← Chapters

ကြယ်အင်းဆက် ... ။

Vol. 52 Ch. 622

ကြယ်အင်းဆက် ... ။

Vol. 52 Ch. 622

“ ထွက်သွား ... ။ ”

တာအိုဝတ်ရုံဝတ်အဖိုးအိုသည် နွေးထွေးသောမျက်နှာနှင့် လန်းဆန်းသော အပြုံးတစ်ပွင့်ရှိပြီး ကောင်းမွန်သည့် အထင်ကြီးမှုကို ဖန်တီးပေးသည်။

သို့သော် ‘ထွက်သွား’ဆိုသည့် စကားကိုကြားလိုက်ရချိန်တွင် သူ့အပြုံးများ အေးခဲသွား၏။

“ အစေခံတစ်ယောက်က ငါတို့ကို ပစ်မှတ်ထားရဲတာလား မင်းတကယ်ပဲ အသက် မရှင်တော့ဘူးလား။ ”

မျက်မမြင်အဘိုးအိုမှ ထိုသူကို စိုက်ကြည့်လိုက်ရာ တာအိုဝတ်ရုံဝတ် အဖိုးအို ခမျာ ထိတ်လန့်တကြား ထွက်ပြေးသည်။

“ ဟမ့် ... မင်းငါ့ရှေ့ ရောက်လာပြီး အသက်ရှင်လျက် လွတ်မြောက်သွားရင် ငါ့မှာ အရည်အချင်း မရှိဘူးလို့ ထင်နေကုန်မယ်။ ”

“ ဝှစ် ... ။ ”

မျက်မမြင်အဘိုးအိုမှ အေးစက်စွာ ဟစ်အော်လျက် လေထဲလက်ကိုဖမ်းဆွဲလိုက် လေသည်။

“ ဘောင်း ... ။ ”

တာအိုဝတ်ရုံဝတ် အဖိုးအိုသည် မီးခိုးစိမ်းများအဖြစ် တဖျပ်ဖျပ် လွင့်ထွက်ကာ ပေါက်ကွဲသွား၏။

၀တ်ရုံစများမှာ ပဲ့ကြွေလျက် မြေပြင်ပေါ် လွင့်ကျလာလေသည်။ အနီးနားရှိ လူအချို့မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွား၏။

ထိုစဉ် ချစ်စရာကောင်းသော အမျိုးသမီးတစ်ယောက်မှ မျက်မမြင်အဘိုးအိုထံ စူးစူးစိုက်စိုက်ကြည့်လျက်၊

“ ငါ့မိတ်ဆွေ ... ဒီလက်ပါးစေက အသိဉာဏ်ကင်းမဲ့နေပေမယ့် မင်းရဲ့မဆင်မခြင် သတ်ဖြတ်ခြင်းက ဒုက္ခရောက်စေနိုင်ပါတယ် ...

... တန်ခိုးကြီးတဲ့ နဂါးတစ်ကောင် ဆိုရင်တောင် ဒေသခံမြွေတစ်ကောင်အပေါ် လေးစားရမယ်မဟုတ်လား ...

... ဒီအချိန် ... မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ညနတ်ဆိုးမြို့တော်မှာ မင်းပိုပြီး ထိန်းထားသင့်တယ်။ ”

-ဟု အကြံပြုလာသည်။

ထိုစကားကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများ၏ မျက်လုံးများ တုန်ခါသွားသည်။ ဤသည်မှာ နာမည်ကြီးနတ်ဆိုးဖြစ်၏။

သို့သော် မျက်မမြင်အဘိုးအိုက ဂရုမစိုက်ဘဲ၊

“ ငါ့ကို မစော်ကားဘူးဆိုရင် ... ငါလည်းဘယ်သူ့ကိုမှ မစော်ကားဘူး မင်းရဲ့ အကြံဉာဏ်ကို ငါမလိုအပ်ဘူး။ ”

-ဟု တုန့်ပြန်၏။

သူစကားပြောနေစဉ် စုရီသည် ရှေ့သို့ လျှောက်လှမ်းသွားနေသဖြင့် အမြန်ပြေးလိုက် သွားခဲ့သည်။

“ အိုး ... တကယ်ကြွားဝါတတ်တဲ့ မျက်မမြင်တစ်ယောက်ပဲ။ ”

ချစ်စရာကောင်းသော အမျိုးသမီး၏ အပြုံးများ အေးခဲသွား၏။

“ သခင်မလေး၊ အဲဒီလူသုံးယောက်ကို သင်ခန်းစာပေးချင်လား။ ”

သန်မာသော လူတစ်ယောက်က အမျိုးသမီးအနား ချဉ်းကပ်လာပြီး မေးသည်။

“ အလျင်မလိုနဲ့ ... ညနတ်ဆိုးမြို့မှာ မကြာသေးခင်ကမှ မရင်းနှီးတဲ့ လူစိမ်းတချို့ကို တွေ့ခဲ့ရတယ် ဒုက္ခမယူတာ အကောင်းဆုံးပဲ။ ”

ထို့နောက် ချစ်စရာကောင်းသော အမျိုးသမီးသည် လက်ကိုဝှေ့ယမ်းလိုက်သည်။

“ ပြီးတော့ ... ဒီညမြို့သခင်စံအိမ်မှာ ခမ်းနားတဲ့ပွဲတော်တစ်ခုရှိတယ် လက်လွတ် မခံသင့်ဘူး သွားရအောင်။ ”

သူ့ စကားဆုံးသည်နှင့် စွဲမက်ဖွယ် ကောင်းသော အမျိုးသမီးသည် ကျက်သရေရှိစွာ ထွက်ခွာသွားတော့၏။

လမ်းတစ်လျှောက်တွင် သူမ၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုသော လူအများသည် ကြောက်ရွံ့မှုများ ဖော်ပြလာကြသည်။

“ ရွှေဆံညှပ် ... ။ ”

ဤအမျိုးသမီးသည် အမည်မှာ ရွှေဆံညှပ်ဖြစ်ပြီး နတ်ဆိုးမြို့၌သွေးအေးပြီး ရက်စက်ကြမ်းကြုတ်ချေ၏။

“ ဒီလူစိမ်းသုံးယောက် ဒုက္ခရောက်မှာ ကြောက်တယ် … ။ ”

လူလတ်ပိုင်းအရွယ် မုတ်ဆိတ်မွှေးနှင့် အမျိုးသားတစ်ဦးက လူအုပ်ထဲမှနေ၍ တီးတိုး ရေရွတ်လိုက်သည်။

သူသည် ဖြူဖွေးသော အသားအရည်နှင့် ထင်းရှူးသားဓားအိမ်ကို လွယ်ထားလေသည်။ လက်ထဲတွင် ဝိုင်ပုလင်းကိုင်လျက် အမူအရာမှာ အထွန်းအကွပ်မဲ့ချေ၏။

မျက်မမြင်အဘိုးကြီးနှင့် အမျိုးသမီး၏ စကားဝိုင်းတစ်ခုလုံးကို သူ ကြားမြင်နေရသည်။ သူ့ဘေးရှိ အိုမင်းနေသော အဘိုးအိုက စူးရှသောအသံဖြင့် ဝင်ပြောပြန်၏။

“ အဲဒီလူသစ်သုံးယောက်က ‌ရွှေဆံညှပ်နဲ့ထိပ်တိုက်တိုးဖို့ မမျှော်လင့်ထားဘူး ဒါကတကယ့်ကို ဘေးဥပဒ်တစ်ခုပဲ။ ”

“ သေချာတယ် အမျိုးသမီးရဲ့ဒေါသအရ ဒီသုံးယောက်ဟာ ညနတ်ဆိုးမြို့မှာ ရှိနေသရွေ့ သေချာပေါက် လွတ်မြောက်နိုင်မှာမဟုတ်ဘူး သွားရအောင် ... မြို့သခင်စံအိမ်မှာ ဘာတွေ စီမံထားလဲ သိချင်တယ်။ ”

“ တိုက်ဆိုင်လိုက်တာ ငါလည်း ဒါကိုတွေးနေတာ။ ”

ထို့နောက်တွင် နှစ်ယောက်သား ရှုပ်ပွနေသောလူအုပ်ကြား လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

စားသောက်ဆိုင်တစ်ဆိုင်၏ ဒုတိယထပ် ပြတင်းပေါက်နားတွင် ပိုးဖဲအင်္ကျီနှင့် အမျိုးသား တစ်ဦးထိုင်နေပြီး ထိုမြင်ကွင်းများကို စောင့်ကြည့်နေခဲ့သည်။

“ စိတ်ဝင်စားစရာပဲ ... သွေးတိမ်တောင်ဓားမိစ္ဆာနဲ့ ကောင်းကင်ရေကန် ကပ်ပါးကောင်လည်း ဒီမှာရှိနေတယ် ... ။ ”

သို့သော် ထိုလူ မသိလိုက်သည်မှာ အဝေးရှိတံစက်မြိတ်တွင် ဇောက်ထိုးဆွဲနေသော မီးခိုးရောင်လင်းနို့ကြီးကိုပင်။

လူများရှိသော် ပဋိပက္ခများရှိ၏။ မကောင်းမှုများအုံကြွနေသော ဤမြို့တော်တွင် မြင်နိုင်သည့် အန္တရာယ်များရှိသလို အမှောင်ထဲမှ ဓားများလည်းရှိသည်။

“ ဖရူး ... ။ ”

ခဏအကြာတွင် မီးခိုးရောင်လင်းနို့သည် တံစက်မြိတ်မှ ဖြည်းညှင်းစွာ ပျံထွက်သွားကာ လူစည်ကားသောလမ်းမများနှင့် လမ်းကြားများ တစ်လျှောက် တဖျပ်ဖျပ်ကူးလူးနေ၏။

သူ့ခန္ဓာကိုယ်မှ ငွေရောင်အဆင်းများ တောက်ပနေသော်လည်း လမ်းတစ်လျှောက် လူအများသည် သူ့ကို မမြင်နိုင်ခဲ့ချေ။

“ ဖရူး ... ။ ”

များမကြာခင် မီးခိုးရောင်လင်းနို့သည် ညနတ်ဆိုးမြို့တော်၏ အနောက်တောင်ဘက်ရှိ မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာ၏။

ဤအရပ်တွင် အလွှာပေါင်းစုံမှ အလူများသည် စုရုံးကြပြီး စျေးဆိုင်များ ဖွင့်ကာ ရှားပါးသော ရတနာမျိုးစုံကို ရောင်းချကြသည်။

“ ဖရူး ... ။ ”

မီးခိုးရောင်လင်းနို့သည် တစ်စုံတစ်ခုကို ရှာဖွေနေပုံပေါ်ပြီး အတောင်ပံများခတ်လျက် မှောင်ခိုစျေးအတွင်း ဖြတ်သန်းနေ၏။

“ ဖလပ် ... ။ ”

များခဏကြာခင် မျက်မမြင်အဘိုးအို တစ်ဦးကိုမြင်ပြီး တံဆိပ်တစ်ခုအဖြစ် ချက်ချင်း ပြုတ်ကျသွား၏။

“ ဖပ် ... ။ ”

မျက်မမြင်အဖိုးအိုမှ ဆီးကြိုဖမ်းယူလျက် အချက်အလက်များပြန်လည် ရယူလိုက်သည်။ ရွှေဆံညှပ်၊ ဓားမိစ္ဆာ၊ ကောင်းကင်ရေကန်မှ မြွေမိစ္ဆာနှင့် စားသောက်ဆိုင် ဒုတိယထပ်ရှိ အမျိုးသားတို့၏ စကားသံများပေပင်။

“ ဘယ်သူတွေလဲ ငါဘာလို့ သူတို့အမည်ကို မသိရတာလဲ။ ”

မျက်မမြင်အဘိုးကြီးက စိတ်ရှုပ်စွာ ရေရွတ်၏။ ဘေးရှိ စွေ့ကျင်းယန် တစ်ယောက် စိတ်ဝင်စားသွားလေသည်။

“ ဒါက ဘယ်လိုရတနာမျိုးလဲ။ ”

“ ဒါ ... ငါတို့မျိုးရိုးရဲ့ အထူး လျှို့ဝှက်တံဆိပ်ဖြစ်တဲ့ ညလင်းနို့ပဲ လင်းနို့ အဖြစ်ပြောင်းပြီး လိုချင်တဲ့ အချက်အလက်တွေ စုဆောင်းပေးနိုင်တယ် ...

... လူတစ်ယောက်မှာ ... အထူး နည်းလမ်းမျိုးတွေ မပိုင်ဆိုင်ထားဘူးဆိုရင် ဒါမှမဟုတ် ဧကရာဇ်တစ်ပါးမဟုတ်ရင် ဘယ်သူမှ ရှာမတွေ့နိုင်ဘူး။ ”

“ ဒါဆို ... အခု ဘာသိခဲ့လဲ။ ”

“ တစ်စုံတစ်ယောက်က ... ငါတို့ကို သတ်ပစ်ဖို့သတ္တိရှိနေမယ်လို့ ငါထင်ထားခဲ့တာ ဒါပေမယ့် အခု သူက ပါးနပ်လွန်းနေတယ်။ ”

“ မင်းရဲ့ ခေါင်းတလားထမ်းမျိုးရိုးမှာ ဒီလောက် အံ့သြစရာကောင်းတဲ့ နည်းလမ်းတွေ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ ”

မျက်မမြင်အဘိုးအိုက ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းယမ်းကာ၊

“ အံ့သြစရာကောင်းတာလား ... ဒါငါ့သခင်ရဲ့စွမ်းရည် သုံးပုံတစ်ပုံတောင် မရှိ သေးပါဘူး မဟုတ်ရင် ငါဒီလိုဖြစ်မှာမဟုတ်ဘူး ...

... ပြီးတော့ ငါတို့မျိုးရိုးကို တည်ထောင်သူဟာ မရဏကမ္ဘာမှာ ဒဏ္ဍာရီ ဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးပဲ ...

... ဧကရာဇ်နယ်ပယ်မှာတောင် သူ့ရဲ့ အရည်အချင်းတွေကို လျှော့တွက်ဝံ့ကြမှာ မဟုတ်ဘူး။ ”

ထို့နောက် သူက လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ ကံမကောင်းစွာဖြင့် သူ့သခင်ကွယ်လွန်သွားခဲ့ပြီး ဘိုးဘေးထံ ဆက်သွယ်ရမည့်နည်းလမ်း မကျန်ခဲ့ချေ။

“ ငါ ... အမြဲ သိချင်နေတယ် တစ္ဆေခေါင်းတလားထမ်း မျိုးရိုးဖြစ်တဲ့ မင်းက ဘာလို့ စုရီအနား ရှိနေရတာလဲ။ ”

စွေကျင်းယန်မှ မျက်ဝန်းများ မှေးစင်းလျက်မေးမြန်းလိုက်သည်။ မျက်မမြင် အဘိုးအိုမှ ခဏမျှ အံ့အားသင့်သွားကာ၊

“ ငါလည်း ... သိချင်နေတယ် ... မင်းဘိုးဘေးက ဆရာစုကို ဘာလို့ ဒီလောက် တန်ဖိုးထားနေရတာလဲ။ ”

-ဟု ပြန်မေးသည်။

“ ဟမ့် ... ။ ”

စွေ့ကျင်းယန်မှ နှုတ်ခမ်းဆူသွား၏။ ဤမျက်မမြင်အဖိုးကြီးသည် အမှန်ပင် ရွံ့စရာ ကောင်းချေပြီ။

အမျိုးသမီးတစ်ယောက်ကို ပြန်လည် မေးခွန်းထုတ်ခြင်းဖြင့် မည်မျှမုန်းတီးစေကြောင်း သိပုံမရချေ။

ထိုစဉ် စုရီသည် ဆိုင်တစ်ဆိုင်ရှေ့တွင် လက်နှစ်ဖက်နောက်ပို့ကာ ရပ်နေပြီဖြစ်သည်။ ထို့နောက် ဆိုင်ရှင်ထံမှ ငွေရောင်ပိုးကောင်များ ပါသည့် ပုလင်းတစ်လုံး ဝယ်ယူလိုက်၏။

“ အစ်ကိုစု၊ ဘာအတွက်လဲ။ ”

စွေ့ကျင်ယန်မှ ထိုပုလင်းထံ စိတ်ဝင်စားသွားသွားသည်။

“ ဒီပိုးကောင်လေးတွေကို ကြယ်အင်းဆက်လို့ခေါ်တယ် အထူးအသုံးဝင်မှု မရှိပါဘူး ... ဒါပေမယ့် ငါလိုအပ်တယ်။ ”

“ ဘာအတွက်လဲ။ ”

“ ငါးမျှားဖို့ ... ။ ”

စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးကြီးမှာ အံ့အားသင့်သွား၏။ အဋ္ဌမတန်း နတ်ကျောက် တစ်ထောင်ကို ငါးမျှားရန်အတွက် ဖြုန်းတီး နေချေပြီ။

“ မရဏတောင်အတွင်းမှာ ချော်ရေကန်တစ်ကန်ရှိတယ် အဲဒီမီးကန်ထဲမှာ ယန်မီးတောက်ငါးကြင်းလို့ခေါ်တဲ့ ဝိညာဉ်ငါး တစ်မျိုးရှိတယ် သူတို့က ကြယ်အင်းဆက်ကို အရမ်းကြိုက်ကြတယ်။ ”

စုရီမှ ရှင်းပြနေစဉ် ရုတ်တရက် လူတစ်စု သူတို့လမ်းကို ပိတ်ဆို့လာသည်။ အနက်ရောင် ဝတ်လုံ ၀တ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှ ဦးဆောင်သော အစောင့်တပ်ဖွဲ့ဖြစ်၏။

“ တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ကြယ်အင်းဆက်တွေကို ပြန်ရောင်းနိုင်မလား စျေးနှုန်းနှစ်ဆပေးဖို့ ဆန္ဒရှိပါတယ်။ ”

အနက်ဝတ် အမျိုးသားမှ စုရီကိုကြည့်ကာ မေးမြန်းလာသည်။ စုရီက ထိုသူထံ တစ်ချက်မျှ ပြန်ကြည့်ကာ၊

“ မင်းဘယ်လောက်ပေးပေး ပြန်ရောင်းဖို့ဆန္ဒမရှိဘူး။ ”

-ဟု ငြင်းဆန်လိုက်၏။

အနက်ရောင်ဝတ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ သူ့အနီးနားရှိ လူအများသည်လည်း အကြည့်များ စူးရှလာတော့၏။

“ ဒါ မြို့သခင်ရဲ့ အစောင့်တွေ မဟုတ်လား။ ”

“ မှန်တယ် ... အဲဒီအနက်ဝတ်အမျိုးသားက မြို့သခင်စံအိမ်ရဲ့ သင်းထောက်တစ်ယောက်ပဲ။ ”

သူတို့စကားဝိုင်းကို နားထောင်နေသော ပတ်ဝန်းကျင်ရှိလူအချို့သည် အနက်ဝတ်လူကို မှတ်မိသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့၏။

***

All Chapters