခြင်း ပင်လယ်မှဖြစ်ပြီး သဘာဝအားဖြင့် မာနကြီးကာ ရက်စက်ကြမ်းကြုတ်၏။ မန်ပိုနန်းတော်၌ရှိစဉ် တစ်လျှောက် မည်သူ့ကိုမျှ အရေးမစိုက်ချေ။

စီနီယာအစ်ကို ယွင်ကျိယိမ်းကိုပင် အရှုံးသမားအဖြစ် ရှုမြင်ကာ လှောင်ပြောင်နေ တတ်သူဖြစ်သည်။

ယခုမူ ထိုသို့သော မာနကြီးသူသည် ဝိညာဉ်တာအိုနယ်ပယ်ရှိ တစ်စုံတစ်ဦးအပေါ် အလေးအနက်ထားပြီး သူ့ကိုသတိပေး၏။

“ ဒီကောင်လေးက ဘယ်သူလဲ။ ”

အမှောင်တွင်းနက်သားရဲအနေဖြင့် လိုလိုလားလား မေ့လျော့ခြင်းလှိုဏ်ဂူအတွင်း ပေးပို့ခဲ့သူသည် မည်သို့မျှ ရိုးရှင်းနိုင်စရာ အကြောင်းမရှိချေ။

အဆုံး၌ သက်ပြင်းချကာ၊

“ ယွဲ့အာ ... အကြီးအကဲခန်းမမှာ ငါ စောင့်နေမယ် ... ဂိုဏ်းမှာရှိတဲ့ အကြီးအကဲတိုင်း ချက်ချင်းလာဖို့ အမိန့်ထုတ်ပါ။ ”

“ ဟုတ်ကဲ့ ... ဆရာ ... ။ ”

***

All Chapters