← Chapters

ယန်မီးတောက်ငါးကြင်း။

Vol. 52 Ch. 623

ယန်မီးတောက်ငါးကြင်း။

Vol. 52 Ch. 623

မြို့တော်သခင်စံအိမ်၏ သင်းထောက် ဖူကျန်းသည် သန်မာသော လူတစ်စုနှင့်အတူ ထွက်ပေါ်လာခြင်းသည် လူအများကို စိတ်ဝင်စားလာစေသည်။

“ ဒါဆို မြို့သခင်က ကြယ်အင်းဆက်တွေဝယ်ဖို့ မင်းအပေါ် အမိန့်ပေးခဲ့တာလား။ ”

“ မှန်ပါတယ် ... ကြယ်အင်းစက်တွေကို ငါ့လက်ထဲအပ်ရင် မင်းငါတို့မြို့သခင်စံအိမ်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ...

... ထူထောင်နိုင်ပါလိမ့်မယ် ... အခုချိန်ကစပြီး ငါတို့အကာအကွယ်အောက်မှာ လုံလုံခြုံခြုံနေနိုင်ပါပြီ။ ”

“ မင်းသခင်က ယန်မီးတောက်ငါးကို ဖမ်းဖို့စီစဉ်နေတာလား။ ”

“ မှန်ပါတယ်။ ”

ဖူကျန်းမှ မျက်မှောင်ကြုတ်လျက် ပြန်ဖြေလေသည်။ စုရီတစ်ယောက် အတည်ပြု နိုင်ပြီဖြစ်သဖြင့် ဖူကျန်းကို လျစ်လျူရှုကာ၊

“ သွားရအောင် ... ။ ”

-ဟု မျက်မမြင်အဖိုးအိုနှင့် စွေကျင်းယန်ထံ ပြောကြားလိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ထိုအချိန်တွင် အနားရှိ လူအုပ်ထဲမှ ငှက်မွှေးယပ်တောင်ကို ကိုင်ဆောင်ထားသော ငွေရောင်ဝတ်ထားသူက ရယ်မောလျက်၊

“ ကောင်လေး၊ မြို့သခင်စံအိမ်တော်ကို စော်ကားနေတာက ... မြို့သူမြို့သားတိုင်းကို စော်ကားသလိုပဲ မင်းသေရင် အရေးမကြီးဘူး ဒါပေမယ့် မင်းအနားက အလှတရားလေး အတွက်တော့ ဟီးဟီး ဟား ဟား ဟား ... ။ ”

“ ရွှပ် ... ။ ”

သို့သော် သူစကားမဆုံးခင် မျက်ခုံးနှစ်ဖက်ကြား သွေးတစ်စက်စွန်းထင်း လာပြီး ဝံပုလွေဖြူတစ်ကောင်အဖြစ်သို့ ပြောင်းလဲသေဆုံးချေပြီ။

လူတိုင်း၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားကာ အံ့အားသင့်ကုန်ကြသည်။ ဤမြို့တော်၌ တစ်စုံတစ်ဦးသည် ပြောင်ပြောင် တင်းတင်း လူသတ်ဝံ့သည်လော။

“ ဟမ့် ... ကောင်လေး မင်းဒီမှာ အသက်ရှင်ရတာ ပင်ပန်းနေပြီလား ညနတ်ဆိုး မြို့တော်က မင်းအတွက် သင်္ချိုင်းပဲ။ ”

အဝါရောင် မုတ်ဆိတ်မွေးများနှင့် အဘိုးကြီးတစ်ယောက်က အော်ဟစ်လျက် တိုက်ခိုက်ရန် ကြိုးစားလိုက်၏။

သူသည် နှောင်းပိုင်း ဝိညာဉ်တာအို နယ်ပယ်မှ နတ်ဆိုးတစ်ဦးဖြစ်ကာ ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများကြောင့် ကျော်ကြားသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်အားစုကြီးတစ်ခု၏ တပည့်တစ်ဒါဇင်ကျော် သတ်ပစ်ခဲ့ပြီး ဤမြို့၌ ပုန်းအောင်းနေခြင်း ပေပင်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

သို့သော် စုရီက ဖျပ်ခနဲ သူ့လည်ပင်းကို ဆုပ်ကိုင်ကာ သတ်ပစ်ပြီး မျက်မမြင်အဖိုးကြီး ရှေ့သို့ပစ်ချပေးလိုက်၏။

“ သူ့အရေခွံကို ခွာပြီး ... လည်ဆံမွှေးတွေယူလိုက် ဒီအမွေးကနူးညံ့တယ် ငါ့ကုလားထိုင်မှာ ခင်းရအောင်။ ”

လည်ပင်းအဝါရောင် (Marten)များသည် ရှားပါးချေ၏။ အထူးသဖြင့် နှောင်းပိုင်း ဝိညာဉ် တာအိုနယ်ပယ် (Marten)များဖြစ်သည်။

၎င်း၏ လည်ဆံမွှေးသည် ရတနာဖြစ်ပြီး ရေ၊မီး၊လေနှင့်ဖုန်မှုန့်များ မကပ်နိုင်သောကြောင့် ပထမတန်းစား ရတနာပေပင်။

ဤမြင်ကွင်းသည် ရက်စက် ကြမ်းကြုတ်သော ဇာတ်ကောင်များကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့၏။

ထိုလူငယ်သည် ကြော့ရှင်းပြီး ပျော့ညံ့ပုံပေါက်သော်လည်း နတ်ဆိုးများထက် ရက်စက်နေချေပြီ။

ဝံပုလွေဖြူတစ်ကောင်ကို သတ်ပြီး အဝါရောင်(Marten)တစ်ကောင်ကို ခင်းထိုင်ရန် အရေခွံခွာသွား၏။

မြို့သခင်အိမ်တော်မှ သင်းထောက် ဖူကျန်းသည်ပင်လျှင် မျက်ဝန်းများ မှေးစင်းသွား တော့သည်။

“ ဖူကျန်း ... ပြန်လာခဲ့ ... ။ ”

ဤအခိုက်တွင် အဝေးရှိ မဏ္ဍပ်ခေါင်မိုးတစ်ခုပေါ်မှ နူးညံ့သိမ်မွေ့သော အသံတစ်သံပဲ့တင်ထပ်လာသည်။

အဖြူရောင်ဝတ် အမျိုးသမီးဖြစ်ပြီး ရှာ်လျားသော အနက်ရောင်ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ လေထဲလွင့်မျောနေသည်။

မျက်နှာကို ငွေရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး နက်နဲတောက်ပသော မျက်ဝန်း တစ်စုံကိုသာ ပေါ်လွင်စေခဲ့၏။

အမျိုးသမီးသည် ဖူကျန်းကို အမိန့်ပေးပြီးနောက် အလင်းတန်းအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေသည်။

ဖူကျန်းမှ အသက်ပြင်းပြင်းရှူလျက် လက်သီးများဆုပ်ကိုင်ပြကာ ဦးညွှတ်ပြီးနောက်၊

“ ကျေးဇူးပြုပြီး ခွင့်ပြုပါဦး။ ”

-ဟု နှုတ်ဆက် လှည့်ထွက်သွားတော့သည်။

***

ကောင်းကင်၌ သွေးနီရောင်လမင်းကြီး ထွန်းလင်းနေသည်။ စုရီနှင့်အဖွဲ့သည် အနား မယူဘဲ ညနတ်ဆိုးမြို့မှ ထွက်ခွာပြီးနောက် မရဏတောင်သို့ ဦးတည်လာ၏။

“ အစ်ကိုစု၊ မရဏတောင်မှာ ဘာလုပ်စရာရှိလို့လဲ။ ”

“ အဲဒီကိုရောက်ရင် မင်းသိလိမ့်မယ်။ ”

တောင်တန်းပေါ်တွင် မြူခိုးများ ထူထပ်နေကာ ကြက်သွေးရောင် လရောင်များ လွှမ်းခြုံနေချေပြီ။

ဤသည်မှာ ဝမ်ချွမ်ဒိုမိန်း၏ နာမည်ဆိုးများဖြင့် ကျော်ကြားသော တားမြစ် နယ်မြေဖြစ်သည်။

ပိုးမွှားများ၊ ငှက်များ၏ အော်သံများပင် မကြားရဘဲ တိတ်ဆိတ်နေကာ မည်သူမဆို မသက်မသာ ခံစားရစေမည်။

သို့သော် စုရီသည် ၎င်းကို သတိမပြုမိသည့်အလား အေးအေးလူလူ လျှောက်လှမ်းလျက် လက်နှစ်ဖက် နောက်ပို့ထားတော့၏။

တစ်ခါတစ်ရံတွင် မြင့်မားသော တောင်တန်းများကို သက်တောင့်သက်သာ အသွင်ဖြင့်ပင် ငေးမောနေခဲ့သည်။

“ အစ်ကိုစု၊ မင်းဒီကိုရောက်ဖူးလား ... ငါတို့လမ်းမှာ ဘာလို့အန္တရာယ် မကြုံရတာလဲ။ ”

အံ့သြစရာကောင်းသည်မှာ သူတို့သည် အပြင်လူများအတွက် ကြောက်စရာကောင်းပြီး ရက်စက်သောနေရာဟု သတ်မှတ်ခံရသည့် ဤနေရာ၌ အန္တရာယ် မကြုံခဲ့ရချေ။

“ သွေးလထွက်တဲ့ အချိန်တိုင်း ... မရဏတောင်မှာနေထိုင်တဲ့ သက်ရှိတွေက တွင်းအောင်းကုန်တယ် ... ဒါကြောင့် ဒီအချိန်ဟာ အန္တရာယ် အကင်းဆုံး အချိန်ပဲ မဟုတ်ရင် ...

... လမ်းတစ်လျှောက်မှာ ငါတို့တွေ အန္တရာယ်အများကြီး ကြုံရလိမ့်မယ် ဒါကြောင့် မြို့သခင်က ဒီညပွဲလုပ်ပြီး ဒီကိုလာချင်တာ။ ”

ထိုအဖြေက စွေ့ကျင်းယန်ကို အံ့သြသွားစေ၏။ မရဏကမ္ဘာတွင် ကြီးပြင်း လာသည့် သူမထက် ဤလူငယ်သည် မရဏတောင်အကြောင်း ကောင်းစွာ နားလည်နေသည်။

နာရီဝက်အကြာတွင် တောင်တန်း တစ်နေရာ၌ ပြိုးပြက်နေသော မီးရေကန်တစ်ခု ရုတ်ချည်းပေါ်လာခဲ့သည်။

“ ငါတို့ရောက်ပြီ ... ။ ”

စုရီမှ ပြောသည်။ ဤရေကန်သည် သမိုင်းတစ်လျှောက် အန္တရာယ်ကြီးမားသော ဒေသကြီးဖြစ်၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးရာ အရပ်ဖြစ်သည်။

ရေကန်အိုင်သည် ပေတစ်ထောင်ကျော် ကျယ်ဝန်းကာလှိုင်းလုံးများဝေ့ဝဲလျက် မီးလျှံများ မြူးကြွလှုပ်ခတ်နေသည်။

ချော်ရည်များမှ ထွက်လာသော ရောင်ဝါသည် အရိုးထိတိုင် အေးစက်စေပြီး ဝိညာဉ်သည်ပင် တောင့်တင်းလာ၏။ စုရီက ချော်ရေကန်အနားတွင် ရပ်လိုက်ကာ၊

“ ဒီကန်ထဲက ချော်ရည်တွေကို အစိမ်းရောင်မြေမီးတောက်လို့ ခေါ်တယ် ... ဧကရာဇ်အဆင့်အောက် ဘယ်သူမဆို ပြာကျစေတယ်။ ”

သူစကားပြောနေစဉ် ကောင်းကင်မှ ပုံရိပ်များစွာ ဆင်းသက်လာသည်။ လူပေါင်း (၂၀)ကျော်ချေ၏။

၎င်းတို့ကို ဦးဆောင်သူမှာ တံစက်မြိတ်ပေါ်တွင်ရပ်နေသော ငွေရောင် မျက်နှာဖုံးရှင် အမျိုးသမီးဖြစ်သည်။

သူမနောက်တွင် ကောင်းကင်ဘုံရေကန်မှ စပါးအုံးမြွေ၊ လက်ပြတ်နတ်ဆိုး၊ ကျောက်စိမ်း ရေမိစ္ဆာ၊ ဓားမိစ္ဆာ၊ ‌ရွှေဆံညှပ်နှင့် အခြားသော နတ်ဆိုးများစွာလိုက်ပါလာသည်။

“ ငါတို့ ပြန်တွေ့ကြပြီ။ ”

မျက်နှာဖုံးရှင် အမျိုးသမီဂက စုရီကို နှုတ်ဆက်လိုက်လေသည်။ သူမသည် နတ်ဆိုး ဝေမျိုးရိုးမှ ဝေယွင်ဖြစ်၏။

“ ဟမ့် ... မင်းဘာလို့ အသံကျယ်ကျယ် ပြောနေရတာလဲ ... မင်းမှာကြယ်အင်းဆက်တွေ ရှိနေရင်တောင် ယန်မီးတောက်ငါးကြင်းကို လွယ်လွယ် ဖမ်းမိမယ် ထင်နေလား။ ”

စုရီစကားကြောင့် ဝေယွင်၏ အပြုံးများ အေးခဲလာကာ ရှက်ကိုးရှက်ကန်း အရိပ်အမြွက် ဖြစ်ပေါ်လာသည်။

တစ်ဖက်လူ ပြောသည်မှာ မှန်၏။ ယန်မီးတောက်ငါးကြင်းသည် အလွန် ဉာဏ်ရည် ထက်မြက်ပြီး ဖမ်းဆီးရန် ခက်ခဲသည်။

“ မင်းရဲ့ သတိပေးချက် မှန်ပါတယ် ဒါပေမယ့် သူတို့ကိုဖမ်းဖို့ ငါ့မှာအတွေ့အကြုံ တစ်ချို့ရှိတယ် စိတ်မပူပါနဲ့။ ”

ဝေယွင်စကားအပေါ် စုရီမှ တုန့်ပြန်စကားမဆိုတော့လဲ ရေကန်ဘေးသို့ လျှောက်လှမ်းသွားသည်။ ကျောက်စိမ်း ရေသခင်က စုရီထံ တစ်ချက်ကြည့်ကာ၊

“မြို့တော်သခင်၊ ဒီသုံးယောက်က ငါတို့နဲ့ပန်းတိုင်တူနေတယ် ဖယ်ထုတ်လိုက်ရင် ဘယ်လိုလဲ။ ”

-ဟု မေးမြန်းလာသည်။

သူ့စကားကြောင့် လူတိုင်း စိတ်ဝင်စားသွားကြသည်။ ဝေယွင်မှ ပြုံးပြီး၊

“ စိတ်မပူနဲ့ ... သူတို့ ယန်မီးတောက်ငါးကြင်းကို ဖမ်းနိုင်မယ် မထင်ဘူး။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်၏။

ထို့နောက် အဖြူရောင် ပိုက်ကွန်ကို ထုတ်ယူကာ ကြယ်အင်းဆက်များစွာ နေရာ အနှံ့တွင် ချည်နှောင်ခဲ့သည်။

“ လောလောဆယ်တော့ ... မင်းတို့တွေ အသံမထွက်အောင် သည်းခံထားပါ။ ”

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် ပိုက်ကွန်ကို ချော်ရည်ကန်ထဲ ပစ်ချလိုက်၏။ ပိုက်ကွန်သည် လေထုအလယ် ဆယ်ပေကျော်အရွယ်အထိ ပြန့်ကားကျဆင်းသွားသည်။

လက်ထဲကျန်ခဲ့သော ကြိုးတွင် ခရမ်းရောင်အရည်များကို ညင်သာစွာ လောင်းထည့်လိုက်သည်။

ခရမ်းရောင် စီးကြောင်းတစ်ခုသည် ချည်မျှင်တစ်လျှောက် ချက်ချင်းစီးဆင်းသွားပြီး ချော်ရည်ကန်ထဲရှိ ပိုက်ကွန်ထံပျံ့နှံ့သွား၏။

ဤအဆင့်သည် အရေးအကြီးဆုံး ဖြစ်လေသည်။ သူတို့ပန်းတိုင်သို့ သွားရာတွင် ယန်မီးတောက်ငါးကြင်းကို ဖမ်းခြင်းသည်လည်း ပါဝင်၏။

ထိုငါးကြင်းများမပါရှိသွားသော် ရတနာနယ်မြေအတွင်းဝင်ရန် မျှော်လင့်ချက် မရှိချေ။

သူမသည် နတ်ဆိုးဝေမျိုးရိုးမှဖြစ်ရာ ယန်မီးတောက်ငါးကြင်းများ၏ အလေ့အထနှင့် အရင်းနှီးဆုံးဖြစ်ပြီး ယခင်အကြိမ်ပေါင်းများစွာ ဖမ်းခဲ့ဖူးသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လရောင်သည်ပို၍ သွေးလရောင်တောက်ပပြီး အေးချမ်းစေ၏။

“ ဝူး ... ။ ”

ရုတ်တရက်၊ ပါးလွှာသော ချော်ရည်လှိုင်းလုံးကြီးသည် သက်ရှိသတ္တဝါ တစ်ကောင် ကူးခတ်နေသကဲ့သို့ အဝေးမှ လွင့်လာသည်။

“ ဝှစ် ... ။ ”

ကြည့်နေဆဲမှာပင် ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ချော်ရည်ကန်ထဲမှ ပုံရိပ်တစ်ရိပ်ပျံတက်လာပြီ စုရီထံ ပြေးဝင်သွား၏။

ဤသည်မှာ ရွှေရောင်ငါးကြင်းကြီး တစ်ကောင်ဖြစ်သည်။ လေထုအလယ် ရုန်းကန် နေစဉ် စုရီလက်ထဲ ကျရောက်သွား၏။

ငါးကိုယ်ထည်သည် တစ်ပေရှည်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ရွှေဖြင့်သွန်းလုပ်ထားသည့် အတိုင်း တောက်ပနေသည်။

မျက်လုံးများသည် ကြက်သွေးရောင် ဖြစ်နေကာ သန့်စင်သော ယန်မီးတောက်များ လောင်မြိုက်နေ၏။

စုရီမှ ကျေနပ်စွာ ခေါင်းညိတ်သည်။ ၎င်း၏အခြားအသုံးဝင်မှုများကို ဘေးဖယ်ထား လျှင်ပင် ငါးအသားလွှာသည် မယုံနိုင်ဖွယ် အရသာရှိ၏။

ကြွယ်ဝသောဝိညာဉ်ရေးစွမ်းအင်နှင့် ယန်သဘာဝများကြောင့် ထိုအသားလွှာများကို မီးကင်စရာမလိုချေ။ တိုက်ရိုက်စားနိုင်သည်။

“ ဝှစ် ... ။ ”

စုရီမှ ကြယ်အင်းစက် တစ်ကောင်ကို ထုတ်ကာ အခြားရတနာများ လုံးဝမသုံးဘဲ ချော်ရည်ကန်ထဲ ပစ်ချလိုက်ပြန်၏။

နတ်အာရုံသည် ကြယ်အင်းဆက်အတွင်း ထိုးဖောက်ဝင်ရောက်နေကာ ငါးမျှားကြိုးကဲ့သို့ ချိတ်ဆက်ပေးထားသည်။

ဤချော်ရည်များသည် ဝိညာဉ်ကိုပင် အလွယ်တကူ လောင်ကျွမ်းစေနိုင်သောကြောင့် ထိုသို့လုပ်ဝံ့သူ အနည်းငယ်သာရှိသည်။

ယင်းကြောင့် ဝေယွင်သည် ယန်မီးတောက်ငါးကြင်းဖမ်းရန် ရတနာများ အသုံးပြုရခြင်းဖြစ်သည်။ ချွင်းချက်မရှိ စုရီ၏ ချဉ်းကပ်မှုသည် အန္တရာယ်ရှိချေပြီ။

သို့သော် စုရီ၏ နတ်အာရုံသည် ဧကရာဇ်တစ်ပါးနီးပါး သန်မာနေပြီဖြစ်သည်။ ထို့ကြောင့် ကြယ်အင်းဆက်ဖြင့် ပေါင်းစည်းကာ ချော်ရည်ကန်အောက်ခြေတွင် မျက်စိအလား မြင်နိုင်သည်။

စုရွှမ်ကြွယ်ဘဝတွင် သစ်ရွက်လေးနှင့်အတူ ယန်မီးတောက်ငါးကြင်း မြောက်မြားစွာကို ဤနည်းဖြင့်ဖမ်းခဲ့ဖူးသည်။

ဤနည်းလမ်းသည် နတ်ဆိုးဝေမျိုးရိုး၏ ပိုက်ထဲသို့ငါးများလာစေရန် စောင့်ဆိုင်းခြင်း နည်းလမ်းထက် သာလွန်သည်။

“ ဒီကလေး ကံကောင်းတယ် ... ။ ”

ထိုမြင်ကွင်းကို ရပ်ကြည့်နေသော လူအုပ်ကြီးမှာ စိတ်ဝင်စားလာတော့သည်။ ဝေယွင်သည်လည်း အံ့အားသင့်သွားကာ နှုတ်ဆိတ်နေခဲ့၏။

နတ်ဆိုးဝေမျိုးရိုးအနေဖြင့် ယန်မီးတောက်ငါးကြင်းများ၏ အလေ့အထကို အကောင်းဆုံးသိရှိထားသည်။ ထိုကဲ့သို့သော ဝိညာဉ်ငါးများအပေါ် ဖမ်းယူရန်ခက်ခဲမှုမှာ ပထမအဆင့်ဖြစ်၏။

“ ဗွမ်း ... ။ ”

“ ဟမ့် ... နောက်တစ်ကောင်လား။ ”

“ ဗွမ်း ... ။ ”

“ သူ ... ထပ်ပြီး ရပြန်ပြီ။ ”

များမကြာခင် အာမေဋိတ်သံများ ခပ်တိုးတိုးထွက်လာပြီး လူတိုင်းအကြည့်များ စုရီထံ ရောက်ရှိကုန်၏။ ယခုအချိန်ထိ ဝေယွင် ပိုက်ကွန်မှာ မလှုပ်သေးချေ။

တစ်ဖက်လူလက်ထဲသို့သာ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းကျရောက် နေတော့၏။

***

All Chapters